Wednesday, May 30, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ လူထုနဲ့ တွေ့ဆုံမယ့် လန်ဒန်ပွဲစဉ်

လွန်ခဲ့တဲ့ နာရီ အနည်းငယ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ လူထုနဲ့ တွေ့ဆုံမယ့် လန်ဒန်ပွဲစဉ်အတွက် ၁၉ ရက် ဖြစ်မလားဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့မှုနှင့် ပက်သက်၍ .. ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို ၂၂ ရက်နေ့ မနက် ၉ နာရီမှ ၁၁ နာရီတွင် ပြုလုပ်မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း အသိပေး အတည်ပြုအပ်ပါတယ်။

Royal Fastival Hall,
Southbank Centre
Belvedere Road
London
SE1 8XX

မှာ ကျင်းပမှာ ဖြစ်ပြီး၊ မြန်မာလူထုအတွက် လက်မှတ် ၁၅၀၀ ကို တနင်္ဂနွေနေ့မှစ၍ ဦးရာလူ စနစ်ဖြင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်မည့် နေရာနှင့် အစီးအစဉ်များကို လန်ဒန်စံတော်ချိန် စနေနေ့ ညတွင် အတည်ပြု ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ (အချို့နေရာများတွင် လက်မှတ် ဝယ်ယူမည့် စာရင်းများ ကောက်ယူထားသော်လည်း လက်မှတ်ကို တနင်္ဂနွေနေ့မှ စ၍သာ ရောင်းချမှာ ဖြစ်ပါသည်။)

အိုင်ယာလန်တွင် ဒေါ်အောင်ဆန်းစုကြည်အား U2 မှ အဆိုတော် Bono (ဘိုနို) မှ ပါဝင် တတ်ရောက်ကြိုဆိုမှာဖြစ်ပြီး ... လန်ဒန်ပွဲစဉ်တွင် မြန်မာ့ရိုးရာ .. မြန်မာမှုများဖြင့် ... မြန်မာ့ဂီတ .. မြန်မာသံစဉ်များကို မြန်မာ့ဆိုင်းဝိုင်း အပြည့်အစုံဖြင့် ကြိုဆိုမှာ ဖြစ်ပါတယ်။ ထိုကြောင့် ပွဲတတ်ရောက်သူများအားလုံးမှ မြန်မာ့ရိုးရာ အဝတ်အစားများ (တနည်း) မိမိတို့ တိုင်းရင်းသား ဝတ်စုံများဖြင့် တတ်ရောက်ပေးကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။


  ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနို က ဆုအပ်နှင်းမည်
ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono
နယူးဒေလီ (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ IA က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့်ဆုကို ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တွင် အပ်နှင်းပေးမည် ဖြစ်သည်။

IA ၏ အမြင့်ဆုံးဂုဏ်ပြုမှုတရပ်ဖြစ်သည့် Ambassador of Conscience ဆုကို ၂၀၀၉ ခုနှစ်ကတည်းက
ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားခြင်း ဖြစ်ပြီး ဇွန် ၁၈ ရက်နေ့တွင် ဒပ်ဗလင်မြို့သို့ ဆိုက်ရောက်လာသည့်အခါ ကိုယ်တိုင် လက်ခံရယူမည် ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျက်သရေနဲ့ သတ္တိဟာဖြင့် အခြေမခိုင်တဲ့ ကမ္ဘာကြီးကို ဒီမိုကရေစီဆီ တိမ်းညွှတ်သွား
စေနိုင်ပါတယ်” ဟု U2 အဖွဲ့၏ ခေါင်းဆောင် ဘိုနို က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူပြီးနောက် ဒပ်ဗလင်သို့ သွားရောက်ကာ IA ဆုကို လက်ခံရယူမည် ဖြစ်သည်။

 မဇ္ဈိမသတင်းဌာန

No comments: