![]() | ![]() |
Thursday, 29 December 2011 03:36 |
![]() ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များ ![]() ![]() ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များ ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။ ![]() ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ကျင်းချိုင့်တစ်ခု (ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။ ![]() ![]() ![]() ![]() ![]() ![]() ဒီဇင်ဘာ ၂၉ ရက်။ 9:00 AM (Update) နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။ 9:15 AM (Update) မီးလောင်ကျွမ်းမှုသည် ၀ါယာရှော့ပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ကြီးမားသောပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါ။ ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးရအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။ |
No comments:
Post a Comment