Wednesday, May 30, 2012

ကိုယ့်ကြောင့်အများဒုက္ခမရောက်စေနဲ့


by Victor Tan on Tuesday, May 29, 2012 at 8:56pm ·





ကိုယ့်ကြောင့်အများဒုက္ခမရောက်စေနဲ့

သဘာဝဓါတ်ငွေ့ ဖွေရှာတွေ့လို့
တပွေ့တပိုက် စိတ်ကြိုက်သွယ်တန်း
ပို့ဆောင်ရာလမ်းတွက် မိုင်းဖေါက်ရက်တဲ့
ရက်စက်လေသူ ဘီလူးလိုလူကြောင့်
ရေပေါ်ရေအောက် သန္တာကျောက်တန်းတွေ
မပြန်လမ်းသို့ရောက်…
ရေအောက်သတ္တ၀ါတွေလည်း
အသက်ပျောက် ဒုက္ခရောက်ကြရှာ
တံငါသေည်တွေမှာ ငါရှာမရတော့ပါ…။

သူတို့ဘ၀ ရေသတ္တ၀ါတွေသာအားကိုးရ
ခုတော့ ၀မ်းမ၀ ခါးမလှ
ဘ၀ အခက်ခဲ ကြုံတွေ့နေရပြီပဲ….။

သူတည်းတယောက် ကောင်းဘို့ရောက်မူ
သူတယောက်မှာ ပျက်လင့်ကာတာ
ဓမ္မတာတည့်….။့

လူလက်တစ်ဆုပ်စာကောင်းစားပြီး
လူအတော်များများ ဒုက္ခပွားတာမျိုးတော့
လွန်တာပေါ့….။

သမုဒ္ဒရာ ၀မ်းတစ်ထွာတွက်
ရက်စက်နိုင်အား မညှာတာ မသနားဘဲ
လူသားစိတ်ကင်း  လူအချင်းချင်း
ယိုင်းပင်းမကူ ရက်စက်တော်မူ
လူပင်ဖြစ်ငြား လူဟုပင်မခေါ်ဆိုနိုင်ပါတကား…။

လူမဆန်သူ လူနဲ့မတူသူတွေကို
ကြည်ဖြူလက်ပိုက် အကြည်စိုက်မနေနဲ့
မိုက်မိုက်ကန်းကန်း သူခိုးဓါးရိုးကမ်းမလုပ်နဲ့
အယုတ်အမြတ် ခွဲခြားတတ်ပြီး
အများဖက်က မတ်မတ်ရပ်ပါ…
သူတော်ကောင်းဓါတ် ကမ္ဘာပတ်
ကောင်းမြတ်သူတွေ ဖြစ်ပါစေ….။

သဘာဝ အလှပ ကာကွယ်ကြ…။

သဘာဝ ဘိုးဘွားအမွေ စောင့်ရှောက်ကြပါလေ…။

တက္ကသိုလ်ဘုန်းကြွယ်
(မေ ၂၉ ၂၀၁၂)

No comments: