Tuesday, December 27, 2011

Breaking News


ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ 03B မုန်တိုင်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်လာပြီး (၃-၁၂-၂၀၁၁)ရက် ညနေပိုင်းမှာ အိန္ဒိယ နိုင်ငံ တောင်ပိုင်း အရှေ့ဖက် ကမ်းခြေကို Chennai မြို့အနီးမှ ဖြတ်ကျော်ကာ ကုန်းတွင်းကို ၀င်ရောက် လိမ့်မယ်လို့ခန့်မှန်းရ ပါတယ်။ (၂၇-၁၂-၂၀၁၁ ရန်ကုန်၊ နံနက် ၀၆း၂၈ နာရီ)

ကြိုတင်ကာကွယ်မှုသာ အားနည်းခဲ့ရင် အိန္ဒိယနိုင်ငံအတွက်
အသေအပျောက်အပျက်အစီး ကြီးမားနိုင်တဲ့
မုန်တိုင်းကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
03B မုန်တိုင်းကို တဖြည်းဖြည်း ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုငးကြိးတစ်ခုဖြစ်လာပြီးတဲ့နောက် (၃၀-၁၂-၂၀၁၁)ရက် နေ့ညနေပိုင်းအချိန်မှာ အိန၁ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို Chennai မြို့အနီးက ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အနေအထားကတော့ အန္တရာယ်အလါန်ကြိးမားတဲ့ အခြေအနေပါပဲ။ ဒှီလိုအင်အားနဲ့သာဖြတ်ခဲံရင်သေချာပေါက် မုန်တိုင်းဒီရေက တက်တော့မှာပဲ။ အသေအပျောက်တွေကိုလည်း စိတ်မချမ်းမြေ့စရာ ကြားရတော့မျာပါပဲ။
ဒီနေရာမှာ တကယ်ဆိုရင် ကြိုတင်ကာကွယ်မှုပဲလိုပါတယ်.။
အချိန်(၃)ရက်အနည်းဆုံးရပါတယ်။
အိန္ဒိယပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ကြပါစေ။
ကျါန်တော်တို့အတွက်ကတော့ ဒီမုန်တိုင်းနောက်(၃)ရက်အတွင်း လမ်းကြောင်းပြောင်းကာ အရှေ့မြောက်ဖက်ကိုပြန်ကွေ့မလာပါစေနဲ့။
ဒါကိုတော့ သတိထားပြီးစောင့်ကြည့်နေဖို့လိုပါတယ်။
ကျါန်တော်ကတော့ နောက်တစ်နာရီဆိုရင် ခရီးစထွက်ရပါဦးမယ်။  ၂၇-၁၂-၂၀၁၁ ရက်နေ့မျာ စစ်ကိုင်းတိုင်း ထန်းတစ်ပင်၊ဇီးကုန်း၊ (၂၉-၁၂-၂၀၁၁)ရက်နေ့မှာ မကွေး ဟောပြောပွဲရှိနေပါတယ်။ ရောက်တဲ့နေရာက ကြိုးစားပြီး သတင်းတွေထုတ်ပြန်ပေးသွားပါ့မယ်။ လက်ကိုင်ဖုံး ၀၉-၅၀-၉၉၉-၂၀ ကိုလိုအပ်ရင် ဆက်သွယ်နိုင်ကြပါတယ်။
မိဘပြည်သူများ သဘ၀ဘေးမှ ကင်းဝေးနိုင်ကြပါစေ။
မောင်ထွန်းလွင်(မိုးလေ၀သ)

No comments: