ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ
ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ
The Voice Weekly - ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့သည့် ကြည့်မြင်တိုင် သာဓုပရိယတ္တိစာသင်တိုက်ရှိ ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် ယနေ့ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆောင်ရွက်ထားသည်ဟု ကြည်မြင်တိုင်မြို့နယ် USDP ပါတီ မြို့နယ်အမှုဆောင်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ရွှေည၀ါဆရာတော်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားခဲ့သဖြင့် ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့် လူဝတ်လဲရန်၊ နိုင်ငံတော်သံဃာ့နာယကအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်း မပြုလုပ်ရန် အချက်သုံးချက်ပါသည့် ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့၏ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့သို့ ပေးပို့သော ထုတ်ပြန်ချက်အရ သိရသည်။
ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်မှ နှင်သည့်စာ လက်ခံရ
Yangon Press International - ဒီဇင်ဘာ ၁၄၊ ၂၀၁၁ (YPI) ည ၉ နာရီ ၁၀ မိနစ်
၈၈ မျိုးဆက်ကျောင်းသားများ အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ စုဝေးသည့် အခမ်းအနားများ ကျင်းပသည့် သာဓုပရိယတ္တိစာသင်တိုက်နှင့် ရွှေည၀ါပညာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား တိုင်းသံဃာ့နာယက ဥက္ကဋ္ဌမှ စာဖြင့် ညွှန်ကြားလိုက်သည်ဟု သိရသည်။
ရွှေည၀ါကျောင်းတိုက် ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စဟု ခေါင်းစဉ်တပ်ထားသည့် စာတွင် ဆရာတော်အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင် ကျင်းပသည့် သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန် ဆိုသည့် အချက်သုံးချက်ကို ဖော်ပြထားသည်။
မည်သည့်နေ့ရက်တွင် ထွက်ခွာရန် ဖော်ပြထားခြင်းမရှိသော်လည်း မနက်ဖြန် နေ့ခင်း ၁ နာရီတွင် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရား ရွှေည၀ါပညာ့ဗိမာန်သို့ ကြွရောက်လာရန်ရှိသည်ဟုလည်း ကျောင်းတိုက်တွင် ရောက်ရှိနေသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း) က YPI သို့ ပြောသည်။
၎င်းက “ အဓိကကတော့ဗျာ ကျောင်းတိုက်က နှင်ထုတ်တာ၊ နောက် ဗုဒ္ဓတက္ကသိုလ်ကိုလည်း ဖွင့်ခွင့်မပေးဘူးလို့ ဆိုလိုတာပဲ” ဟု ပြောသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပသည့် အခမ်းအနားတွင်
သာဓုပရိယတ္တိစာသင်တိုက်မှ ရွှေည၀ါဆရာတော်အား မြင်တွေ့ရစဉ်
သာဓုပရိယတ္တိစာသင်တိုက်မှ ရွှေည၀ါဆရာတော်အား မြင်တွေ့ရစဉ်
နှင်ထုတ်သည့် စာမိတ္တူအား သာသနာရေးဝန်ကြီးဋ္ဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ချုပ်ရေးရုံး၊ သာသနာရေးဝန်ကြီးဋ္ဌာန ညွှန်ချုပ်များထံသို့ ပေးပို့ကြောင်း ဖော်ပြထားသည်။ စာထုတ်သည့် ရက်စွဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြစ်သည်။
ရွှေည၀ါဆရာတော်သည် ယခုလဆန်း ၂ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လာရောက်စဉ် တွေ့ဆုံကြသည့် ပြည်တွင်း လူမှုရေး၊ နိုင်ငံရေးဆောင်ရွက်သူများအထဲ ပါဝင်သည့် တပါးတည်းသော သံဃာဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသားများ စုဝေးသည့်ပွဲ၊ လစဉ် လဆန်း ၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားမိသားစုများ စုဝေးတွေ့ဆုံပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ရရှိသည့် နှစ် ၂၀ ပြည့် အခမ်းအနားများအား ယင်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ။
နိုင်ငံတော်သံဃာ့နာယကအဖွဲ့က တိုင်းသံဃာ့နာယကမှတဆင့် ဆရာတော်ထံ ပေးပို့လာသည့် စာ
ရွှေညဝါဆရာတော်အား နိုင်ငံတော်သံဃာ့နာယကအဖွဲ့မှ စွဲချက်တင်ထားသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင်
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဟောကြားခဲ့သော တရားတော်အခွေ
မနက်ဖြန် နေ့လည် ၁နာရီမှာ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီးနဲ့ ရွေညဝါဆရာတော်တို့တွေ့ဆုံပါမည်။မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဟောကြားခဲ့သော တရားတော်အခွေ
အဆိုပါ ၄၇ပါး စုံညီ ဆုံးဖြတ်သည့်နေ့၌ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီး ဆွမ်းစားကြွနေသည့်အတွက် မပါရှိကြောင်း သိရှိရပါသည်..။
ယနေ့ အဆိုပါသတင်းအား ဗန်းမော်ဆရာတော်ဘုရားကြီး ကြားသိသည့်အတွက် အထူးစိတ်မကောင်းဖြစ်နေပြီး မနက်ဖြန်မှာ ရွှေညဝါဆရာတော်အား တွေ့ဆုံမှာဖြစ်ပါတယ်..။ ရွှေညဝါဆရာတော်ဘုရားကြီးဟာ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်းဖြစ်ပြီး ရွှေညဝါဆရာတော် အကျိုးတော်ဆောင်ချုပ်အဖြစ် ဦးစီးလုပ်ဆောင်နေတဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိဆရာတော်ကတော့ ယခုသံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်..။
Interview to KoKoGyi about ShweNyaWar Presiding Monk


ရန်ကုန်တိုင်းကြည့်မြင့်တိုင်မြို့ နယ်ရှိသာဓုပရိယတ္တိစာသင်တိုက်၏ ကျောင်းထိုင်ဆရာတော်
ရွှေညဝါဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ညွှန်ကြားစာတစ်စောင်ကို ယနေ့ညနေ ၆နာရီခန့်က နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ပေးပို့လိုက်တဲ့အပေါ် ကိုကိုကြီး(စမ်းချောင်း)ကို ဘားမားဗီဂျေ မီဒီယာက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ရွှေည၀ါဆရာတော် ဘုရားကို သိန်းစိန် လူဝတ်လဲဖို့လုပ်နေပါတယ်။ ရွှေည၀ါဆရာတော် ဟာ ဘုရားသားတော် ဖြစ်ပါတယ်။ ဘုရားသားတော် ဆရာတော်ကို ကဲ့ရဲ့တာ လူဝတ်လဲရန် ဖမ်းရန် ကျောင်းမှဖယ်ထုတ်ရန် သိန်းစိန် နဲ့ ကြံ့ဖွတ် အစိုးရ ကြိုးပမ်းတာဟာ သာသနာတော်ကို သံဃာတော်ကို မထီလေးစားလုပ်ခြင်းပါ။ တကယ်က ဓမ္မစက် မှ အာဏာစက် ကို အဆင့်ဆင့် လုပ်ရပါမယ်။ သိန်းစိန် လုပ်တာက အာဏာစက် နဲ့ အဓမ္မ လုပ်နေတာပါ။ ဘုရားက မင်းကျင့်တရား ၁၀ပါး ဟောခဲ့ပါတယ်။ သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်ဟာလည်း၊ စင်ကြယ်တဲ့ သံဃာ့အရေး စင်ကြယ်တဲ့ သာသနာ့အရေးတွေကိုပဲလုပ်သင့်ပါ
တယ်။ သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်ဟာ ရာထူး ကျော်ဇော်မှု တွေကို လုံးဝ မလုပ်သင့်ပါ။ အာဏာပိုင်တွေ ဘက်ကို ဘက်လိုက်မှုမလုပ်ရပါ မလုပ်သင့်ပါ။ သံဃာ့ဆန္ဒ ကို အလေးအနက်ထားသင့်ပါတယ်။ သံဃာ့အဖွဲ့အစည်း အဆင့်အဆင့် ဟာ ဘုရားဟောကိုလိုက်နာသင့်ပါတယ်။ ဘုရားသားတော် တွေ ကိစ္စနဲ့ပါတ်သက်လို့ ကဿဖ ဘုရားရှင် လက်ထက်က တိပိဋက သုံးပုံအာဂုံဆောင်ထားတဲ့ ဆရာတော်ကြီးသုံးပါး ဟာ သံဃာ့ကိစ္စတခုကိုဘက်လိုက်ပြီး ရေငုံနှုပ်ပိတ်နေခဲ့ဘူးလို့ ပျံလွန်တော်မူသော်အခါ နတ်ဘီလူးဖြစ်ကြရတယ် လို့ ဘရားကဟောပါတယ်။ သံဃာ့အဖွဲ့အစည်း အဆင့်အဆင့် လည်း ဘက်မလိုက်ကြပါနဲ့ ဘုရား။ အမှန်တရားကို ရေငုံနှုတ်ပိတ်မနေကြပါနဲ့ဘုရား။ သာသနာတော်ကို စောင့်ရှောက်ပေးကြပါဘုရား။ သပိတော် ရိုသေ လေးစားစွာလျှောက်ထားအပ်ပါတယ်ဘု ရား။
ရွှေညဝါဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ညွှန်ကြားစာတစ်စောင်ကို ယနေ့ညနေ ၆နာရီခန့်က နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ပေးပို့လိုက်တဲ့အပေါ် ကိုကိုကြီး(စမ်းချောင်း)ကို ဘားမားဗီဂျေ မီဒီယာက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ရွှေည၀ါဆရာတော် ဘုရားကို သိန်းစိန် လူဝတ်လဲဖို့လုပ်နေပါတယ်။ ရွှေည၀ါဆရာတော် ဟာ ဘုရားသားတော် ဖြစ်ပါတယ်။ ဘုရားသားတော် ဆရာတော်ကို ကဲ့ရဲ့တာ လူဝတ်လဲရန် ဖမ်းရန် ကျောင်းမှဖယ်ထုတ်ရန် သိန်းစိန် နဲ့ ကြံ့ဖွတ် အစိုးရ ကြိုးပမ်းတာဟာ သာသနာတော်ကို သံဃာတော်ကို မထီလေးစားလုပ်ခြင်းပါ။ တကယ်က ဓမ္မစက် မှ အာဏာစက် ကို အဆင့်ဆင့် လုပ်ရပါမယ်။ သိန်းစိန် လုပ်တာက အာဏာစက် နဲ့ အဓမ္မ လုပ်နေတာပါ။ ဘုရားက မင်းကျင့်တရား ၁၀ပါး ဟောခဲ့ပါတယ်။ သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်ဟာလည်း၊ စင်ကြယ်တဲ့ သံဃာ့အရေး စင်ကြယ်တဲ့ သာသနာ့အရေးတွေကိုပဲလုပ်သင့်ပါ
No comments:
Post a Comment