Thursday, December 15, 2011

Today NEWS ယနေ့ သတင်းစဉ်

  • 4:09pm Dec 1
  • နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က သာဓုကျောင်းတိုက် ရွှေညာဝါဆရာတော် ဦးပညာသီဟကို ကျောင်းတိုက်ကနေထုတ်ဖယ်ဖို့ စီစဉ်နေတဲ့အပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်ဒီအဖွဲ့ဝင်တွေက ၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကို အသနားခံစာတင်ဖို့ စီစဉ်နေကြတယ် လို့သိရပါတယ်။
    ဒီအစီအစဉ်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့က ဒီကနေ့မနက်ပိုင်းမှာပဲ အစည်းဝေးထိုင်ပြီး အခုလိုဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်

    ဒီအစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ
့ ဆရာတော်ရဲ့ ဒကာဒကာမတွေကလည်း ပါဝင်လက်မှတ်ရေးထိုးကြမယ်လို့သိရပါတယ်။
    ဒီနေ့နေ့လည် ၁၂ နာရီကျော်လောက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနဲ့ ဒေါ်မေ၀င်းမြင့်တို့ ဟာ ရွှေည၀ါဆရာတော် ဦးပညာသီဟကို လာရောက်တွေ့ဆုံသွားခဲ့ပါတယ်။
    နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က အခုလိုထုတ်ပြန်လိုက်တဲ့အပေါ် ရွှေညဝါဆရာတော် ဦးပညာသီဟရဲ့ လက်ရင်းဆရာဖြစ်တဲ့ ဗန်မော်ဆရာတော်ရွှေညဝါ ဆရာတော် မထွက်ခွာရစေရန် ရဟန်းတော်များ၊ဒကာ၊ဒကာမတွေက စုပေါင်း၍ အသနားခံ တောင်းပန်လျှောက်ထားလွှာ ထောက်ခံချက် လက်မှတ်များခေါင်းစဉ်ဖြင့် သာဓု ပရိယတ္တိစာသင်တိုက်မှာရှိတဲ့ ရဟန်းတော်၊ကြည့်မြင်တိုင်မြို့
    နယ်မှာရှိတဲ့ ရပ်ကွက်သူ၊ရပ်ကွက်သားများ စုစုပေါင်း လူဦးရေ ၅၀၀ ကျော်စုပေါင်း၍ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ အသနားခံ တောင်းပန်လျှောက်ထားလွှာ ထောက်ခံချက်စာရွက်များကို မ.ဟ.န ဆရာတော်များအပါအဝင် ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယကအဖွဲ့ နှင့် သက်ဆိုင်ရာ ဌာနများကို ပေးပို့မယ်လို့ သိရပါတယ်။ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က အခုလိုထုတ်ပြန်လိုက်တဲ့အပေါ် ရွှေညဝါဆရာတော် ဦးပညာသီဟရဲ့ လက်ရင်းဆရာဖြစ်တဲ့ ဗန်မော်ဆရာတော်ကလည်း ဒီကနေ့မှာ သာဓုကျောင်းတိုက်ကို လာရောက်ဖို့ရှိတယ်ဆိုပေမယ့် လာရောက်ခြင်းမရှိခဲ့ဘူး။
  • ------------------------------
  •  
  • 2:01pm Dec 15
  • ဒီကနေ့ နေပြည်တော်က ကြားရတဲ့ သတင်းတပုဒ်က။ သန်းရွေမိသားစုဟာ လက်ရှိအစိုးရကို ဆက်လက်ချုပ်ကိုင်ထားတယ်ဆိုတဲ့ သတင်းနဲ့။ (၂၀၁၀) အတွင်းက အမေစုကို နေအိမ်အကျယ်ချုပ်ကနေ ပြန်မလွတ်ခင်မှာ ခင်ညွန့်နဲ့ ပတ်သက်တဲ့ သတင်းတပုဒ် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့လာတာ အားလုံးသတိထားမိကြမယ်ထင်ပါတယ်။ အဲ့ဒီလို ဘာကြောင့်လုပ်တာလဲဆိုရင် သန်းရွေးက ခင်ညွန့်ကို ပါတီထောင်ပြီး (NLD)ကို ယှဉ်ပြိုင်ခိုင်းဖို့ စည်းရုံးတယ်လို့သိရပါတယ်။... သူ့ရဲ့ စည်းရုံးပုံက အမေစုဟာ ပြန်လွတ်လာရင် နိုင်ငံရေး ဆက်လုပ်မှာသေချာတယ် အဲ့ဒီလို ဆက်လုပ်ရင်ဖွဲ့စည်းပုံထဲမှာ အကာအကွယ်အနေနဲ့ ထည့်ထားတဲ့ နိုင်ငံတော်က အပြစ်ဒဏ်ကျခံဖူးသူတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်မပြုဆိုတဲ့ အပိုဒ်နဲ့ အခြားသောအပိုဒ်တွေကို အမေစုလွတ်လာရင် ဖျတ်သိမ်းပေးဖို့ သေချာပေါက်တောင်းဆိုလိမ့်မယ်။ အဲ့ဒီလို တောင်းဆိုလာရင် သူတို့အနေနဲ့ ဖျတ်သိမ်းပေးမယ်။ အဲ့ဒီလို ဖျတ်သိမ်းပြီးနောက်မှာ နိုင်/ကျဉ်းတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ မင်းတို့အဖွဲ့တွေကိုပါ ပြန်လွတ်ပေးမယ်။ အဲ့ဒီလိုပြန်လွတ်အပြီးမှာ မင်းအနေနဲ့ ပါတီတခု ထူထောင်ပြီး ရှေ့ဆက်လုပ်ဆောင်ရမယ်။ အဲ့ဒီလိုလုပ်ဆောင်ဖို့အတွက် သူ့အနေနဲ့ အစစအရာရာ ပြင်ဆင်ပေးထားမှာဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များအနေနဲ့ ပြည်ခိုင်ဖြိုး ပါတီရဲ့ ဦးတည်ချက်တွေနဲ့ အာဏာရယူခဲ့သူတွေရဲ့ အသက်အိုးအိမ်ကို အကာအကွယ်ပေးရမယ်ဆိုတဲ့ကတိတွေ တောင်းခဲ့တယ်လို့ သိရပါတယ်။ ဆက်လက် စုံစမ်းပါအုံးမယ်။ ခင်ညွန်ကို ထုတ်သုံးလိမ့်မယ်လို့ ကျွန်တော်ယူစနေပါတယ်။ ဒါပေမဲ့ အမေစုကို ထောက်ခံတဲ့ အင်အားက ဆက်လက်ခိုင်မာနေတော့ သန်းရွေအနေနဲ့ ရှေ့ဆက်တိုးဖို့ နဲနဲ တွန့်နေပုံရတယ်ဗျ။
  •  အီးမေးထဲရောက်လာတဲ့ စာတစောင်ပါ။
    ပေးပို့သူက သူ့စာကို ကျေးဇူးပြုပြီး forward မလုပ်ပါနဲ့တဲ့။
    ဒါကြောင့် forward မလုပ်ပါ။ ဆီလျှော်အောင် မြန်မာမှုပြုပြီး ရှယ် ပေးလိုက်ပါတယ်။

    အရှိကို အရှိအတိုင်းဖော်ပြခြင်းဖြစ်သည့်အတွက် သတင်းမှားခြင်း မှန်ခြင်း တာဝန်ယူမည်မဟုတ်ပါ။

    (သားဆွေ)

    ------------------------------
    --

    ဂျပုကျော်ဆန်းက ပြည်ပမဒီယာက လူတချို့ ကို ဗမာပြည်လာဖို့ ဖိတ်ခေါ်ထားတယ်ကြားပါတယ်။ VOA ဗမာပိုင်းအစီအစဉ်အရာရှိကတော့ ဗမာပြည်ထဲရောက်နေပြီးပါပြီ။ BBC နဲ့ RFA ကိုတော့ ဖိတ်ခေါ်ထားတယ်လို့ မကြားမိသေးပါ။


    ဧရာဝတီက အောင်ဇော်က ၂၀၁၂ ခုနှစ်၊ ၁ ရက်နေ့မှာ ဗမာပြည်ကိုလာပါလိမ့်မယ်။ သူက Czech Republic ကထုတ်ပေးထားတဲ့ Travel document ကိုင်ထားသူဖြစ်ပါတယ်။ DVB က ကိုအေးချမ်းနိုင်လည်း ဗမာပြည်ကို လာဖို့ရှိကြောင်း သိရပါတယ်။ ဘယ်တော့လဲဆိုတာ မသိရသေးပါ။ ချင်းမိုင်အခြေစိုက် SHAN News agency က ဦးခွန်ဆိုင်း၊ မဇ္ဈိမက ကိုစိုးမြင့် တို့ကို ပြန်ကြားရေးဝန်ကြီး (ဆိုသူ) ကျော်ဆန်းက ဖိတ်ခေါ်ကမ်းလှမ်း ထားပါ တယ်တဲ့။


    အောင်နိုင်ဦး လည်း နောက်နှစ်လလောက်အတွင်းမှာ ဗမာပြည်ကို လာဖို့ရှိပါတယ်တဲ့။ ဗဟု အုပ်စုက ရန်ကုန်မှာ ရုံးခွဲဖွင့်ပြီးပါပြီ၊ မကြာမှီ တင်မောင်သန်း ရုံးထိုင်ဖို့ ရှိပါတယ်တဲ့။
  •  ------------------------------
  • အရင်အချိုး- ချိုးလာတဲ့လုပ်ရပ်ကို သတိထားဖို့လိုပါလာတယ်..။
    သွေးတိုးစမ်းတဲ့သဘောနဲ့ ဒါကာ- ဒါကာမတွေနဲ့ ပြည်သူတွေမခံနိုင်ရင်
    လမ်းပေါ်တက် ဆန္ဒပြမှုတွေလုပ်ရင်....၂၀၀၈ ဖွဲ့ စည်းပုံကိုကိုင်ပြီး
    အာဏာပြန်သိမ်းမယ့် သဘောထားလား....။ ပြုပြင်ပြောင်းလဲမှုတွေ
    လုပ်နေချိန်မှာ ဒီလိုဖြစ်ရပ်က သတိထားဖို့လိုလာပါတယ်။ ကချင်
    ... ဘက်မှာလည်း သမ္မတအမိန့်နဲ့ ထိုးစစ်ဆင်နေတာရပ်ခိုင်းတာ မရပ်ပဲ
    ဆိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတာတွေဟာ....အပြောင်းလဲကို
    မလိုချင်တဲ့ စစ်အုပ်စုက တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေတာလား..။
    စဉ်းစားရင်း ခေါင်းစားလာတယ်....ကျိန်သေတာတခုက ရွှေညဝါဆရာ
    တော်ကို အခုလိုမလုပ်သင့်တာ သေချာတယ်။ 
  • ------------------------------
  • တရုတ်သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ

  • By မသင်းသီရိ



  • မြန်မာအစိုးရကို ကျောထောက်နောက်ခံ ပေးထားတယ်လို့ အများက မြင်နေကြတဲ့ တရုတ်နိုင်ငံက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ ဆက်ဆံမှုတွေ စတင်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံမှာ အစိုးရက အပြောင်းအလဲတွေ လုပ်လာခဲ့ပြီးနောက် နိုင်ငံတကာ သံတမန် ဆက်ဆံရေးမှာလည်း  ပြောင်းလဲလာနေတဲ့ အခြေအနေတွေကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

    မြန်မာအစိုးရရဲ့ အဓိကမဟာမိတ် နိုင်ငံတခုအဖြစ် ယုံကြည်ထားကြတဲ့ တရုတ်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ခပ်ကင်းကင်း နေလာတာဖြစ်ပေမဲ့ အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး ခေါင်းဆောင်တဦးနဲ့ပါ တွေ့ဆုံလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျုံဝှာ
    (Li Junhua) နဲ့ ပြီးခဲ့တဲ့ တပတ်အတွင်း ရန်ကုန်မြို့မှာ တွေ့ဆုံ ဖြစ်တာကတော့ ဒေါ်အောင်ဆန်းစုကြည် ဖက်က ထပ်တလဲလဲ တောင်းဆိုနေတဲ့အတွက် တွေ့ဆုံခဲ့တာလို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ လျူ ဝေမင်း (Liu Weimin) က ဒီကနေ့ပဲ ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

    "ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်နေတာကို အခါပေါင်းများစွာ ပြောဖူးပါတယ်၊ သူ့ရဲ့ မေတ္တာရပ်ခံချက်ကို တုန့်ပြန်တဲ့ အနေနဲ့ တရုတ်သံအမတ်ကြီး  သွားတွေ့ခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား အမြင်တွေကို နားထောင်ခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ ၂ နိုင်ငံကြား မဟာဗျူဟာကျတဲ့ အပြည့်အ၀ ဆက်ဆံရေးမျိုး ထားရှိဖို့ သန္နိဓာန် ချထားတာဖြစ်သလို၊ မြန်မာနိုင်ငံက လူမှုရေး၊ စီးပွားရေး တိုးတက်အောင် လူတွေဘ၀ သာယာဝပြောအောင် ကြိုးပမ်းမှုတွေဟာ အင်မတန် အရေးကြီးတာကို တရုတ်နိုင်ငံက လက်ခံထားတယ်၊ နိုင်ငံတခုရဲ့ အရေးကို ၀င်မစွက်ဖက်ရေး မူဝါဒအပေါ် အခြေခံပြီး၊ ၂ နိုင်ငံစလုံးက လူထုအတွက် ပိုမိုအကျိုးများစေဖို့ တရုတ်-မြန်မာ ဆက်ဆံရေးမှာ သက်ဆိုင်ရာ လူမှု အသိုင်းအ၀န်းက အားလုံးနဲ့ တရုတ်နိုင်ငံက ထိတွေ့ဆက်ဆံနေတာ ဖြစ်ပါတယ်။"

    ပြီးခဲ့တဲ့ ဒီဇင်ဘာ (၈) ရက်နေ့ က တရုပ်သံအမတ်ကြီးနဲ့  အတူ ဒုတိယ အတွင်းဝန်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည် ၃ နာရီကနေ   ညနေ ၄ နာရီကျော်ထိ ၁ နာရီကျော် တွေဆုံခဲ့ပါတယ်။ ကနဦး ၂ ဦး ၂ ဖက် ဆက်ဆံရေး တွေရင်းနှီးလာစေဖို့ အတွက် အခုလို တွေ့ဆုံကြတာပါလို့လည်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က  ဦးခွန်သာမြင့်ကပြောပါတယ်။

    "ပထမတော့ တယောက်နဲ့တယောက် ရင်းနှီးဖို့ပါပဲ၊ တယောက်သဘော တယောက်သိဖို့ပါ။ အခုဟာက ဒီကြားထဲမှာ အနှစ် ၂၀ ကျော်က တရုပ်နဲ့ ကျနော်တို့ကြားထဲမှာ ပွင့်လင်းတဲ့ နားလည်မှု မရှိဘူးပေါ့။ အဲဒါအတွက် ပထမဆုံး အဆင့်အနေနဲ့ လာတွေ့တာပါ။ တယောက်နဲ့တယောက် နားလည်မှု အများကြီး ရပါတယ်။"

    NLD ပါတီက ဦးခွန်သာမြင့်ပါ။

    လာမယ့် သတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် မဲခေါင် မြစ်ဝှမ်းနိုင်ငံများ အစည်းအဝေးကို တက်ဖို့ နိုင်ငံတော်ကောင်စီဝင် ဒိုင် ဘင်ဂေါင်း (Dai Bingguo)  လာရောက်မှာ ဖြစ်ပါတယ်။ ဒီလို တရုတ်အဆင့်မြင့် အရာရှိတွေ မြန်မာနိုင်ငံကို လာစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ မတွေ့ ခုချိန်ထိ မသိရသေးပေမယ့် တရုတ်ဖက်က ပြောင်းလဲလာတဲ့  ဆက်ဆံရေးတွေကြောင့်ရော လက်ရှိ အမေရိကန် မြန်မာ ဆက်ဆံရေးတွေကြောင့်ပါ တရုတ် ခေါင်းဆောင်တွေဟာ အစိုးရနဲ့ေ တွ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံနိုင်ခြေ ရှိနိုင်တယ်လို့လည်း မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ကြတာရှိပါတယ်။

    တခါ ဒီကနေ့ ဗဟန်းရွေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးချုပ်မှာ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဥရေပသမဂ္ဂ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အကြံပေး Mr. Robert Cooper နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေရော  CRPP အဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့အရေး အခြေအနေတွေ ပြောဆိုဖြစ်ခဲ့တယ်လို့ NLD ပါတီက ပြောခွင့်ရသူ   ဦးဥာဏ်ဝင်းက ပြောပါတယ်။

    "မနက်၁၀နာရီက ကျနော်တို့အဖွဲ့ချုပ် ရွေဂုံတိုင်ရုံးမှာပါ။ CRPP အဖွဲ့တွေကလည်း သူတို့ရဲ့ အခက်အခဲ၊ သူတို့ပါတီတွေ ဘာကြောင့် မှတ်ပုံပြန်မတင်ဖြစ်သေးတယ် ဆိုတာရယ် ဘာကြောင့် ဆိုတဲ့နေရာမှာ ဥပမာ ရှမ်းဆိုရင် ခွန်ထွန်းဦးတို့၊ စိုင်းညွန့်လွင်တို့ အခုထိ မလွတ်မြောက်သေးတဲ့ အတွက် သူတို့အနေနဲ့ ခေါင်းဆောင်တွေ မရှိလို့ မှတ်ပုံမတင်ရသေးဘူး ဆိုတဲ့အကြောင်း။ နောက်တခုကတော့ စီးပွားရေးကိစ္စတွေ ဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ IMF ကိစ္စတွေ၊ IMF တို့ဘာတို့နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းတွေ ဆွေးနွေးတာပါ။ မစ္စတာ Cooper က အရင်လည်း တခေါက် လာဖူးပါတယ်။ သူတို့ကတော့ မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် ရွေးကောက်ပွဲကိစ္စ၊ လွတ်လပ်ဖို့နဲ့ Secret Voting နဲ့ Monitoring တွေရှိရင် ကောင်းမယ်ဆိုတဲ့ သဘောတွေ ဆွေးနွေးပါတယ်။"

    NLD ပါတီပြောခွင့်ရသူ   ဦးဥာဏ်ဝင်းပါ။

    ဒါ့အပြင် မစ္စတာ Cooper က နိုင်ငံတော်သမ္မတနဲ့ရော  အစိုးရအဖွဲ့ဝင် တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ဆွေးနွေးတဲ့အကြောင်း အရာတချို့ကို ရှင်းပြခဲ့တယ်လိုလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

    တခါ လာမယ့် ဇန်န၀ါရီလဆန်းပိုင်းထဲ  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟေ့ဂ် (William Hague) လည်း မြန်မာနိုင်ငံကို  လာရောက်ဖို့ရှိပါတယ်။ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ အာရှခရီးစဉ်ကို အဆုံးသတ်သွားတဲ့ အမေရိကန်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Drek Mitchell ကတော့ သူတရုတ်နိုင်ငံကိုရောက်စဉ်အတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ရေးတွေ၊ ဆက်ဆံရေးတွေ တိုးမြင့်လာတယ်ဆိုပေမယ့် တရုတ်နိုင်ငံကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိကြောင်းပြောခဲ့ပါတယ်။ အမေရိကန်အနေနဲ့ တရုတ် မြန်မာဆက်ဆံရေးမှာ အနှုတ်လက္ခဏာပြဖို့ မလိုလာဘူးလို့ ဘေဂျင်းမြို့တော်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။
  •  
  • ------------------------------
  • တယ်ဟုတ်ပါလား၊ကြည့်ရချည်သေးရဲ့နော်..:D
  • ကာယအလှမယ်များ ပြိုင်ပွဲတွင် အင်္ကျီလက်ပြတ်နှင့် ဘောင်းဘီတိုဖြင့် ယှဉ်ပြိုင်နိုင်တော့မည် popularmyanmar.com
  • ကာယအလှမယ်များ ပြိုင်ပွဲတွင် အင်္ကျီလက်ပြတ်နှင့် ဘောင်းဘီတိုဖြင့် ယှဉ်ပြိုင်နိုင်တော့မည်
  •  -----------------------------
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးနဲ့ ဒေါက်တာဒေါ်မေ၀င်းမြင့် ရွှေည၀ါဆရာတော် ဦးပညာသီဟကို လာရောက်တွေ့ဆုံ (ရုပ်သံ)

  • ------------------------------
  • ယနေ့ သတင်းစဉ်
  •  
  • ရွှေညဝါဆရာတော်အား လူဝတ်မလဲရေး နာယကဆရာတော်ကြီးများ လက်မှတ်ထိုးတင်ပြမည် click
    - ရွှေညဝါဆရာ​တော် ဖိအား​ပေး​ခံရသည့်​ကိစ္စ ​ဒေါ်​အောင်ဆန်း​စုကြည် စိုး​ရိမ်
    click
    - လာဖမ်းရင် လိုက်ဖို့ အဆင်သင့်ဟု ရွှေညဝါဆရာတော် မိန့်ကြား
    click
    - ပြဿနာရပ်များကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ရွှေညဝါဆရာတော် လိုလား
    click
    - ရွှေညဝါဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန် မဟန ညွှန်ကြား
    click
    - ရွှေညဝါဆရာတော်မှ လာရောက်စုဝေးနေကြသော ပရိသတ်များကို မိန့်ကြားခဲ့ပုံ (အသံ)
    click
    - ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ညွှန်ကြားစာနှင့် ပတ်သတ်၍ ကိုကိုကြီး (စမ်းချောင်း) ကို ဆက်သွယ်မေးမြန်းချက် (အသံ)
    click
    - သာဓုပရိယတ္တိစာသင်တိုက်၏ ထူးခြားမှုများကို ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) နှင့် မေးမြန်းချက် (အသံ)
    click
    - သံဃာ့မဟာနာယကဆိုတာ ဘာလဲ (ဆောင်းပါး)
    click
    - အစိုးရစစ်ရဟတ်ယာဉ်များ ရှေ့တန်းစခန်းများသို့ လက်နက်နှင့်ရိက္ခာ ပေးပို့
    click
    - မိမိနယ်မြေထဲ မြန်မာလက်နက်ကြီး ကျသော်လည်း တရုတ် နှုတ်ဆိတ်နေ
    click
    - အပစ်ရပ်ဖို့ အမိန့်ထုတ်ပေမယ့် သေနတ်သံမတိတ်သေး
    click
    - ၁ လနီးပါးအရွယ် ကလေးငယ်၏ မိခင်ကို မြန်မာစစ်တပ် ဓားဖြင့် ထိုးသတ်
    click
    - ဒေသခံလူထု လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်ခံနေရ
    click
    - ကချင်စစ်​ပြေး​ဒုက္ခသည်များ​ ကျန်း​မာ​ရေး​အ​ခြေအ​နေ ဆိုး​ရွား
    click
    - အစိုးရအကူအညီအပေါ် သံသယဖြင့် ကြိုဆို
    click
    - ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အဖွဲ့သစ်ထပ်ဖွဲ့
    click
    - မြောက်ပိုင်း SSA တောင်းဆိုချက် အစိုးရလိုက်လျောမှု မရှိသေး
    click
    - အစိုးရနဲ့ ဒီကေဘီအေ အပစ်အခတ်ရပ်စဲဖို့ သဘောတူ (ရုပ်သံ)
    click
    - ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​နယ်​မြေ​နေ ​ဒေသခံများ​ သတင်း​စာရှင်း​လင်း​ပွဲလုပ်
    click
    - လုပ်သက်ရပိုင်ခွင့်​အတွက် အလုပ်သမား​တချို့ ဆက်လက်​တောင်း​ဆို
    click
    - စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာကေရှမ်မူဂမ်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (ရုပ်သံသတင်း)
    click
    - တရုတ်သံအမတ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
    click
    - ကြားဖြတ်ရွေးကောက်ပွဲ မှတ်ပုံတင် NLD ခေါင်းဆောင်များ၏ အမည်စာရင်း ၁၉ ရက်နေ့တွင် ထုတ်ပြန်မည်
    click
    - NLD ရွေးကောက်ပွဲဝင်မည်ကို ကြံ့ဖွံ့ စိုးရိမ်
    click
    - သူရဦးရွှေမန်းကို ဖိအားပေးရန် အိန္ဒိယတွင် တိုက်တွန်း
    click
    - မြန်မာအစိုးရ၀န်ကြီး ၂၀ အိန္ဒိယသို့ လည်ပတ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြ
    click

    - ကရင်နှစ်ပါတီ နာမည် အငြင်းပွားဖွယ်ရှိ
    click
    - မွန်ပါတီနှစ်ခု ပေါင်းစည်းရေး မွန်သံဃာတော်များနှင့် မွန်ပြည်သူများ ထောက်ခံ
    click
    - မြန်မာနိုင်ငံတွင် ဘိန်း​စိုက်ပျိုး​ထုတ်လုပ်မှု မြင့်​တက်
    click
    - မြန်မာပြည်မှ တိုးတက်မှုတခု
    click

    - စောအယ်လ်စိုးတန်ထူးနှင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ နိုင်ငံရေးစကား ပြောဖြစ်ခြင်း (ဆွေးနွေးခန်း)
    click
    - ထိုင်းက စွမ်းအင်ကဏ္ဍအတွက် မြန်မာနှင့် ဆွေးနွေးမည်
    click
    - မလေးသွားတဲ့ ခိုးလှေနစ်၊ လူအများအပြား သေဆုံးဖွယ်ရှိ
    click
    - ပြည်ထွက်ခွင့် (Departure stamp) တံဆိပ် ခတ်နှိပ်ရန် တိုးမြှင့်တောင်းခံ
    click
    - စစ်တွေ-ရန်ကုန်ကားလမ်း ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ပိုမိုဆိုးရွားလာ
    click
    - သက်ထောင်မှာ ကာဖျူးထုတ်ပြန်ပြီ
    click
    - ရန်ကုန်မြို့လယ်တွင် နိုင်ငံခြားငွေ လဲလှယ်လိုသူများကို ပွဲစားများ အဖွဲ့လိုက် လိမ်လည်နေ
    click
    - ရာသီဥတု​ပြောင်း​လဲခြင်း​ ကုလညီလာခံမှာ ဂိမ်း​ကစား​သလို ​ပြောဆို​ဆွေး​နွေး​ခဲ့​ကြဟု ဆို
    click
    - ပင ဆားဈေးနှုန်းများ ကျသဖြင့် ဆားလုပ်ငန်းရှင်များ အရှုံးပေါ်
    click
    - ရွှေယူပေးလို့ ဒေါ်လာ သောင်းဂဏန်း
    click

    - မဲခေါင်မြစ်ဝှမ်း ကင်းလှည့်မှုသည် ထိုင်းအချုပ်အခြာအာဏာအား ထိပါး
    click
    - မှော်နဲ့ စုန်းအတတ် လိုက်စားသူ အမျိုးသမီး ဆော်ဒီတွင် ခေါင်းဖြတ်ခံရ
    click

  • -----------------------------

No comments: