Wednesday, May 30, 2012

တတိယမြောက်ပြည်သူ့ဂုဏ်ရည်ဆုရှင


ပြည်သူ့ဂုဏ်ရည်ဆုပေးရန်……
စံနှုန်းကသုံးခုရှိပါတယ်။ စွန့်လွှတ်အနစ်နာခံမှုရယ်၊
အလုပ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်မှုရယ်၊
နောက်ဆုံးတခုက နိုင်ငံသားနဲ့လူသားအပေါ်မှာ
အကျိုးပြုနိုင်မှုပေါ်မှာ မူတည်ပြီး - ဒီစံသုံးခုအပေါ်မှာ
မူတည်ပြီး ကျနော်တို့ ရွေးချယ်ပါတယ်။

တတိယမြောက်ပြည်သူ့ဂုဏ်ရည်ဆုရှင
စွန့်လွှတ် အနစ်နာခံ
အမှန်အလုပ်ကိုပြီးမြောက်
ထိရောက်စွာလူထကို အကျိုးပြု
ဤသုံးခုအခြေခံ အနေမှန်အောင်လုပ်ဆောင်သူအား
ပြည်သူ့ဂုဏ်ရည်ဆု အပ်နှင်းကာသွား….။
တတိယမြောက်ပြည်သူ့ဂုဏ်ရည်ဆုရှင်
ခုမြင်တွေ့ရပုံက စိတ်မချမ်းသာစရာ
ကုတင်ပေါ်မှာပက်လက်တင်
စားချင်သော်မှ မစားနိုင် အစာကိုင်ပေး
ခွံ့ကျွေးနေသူချစ်ဇနီး တချက်မညည်းဘဲ
တရင်းတနှီးပြုစု အတုမရှိသောမေတ္တာ
သစ္စာ စေတနာတွေနဲ့ ပြုစုနေရှာ…။
သူ့နာမည်ကား…ဒေါ်အင်ခွန်ဆိုင်းအောင်
ကာယကံဆုရှင်နာမည်ကား…
လဖိုင်နော်မိန်း..တဲ့ဗျာ။

၁၉၆၈ မေလ ၁၁ရက်နေ့
ရှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ်
မန်ဒုံကျေးရွာတွင်….
အမိဒူဂျန်အင်ဒေါင်လုဘောက်နှင့်
အဖဒူဝါလဖိုင်ဇောရစ်က
မွေးဖွားသန့်စင်လာသော သားရတနာ
ဘာသာရေးကိုင်းရှိုင်း လူ့အသိုင်းအ၀ိုင်းကူညီ
ပညာကိုအလီလီသင်ကြား
ဘွဲ့ထူးဂုဏ်ထူး ခတ်များများဆွတ်ခူး
B.thဘွဲ့၊ B.Dဘွဲ့၊ B.A ဘွဲ့
ပညာရေးတွင် မနွှဲ့ခဲ့…
ချို့တဲ့နေတဲ့ကချင်လူငယ်ဖွံ့ဖြိုးရေး
ဦးစားပေးပြီးဆောင်ရွက်
အသက်နဲ့ခန္ဓာကိုယ် တည်နေသရွေ့
ကိုယ့်လူမျိုးကိုမမေ့
လက်တွေ့ကူညီမှုနဲ့
အာဏာပိုင်များရဲ့ရိုက်နှက်မှု
ဖမ်းဆီးချုပ်နှောင်မှုကိုခံခဲ့
မမှန်မကန်တဲ့ ပေါ်တာဆွဲမှု
မတရားဖမ်းဆီးမှုကိုအံတု
ခုခံမှု အစုစု ပြုခဲ့တဲ့အတွက်
ထောင်ထွက်လူဆိုးဟု
နာမည်ညှိုးခဲ့ရလေသည်…။

၂၀၀၂ခုနှစ်ကစ ထိရှတဲ့မီဒီယာလုပ်ငန်း
မဆုတ်တမ်းဆောင်ရွက် ထောင်ထွက်ဘ၀က
အမှောင်ကိုရှောင်ထွက်နိုင်ဖို့
လူငယ်တချို့ကို မီဒီယာသင်တန်းပို့ချပေး
သတင်းမှတ်တမ်းတွေရေး
ကေအိုင်အိုအဖွဲ့ကိုသတင်းပေး
တိုင်းရေးပြည်ရာ ကျရာနေရာက
ထိရောက်စွာဆောင်ရွက်ပေးရင်း
စိန်လုံဒေသကောင်းဝဲတိုက်ပွဲအတွင်း
ကိုယ်တိုင်သတင်း အတင်းဝင်ယူရင်း
ဖြိုခွင်းလိုက်တဲ့ မြန်မာစစ်တပ်ရဲ့ကျည်ဆန်
ထိမှန်ပြီး ခန္ဓာတခုလုံး ဆုံးရှုံးလုမတတ်
မတ်မတ်ပင်မရပ်နိုင်ဘဲ ဘုံးဘုံးလဲခဲ့ရရှာပြီ…။

ဤလိုလူမျိုး ဂုဏ်မညှိုးဘု
ဆိုးစွအခြေ ရောက်နေပါစေ
လူမသေ မာန်မပျော့ မလျှော့တဲ့ဇွဲလုံ့လနဲ့
ကိုယ့်ဘ၀ အမှန်အကန်
နေရာမှန်ရောက်အောင် စွမ်းဆောင်နေသူ
ထမ်းဆောင်နေသူကို ဂုဏ်ယူချီးမြှောက်
သူရဲကောင်းတစ်ယောက်ဟု
ထောပနာပြု ပါရစေဗျာ…။

တက္ကသိုလ်ဘုန်းကြွယ်
(မေ ၂၉ ၂၀၁၂)

No comments: