Wednesday, December 21, 2011

-- Bomb Blast in Hlledan Today ရန်ကုန်ဗုံးကွဲမှု







ရန်ကုန်ဗုံးကွဲမှု အမျိုးသမီးတစ်ဦးသေဆုံး

ဒီကနေ့နေ့လည် ၁၁ နာရီဝန်းကျင်လောက်က ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ အများသုံးအိမ်သာမှာဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလို ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သလို နောက်ထပ်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲပြီး သိပ်မကြာခင်မှာပဲ အဲဒီအခင်းဖြစ်ပွားရာနေရာကို စစ်သားတွေ နဲ့ ရဲတွေ ရောက်ရှိလာပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအခင်းဖြစ်ပွားရာနေရာရဲ့ အနီးတဝိုက်မှာပဲ မပေါက်ကွဲသေးတဲ့နောက်ထပ် ချိန်ကိုက်ဗုံးတစ်လုံးကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခင်ဖြစ်ပြီးသိပ်မကြာခင်မှာပဲ အာဏာပိုင်တွေက တက္ကသိုလ်ရိပ်သာလမ်းရဲ့ ယာဉ်ကြေားတစ်ခြမ်းကို ခေတ္တာယာယီ ပိတ်ထားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နောက်ထပ်တွေ့ရှိတဲ့ဗုံးတစ်လုံးကိုလည်း
ဖောက်ခွဲဖျက်ဆီးခဲ့ရတာပါ။

အရင်စစ်အစိုးရလက်ထက်ကတော့ ဗုံးပေါက်ကွဲမှုဖြစ်တဲ့အခါတိုင်းမှာ ပြင်ပအခြေစိုက် အတိုက်အခံ အဖွဲ့အစည်းတွေကိုနိုင်ငံတော်ပိုင်သတင်းစာတွေကနေတဆင့် စွတ်စွဲပြောဆိုလေ့ရှိခဲ့တာပါ။

No comments: