Wednesday, December 28, 2011

ကမ္ဘာနှင့်အင်္ဂါ ဂြိုဟ်အနီးဆုံးဆုံမှတ်

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာနှင့်အနီးဆုံး ဆုံမှတ်သို့ အင်္ဂါဂြိုဟ် ရောက်ရှိခြင်းနှင့် သောကြာဂြိုဟ်မှာ ကမ္ဘာနှင့် နေအကြားဖြတ်ပြီး နေအ၀န်းအတွင်းအနက် စက်အသွင်ရောက်ရှိသော ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်မည် PDF Print
Wednesday, 28 December 2011 15:43
AddThis Social Bookmark Button
4397 ၂၀၀၉ ခုနှစ်အတွင်းက နေကြတ်မှုဖြစ်ပေါ်စဉ်
နက္ခတ်သိပ္ပံရှုထောင့်အရ လာမည့် ၂၀၁၂ ခုနှစ်အတွင်းတွင် အင်္ဂါ ဂြိုဟ်သည် ကမ္ဘာနှင့်အနီးဆုံးဆုံမှတ် သို့ရောက်ရှိခြင်းနှင့် သောကြာဂြိုဟ် မှာ ကမ္ဘာနှင့်နေအကြားဖြတ်ပြီး နေ အ၀န်းအတွင်း အနက်စက်အသွင် ရောက်ရှိသည့်ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ရန်ရှိကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း မှ သတင်းရရှိသည်။
၂၀၁၂ ခုနှစ်အတွင်း အင်္ဂါဂြိုဟ်  ကမ္ဘာနှင့်အနီးဆုံးဆုံမှတ်သို့ ရောက် ရှိမှုသည် မတ်လ ၄ ရက်နေ့၌ အိန္ဒိ ယနိုင်ငံ၏ မွန်းတည့်ကောင်းကင်၌ ဖြစ်ပေါ်မည်ဖြစ်ကာ ပေါက်ကွဲမှုပိုင်း ဆိုင်ရာဖြစ်စဉ်များသတိပြုရန်လိုအပ် သော အင်္ဂါဂြိုဟ်သိဟ်ရာသီအတွင်း ရပ်တည်မှုမှာလည်း ဇွန်လ ၂၁ ရက် နေ့အထိ ရပ်တည်မည်ဖြစ်သည်။ အလားတူ သောကြာဂြိုဟ်သည်ကမ္ဘာ နှင့်နေအကြားဖြတ်ပြီး ကမ္ဘာနှင့်တစ်တန်းတည်းကျကာ နေ၏အ၀န်းအတွင်း သောကြာဂြိုဟ်အနက်စက်အသွင်သို့ ထူးခြားစွာရောက်ရှိမှုသည်လည်း အဆိုပါ ၂၀၁၂ ခုနှစ်  ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပေါ်မည်ဖြစ်သည်။ ထိုကဲ့သို့ သောကြာဂြိုဟ်နေ အ၀န်းအတွင်း အနက်စက်အသွင်ဖြင့် ရောက်ရှိမှုသည် နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ဖြစ်ပေါ်မှုကြောင့်ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် ဇွန်လ ၈ ရက် နေ့ကဖြစ်ပေါ်ခဲ့ပြီးနောက် ယခု ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့သို့ရောက် ရှိမှသာ နောက်ထပ်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်မည်ဖြစ်ပြီး ယင်းသို့ဖြစ်ပေါ်ပြီးပါက ၂၁၁၇ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့သို့ ရောက်ရှိမှသာ ထပ်မံဖြစ် ပေါ်မည်ဖြစ်ကြောင်း သိရသည်။
4397a ၂၀၀၉ ခုနှစ်အတွင်းက နေကြတ်မှုဖြစ်ပေါ်သည်ကို ကြည့်ရှုနေစဉ်
“လာမယ့် ၂၀၁၂ ခုနှစ်အတွင်း အင်္ဂါဂြိုဟ် ကမ္ဘာနဲ့အနီးဆုံးဆုံမှတ် ကိုရောက်ရှိမယ့်ဖြစ်စဉ်ကြောင့် ကမ္ဘာ မှာ ငလျင်နဲ့ပတ်သက်တဲ့အခြေအနေ မျိုးတွေဖြစ်ပေါ်နိုင်ပြီး အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းကို သတိပြု ဖို့ လိုအပ်ပါတယ်။ အင်္ဂါဂြိုဟ်သိဟ် ရာသီအတွင်း ရပ်တည်မှုကလည်း ဇွန် ၂၁ ရက်နေ့အထိ ဖြစ်တာကြောင့် အုပ်ချုပ်သူပိုင်းမှာ အရေးကြီးရာထူး တာဝန်တွေ ထမ်းဆောင်နေတဲ့ရာထူး ပြောင်းလဲမှုဖြစ်စဉ်တွေ ကြုံနိုင်ပါ တယ်။ အဲဒီအပြင်သောကြာဂြိုဟ်က ကမ္ဘာနဲ့နေအကြားဖြတ်ပြီး နေအ၀န်း အတွင်းအနက်စက်အသွင်ရောက်ရှိ မှုကြောင့်လည်း အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ငလျင်ဖြစ်စဉ် ဖြစ်ပေါ် နိုင်ပါတယ်” ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းမှ ဦးဇေယျာကိုက ရှင်းပြသည်။
မတ်လ ၄ ရက်နေ့တွင်ဖြစ်ပေါ် မည့်အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့်အနီး ဆုံးဆုံမှတ်သို့ရောက်ရှိမှုကို မြန်မာ နိုင်ငံ၏ မိုးကောင်းကင်တွင်လေ့လာ ခွင့်ရရှိနိုင်ပြီး ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပေါ်မည့် သောကြာဂြိုဟ်သည် ကမ္ဘာနှင့်နေအကြားဖြတ်ပြီး ကမ္ဘာနှင့် တစ်တန်းတည်းကျကာ နေ၏အ၀န်း အတွင်း အနက်စက်အသွင်သို့ ထူးခြားစွာ ရောက်ရှိသည့်ဖြစ်စဉ်ကိုမူ ဖလင်ကော်ပြားခံပြီး ကြည့်ရှုမှသာနေ၏ အ၀န်းထဲတွင် သောကြာဂြိုဟ်ကို အနက် စက်အသွင်ဖြင့် မြင်တွေ့နိုင်ကြောင်း သိရှိရသည်။  

No comments: