Thursday, December 29, 2011

လှည်းတန်း ဗုံးပေါက်ကွဲမှု ၊ တရားခံ ပုံကြမ်း ထုတ်ပြန်

လှည်းတန်း ဗုံးပေါက်ကွဲမှု ၊ တရားခံ ပုံကြမ်း ထုတ်ပြန် သတင်းပေး နိုင်သူ အား ကျပ်သိန်း ၂၀ ချီးမြင့်မည်
ဒီဇင်ဘာ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သော  ကမာ ရွတ်မြို့နယ် လှည်းတန်း ဗုံးပေါက်ကွဲမှုတရားခံအား ပုံကြမ်း ရေးဆွဲထုတ်ပြန် ထားပြီး သတင်းပေး နိုင်သူ အား ကျပ်သိန်း ၂၀ ချီးမြှင့်မည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ တရား ခံမှာ အရပ် ၅ ပေ ၃ လက်မ ရှိပြီး အသက် ၁၉ နှစ်ခန့် ရှိကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။ ကမာရွတ်မြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းနှင့် ပြည် လမ်းထောင့် ရှိ အများသုံး သန့်စင်ခန်း စင်္ကြံလမ်းတွင် နံနက် ၁၁ နာရီ ၅ မိနစ်ခန့် တွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြီး အသက် ၃၀ အရွယ် ခန့်ရှိ အမျိုးသမီး တစ်ဦး သေဆုံး ခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ရှိ အမျိုး သမီး တစ်ဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် အတွင်းလူနာ အဖြစ်တင်ပို့ထားရကြောင်း သိရသည်။
ယင်းအပြင် မပေါက်ကွဲ သေးသည့် ဗုံးတစ်လုံး အား ဖြုတ်သိမ်း နိုင်ခဲ့ပြီး C4 ယမ်းပျော့ ပေါင်ဝက်ခန့်၊ နာရီဒိုင်ခွက် တစ်ခု၊ လုံခြုံရေးခလုတ်တစ်ခု၊ ဓာတ်ခဲ နှစ်လုံး၊ သတ္တုအပိုင်းအစတစ်ခုနှင့် ပီတိုစနစ်တာ တစ်လုံး တို့အား သိမ်းဆည်းနိုင်ခဲ့သည်။ အဆိုပါဖြစ် စဉ်နှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲစခန်းမှ ပေါက်ခွဲပုဒ်မ ၃၊ (ပ)၄၀၁ / ၂၀၁၁၊ ပြစ်မှုပုဒ်မ ၃၁၂ / ၃၀၇ / ၃၂၆ ဖြင့် အမှုဖွင့် အရေးယူဆောင် ရွက်လျက် ရှိကြောင်းသိရသည်။
ဇော်မင်းနိုင် (မြန်မာပို့ စ်)

No comments: