Monday, December 26, 2011

သတင်းများ

ပြီးခဲ့တဲ့ တရက်နှစ်ရက်လောက်က စင်္ကာပူနိုင်ငံက...
Aung Min 8:11am Dec 25
ပြီးခဲ့တဲ့ တရက်နှစ်ရက်လောက်က စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံကို တရားမဝင်ငွေလွဲတဲ့ ကုပ္မဏီတခုက မြန်မာနိုင်ငံကိုလွဲဖို့ သူ့ထံaကိုပို့ထားတဲ့ နိုင်ငံခြားငွေအမြောက်အများကို လိမ်လည်သွားတယ်ဆိုတဲ့ သတင်းတပုဒ်ကြားလိုက်ရတယ်။ ဒီသတင်းဟာ တော်တော်ထူးဆန်းတဲ့ သတင်းဘဲလို့ ကျွန်တော်သုံးသပ်လို့ မပြီးခင်မှာဘဲ ဒီကနေ့ကြားရတဲ့ သတင်းတပုဒ်က ကျွန်တော့်သုံးသပ်ချက် မှန်ဖို့(၅၀)ရာခိုင်နူန်းလောက်ဖြည့်စီးပေးလိုက်တယ်။ ဒီနေ့ကြားရတဲ့သတင်းကတော့ --------


(နိုင်ငံတကာတွင်ရောက်ရှိနေသည့် မြန်မာလုပ်သားများ၏ လွှဲပို့ငွေကို ဘဏ်မှတစ်ဆင့် တရားဝင်ငွေလွှဲနိုင်မည့်စနစ် လာမည့်ဇန်နဝါရီလဆန်းတွင် ပုဂ္ဂလိကဘဏ်အချို့က စတင်မည်ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ အထွေထွေမန်နေဂျာဦးကိုကိုဦးက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။


မလေးရှားနိုင်ငံရှိ မြန်မာလုပ်သားများ၏ လစာဝင်ငွေများကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ ကွာလာလမ်ပူနှင့် ပီနန်းမြို့များတွင် တည်ရှိသော Q-Remit အေဂျင်စီမှတစ်ဆင့် ငွေလွှဲနိုင်ကြောင်း ယင်းစနစ်စတင်သည့် ဧရာဝတီဘဏ်မှ တာဝန်ခံက ရှင်းပြသည်။) --------- အဲ့ဒီသတင်းပါဘဲ။ ပြည်တွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ အသက်ဟာ ပြည်ပက အားပေးထောက်ခံနေတဲ့ မြန်မာအသိုင်းအဝန်းတွေရဲ့ ငွေကြေးအရ ထောက်ပံ့မှု့ပေါ်မှာ တစိပ်တပိုင်းရပ်တည်နေတယ်ဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး။ ကျွန်တော့အတွေ့အကြုံအရ (၁၉၉၀)ဝန်းကျင်မှာ ပြည်တွင်းမှာရှိတဲ့ ကျွန်တော်တို့ ကျောင်းသားလှုပ်ရှားမှု့တွေကို ငွေကြေးထောက်ပံ့နေတဲ့ ဦးရဲထွန်း(ဒေါက်တာဘမော်သမတ်) ကို စစ်အစိုးရက ဖမ်းမိသွားပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ ပြည်တွင်းကျောင်းသားလှုပ်ရှားမှု့တွေဟာ လေဖြတ်သလိုဖြစ်ပြီး ရပ်တန့်သွားခဲ့ဘူးပါတယ်။ အခုကိစ္စကလဲ လက်ရှိအစိုးရအနေနဲ့ပြည်တွင်း အဖွဲ့အစည်းတွေကို ပြည်ပက ထောက်ပံ့ကူညီမှု့တွေကို ထိန်းချုပ်ဖို့နဲ့ နိုင်ငံရေး ၊ သံတမန်ရေး ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနဲ့ စီးပွားရေးရင်နှီးမြုတ်နှုံမှု့တွေ အားလုံးဟာ သူတို့အသိုင်းအဝန်းနဲ့ သူတို့နဲ့နီးစပ်သူတွေကိုသာ ဗဟိုပြုပြီးပေါ်ပေါက်ရမယ်ဆိုတဲ့ မဟာဗျူဟာ ကိုအကောင်အထည်ဖော်ဖို့ စစ်ဆင်ရေးကြီးတရပ် ဆင်နွဲနေတယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။ လက်ရှိအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို အားလုံးမြင်သာအောင်ပြောရရင် ကျွတ်ကျွတ်အိပ် မသုံးစွဲအောင်လုပ်တဲ့ စစ်ဆင်ရေးကို ခင်ဗျားတို့ သတိထားမိမှာပါ။ ပြည်သူကို အသိပညာပေးတာတွေ ဘာနဲ့အစားထိုး အသုံးပြုရမယ်ဆိုတာတွေ တခုမှရှင်းပြပြောဆိုနေတာတွေမလုပ်ဘဲ သူတို့ဦးတည်တဲ့ ပစ်မှတ်ကိုသာ တိုက်ရိုက်ချိန်ရွယ်ပစ်ခတ်တတ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်သုံးသပ်တာက မကြာခင်မှာ ပြည်တွင်းပြည်ပမှာရှိတဲ့ တရားမဝင် ငွေလွဲလုပ်ငန်းတွေကို တနည်းနည်းနဲ့ ထိမ်းချုပ်ဖို့ ကြိုးစားလာလိမ့်မယ်ဆိုတာပါဘဲ ဖြစ်ပါတယ်။
..//////////////////////////////////////////////////////////////////////////////////////////////////
ဒဂုန်တာရာ၏အမှာ-
(မြသန်းတင့်-၀ထ္ထုတိုပေါင်းချုပ်-၁)(၁၉၄၉-၁၉၆၁)မှပြန်လည်ဖော်ပြသည်။


စာရေးဆရာသည်လူတန်းစားအဖွဲ့အစည်းထဲတွင်မှီတင်းနေထိုင်သူဖြစ်သည်။ထို့ကြောင့်၎င်းတွင်
လူတန်းစားဘက်လိုက်မှု၇ှိရပေလိမ့်မည်။စာရေးဆရာသည်လူအားလုံးကိုကိုယ်စားပြုရေးသားရ
မည်ဆိုသောအယူအဆသည်ခေတ်မမှီတော့ချေ။၎င်းသည်သွယ်ဝိုက်သော်လည်းကောင်း၊တိုက် ရိုက်သော်လည်းကောင်းလူတန်းစားတခုခု၏ဘက်တွင်ရှိရမည်သာဖြစ်သည်။အလုပ်သမားသည်ဓနရှင်
ကိုမုန်းပေသည်။တောသည်မြို့ပြကိုမုန်းသည်။တောသားသည်မြို့သားကိုဆန့်ကျင်သည်။ ဤသည်မှာယနေ့ခေတ်၏အခြင်းအရာတစ်ရပ်ဖြစ်သည်။

စာရေးဆရာသည်အလုပ်သမားတစ်ယောက်အကြောင်းကိုရေးရာ၌ဓန၇ှင်ကိုမေတ္တာထားသောအလုပ်သမား
အကြောင်းကိုမရေးနိုင်ချေ။မြို့သားကိုချစ်သောတောသားအကြောင်းကိုမရေးနိုင်ချေ။ ရေးလျှင်လည်း
သဘာဝကျမည်မဟုတ်ချေ။

ကျနော်တို့သည်ရန်သူကိုမချစ်နိုင်ချေ။လူမှုရေးဒုက္ခများကိုမချစ်နိုင်ချေ။မတရားမှုကိုမချစ်နိုင်ချေ။ ရန်သူကိုမေတ္တာထားသောလူတယောက်၊လူမှုဒုက္ခများကိုချစ်သောလူတယောက်၊မတရားမှုကိုချစ်သော
လူတယောက်အကြောင်းကိုရေးလျှင်သဘာဝကျနိုင်မည်မဟုတ်ချေ။

ဤအချင်းအရာများသည်စာရေးဆရာ၏ဦးနှောက်ထဲသို့လာ၍အရောင်ရိုက်ခတ်ခဲ့ကြသည်။ စာရေးဆရာ၏စာသည်ထိုအရောင်ရိုက်ခတ်ချက်မှပေါက်ဖွားလာခြင်းဖြစ်သည်။

စာရေးဆရာ၏လူတန်းစားရပ်တည်မှုကိုလိုက်၍စာေ၇းဆရာ၏စာများသည်ကွဲပြားခြားနားကြပေသည်။
တုံ့ပြန်ချက်ခြင်းခြားနားကြပေသည်။

 ////////////////////////////////////////////////////////////////////////////////
ပထ၀ီနိုင်ငံရေးတုန်ခါမှုများ
  ကမ္ဘာ့အင်အားကြီးနိုင်ငံတိုင်းဟာ ကိုယ်ကျိုးစီးပွားပဓါနမူဝါဒတွေနဲ့ နိုင်ငံတကာအခင်းအကျင်းများမှာ သြဇာလွှမ်း မိုးရေးအတွက်ဆောင်ရွက်ကြတယ်။စစ်အေးခေတ်ကုန်ဆုံးသွားပြီလို့ ယူဆထားချိန်မှာအာရှပစိပိတ်ဒေသအတွင်း မှာ အမေရိကန်-တရုတ်အားပြိုင်မှုများဟာ အာရှစစ်အေးခေတ်အဖြစ်အသစ်တဖန်ပြန်ပေါ်ထွက်လာတာကိုတွေ့  မြင်ရတယ်။
စူဇကာ ဆူပါ ပါဝါများ
  ကမ္ဘာမှာ အမေရိကန်အပါအ၀င် နေတိုးအုပ်စုလို ဆူပါ ပါဝါတွေရဲ့  အခန်းကဏ္ဌဟာ ကာလများစွာကတည်းက တည်ရှိထားတယ်။ ဒါကြောင့်လည်း ဂျူနီယာဂျော့ဘုရှ် သမတဖြစ်ချိန်မှာ ၀င်ရိုးတခုတည်းကမ္ဘာစံနစ်တို့ ၊ အမျိုး သားကာကွယ်ရေးဒုံးပျံစံနစ်တို့ ကိုဖော်ထုတ်ခဲ့တယ်။ ၀င်ရိုးစွန်းနိုင်ငံများအဖြစ်အီရန်၊မြောက်ကိုရီးယား၊ဆီးရီးယား နိုင်ငံတို့ ကို သတ်မှတ်ခဲ့မှုတွေနဲ့  အင်အားကြီးနိုင်ငံအဖြစ်ပေါ်လာတဲ့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တွေ့ မှုများဖြစ်လာ တယ်။ တရုတ်နိုင်ငံရဲ့  ဝေဟင်ပိုင်နက်အတွင်းမှာ အမေရိကန်ထောက်လှမ်းရေးလေယာဉ်ပျံကို တရုတ်လေယာဉ် မှူးတဦး သေဆုံးခံကာဖမ်းမိခဲ့တဲ့ဖြစ်ရပ်နဲ့ တရုတ်-ဂျပန်နယ်မြေပဌိပက္ခတွေဟာ တရုတ်ပြည်သူ့ လွှတ်မြောက်ရေး တပ်မတော်ကို ကြီးထွားလာစေတယ်။
တရုတ်သြဇာတိုးချဲ့ မှုများ
  အရှေ့ အလယ်ပိုင်းဒေသမှ အီရန်၊အီရတ်၊ဆီးရီးယားနိုင်ငံတွေ၊ အာဖရိကဒေသမှ ကွန်ဂို၊ဆူဒန်၊ရ၀မ်ဒါ၊ ဆိုမါး လီးယားနိုင်ငံတွေ၊ လက်တင်အမေရိကားဒေသမှ ဗင်နီဇွဲလား၊ပီရူးနိုင်ငံတွေအထိ တရုတ်လက်နတ်များ စီးမျော ၀င်ရောက်လာတယ်။ ဒေသအတွင်း ပဌိပက္ခများနဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုများရှိနေတဲ့ နိုင်ငံတွေအပေါ် တရုတ်အစိုးရမှ ထောက်ခံမှုတွေဟာ အမေရိကန်အပါအ၀င် အနောက်အုပ်စုဝင်နိုင်ငံများနဲ့  ထိပ်တိုက်တွေ့ လာ ရတယ်။ စီးပွားရေးလက်ဝါးကြီးအုပ်မှုနဲ့ သံယံဇာတများရရှိရေးဟာကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုဖြစ် လာတယ်။ ၁၉၈၀ခုနှစ်ဝန်းကျင်ကာလများမှာ တရုတ်နိုင်ငံဟာ အနောက်အုပ်စုနဲ့ ထိပ်တိုက်တွေ့ မှုများကို ရှောင် ကွင်းခဲ့ကာ စီးပွားရေး၊နည်းပညာနဲ့ ရင်းနှီးမြုတ်နှံမှုတွေကိုပဲ ဦးစားပေးခဲ့တယ်။ ၁၉၉၀ခုနှစ်ဝန်းကျင်နှစ်များမှာ ဆိုဗီယက်ဦးဆောင်တဲ့ ၀ါဆောအုပ်စုကြီးပြိုကွဲခဲ့တယ်။ ၁၉၉၂ခုနှစ်မှာ တရုတ်နိုင်ငံဟာ ညူကလီးယားလက်နတ် မပြန့် ပွားရေးစာချုပ်ကို လက်မှတ်ထိုးခဲ့တယ်။ ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့ ကြီးမှာ ဗီတိုအာဏာရရှိထားတဲ့ တရုတ် နိုင်ငံဟာ အနောက်အုပ်စုဝင်နိုင်ငံတွေနဲ့  ဆန့် ကျင်ဖက်အဖြစ် အီရတ်မှ ဆဒမ်ဟူစိန်၊လစ်ဗျားမှကဒါဖီ အရေး တွေမှ ဖော်ပြနေတယ်။
အာရှ-ပစိပိတ်အရေး
  တရုတ်ရေတပ်ကြီးထွားလာမှုဟာ အာရှ-ပစိပိတ်ဒေသရဲ့  အခြေခံပဌိပက္ခဖြစ်ပါတယ်။ စန်ကာကူ (Senkaku) ကျွန်းများအရေးနဲ့ ပက်သက်ကာတရုတ်-ဂျပန်ပဌိပက္ခမပြီးဆုံးသေးသလို၊တောင်တရုတ်ပင်လယ်အတွင်းစပရတ် လီ(Spratly)ကျွန်းစုများနဲ့ ပက်သက်ကာ တရုတ်-ဗီယက်နမ်ပဌိပက္ခဖြစ်လာပြန်တယ်။၂၀၁၀ခုနှစ်မှာမြောက်ကိုရီး ယား မှ တောင်ကိုရီးယားစစ်တပ်စခန်းတည်ရှိတဲ့ ရုံပြွန်း (Yeonpyeong) ကျွန်းကို တိုက်ခိုက်လာမှုတွေဟာ တရုတ်-အမေရိကန်အပါအ၀င်၆နိုင်ငံပါတဲ့ကိုရီးယားကျွန်းဆွယ်ဆွေးနွေးပွဲရပ်ဆိုင်းသွားတယ်။ဒီကနေ့ မြောက်ကို ရီးယားခေါင်းဆောင်အပြောင်းအလဲဟာ ကမ္ဘာအင်အားကြီးနိုင်ငံတွေအတွက် အရေးတစိုက်ဖြစ်လာတယ်။ အရှေ့  တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယားး၊မြန်မာနဲ့ တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊သီရိလင်္ကာတို့ နဲ့  တရုတ်နိုင်ငံဟာ ပုလဲကုံးမဟာဗျူဟာ (ring pearl strategy) ကို ဖော်ထုတ်ဖြစ်ခဲ့တယ်။ တရုတ်နိုင်ငံရဲ့ အနောက် ဖက်တံခါးလုံခြုံရေးနဲ့ အိန္ဒိယသမုဒ္ဒရာကိုစိုးမိုးရေးအတွက် မြန်မာနိုင်ငံဟာ မဟာဗျူဟာအရ နင်းခုံဖြစ်နေတယ်။ ၂၀၀၉ခုနှစ်မှာ အိန္ဒိယ-တိဘက်နယ်စပ်ဖြစ်တဲ့ ဟိမ၀န္တာတောင်တန်းများပေါ်မှာ တရုတ်စစ်စခန်းများတိုးချဲ့ တယ်။ ၂၀၁၁ခုနှစ် နိုဝင်ဘာလမှာ အမေရိကန်သမတအိုဗါးမားရဲ့ သြစတြေးလျှနိုင်ငံ ခရီးစဉ်မှာ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုကို ပြုလုပ်ခဲ့တယ်။ ဒီသဘောတူညီမှုဟာ အာရှ-ပစိပိတ်လုံခြုံရေးအတွက် အမေရိကန်မှအလေး ထားလုပ်သွားမှာဖြစ်တယ်။ သြစတြေးလျှနိုင်ငံ အနောက်ဖက်အခြမ်း ဒါဝင် (Darwin) ဒေသမှာ အမေရိကန် ကမ်းတက်တပ်များ စခန်းဖွင့်မှာဖြစ်တယ်။ အီရတ်နိုင်ငံမှ ပြန်ရုတ်သိမ်းတော့မယ့် အမေရိကန်တပ်များဟာ အာရှ-ပစိပိတ်ဒေသကို ဦးတည်လာမယ့် အရိပ်အယောင်များဖြစ်တယ်။ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့ဒေါင့် တဒေါင့်မှာ စစ်ဆိုတာ ဖန်တီးထားရမယ်ဆိုတဲ့ အယူအဆဟာ ခိုင်မြဲနေတယ်။ ဒီနောက်မှာ သြစတြေးလျှနိုင်ငံမှ ညှူကလီးယားလက်နတ်မပြန့် ပွားရေးစာချုပ်မှာ လက်မှတ်မထိုးထားတဲ့ အိန္ဒိယနိုင်ငံကို ယူရေနီယံသတ္တုရောင်းချ ခွင့်ပြုခဲ့တယ်။ တရုတ်နိုင်ငံကလည်း အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာနေတဲ့ ပါကစ္စတန်၊အီရန်၊ဆီးရီးယားနိုင်ငံ များကို တရုတ်စစ်ဖက်ကိုယ်စားလှယ်တွေကို တိုးချဲ့ စေလွှတ်နေတယ်။ အိန္ဒိယ၊ပါကစ္စတန်၊မြောက်ကိုရီးယားနိုင်ငံ တွေဟာ ညှူကလီးယားလက်နတ်မပြန့် ပွားရေးစာချုပ်ကို လက်မှတ်မထိုးထားတဲ့နိုင်ငံတွေဖြစ်တယ်။
ညောင်ဦးကမ်းပါးပြို၊စမ္မာနဂိုရ်နွားမပေါင်ကျိုး
 ပထ၀ီနိုင်ငံရေးတုန်ခါရိုက်ခတ်မှုများဟာ မြန်မာနိုင်ငံဒီမိုကရေစီရေးကြိုးပမ်းတည်ဆောက်မှုအပေါ်အပြုသဘော အနေနဲ့ တွန်းအားပေးဖို့ အရေးကြီးတယ်။ မြန်မာနိုင်ငံဟာ အရှေ့ တောင်အာရှ၊တောင်အာရှနဲ့ တရုတ်-အိန္ဒိယတို့  လို နိုင်ငံကြီးအကြားမှာ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်။ ၁၉၄၉ခုနှစ်မှာ တရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မော်စီတုန်း၊ချူတေးတို့ ဟာ တရုတ်နေရှင်နယ်လစ် ချန်ကေရှိတ်ကို ဖြုတ်ချကာ အာဏာရယူခဲ့တယ်။ အဲ့ဒီခေတ်က ကမ္ဘာမှာ ကွန်မြူနစ်မကြီးစိုးဖို့  အမေရိကန်အပါအ၀င် အနောက်အုပ်စုဟာ အပြင်းအထန်ကာကွယ် နေရတယ်။ ချန်ကေရှိတ်ရဲ့ တရုတ်ဖြူကူမင်တန်တပ်ဟာ ဗိုလ်ချုပ်ကြီးလီ ခေါင်းဆောင်ပြီး မြန်မာနိုင်ငံအတွင်းကို ကျူးကျော် ၀င်ရောက်ခဲ့တယ်။ အမေရိကန်က အင်ဒိုချိုင်းနား စစ်ပွဲများနဲ့ အလုပ်များနေချိန်မှာ တရုတ်နိုင်ငံရဲ့  အနောက်ဖက်တံခါးကို ကူမင်တန်တပ်နဲ့  စခန်းထောက်ကာ ထိုးဖောက်ဖို့ လုပ်ခဲ့တယ်။ န၀တ၊နအဖ လက်ထက် မှာ မြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံပေးမှုများနဲ့ ရပ်တည်ရတယ်။ န၀တ၊နအဖမှနေ ကြံဖွတ် အဖြစ်ပြောင်းလဲလာတဲ့ ဗိုလ်သိန်းစိန်လက်ထက်မှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ မှုရုတ်သိမ်းရေး၊အမေရိကန်အပါ အ၀င်အနောက်အုပ်စုနဲ့ ထိတွေ့ ချည်းကပ်ရေးဟာ တိုင်းပြည်အခြေအနေအရမလုပ်မဖြစ်လုပ်ရမယ့် နည်းဗျူဟာ တရပ်ဖြစ်လာတယ်။ ဒီမိုကရေစီနဖူးစည်းစာတမ်းအောက်မှာ အမေရိကန်အပါအ၀င် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေ အကြိုက်စတိသဘောမျိုးနဲ့  ဗိုလ်သိန်းစိန်တို့ လုပ်ပြလာတယ်။ ပထ၀ီနိုင်ငံရေးအခင်းအကျင်းသစ်အတွက် အာရှ-ပစိပိတ်အရေးကိုဦးစားပေးလာတဲ့ အမေရိကန်နိုင်ငံဟာ ကြံဖွတ်ဒီမိုကရေစီဖော်ဆောင်ရေးအား အချိုရှာ၊သကာ တွေ့  ဖြစ်ရတယ်။ တချိန်တုန်းကလို အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ ကူမင်တန်တပ်မျိုးလောက်နဲ့  မကိုင်တွယ်တော့ပဲ၊ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေဖြစ်တဲ့ နေပြည်တော်(ကြပ်ပြေး)နဲ့ ဒီမိုကရေစီအင်အားစု တွေအကြားထဲအထိ အမေရိကန်ဝါရှင်တန်အစိုးရ ကိုယ်တိုင်ဝင်ရောက်လာပြီဖြစ်တယ်။အမေရိကန်နိုင်ငံခြားရေားနအပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်တို့ လည်း ပီကင်းအစိုးရထံ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ ပက်သက်ပြီး မစိုးရိမ်ဖို့  အလျှင်အမြန်ရှင်းလင်းမှုတွေလုပ်ရတယ်။ တရုတ်သံအမတ်နဲ့  ဒေါ်အောင် ဆန်းစုကြည် တွေ့ ဆုံပြီးရှင်းလင်းပြောဆိုရတယ်။ဘန်ဒေါင်းမူတို့ ၊ဘက်မလိုက်ရေး၊ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင် ရေးတို့ စတဲ့မူတွေဟာ အားကြီးသူနဲ့ ဆက်ဆံရာမှာ အလကားပဲဖြစ်တယ်။ မဲခေါင်မြစ်အတွင်း တရုတ်၁၃ဦး သတ်ခံမှုနဲ့ ပက်သက်ပြီးတရုတ်ဝန်ကြီးချုပ်ကိုယ်တိုင်နေပြည်တော်(ကြပ်ပြေး)ကိုလာပြီးဆွေးနွေးခဲ့တယ်။ မဲခေါင် မြစ်ကိစ္စကို အကြောင်းပြုပြီး တရုတ်မှလုံခြုံရေးခြေလှမ်းကို လှမ်းလာပြီဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် အင်အားကြီးနိုင်ငံတွေမှ မိတ်ဆွေစစ်၊မိတ်ဆွေမှန်နည်းတွေကို ကျင့်သုံးဆောင်ရွက်မှသာ အကျိုးဖြစ်ထွန်းနိုင်မှာဖြစ်တယ်။  
ဧရာ
၂၅၊၁၂၊၂၀၁၁ 


 

နယ်စပ် သတင်းများ

မီးရထားဝန်ကြီး ဦးအောင်မင်း ဟာ မဲဆောက်ဖက်ကမ်းကို ကူးပြီး အန်ဒီဒီ အဖွဲ့ ခေါင်းဆောင် ကိုနိင်အောင်
ကို လာရောက်တွေ့ ဆုံ သွားတယ်လို့  သိရပါတယ်။ ဦးအောင်မင်းက ပညာရှင်တွေ ပြန်လာစေချင်ကြောင်း
ပြောပါတယ်။ ကိုနိင်အောင်မှာ နိင်ငံရေးအကျဉ်းသားကိစ္စ၊ ပြည်တွင်းစစ် ရပ်စဲရေးနှင့် နိင်ငံရေးဖြစ်စဉ်မှာ
အဖွဲ့ ပေါင်းစုံကို ပါဝင်ခွင့်ပြုရေးကိစ္စများဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


မဇ္စျိမ သတင်းထောက် ကိုစိုးမြင့်၊ ဒီဘီဗွီ သတင်းထောက်ကို အေးချမ်းနိင် တို့  မြန်မာ ပြည်ကို ၀င်ရောက်သွား
ပြီဟုသတင်းထောက်ထွက်ပါတယ်။
 
မန္တလေးမှာ ကျောင်းသားညီလာခံ တခုပြုလုပ်တော့မယ်လို့  သတင်းရရှိပါတယ်။
 
အန်အဲလ်ဒီ မှတ်ပုံတင် ခွင့်ပြရန် အဖွဲ့ ချုပ်ခေါင်းဆောင်များ ကြပ်ပြေးကိုရောက်ရှိနေပါတယ်။ ၂၀၀၈ အခြေခံဥပဒေကိုလက်ခံကြောင်းခေါင်းဆောင် ၂၁ ဦးစလုံးလက်မှတ်ထိုးရမှာဖြစ်ပါတယ်။

မှတ်ချက်။   ။ကိုမိုးသီးဘလော့မှသတင်း၇ရှိပါသည်။
 
 
 
 
           

No comments: