Wednesday, May 30, 2012

အမေစုရဲ့ခေါ်သံ




အိုမြန်မာပြည်ဖွား တိုင်းရင်းသားတို့
သင်တို့ဘယ်နေရာရောက်ရောက်
ဘယ်ဌာနပေါက်ပေါက်
သင်တို့ပေါက်ဖွားရာနိုင်ငံသည်သာသင့်နိုင်ငံမို့
သင်တို့ကို သင့်နိုင်ငံကအလိုရှိနေပါသည်…။

အမေစုရဲ့စကား
သွေးထွက်အောင်မှန်ပါကလား…။

နိုင်ငံခြားရောက်နေသူ..မြန်မာ့ပြည်သူ
အားမာန်တွေထူ တိုင်းပြည်ကိုကူ
တလူလူဝမ်းမြောက်…
ကိုယ့်တိုင်းပြည်ကိုပြန်တည်ဆောက်လော့…။

အမေ့ခေါ်သံ မိုးယံအစွန်ဖျားက
ကြားယောင်ပါက မြန်စွမနှေး
အပြေးနဲ့သာ ပြေးဝင်လာလော့..
မြန်မာတိုင်းရင်းသား ပီသဖို့လေး…။

တက္ကသိုလ်ဘုန်းကြွယ်
(မေ၂၇ ၂၀၁၂)

No comments: