လူငယ်ကွန်ယက် နှင့် ဗမာပြည်နိုင်ငံရေး အပြောင်းအလဲ

လူငယ်လူမှုကွန်ယက်တွေ စတင်ဖေါ်ဆောင်နေခဲ့တာ ကောင်းမွန်တဲ့ အခြေအနေတစ်ခုထိရောက်လာနေပြီလို့ပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်စုကြည် ၏ ဦးဆောင်မှုကြောင့် သာ ဒီအခြေအနေထိရောက်လာခဲ့တာပါ။ ဒီ ကွန်ယက်တွေကနေ ဘာတွေလုပ်နိုင်သလဲ၊ ဗမာပြည် နိုင်ငံရေးကို ဒီမိုကရေးစီ ရေစီးကြောင်းပေါ်ဘယ်အခြေအနေထိဆွဲတင်သွားမလဲ၊ ဘယ်လောက်ထိပြောင်လဲအောင်လုပ်နိုင်မလဲ ... မလဲဆိုတဲ့မေးခွန်တွေအပြင် ဘာလိုအဖွဲ့အစည်းမျိုးလည်ဆိုတာကအစ မေးလာနေကြပါတယ်။
ပြည်တွင်း နဲ့ ပြည်ပမှာ အချိပ်အဆက်တွေ ပိုလို့ လုပ်ဆောင်နေတဲ့ အခြေအနေလည်ဖြစ်ပေါ်လာနေပါတယ်။

လက်ရှိအနေအထားကတော့ အားလုံးက မျော်မှန်ထားတာထက်ပိုပြီး ကွန်ယက်ကို ဦးဆောင်ဖွဲ့စည်းခြင်းဟာ အချိန်တိုအတွင်းမှာ တိုးတက်များပြားလာနေပါတယ်။ အခြားတစ်ဖက်မှာ လည် အမှန်တကယ်လိုအပ်တဲ့ ကွန်ယက်ဖွဲ့ စည်းမှုပုံစံ နဲ့ စနစ်ကျမှုကအစ အရေးပါတဲ့လုပ်ဆောင်ချက်ကိုသာ အကောင်အထည်ဖေါ်မိဖို့ကို အာရုံစိုက်မှု နည်းနေသေးတာကို တွေ့ရပါတယ်။

ကွန်ယက်ကို ဖွဲ့ပြီးလို့ အချင်ချင်း ဆက်သွယ်မှုရရုံနဲ့ မပြီးပါဘူး။ ကွန်ယက်လုပ်ရှာမှု နဲ့ စနစ်ကျတဲ့ လည်ပတ်မှုတွေဖြစ်ပေါ်လာအောင် အချင်ချင်းတိုင်တိုင်ပင်ပင်ဆောင်ရွက်ကြဖို့ လိုအပ်နေပါတယ်။ ပိုလို့ ကျစ်လစ်ခိုင်မာအောင် ကြိုစားလာကြဖို့လိုပါတယ်။ လူမှုရေးကိစ္စတွေ လုပ်ရင်က နာလည်မှု၊ ယုံကြည်မှု တည်ဆောက်ကာ ကွန်ယက်နည်းစနစ်အတွက် ဖွဲ့စည်းမှုခိုင်မာအောင် လိုအပ်သလို ပြုပြင်ပြောင်လဲခြင်တွေလုပ်သင့်ပါတယ်။

နိုင်ငံရေးအသွားအလာကို နည်းမှန်လမ်းမှန် ပိုမိုသိရှိပြီး စနစ်တကျမျှဝေဖို့လည်လိုအပ်နေပါတယ်။ မလိုအပ်တဲ့ဆောင်ရွက်ချက်တွေနည်းနိုင်သမျှနည်းအောင် ဂရုစိုက်လုပ်ဆောင်သင့်ပါတယ်။ ကွန်ယက်အပေါ်မှာ ယုံကြည်ချက်ကို အပြည့်အ၀ထား နိုင်အောင်ကြိုးစားကြပါ။

လက်ရှိမိမိနဲ့ ဆက်သွယ်နေတဲ့ ကွန်ယက်အဆက်အသွယ်အပြင် အခြားပိုလိုခိုင်မာတဲ့ ကွန်ယက်တွေဆီကိုလည် ရှာဖွေချိပ်ဆက်ထားဖို့လိုပါတယ်။ အချို့သော အဖွဲ့အစည်းတွေက နိုင်ငံရေး နဲ့ လူမှုရေးမှာ အမှန်တကယ် စွမ်းဆောင်နိုင်တဲ့ ကွန်ယက်လှုရှာသူတွေကိုသာ ကြိုဆိုမှာပါ။ သာမာန်လုပ်ဆောင်ချက်တွေကို ပုံမှန်လုပ်ကိုင်နေရုံနဲ့ ကိစ္စမပြီနိုင်ပါ။ ဒီအပြင် ကွန်ယက်ရဲ့ အားနည်းတဲ့အပိုင်ကို မိမိဖာသာ ဆွဲယူသွားသလိုဖြစ်နေပါလိမ့်မယ်။

ကွန်ယက်ရဲ့ အားကောင်းတဲ့ အခြေအနေမှာရှိတဲ့ အဖွဲ့အစည်းတွေက သာ ကွန်ယက်လှုရှာမှုကိုထိထိရောက်ရောက် နဲ့ ဒီမိုကရေးစီ နိုင်ငံရေး အတွက် အမှန်တကယ် တိုတက်အောင်လုပ်လာနိုင်ပါလိမ့်မယ်။ အားကောင်းတဲ့ကွန်ယက်စနစ်ကို အကောင်ဆုံးကြိုးစားဖေါ်ဆောင်ကြပါ။

၁၇၊၂၊၂၀၁၁



The Impact of People's Tribunals: Reflecting on the International Tribunal on Crimes against Women of Burma


When:             12:30-2pm, March 3, 2011
 
Where:            519 YRT, York University
                  Toronto
Organized by the Centre for Refugee Studies and the York Centre for Asian Research, York University

Please visit www.cc4fb.org to find out detail and the Programme.


I hope many of you will be able to attend the above mentioned anniversary panel discussion at York University, Toronto to mark the first anniversary of the International Tribunal on Crimes against Women of Burma which convened in New York.
The anniversary panel will bring together organizers of the International Tribunal on Crimes against Women of Burma, members of the Burmese community, and scholars to reflect on the achievements of the Tribunal and of the larger "people's tribunal" phenomenon.




Htay Tint
ကောင်းကင်မှာ အပြာသွေး ထွေးညိုနေတဲ့  ဂွမ်းသားဆိုင်
စိတ်အစဉ်ကို ခရီးနှင်ကြည့်လိုက်တော့
အစက ထွက်လာတဲ့  နေရာလည်း အဆုံးပါဘဲလား
အော် သံသရာဆိုတာများလား
တပတ်လည်တယ်ပြောပြော နှစ်ပတ်လည်တယ်ဆိုဆို
အစကနေရာကို တနေ့ ပြန်ရောက်နေတယ် ။
အို တော်လှန်ေ၇း ခရီးသည်ကြီး
အရင်က ရဲရဲတောက် သွေးအနီတွေ ကာလတွေ ရှည်ကြာလို့ 
ဝါဒ ကာလာတွေ ရောလိုက်လို့ အပြာတွေ ဖြစ်ကုန်ပြီ။
စည်းစိမ်တွေအောက်မှာ သွေးအပြာဘဝနဲ့ 
တမေ့တမောအိပ်မိခဲ့တယ် ။
ဦးလေးကြီး ထတော့လေတဲ့ 
ငါ့နှလုံးသားငါ့ရင်ပတ် တခါးကို
သာသာလေး ခေါက်လိုက်တဲ့ အသံ
ငါ့ဘဝင်မှာ ဗဟို စည်ကြီး တီးလိုက်သလို
ရိုက်ခတ်လိုက်ပြီ ။
ကျွန်တော်တို့ စစ်အစိုးရကို ဆန္ဒပြပြီး ပြန်လာတာတဲ့
ကြည့်လိုက်တော့
လက်တောက်လောက်လေး အမွေးတောင်စုံရဲ့ လား
သားတို့ သမီးတို့ ရယ် ။
ဒီအရွယ်က ပညာသင်ရမဲ့ အရွယ်
ငါတို့ တုံးကလို စာသင်ခန်းကို
ခံတပ်လုပ်အာဏာရှင်ကို တော်လှန်ကြပြန်ပြီ။
ငါ့ရဲ့ ရင်မှာ လှိုင်းတွေ ဖြစ်ခဲ့တယ် ။
ငါ့ရဲ့ သွေးတွေ ဆူဝေခဲ့တယ် ။
သားအရွယ် သမီးအရွယ်မို့ 
သားတို့ သမီးတို့ 
မင်းတို့ ရဲ့  အားမာန်ကို
ကောင်းကင်မှာ မြင်နေရပြီ ။
အပြာရောင်ထဲမှာ ရဲရင့်တဲ့  သွေးတွေ
ကောင်းကင်ထဲက သွေးမုန်တိုင်း
skyblood ဆိုပါလား




German TV STATION ARD Interview with Daw Su (part_ 1)
Daw Su with ARD-1 [HQ]German TV STATION ARD Interview with Daw Su (part_ 1)




German TV STATION ARD Interview with Daw Su (part_ 2)
Daw Su with ARD 2 [HQ] German TV STATION ARD Interview with Daw Su (part_ 2)
Posted: 16 Feb 2011 06:45 PM PST
ကိုဖြိုးဝေအောင်ကို ဖေဖေါ်ဝါရီလ ၄ ရက်ကတည်းက အင်းစိန်ထောင် စစ်ခွေးတိုက်မှာတိုက်ပိတ်ထားတာကြောင့် မိသားစုနဲ့တွေ့ခွင့်မပေးနိုင်ဘူးလို့ ဖေဖေါ်ဝါရီ ၇ ရက်ကထောင်ဝင်စာတွေ့ဖို့သွားတဲ့ဇနီးသည်ကို ထောင်အာဏာပိုင်တွေကပြောလိုက်တာပါ။ ဘယ်လိုအပြစ်ကြောင့် ခုလိုလုပ်ထားတယ်ဆိုတာကို သိနိုင်ဖို့အင်းစိန်ထောင်ပိုင်ဆီကို မိသားစုက လူကိုယ်တိုင်တမျိုး စာနဲ့တတန် ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ထောင်ပိုင်ကြီးက ဘာကြောင့်ဆိုတာရှင်းပြမပေးဘူးလို့သိရပါတယ်။ ဒီလိုလုပ်တာဟာ တရားဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနားဆီကို စုံစမ်းစစ်ဆေးမှုတွေလုပ်ပေးဖို့ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ရက်စွဲနဲ့ မိသားစုက တိုင်ကြားလိုက်တာပါ။ ခုလိုစာတင်ရတဲ့အကြောင်းနဲ့ မိသားစုရဲ့မျှော်လင့်ချက်ကို ကိုဖြိုးဝေအောင်ရဲ့ညီ ဒေါက်တာထက်ဝေအောင် ပြောပြတာကတော့ ..

ဥပဒေကို ချိုးဖောက်တယ်ဆိုလို့ရှိရင် အခုလို တိုက်ပိတ်တာ ဘာမှပြောစရာမရှိဘူး။ ကျနော်တို့မေးတဲ့အချိန်မှာ ဘာလို့ပိတ်လဲဆိုတော့ စည်းကမ်းချိုးဖောက်တယ်လို့ပြောတယ်။ အဲ့ဒီတော့ စည်းကမ်းချိုးဖောက်တာက ဘယ်နေ့အချိန်မှာလုပ်တဲ့ ဘယ်ပြစ်မှုတွေလည်း ဘယ်လိုစည်းကမ်းတွေကိုချိုးဖောက်ပြီးတော့ အရေးယူလို့ရတဲ့ ဘယ်လိုပြစ်မှုမျိုးနဲ့ အရေးယူလဲဆိုတော့ မေးတာအခါမှာ မဖြေနိုင်ဘူး။ ထောင်ပိုင်ကြီးနဲ့တွေ့ခွင့်မရတာ နှစ်ပတ်လောက်ရှိပြီ။ ခွင့်မပြုဘူး ဘာမှအကြောင်းမပြန်ဘူးပေါ့နော်။ အဲ့ဒီအတွက် အဓိကကတော့ ကျနော်တို့ကတော့ ကျနော့်အကိုကို လုပ်တဲ့ကိစ္စတခုအတွက်ပေါ့နော်။ သူဘယ်လောက်ပဲကျကျ ကိစ္စမရှိဘူးပေါ့နော်။ ဒါပေမယ့် သူမလုပ်တဲ့ဟာအတွက်တော့ တရက်တောင် အကျမခံနိုင်ဘူးပေါ့နော်။ အခုလောလောဆယ်မှာ ဘာလုပ်လို့ရလဲဆိုတော့ စာတင်လို့ရတယ်ဆိုတော့ စာတင်တာပါ။ အများကြီး မျှော်လင့်ထားသလားဆိုတော့ မျှော်လင့်ချက်ကြောင့်တော့လည်း မဟုတ်ဘူးပေါ့နော်။ အနိမ့်ဆုံးအဆင့်တော့ မှတ်တမ်းမှတ်ရာတခုအဖြစ် ကျန်ခဲ့မှာပါ။

ကိုဖြိုးဝေအောင်ရဲ့ညီ ဒေါက်တာထက်ဝေအောင်ပြောသွားတာပါ။ ကိုဖြိုးဝေအောင်ရဲ့အမှုရုံးချိန်း ရပ်နားထားတာဟာ ၃ လ ကျော်ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ရုံးချိန်း ပြန်စခဲ့ပေမယ့် ဇနီးဖြစ်သူနဲ့ ရှေ့နေကို သီးခြားတွေ့ဆုံခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။ ကိုဖြိုးဝေအောင်နဲ့ တွေ့ခွင့်ပေးဖို့ သူ့ရဲ့ရှေ့နေ ဦးကျော်ဟိုးကိုယ်တိုင် ထောင်ပိုင်ကြီးဆီကို စာတင်ထားတဲ့အကြောင်း၊ ဦးကျော်ဟိုးပြောပြတာက ..

ကျနော်တို့ အမှုတွဲအပြည့်အစုံ ကူးခွင့်မရတဲ့ကိစ္စရယ်၊ နောက် မိသားစုဝင်ခွင့်မရတဲ့ကိစ္စရယ်၊ နောက် တရားသူကြီးရဲ့ လုပ်တာကိုင်တာတွေကို မကျေနပ်လို့ ရုံးပြောင်းပေးဖို့ကိစ္စရယ် သုံးခုကို တရားရုံးချုပ်မှာ ကြားနာပြီးအမိန့်ချတဲ့အခါကျတော့ ၂လ ၃ လလောက်နာသွားတာပေါ့။ ကျနော်ဒီနေ့ပဲ စာတင်လိုက်တယ်။ မိသားစုတွေ့ခွင့်မပေးဘူးဆိုရင် ကျနော့်ကို သူ့ရှေ့နေအနေနဲ့ တွေ့ချင်တယ်။ ကျနော့်ကို အကျိုးအကြောင်းရှင်းပြပါ။ ရှင်းပြမှ ကျနော်မိသားစုကို ရှင်းပြလို့ရမှာပေါ့။ မနက်ဖန်တွေ့လို့ရမလား သဘက်ခါတွေ့လို့ရမလားဆိုတာ ထောင်ပိုင်ကြီးရဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရအုံးမှာပေါ့။

ကိုဖြိုးဝေအောင်ရဲ့ရှေ့နေ ဦးကျော်ဟိုးပြောသွားတာပါ။ ဒီနေ့မှာလည်း ကိုဖြိုးဝေအောင်ကို ရုံးထုတ်ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးမယ်လို့ သိရပါတယ်။

ကိုဖြိုးဝေအောင်လိုပဲ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ် ခိုင်ကျော်မိုးနဲ့ ကိုကျော်ဝင်းတို့ဟာလည်း တိုက်ပိတ်ခံထားရပြီး မိသားစုနဲ့ တွေ့ခွင့်မရဘူးလို့ သိရပါတယ်ဗျာ။




phyo wai aung
Posted: 16 Feb 2011 06:41 PM PST
Posted: 16 Feb 2011 06:35 PM PST