Monday, December 19, 2011

ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က..မြောက်ပိုင်းသတ်ဖြတ်မှု


EXILED MEDIA AND DOMESTIC MEDIA MARKET-ပြည်တော်ပြန် ပြည်ပ သတင်းဌာနတွေနဲ. ပြည်တွင်းစာနယ်ဇင်းဈေးကွက်

by Udp Myanmar on Sunday, 18 December 2011 at 02:12
Exiled Media တွေ ပြည်တော်ပြန်ဖို. ဈေးကွက်ရှာဖို. ရွစိရွစိဖြစ်လာပါသည်။ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးနဲ.လဲ တိပ်တိပ်ပုန်း ဆက်သွယ်နေတာတွေလဲရှိပြီး တချို.လဲ တရားဝင် ဖွင့်ပြောလာတာလဲ ရှိပါသည်။ ဒါကြောင့် ပြည်ပသတင်းဌာနတွေ နေပြည်တော်ကို အခ စားဝင်ပြီး ဈေးကွက်ရှာကြတော့မည်။

ပြည်ပ မီဒီယာတွေမှာ အလုပ်လုပ်တဲ့ သူအများစုဟာ အမြဲတမ်း မိုးကောင်းပြီး ရေခံခွင့်ရရှိသူတွေဖြစ်ပါသည်။ ပြည်ပမှာ ရှိစဉ်မှာလဲ တခြားသူတွေ စက်ရုံအလုပ်ရုံတွေမှာ သာမန်အလုပ်ကြမ်းသမားတွေ Assembly Line တွေမှာ လုပ်နေရတဲ့အချိန် စားသောက်ဆိုင်နဲ. ကော်ဖီဆိုင်တွေမှာ စားပွဲထိုးတို. သန်.ရှင်းရေးတို. ကားဆေးတဲ့ အလုပ်တွေ လုပ်တဲ့အချိန်မှာ သတင်းဌာနမှာ အလုပ်ရတဲ့သူတွေကတော့ စာနယ်ဇင်းသတင်းသမားအစစ်ကြီးတွေလို ခပ်တည်တည်နဲ. Media Newsroom မှာ Good pay, nice job, better than factory and assembly line. အေးအေးဆေးဆေး လုပ်ခွင့်ရကြပါသည်။ ဒါကြောင့်လဲ ပြည်ပရောက် ဒီမိုတွေအကြား နိုင်ငံရေးလုပ်ခွင့်ရပြီး လစာရတဲ့ သတင်းသမားအလုပ်ကို ရရှိဖို. အကြိတ်အနယ် တွန်းကြ တိုက်ကြ ခြေထိုးကျတာလဲ ရှိပါသည်။

သတင်းဌာနမှာ အလုပ်ရရင် နိုင်ငံရေးကို တိုက်ရိုက် ပတ်သက်ခွင့်ရရှိပြီး လစာလဲ ရရှိနေလို.ပါ။ အခုတော့ ပြည်ပသတင်းဌာနတွေဟာ မြန်မာပြည်မှာ နေသာတော့မှာမို. ပြည်တွင်းကို ၀င်ပြီး စပါးလှမ်းဖို.ဖျာခင်းရတော့မည် ဖြစ်ပါသည်။ ပြည်ပမှာ မိုးကုန်သွားပြီကိုး၊
ဒါဆိုရင် အထဲမှာ ရှိနေ ရပ်တည်နေတဲ့ သတင်းဌာနတွေ မီဒီယာတွေအတွက် တရားပါ့မလား Fair ဖြစ်ပါ့မလား Level Game Play ကို ကစားခွင့် ရနိုင်ပါ့မလား မေးစရာပါ။ ပြည်တွင်းက သတင်းဌာနတွေ ဂျာနယ်တွေဟာ ကိုယ့်နည်း ကိုယ်ဟန်နဲ. ကိုယ့်ငွေလေးနဲ. မနဲ ရုန်းကန် လှုပ်ရှားပြီး အသက်ရှင်ဖို. ကြိုးစားနေတဲ့အချိန် အပြင်ကနေ ဒေါ်လာတွေ သိန်းချီ သန်းချီ ထောက်ပံ့ကြေး ရရှိနေတဲ့ နိုင်ငံတကာကို ပတ်ပြီး စာနယ်ဇင်းနဲ. ပတ်သက်ပြီး ငွေကြေး အကူအညီတွေ ရရှိနေသူ။ အဆက်အသွယ်ရေး ရရှိထားသူ စီမံခွန်.ခွဲမှုနဲ. စာရင်းဇယားတွေကို နိုင်ငံတကာအဆင့်မှီ ရေးတတ် လုပ်တတ်နေသူတွေနဲ. ပြည်တွင်းက စာနယ်ဇင်း ဈေးကွက်ကို ပြိုင်ပြီး Fight ဖို. ဖြစ်ပါ့မလား။ ငွေကြေးအရရော အဆက်အသွယ်နဲ. နောက်ကွယ်က background အရ။ နည်းပညာနဲ. Network အရပါ ယှဉ်ပြိုင်ဖို. အဆင်သင့်ဖြစ်ပါ့မလား။

ပြည်တွင်းက သတင်းဌာနတွေ မီဒီယာတွေဟာ အခုမှ စပြီး ကိုယ့်ခြေကိုယ့်လက် ကိုယ့်ငွေလေးနဲ. လမ်းလျောက်တတ်အောင် ကျိုးစားနေရှာတဲ့ ပြည်တွင်းက သတင်းဌာနတွေအတွက် ဈေးကွက် Market မှာ အပြင်ကနေ ပြည်တော်ပြန်လာမည့် ပြည်ပ သတင်းဌာနတွေနဲ. တကယ်ရော လက်ရည်တူ ရှင်ပြိုင်နိုင်ပါ့မလား။ ပြည်တွင်းက ပုဂ္ဂလိက သတင်းဌာနတွေ ကိုယ်ပိုင်ရပ်တည်နေတဲ့ သတင်းဂျာနယ်တွေ သတင်းသမားတွေနဲ. အယ်ဒီတာတွေအတွက် အင်အားခြင်း မျှတပါ့မလား စဉ်းစားစရာပါ။ အခု ပြောနေတဲ့ ပြည်တော်ပြန် ပြည်ပက လာမည့် သတင်းဌာနတွေ နဲ. ယှဉ်နိုင်ပါ့မလားဆိုတာ Journalistic Professional and Editorial Skills ကို ပြောတာ မဟုတ်ပါ။ စာနယ်ဇင်းနည်းပညာအရ အယ်ဒီတာတွေ၏ အတွေ.အကြုံနဲ. ဆုံးဖြတ်ချက် အပိုင်းမှာတော့ ပြည်တွင်းက သတင်းမီဒီယာတွေ အယ်ဒီတာတွေနဲ. သတင်းထောက် တွေကိုဟာ ပြည်ပက သတင်းဌာန အားလုံးကို ဂရုစိုက်မည် ကြောက်မည် မဟုတ်ပါ။ လုံးဝ ပြိုင်ဆိုင်နိုင်ပါသည်။ မပြိုင်ဆိုင်နိုင်တာက ငွေကြေးအသုံးစရိတ်။ နည်းပညာနဲ. စက်ပစ္စည်း နိုင်ငံတကာ အဆက်အသွယ် ကွန်ယက်နဲ. နောက်ကနေ ရပ်ပေးထားတဲ့ Backing တွေ အစိုးရတွေကြောင့် ဈေးကွက်မှာ ယှဉ်ပြိုင်ဖို. ခက်မယ်ဆိုတာ ပြောချင်တာပါ။

ပြည်တွင်းက မီဒီယာတွေ သတင်းဌာနတွေဟာ နိုင်ငံတကာကနေ အကူအညီတွေလဲ ရရှိတာမဟုတ်။ နည်းပညာနဲ. စက်ပစ္စည်းတွေလဲ အကူအညီ ရခဲ့တာမို.။ ပြောရရင် ကိုယ့်မှာ ရှိတဲ့အရာလေးနဲ. အလုပ် ဖြစ်အောင် အားထုတ်ပြီး မီဒီယာတခု သတင်းဌာန တခုအဖြစ် ရပ်နိုင်ဖို. ရှိစုမဲ့စုလေးနဲ. ပုံအောပြီး ရပ်နေသူတွေ မဟုတ်ပါလား။ အဲဒီလို ကြိုးစားနေသူတွေကို လာပြီး အနိုင်ပိုင်းတာ ခေါင်းမထောင်နိုင်အောင် အပေါ်ကနေ ဖိ လာမည့်အရာမျိုးကိုတော့ အားမပေးလိုပါ။

အဲဒီအချိန်မှာ တချိန်က ပြည်ပမှ ရှိနေစဉ် မိုးကောင်းတဲ့အချိန်တုန်းကလဲ မြန်မာပြည် မှာ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ မရှိဖူး ပြည်သူတွေဟာ သတင်းမှန်တွေ မရရှိဖူး ဆိုတဲ့ အကြောင်းပြချက်နဲ. နိုင်ငံတကာ အစိုးရတွေ စာနယ်ဇင်းအဖွဲ.တွေ NGOs တွေကနေ ငွေကြေးအကူအညီ နည်းပညာ အကူအညီတွေ ရရှိခဲ့ ရယူခဲ့သူတွေဟာလဲ ပြည်ပ သတင်းဌာနတွေပါပဲ။ BBC, RFA and VOA စတဲ့ မြန်မာပိုင်း သတင်းဌာနတွေဆိုရင် သက်ဆိုင်ရာ အစိုးရတွေက သူတို.အစိုးရတွေ၏ ၀ါဒဖြန်.ချီဖို. သူတို.နိုင်ငံတွေ၏ နိုင်ငံရေး လူမှုရေး ယဉ်ကျေးမှု တန်ဘိုးတွေကို ဖြန်.ချီဖို. မြင့်တင်ဖို.ဆိုတဲ့ ဦးတည် ချက်တွေနဲ. အစိုးရတွေ ပါလီမန်တွေ၏ အသုံးစရိတ်ငွေတွေနဲ. သတင်းဌာနတွေကို နိုင်ငံတကာမှာ ကွန်ယက်တွေ ထားပြီး လှုပ်ရှားနေတာ ရာစုဝက် ကျော်ပြီး တချို.ဆိုရင် စိန်ရတုတောင် ကြော်ခဲ့ပါသည်။

အဲဒီလို စနစ်တကျနဲ. ငွေကြေးအရလဲ တောင့်တင်း၊ နည်းပညာအရလဲ အဆင့်မှီ။ ကွန်ယက်ကလဲ ကြီးမား ဖြန်.ကျက်ထားတဲ့ သတင်းထောက်တွေကလဲ တကမ္ဘာ လုံးမှာ ရှိနေတဲ့ သတင်းဌာနတွေက မနေ.တနေ.ကမှ မီးထွက်ပြီး အခုမှ လမ်းလျောက်ဖို. ကျိုးစားနေတဲ့ မြန်မာပြည်တွင်းက မီဒီယာတွေနဲ. ပြည်ပကနေ အင်နဲ. အားနဲ. ၀င်လာမည့် သတင်းဌာနတွေနဲ. ဈေးကွက်မှာ ယှဉ်ပြိုင်ရမည်ဆိုရင် တရားပါ့မလား။ စဉ်းစားဖို. လိုပါသည်။

ပြည်ပမှာ မိုးကောင်းချိန်မှာ မိုးရေ ခံခွင့် မိုးရေး သောက်ခွင့်ရရှိထားတဲ့ ပြည်ပ သတင်း ဌာနတွေဟာ အခု ပြည်တွင်းမှာ နေသာတော့မယ် နေပူတော့မယ် ဆိုပြန်တော့ လဲ အတင်း ၀င်လာပြီး စပါးလှမ်းဖို. ဖျာခင်းလာတာ နေရာ ၀င်ယူထားခြင်တာဟာ မေးခွန်း ထုတ်စရာပါ။
ပြည်ပ သတင်းဌာနတွေက ၀န်ထမ်းတွေ သတင်းထောက်တွေနဲ. ကုန်ကျ စရိတ်တွေ အတွက် အသုံးစရိတ်အတွက် ငွေကြေးအထောက်အပံ Funding က အချိန်တန် ရင် Grant and Proposal တင်လိုက်ရုံနဲ. အဆင်ပြေနေတဲ့အချိန်မှာ ပြည်တွင်းက ပုဂ္ဂလိက သတင်းမီဒီယာတွေမှာတော့ ၀န်ထမ်းတွေ သတင်းထောက်တွေ ကုန်ကျ စရိတ်တွေအတွက် ကြော်ငြာတွေ စာစောင်ရောင်းရမှုတွေပေါ်မှာ အားကိုပြီး ကိုယ့်ငွေ ကိုယ်ရှာပြီး ရုန်းနေရမယ်ဆိုရင် ပွဲက ကြည့်ကောင်းပါ့မလား။ Market ဈေးကွက်က တခုတည်းအပေါ်မှာ ပြည်ပ မီဒီယာတွေက နိုင်ငံခြား အထောက်အပံ အားကိုးနဲ. လုပ်နေတဲ့အချိန် ပြည်တွင်းက သတင်းမီဒီယာတွေက ကိုယ့်အား ကိုယ်ကိုး ကိုယ့် ငွေကိုယ်ရှာပြီး ယှဉ်ပြိုင်ရမယ်ဆိုရင်တော့ မသင့်တော်ပါ။

အဲဒီလို လုပ်ခြင်းဟာ ပြည်တွင်းမှာ စာနယ်ဇင်းနဲ. သတင်းမီဒီယာလုပ်ငန်းကို စီးပွားရေး အရ အခြေခံတဲ့ လွတ်လပ်တဲ့ ခိုင်မာတဲ့ လုပ်ရည်ကိုင်ရည်နဲ. ပြည့်ဝ Market Oriented Professional Media Business တွေ ပေါ်လာအောင် အားကောင်းလာရေးအတွက် ထိခိုက်နိုင်ပါသည်။ ပြည်တွင်းက သတင်းမီဒီယာတွေကို ဈေးကွက်ပြိုင်ဆိုင်မှုကို အားပေး အကျိုးအမြတ်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာအောင် နိုင်ငံတကာ အဆင့်မှီ အရည်အသွေးရှိတဲ့ စာနယ်ဇင်း လုပ်ငန်းတွေ ဖြစ်လာဖို.အတွက် Entrepreneurship ကို အားပေးရမည် ဖြစ်ပါသည်။ အဲဒီလို မဟုတ်ပဲ ပြည်တွင်းက ကိုယ်ပိုင် သတင်းမီဒီယာ လုပ်ငန်းတွေကို ပြည်ပက နိုင်ငံခြား အထောက်အပံ့ Social Welfare, NGO based Charity Media တွေနဲ. ၀င်ပြိုင်ခိုင်းရင် ရေရှည်မှာ ကောင်း ကျိုး ထက် ဆိုးကျိုးက များစေပါသည်။

ပြည်တွင်းက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းအဖြစ် လုပ်တဲ့ သတင်းမီဒီယာတွေဟာ ပုဂ္ဂလိပိုင် Private Media Business လို. ပြောသော်လဲ ပြည်ပက လာမည့် နိုင်ငံခြား အထောက်အပံ့နဲ. Run မည့် ပြည်ပ သတင်းဌာနတွေ၏ အသုံးစရိတ်က ပြည်တွင်းက စီးပွားရေးအရ လုပ်နေတဲ့ သတင်းဌာနတွေထက် ဘာဂျက်က များပါသည်။ ပြည်တွင်းက ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလို.သာ ပြောရတယ် အပြင်က ၀င်လာမည့် အကျိုးအမြတ်အတွက် မဟုတ်ပဲ Not-For Profit လို. ခေါင်းစဉ် တပ်ထားသူတွေ၏ သတင်းဌာနတွေရဲ့ အသုံးစရိတ်က ဒေါ်လာသန်းချီ ရှိနေတာကို သတိမမေ့ဖို. လိုပါသည်။ ဒါကြောင့် ပုဂ္ဂလိကပိုင်ဆိုတိုင်း ဒေါ်လာ သန်းချီတဲ့ လုပ်ငန်းမဟုတ်ပဲ တနိုင် တပိုင်နဲ. လုပ်နေတဲ့ သတင်းဌာနတွေ အများအပြားပါ။

တကယ် တကယ့် ပြည်ပက သတင်းဌာနတွေဟာ ပြည်တွင်းမှာ စာနယ်ဇင်းလွတ်လပ် ခွင့်ကို အားပေးချင်တယ် မီဒီယာ လုပ်ငန်းကို စိတ်ဝင်စားလို. ဇောက်ချပြီး လုပ်ချင် တယ်ဆိုရင် နိုင်ငံခြားအထောက်အပံနဲ. နိုင်ငံခြားအကူအညီနဲ. ၀င်ပြီး မလုပ်ပဲ ကိုယ်ပိုင် လုပ်ငန်းတွေအနေဖြင့် ကိုယ်ပိုင် အရင်းအနှီးတွေ မ တည် ငွေတွေနဲ. ပုဂ္ဂလိက သတင်းဌာနတွေအဖြစ် မြန်မာပြည်ကို ပြန်ပြီး ၀င်လုပ်တာမျိုးကို အားပေးပါသည်။ တဦးချင်းအနေဖြင့် ကိုယ့်မှာ ရှိတဲ့ စာနယ်ဇင်းအတွေ.အကြုံတွေကို အခြေခံပြီး ကိုယ်ပိုင် အရင်းအနှီး Investment တွေ ပိုက်ပြီး ပြည်တွင်းမှာ တခြား ပုဂ္ဂလိက သတင်းဌာနတွေလိုပဲ ကိုယ်ပိုင် သတင်းမီဒီယာမျိုးတွေ ၀င်ပြီး လုပ်စေချင်ပါသည်။ ဒါမှသာ မြန်မာ သတင်းဌာနတွေ မီဒီယာ လုပ်ငန်းတွေဟာ သူများ အထောက်အပံနဲ. သူများ ပေးတဲ့ ငွေနဲ. လည်ပတ်နေတဲ့ သတင်းဌာနတွေအဆင့်ကနေ တက်ပြီး စီးပွားရေး အရလဲ အောင်မြင်တဲ့ ဈေးကွက်အရလဲ ထိုးဖောက်နိုင်တဲ့ ယှဉ်ပြိုင်နိုင်တဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိသတင်းဌာနတွေ များပြား အားကောင်းလာမည် ဖြစ်ပါသည်။

မြန်မာပြည် သတင်းမီဒီယာတွေအတွက် လိုအပ်နေတဲ့ အရင်းအနှီးတွေ။ ခေတ်မှီနည်း ပညာတွေ။ အဆက်အသွယ်တွေကို ခေါ်လာခဲ့ပါ။ ပုဂ္ဂလိက လုပ်ငန်းတွေ ဖက်စပ်တွေ အဖြစ် media and Communication Firm လာထောင်တာကို အားပေးပါသည်။ မိတ်ဆွေတွေ အသိတွေ လုပ်ငန်းရှင်တွေ ရှိနေရင်တောင် မြန်မာပြည်မှာ လာပြီး ရင်းနှီး မြှပ်နှံဖို. ဖိတ်ခေါ်ခဲ့ပါ ဒါမျိုးဆို ကြိုဆိုပါသည်။ မြန်မာပြည်က လူငယ်တွေ အတွက် အလုပ်တွေရမည်။ နည်းပညာအသစ်တွေ ရမည်။ ဈေကွက်ဝင်တဲ့ အရည်အချင်းရှိတဲ့ သတင်းသမားတွေ ပေါ်ထွက်လာမည်။ မီဒီယာလဲ စီးပွားရေးလုပ်ငန်းကြီးအဖြစ် ဖွံဖြိုးလာမည်။ဒါမျိုးဖြစ်စေချင်တာပါ။ ငွေတောင်းတဲ့နည်းကို သယ်မလာပါနဲ. ကိုယ့်ဘာသာကိုယ် ငွေရှာနိုင်တဲ့နည်း လုပ်ငန်း ဖန်တီးနိုင်တဲ့နည်း Entrepreneurship Spirit ကိုပဲ ယူဆောင်လာစေချင်ပါသည်။

အဲဒီလို သတင်း လုပ်ငန်းတွေ လုပ်လာလို. ကိုယ်ပိုင်သတင်းဌာနတွေ ထောင်ပြီး အောင်မြင်လာ လို. စီးပွားရေးအရလဲ ကောင်းလာတဲ့အခါ နိုင်ငံတကာမှာလိုပဲ သတင်းဌာနတွေက ငွေကြေးအကူအညီပေးပြီး Community Radio, Community TV, Multicultural Channel စတဲ့ အကျိုးအမြတ်ကို ဦးမတည်တဲ့ Charity and Not For Profit လုပ်ငန်းတွေဖြင့် သတင်းမီဒီယာတွေကို ပြန်လည် ကူညီ ပံပိုးပေးတာမျိုး ဖြစ်စေခြင်ပါသည်။ အဲဒီလို မဟုတ်ပဲ အခုမှ အညှောင့်ပေါက်လာတဲ့ ပုဂ္ဂလိက ပိုင် သတင်းမီဒီယာ လုပ်ငန်းတွေကို ပြည်ပကနေ နိုင်ငံခြား အထောက်အပံနဲ. ရပ်တည် နေတဲ့ သတင်းဌာနတွေနဲ. လာပြီး ဈေးကွက်ကို ၀င်ပြီး ယူတာ ထိုးဖောက်ခြင်းဟာ မသင့်တော်သလို တိုင်းပြည်၏ ရေရှည်အကျိုးစီးပွားအရရော မီဒီယာ သတင်းလောက တိုးတက်ကြီးပွားရေးအတွက်ပါ ကောင်းတဲ့အရာမဟုတ်လို. စဉ်းစဉ်းစားစား လုပ်ကြဖို. သတိပေး နိုးဆော်လိုက်ပါသည်။

လက်ရည်တူ စည်းဝိုင်းထဲမှာ ယှဉ်ထိုးတဲ့ ပြိုင်ဆိုင်မှုကိုတော့ အမြဲ အားပေးပါသည်။ စိတ်ကြွးဆေး အကူစားပြီး ပြိုင်ပွဲမှာ ၀င်ပြေးမှာကိုတော့ အားမပေးပါ။
 
အဆိုးရွားဆုံးက ဒီလိုရက်ရက်စက်စက်လုပ်တာတွေ၊ အေဘီအက်စ်ဒီအက်ဖ်စစ်ကြောရေးစခန်းလုပ်ပြီး ဒီမိုကရေစီအနှစ်သာရတွေကို ရိုက်ချိုးခဲ့တဲ့ သွေးစွန်းနေသေးတဲ့တာဝန်အရှိဆုံးတွေကတော့ အခုအချိန်အထိ ဆက်ခိုး ကောင်းတုံး၊ ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ဖျက်ဆီးကောင်းတုံးပဲ။ 
ဒီလိုအဖျက်ကောင်တွေကို အားလုံးက ဝိုင်းမဖယ်ရှားသမျှတော့ ဒီကောင်တွေရဲ့ဒီမိုကရေစီစံနစ်အပေါ်ဖျက်ဆီးမှု အမြဲဆက်ဖြစ်နေဦးမှာပဲ။ 

ငြိမ်းချမ်း



On 12/20/2011 12:48 AM, ko htike wrote:
  ဒီလောက် ရက်စက်မှုတွေ ကျောင်းသား လှုပ်ရှားမှု သမိုင်းမှာ ရှိနေတာ ရှက်ဖို့ ကောင်းလှတယ်။


2011/12/19 2012 <yinhtway@gmail.com>
 




h


များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျဖမ်း စကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။ ဟုတ်တာ မဟုတ်တာအပထား စိတ်ထဲရှိတာ လျောက်ပြီး အချိန် မစေ့မချင်း ပြောရတော့တာပေါ့။ ဒါပေမယ့် အခုကတော့ စိတ်ကူးတည့်ရာ မဟုတ်ဘဲ တကယ်ကို သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက အကြောင်းကို ပြောမလို့ပါ။



ပန်းချီထိန်လင်း တယောက် သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက ဘ၀ ဆိုတော့ သစ်ကုန်ကူးတဲ့ အကြောင်းပဲ ပြောပြမှာလား၊ ကျောက်အောင်ခဲ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူက တွေးကောင်း တွေးမိနိုင်ပေမယ့် ကျွန်တော့်အကြောင်း သိကြတဲ့ အများစုကတော့ ပေါက်တတ်ကရ၊ ကမောက်ကမတွေ ဖြစ်ခဲ့တဲ့အထဲက တခုခုကို ဘာလုပ်ဇာတ် ခင်းလာဦးမလဲ မသိဘူးလို့ ကြိုတင် တွေးနေလောက်ပါပြီ။ ဟုတ်ပါတယ် ခုပြောပြမယ့် အကြောင်းကတော့ ပိုက်ဆံ သန်းချီချမ်းသာတဲ့ သန်းကြွယ် သူဌေးတယောက် ဘ၀မဟုတ်ပဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေ ဆိုတဲ့ နောက်တီးနောက်တောက် သီချင်းလို သန်းဂျီးမတွေ ကြွယ်ဝခဲ့တဲ့ တခါက ဘ၀လေး တခုကို ရေးပြမလို့ပါ ခင်ဗျ။ ကျွန်တော်ကိုယ်က သန်းတွေအကြောင်း မပြောခင်   သန်းရှာခြင်း ယဉ်ကျေးမှု အကြောင်း ပထမ ပွါးချင်ပါ သဗျ။



လွန်ခဲ့တဲ့ ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတခုမှာ ခေါင်းမှာတွယ်တဲ့ သန်းတွေအကြောင်း ဖတ်ခဲ့ရကတည်းက ဒီစာလေးကို ရေးချင်ခဲ့တာပါ။ ပြောရရင်တော့ သူရဲ့ သန်းတွေအကြောင်း ဖတ်ရင်း ကိုယ်ပါ ယားလာတယ် ဆိုပါတော့ဗျာ။



ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီး ပေါ်ဦးသက်ရဲ့ ရေဆေး ကာတွန်းပန်းချီကားလေးတွေထဲမှာ ရှေ့နောက် တန်းစီပြီး သန်းထိုင်ရှာနေတဲ့ မိန်းမတွေကို မကြာခဏ ဆွဲပြခဲ့ဘူးတာ အမှတ်ရသဗျ။ ကျွန်တော်တို့ ငယ်ငယ် ရုပ်ရှင် ဇာတ်ကားတွေထဲက အတင်းပြောတဲ့ ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့) တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊ အတင်းပါ တုပ်ကြတဲ့ပြကွက်မျိုးတွေလည်း မကြာခဏ ကြည့်ခဲ့ဘူးကြပါလိမ့်မယ်။



ငယ်ငယ်က  ရွာမှာ နေ့လည်၊ နေ့ခင်းဆိုရင် အရိပ်ကောင်းတဲ့ မန်ကျဉ်းပင်ကြီးအောက်မှာ မိန်းမကြီးတွေဟာ သူတို့ ဘီးဆံထုံးတွေ ဖြေချပြီး ဆံပင်ဖါးယားကြီးတွေနဲ့ တန်းစီထိုင်ပြီး တယောက်ခေါင်းကို တယောက်ဖွပြီး သန်းရှာ သန်းတုပ်နေကြတာ အမြဲ တွေ့ရပါတယ်။ သန်းတုတ် သန်းရှာကောင်းတဲ့သူဟာ ရွာမှာ တော်တော်လေး ပေါ်ပြူလာ ဖြစ်တယ်ခင်ဗျ။ နောက်ပြီး သန်းရှာကောင်းတဲ့သူဆိုရင် ရွာထဲမှာ ဟိုလူကခေါ်ရှာခိုင်း ဒီလူကခေါ်ရှာခိုင်းရင်းနဲ့ လူတကာနဲ့ ဆက်ဆံရတာမို့ သတင်းကလည်း သူ့ဆီမှာ စုံတတ်သဗျ။ ဒါကြောင့် တချို့ က သန်းရှာတဲ့ နေရာကို သန်းမရှိပေမယ့် သတင်းစုံ အတင်းစုံကြားချင်လို့ လာကြတာလဲ ရှိသဗျ။ အခုခေတ် သတင်း သိချင်လို့ အွန်လိုင်းပေါ် တက်ကြသလိုပေါ့ခင်ဗျာ။ အဲဒီထဲမှာမှ စောစောက သန်းရှာကောင်းတဲ့ သူတွေကျတော့ ခုခေတ် သတင်းပေါင်းချုပ် ဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေတို့လို သိချင်တာ အားလုံး ရှိတတ်တာမို့ သူရှိတဲ့ သန်းရှာဝိုင်းမှာ မိန်းမတန်းက ပိုရှည်တတ်ပါတယ်။



အရင်ခေတ်တွေက အိမ်မှာ လူတယောက် အလုပ်လုပ်ရင် မိသားစုတစုလုံး ထိုင်စားလို့ ရနေတဲ့ခေတ်ကိုး။ ခုခေတ်မှာတော့ ရွာတွေမှာ သန်းတုပ်သန်းရှာတဲ့ ဓလေ့ မရှိသလောက် ဖြစ်သွားပါပြီ။ ခက်တာက မြန်မာ့ရိုးရာ သန်းရှာ၊ သန်းတုပ်တဲ့ ဓလေ့ မပျောက်ပျက်အောင် သက်ဆိုင်ရာတွေက ထိမ်းသိမ်းကြပါဘို့ ခုခေတ်စားနေတဲ့ ဖေ့ဘွတ်တို့၊ တွတ်တာတို့ (တွတ်တီး၊ တွတ်တာ) ပေါ်ကနေ အော်ဂနိုက်ဇ် လုပ်ကြည့်ဘို့ စဉ်းစားသေးသဗျ။ နောက်တော့ ကိုယ့်ဖေ့ဘွတ် စာမျက်နှာမှာ ဒီလို အရေးမပါတဲ့ စိတ်ကူးမျိုး ရေးရကောင်းလားဆိုပြီး ပွက်လောထသွားနိုင်တာမို့ လက်လျော့လိုက်ပါတယ်။



သေချာမှတ်မိတာက ကျွန်တော် စတုတ္ထတန်းနှစ်က ကျွန်တော့် ရှေ့ခုံမှာ ထိုင်တဲ့ ဌေးရီဆိုတဲ့ ကျွန်တော့် သူငယ်ချင်းခေါင်းမှာ သန်းတွေ သန်းနဲ့ချီပြီး ရှိနေတယ်လို့ ထင်ရလောက်အောင် တရွရွနဲ့ ပြေးလွား ရွေ့ရှားနေသဗျ။ သူ့ခေါင်းကိုကြည့်ရင် တစိစိနဲ့ စိတ်ထဲမှာ ယားလာအောင် များလှပေမယ့် ကျွန်တော်တို့ သူငယ်ချင်း ဌေးရီကတော့ သူ့ခေါင်းမှာ သန်းတွေကို ရှိတယ်လို့ အမှုမထားပါဘူး။ ဒါကြောင့် နောင်အခါ သန်းထူတဲ့ခေါင်း မယား ဆိုတဲ့ စကားပုံကို ကြားဘူးတဲ့အခါ ငယ်ငယ်က သူငယ်ချင်း သန်းကြွယ်သူဌေး ဌေးရီမျက်နှာကို ပြန်သတိရမိပြီး ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်လို့ လက်ခံရပါတယ်။



နောင် ကျွန်တော် အလယ်တန်း ကျောင်းသားဘ၀လောက် ရောက်တဲ့ အချိန်မှာတော့ ကျွန်တော့် ဆံပင်ထဲမှာ သန်းများ ခိုအောင်းနေသည်ကို သိရှိခဲ့ရပြီး ကျောင်းအားရက်တွေမှာ အမေရဲ့ ညွန်ကြားချက်နဲ့ ဘီးစိပ် တိုက်ရပါတော့တယ်။ ပထမ ဗလာစာအုပ် (သို့) သတင်းစာ အလယ်စာမျက်နှာကို ဖြန့်ချထား ပြီးတော့မှ ခေါင်းကို ငုံ့ပြီး ၀ါးဘီးစိပ်နဲ့ တိုက်ချရပါတယ်။ အဲဒီမှာ သန်း သကောင့်သားတွေ ခမျာ ဆံကြားမှာ မနေသာဘဲ သတင်းစာပေါ်ကို တဖေါက်ဖေါက် ပြုတ်ကျ လာရပါတော့တယ်။ နောက်တော့ ကျွန်တော့်ညီမနဲ့ ကျွန်တော်တို့ဟာ ဘယ်သူ့ခေါင်းက ဘယ်လောက် ရတယ်ဆိုတာကို ပြိုင်ပွဲလုပ်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ လက်မနဲ့ လိုက်တုပ်တော့တာပေါ့ ခင်ဗျာ။ သန်းတုပ်တဲ့အခါ တဖေါက်ဖါက်နဲ့ မြည်တဲ့ အသံကြောင့် ပိုပိုပြီး တုပ်ချင်လာတတ်သဗျ။ အဲဒီ နေ့မျိုးဟာ ကျွန်တော်တို့ ခေါင်းပေါ်က သန်းတွေအတွက်ကတော့ ကမ္ဘာပျက်တဲ့ နေ့ပေါ့ခင်ဗျာ။ နောက်  ရွာဘုရားတန်ဆောင်းတခုမှာ  သန်းတုတ်သူများ ခံစားရသော ငရဲ ဆိုတဲ့ ပန်းချီကားတွေ့လိုက်တော့ နည်းနည်းတော့ ဖျား သွားသဗျ။ အဲဒီနောက်ပိုင်းမှာတော့ ကျလာတဲ့ သန်းတွေကို အိမ်ပြင်ဘက်သွားခါ ချဖြစ်ပါတယ်။



အဲဒီလို  ဘီးစိပ်တိုက်လို့ သန်းမကြီးတွေ ကျလာရင် အားရ၀မ်းသာနဲ့ အဖွါးလုပ်တဲ့လူကို ပြတော့ ဂျပန်ခေတ်က ဆပ်ပြာတွေ ပြတ်လတ်ပြီး လူတွေကိုယ်မှာ သန်းဂျီးမတွေ တွယ်ကပ်တဲ့ အကြောင်းတွေကို အဖွားက လွမ်းလွမ်းမောမော ပြောပြတတ်ပါတယ်။ အဲဒီလို ဂျပန်ခေတ်အကြောင်း ပြောပြီဆို  ကျွန်တော်ဆိုတဲ့ကောင်က အဲဒီခေတ်မျိုး မရှိတော့လို့ ၀မ်းသာရမယ့်အစား အဲဒီခေတ်ကို မမှီလိုက်တာပဲ နာသလိုလို တွေးမိခဲ့သဗျ။ အဲဒီလို တွေးခဲ့ဘူးလို့လား မသိပါဘူးဗျာ အဲဒီ သန်းဂျီးမ ဆိုတာကြီးနဲ့ ဘ၀တကွေ့မှာ တည့်တည့်ကြီးကို သွားကြုံမိပါတော့တယ်။



နေရာက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် KIA ဌာနချူပ် လိုင်စင်နဲ့ ကပ်လျက်မှာ ABSDF (NB) ပါဂျောင် စခန်းရဲ့ အကျဉ်းစခန်းတခုမှာ ကျွန်တော်အပါအ၀င် လူ ၇၀ လောက်ဟာ စစ်အစိုးရက လွတ်လိုက်တဲ့ သူလျိုတွေဆိုပြီး စွပ်စွဲကာ ဖမ်းဆီးနှိပ်စက် ညှင်းဆဲမှုတွေနဲ့ ကြုံနေရချိန်မှာ ကိုရွှေသန်းဂျီးမနဲ့ လာဆုံ တွေ့ရပါတော့တယ်။ ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ ထောင်ဆိုတဲ့ အဆောက်အဦးက တကယ်တော့ သာမာန် မြေစိုက် ယင်ပေါင်ကြမ်း (ကတ္တရာပြားတွေ) မိုးပြီး ၀ါးခြမ်းသေးသေးလေးတွေနဲ့ ကာထားတဲ့ တဲကြီးဗျ။



ဒါကြောင့်မို့ ကျွန်တော်တို့ကို ညပဲဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် ထိပ်တုံးရှည်ကြီးတွေထဲခြေ ၂ ဖက်လုံးကို ထည့်ခတ်ထားပါတယ် (သို့မဟုတ်) သံကြိုးကြီးတွေနဲ့ ခြေကျင်းဝတ်ကို ခတ်ထားပါတယ်။ ညဘက် လှဲချ မအိပ်ခင်မှာတော့ လက်တွေကို လက်ကောက်ဝတ်ကနေ ကြိုးနဲ့ ပူးတုပ်ထားပါတယ်။ ပြီးတော့ မျက်နှာကို ပိတ်စနဲ့ တင်းကြပ်နေအောင် စည်းပြီးမှ အိပ်ကြရပါတယ်။ အိပ်ယာကတော့ မြေကြီးပေါ်မှာ ကတ္တာရာပြားစတွေ ခင်းထားတဲ့ ဘူမိ ကဗ္ဗလာ မြေမွေ့ယာပါ။ မအိပ်ခင်မှာ လုံခြုံရေး အဖွဲ့ (သို့) ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် ပုဂ္ဂိုလ်တွေကို သီချင်းတွေ ဘာတွေနဲ့ ဖျော်ဖြေ တင်ဆက်ရသေး သဗျ။ ခိုင်းရင်ပေါ့လေ။ ပြီးလို့ အိပ်ချိန် လှဲချပြီးပြီ ဆိုရင်တော့ လူးလွန့် လှုပ်ရှားခွင့် မရှိတော့ပါဘူး။



ညလယ်ကောင်မှာ ဆီးသွားဘို့ နိုးတဲ့အချိန်မှာ လှဲချနေရာက ထ၊ ခြေရင်းမှာ ချထားတဲ့ ဂလူးကို့စ် ပုလင်းလွတ်တွေထဲကို သေသေချာချာချိန်ပြီး ရှူရှူးပေါက်ထည့် ရပါတယ်။ ပြီးပြန်အိပ်ပေါ့ဗျာ။ အဲအိပ်ချိန်မှာ လူးလွန့်တာများတဲ့ သူတွေကိုတော့ မနက်လင်းချိန် တန်းစီချိန် ဆီး ပုလင်းတွေ သွန်ပြီးတာနဲ့ နာမည်တွေ ခေါ်လိုက်ပြီရင် မြေကြီးပေါ် ၀မ်းယား တိုးပေးထားရပါတယ်။ အဲဒီမှာ ထောင်မှုး ဆိုတဲ့လူ ဒါမှမဟုတ် အရိုက်အနှက် အင်မတန် ကြမ်းပါပေတယ်လို့ နာမည်ကောင်း ထွက်ချင်တဲ့ လုံခြုံရေးတာဝန်ကျ ပုဂ္ဂိုလ်တွေရဲ့ မနက်ခင်း သွေးပူလေ့ကျင်ခန်း စ ပါတယ်။ သုံးလက်မ ပတ်လည်နီးပါး တုတ်တဲ့ လက်ကိုင်တုတ်ရှည်ကြီးဟာ ကျွန်တော်တို့ရဲ့ ကျော (သို့) ခါးရိုးပေါ်ကို စုံကိုင် ရိုက်ချလိုက်သူရဲ့ စေစားရာအတိုင်း အလည်အပတ်ကျရောက် လာပါတော့တယ်။



သို့ပေမယ့် သို့ကလို ကျရောက်လာတဲ့ တုတ်ချက်တွေဟာ ကျွန်တော်တို့ အဖို့တော့ ထမင်းစား ရေသောက်လိုပါပဲ။ အဲဒီမတိုင်ခင်က စစ်ကြောရေးလို့ ခေါ်တဲ့ ငရဲခန်းမှာ ကျွန်တော်တို့ကို ဖမ်းဆီးစစ်ဆေးတဲ့ ကျောင်းသားတပ်ဖွဲ့ ထောက်လှမ်းရေးရဲ့ တုတ်ချက်၊ ဓါးချက်တွေ၊ မီးရှို့ချက်တွေ၊ လျပ်စစ်တို့ချက်တွေ၊ ရေနှစ်ချက်တွေနဲ့ ယှဉ်တဲ့အခါ ကလေးကစားသလို ဖြစ်နေပါတယ်။ ဒီငရဲခန်းရဲ့ ညှင်းပန်းမှုနဲ့ ရှေ့မှာ ဘ၀ဆုံးပါးသွားတဲ့ ကိုတင်မောင်အေး (ကသာ) နိုင်ငံရေးတာဝန်ခံ ပီကင်းပြန် ဦးစိန်၊ စမ်းချောင်းက ကိုပြည့်စိုးနိုင်၊ ကိုစိုးကြီးတို့လို တုတ်ချက်နဲ့ အသက်ထွက် မခံလိုလို့ တော်လှန်ရေးသမားဘ၀ကနေ မဆလလွတ်လိုက်တဲ့ စစ်ထောက်လှမ်းရေး တွေပါလို့ ရင်နာနာထွက်ဆိုပြီး အသက်ကို ဆက်မွေးဘို့ ကြိုးစားနေတဲ့ ဒီဇာတ်ထုပ်မှာတော့ ဒီလိုကျရောက်လာတဲ့ တုတ်ချက်တွေဟာ သိပ်အဆန်း မဟုတ်တော့ပါဘူး။



ကျွန်တော်တို့လို အသက်ကို မွေးပေမယ့် မိမိတို့ ကိုယ်လက်အင်္ဂါ တချို့ကို ပေးလိုက်ရသူတွေလည်း ရှိတာမို့ ကျွန်တော်တို့ ထောင်အိပ်ခန်းဟာ ဈေးက အမဲသားတန်းထက်တော့ ပိုပြီး သွေးညှီနံ့ လွှမ်းပါတယ်။ လက်ကောက်ဝတ်က ဖြတ်ထားခံရတဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီး (နောက်တော့ ခေါင်းပါဖြတ်ပေး လိုက်ရ) လက်ချောင်းတွေ ခုတ်ထားခံရတဲ့ ကိုအောင်ဖိုးတို့ ခြေထောက်ထဲကို ဖနောင့်ကနေ သံချောင်းကို မီးဖုတ်ပြီး ရှိုသွင်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်တို့ဆီက သွေးညှီနံ့တွေအပြင် ရံဖန်ရံခါ အကွဲအပြဲ အဖြတ်အတောက်တွေကြားမှာ ကျွန်တော် ကိုယ်တိုင်လည်း ခေါင်းကိုမကြာခဏ အစိမ်းချုပ်ချုပ် ခံရတတ်တာမို့ ကိုယ်ပေါ်က အ၀တ်တွေမှာ သွေးနံ့စွဲနေတာ အဆန်းမဟုတ်တော့ပါ။



ခက်တာက သွေးပေလို့မို့လည်း အင်္ကျီကိုလဲမပစ်သာပါဘူး။ လဲစရာလည်း မပေးပါဘူး။ အဲဒီ ပါဂျောင်ဒေသဆိုတာက တရုတ်မြန်မာ နယ်စပ် ကေအိုင်အေ ဌာနချုပ် လိုင်စင် စခန်းနဲ့ တဆက်တည်း အမြင့်ပေ ခုနှစ်ထောင်ကျော်ရှိတာမို့ ဆောင်းမှာ အရိုးကွဲအောင် အေးစက်ပါတယ်။ ဒါကြောင့်မို့ စောင်မရှိပဲ (တခါတရံ စောင်ပါးလေး တထည် ၂ယောက်မျှ) မြေပေါ် လှဲအိပ်ရတဲ့ ကျွန်တော်တို့အဖို့ သွေးဘယ်လို ရွဲနေပေမယ့် အဲဒီအင်္ကျီကို မပစ်နိုင်ပါဘူး။ အနည်းဆုံး လေးထပ်လောက် ထပ်ဝတ်ထားတာတောင် အဆောက်အဦး ထရံကြဲကြဲကြားက တိုက်လာတဲ့ တောင်ပေါ်ဆောင်းလေကြောင့် ရိုက်ထားတဲ့ ဒဏ်တွေက အရိုးကွဲအောင် အေးမြလှပါတယ်။



နောက်ပြီးတော့ စပြီး ဖမ်းဆီးနှိပ်စက်ပြီး ချုပ်ထားကတည်းက တခါမှ ရေချိုးခွင့်လည်း မပေးသလို၊ ကျွန်တော်တို့ဘက်ကလည်း ထပ်အသားနာခံပြီး ရေချိုးခွင့် တောင်းဆိုဘို့ဆိုတာ စိတ်ကူးထဲတောင် မရှိပါဘူ။ ဒါကြောင့် အ၀တ်အစားတွေမှာ သွေးတွေကခြောက်ပြီး ချပ်ခေါက်ကြီး ဖြစ်တဲ့နေရာ၊ ဆီးနံ၊ သွေးနံ့နဲ့ ဖုန်မှုန့်တို့ လိမ်းကျံနေခဲ့တာ လနဲ့ချီပြီး ကြာလာတာတဲ့နောက် ကျွန်တော်တို့ကိုယ်ပေါ်မှာ ဘယ်အချိန်က စတင် ပေါက်ဖွါးခဲ့တယ်လို့ မသိနိုင်တဲ့ သန်းဂျီးမလို့ ခေါ်တဲ့ ကိုယ်သန်းတွေနဲ့ အဆွေခင်ပွန်း ဖွဲ့မိကြပါတော့တယ်။



အမှန်တော့ ကျွန်တော်တို့ ကိုယ်မှာ ခုလို ကိုယ်သန်းတွေရှိနေတာကို ဘယ်အချိန်က စ သတိထားမိ ဘယ်သူက စ သတိထားမိတယ်ဆိုတာ မှတ်မှတ်သားသား ရှိသင့်ပါလျက် မရှိတာကတော့ အဲဒီအချိန်က  ဘယ်အချိန် ခေါ်ပြီး ရိုက်စစ်ဦးမလဲ။ လျှော့ခ်တိုက်ပြီး အစစ်ခံရ ဦးမလဲ။ မီးမြိုက်ခံရဦးမလဲ ဆိုတာကို နေ့နေ့ညည လန့်နေရလို့ပါ။ အစစ် မခံရတဲ့ အချိန်တွေမှာလဲ သူတို့ခိုင်းတဲ့ အလုပ်ကြမ်းတွေကို ကျွဲလို နွားလို လုပ်ရတဲ့ ကျွန်တပိုင်း ဖြစ်နေတာမို့ သတိမထားမိကြတာပါ။



အဲနောက်တော့ တယောက်သောသူက စပြီး သူ့ကိုယ်ပေါ်မှာ သန်းတွေ ရှိနေတယ်လို့ စကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့တွေ အလုပ်နားတဲ့ အချိန် အင်္ကျီတွေကို တလွာချင်း ချွတ်ပြီး သေချာ စစ်ကြည့်သောအခါမှာတော့ အင်္ကျီရဲ့ ချူပ်ရိုးကြောင်းတွေ ကြားမှ ခိုအောင်းနေတဲ့ (အထူးသဖြင့် ဂျိုင်းနဲ့ လက်ပြင် အဆက် ချုပ်ရိုးတွေကြား) သန်းဖြူဖြူကြီးတွေကို တွေရပါတယ်။



လူ့စိတ်ဟာ တော်တော်တော့ ဆန်းတယ်ခင်ဗျ။ ဒီ ကိုယ်သန်းကြီးတွေကို စတွေ့တော့ ဒါဟာအင်မတန် လန့်စရာ ကောင်းတဲ့ကိစ္စကို အန္တရာယ်လို့မမြင်ပဲ ငါ့အမေကြီး (အဖွါး) ပြောတဲ့ ဂျပန်ခေတ်လို ခေတ်ပျက်ကာလမျိုးမှာမှ ကြုံရတဲ့ သန်းဂျီးမကြီးတွေ ကိုယ်တိုင် ငါ့ခန္ဓာကိုယ်ပေါ်မှာ ကိုယ်ကပ်နေပါပေါ့လား ဆိုပြီး ကြိတ်ဝမ်းသာမိနေသေးဗျ။ ဒါပေမယ့် ကြာကြာ မစောင့်လိုက်ရပါဘူး ညလည်း ရောက်ရော သတ္တိပြတော့တယ်ဗျာ။ ခက်တာက ညဘက် မခံမရပ် နိုင်အောင် ဒင်းတို့က ကိုက်ပေမယ့် စောစောက ပြောခဲ့သလို လက်ပြန်ကြိုးက တုပ်ထားတဲ့အပြင် နည်းနည်းလေး လှုပ်ချင်လွန့်ပြီဆိုရင် ခွင့်ပြုချက် အရင်တောင်းရတာမို့ စိုင်းထီးဆိုင် သီချင်း အလိုက်နဲ့ ပြောရရင် ယားတော့ယားတာပေါ့ ဒါပေမယ့် မကုတ်နဲ့ လို့ပဲ ဆိုသလို ဖြစ်နေတာပေါ့ဗျာ။



အမှန်တော့ ညည ကျွန်တော်တို့ အကျဉ်းစံ ရဲဘော်တချို့ဟာ ခွင့်ပြုချက် မတောင်းဘဲ လူးတယ် လွန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနက်မနက် တုတ်ချက် ထိခံနေရတာ တော်တ်ာကြာနေပါပြီ။ အရိုက်သာ ခံနေရတယ် ကိုယ်ဖာသာ လူးမိလွန့်မိသလား မသိရဘဲ အသလွတ် အနွာခံနေရတာက တော်တော်ကြာနေပြီ ခင်ဗျ။ မနက်ကျ စာရင်းက ထွက်လာပြီ လူးတယ်လွန့်တယ်တဲ့။ နောက်မှ အဖြေက ပေါ်တော့တာကိုးဗျ။ ဒီကောင်ကြီးတွေ အင်္ကျီ အတွင်းထဲမှာ ကိုက်နေတာဆိုတော့ လူးတော့တာပေါ့ဗျာ။ လွန့်တော့တာပေါ့ဗျာ။



လူစိတ်ဟာ အင်မတန် ဆန်းသဗျ။ ပထမဆုံး ကျွန်တော်တို့ ကိုယ်ပေါ်မှာ ဒီကိုယ်သန်းကြီးတွေ ရှိနေတယ်ဆိုတာ စသိတဲ့ ညကိုမှာတော့ ညအိပ်ဘို့ ခေါင်းချပြီး မိနစ်အတွင်းမှာပဲ အင်္ကျီအထပ်ထပ် အတွင်းက ကိုယ်ခန္ဓာမှာ မကြုံစဖူး ထူးထူးခြားခြား ယားလာပါတော့တယ်။ သန်းဂျီးမ တပ်ဖွဲ့ဟာ  တညတာ စစ်ဆင်ရေး စတင်ဘို့အတွက် တပ်ချီ တပ်ပြောင်းတွေ လုပ်နေပုံ ရပါတယ်ဗျ။ သိတဲ့အတိုင်း ခြေထောက် ၂ ချောင်းကလည်း သံကြိုးကွင်းထဲမှာ။ လက် ၂ ဖက်ကို ကျောနောက်ပို့ပြီး လက်ကောက်ဝတ်ကနေ ပူးတုပ်ထားတာမို့ လှဲချလိုက်ပြီဆိုတာနဲ့ လူက ပုံစံအရကို မလူးမလွန့် နိုင်တော့ပါဘူး။ ငယ်ငယ်က ဘူတာရုံမှာ ခြေလေးချောင်းလုံးကို ပူးတုပ်ထားတဲ့ ၀က်တွေ ပုံစံပါပဲဗျာ။ မျက်စေ့ကိုလည်း ပိတ်စနဲ့ အမြဲတင်းနေအောင် ချည်ထားတာဆိုတော့ နားကို အမြဲစွင့်ထားတဲ့ အလေ့က ရှိနေသဗျ။ ဘယ်သူ့ခေါ်ထုတ် သွားပြီလဲ။ ဘယ်သူ ၀င်လာပြန်ပြီလဲ စသည်ဖြင့်ပေါ့။ ညဘက်တွေမှာ ခေါ်ပြီး စစ်ဆေးတာကိုးဗျ။ ဘယ်သူတော့ဖြင့် စစ်ရင်း လက်လွန်သွားလို့ ပြန်မလာနိုင်တော့ဘူး စသည်ဖြင့်ပေါ့ … ဆိုတော့ နားကတော့ စွပ်စွင့်ထားရတယ်။ ဘ၀က။



ပြောရင်တော့ ပိုလွန်းတယ် ပြောကြမှာပဲ။ တကယ်ပါဗျာ နောက် အာရုံစိုက်ထားတဲ့ အချိန်ဆိုရင် အဲဒီ ကိုရွှေသန်းဂျီးမ တပ်ဖွဲ့ အထဲမှာ ပြေးလွား လှုပ်ရှားတဲ့ အသံကို နားထဲမှာ တခါတခါ ကြားရသဗျ။ အရေပြားပေါ်မှာ ပြေးနေရင်လည်း သိနေသဗျ။ ကိုက်တာကတော့ မပြောပါနဲ့ တော့ဗျာ။



သူတို့တွေကလည်း သိပုံရတယ်ဗျ။ ခုငါတို့ သွေးစုတ်နေတဲ့ လဒတွေဟာ ငါတို့ကို ဘာမှ မတုံ့ပြန်နိုင်တဲ့ ကောင်တွေလို့ ကောင်းကောင်း သိနေပုံရတယ်ဗျ။ အဲဒီတော့ ညရောက်တာနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာ သူတို့အတွက် အကောင်းဆုံး ပျော်ပွဲစားရုံကြီးတွေ ဖြစ်သွားတော့တာမို့ တညလုံး စိတ်ကြိုက် ပွဲတော် တည်ကြပါတော့တယ်။ ကျွန်တော်တို့ သန်းတွေကပ်နေတာ စသိတဲ့ ညကတော့ ဘာပြောကောင်းမလဲဗျာ။ အရင်ကနဲ့ မတူအောင်ယား။ မတူအောင် နာတော့ကိုး။ အဲဒီတော့ လက်ပြန်ကြိုးတုပ်ထားတော့ ဘာမှလုပ်မရပေမယ့် နည်းနည်းလေး သက်သာလို သက်သာငြား လူးကြည့် လွန့်ကြည့်ချင်တဲ့စိတ်က ဘယ်လိုမှ တားမရဘူး ခင်ဗျ။



 ယားနေတာကို အာရုံစိုက်ပြီး မြေကြီးနဲ့ ကြိတ်သတ်ဖို့ လုပ်ကြည့်တာပေါ့ဗျ။ ဘာပြောကောင်းမလဲဗျာ။ တညလုံးဟာ တယောက်ပြီး တယောက် နည်းနည်း လှုပ်ပါရစေဗျ ဆိုတာချည်း ဖြစ်ကုန်တာပေါ့။ ခက်တာက အကုန်လုံးက ကုပ်ချင် လှုပ်ချင်တဲ့ လူတွေချည်း ဖြစ်နေသလို ကုပ်ဖို့အရေး ခွင့်ပြုချက် ရဘို့ကလည်း အလွန် အရေးကြီးတာကိုး ဗျ။ ကျွန်တော် နည်းနည်း လှုပ်ပါရစေဗျ လို့ပြောပေမယ့် လှုပ်လို့ ခွင့်ပြုချက် ကျဘို့ စောင့်ရတာက တခါ တခါ တကမ္ဘာလောက် ကြာနေသလိုပဲ။ ကိုယ့်အလှည့်တောင် မရောက်သေးဘူး နောက်က တစ်ယောက်က ကျွန်တော်လည်း ကုတ်ပါရစေ ဖြစ်လာပြန်ရော။ သိတဲ့အတိုင်းဗျာ တာဝန်ကျတဲ့ အစောင့်ဆိုတာကလည်း အမျိုးမျိုးကိုး။ အဲဒီတော့ နောက်ဆုံးရလဒ်ကတော့ မနက်လင်းလို့ ကွင်းထဲမှာလည်း တန်းစီရော ဘာမှ ပြောမနေနဲ့ အစောင့်ကျတဲ့ လူအားလုံးက တုတ်ကိုယ်စီနဲ့ စောင့်နေတော့တာပေါ့။ ညက လှုပ်တဲ့လူ မလှုပ်တဲ့လူ ခွဲမနေတော့ဘူးလေ အားလုံးမြေကြီးပေါ် ၀မ်းယားမှောက်ထားစေ ဆိုတာမျိုးနဲ့ အ၀ စားရတော့တာပေါ့ ဗျ။



အဲဒီ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဘ၀မှာ ကျွန်တ်ာတို့ကို ဖမ်းထားပြီး မကြာခဏ အကြီးအကျယ် နှိပ်စက်နေတဲ့ ငရဲသားတွေရဲ့ ရန်ထက်၊ နောက် ရန်သူတော်အသစ် သန်းဂျီးမတွေကို ပိုပြီး ထိန့်လန့်လာပါတော့တယ်။ ညတိုင်း ဘယ်လိုအချိန်မှာ လူးခွင့် တောင်းရပါ့မလဲ ဆိုတာမျိုးကိုချည်း ချောင်းနေရတာကိုး။ သန်းဂျီးမတွေကလည်း လည်တယ်ဗျ။ ညဆို သူတို့ ပုန်းအောင်းနေတဲ့ နေရာကနေ လက်မောင်းတလျောက် ဆင်းလာပြီး လက်ပြန်ကြိုးတုပ် ထားတဲ့ လက်ကောက်ဝတ်က ကြိုးချည်ထားတဲ့ နေရာတ၀ိုက်ကို ဆင်းလာပြီး ကိုက်တတ်သဗျ။ တိုတိုပြောရရင်တော့ ညမလှုပ်ပဲလည်း မနေနိုင် မနက်ကျတော့မှ ရိုက်ပါစေတော့ ဆိုပြီးလှုပ်ရာက အရိုက်ခံရတာ ကြာလာတော့ ဒီသန်းဂျီးမတွေ ရန်က လွတ်ဘို့အရေးဟာ တို့တာဝန် အရေးတပါး ဖြစ်လာတော့တာပေါ့ ဗျာ။



ပထမဆုံး စစ်ဆင်ရေး ကတော့ အပြင်မှာ အလုပ်တွေ ထွက်လုပ်ရာက အပြန် ထောင်ရှေ့ကွင်းထဲ ခဏထိုင် လူရေတွက်ချိန်မှာ ခွင့်တောင်းပြီး အင်္ကျီ အထပ်ထပ်ကို ချွတ်ပြီး အောက်ဆုံးထပ်ကို ထားပြီး ကျန်အထပ်တွေကို ပြန်ဝတ်ပြီး (ပြန်မ၀တ်လို့ကလည်း မဖြစ်ဘူး တခါတလေဆို ရေခဲအောင် အေးတဲ့ နေရာကိုး) တော့ ရတဲ့ အချိန်အတွင်းမှာ အဲဒီအင်္ကျီရဲ့ ချူပ်ရိုးကြောင်းတွေအတိုင်း ခိုအောင်းနေတဲ့ ရန်သူတော် သန်းဂျီးမတွေကို လက်စားချေကြပါတော့တယ်။



ကျွန်တော်တို့ရဲ့ အင်္ကျီတွေက စစ်ရောင်တွေမို့ စစ်စိမ်းရောင် အင်္ကျီချုပ်ရိုးကြားမှာ ခိုနေတဲ့ ဒင်းတို့ကိုရှာရတာ ဘယ်ခက်လိမ့်မလဲဗျာ။ ဒီဖြူဖြူဖွေးဖွေး ဆန့်စေ့ကြီးတွေလို ကပ်နေတဲ့ဟာ။ အမယ် တကယ်လိုက်ရှာပြီး ရှင်းနေပြီဆိုတာ သိတော့ ဒင်းတို့ကလည်း ပြေးချင်တယ်ဗျ။ ဒါပေမယ့် ဘယ်ရလိမ့်မလဲဗျာ ညပေါင်းများစွာ အညှိုးကြီး ညှိုးထားတဲ့ ကျွန်တော်တို့လက်က လွတ်အောင် မပြေးနိုင်ကြပါဘူး။ အတုံးအရုံးပေါ့ဗျာ။ ဒါပေမယ့်ခက်တာက သူတို့ကို ကုန်စင်သွားအောင် ရှာဘို့ ကျွန်တော်တို့မှာက လုံလောက်တဲ့ အချိန် မရှိတာပဲဗျ။ ပြီးတော့ နေ့စဉ်ကလည်း မရှာနိုင်တာတော့ အရင်လိုပဲ နေ့ကျ အစောင့်နဲ့ စစ်ကြောရေး ပြုသမျှနုကြရပြီး ညညမှာတော့ ဒင်းတို့ပြုသမျှ နုရတဲ့ ဘ၀မှာပဲ စင်းခံခဲ့ရသဗျ။



အဲဒီလို စင်းခံနေရတဲ့ ဘ၀ကနေ တယောက်သောသူက သူ့ အတွေ့အကြုံတခု ဝေငှလာသဗျ။ အဲဒါ ကတော့ ညအိပ်ယာဝင်ခါနီး လက်ပြန်ကြိုး ချည်ကာနီးမှာ အတွင်းဆုံးက အင်္ကျီကို ချွတ်ပြီး အပေါ်ဆုံးကို ပြောင်းပြီး ၀တ်တဲ့နည်း ခင်ဗျ။ များသောအားဖြင့် ဒီသန်းဂျီးမတွေက အောက်ဆုံးက အင်္ကျီမှာ တွယ်ကပ် နေတတ်ထာဆိုတော့ ဒီဟာကို အပေါ်ဆုံးထပ်ကို ပြောင်းဝတ်လိုက်ပြီးတော့ မျက်စိလည်အောင် လုပ်တဲ့စိတ်ကူးဖြစ်ပါတယ်။ တကယ်တမ်း လုပ်ကြည့်တဲ့အခါ ဟုတ်သဗျ။ ညဦးပိုင်းမှာတော့ နည်းနည်းသက်သာသလိုလို ဖြစ်ပြီး နောက်ပိုင်းမှာတော့ အတိုးချပြီး အပြတ်အသတ် နွှာပါတော့တယ်။ ငါတို့ကို မလိမ့်တပတ်နဲ့ လုပ်တဲ့ ကောင်တွေဆိုပြီး တကယ်နွှာတဲ့အခါ တော်တော်ခံစား ရသဗျ။ ဒီတော့ နေနှင့်ဦးပေါ့ကွာ ဆိုပြီး ကြိတ်ပြီး ကြိမ်းဝါးနေခဲ့ရတာပေါ့ ခင်ဗျာ။



ဒီလိုနဲ့ ဆောင်းတွင်းကြီး တတွင်းလုံးမှာ ရေခဲတွေ လွှမ်းတဲ့ဆောင်း၊ အရိုက်ကြမ်း အဖြတ်အတောက် ကြမ်းတဲ့ စစ်ကြောရေးနဲ့ သွေးအစုပ်ကြမ်းတဲ့ သန်းဂျီးမတို့နဲ့ လုံးထွေးရင်း ရက်စက်အမှုအပေါင်း သရဖူဆောင်းတော့သည် ဆိုသလိုပဲ ကျွန်တော်တို့ထဲက ရဲဘော်တချို့ မကြွေသင့်ဘဲ၊ ကြွေလွင့်ခဲ့ရပြီး ဆောင်းအလွန် နှင်းခဲပျော်ချိန် ရောက်လာပါတယ်။



ကျွန်တော်တို့တွေလည်း ငရဲမှာ နည်းနည်း အသားကျလာပါတယ်။ တရက်မှာတော့ ကျွန်တော်တို့ အကျဉ်းသားတွေထဲမှာ တန်းစီး တာဝန်ယူထားရတဲ့ ကသာက ကိုမြင့်သိန်းက အရဲ့စွန့်ပြီး အထူးအရေးကြီးတဲ့ စီမံကိန်းတခုကို လုံခြုံရေး ယူထားတဲ့ တာဝန်ခံကတဆင့် တင်ပြလိုက်ပါသဗျ။



အဲဒါကတော့ ခုလို နှင်းတွေပျော်လို့ ထောင်ကုန်းက ဆင်းတဲ့ တောင်ကြား စမ်းချောင်းလေး ပေါ်လာတဲ့ နေရာမှာ ကျွန်တော်တို့ကို ရေချိုးခွင့်ပြုဘို့နဲ့ အ၀တ်တွေကိုလည်း ရေနွေးနဲ့ စိမ်ပြီး ပြုတ်လျော်ခွင့် ပေးဘို့ဖြစ်ပါတယ်။



အဲဒီချိန်က ကျွန်တ်ာတို့အားလုံး ရေမချိုးရတာ လေးလ ကျော်နေပါပြီ။ နောက်ဆုံးတော့ အစောင့်အကြပ် စုံလင်စွာနဲ့ သဘောတူညီချက် များစွာနဲ့ ရေချပွဲ အခမ်းအနား လုပ်ဖြစ်ပါတော့တယ်။ အချိန်က မနက် ၁၀ နာရီလောက် နေထွက်ချိန်လောက်မှာ စဖြစ်ပါတယ်။ ကျွန်တော်တို့ ထောင်ကုန်းနဲ့ အာသံကုန်း နှစ်ခုကြားမှာ နှင်းပျော်ချိန်ဆို ခြေကျင်းဝတ်လောက် နက်ပြီး လေးပေလောက် ကျယ်တဲ့ စမ်းချောင်းလေး ရှိသဗျ။ အာသံကုန်းလို့ ခေါ်ရတာကတော့ ကေအိုင်အေတပ်မှာ စစ်သင်တန်းလာယူတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်ကလာတဲ့ သူပုန်တွေထဲက စစ်စည်းကမ်း မလိုက်နာတဲ့ စစ်သားတချို့ကို ခေါင်းဖြတ် သတ်ခဲ့ဘူးတဲ့ ကုန်းဖြစ်လို့ပါ။



နောင် အဲဒီ တောင်ကုန်းပေါ်မှာပဲ ၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ရက် ညနေ လေးနာရီလောက်မှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ၀င် တော်လှန်ရေး ကျောင်းသားခေါင်းဆောင် ရဲဘော် ၁၅ ဦးကို   တချိန်တည်း အမိန့်ထုတ် ခေါင်းဖြတ် သတ်ခံခဲ့ရတာလည်း အဲဒီကုန်းပေါ်မှာ ဖြစ်ခဲ့တာပါ။



ပထမဦးစွာ ကျွန်တော်တို့က အဲဒီစမ်းချောင်းလေးကို လူတယောက်လှဲပြီး စိမ်လို့ရအောင် ပြုပြင်ရပါတယ်။ တဖွဲ့ကတော့ မိုးဗြဲဒယ်ကြီး တလုံးထဲ ရေဖြည့်ပြီးတော့ ကျောက်တုံးသုံးတုံးကို ဖိုခနောက်ဆိုင်ပြီး ထင်းမီးဖိုကြီးတခု တည်ပါတယ်။ အဲဒီမိုးဗြဲဒယ်ကြီး ပွက်လာတာကို ကြည့်ပြီး ကျွန်တ်ာတို့အားလုံးဟာ တော်တော် စိတ်လှုပ်ရှားနေကြပါတယ်။ ရေတွေ ကျွက်ကျွက်ဆူလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သန်း နှိမ်နင်းရေး စီမံကိန်းကြီးကို စတင်ပါတော့တယ်။



ပထမဆုံး ရေချိုးမယ့် တသုတ်ခွဲလိုက်ပြီး သူတို့ အားလုံးရဲ့ အ၀တ်တွေ အားလုံးကို ချွတ်ပြီး အငွေ့တထောင်းထောင်း ထနေတဲ့ ရေတွေထဲကို ပစ်ထည့်လိုက်ကြပြီး ၀ါးလုံရှည်နဲ့ ထိုးနှစ်လိုက်ပါတယ်။ အားလုံးရဲ့ မျက်လုံးတွေကလည်း စိတ်ဝင်စားစွာနဲ့ ဒယ်အိုး ရေမျက်နှာပြင်ကို စိုက်ကြည်နေလိုက်ပါတယ်ဗျာ။ တထည် ပစ်လိုက်တာနဲ့ ရေပြင်ပေါ်ကို တက်လာလိုက်တဲ့ သန်းဂျီးမဖွေးဖွေးကြီးဗျာ။ ဖွေးကနဲ ဖွေးကနဲ ရေပြင်ပေါ် တက်လာလိုက်တာ။ နောက်ဆုံး ညစ်မဲနေတဲ့ ဒယ်အိုး ရေမျက်နှာပြင်တခုလုံးမှာ ပေါလောမျောနေတဲ့ သန်းဂျီးမတွေနဲ့ အပြည့် ဖုံးသွားလိုက်တာ ရေမဲညစ်ညစ်တွေတောင် ပျောက်သွားတဲ့ အထိပါပဲ။



ကျွန်တော်တို့ အကုသိုလ်ကလည်း မသေးလှဘူး ခင်ဗျ။ ဒီလောက် ဘယ်နေ့ ထုတ်ရိုက်လို့ သေမလဲဆိုတာကို တထိတ်ထိတ် ဖြစ်နေရတဲ့အထဲ ဒီသန်းဂျီးမတွေက အကုန်ကြွသွားတာကို အားရပါးရ အရသာခံပြီး ကြည့်နေကြသေး တယ်ခင်ဗျ။ ပြောရရင်တော့ သူတို့ ပေးထားတဲ့ ဒုက္ခကလည်း မသေးဘဲကိုးဗျ။ အဲဒီနေ့ ညမှာတော့ ကျွန်တော်တို့ အားလုံးဟာ သန်းဂျီးမတွေရဲ့ ဘေးရန်က လွတ်မြောက်ပြီး အေးေးအချမ်းချမ်း အိပ်စက်ရပါတော့တယ်။



ဒါပေမယ့် သိပ်တော့ မကြာပါဘူး ဒင်းတို့ အတိုးချ နှိပ်စက်တဲ့ ဒဏ်ကို ပြန်ခံရပြန်ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ရေချခွင့်ရတဲ့နေ့က နှိပ်စက်ထားလို့ မထနိုင်တဲ့လူတွေ လောလောလတ်လတ် လက်ခြေပြတ်ထားတဲ့ ဒဏ်နဲ့ ရေလုံးဝ ထိလို မရတဲ့ ရဲဘော်တချို့က ထောင်တွင်းဆောင်မှာ ကျန်ခဲ့တာမို့ သူတို့ အ၀တ်အစားတွေမှာနဲ့ ကျွန်တော်တို့ အိပ်တဲ့ နေရာခင်းတို့ စောင်တို့မှာ အသက်ဆက်ရှင်သန်နေတဲ့ သန်းဂျီးမတို့ဟာ သန်းဂျီးမမျိုးနွယ် မတိမ်ကောရေးအတွက် သံဝါသအမှုကို အရင်ကထက် နှစ်ဆအတိုးချပြီး လုပ်အားပြကြပုံရပါတယ်။ မကြာခင်မှာပဲ မျိုးဆက်တွေ ပြန့်ပွါးပြီး ကုတ်ပါရစေ ဘ၀။ လူးပါလွန့် ပါရစေ ဘ၀ကို ပြန်ကျရောက်ရပြန်ပါတယ်။



ဒီလိုနဲ့ သန်းဂျီးမ စစ်ဆင်ရေးတခုကို ဆင်နွဲဘို့ အခွင့် လျောက်ရပြန်ပါတယ်။ ဒီလိုနဲ့ န၀တ ခေတ်ဦး မြို့ပြစီမံကိန်း တွေမှာ စစ်တပ်နဲ့ပေါင်းပြီး သန်းကြွယ်သူဌေးတွေ ဖြစ်ဘို့ အလုအယက် စီးပွါးရှာနေကြတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော် အပါအ၀င် ကံထူးသူ ငမိုက်သား တသိုက်ကတော့ သန်းကြွယ် သူဌေးတွေ ဘ၀ကနေ လွတ်ဘို့ အသည်း အသန်ကြိုးစား နေခဲ့ကြရသဗျ။



မှတ်မှတ်ရရ သန်းဂျီးမတွေနဲ့ အပြန်အလှန် ခင်းခဲ့တဲ့ စစ်ပွဲကို ကျွန်တော်တို့ ဘက်ကနေ တဖက်သက် ရပ်စဲလိုက်တဲ့ အချိန်ကတော့ စောစောကပြောသလို ကျွန်တော်တို့နဲ့ ဘ၀တူ ရဲဘော်တချို့ ကွက်မြက် ခံခဲ့ရပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။



ကျွန်တော်တို့ ဇက်ပေါ်ကို တကယ်ဓါးဝဲခဲ့တဲ့ အတွေ့အကြုံအရ တိရိစ္ဆာန်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ကိုယ့်အသက် သေမှာတော ကြောက်ရှာမှာပဲလို့ ကိုယ်ချင်းစာမိလာတာလည်း ပါသလို၊ နေ့စဉ်အလုပ်ခွင် ထင်းထမ်း၊ ထင်းဖြတ်၊ ကျောက်ထု၊ ကျောက်သယ် လုပ်ကြရတိုင်း ရဲဘော်တွေ ကွက်မြက်ခံခဲ့ရတဲ့ အာသံကုန်း (နောင်အခါ ကိုထွန်းအောင်ကျော်ကုန်း) ဘေးက နေ့စဉ်ဖြတ်သွားလာရင်း စဉ်းစားမိတဲ့ အချက်တခုရှိပါတယ်။



ဗုဒ္ဓ ကျမ်းဂန်တခုမှာ ရဟန်းကြီးတပါးဟာ ပျံလွန်တော်မူချိန်မှာ မိမိရဲ့ သင်္ကန်းကို စွဲလန်းမိခဲ့လို့ သင်္ကန်းမှာ ကပ်ညိပြီး သန်းဂျီမ ဖြစ်ရရှာတဲ့ ဇာတကရှိပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေထဲက တချို့ဟာ ကျွန်တော်တို့ကို များနောက်ဆုံး အချိန်မှာ စိတ်မှာစွဲ သွားခဲ့သော်ဆိုတဲ့ အတွေးတခု ရလာပြီးတဲ့နောက် ဒီလိုအတွေးကို အချင်းချင်း ဝေငှပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ မိုးဗြဲဒယ်စစ်ဆင်ရေးကို တဖက်သတ်ရပ်ဆိုင်းပြီး သန်းကြွယ်သူဌေးတွေ ဘ၀မှာပဲ လူးရင်း လွန့်ရင်း ကြိတ်ခံကြတာ နွေ .. တနွေကုန်လို့၊ မိုးကူးပြီး မိုးသည်း ညတညမှာ ပါဂျောင်စခန်းက စွန့်ခွါ ထွက်ပြေးခဲ့တဲ့တိုင် အောင်ပါပဲ။



နောက်ဆုံး အလင်းဝင်ဘ၀နဲ့ ကြက်ခြေနီအဖွဲ့က ပေးတဲ့ အ၀တ်အစားသစ်တွေကို ပြောင်းလဲခွင့် ရချိန်မှာ သန်းဂျီးမတွေနဲ့ ကတ္တီပါ လမ်းခွဲပေါ့ခင်ဗျာ။ အမှန်တော့ ကိုခင်ဝမ်းရဲ့ နုတ်ဆက်ခဲ့ပါတယ် ဆိုတဲ့ သီချင်းလေးနဲ့ နုတ်ဆက်ချင်ပေမယ့် သန်းဂျီးမဆိုတာ့လည်း အနုပညာတွေဘာတွေ နားလည် ခံစားနိုင်မှာမဟုတ်တော့ မဆိုပြဖြစ်ခဲ့ တော့ပါဘူး။



တကယ်တွက်ကြည့်တော့ ဒီအိမ်မက်ဆိုးကြီး မက်ခဲ့တဲ့ သန်းကြွယ် သူဌေးဘ၀ဟာ ခုဆိုရင် နှစ်ပေါင်း နှစ်ဆယ် တင်းတင်း ပြည့်မြည်ခဲ့ပါပြီ။ လာမယ့် ၂၀၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ နိုင်ငံတော်လှန်ရေး တခုအတွက် မွန်မြတ်တဲ့ စိတ်နဲ့ စွန့်လွှတ် စွန့်စားမယ်ဆိုပြီး ထွက်လာခဲ့တဲ့ အထက်ဗမာပြည်က ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ၀င် ရဲဘော်တွေ ကွက်မြက်ခံခဲ့ရတာ နှစ်ပေါင်း နှစ်ဆယ်တင်းပြည့်ခဲ့ပါပြီ။



နိဒါန်းမှာ ဖေါ်ပြခဲ့သလို ဆရာမခက်မာရဲ့ သန်းတွေအကြောင်း ဖတ်ရတဲ့အခါ နှစ်ကာလများစွာက ကိုယ်ပေါ်မှာ ညပေါင်းများစွာ သန်းဂျီးမတွေ တွားသွားခဲ့တဲ့ နေရာတွေက ယားလာပါတယ်။ အခုတခါ ယားလာတာကတော့ သန်းဂျီးမတွေကြောင့် မဟုတ်ပါဘူး။



နိုင်ငံအတွက် စွန့်လွှတ်ရင်း အသက်ပေးခဲ့ရတဲ့ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ခေါင်းဆောင် ရဲဘော်ပေါင်း ၃၀ ကျော်ရဲ့ အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်လည်း သားကောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါလျက်နဲ့ နှောင်းလူတို့ သိဘို့ တစိုးတစိမှ မတို့ မထိခဲ့ပဲ၊ ရေငုံနေခဲ့တဲ့ မိမိကိုယ် မိမိကြည့်မိတဲ့ အခါ အပြစ်မကင်းသလို ခံစားရတဲ့ စိတ်က တရွရွ ကိုယ်ပေါ် ပြေးလွားနေတာမို့ တခါက တရွရွ ပြေးလွှားခဲ့ဘူးတဲ့ သန်းဂျီးမတွေ အကြောင်းကို ခုလို ချရေးမိတာ ဖြစ်ပါကြောင်း ၀န်ခံချက် ပေးပါတယ်။



တကယ်တော့လည်း အစ မထင် သံသရာအစဉ်က ကျွန်တော်တို့ ခန္ဓာမှာ ကပ်ညှိ လိုက်ပါ တွားသွားနေတဲ့ သာမာန်မျက်စိနဲ့ မမြင်သာတဲ့ သန်းဂျီးမတွေက အချိန်တိုင်းမှာ လိုက်ပါ ပြေးလွား ကိုက်ဖဲ့ သွေးစုတ်နေခဲ့တာက …

ဘ၀များစွာ၊

နှစ်များစွာ၊

လများစွာ၊

ရက်များစွာ၊

နာရီများစွာ ။

မိနစ်များစွာ၊ စက္ကန့်များစွာ မဟုတ်ပါလားခင်ဗျာ။



(ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များသို့ ဦးညွတ်လျက်)

ပန်းချီထိန်လင်း


Havel, hero of anti-communist revolution, has died

By KAREL JANICEK and WILLIAM J. KOLE | AP 
File - In this Oct. 15, 2009 file photo former Czech President Vaclav Havel is seen during a press conference on occasion of the 20th anniversary of the changes in Czechoslovakia and the fall of the Iron Curtain in Prague. Havel, the
 dissident playwright who wove theater into politics to peacefully bring down communism in Czechoslovakia and

 become a hero of the epic struggle that ended the Cold War, died Sunday Dec. 18, 2011 in Prague. He was 75. (AP Photo/Petr David Josek, File) 

File - In this Oct. 15, 2009 file photo former Czech President Vaclav Havel is seen …



FILE - President Vaclav Havel and his wife Dagmar wave to the crowd of well-wishers …
 
FILE - U.S. President Barack Obama, left, meets former Czech President Vaclav Havel, during a summit between the United States and the 27-member European Union in Prague, Czech Republic, in this April 5, 2009 file photo. Havel, the dissident
 playwright who wove theater into politics to peacefully

 bring down communism in Czechoslovakia and become a hero of the epic struggle that ended the Cold War, died Sunday Dec. 18, 2011 in Prague. He was 75. (AP Photo/Bela Szandelszky, File)
FILE - U.S. President Barack Obama, left, meets former Czech President Vaclav Havel, …
 
FILE - in this Dec. 10 2011 file photo Tibetan spiritual leader the Dalai Lama, left, hands a present to Czech ex-president Vaclav Havel, right, during their meeting in Prague, Saturday, Dec. 10, 2011. Havel, the dissident playwright
 who wove theater into politics to peacefully bring down communism in

 Czechoslovakia and become a hero of the epic struggle that ended the Cold War, died Sunday Dec. 18, 2011 in Prague. He was 75. (AP Photo,CTK/Katerina Sulova) SLOVAKIA OUT
FILE - in this Dec. 10 2011 file photo Tibetan spiritual leader the Dalai Lama, left, …

PRAGUE (AP) — Vaclav Havel wove theater into revolution, leading the charge to peacefully bring down communism in a regime he ridiculed as "Absurdistan" and proving the power of the people to overcome totalitarian rule.
Shy and bookish, with a wispy mustache and unkempt hair, the dissident playwright was an unlikely hero of Czechoslovakia's 1989 "Velvet Revolution" after four decades of suffocating repression — and of the epic struggle that ended the wider Cold War.

He was his country's first democratically elected president, leading it through the early challenges of democracy and its peaceful 1993 breakup into the Czech Republic and Slovakia, though his image suffered as his people discovered the difficulties of transforming their society.
A former chain-smoker who had a history of chronic respiratory problems dating back to his years in communist jails, Havel died Sunday morning at his weekend home in the northern Czech Republic, his assistant Sabina Tancevova said. His wife Dagmar and a nun who had been caring for him the last few months of his life were by his side, she said. He was 75.
"A great fighter for the freedom of nations and for democracy has died," said Lech Walesa, his fellow anti-communist activist who founded neighboring Poland's Solidarity movement. "His outstanding voice of wisdom will be missed."
Among his many honors were Sweden's prestigious Olof Palme Prize and the Presidential Medal of Freedom, the highest U.S. civilian award, bestowed on him by President George W. Bush for being "one of liberty's great heroes."
An avowed peacenik whose heroes included rockers such as Frank Zappa, he never quite shed his flower-child past and often signed his name with a small heart as a flourish.
"Truth and love must prevail over lies and hatred," Havel famously said. It became his revolutionary motto which he said he always strove to live by.
"It's interesting that I had an adventurous life, even though I am not an adventurer by nature. It was fate and history that caused my life to be adventurous rather than me as someone who seeks adventure," he once told Czech radio, in a typically modest comment.
Havel first made a name for himself after the 1968 Soviet-led invasion that crushed the Prague Spring reforms of Alexander Dubcek and other liberally minded communists in what was then Czechoslovakia.
Havel's plays were banned as hard-liners installed by Moscow snuffed out every whiff of rebellion. But he continued to write, producing a series of underground essays that stand with the work of Soviet dissident Andrei Sakharov as the most incisive and eloquent analyses of what communism did to society and the individual.
One of his best-known essays, "The Power of the Powerless" written in 1978, borrowed slyly from the immortal opening line of the mid-19th century Communist Manifesto, writing: "A specter is haunting eastern Europe: the specter of what in the West is called 'dissent.'"
In the essay, he dissected what he called the "dictatorship of ritual" — the ossified Soviet bloc system under Leonid Brezhnev — and imagined what happens when an ordinary greengrocer stops displaying communist slogans and begins "living in truth," rediscovering "his suppressed identity and dignity."
Havel knew that suppression firsthand.
Born Oct. 5, 1936, in Prague, the child of a wealthy family which lost extensive property to communist nationalization in 1948, Havel was denied a formal education, eventually earning a degree at night school and starting out in theater as a stagehand.
His political activism began in earnest in January 1977, when he co-authored the human rights manifesto Charter 77, and the cause drew widening attention in the West.
Havel was detained countless times and spent four years in communist jails. His letters from prison to his wife became one of his best-known works. "Letters to Olga" blended deep philosophy with a stream of stern advice to the spouse he saw as his mentor and best friend, and who tolerated his reputed philandering and other foibles.
The events of August 1988 — the 20th anniversary of the Warsaw Pact invasion — first suggested that Havel and his friends might one day replace the faceless apparatchiks who jailed them.
Thousands of mostly young people marched through central Prague, yelling Havel's name and that of the playwright's hero, Tomas Garrigue Masaryk, the philosopher who was Czechoslovakia's first president after it was founded in 1918.
Havel's arrest in January 1989 at another street protest and his subsequent trial generated anger at home and abroad. Pressure for change was so strong that the communists released him again in May.

That fall, communism began to collapse across Eastern Europe, and in November the Berlin Wall fell. Eight days later, communist police brutally broke up a demonstration by thousands of Prague students.

It was the signal that Havel and his country had awaited. Within 48 hours, a broad new opposition movement was founded, and a day later, hundreds of thousands of Czechs and Slovaks took to the streets.
In three heady weeks, communist rule was broken. Mick Jagger and the Rolling Stones arrived just as the Soviet army was leaving. Posters in Prague proclaimed: "The tanks are rolling out — the Stones are rolling in."

On Dec. 29, 1989, Havel was elected Czechoslovakia's president by the country's still-communist parliament. Three days later, he told the nation in a televised New Year's address: "Out of gifted and sovereign people, the regime made us little screws in a monstrously big, rattling and stinking machine."
Although he continued to be regarded a moral voice as he decried the shortcomings of his society under democracy, he eventually bent to the dictates of convention and power. His watchwords — "what the heart thinks, the tongue speaks" — had to be modified for day-to-day politics.

In July 1992, it became clear that the Czechoslovak federation was heading for a split. Considering it a personal failure, Havel resigned as president. But he remained popular and was elected president of the new Czech Republic uncontested.

He was small, but his presence and wit could fill a room. Even late in life, he retained a certain impishness and boyish grin, shifting easily from philosophy to jokes or plain old Prague gossip.
In December 1996, just 11 months after his first wife, Olga Havlova, died of cancer, he lost a third of his right lung during surgery to remove a 15-millimeter (half-inch) malignant tumor.
He gave up smoking and married Dagmar Veskrnova, a dashing actress almost 20 years his junior.
Holding a post of immense prestige but little power, Havel's attempts to reconcile rival politicians were considered by many as unconstitutional intrusions, and his pleas for political leaders to build a "civic society" based on respect, tolerance and individual responsibility went largely unanswered.
Media criticism, once unthinkable, became unrelenting. Serious newspapers questioned his political visions; tabloids focused mainly on his private life and his flashy second wife.

Havel left office in 2003, 10 years after Czechoslovakia broke up and just months before both nations joined the European Union. He was credited with laying the groundwork that brought his Czech Republic into the 27-nation bloc in 2004, and was president when it joined NATO in 1999.

Even out of office, the diminutive Havel remained a world figure. He was part of the "new Europe" — in the coinage of then-U.S. Defense Secretary Donald Rumsfeld — of ex-communist countries that stood up for the U.S. when the democracies of "old Europe" opposed the 2003 Iraq invasion.
Havel was nominated several times for the Nobel Peace Prize, and collected dozens of other accolades worldwide for his efforts as a global ambassador of conscience, defended the downtrodden from Darfur to Myanmar.

"He was among the hand full of true democratic champions, an artist more than a politician, but an ambassador of the human conscience above all," said former U.S. Secretary of State Madeleine Albright. "Amid the turbulence of modern Europe, his voice was the most consistent and compelling — endlessly searching for the best in himself and in each of us."
"I never imagined that I would have had the privilege of being his friend," she said.

In an October 2008 interview with The Associated Press, Havel rebuked Russia for invading Georgia two months earlier, and warned EU leaders against appeasing Moscow.
"We should not turn a blind eye ... It's a big test for the West," he said.
Havel also said he saw the global and European economic crisis as a warning not to abandon basic human values in the scramble to prosper.

"It's a warning against the idea that we understand the world, that we know how everything works," he told the AP in his office in Prague. The cramped work space was packed with his books, plays and rock memorabilia.
Havel himself acknowledged that his handling of domestic issues never matched his flair for foreign affairs. But when the Czech Republic joined NATO and the EU his dreams came true.
"I can't stop rejoicing that I live in this time and can participate in it," Havel exulted.

Early in 2008, Havel returned to his first love: the stage. He published a new play, "Leaving," about the struggles of a leader on his way out of office, and the work gained critical acclaim.

Theater, he told the AP, was once again his major interest.

"My return to the stage was not easy," he said. "It's not a common thing for someone to be involved in theater, become a president, and then go back."
 
(This version CORRECTS Corrects title of essay to "Power of the Powerless." Links video. This story is part of AP's general news and entertainment services. AP Video.)

  "ကင်ဂျုံအီးလ် အလွန် မြန်မာ- မြောက်ကိုရီးယား ဆက်ဆံရေး"
By လင်းသန့် on December 19, 2011 6:36 pm in သတင်း

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် ကွယ်လွန်သွားသည့် သတင်းကို မြောက်ကိုရီးယား အစိုးရ သတင်းဌာနက တရား ၀င် ကြေညာပြီးနောက်ပိုင်း နိုင်ငံတကာ တုံ့ပြန်မှုများ ရှိနေခဲ့သည်။

တောင်ကိုရီယား ဘတ်စ်ကား တစီးပေါ်တွင် ကင်ဂျုံအီးလ် သေဆုံးသည့် သတင်း တီဗီမှ ကြေညာနေသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)အမေရိကန် သမ္မတ အိမ်ဖြူတော်က ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်မှုနှင့် အမေရိကန်၏ မဟာမိတ်များ လုံခြုံရေးအတွက် အလေးပေး လုပ်ဆောင်စရာများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့ ပြောဆိုလိုက်သည်။

တရုတ်အစိုးရကလည်း ယခုကဲ့သို့ အာဏာရှင် မြောက်ကိုရီးယား ခေါင်းဆောင် ကွယ်လွန်သွားသည့်အတွက် ၀မ်းနည်းကြောင်း ပြောဆိုသည်။

နျူကလီးယား လက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယားနှင့် သံတမန်ရေးရာ အဆက်အသွယ်ရှိသည့် မြန်မာပြည်တွင်း၌လည်း ကင်ဂျုံအီးလ် သေဆုံးသည့် သတင်းကို အမျိုးမျိုး တုံ့ပြန် ပြောဆိုနေကြသည်။

ကင်ဂျုံအီးလ် ကွယ်လွန်သွားခြင်းအတွက် အာရှတိုက်၏လုံခြုံရေးကို ရိုက်ခတ်မှုဖြစ်လာနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးအဖွဲ့မှူး ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ပြောကြားသည်။

“အာရှရဲ့လုံခြုံရေးအထိပါ ဂယက်ရိုက်နိုင်တယ်လို့ ကျနော်တို့က ယူဆတယ်”ဟု ဦးဝင်းထိန်က ဧရာဝတီကိုပြောသည်။

ယခင်စစ်အစိုးရက မြောက်ကိုရီးယားနှင့် စစ်ရေးအရ လျှို့ဝှက် ဆက်ဆံမှုများ ရှိခဲ့သည့်အပေါ် နိုင်ငံတကာက စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခု အစိုးရအနေဖြင့် ကင်ဂျုံအီးလ် လွန် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ခန့်မှန်းရ ခက်ခဲကြောင်းလည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး မြောက်ကိုရီးယား သံအမတ်တာဝန် ထမ်းဆောင်ခဲ့သူ သခင်ချန်ထွန်းက မြန်မာနှင့် မြောက် ကိုရီးယား သည် ယခင်က နိုင်ငံရေးအရ ဆက်ဆံမှုသာရှိကြောင်း၊ အာဇာနည်ကုန်း ဗုံးခွဲမှု နောက်ပိုင်း မြန်မာဘက်က မြောက် ကိုရီုးယားနှင့် သံတမန်ဖြတ်တောက်ခဲ့ကြောင်း၊ မြောက်ကိုရီးယားက နျူကလီးယား ပိုင်ဆိုင်သည်ဟု သတင်းများကြောင့် မြန်မာ စစ်အစိုးရ လက်ထက်က နျူကလီးယားနှင့် ဒုံးကျည် နည်းပညာရယူလို၍ တိတ်တဆိတ် ပြန်လည်ဆက်သွယ်သည်ဟု သတင်းများ ကြား ရကြောင်း ပြောဆိုသည်။

“နောက်ပိုင်းလည်း သံတမန်ဆက်ဆံရေးအနေနဲ့ မြန်မာက ရှိနေဦးမှာပါပဲ။ မြန်မာက ဘက်မလိုက် နိုင်ငံခြားရေးမူကို ကျင့်သုံး တော့ အမေရိကန်ပဲဖြစ်ဖြစ်၊ တရုတ်ပဲ ဖြစ်ဖြစ်၊ မြောက်ကိုရီးယားပဲ ဖြစ်ဖြစ် သံရေး တမန်ရေးဆက်ဆံမှုက ဒီ အတိုင်းဆက်ရှိနေပါလိမ့်မယ်”ဟု သခင်ချန်ထွန်းက ဆိုသည်။

မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည် ၁၉၇၄ ခုနှစ်တွင် သံအမတ်ခန့်အပ်၍ ၂ နိုင်ငံဆက်ဆံရေးကို စတင်ခဲ့သည်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် ကိုယ်စားလှယ်အဖွဲ့ကို မြောက် ကိုရီး ယားမှ စေလွှတ်သည့် အထူးကွန်မန်ဒို ၃ ဦးက ဗုံးခွဲ လုပ်ကြံတိုက်ခိုက်ရာတွင် တောင်ကိုရီးယား ၀န်ကြီး ၄ ဦး အပါအ၀င် တာဝန် ရှိသူ ၁၇ ဦး နှင့် မြန်မာအစိုးရ အရာရှိများ စုစုပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီးနောက် သံတမန် အဆက်အသွယ်ကို မြန်မာဘက်က ဖြတ်တောက် ခဲ့ခြင်းဖြစ်သည်။ ထို အကြမ်းဖက် တိုက်ခိုက်မှုတွင် သမ္မတ ချန်ဒူးဝမ် အသက် မသေဘဲ လွတ်မြောက်သွားခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယားသည် ၂၀၀၇ ခုနှစ် ဧပြီလ မှ သံတမန် ဆက်ဆံရေး ပြန်လည် စတင်ကာ မြန်မာနိုင်ငံတွင် မြောက် ကိုရီးယား သံရုံးကို ဖွင့်ခဲ့သည်။

သံတမန် ဆက်ဆံရေး ပြတ်တောက်သည့် ကာလအတွင်း ယခင် စစ်အစိုးရ လက်ထက်တွင် လျှို့ဝှက် ဆက်သွယ်မှုများ ရှိခဲ့ သည်။ မြန်မာက မြောက်ကိုရီးယားထံမှ စစ်လက်နက် ပစ္စည်းအကူအညီနှင့် နည်းပညာရယူလိုသောကြောင့် ယင်းသို့ ဆက်သွယ် ခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ အတွင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဝေချွန်းကလည်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး သံတမန် ဆက်ဆံရေး ပိုမို တိုးမြှင့်ဆက်ဆံခဲ့သည်။

၂၀၀၇ ခုနှစ် သံတမန်ဆက်ဆံရေး ပြန်လည် စတင်ပြီးနောက်ပိုင်း ကင်ဂျုံအီးလ် ၏ မွေးနေ့ အထူးသတင်းများ၊ မြောက် ကိုရီးယား သံရုံး၏ သတင်းများကို မြန်မာစစ်အစိုးရက သတင်းစာများတွင် ဖော်ပြခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။

ခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ ကို လက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း ရေဒါနှင့် ကြားဖြတ်ပိတ်ဆို့မှုဌာနများ၊ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ်အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့်အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးကြောင်း လည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

မြန်မာ စစ်တပ်ခေါင်းဆောင် တဦးအနေဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီး ၂ နိုင်ငံ စစ်တပ်ပူးပေါင်း ဆောင်ရွက်ရေးများ လုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း က မကြာသေးခင်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

မြန်မာစစ်အစိုးရလက်ထက်က မြောက်ကိုရီးယား သင်္ဘောတချို့ ရန်ကုန် သီလ၀ါ ဆိပ်ကမ်းသို့ကပ်ခဲ့ပြီး မြောက်ကိုရီးယားမှ စစ်လက်နက်ပစ္စည်းများ တိတ်တဆိတ် ၀ယ်ယူခဲ့သည်ဟူသော စွပ်စွဲချက်များလည်း ပေါ်ထွက်ခဲ့သည်။

မကြာသေးမီ လများအတွင်းကလည်း တားမြစ်ထားသည့် လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာသည်ဟု သံသယ ဖြစ် ဖွယ် မြောက်ကိုရီးယား သင်္ဘော ၂ စီးကို အမေရိကန်ရေတပ်သင်္ဘောများက ပြန်လှည့်သွားစေခဲ့သည်။

၂၀၀၉ ခုနှစ်က မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့် အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခဲ့သည်။

ထိုဆုံးဖြတ်ချက်အရ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယား၏ မည်သည့် သင်္ဘော၊ လေယာဉ်များကိုမဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံ မကွေးတိုင်း အနောက်ခြမ်း မလွန်ဒေသနှင့် အလယ်ပိုင်း သပိတ်ကျင်းဒေသတို့ရှိ အမည်မသိစက်ရုံတွင် မြောက် ကိုရီးယား ပညာရှင်များနှင့် မြန်မာ စစ်တပ်တို့ လျှို့ဝှက် စီမံကိန်းများလုပ်ဆောင်နေသည်ဟူ၍လည်း သတင်း များ ထွက်ပေါ်ခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယား ပူးပေါင်း လျှို့ဝှက်လုပ်ဆောင်နေသည့် နျူကလီးယား ရည်မှန်းချက်များကို ၂၀၀၉ ခုနှစ်က မြန်မာစစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကလည်း ဖွင့်ချခဲ့သည်။

ယမန်နှစ်က ပေါက်ကြားခဲ့သော အမေရိကန် သံတမန် လျှို့ဝှက်ဆက်သွယ်မှုဆိုင်ရာ ၀ီကီလိခ် ကြေးနန်းတွင်လည်း မြန်မာ တောတွင်းရှိ စစ်တပ်အခြေစိုက်စခန်းများတွင် ရာနှင်ချီသော မြောက်ကိုးရီးယား နိုင်ငံသားများလာရောက် လုပ်ကိုင်နေသည်ကို အမေရိကန် သံတမန်များက ပြောဆိုထားမှုများပါဝင်ခဲ့သည်။

ကင်ဂျုံအီးလ် အသက် ၆၉ နှစ် သည် ပြီးခဲ့သည့် စနေနေ့ ကွယ်လွန်ခဲ့သည်။ ၎င်းသည် ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွေးဖွားခဲ့သည်။ မြောက် ကိုရီးယား အမျိုးသား ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ သားဖြစ်ပြီး ၁၉၉၄ ခုနှစ်က ဖခင်ကွယ်လွန်ပြီးနောက် မြောက်ကိုရီးယား နိုင်ငံတွင် အာဏာ အရှိဆုံးဖြစ်ခဲ့သည်။ ကင်ဂျုံအီးလ်သည် သားဖြစ်သူ ကင်ယုံအန်း အား သူ၏ အရိုက်အရာကို ဆက်ခံရန် မကြာသေးမီနှစ်ကတည်းက စီစဉ် ထားခဲ့သည်။

မြန်မာ အစိုးရကမူ ကင်ဂျုံအီးလ် ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး မည်သို့မျှ ထုတ်ပြန်ခြင်း မရှိသေးပေ။
L

  "မြန်မာ့ အကျင့်ပျက်ခြစားမှု ရှင်းတမ်း (အပိုင်း ၁)"
  • By လှမြင့် on December 19, 2011 4:30 pm in သူ့အတွေး သူ့အမြင်

    အကျင့်ပျက်ခြစားမှုဆိုတာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး အားနည်းပြီး အလုပ်မဖြစ်တာတွေကို ပြနေတာလို့ ဦးမြင့်ပြောတာကို ကျနော်သဘောတူပါတယ်။ ဒီလို အလုပ်မဖြစ်ရတာဟာ အစိုးရရဲ့ စီးပွားရေးမူဝါဒကြောင့်လို့ ကျနော်က ဆိုချင်တယ်။ တလက်စတည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့တွေ ဖွဲ့ပေမယ့် အကြောင်းရင်းကို ထုတ်ဖော်ကိုင်တွယ်မှု မလုပ်ရင် အကျိုးသက်ရောက်မှာ မဟုတ်လို့ သူပြောတာကိုလည်း သဘောတူပါတယ်။

    ဒေါက်တာ ဦးမြင့်နှင့် ဒေါက်တာ ဦးလှမြင့်ဒါ့ကြောင့် မဖွံ့ဖြိုးတဲ့နိုင်ငံတနိုင်ငံမှာ ဖြစ်တတ်တဲ့ ခြစားမှု ၂ မျိုး အကြောင်း ပြောချင်ပါတယ်။ (၁) လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုတွေကို ဖြစ်စေတဲ့ ချိနဲ့တဲ့တရားစီရင်ရေး၊ အစွမ်းမထက်တဲ့ အုပ်ချုပ်ရေး၊ မဖွံ့ဖြိုးတဲ့ လူ့ဘောင်အုတ်မြစ်တွေက ပေါက်ဖွားလာသူတွေနဲ့ (၂) အစိုးရပေါ်လစီကြောင့် နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ခွင့်တွေ ပိုရသွားသူတွေ အကြောင်းပါ။

    ပထမ အမျိုးအစားက လွယ်လွယ်နဲ့မပျောက်။ လာဘ်ပေးလာဘ်ယူ လုပ်တတ်တဲ့ အကျင့်ဆိုးကို ပြောင်းပစ်ဖို့နဲ့ ဝန်ထမ်းတွေ ဖူလုံဖို့ အချိန်ယူရမယ်။ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးလာအောင် အခြေခံကောင်းတွေ တည်ဆောက်ရပါလိမ့်မယ်။ ဒုတိယ အမျိုးအစားကတော့ မြန်မြန်ထက်ထက်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ နိုင်ငံ့စီးပွားကို လက်ဝါးကြီးအုပ်ထားတဲ့ ဗျူရိုကရေစီနဲ့ ကြိုးနီစနစ်ကို လျှော့ချပစ်ရုံပါပဲ။

    သို့သော် မြန်မာပြည်လို နိုင်ငံမျိုးမှာက စီးပွါးရေးမူဝါဒ ဖြေလျှော့ဖို့၊ ချုပ်ကိုင်မှု လျှော့ချဖို့ ဆိုတာ မလွယ်လှဘူး။ နိုင်ငံ့စီးပွားရေးမှာ တင်ပို့မှုစရိတ် (Transaction cost) တွေ လျှော့ပစ်ဖို့ဆိုတာ မလွယ်ဘူး။ ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အစိုးရက ဘာကြောင့် နှောင့်နှေးနေတာလဲဆိုတဲ့ မေးခွန်းပဲ မေးရတော့မယ်။

    နိုင်ငံလွတ်လပ်ရေးရပြီး အစောပိုင်းနှစ်တွေတုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မျှော်ကိုးတဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေး (Free trade)၊ တံခါးဖွင့် စီးပွားရေး (Open-door policy)၊ အစိုးရက ဝင်မစွက်တဲ့ Laissez-faire ကိုလိုနီစီးပွားရေးပုံစံကို နိုင်ငံခြားကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတော်က ထိန်းချုပ်မှုလုပ်၊ သွင်းကုန် အစားထိုးဖို့ နိုင်ငံပိုင် စက်ရုံတွေထောင်ရင် ဖွံ့ဖြိုးမှုမြန်မယ်ဆိုတဲ့ ယုံကြည်မှုက လွှမ်းမိုးခဲ့တာ လက်ခံနိုင်စရာပါ။ အခုခေတ်မှာ အဲဒီပုံစံက အလုပ်သိပ်မဖြစ်တာ အိမ်နီးချင်းနိုင်ငံတွေက နမူနာပြပြီးပါပြီ။ သူတို့ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့၊ နိုင်ငံခြားကို ထုတ်ကုန်တွေ ပို့နိုင်အောင် ဦးစားပေးတဲ့ ပေါ်လစီနောက်ကိုပဲ လိုက်ခဲ့ကြတယ်။

    ဆိုတော့ ပြုပြင်ပြောင်းလဲမှု ဘာကြောင့် အစိုးရက လက်နှေးနေရသလဲဆိုတာ ရှင်းပြဖို့ လက်ခံနိုင်စရာ အကြောင်းတွေရှိရမှာပေါ့။ ကျနော့်အမြင် မြန်မာလို သဘာဝ သယံဇာတ ချမ်းသာတဲ့ နိုင်ငံမျိုးမှာ နှေးကွေးမှုဟာ သယံဇာတ ကြွယ်ဝမှုကြောင့်လို့ပဲ ထင်ပါတယ်။ လက်ခံနိုင်စရာ မဟုတ်တဲ့ စီးပွားရေးပေါ်လစီကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတော်ငွေစာရင်း ရှင်းတမ်းကွာဟချက် ပြဿနာ (Balance of payments problems) တွေကို ရှောင်လွှဲဖို့ နိုင်ငံဟာ သယံဇာတတွေ ရောင်းလို့ရတဲ့ နိုင်ငံခြားဝင်ငွေကို သုံးရတော့တယ်။ ငွေစာရင်းပြဿနာပေါ်တိုင်း ပြုပြင်ရေး ရှေးရှုစေမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သို့မဟုတ် နိုင်ငံခြားအစိုးရတွေဆီက တည်ငြိမ်မှုထိန်း ချေးငွေကို ယူမယ့်အစား သယံဇာတ ရောင်းရငွေကို အစားထိုးသုံးဖို့ပဲ လုပ်လာတော့တယ်။ မြန်မာနိုင်ငံလို စစ်အရာရှိကြီးတွေက နိုင်ငံရဲ့ သယံဇာတတွေကို ကိုယ်ပိုင်သဖွယ် အသုံးပြုခွင့်ရှိတဲ့ နိုင်ငံမှာ ပိုနေမြဲ ကြားနေမြဲ (Status quo) က သူတို့အတွက် အင်မတန်ကို အကျိုးအမြတ် ဖြစ်စေပါတယ်။ ပြုပြင်ပြောင်းလဲလို့ ပြဿနာတွေကို ရင်ဆိုင်မယ့်အစား ငြိမ်ငြိမ်နေတာ သူတို့ပိုလိုလားပါတယ်။

    ဒီနေရာမှာ သယံဇာတ ချမ်းသာကြွယ်ဝမှု (Rich endowment of natural resources)၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ နိုင်ငံရေးစိတ်ဓာတ် ကင်းမဲ့မှု (Lack of political will to undertake economic reforms) နဲ့ အကျင့်ပျက်ခြစားမှု (Corruption) တို့ ဆက်စပ်နွယ်ငင်နေတာကို ကျနော်တို့ တွေ့ရပါပြီ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နောက်ခံ Context ထဲ ဒီဆက်နွယ်မှုကို ဆက်ခြေရာခံဖို့  ဦးမြင့် အိုင်ဒီယာကို ဆက်သုံးကြစို့ရယ်။

    သူ့ရဲ့ အထက် (High level) က ခြစားမှုနဲ့ အောက်ခြေ (Low level) က ခြစားမှု ဆိုတာနဲ့ စကြတာပေါ့။ အထက်က ခြစားမှုဆိုတာ ဩဇာအာဏာကြောင့် အခွင့်ထူးခံရပြီး ကြွယ်ဝနေတဲ့ နိုင်ငံရေး ထိပ်ဆုံးတန်းက သူတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့ခြစားမှုဟာ လစာဝင်ငွေ နည်းတာကြောင့် မဟုတ်ပါ။ လစာဝင်ငွေနည်းတဲ့ စာရေးစာချီ အစိုးရဝန်ထမ်းတွေကတော့ ငွေကြေးဖောင်းပွမှု (Inflation) ကြောင့် လူနေမှုစရိတ် မကာမိရာက  အကျင့်ပျက် လာဘ်စားရတာလို့ ဖြေလေ့ရှိပါတယ်။ အထက်က ခြစားမှုနဲ့ ပတ်သတ်လို့ နိုင်ငံတော်ဆိုင်ရာ စီးပွားရေး အငှားချထားမှု (Economic rent) သို့မဟုတ် ပါမစ်ချပေး စီးပွားရေး (လက်မှတ်ထိုးရင် ငွေဖြစ်တဲ့ စီးပွားရေး သဘောမျိုး၊ လူ့ဘောင်သစ် ကိုဇော်မင်းကတော့ ဘောပင်စီးပွားရေးလို့ ရေးဖူး) တို့ ဆက်စပ်ပုံ နောက်မှာဆွေးနွေးပါမယ်။
    အခုတော့ လစာတိုးပေးလို့ အောက်ခြေခြစားမှု ပျောက်သွားမှာမဟုတ်လို့ ပြောကြတာကို ထောက်ခံ ဆွေးနွေးပါရစေ။ တကယ်တော့ လစာအစစ်အမှန် (Real wages) တိုးသွားတာ မဟုတ်ဘဲ ဂဏန်းတွေ ပုံပျက် မြင့်တက်သွားတာပါ။ လစာ အစစ်အမှန် တိုးသွားရင်တောင် လာဘ်ယူလို့ ရသေးတဲ့အထိ လာဘ်ယူကြဦးမှာမို့ ဒီဟာက ရပ်သွားမယ်လို့ ကျနော်မထင်ပါ။ တကယ်က အောက်ခြေခြစားမှု လျော့သွားဖို့ဆို ငွေဖောင်းပွမှု ထိန်းဖို့၊ လူနေမှုစရိတ်ကြီးစေတဲ့ ကုန်တွေ တင်သွင်းမှု လျှော့ချဖို့နဲ့ လာဘ်ယူတာတွေ ကျဆင်းသွားစေမယ့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်မှုတွေ တပြိုင်တည်း လုပ်ဖို့လိုပါတယ်။

    ဦးမြင့်ဆွေးနွေးတဲ့ ခြစားပုံ ၃ မျိုးကို ဆက်ဆွေးနွေးပါ့မယ်။ (၁) အရိုးစွဲနေတဲ့ အကျင့်ပျက် ခြစားမှု (“Systemic” corruption)။ ဒါက တိုင်းပြည်ရဲ့ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအပိုင်းတွေမှာသာမက လူတွေရဲ့ အကျင့်စရိုက်ထဲအထိ လှိုက်စားနေလို့ ခြစားမှုဟာ ဘဝနေနည်းပါ ဖြစ်လာတယ်။ (၂) စနစ်တကျ ကြံစည်ထားတဲ့ အကျင့်ပျက် ခြစားမှု (Well-organized system of corruption)။ စီးပွားရေးသမားတွေက ဘယ်သူ့ ဘယ်လောက်ပေးရင် ဘာပြန်ရမယ်ဆိုတာ သိသလို အစိုးရအရာရှိတွေဘက်ကလည်း ရေရှည် စို့စို့ပို့ပို့ စားရအောင် လုပ်တယ်။ ရွှေဥဥနေတဲ့ ငန်းကိုမွေးထားသလိုပေါ့။ (၃) ကျီးကန်းတောင်းမှောက် ခြစားမှု (Chaotic corruption)။ ပေးမယ့်သူက ဘယ်သူ့ ဘယ်လောက်ပေးရမလဲ၊ ဘယ်လောက်ပြန်ရမလဲ မသိသလို ယူတဲ့သူကလည်း “နေပူတုန်း မြက်လှန်း” သိမ်းကြုံးယူပါတယ်။ အဲဒီအခြေအနေမှာ ငန်းဟာ စိတ်ရှုပ်သွားပြီး ရွှေဥ ပုံမှန်ဥဖို့ ခက်သွားတယ်လို့ ဦးမြင့်က ဆိုခဲ့တယ်။

    စိတ်ဝင်စားစရာ မေးခွန်းတွေ ကျနော့်ခေါင်းထဲ ပေါ်လာတယ်။ အကျင့်ပျက်ခြစားတာ မြန်မာမှ မဟုတ်ပါ၊ အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းတို့၊ အိန္ဒိယတို့လည်း ထိုနည်းလည်းကောင်းပါပဲ။  အိန္ဒိယဆို တလောလေးက အကျင့်ပျက် ခြစားမှုဆန့်ကျင်ရေး အစာငတ်ခံ ဆန္ဒပြတာတွေတောင် ဖြစ်သွားသေး။ ဒါပေမယ့် ဒီနိုင်ငံတွေ တိုးတက်မှုနှုန်း ကောင်းနေပြီး ကိုယ်တွေနိုင်ငံက ဘာကြောင့် ဖွံ့ဖြိုးမှုနှုန်း နည်းရသတုန်း (အစိုးရရဲ့ တရားဝင်နှုန်းကို စာရွက်ပေါ်မှာပဲ ထားလိုက်ပါ)။

    ကျနော့်အတွက်တော့ နိုင်ငံတနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မူဝါဒနဲ့ လုပ်ဆောင်ချက်ကောင်းတွေ ရှိနေရင် စနစ်တကျ ကြံစည် ခြစားမှု (Organized corruption) ကို အတိုင်းအတာတခုအထိ သည်းခံနိုင်တယ်လို့ မြင်တယ်။ သို့သော် ဒီဟာက အလားအလာ အပြည့်ရှိတဲ့ ဖွံ့ဖြိုးမှု (Full potential growth) ကို ပိတ်ဆို့ထားသလိုဖြစ်နေပြီး ဖွံ့ဖြိုးမှုနှုန်းကိုပါ ဆွဲချနေတာက အမှန်ပါပဲ။ အလားအလာ အပြည့်ရှိတဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်း (Full potential growth path) နဲ့ နိမ့်ကျနေတဲ့ဖွံ့ဖြိုးမှုလမ်းကြောင်း (Lower growth path) ကြားက ကွာဟချက်ဟာ အကျင့်ပျက် ခြစားမှုတန်ဖိုး (Costs of corruption) ပါပဲ။ ဒီဟာက အကြမ်းအားဖြင့် ဥပမာပြရရင် ထိုင်းနိုင်ငံပေါ့။

    စင်ကာပူကတော့ အင်မတန် ထူးခြားတဲ့ ဥပမာဖြစ်တယ်။ အကျင့်ပျက်မှုကို တိုက်ဖျက်ရာမှာ နာမည်ကောင်းရပြီး ဖွံ့ဖြိုးမှုကိုလည်း အရှေ့တောင်အာရှမှာ အမြင့်ဆုံးရောက်အောင် ထိန်းထားနိုင်တယ်။ နိုင်ငံသေးသော်ငြား သယံဇာတမရှိဘဲ ထောင်တက်လာနိုင်ခဲ့တဲ့ သူ့အောင်မြင်မှုဟာ အတုယူစရာပါ။ သဘာဝသယံဇာတ ခေါင်းပါးတော့ အကျင့်ပျက်မှုကို တိုက်ဖျက်ရမှာ တာဝန်ဖြစ်လာတယ်။ ဒါမှ နိုင်ငံကို အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်သွယ်ရေးမှာ ကုန်တင်ကုန်ချလုပ်နေတဲ့ သင်္ဘောတွေ မကြန့်ကြာရအောင်၊ တင်ပို့မှုစရိတ်တွေ လျှော့ချနိုင်တဲ့ အကောက်ခွန်မဲ့ ဆိပ်ကမ်းကြီး (Entrepôt) အဖြစ် ချဲ့ထွင်တည်ဆောက်နိုင်မှာ ဖြစ်လို့ပဲ။ မြန်မာပြည်ကတော့ ဒီဥပမာနဲ့ ဆန့်ကျင်ဘက်ပဲ။

    မြန်မာပြည်မှာ ကျီးကန်းတောင်းမှောက် ခြစားမှု စတာ လွတ်လပ်ရေးရအပြီး စီးပွားရေးကို နိုင်ငံတော်က စထိန်းချုပ်ကတည်းကပါ။ စီးပွားရေးထိန်းချုပ်မှု ပိုကြာလာ၊ ပိုတင်းကျပ်လာတာနဲ့အမျှ ခြစားမှု ပိုကျယ်ပြန့် နက်ရှိုင်းလာပါတယ်။ လူတွေလည်း အကျင့်ပျက်လာတော့တာပါပဲ။ ကိုလိုနီခေတ်မှာတုန်းက မြန်မာ့ရွှေဥဟာ ဆန်နိုင်ငံခြားတင်ပို့မှုက လာပါတယ်။ ဆန်တင်ပို့မှုမှာ မြန်မာဟာ ပထမ၊ ဆန်နိုင်ငံခြားတင်ပို့မှုက တိုင်းပြည်ဖွံ့ဖြိုးမှုရဲ့ အဓိကမောင်းနှင်အားပါ။ လွတ်လပ်ရေးရအပြီး ဆန်စပါးလုပ်ငန်း အစိုးရချုပ်ကိုင်မှုအောက်ရောက်၊ အဲဒီချုပ်ကိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ခြစားမှုတွေက ရွှေဥ ဥပေးနေတဲ့ငန်းရဲ့ လည်မျိုကို ညှစ်သတ်ခဲ့ပါတော့တယ်။

    ပေါ်ပြူလာဖြစ်ခဲ့တဲ့ အကြောင်းပြချက်က နိုင်ငံခြားသားပိုင် ဆန်စက်တွေက ကိုယ်စားလှယ်ပွဲစားတွေရဲ့ လယ်သမားတွေအပေါ် အမြတ်ထုတ်တာ ကာကွယ်ဖို့လို့ဆိုတယ်။ တကယ့်အကြောင်းက အစိုးရဝင်ငွေ မြှင့်ဖို့ပါ။ ဒီကဏ္ဍက ဝင်ငွေဟာ အစိုးရအသုံးစရိတ်ကို ပြည့်မီရုံမက စီးပွားဖွံ့ဖြိုးမှုစီမံကိန်းတွေကို ငွေကြေး မ တည်နိုင်တဲ့ထိပါ။ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ စီးပွားရေး တိုးတက်မှုနှုန်းမြှင့်ဖို့ စိုက်ပျိုးရေးကဏ္ဍပိုငွေကို နှုတ် (Extraction of the “agricultural surplus”)၊ နိုင်ငံပိုင် စက်မှုထုတ်ကုန် လုပ်ငန်းတွေကို ပံ့ပိုး (Subsidize the state-owned manufacturing industries) ဆိုတဲ့ သီအိုရီကို အခြေခံခဲ့ပါတယ်။ ဒီလိုနဲ့ လယ်ယာစိုက်ပျိုးမှု ရောင်းဝယ်ရေး ဘုတ်အဖွဲ့ရဲ့လက်ထဲ နိုင်ငံတကာ ပေါက်ဈေးထက် လယ်သမားတွေကို ဈေးနှိမ်ပေးနိုင်တဲ့ လက်ဝါးကြီးအုပ် အာဏာရောက်လာခဲ့တယ်။

    ၁၉၆၃ မှာတော့ စိုက်ပျိုးရေးကဏ္ဏပိုငွေကို ထပ်ထွက်လာအောင် လုပ်ပြန်ပါတယ်။ အဲဒါက လယ်သမားတွေကို အစိုးရက တာဝန်ကျေစပါး သတ်မှတ်ပြီး ပြည်တွင်းပေါက်ဈေးထက် နှိမ်ဝယ်တယ် (ပြည်တွင်းပေါက်ဈေးက နိုင်ငံတကာ ပေါက်ဈေးထက် နိမ့်အောင် ဈေးသတ်မှတ်ထားပြီးသား)။ တာဝန်ကျေစပါးကို ဝန်ထမ်းတွေနဲ့ စက်ရုံအလုပ်ရုံက အလုပ်သမားတွေအတွက် ခွဲတမ်းပေးပါတယ်။ ဒါမှလည်း လူနေမှုစရိတ်မြင့်မားမှုကို အလုပ်သမားတွေ ထေမိမယ်။ ဆန္ဒပြမှုကို ရှောင်နိုင်မယ် မဟုတ်လား။

    ဒီလုပ်ထုံးလုပ်နည်းတွေက အကျင့်ပျက်ခြစားမှုကို တသီကြီးဖြစ်စေတော့တယ်။ (၁) အစိုးရဟာ လက်ဝါးကြီးအုပ် ဝယ်သူဖြစ်တာမို့ စပါးပေါ်ချိန်မှာ ဒိုင်တွေဖွင့်ပြီး ဝယ်ရတယ်။ ဒိုင်တွေမှာ ယာယီခန့် စာရေးတွေက ဆန်ကုန်သွယ်ရေးမှာ အတွေ့အကြုံလည်းမရှိ၊ နားလည်းမလည်။ အဲဒီတော့ လယ်ထဲကနေ အဝယ်ဒိုင်ထိရောက်အောင် တိုင်းတာချိန်တွယ်ရာမှာ အလေအလွင့်နဲ့ အချိန်ကြာတာတွေဖြစ်တဲ့အပြင် လာဘ်ပေးလာဘ်ယူမူတွေကို ဖြစ်ပွားစေတယ်။ မရိုးသားတဲ့ လယ်သမားတွေကလည်း စာရေးတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး အထွက်နှုန်းပိုရအောင် ရေဖြန်းတာတို့၊ သဲခဲရောတာတို့ လုပ်ကြတယ်။ (၂) ယာယီဂိုဒေါင် သိုလှောင်မှုကလည်း သက်ကယ်မိုး၊ ဝါးထရံဆိုတော့ သူခိုးအားပေး ဖြစ်နေပြန်ပြီး မီးလောင်လည်းလွယ်လို့ အပျောက်အဆုံးစာရင်းပြရ ကောင်းပါတယ်။ (၃) တာဝန်ကျေစပါး ဝယ်ယူရေး၊ ဆန်ခွဲတမ်းဖြန့်ဖြူးရေးကို တာဝန်ယူကြတဲ့ အရာရှိတွေ ခြစားမှုကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတော့ သတိပေး အရေးယူတာလောက် အပျော့ပေါ့။

    အဲဒီ ခြစားမှုတွေအပြင် လယ်သမားတွေအတွက် ဘာမက်လုံးမှ မပေးတဲ့ အစိုးရရဲ့မူဝါဒကြောင့် မြန်မာ့ဆန် နိုင်ငံခြားတင်ပို့မှုဟာ ပုံမှန်ကျဆင်းနေရာက ၁၉၉၇-၉၈မှာ ကျပ်ငွေ ၃၈ သန်းပဲ ဝင်တော့တဲ့ထိ အနိမ့်ဆုံး ထိုးဆင်းခဲ့တယ်လို့ မြတ်သိန်းက သူ့ရဲ့ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု (Economic Development of Myanmar) စာအုပ်မှာ ရေးခဲ့တယ်။ ဆန်တင်ပို့မှုထိုးကျတော့ နိုင်ငံခြားအရံငွေတွေ အလျင်အမြန် ခမ်းလာမယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။ The River of Lost Footsteps: A Personal History of Burma ကို ရေးတဲ့ သမိုင်းဆရာ သန့်မြင့်ဦးက “၁၉၈၈ နှစ် နှောင်းပိုင်းလများတွင် နိုင်ငံခြားအရံငွေ မရှိသလောက် ခမ်းပြီ။ စစ်တပ် ဆက်ရပ်တည်ရေး လောင်စာ၊ အပိုပစ္စည်းနဲ့ လက်နက်ဝယ်နိုင်ရေး ငွေမာလိုသည်။ နိုင်ငံခြားအကြွေး ၆ ဘီလီယံ ဒေါ်လာ ဆပ်ရမည့်အပြင် နိုင်ငံတော်ဝန်ဆောင်စရိတ် တနှစ် ဒေါ်လာ ၂ သန်းကျော်လိုသည်” လို့ ရေးပါတယ်။

    ဒီအခြေအနေမှာ တခြားနိုင်ငံ တနိုင်ငံဆို IMF မှာ တည်ငြိမ်ရေးရန်ပုံငွေ ချေးမယ်။ ရန်ပုံငွေနဲ့ တွဲပါလာတဲ့ ပုံမှန် လုပ်စရာရှိတာတွေကို လုပ်မယ်။ လုပ်ရမှာတွေက နိုင်ငံခြားကုန်သွယ်မှု ထိန်းချုပ်ထားတာ ဖယ်ပစ်၊ ငွေလဲလှယ်မှုနှုန်း အဆမတန် မြှင့်ထားတာ ပြင်၊ ငွေဖောင်းပွမှု ထိန်းချုပ်ဖို့နဲ့ အစိုးရဘတ်ဂျက် လိုငွေပြနေတာ လျှော့ဖို့ ငွေကြေးနဲ့ ဘဏ္ဍာအခွန် စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်ဖို့ပါပဲ။ မြန်မာပြည် အဲဒါတွေလုပ်ပြီး စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲရင်၊ ထိန်းချုပ်မှုတွေ လျှော့ပစ်ရင် အကျင့်ပျက် ခြစားမှုနည်းလာမယ်။ ဆန်တင်ပို့မှုလုပ်ငန်း ခေါင်းပြန်ထောင်လာမယ်။

    သို့သော် မြန်မာပြည်ဟာ သယံဇာတတွေကိုပဲ အားကိုးနေခဲ့တယ်။ ထိုင်းနိုင်ငံရေးသမားတယောက်နဲ့ ညှိပြီး သစ်တွေကို ထိုင်းကုမ္ပဏီတွေဆီ ရောင်းစားတယ်။ မတန်မရာဈေးနဲ့ ခုတ်သွားခဲ့တဲ့ သစ်တောကြီးတွေရဲ့ တန်ဖိုးဟာ နိုင်ငံခြားအရံငွေ လိုနေတာကို ဖြည့်တော့ပေးခဲ့တာပေါ့။ ဒါပေမယ့် ဒီ ကတိုက်ကရိုက်တန်ဖိုးဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်တဲ့ တကယ်လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ရှောင်လွှဲဖို့သာ ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ဆီ မကူးပြောင်းနိုင်ခဲ့ဘဲ ဖြစ်သလို မျောနေခဲ့တယ်။ နိုင်ငံတော်ငွေစာရင်း ပြဿနာကလည်း နာတာရှည်ဖြစ်ခဲ့တာ သဘာဝဓာတ်ငွေ့တွေ့ပြီး နိုင်ငံခြားပို့ရလို့ ခံသာသွားတယ်။ ၂၀၀၂-၂၀၀၃ မှာ ကုန်သွယ်မှု ပိုငွေပြလာရာက ဆက်ထိန်းထားနိုင်နေပါပြီ။

    ကျနော့်ဆောင်းပါး အဆုံးမှာ အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေး ပါမစ် အငှားချမှု ဆက်စပ်ပုံကို ဆွေးနွေးတဲ့အခါ ကြီးထွားလာတဲ့ သဘာဝဓာတ်ငွေ့ နိုင်ငံခြားတင်ပို့မှုက ခြစားမှုကို ပိုကြီးလာစေကြောင်း ပြောပါ့မယ်။ အခုတော့ မြန်မာပြည်မှာ အလွန်အရေးပါတဲ့ ခြစားမှုတခုအကြောင်း ဆွေးနွေးချင်ပါတယ်။ ဦးမြင့်ကလည်း ဒီအကြောင်း ဆွေးနွေးထားပါတယ်။ မှောင်ခိုဈေးကွက် (Black market) နဲ့ ယူဂျီစီးပွားရေး (Underground economy) တို့ ကျယ်ပြန့်လာတဲ့အကြောင်းပါ။  

    (ဆက်ရန်)

 

No comments: