Monday, May 28, 2012

အစာအငတ်ခံဆန္ဒပြ လုပ်သားများ ကျန်းမာရေးအခြေအနေချို့တဲ့



ဓါတ်ပုံ(Facebook)
မေလ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

မှော်ဘီမြို့နယ် မြောင်းတကာရှိ ရန်ကုန်ကရောင်း သံရည်ကြိုစက်ရုံကို အစာငတ်ခံဆန္ဒပြနေသော အလုပ်သမားအချို့ ကျန်းမာရေးအခြေအနေ ချို့တဲ့လာကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် အစာငတ်ခံဆန္ဒပြသည့် အလုပ်သမားများက ပြောသည်။


“ဒီနေ့မနက်ပဲ ၀မ်းကိုက်တဲ့တယောက်ကို မှော်ဘီဆေးရုံကိုပို့လိုက်ရတယ်၊ အခြားသူတွေလည်း အစာအိမ်အောင့်တဲ့သူရယ်၊ အားနည်းတဲ့သူတွေကို နီးစပ်ရာဆေးခန်းလိုက်ပြနေရတယ်”ဟု အလုပ်သမားအရေးဆာင်ရွက်ပေးနေသူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဒေါ်မာမာဦးက ပြောသည်။


မြောင်းတကာ ရန်ကုန်ကရောင်း သံမဏိစက်ရုံမှ အစာငတ်ခံဆန္ဒပြသူများအား ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်၊ (သတင်းဓါတ်ပုံ-MMO)


ကျန်းမာရေးချို့တဲ့နေသူများထဲတွင် ၀မ်းကိုက်ရောဂါကြောင့် မှော်ဘီဆေးရုံသို့တက်ရောက်ကုသနေသူ ဦးဇော်မင်းလတ်၊ မျက်စိများ မှုန်လာကာ အဖျားဝင်နေသူ ဦးတင်မိုးဝင်း၊ အစာအိမ်အောင့်နေသည့် ဦးတင်ကိုဦးနှင့် ဦးသားလှစိုးတို့ဖြစ်ပြီး ၎င်းတို့ကိုလည်းအပြင်ဆေးခန်းတွင် ဆေးကုသနေရကြောင်း ၎င်းကဆိုသည်။


လုပ်ခ တနေ့ ၁၆၀ကျပ်မှ ၁၆၀၀ ကျပ်တိုးမြှင့်ပေးရန် မြောင်းတကာ သံရည်ကြိုစက်ရုံမှ အလုပ်သမား၅ ရာနီးပါးကယခင်သီတင်းပတ်မှစတင် ဆန္ဒပြနေရာမှ ၎င်းတို့အနက်မှ ၂၅ ဦးက လွန်ခဲ့သည့် လေးရက်ကစပြီး စတင် အစာအငတ်ခံ ဆန္ဒပြခဲ့ကြသည်။


ဆန္ဒပြရာတွင် “တောင်းဆိုချက်များ မရမချင်း အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်မည်”ဟုဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြလျှက်ရှိကြသည်။


အစာငတ်ခံဆန္ဒပြသူများမှာ အစာလုံးဝမစားဘဲ ရေတမျိုးတည်းသာသောက်၍ စက်ရုံရှေ့တွင် နေ့ရောညပါ ဆန္ဒပြလျက်ရှိပြီး သာမာန်ဆန္ဒပြသူများမှာ ၄၅၀ ခန့်ရှိသည်ဟုဆိုသည်။


ဆန္ဒပြတောင်းဆိုရာတွင် အလုပ်သမား ၆၀ ဦးအတွက်သာ နေ့တွက်ကြေးတိုးပေးရန်တောင်းဆို ဆန္ဒပြကြခြင်းဖြစ်ပြီး ကျန်သူများမှာဝိုင်းဝန်း ဆန္ဒပြပေးခြင်းဖြစ်သည်။


ဆန္ဒပြမှုကိုညှိနှိုင်းပေးရန်  ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်များနှင့် အလုပ်သမားခေါင်းဆောင်များ ညှိုနှိုင်းဆွေးနွေးလျက်ရှိပြီး ယနေ့ မွန်းလွဲပိုင်းထိ အဖြေမထွက်သေးဟုဆိုသည်။


လေးရက်ခန့်အစာငတ်ခံဆန္ဒပြခဲ့သူတဦးဖြစ်သည့် ကိုအောင်ကျော်က “ဗိုက်ဆာလည်း ကြိတ်မှိတ်ပြီး ကိုယ့်အလုပ်သမားတွေ အတွက်ဆန္ဒဆက်ပြမှာပဲ။ ဒီမှာပဲတောက်လျှောက်ပြနေတာ၊ အိမ်လည်းမပြန်ဘူး ရေလည်းမချိုးရဘူး” ဟုဆိုသည်။


ရန်ကုန်ကရောင်း သံမဏိစက်ရုံကို တရုတ်(ထိုင်ဝမ်)နိုင်ငံသား ဦးရှောက်စမ်းက ပိုင်ဆိုင်ခြင်းဖြစ်ပြီး စက်ရုံမှူးမှာ ရဲမှူးဟောင်း ဦးမြင့်ဆွေဖြစ်သည် ဟုသိရှိရသည်။


ယခုလအတွင်း လုပ်ခတိုးမြှင့်ရေးနှင့်ပတ်သတ်၍ အလုပ်သမားများ ဆန္ဒပြမှုများ တိုးပွားလာလျှက်ရှိရာ ယခင်သီတင်းပတ်တွင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်အတွင်းစက်ရုံပေါင်း ၁၀ ရုံကျော်ကျော် ဆန္ဒပြခဲ့ကြပြီး စက်ရုံ ၈ ရုံဝန်းကျင်ခန့်မှာ ညှိုနှိုင်းဆွေးနွေးမှုပြေလည်ခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ ဦးနန္ဒာစစ်အောင်က ပြောသည်။       ။

Yangon Press International 

 


အလုပ်သမားဝန်ကြီးဌာနမှ ညွှန်းချုပ် ဦးဝင်းရှိန် အလုပ်သမားကိစ္စလာရောက်
ညှိနှိုင်းပေးနေတာပါ အလုပ်သမားတွေကို ဥပဒေတွေရှင်းပြသွားပါတယ်
သူတို.လောလောဆယ်ညှိနှိုင်းလို.ရတဲ.အချက်တွေကတော.
တနေ.နေ.စား 2100 ပေးမယ်တဲ. နေစရာစားစရာမပေးတော.ဘူးတဲ.
ဒုတိယတနည်းကတော. အရင်ကအတိုင်း ပဲနေစရာစားစရာပေးမယ် တန်စားတွေ တခြားခံစားခွင်.တွေဘာမှမ၇တော.ပဲ အခြေခံလစာ သုံးသောင်းပေးမယ်တဲ.
လောလောဆယ်အလုပ်သမားတွေကသဘောမတူပါဘူး
အလုပ်သမားတွေတောင်းဆိုထားတဲ. အချက် 13 ချက်ကိုပေးမပေးတော.ထည်.မပြောသွားပါဘူး
ပြီးတော. သုံးရက်အတွင်း ပြေလညိအောင်ဖြေရှင်းပေးမယ် ဆက်ပြီးဆန္ဒမပြဘို. စက်ရုံတွင်းအေးအေးဆေးဆေးပြန်နေပေးဘို.ညှိနှိုင်းပေမယ်. အလုပ်သမားတွေဘက်က လက်မခံခဲ.ပါဘူး



 


မနေက 28 ရက်နေ.ညနေထိ စက်ရုံဝင်းအတွင်းကနေ စက်ရုံအလုပ်သမားတွေ 381 ရောက်ကိုထုတ်လိုက်ကြောင်း စက်ရုံအတွင်းပိုင်းမှာစာကပ်ထားပါတယ်
ရိုက်ခွင်.မပေးလို.မရိုက်ခဲ.ရပါဘူး


ဒါကတော.ညွှန်ချုပ်အထဲပြန်ဝင်သွားတော. အလုပ်သမားတွေရဲ.အခြေအနေတွေပါ



ဒါကတော.ညွှန်ချုပ်အထဲပြန်ဝင်သွားတော. အလုပ်သမားတွေရဲ.အခြေအနေတွေပါ


ဒါကတော.ညွှန်ချုပ်အထဲပြန်ဝင်သွားတော. အလုပ်သမားတွေရဲ.အခြေအနေတွေပါ


သူတို.က တစ်လ လခ 60000 လောက်ရပါတယ်တဲ. ဒါပေမဲ. ဆန္ဒပြနေတဲ.အလုပ်သမားတွေကို ထမင်းမကျွေးတော.လို. အလုပ်သမားတွေနဲ.အတူ ဆန္ဒထွက်ပြနေတာပါတဲ. သတင်းထောက်တစ်ဦးမေးမြန်းနေတာကိုဖြေနေတာပါ
 

အလုပ်သမားခေါင်းဆောင် ကိုနော်အောင် က တာဝန်ရှိသူတွေနဲ.ညှိနှိုင်းလို.ရတဲ.အခြေအနေတွေကို
ဆန္ဒပြအလုပ်သမားတွေကိုတင်ပြပေးနေတာပါ


အစာငတ်ခံဆန္ဒပြနေသောအလုပ်သမားခေါင်းဆောင်တစ်ဦးမှ 88မျိုးဆက်ကျောင်းသားများ မှပေးပို.လိုက်သော သ၀ဏ်လွှာကို မစာငတ်ခံဆန္ဒပြနေတဲ. အလုပ်သမားတွေကို ဖတ်ပြနေတာပါ
 

No comments: