Monday, May 28, 2012

လျှပ်စစ်မီး အပြည့်အ၀ရရှိရေး လူထုဆန္ဒ ထုတ်ဖော်ပွဲ



လျှပ်စစ်မီး အပြည့်အ၀ရရှိရေး လူထုဆန္ဒ ထုတ်ဖော်ပွဲ ပုသိမ်တွင် အရှိန်အဟုန်မြှင့် လုပ်ဆောင် ပုသိမ်-မေ၂၇၊ ၂၀၁၂ (YPI) လျှပ်စစ်မီး အပြည့်အ၀ရရှိရေး လူထုဆန္ဒထုတ်ဖော်ပွဲ တတိယနေ့ အဖြစ်ပုသိမ်မြို့ရှိ တိုင်းလျှပ်စစ်ရုံးရှေ့ မှ ၇နာရီ၂၀ခန့်တွင် လူ(၅၀၀)ခန့်က ဖယောင်းတိုင်ထွန်းညှိစတင်ခဲ့ပြီး ဥမ္မာဒန္ဒီလမ်း ၊ ကုန်သည်လမ်း မြေနုလမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဒုလလမ်း နှင့် ရွှေစည်းခုံလမ်းမှတစ်ဆင့် ရွှေစည်းခုံဘုရားပေါ်သို့ တောင်ဘက်မုခ်မှ တက်ရောက်၍အင်္ဂါထောင့်၌ ဆီမီးထွန်းညှိပူဇော်ပြီး အနောက်ဘက်မုခ်မှ ဆင်းကာ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ကြသည်။ လမ်းတစ်လျှောက်တွင် ထောင်ပေါင်းများစွာသော လူထုကလိုက်လံပါဝင်ခဲ့ကြသည်။ ပုသိမ်နည်းတူ အပင်နှစ်ဆယ်ကျေးရွာ၊ ဒါးက ကျေးရွာ ၊ ကန်ကြီးထောင့်မြို့နယ် တို့တွင်လည်း ရာပေါင်းများစွာသော ပြည်သူတို့ ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။ ယနေ့ညတွင် ထူးခြားသည်မှာ ပိုစတာကိုင်ဆောင်ခြင်း ၊ လက်ခုပ်တီးခြင်းများ ပြုလုပ်ခဲ့ကြပြီး ရဲလုံခြုံရေးများက လမ်းတစ်လျှောက်တွင် လုံခြုံရေးအတွက်သာ လိုက်ပါခဲ့ကြပြီး ဆန္ဒပြပြသူများကို တစ်စုံတစ်ရာနှောက်ယှက်ခဲ့ခြင်းမရှိခြေ။
 
 

No comments: