Monday, December 26, 2011

သတင်းများ

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နဲ့...
Lin Htein 5:42am Dec 26
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ
2011-12-23

အင်န်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့ တာဝန်ရှိပုဂ္ဂိုလ် ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီ တခြားခေါင်းဆောင်တွေနဲ့အတူ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်ကို လေကြောင်းခရီးနဲ့ ရောက်ခဲ့ကြပါတယ်။


ပါတီမှတ်ပုံတင် လျှောက်ထားတာကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ဒီကနေ့ လက်ခံလိုက်ပါတယ်။


ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့အဖွဲ့က အားနည်းချက် တွေကို တတ်နိုင်သမျှ ပြုပြင်ပြီး လာမယ့်ရွေးကောက်ပွဲကို ပိုပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုကြောင်း အင်န်အယ်လ်ဒီ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။


“တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ကိုင်သွားဖို့ဟာ သူတို့ရဲ့ တာဝန်ပါ... ပေါ့။ ဝင်ပြိုင်မယ့် ပါတီတွေကလည်း သူတို့နဲ့ပူးပေါင်းပြီး တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ပြောတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်မဲကိစ္စနဲ့ ပတ်သက်လို့ ရှေ့ဆက် ဘယ်လို ဆောင်ရွက်ထားပါသလဲ ဆိုတဲ့အပေါ် ဖြေတာကတော့… သူတို့ စည်းကမ်းတွေ ထုတ်ပြန်ထားတာတွေမှာ လုပ်ပါတယ် ဆိုတဲ့အကြောင်း ကို သူက အသေးစိတ် ရှင်းပြတာကို ကျနော်တို့ နားထောင်လိုက် ပါတယ်။ သို့သော် ဥက္ကဋ္ဌ ဦးတင်အေး ပြောတာကတော့ အဲဒီ ဆောင်ရွက်ခဲ့တဲ့ အချက်တွေထဲမှာ အားနည်းချက်၊ ချို့ယွင်းချက်တွေ အားလုံးကို ကျနော်တို့က တတ်နိုင်သမျှ ကြိုးစားပြုပြင်ပြီးတော့ ပိုမို တရားမျှတမှု ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်”


အခုလို အင်န်အယ်လ်ဒီပါတီ ပါတီမှတ်ပုံတင်ကိစ္စ ဆောင်ရွက်အပြီးမှာ တော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ရော၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ပါ သီးသန့် တွေ့ဆုံ ဆွးနွေးကြောင်းသိရပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ အင်န်အယ်လ်ဒီ ပါတီက ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီး ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးတို
့နဲ့ နေ့လယ်စာ သုံးဆောင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြောဆိုရတာကို ဝမ်းမြောက်ကြောင်းနဲ့ ပူပေါင်းဆောင်ရွက်ခြင်း ဟာ တိုင်းပြည်အတွက် အင်အားဖြစ်စေကြောင်း AFP သတင်းဌာနကို ပြောပါတယ်။


ပါတီမှတ်ပုံတင်ကြေးအဖြစ် ကျပ်ငွေ ၃ သိန်းပေးသွင်းခဲ့ရပြီး ပါတီမှတ်ပုံတင်ကျဖို့ နောက်ထပ် အနည်းဆုံး သုံးပတ်လောက် စောင့်ဆိုင်းရမှာဖြစ်ကြောင်း အင်န်အယ်လ်ဒီ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။


ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

http://www.rfa.org/burmese/news/assk-registration-12232011090020.html


ဒေါ်အောင်ဆန်စုကြည် ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ
www.rfa.org

ူမန်မာဌာန > သတင်းမဵား
/////////////////////////////////////////////////
 
ပြည်သူ့အသဲကြားကမဲတစ်ပြား

                           အာဏာရှင်တွေက
                                အာဏာတန်ခိုးတွေပြပြီး
                                အာဏာနဲ့အနိုင်ရကြတာကို
                                သန့်ရှင်းတဲ့အစိုးရတဲ့။

                                မဲပေးတာကို မချုပ်နှောင်ပေမယ့်
                                တုတ်နှောင်ကာထား
                                ကြိုတင်မဲပေးသွားပါတဲ့
                                လှည့်စားတဲ့မျက်လှည့်ပွဲ
                                ရှင်းလင်းနေတာပဲ။

                                အသဲကြားက မဲတစ်ပြားကို
                                ဒင်းတို့က ရမသွား
                                မတရားမှုနဲ့ လုပ်စားခဲ့တဲ့
                                ညာဝါးစား တစ်လမ်းသွားဥာဏ်နဲ့
                                အကြံဖန်လုပ် အတန်တန်အုပ်ခဲ့တဲ့
                                လုပ်ဇာတ် အယုတ်အပတ်တွေနဲ့
                                အဟုတ်မှတ်အောင် အတင်းအဖျင်း
                                ဖန်ဆင်းခဲ့ကြတာ အများအသိပါ။

                                မည်သူသည် ပြည်သူအများရဲ့အသဲစွဲ
                                မည်သူသည် ပြည်သူအသဲကြားကမဲ
                                ခွဲခွဲခြားခြား ကွဲကွဲပြားပြားသိအောင်
                                ပုံးထောင်ပြီးပြန်ရွေး
တခါထဲအဖြေပေးလိမ့်မယ်။

                     ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ၁၂-၂၆-၂၀၁၁

 ////////////////////////////////

ဦးအောင်မင်းနဲ့ ဒေါက်တာနိုင်အောင် တွေ့

2011-12-24
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်နဲ့ ဒီဇင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။

RFA
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (Forum for Democracy in Burma) အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်။
ဒါဟာ ဦးသိန်းစိန်အစိုးရရြဲsငိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ် အဖွဲ့က ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးတာပါ။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ဒေါက်တာနိုင်အောင်က ဒီဇင်ဘာ ၂၃ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီ ကြေညာချက်မှာ ဝန်ကြီး ဦးအောင်မင်း က KNU အဖွဲ့နဲ့တွေ့ဆုံဖို့ မဲဆောက်မြို့ ရောက်နေခိုက် အစိုးရ ငြိမ်းချမ်း ရေး အဖွဲ့နဲ့ လိုက်ပါလာတဲ့ Myanmar Egress အဖွဲ့က ဦးလှမောင်ရွှေက ဒေါက်တာနိုင်အောင်ကို ပုဂ္ဂိုလ်တစ်ဦးနဲ့ မိတ်ဆက်ပေးလိုတယ် ဆိုပြီး ဖိတ်ကြားလို့ သွားတဲ့အခါ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံဖြစ် ကြောင်း ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲမှာ ဦးအောင်မင်းက သူတို့အဖွဲ့ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေးတွေအကြောင်း မိတ်ဆက်ပြောဆိုပြီး ဒေါက်တာ နိုင်အောင်ကတော့ အချက် ၄ ချက် ဆွေးနွေးလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုကနေ နိုင်ငံရေး ဆွေးနွေးမှုဆီ ဦးတည်သင့်တဲ့အကြောင်း၊ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးကို နိုင်ငံရေးအင်အားစုတွေ ဆွေးနွေးပွဲပြုလုပ်ပြီး အားလုံးသဘောတူ ဖော်ထုတ်သင့်တဲ့အကြောင်း၊ စစ်ပွဲတွေမှာ ပြည်သူတွေ မထိခိုက်စေ သင့်သလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဖို့ အကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးသင့်တဲ့အကြောင်း ပြန်လည် ဆွေးနွေးလိုက်တယ်လို့ ဆိုပါတယ်။

ဒေါက်တာနိုင်အောင်က အခုတွေ့ဆုံပွဲဟာ မိမိကို မိတ်ဆက်တာ သက်သက်ဖြစ်ပြီး ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြု ဆွေးနွေးတာ မဟုတ်ကြောင်း၊ နှစ်ဘက်စလုံးက ဘယ်လို ကတိကဝတ်မှ မပြုခဲ့ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒေါက်တာနိုင်အောင်ဟာ ၈ လေးလုံး အရေးတော်ပုံနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးအတွက် တောခိုခဲ့သူ လူငယ်ဆရာဝန် တစ်ဦး ဖြစ်ပြီး ABSDF အဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သလို အခုအခါမှာ ၈၈ ကျောင်းသားလူငယ်တွေ ဖွဲ့စည်းဆောင်ရွက်နေတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ တစ်သီး ပုဂ္ဂလ လူငယ်တွေ ပေါင်းစည်းထားတဲ့ “မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု” Forum for Democracy in Burma (FDB) ရဲ့ အတွင်းရေးမှူးချုပ်ပါ။

ဒေါက်တာနိုင်အောင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

 ///////////////////////////////
Thet NaingOo NgaNaing 6:58am Dec 26
အစိုးရသစ်တရပ်ဟာ တိုင်းပြည်နှင့်လူမျိုးကိုချစ်နေရုံနှင့်မပြီးဘူး ဒီမိုကရေစီဝါဒဖြစ်နေရုံနှင့်လည်းမလုံးလောက်သေးဘူး လက်ရှိမြန်မာပြည်သူတွေ အဓိကအရေးတကြီးဘာတွေဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ကြုံတွေ့နေရသလဲ အဓိကလူထုအခက်အခဲပြဿနာတွေကို ရေတိုကနေရေရှည်ခိုင်မာအောင်ဖြေရှင်းပေးဖို့ လူထုဘဝအာမခံချက်ပေးနိုင်မည် စနစ်သစ်အစိုးရတရပ်ယနေ့မြန်မာနိုင်ငံမှာအမြန်ဆုံးလိုအပ်နေသည် နံပါတ်တစ် ဦးစားပေးက လူထုကျန်းမာရေး အတွက်နိုင်ငံတော်က ဘယ်လောက်အဓိကဦးစားပေး ဆောင်ရွက်မလဲ ယနေ့မြန်မာပြည်သူတွေ ပြည်တွင်းဘာမှမရှိလို့ နိုင်ငံခြားသွားအားကိုးမလားပိုက်ဆံမရှိလို့ နေ့တဒူဝဘယ်လောက်သေနေလဲ ဒီလူသန်း၆၀လောက်ထဲက။ ပြီးတော့အားလုံးလက်လုပ်လက်စား လက်မဲ့ပြည်သူတွေ ဘဝဘယ်လိုတည်ဆောက်ပေးမလဲ ...။ဒါတွေပြီးမှ ပညာရေး ခေတ်မှီနိုင်ငံကြီး ခေတ်မှီတပ်မတော်ကြီး(ဗိုလ်ရူးများအတွက်)၊ ငွေရှင်ကြေးရှင်တို့အတွက် စီပွားရေးလုပ်ငန်းကြီးတွေ အကောင်ထယ်ဖေါ်တည်ဆောက်သင့်တယ်။
Wall Photos
“ဒီလိုအဖြစ်ဆိုးမျိုးတွေကို ကူညီဖြေရှင်းဖို့  တစ်တိုင်းပြည်လုံ ညီညွတ်ဖို့ လိုတယ်.... ခုတော့”
 //////////////////////////////
Ye Min Thein 7:17am Dec 26
ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နိုင်ရင် လွှတ်တော်ထဲမှာရော လွှတ်တော်ပြင်ပမှာ ဘာတွေဖြစ်မလဲ။ဘာတွေပြောင်းလဲ လာမလဲ။
////////////////////////////////////////////////
Posted: 25 Dec 2011 05:29 AM PST

Posted: 25 Dec 2011 03:56 AM PST
The Voice
//////////////////////////////////////////

Lin Htein 3:30am Dec 26
News Date:12/21/2011
မြန်မာ ဒုက္ခသည် ရခိုင်နှင့် ချင်း များကို ဘင်္ဂလာဒေခ်ျ့မှ ပြန်ပို့မည်
Font size: Decrease font Enlarge font

မောင်အေး

------------
မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ရောက်ရှိပြီး ယူအန်တွင် ဒုက္ခသည်များ အဖြစ် ခိုလှုံနေသည့် မြန်မာနိုင်ငံသားများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ပြန်လည် ပို့ဆောင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

AFP ၏ ယမန်နေ့က သတင်း တပုဒ်တွင် မြန်မာအရာရှိတဦးအပြောကို ကိုးကားပြီး မြန်မာနိုင်ငံမှ ဒုက္ခသည်များကို လက်ခံရန် ဘင်္ဂလာဒေခ်ျ့ ရှိတ်ဟာဆီးနာနှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ် သဘောတူညီမူ ရရှိခဲ့ကြောင်း၊ သို့သော်လည်း ထိုအထဲတွင် ရိုဟင်ဂျာ ဆိုသူ ဒုက္ခသည်များ မပါဝင်ကြောင်း ဖေါ်ပြသည်။


ရိုဟင်ဂျာဆိုသူများမှာ မြန်မာနိုင်ငံသားများ မဟုတ်ကြဘဲ ဘင်္ဂလီများသာ ဖြစ်ကြောင်း သူတို့မှာ ဗြိတိသျှ အစိုးရလက်အောက်တွင် နိုင်ငံ (၂) ခုလုံး ကျရောက်စဉ် ပြောင်းရွှေ့ အခြေချရန် ရောက်ရှိလာသူများသာ ဖြစ်ကြောင်း AFP က မြန်မာ အရာရှိကို ကိုးကား ဖေါ်ပြသည်။


ယခုလက်ခံမည့် မြန်မာ ဒုက္ခသည်များ အနေဖြင့်လည်း အချက် (၄) ချက်နှင့် ပြည့်စုံရမည် ဖြစ်ကြောင်း သို့သော်လည်း အဆိုပါ အချက် (၄) ချက်ကို သတင်းတွင် ထည့်သွင်းဖေါ်ပြခြင်း မရှိချေ။


ယခု လက်ခံမည့် အထဲတွင် မြန်မာနိုင်ငံမှ ရောက်ရှိနေသူ ဒုက္ခသည် ၂၅၀၀ ခန့် အကျုံးဝင် မည် ဖြစ်ကြောင်း ဖေါ်ပြသည်။


ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေသော ဒုက္ခသည် (၂) မျိုးရှိရာ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ ရောက်ရှိလာသော ရခိုင်၊ချင်းစသော ဒုက္ခသည်များကို မြို့ပေါ်( Urban) ဒုက္ခသည်များ အဖြစ် အသိအမှတ်ပြုထားပြီး မြို့ပေါ်တွင် ယူအန်အိပ်ခ်ျစီအာရ် အစောင့်အရှောက်ဖြင့် နေထိုင်ကြသူများ ဖြစ်သည်။ လက်ရှိ စာရင်းအရ အရေအတွက် (၃၀၀) နီးပါးခန့် ရှိကြောင်း သိရသည်။


ထိုကဲ့သို့ မြို့ပေါ် ဒုက္ခသည်များကို ပြန်ပို့မည်ဆိုသော သတင်းကြောင့် မြန်မာနိုင်ငံကို မပြန် လိုသေးသည့် ဒုက္ခသည်များ အကြား စိုးရိမ်မူများ တိုးပွားနေကြောင်း သိရသည်။


ရခိုင်ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးနီမင်းက သူ့ အနေဖြင့် မပြန်လိုကြောင်းကို ယခုလို ပြောသည်။


" ဒီအစိုးရ နှစ်ရပ်က သဘောတူလို့ ပြန်ပို့ရင်လည်း ကျနော်တို့က မသွားနိုင်ဘူးခင်ဗျား။ ဘာဖြစ်လို့လည်း ဆိုတော့ ဗမာပြည်မှာ နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေးက ဘာတစ်ခုမှ ပြောင်းလဲတာ မရှိသေးသလို ဘာမှ အခွင့်အရေးမှလည်း မရှိသေးဘူး။ ဒါကြောင့် ဒီမိုကရေစီ အရေးနဲ့ တန်းတူ ညီမျှမူ အခွင့်အရေးတွေ မရလို့ရှိရင် ကျွန်တော်တို့ မပြန်ဘူးလို့ ဆုံးဖြတ်ချက် ချထားပါတယ်" ဟု ပြောသည်။


ရခိုင် ဒုက္ခသည်တဦးဖြစ်သူ ကိုစိုးလင်းကလည်း "မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့ အနေအထားမှာ ပြည်ပကိုရောက်နေတဲ့ ဒုက္ခသည်တွေအ နေနဲ့ ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘာကြောင်းလည်းဆိုရင် တကယ်လို့ ပြန်သွားရင်လည်း မြန်မာအစိုးရက တာဝန်ယူမှုအပိုင်းနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသေးတဲ့ အခါ လူ့အခွင့်အရေးအရ ဘာမှ အာမခံချက်ပေး နိုင်တဲ့ အနေထားမှာ ရှိမနေတဲ့အတွက် ပြည်ပကိုရောက်နေတဲ့ ဒုက္ခသည်တွေ အခုလောလောပြန်ဖို့ဆိုတာ လုံးဝမဖြစ် နိုင်ဘူး။"


ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် နိုင်ငံရေးဒုက္ခသည်အဖြစ် ခိုလုံနေသည့် ရခိုင်အမျိုးသမီးအစည်းအရုံး အဖွဲ့ဝင် စောမီမီသန်းကလည်း ယခုကဲ့သို့ ပြောသည်။


"ကိုယ့်တိုင်းပြည်ကိုတော့ ပြန်ချင်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်အခြေအနေကဘာမှ မပြောင်းလဲ သေးဘူး။ ဘာအာမခံချက်မှမရှိဘဲ ပြန်ဖို့ဆိုတာတော့မဖြစ်နိုင်ဘူး
။ တကယ်လို့ ဘင်္ဂလာအစိုးရ ဖိအားပေးပြန်ခိုင်း ရင်လည်း ဒါကလက်ခံနိုင်စရာ အကြောင်းမရှိဘူး"ဟု ပြောသည်။

ယခုကဲ့သို့ သတင်းများထွက်ပေါ်လာသည့်အတွက် ဒက္ကားမြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ဆက်သွယ်မေးမြန်းရာ ရုံးမှ အမျိုးသမီးတဦးက ယခုကဲ့သို့ပြောသည်။


"ဒါကတော့ ကျမတို့လည်းကြားတယ်။ ဒါပေမဲ့ အတည်တော့မဟုတ်သေးဘူး။ တကယ်လို့ ဒီအစီအစဉ် စမယ်ဆိုရင် ကျမတို့က အားလုံးကို ခေါ်ပြီးအသိပေးသွားမှာပါ။"


ဘင်္ဂလာဝန်ကြီးချုပ် ရှိတ်ဟာဆီးနား မြန်မာခရီးစဉ်အပြီးတွင် ကော့စ်ဘာဇားခရိုင်အတွင်းရှိ နာဝါပါရာနှင့် ကော့တော့ပလောင် ဒုက္ခသည်စခန်းတွင် ရှိသည့် မူဆလင်ဒုက္ခသည်များကို ပြန်ပို့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

http://www.narinjara.com/detailsbur.asp?id=3671
Narinjara Burmese News Online 24 X 7
www.narinjara.com

Narinjara provides daily news (English and Burmese version) accurate and reliable information about ...

                         
                          

No comments: