Friday, December 23, 2011

အားလုံး ရဲ့ .စေတနာ ကို.စောင့်ကြည့်ပါဦးမယ်

ABSDF အတွင်းရေးမှုးဟောင်း(၈၈)နှင့် ဥက္ကဌ ( ဟောင်း )တို့ ၏ မြောက်ပိုင်း လူသတ်မှု့များအပေါ်သဘောထား

by Maung Maung Wann on Wednesday, December 21, 2011 at 10:48pm

ကချင်ဒေသ ABSDF (မြောက်ပိုင်း ) တွင်ဖြစ်ပွားခဲ့သောလူမဆန်စွာ
နှိပ်စက် ၊ညှင်းပမ်း၊ရက်စက်စွာသတ်ဖြတ်မှုတွင်အဓိ

ကတာဝန်ရှိသူများ
သည်းယခုအချိန်တွင်တာဝန်ယူဖြေ ရှ
င်းပေးရန်ပြင်းထန်စွာတောင်းဆို
လိုက်သည်။
ဤကိစ္စသည် ကျနော်တို့ ၈၈၈၈ အရေးတော်ပုံကြီးမှပေါက်ဖွားလာေ
သာ
ABSDF ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာ ၊အစဉ်အလာကြီးသော
သမိုင်းကို အမဲစက်ထင်စေသည်သာမက၊ ဘုရားရှင်ရဲ့ တရားတော်၏
ဆိုဆုံးမမှုအောက်တွင်အပြည့်အ၀နာ
ခံ၍ယဉ်ကျေး ၊စာနာစွာနေထိုင်ကြ
သော မြန်မာပြည်ဖွားများ၏ဂုဏ်သိက္ခာကိ
ုပါစော်ကားပြီးအမဲစက်ထင်စေ
တဲ့လုပ်ရပ်ဖြစ်တယ်၊ ကမ္ဘာ့အလယ်မှာမိမိတို့လူမျိုး ကဲ့ရဲ့ ရှုတ်ချ အထင်သေး
ခံရတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွန်မြတ် မှန်ကန်စွာတိုက်ပွဲဝင်နေသော ကျောင်းသား
တပ်မတော်ကိုပြည်သူ များအယုံအကြည်မဲ့စေသောလုပ်ရပ်ြ
ဖစ်တယ်လို့
ကျနော်ခိုင်ခိုင်မာမာစွပ်စွဲပါတယ်၊ အမြန်ဆုံးဖြေရှင်းဖို့လိုအပ်ြေ
ကာင်းကိုထပ်မံ
တောင်းဆိုပါတယ် ။
အောင်မိုးဝင်း ရေးသော မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ သည် သူ
စိတ်ကူးယဉ် ၍ ရေးသားထားချက်မဟုတ်ပါ ၊ကိုယ်တိုင်ခံစားခဲ့ရသော
သူများမှပေးပို့သော ခိုင်မာသည့်အချက်အလက်များမှထုတ်
နှုတ်ရေးသားခြင်း
ဖြစ်ပါတယ်၊ကျနော်ကိုယ်တိုင်သိတဲ
့ကိစ္စဖြစ်သောကြောင့် ဤ ညှင်းဆဲ သတ်ဖြတ်
မှုဖြစ်ရပ်သည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်ဖြစ်ပါကြောင်းထောက်
ခံ
ရေးလိုက်ရပါတယ်။
ဤ ဖြစ်ရပ်ပေါ်တွင်အခြေခံ၍ ရေးသားခဲ့သော ကိုထွန်းအောင်ကျော် ၏ ရပ်တည်
ရေးသားချက်သည် ကျနော်နှင့်ထပ်တူထပ်မျှဖြစ်ပြါေ
ကာင်း အသိပေးထောက်ခံ
အပ်ပါတယ်။
ကိုယ်တိုင် ကံနိမ့်စွာဖြင့် နာကျင်စွာ စတေးခံသွားကြသော သူရဲကောင်းများ၊
ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြသော သူရဲကောင်းများ ကို ကျနော်
အလေးပြုအပ်ပါတယ်၊စတေးခံခဲ့ရသူမျ
ားအတွက် ကောင်းရာဘုံဘ၀မှာပျော်
ရွှင်စွာစံစားနိုင်ပါစေ။ကျနော်
သည်ရဲဘော်များနဲ့ထပ်တူ နာကျင်စွာခံစားရပါကြောင်း
ရေးသားတင်ပြလိုက်ရပါတယ်။
ပြုလုပ်သူများသည် တချိန်မှာမိမိလုပ်ရပ်နဲ့ထပ်တူခံ
စားရမယ်ဆိုတာအမြဲရင်မှာ
ပိုက်ထားကြပါ ၊ကိုယ့်အလှည့်ကျရင်မနွဲ့ကြဖို့ေ
တာ့လိုတယ်အဆင်သင့်ပြင်ထား
ကြပါ။ဒါမှတရားမှာပေါ့ ။


တော်လှန်သောသစ္စာဖြင့်
သန်းဝင်း
အထွေထွေအတွင်းရေးမှူး ဟောင်း ( ၁၉၈၈ )
ABSDF
12/ 21/ 2011
ABSDF

------------------------------------------------------------------------------------------------------------------------------------------
 (ABSDF ဥက္ကဌ ဟောင်း ကိုထွန်းအောင်ကျော် ၏ သဘောထား)

ငါတို့လူ့အခွင့်အရေးကိုဘယ်လောက်တန်ဖိုးထားကြသလဲစောင့်သိရိုသေကြသလဲ?။
ကိုထိန်လင်းရဲ့ “ကျွန်တော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”ကို ဖတ်ရတော့ယူကြုံးမရဖြစ်ရတဲ့အပြင်တော်တော် လဲသံ ဝေဂရခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာစစ်အာဏာရှင်စံနစ်ကိုတွန်းလှန်ဖို့ကြိုးစားရင်း၊ နိုင်ငံရေးအဖွဲ့ အစည်း တွေ ပြည်သူ့အရေး၊ ဒီမိုကရေစီရေးတွေပျောက်ကွယ်၊ ပန်းတိုင်ကိုမေ့ပြီး ၊ ရန်သူကပင်မလုပ်တဲ့ ရက် စက်မှုအပေါင်းသရဖူဆောင်း တဲ့အထိလူကိုလူလို့မမြင် တော့ဘဲ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲ ဝင်နေပါ တယ်ဆိုသူတွေကလူ့အခွင်အရေးတွေကိုမျက်ကွယ်ပြု၊ လူတွေကို အဟိတ်တိရစ္ဆာန်တွေလိုအရိုင်း အစိုင်းခေတ် ကအတိုင်းလူမဆန်တဲ့နှိပ်စက်နည်းတွေနဲ့မတွေးဝံ့လောက်အောင် ရက်ရက်စက်စက်နှိပ်စက်ပြီး၊ အပစ်ရှိ ပါတယ်လို့ ဝန် ခံခိုင်း၊ ကမ္ဘာ့အလယ်မှာလူရိုင်းတိုင်းပြည်လိုပြုကျင့်ခဲ့တာတွေကြောင့်၊ ဗမာနိုင်ငံကို တကယ် ကယ်တင်ချင် တယ်၊ တကယ် လူ့အခွင့်အရေးကိုလေးစားတယ်၊ ပြည်သူတွေအတွက်ရယူပေးချင်ပါ တယ်ဆိုတဲ့ သူတွေအား လုံးကြပ်ကြပ်အသဲထဲမှာစွဲနေအောင်မှတ်သားထားပြီး၊ ငါတို့ဒီလိုအလုပ်မျိုးတွေကိုဘယ်တော့မှ မလုပ်ဘူးလို့၊ မိမိကိုယ်ကိုမိမိ လေးလေးနက်နက် ဂတိပြုပြီး စက်ဆုပ်ရွံရှာ စွာ စံနမူနာယူသင့်တယ် လို့တိုက် တွန်းချင်ပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဖြုတ်၊ထုတ်၊သတ်လမ်းစဉ်ဟာ ကွန်မြူနစ်တွေရဲ့လမ်းစဉ် ဟာ မင်းမဲ့ဝါဒနဲ့ဘာများခြားနားလို့လဲလို့မေးခွန်းထုတ်ရတဲ့ကိန်းဆိုက်ခဲ့သလို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား များဒီမိုကရက်တစ်တပ်ဦးဟာလည်းမင်းမဲ့စရိုက်နဲ့ကျောက်ခေတ်ကိုပြန်သွားမှာလား? ပြည်သူတွေကို ဒီမိုကရေစီရအောင်တိုက်ယူကြမှာလား?ဆိုတာမြောက်ပိုင်းအေဘီအက်ဒီအက်ရဲ့လူမဆန်တဲ့နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုကမေးခွန်းထုတ်လာရတော့တယ်။ ဒီလိုလုပ်ရပ်တွေကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုကျဆင်းသွား ရတာမဆန်းဘူးလို့ပြောရမှာဘဲ၊ မြန်မာ့နိုင်ငံရေးမှာအဓိကပြသနာကကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့အကျင့်ဆိုးဘဲဖြစ် တယ်။ တရားဥပဒေဘောင်အတွင်းကစစ်ဆေးပြီးအပစ်ရှိရင်အပစ်ပေး၊ အပစ်မရှိရင်မရှိတဲ့အလျှောက်လွှတ်တာ မျိုးကိုလေးလေးနက်နက်မကျင့်သုံးသ၍နိုင်ငံရေးရည်မှန်းချက်တွေနဲ့ဝေးနေဦးမှာဘဲ။ အဓိကတရားဥပဒေကိုတောထဲမှာမှို့လို့၊ ကျင့်သုံးဘို့မလွယ်ဘူးဆိုတဲ့ဆင်ချေပေးမနေဘဲ ၊ တောမှာဖြစ်ဖြစ်၊ မြို့မှာဖြစ် ဖြစ်၊ တရားဥကဒေကိုလိုက်နာဘို့လိုတယ်၊ တရားကိုစောင့်သိကြဘို့လိုတယ်။ အလွန်စိတ်မကောင်း ဖြစ်ရတာက၊ ဗကပတွေရဲ့အမှားကိုနှောင်းလူတွေဖြစ်တဲ့ အေဘီအက်ဒီအက်ကခေါင်းဆောင်တွေသိရဲ့မြင်ရက်နဲ့ ဘာလို့ပုံတူကူးချရက်စက်ပြရတာလဲဆိုတာဘဲဖြစ်တယ်။ ဒီလုပ်ရပ်ဟာကျောင်းသားတွေရဲ့လက်နက်တော်လှန် ရေးကိုပျက်လိုပျက်စီးလုပ်တာထက်ကျော်လွန်ပြီးလုံးဝကျဆုံးသွားအောင်ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေအမျှော်အမြင်နည်းစွာနဲ့လုပ်လိုက်တာလို့မြင်တယ်။ စစ်အာဏာရှင်တွေက ပြည်သူတွေကို၊ လက်နက်နဲ့ ဗိုလ်ကျစိုးမိုးနေတာကို တိုက် မဲ့သူတွေကိုယ်တိုင်ကကိုယ့်လက်ထဲမှာလက်နက်ရောက်လာတော့၊ ရန်သူထက် ဆိုးတဲ့နှိပ်စက်နည်းတွေနဲ့ ကိုယ်လူအချင်းချင်းထဲမှာရန်သူ့သူလျှိရှိတယ်ဆိုပြီး၊ အပစ်ရှိသူ ၁၀၀ လွတ်ရင်လွတ် ပါစေ၊ အပစ်မဲ့သူတယောက် အပစ်မကျစေနဲ့ဆိုတဲ့တရားသဘောနဲ့ဆန့်ကျင်ပြီး အပစ်ရှိသူတယောက်မိ ဘို့ အပစ်မဲ့သူ ၁၀၀ သတ်ချင်သတ် မယ်ဆိုတာဖြစ်လာခဲ့တာကြောင့်တကယ့်တော်လှန်ရေးသမားတွေတောတွင်း ခံခဲ့ရတာပါ။
ဒီကိစ္စမှာအဲဒီအချိန်ကတာဝန်ယူထားတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေမှာလုံးဝတာဝန်ရှိတယ်၊ ဒီကိစ္စကိုတနေ့နေ့မှာ ဖြေရှင်းကြရမယ်၊ အဲဒီနေ့ဟာလည်းမကြာခင်ရောက်လာတော့မှာဖြစ်တယ်၊ ဒီမိုကရေစီရရင်တောင် ကိုယ့်တိုင်း ပြည်ကိုယ်မပြန်ရဲမဲ့လူတွေလဲရှိမှာပါ။
လွန်ခဲ့တဲ့အနှစ်၂၀ လောက်ကကိစ္စဟာ၊ အချိန်ကြာလာရင်ပျောက်ကွယ်သွားမယ်လို့ထင်ရင် အမှားကြီးမှားလိမ့် မယ်။ ABSDF ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲ? ဘယ်သူ့မှာတာဝန်ရှိသလဲမေးရင်တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဖြစ် တဲ့ထိုစဉ်ကဥက္ကဌတာဝန်ယူထားတဲ့သူတွေကရှင်းပြနိုင်ရင်ပိုကောင်းမယ်။ ဒါမှ ကျောင်းသားတော်လှန်ရေး ကြီးဘာကြောင့်မအောင်မမြင်ဖြစ်ခဲ့ရတယ်ဖရိုဖရဲဖြစ်ရတယ်ဆိုတာသိမယ်လို့ယုံကြည်ပါတယ်၊ အနှစ်၂၀ကျော် ကြာပြီမို့အားလုံးသိခွင့်ရှိတယ်လို့ယုံကြည်လို့လဲဖြစ်ပါတယ်၊ အဲဒီတုံးကဦးဆောင်ခဲ့တဲ့သူတွေအနေနဲ့ ဘာကြောင့်ဒီလိုအရုပ်ဆိုး အကျဉ်းတန်မှုတွေဖြစ်ခဲ့ရတယ်၊ ဘယ်သူကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့သလဲ?၊ အေဘီဗဟိုကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့တာလား? အေဘီကချင်ကကိုယ့်ဘာသာကိုယ်လုပ်ခဲ့တာလား?။ ကိုယ်တွေ့အဖြစ်မှန်များကိုသတ္တိရှိရှိတင်ပြပြီးအများကစဉ်းစားကြဘို့ ဖြစ်ပါတယ်။
အေဘီဥက္ကဌတယောက်အနေနဲ့ကိုယ်လေးစားတန်ဘိုးထားတဲ့အဖွဲ့ကြီးအခုလိုကိုယ့်ရဲဘော်အချင်းချင်းသတ်တဲ့အထိအရုပ်ဆိုးအကျဉ်းတန်တဲ့လုပ်ရပ်အတွက်အထူးဘဲစိတ်မကောင်းဖြစ်မိသလိုရေငုံနှုတ်ပိတ်အနေသင့်ဘူးလို့ယူဆတဲ့အတွက်အခုလိုရေးသားလိုက်တာဖြစ်တယ်၊ ကိုထိန်လင်းအနေနဲ့အဲဒီတုံးကဘယ်သူတွေကညှင်းပန်းနှိပ်စက်ခဲ့တယ်၊ ဘယ်သူကဖြင့်အမိန့်ပေးတယ်၊ အဓိကဦးဆောင်သူတွေကိုနံမည်နဲ့တကွရေးသားဖြည့်စွက်ပေးပါလို့ပြောချင်ပါတယ်။ အထူးပြောချင်တာကတော့ ABSDF မှာလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ရဲဘော်တွေနဲ့ ၊ ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ သူတွေနဲ့မရောယှက်စေချင်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်သူလက်တွေဝင်မွှေလာမှာကိုလဲတော် လှန်ရေးသတိရှိဘို့လိုတယ်။ အခုလိုအရေးကြီးနေတဲ့အချိန်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ABSDF ကိုတိုက်ခိုက်ဘို့ လက်နက်ကိုင်လမ်းစဉ်ကိုသေးသိမ်အောင်လုပ်ဘို့လုပ်လာနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လူစစ်ပြီးရဲဘော်သုံးကျိတ်ဖွဲ့ခဲ့တာတောင်ရှုမောင် ခေါ်ဗိုလ်နေဝင်းလိုလောက်ကောင် အာဏာရူးကကပ်ပါလာသေးတာဘဲ။ ဒါကြောင့်ဘယ်သူကဘာဆိုတာမသိခင်ဝါးလုံးရှည်နဲ့မယမ်းဘို့လိုတယ်။ ABSDF ကျောင်းသားတော်လှန်ရေးကိုယုံယုံကြည်ကြည်နဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကိုတော့မစော်ကားမိဘို့လိုတယ်။
အားလုံးကိုလေးစားလျှက်
ထွန်းအောင်ကျော်
                             
· · Share
 Maung Maung Wann ယခုဖော်ပြပါ ဆောင်းပါးရှင် ကိုထွန်းအောင်ကျော်သည် ABSDF ဗဟို ဥက္ကဌ ဟောင်း ဖြစ်ပါသည်။ အသတ်ခံလိုက်ရသူ ကိုထွန်းအောင်ကျော်မဟုတ်ပါ။ တိုက်တိုက်ဆိုင်ဆိုင် အေဘီမှာက ကိုထွန်းအောင်ကျော် နှစ်ယောက် ကိုမျိုးဝင်း နှစ်ယောက်ဖြစ်နေတဲ့အတွက် ခွဲခြားတင်ပြခြင်းဖြစ်ပါတယ်

 Tom Soe အဲဒိအချိန်မှာတာဝန်ယူထားတဲ့ခေါင်းဆောင်များခေါင်းရှောင်နေတာလားေ၇ငတ်ဘီယာသောက် သူရဲကြောက်အဖော်ခေါ်အိပ် ကြက်သားဟင်းချက်စား (တိုက်ကြက်) စားရင်းစစ်ဖို့ လုပ်နေတာလား ဒီအရးကစားရင်းစစ်လို့ မရဘူးနော်
 Lu Maw ကျောင်းသားတပ်မတော်သမိုင်းကြောင်းမှာအခုလို အဖြစ်ဆိုးမျိုးတွေဖြစ်ခဲ့တာ သိလို့အရမ်းပဲ နာကျင်ခံစားရပါတယ်.....ကိုယ်ကိုယ်တိုင်မရောက်ခဲ့ပေမဲ့ ကိုယ်နောင်တော်းတွေအတွက်အမြဲ ဂုဏ်ယူနေခဲ့တာ....အခုလိုအဖြစ်ဆိုးတွေလုပ်ခဲ့တဲ့သူတွေကို ဖော်ထုတ်ပေးပါ...ဖွင့်ချပေးကြပါ....
 Sai Zaw အလွန်စိတ်မကောင်း ဖြစ်ရတာက၊ ဗကပတွေရဲ့အမှားကိုနှောင်းလူတွေဖြစ်တဲ့ အေဘီအက်ဒီအက်ကခေါင်းဆောင်တွေသိရဲ့မြင်ရက်နဲ့ ဘာလို့ပုံတူကူးချရက်စက်ပြရတာလဲဆိုတာဘဲဖြစ်တယ်။
 Kyawsoe Lwin ဆုံးသွားတဲ့ကိုထွန်းအောင်ကျော်ကနောက်ဆုံးသူကိုယုံတဲ့လူတွေလွှတ်ပေးတာတောင် ပြောသွားတဲ့စကားကတော့ ရန်သူဆီမှာတော့ လက်နက်တော့မချဘူး။ ကိုယ်ရဲဘော်ရဲဘက်တွေရဲ့လက်အထဲမှာသေမယ်ဆိုရင်သေပါစေဆိုပြီး နောက်ဆုံးအထိအသက်အသေခံသွားသူပါ။ ဒါကိုအရင်မြောက်ပိုင်းကျောင်းသားဟောင်းတွေသိမယ်ထင်ပါတယ်။
 Nge Naing
Burma Blood မီးချောင်းကိုက်တယ်လို့ အခါတရာ လိမ်ခဲ့တဲ့ သူတယောက်ကို တကယ်မီးချောင်းကိုက်တော့ ဘယ်သူမှမယုံတဲ့ မြန်မာစကားပုံကို ကြားဖူးမယ်ထင်တယ်။ ရန်သူရေးတာကို ဘာမှမပြောတာက သူတို့အာဏာတည်မြဲရေးအတွက် မဟုတ်မဟတ် အမြဲတမ်း သွားပုပ်လေလွှင့်ပြောပြီး ၀ါဒဖြန့်နေတဲ့ စာတွေကို စိတ်ကိုမ၀င်စားလို့ သူတို့ ဘာပြောပြော မယုံတာ ဖြစ်တယ်။ အခုမှ သိတယ်ဆိုတာ အခုမှ တကယ်ခံလာခဲ့ရတဲ့သူတွေက ဘယ်သူ့ပရောဂမှ မပါ၊ ရန်သူအသုံးချတာကို ခံပြီးရေးတာမဟုတ်ဘဲ သူတို့ခံစားလာခဲ့ရတာကို သူတို့လွတ်လွတ်လပ်လပ် ပြောဆိုလာတဲ့အတွက် ဒါဟာ အမှန်ပဲဆိုတာ ယုံကြည်လက်ခံလာလို့ ဖြစ်တယ်။ ဒါတောင်မှ မယုံတဲ့သူတွေ အများကြီး ရှိနိုင်သေးတယ်။ ဒီဖြစ်ရပ်တွေက အာဏာရှင်စနစ် မရှိရင် ဘာမှဖြစ်လာစရာ အကြောင်း မရှိပါဘူး။ ဒါတွေအားလုံးက အာဏာရှင်တွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ သူတို့ ကိုယ်ကျိုးအတွက် အာဏာကို ဆုပ်ကိုင်ထားလို့ နောက်ဆက်တွဲ ဖြစ်လာတဲ့ ဖြစ်ရပ်ဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်။

 Maungmaung Skw
အယင်တုန်းကစစ်အစိုးရရဲ့
ဆောင်းပါးတွေမှန်လှပါတယ်
လို့ထောက်ခံမရေးတာကိုအ
ြ ပစ်တင်နေရလောက်တဲ့အ
တွေးအခေါ်လောက်ပဲရှိတဲ့သူ
နဲ့ဒီကိစဘာမှပတ်သက်စရာမ
ရှိဘူးလို့ထင်တယ်။သာယာဝတီ
ထောင်ထဲမှာရောက်နေတဲ့သံ
ချောင်းကအမိန့်ြ ပန်တမ်းဖတ်
သေဒဏ်ပေြး ပီးမျိုးဝင်းတို့
ဇက်ကိုဒါးနဲ့ခုတ်မြ ဖတ်ခင်ဖို့က
ထွန်းအောင်ကျော်နောက်ဆုံး
ြေ ပာခဲ့တဲ့စကားက-ငါ-ထောက်
လှမ်းရေးမဟုတ်ဘူး-ငါ့ရဲ့
ညံ့ဖျဉ်းမှုကြောင့်ခံကြရတဲ့သူ
တွေအားလုံးငါ့ကိုခွင့်လွှတ်ကြ
ပါ-တဲ့။အကြောင်းအရာတော်
တော်စုံစုံလင်လင်ကိုကျွန်တော်
ABSDFသွေးသမိုင်း-ဆိုတဲ့နာ
မယ်နဲ့စာပေစီစစ်ရေးတင်ထား
ပါတယ်။အားလုံးသိကြရပါစေ
မယ်။
 Aung Naing
ကျနော့် အယူအဆက ခံလာရတဲ့သူက ရေးတာဆိုတိုင်း အားလုံးဟာ တကယ် ဖြစ်ခဲ့တာလို့ ယူဆလို့ မရပါဘူး။ ကိုအောင်မိုးဝင်း post အောက်မှာလဲ ဒီကိစ္စ နဲ့ ပါတ်သက်ပြီး ကျနော်ရေးခဲ့ပြီးပါပြီ။ အခု Facebook ပေါ်မှာရေးနေကြတာကလည်း တဆင့်ကြားနဲ့ ပြန်ရေးနေကြတာချည်းပါဘဲ။ သေချာတာက ABSDF ကိုရောက်လာသူတွေဟာ (ရန်သူ့လူတွေကလွဲလို့ ) ပြည်သူတွေစစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ဘို့ စာသင်ခန်းတွေကိုစွန့်ခွါပြီး ယုံကြည်ချက်တွေနဲ့ ထွက်လာခဲ့ကြတဲ့လူတွေပါ။ ဒီလိုလူမျိုးတွေက ဒါလောက်ထိ ရက်ရက်စက်စက်လုပ်ပါ့မလားဆိုတာ သံသရှိစရာပါ။ ကိုယ့်ဘာသာ စွဲချက်တင်၊ ကိုယ်ဘာသာ စီရင်ချက်ချ လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ မရိုးသားတဲ့ အကြံအစည်နဲ့ ဘေးကနေ ဝိုင်းဖွချင်တဲ့သူတွေအတွက်တော့ အကြိုက်ပေါ့။ ကျနော်ဒီ လောက်ထိဖြစ်ခဲ့တာဆိုတာလုံဝမယုံသလို ကျတော်ရောက်ခဲ့ဘူးတဲ့ ဒေသ တွေမှာလဲဒီလိုအဖြစ်မျိုးတွေလုံးဝမရှိပါဘူး။ ABSDF နဲ့ မဆလ၊နအဖ တပ်ကွာတာက ကျွန်တော်တို့က တရားစီရင်ရေးကို လေးလေးနက်နက်ထားတာပါဘဲ။
Maung Maung Wann
ကိုအောင်နိုင်အမြင်ကိုလည်း လေးစားပါတယ်။ ဒါပေမဲ့ ကျနော် တင်လိုက်တာကတော့ ဖွတာမဟုတ်တာတော့ ပြောရဲပါတယ်...ဘယ်တုန်းကမှ အဲသလို အလုပ်မျိုးမလုပ်ဘူးပါ ၊ တခုတော့ပြောချင်ပါတယ်...မကြာခင်အမှန်တွေပေါ်လာပါလိမ့်မယ်....အဲဒီအခါ ကြရင် ကိုအောင်နိုင်အနေနဲ့...မထင်ဲ့တာတွေ တကယ်ဖြစ်ခဲ့တာပါလား ဆိုတာ ၀န်ခံဘို့တော့လိုပါလိမ့်မယ်....ကျနော် အခုလိုတင်ပေးခဲ့တဲ့ လုပ်ရပ်မှားခဲ့မယ်ဆိုရင်လည်း....ကျနော် ဟာ....မဟုတ်မမှန်တာတွေကို တင်ပေးခဲ့တာပါဆိုတာ....လူသိရှင်ကြားထုတ်ဖော်ဝန်ခံသွားမယ်။ တခုတော့ပြောမယ်ဗျ...ဘယ်လိုမှ မအောင်းမေ့နဲ့...ကိုယ်တိုင်ကြုံမှယုံမယ်ဆိုရင်...ကျနော့်အဖွားက လကမ္ဘာပေါ်လူရောက်တယ်လို့ပြောနေတဲ့သူတွေကို....အရူးတွေတဲ့....ဆိုကရေတီးက...ကမ္ဘာကြီး လုံးတယ်ပြောလို့ အမှားတွေကိုပြောလို့ဆို အဆိပ်သောက်သေခဲ့ရဘူးတယ်။ ခင်ဗျားဒေသမှာ မဖြစ်တိုင်း အခြားနေရာတွေမှာလည်း မဖြစ်နိုင်ဘူးဆိုတာကတော့...အင်း...စောင့်ကြည့်ပါဦးဗျာ
 Thuzar Lwin ၀ူးးးးးးးးးးးးးးးးးးးး ရန်သူက ဘယ်သူလဲ။ ရန်သူကို တိုက်လို့ပြီးသွားပြီလား။
 Maung Maung Wann
မသူဇာလွင်....ခင်ဗျားက ရန်သူဆိုတာကို ဘယ်လိုသတ်မှတ်ပါသလည်း ( ဒါက အရေးကြီးပါတယ် ...စဉ်းစားပေးပါ ).....ကျနော်က အရင်စဖြေကြည့်မယ်....ကျနော်ကရန်သူဆိုတာကိုဒီလိုသတ်မှတ်တယ်...မည် သည့်အာဏာရှင်မဆို ( စစ်အာဏာရှင်သာလျှင်မဟုတ် )၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကိုဖျက်စီးသူ၊ဟန့်တားသူ မည်သူမဆို ဟုတ်ကဲ့...ဒီပေတံနဲ့ငြိသူ ဘယ်သူမဆို...တော်လှန်တိုက်ထုတ်ရမဲ့...ရန်သူလိုသတ်မှတ်ပါတယ်..ဒါတွေအတွက် တိုက်လို့မပြီးသေးဘူးလို့တော့ဝန်ခံရပါလိမ့်မယ်....အခုလူသတ်ကောင်တွေဟာ...ဒီပေတံနဲ့ငြိနေတဲ့အတွက်...ဆန့်ကျင်နေရခြင်းဖြစ်ပါတယ်ခင်ဗျာ။
 Maungmaung Skw အမှန်တရားကိုပြောရဲဖို့အတွက်သတ္တိလိုသလို-အမှန်ကိုနားထောင်ရဲဖို့ သတ္တိလိုပါတယ်။အားမွေးထားပါ-သိပ်မကြာခင်ကာလမှာ အမှန်တရားတွေကို ရင်ဆိုင်ကြုံတွေ့ သိရှိရပါစေ့မယ်လို့ ကျွန်တော်တာဝန်ယူပါတယ်။
 Bamar Blood
‎@Maungmaung Skw
<<<< အယင်တုန်းကစစ်အစိုးရရဲ့ ဆောင်းပါးတွေမှန်လှပါတယ်
လို့ထောက်ခံမရေးတာကိုအပြစ်တင်နေရလောက်တဲ့အတွေးအခေါ်
လောက်ပဲရှိတဲ့သူနဲ့ဒီကိစဘာမှပတ်သက်စရာမရှိဘူးလို့ထင်တယ်။ >>>


လွတ်လပ်စွာရေးသားပြောဆိုခွင့်သည် ဒီမိုကရေစီဖြစ်သည်ဆိုတာ
လောက်ကိုမှ လက်ခံမကျင့်သုံးနိုင်ပဲနဲ့ တော့ ဒီမိုကရေစီ ဆိုတဲ့အိမ်မက်
တွေကို မက်မနေတော့နဲ့ ခင်ဗျ .. ဘာလို့ ဆို လူကြီးမင်းရဲ့ အတွေးအခေါ်
ကိုက အာဏာရှင်ဆန်နေလို့ ပဲ .. လူကြီးမင်းလို လူမျိုးဆီမှာ အာဏာရှိ
ခဲ့ရင် လူကြီးမင်းလည်း အာဏာရှင်ဖြစ်မှာ ကျိန်းသေသလောက်ပဲဗျ ..

အေဘီမြောက်ပိုင်းက ဖြစ်စဉ်တွေကို စစ်အစိုးရထောက်လှမ်းရေးက၀ါဒ
ဖြန့် ချီရေးအတွက် သုံးခဲ့တယ်ဆိုပေမယ့် ၀ါဒဖြန့် ချီရေးဆိုတာ ရေးချင်
တိုင်းရေးလို့ မရပါဘူး .. အချက်လက်မှန်တွေနဲ့ သူတို့ ဖြန့် ချီချင်တဲ့
ဝါဒနဲ့ ရောပြွန်းပြီး ရေးရတာပါ .. ဒါကြောင့် သူတို့ ဆောင်းပါးတွေမှာ
ပါတဲ့ အချက်လက်များကို လုံးဝကြီးပစ်ပယ်လို့ မရပါဘူး .. နောင်တချိန်
သမိုင်းမှန်တွေပြုစုတဲ့အခါ ဘယ်က ဘယ်သူထုတ်တဲ့အချက်လက်တွေ
မို့ မသုံးဖူးလို့ ဆိုလို့ မရပါဘူး .. လိုတာယူ ပိုတာပယ်ပြီး သုံးရမှာပါ ..

အခုလူကြီးမင်း စိစစ်ရေးတင်ထားတဲ့စာအုပ်မှာရော အဲ့ဒီဆောင်းပါးပါ
အချက်လက်တွေ ထောက်လှမ်းရေးက ထုတ်ဝေတဲ့စာအုပ်စာတမ်း
တွေက အချက်လက်တွေ လုံးဝ မပါဘူး အာမခံ ပါသလား ..
 Nge Naing
စစ်အစိုးရ ၀ါဒဖြန့်တာ အချက်အလက်မှန်လားမမှန်လားတော့ မသိဘူး ဒေါ်လာစားတယေက်တော့ ပေါက်ကရတွေဲ့ လျှောက်ရေးနေတယ်။ ဟိုတုန်းက ဖိုးကံကောင်းဆိုတဲ့ တယောက်လည်း တောတွင်းကအကြောင်းတွေ ရေးတာ ဟာသတွေချည်းပဲ။ မြောက်ပိုင်းအကြောင်းရေးလည်း မဟုတ်တာတွေပဲ ဖြစ်မှာပဲ။ စိတ်ကိုမ၀င်စားဘူး။ အခု တကယ်ခံရတဲ့သူတွေ ရေးလို့ခေါင်းထဲထည့်စဉ်းစားတာ။ ကိုအောင်မိုးဝင်းတို့ ပန်းချီထိန်လင်းတို့တွေသာ ရန်သူ့ Propaganda အောက်က ရေးရင် အဲလိုစာတွေကို ခေါင်းထဲထည့်ဖြစ်ဦးမှာ မဟုတ်သေးဘူး။
 Maungmaung Skw
TO BARAMAR BLOOD
ကျွန်တော်ဆိုလိုတာက ဟိုတ
ချိန်ကဝင်မထောက်ခံတဲ့ဟာကို
အပစ်ြေ ပာတယ်မှတ်လို့ရေးမိ
တာပါ။ဘယ်သူ့ကိုမှစော်ကား
မော်ကားလုပ်လိုတဲ့စိတ်မရှိပ
ဘူး။ကျွန်တော်ဟာဘာအဆင့်
မှရှိသူမဟုတ်လို့ ဘာအာဏာ
ရှင်စိတ်မှလည်းဝင်စရာမရှိပါ
ဘူး။တစ်ခုတော့အာမခံပါတယ်
ကျွန်တော့်စာအုတ်ထဲမှာဘယ်
ထောက်လှမ်းရေးရဲ့လက်ချက်
မှမပါပါဘူး-အချိန်ကအဆုံးအ
ြ ဖတ်ပေးမှာအသေအချာပါ။
။အပစ်ရှိသူတွေကိုအကာအ
အကွယ်မပေးမိစေချင်တာက
ကကျွန်တော့်စေတနာပါ။
Bamar Blood ‎@Nge Naing
ဒါဆို ဒေါ်ငယ်နိုင် ဆိုလိုတာက အဲ့ဒီအကြောင်းတွေကို
ဦးထိန်လင်းတို့  ဦးအောင်မိုးဝင်းတို့ ရေးမှ သိရတယ်ဆို
တဲ့သဘောလားဗျ .. မြောက်ပိုင်းဥက္ကဋ္ဌဟောင်း ကိုထွန်း
အောင်ကျော် ကျဆုံးတာကိုလည်း ခုမှ သိတာပေါ့နော်
ဟုတ်လားခင်ဗျ ..
 Naing Aung
ဘက်ပေါင်းစုံက သတင်းကိုစောင့်ဘို့ လိုတယ်၊ တချို့ ရဲဘော်တွေရောပါသွားနိုင်တယ် ၊ ABSDFက ရန်သူလူလို့ သတ်မှတ်ခဲ့တယ် ၊ ABSDF မှာအထောက်အထားရှိနိုင်တယ်လို့ ယူဆတယ်၊ ယခုတာဝန်ရှိသူတွေလည်းဒီ issue ကိုတုံပြန်ဘို့ စဉ်းစားနေတယ်၊ ယေဘူယျထပ်ပြောရင် ရန်သူဟုတ်မဟုတ်နဲ့ ၊ သတင်းအချက်လက်ဘက်ပေါင်းစုံက မသိသေးခင် ကောက်ချက်ဆွဲကြရင် ကိုယ်သန်တာကိုငြင်းနေတာဖြစ်နေလိမ့်မယ်၊ ရန်သူလူဆိုတာကလည်း ချိုနဲ့ မဟုတ်တာတော့သေချာတယ်၊ ကျူပ်လည်းဘယ်ဘက်ကမှ ရပ်နေတာမဟုတ်ဘူး၊ တကယ်ဝေခွဲပေးမဲ့သူလည်း ဘယ်သူတွေဆိုတာ အဖြေရှာမရသေးဘူး၊
 Bamar Blood
‎@NaingAung


၁ ။ တာဝန်ရှိသူတွေ ဆိုတာ ဘယ်သူတွေလဲဗျ ..


၂။ ကိုယ်တိုင်ကိုယ်ကျခံခဲ့ရသူတွေ ရှိနေတာတောင်
ဘက်ပေါင်းစုံကို သတင်းကိုစောင့်ဖို့ လိုတယ်ဆိုတော့
အခုအေဘီ( မြောက်ပိုင်း )အကြောင်းရေးသားနေတဲ့
ဦးထိန်လင်းတို့  ဦးအောင်မိုးဝင်းတို့  ရေးတာကိုမမှန်
ဘူးလို့ ဆိုလိုတာလား ..

အဲ့ဒါဆို တကြောင်းခြင်း တပါဒခြင်း ပြန်လည်ဖြေရှင်း
ပေးပါ ..

၃။ အေဘီ( မြောက်ပိုင်း )အကြောင်းတွေကတဆင့်
အေဘီ( တောင်ပိုင်း )အကြောင်းတွေ ရောက်လာ
စိုးလို့  လန့် နေတာလား ..
 Zaw Lin Htwe
အော် လူ လူတွေ လူတွေ အာဏာရှူးနေကြပါလား သန်းဝင်း ဘာလဲ ထွန်းအောင်ကျော် ဘာလဲ ငါသိတယ် ဘာကြောင့်ရေးနေတယ်ဆိုတာလဲ ငါသိတယ် ငါလဲ အေဘီကဘဲ ၁၉၈၈ ကနေ ၂၀၀၃ အထိ လုပ်ခဲ့တယ် ကွာ အားလုံးသိတယ်ကွာ ဗဟးဆကိုကော်မတီတိုင်းမသိတဲ့နိုင်တဲ့  ကိစ္စတောင်း ငါသိတယ်တယ် ဘာပြောချင်းလဲ လုပ်ခဲ့တာမှ ဆေးခြောက် . အရက်သောက် ။အဲဒီလိုမျိုးလုပ်ခဲ့ မဟုတ်ဘူး အဖြည့်ခံသက်သက်ပေဆပ်ခဲ့တာ တာဝန်ရှိသူတော့ မဟုတ်ဘူးဟေ့ ဒုတပ်သား တစ်ခုတော့ ပြောလိုက်မယ် ရဲဘ်ာကို တကယ်ချစ်တယ်ဆိုရင် နိုင်ငံခြားကနေ မအော်နေနဲ့  တောထဲ သေနတ်ဆွဲ သွားပြန်တိုက် ဘယ်နဲ့  နားကြားပင်းကပ်တယ် မင်းတို့ ကောင်တွေ ကိုယ့်လွတ်ယုံပြေး နိုင်ငံခြားမှာပညာတွေ သင် ငွေတွေ ရှာပြီ အခုက လူကြားကောင်းအောင် ဟောင်မနေကြနဲ့  မြန်မာပြည် နိုင်ငံရေးလေးကောင်းလားတော့ ရန်သူပျောက်လာပြီ ကိုယ့်အချင်းချင်း ပြန်ဆော်ဖို့  စဉ်းစားပြီး လိုက်ဖွနေတယ် ကိုယ့်ကြီးကောင်းသိပ်လုပ်ချင်းနေကြတယ် မဟုတ်လား မင်းတို့ လုပ်ပါ ဗုဒ္ဒဘာသာကို တကယ်ယုံကြည်တယ် ဆိုရင် ၀တ်ဆိုတာလည်တတ်တယ်လို့ ဘဲ ပြောလိုက်မယ် နောက်ါပြီ အေဘီအကြောင်း တလုံးတပါသားမှမသိဘဲ သူများဖွတိုင်း သံရောင်လိုက်ပြီးအော်နေတဲ့ ကောင်တွေ ဘာ ဘာသာကိုးကွယ်ကြလဲ သဘောပေါက်နော် ထွန်းအောင်ကျော်နဲ့  သန်းဝင်း အေဘီမှာ ဘယ်နဲ့  နှစ် လုပ်ခဲ့ကြလဲ မေးကြည့်ကြပါအုံး ။ ပြောတာမယုံရင် ဖေ့ဘုတ်မှာဓါတ်ပုံကြည့်လိုက် ။ ဆေးခြောက်သောက် ကွာတားခဏ ခဏ ကြနေတဲ့ ကောင်တွေလဲ အခုမှ သံကောင်းလာဟစ်နေကြတယ်
 Zaw Lin Htwe
မောင်မောင်ဝမ်းဆိုသူကတော့ မပြောတော့ဘူး သူလဲသိတာမဟုတ်ဘဲနဲ့  အငှား ဗိုက်နေတဲ့ သူဆိုတော့ မပြောတော့ပါဘူး ၈၈ အချင်းချင်း တစ်ယောက်နဲ့  တစ်ယောက် ဖရိုဖရဲဖြစ်မဲ့ ဟာတွေ သံရောင်လိုက်ဖွမနေပါနဲ့  ခင်ဗျာကိုလဲ ဂုဏ်သိက္ခာ ရှိတဲ့  သူတစ်ယောက်ဖြစ်စေချင်တယ် လုပ်တာ မလုပ်တာ ခင်ဗျာကိစ္စဘဲ ခင်ဗျာတို့  လို ၈၈ မျိုးဆက်ခေါင်းဆောင်တွေ အနာဂတ်အတွက် ကျန်တော်တို့ နိုင်ငံမှာ ဂုဏ်သိက္ခာရှိတဲ့  ခေါင်းဆောင်ကောင်းတွေ အများကြီးရှိဖို့  လိုအပ်ပါတယ် အရာရာကို လေးလေးနက်နက်ထားစေချင်ပါတယ်
 Aung Moe Win
ကိုနိုင်အောင်လေးရေ- ခင်ဗျားရေးတာကို ကြိုက်တယ်ဗျာ။ တာဝန်ရှိသူတွေနဲ့ အဲ့သလို ထိပ်တိုက်ရှင်းချင်ပါတယ်။ ကိုထွန်းအောင်ကျော် ဆိုတာ မန္တလေးညီလာခံက တရားဝင်ရွေးချယ်တင်မြှောက်ခဲ့တဲ့ ဗကသ ဒုဥက္ကဋ္ဌလေ။ ကိုပြုံးချို၊ ကိုကိုကြီး နဲ့ အောက်ဗကသ တွေကို မေးကြည့်ပေါ့။ သမိုင်းလည်း နားမလည်ပဲနဲ့ ကိုယ့်ကိုဝေဖန်ရင် ရန်သူ့လူလို့ စွပ်စွဲတဲ့ ခပ်ညံ့ညံ့ ခေတ်တခုက ကုန်သွားပါပြီ။ မျိုးဝင်း ( မိုးညှင်း) ဆိုတာ ကျနော်နဲ့ ကျောင်းနေဘက် RIT ကပါ။ နှိပ်စက်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ သူတွေနဲ့ ကျနော်တို့တတွေ ၁၉၉၄ မှာ ပြန်ဆုံတယ်။ သူတို့ကိုယ်တိုင် ဘာတွေလုပ်ခဲ့တယ် ဆိုတာသိတော့ လူတောမတိုးတော့ပါဘူး။ ကျူးလွန်ခဲ့သူတွေကလည်း ရှင်းဖို့ ပြင်ဆင်ရမှာ ဖြစ်သလို၊ ကျနော်တို့ ဗကသ ( အထက်ဗမာပြည်) နဲ့ ရန်ကုန် မန္တလေး ကျောင်းသားတွေကလည်း ရှင်းကြမှာပါ။ အသဲကောင်းတော့ ပွဲတောင်းသပေါ့ဗျာ
 Aung Moe Win ဒုတိယ ပိုင်းက ဒီကနေ့ည လာပါမယ်။ စောင့်ဖတ်ပါ။ လက်ဝင်ရှိုချင်တဲ့ သူတွေကိုလည်း ကြိုဆိုပါတယ်။ ရော်နယ်အောင်နိုင်၊ ထွန်းအောင်ကျော်၊ စိုးလင်းဆိုတာ၊ မန္တလေးသားတွေပါ။ ABSDF မဖွဲ့ခင်ကတည်းက မန္တလေးညီလာခံမှာ အတူလုပ်ခဲ့ဘူးသူတွေ၊ ကိုယ်တို့က သိတ်သိသပေါ့။
 Aung Moe Win Zaw Lin Htwe- သမိုင်းမသိရင် မှတ်ထား။ မောင်မောင်ဝမ်း ဆိုတာ မြေလတ်က ကျောင်းသားခေါင်းဆောင်၊ ကိုထွန်းအောင်ကျော်ရဲ့ ညီ ကိုကိုလတ်နဲ့ မကသ ညီလာခံကို မန္တလေးမှာ လုပ်ခဲ့တဲ့သူတွေ၊

 Zweleo Thiha ကြိုက်တယ်ဗျာ။အားလုံး ရဲ့ .စေတနာ ကို.စောင့်ကြည့်ပါဦးမယ်
 

No comments: