Monday, August 13, 2018

ဂါမဏိချုပ်​ရိုးအက်​​ကြောင်း

ဂါမဏိချုပ်​ရိုးအက်​​ကြောင်းစ/ဆုံး
တရုတ်​တို့ရဲ့ ပြည်​ပ စီမံကိန်းကြီး​တွေမှာ အတိုးနှုန်းကြီးကြီးနဲ့ ​ချေး​ငွေထုတ်
ပေးပြီး၊ ဖွတ်​အမြီးနဲ့ ဖွတ်​ကိုပြန်​ချည်​တဲ့ စီးပွား​ရေးလုပ်​နည်း လုပ်​ဟန်
အလုပ်​မဖြစ်​​တော့ဘူးဆိုတာ ရှီကျင့်​ဖျင်​လည်း သ​ဘော​ပေါက်​တယ်​ ထင်​ရဲ့..
အ​ရှေ့အလယ်​ပိုင်းနဲ့ အာဖရိကမှာရှိတဲ့ တရုတ်​ရဲ့ Belt & Road Initiative
မပျက်​ဖို့အတွက်​ ဇူလိုင်​လအတွင်းမှာ ချစ်​ကြည်​​ရေးခရီး​တွေထွက်​၊ အာမခံ
ချက်​​တွေ​ပေး၊ ပူး​ပေါင်း​ဆောင်​ရွက်​မှု​တွေလုပ်​နဲ့ အ​တော်​​လေဗျာများ​နေတာ
တွေ့ရတယ်​..။

ထရမ့်​ရဲ့ တရုတ်​ရဲ့သွင်းကုန်​​တွေအ​ပေါ်မှာ ၅၀ဘီလီယံ​ပေါ်မှာ အခွန်​၂၅%
ကောက်​ခံမှုနဲ့အတူ တရုတ်​ဘက်​ကလည်း အ​မေရိကန်​သွင်းကုန်​​တွေအ​ပေါ်
မှာ အခွန်​ပြန်​စည်းကြပ်​မှုနဲ့ အတူ ကုန်​သွယ်​​ရေးစစ်​ပွဲ စတင်​လာမဲ့ အရိပ်​အ
ယောင်​ ​တွေ့လာရတယ်​.. အ​မေရိကန်​ရဲ့ ကုန်​သွယ်​​ရေးလို​ငွေ နှစ်​စဉ်​နှစ်​တိုင်း
၁ထရီလီယံ ပြလာမှုနဲ့အတူ ထရမ့်​က တရုတ်​ကို နည်းပညာခိုးယူမှုအ​ကြောင်း
ပြချက်​နဲ့ ကုန်​သွယ်​​ရေးစစ်​ပွဲကို ဆင်​နွှဲပြီး၊ စစချင်းမှာ တရုတ်​သာမက EU, အိ
န္ဒိယတို့ရဲ့ အလူမီနီယံနဲ့ သံမဏိသွင်းကုန်​​ပေါ်မှာ အခွန်​စည်းကြပ်​မှုလုပ်​ခဲ့တယ်​..
တရုတ်​ရဲ့ WTOကို တိုင်​ကြားမှု လုပ်​ပြီး အ​မေရိကန်​သွင်းကုန်​ ပဲပိစပ်​၊ အမဲ
သားအ​ပေါ် တန်​ပြန်​အခွန်​စည်းကြပ်​ချိန်​မှာ ထရမ့်​က ရုရှားသမ္မတပူတင်​နဲ့
ဖင်​လန်​နိုင်​ငံ ဟယ်​လ်​ဆင်​ကီးမှာ ထိပ်​သီး​ဆွေး​နွေးပွဲလုပ်​ပြီး ပူတင်​နဲ့ အ​ပေး
အယူ လုပ်​ခဲ့တယ်​..
ထပ်​ပြီး ဂျာမန်​အဓိပတိမာကယ်​လ်​နဲ့ ​တွေ့ဆုံပြီး EUရဲ့ အဓိကသွင်းကုန်​​တွေ
ပေါ်မှာ အခွန်​စည်းကြပ်​မှုမလုပ်​ဘူးဆိုတဲ့ မက်​လုံး​ပေးမှုနဲ့အတူ အ​မေရိကန်
ဒေါ်လာ ခိုင်​မာအား​ကောင်းလာပြီး တရုတ်​ရဲ့ယွမ်​​ငွေတန်​ဖိုး ကျဆင်းလာတဲ့
အချိန်​မှာ နျူးကလီးယားစာချုပ်​ထဲက နှုတ်​ထွက်​မယ်​လို့ အီရန်​အ​ပေါ် ​လေ
သံပစ်​ခဲ့တယ်​.. အီရန်​ကလည်း ​ကမ္ဘာရေ​ကြောင်းကုန်​သွယ်​​ရေးအချက်​အချာ
ကျတဲ့ ​ဟော်​မုခ်​​ရေလက်​ကြားကို ပိတ်​ဆို့မယ်​ဆိုတဲ့ အသံထွက်​လာတာနဲ့ ​ဆော်
ဒီကို ​ရေနံတိုးထုတ်​ခိုင်းခဲ့တယ်​.. ​ဒေသတွင်းပြိုင်​ဖက်​ ဖြစ်​တဲ့ ​ဆော်​ဒီနဲ့အီရန်
စောင်​​နေချိန်​မှာ အီရန်​ရဲ့စီးပွား​ရေးသုံးပုံနှစ်​ပုံဟာ က​သောင်းကနင်း ဖြစ်​ပြီး
အီရန်​လူထုရဲ့ ဆန္ဒပြမှုနဲ့ ဆက်​တိုက်​ကြုံ​နေရတယ်​.. အီရန်​သမ္မတက​တော့
ရေနံတိုးထုတ်​မယ်​လို့ ခြိမ်း​ခြောက်​တာနဲ့ တက္ကဆပ်​ပြည်​နယ်​မှာ ​ရေနံထုတ်​မယ်
ဆိုတဲ့ အ​မေရိကန်​ရဲ့တုံ့ပြန်​မှုဟာ ​ရေနံထုတ်​လုပ်​မှု တတိယအများဆုံးဖြစ်​တဲ့
အီရန်​နဲ့ အီရတ်​ထက်​ ပိုများမယ်​လို့ ဆိုတယ်​..။
ထရမ့်​ရဲ့ ခပ်​သွက်​သွက်​တုန့်​ပြန်​မှုဟာ ဒါနဲ့မရပ်​ပဲ ဇူလိုင်​လ​နှောင်းပိုင်းမှာ တရုတ်​ရဲ့သွင်းကုန်​ ဘီလျံ၂၀၀​ပေါ်မှာ အခွန်​၂၅%တိုး​ကောက်​တယ်​.. တရုတ်​ကလည်း
ဩဂုတ်​၄ရက်​နေ့မှာ အ​မေရိကန်​သွင်းကုန်​အမျိုးအစား ၅၀၀၀​ကျော်​က​နေ
ဘီလီယံ၆၀​ပေါ်မှာ အခွန်​၂၅%စည်းကြပ်​ပါတယ်​...။
ထရမ့်​ မကြာခင်​မှာ ကုန်​သွယ်​​ရေးစစ်​ပွဲကို ရပ်​ဆိုင်းဖို့ လုပ်​လိမ့်​မယ်​.. ကြာရင်
နှစ်​ဖက်​စလုံး ထိခိုက်​လာနိုင်​မဲ့အ​နေအထားမှာ ထရမ့်​အ​နေနဲ့ အနိုင်​ရရင်​ ကစား
ဝိုင်းထဲကထတဲ့ ကစားသမားလို အနိုင်​ပိုင်းလိမ့်​မယ်​.. ထရမ့်​ကို ခန့်​မှန်းရင်
က​ဘောက်​တိ က​ဘောက်​ချာ လုပ်​​နေသူ၊ ယမ်းဘီလူးလို့ ထင်​​နေကြ​ပေမယ့်
သိပ်​လည်​တဲ့ စီးပွား​ရေးသမားပါ.. သူ​နောက်​မှာ အကြံ​ပေး​နေတာက သူရဲ့
သမက်​ ဂျူးလုပ်​ငန်းရှင်​ ဂျရက်​ကူရှနာရ်​..။ အိုင်​ဗန်​ကာထရမ့်​ရဲ့ ​ယောက်ျား..
တရုတ်​ရဲ့ စ​တော့​ဈေးကွက်​​တွေ၊ ယွမ်​​ငွေတန်​ဖိုးကျဆင်းလာတာ အ​ရေးမကြီး..
အဓိက တရုတ်​တို့ရဲ့ နှစ်​​ပေါင်း၂၀နီးပါး မြန်​မာပြည်​တွင်း​ရေးကို ချယ်​လှယ်​ပြီး
အမြတ်​ထုတ်​​နေတာ​တွေကို ပညာသားပါပါ လက်​တုံ့ပြန်​နိုင်​ဖို့ ကြိုးစားသူ​တွေက
စီမံကိန်းနဲ့ဘဏ္ဍာ​ရေးဒုဝန်​ကြီး ဦးဆက်​​အောင်​နဲ့ စီးပွား​ရေးအကြံ​ပေး ​ရှောင်​တာ
နဲလ်​တို့ပဲဖြစ်​တယ်​..။ ​မေလ၂၂ရက်​နေ့ စကာင်္ပူနိုင်​ငံမှာကျင်းပတဲ့ စီးပွား​ရေးဆိုင်​ရာဖိုရမ်​မှာ နိုင်​ငံ​တော်​အတိုင်​ပင်​ခံရဲ့ စီးပွား​ရေးအကြံ​ပေး မစ္စတာ​ရှောင်​တာ
နဲလ်​က ​ကျောက်​ဖြူSEZစီမံကိန်းတွင်​ အ​မေရိကန်​​ဒေါ်လာ၇.၅ဘီလီယံ ရင်​နှီး
မြုပ်​နှံခြင်းသည်​ အစိုးရအ​နေဖြင့်​ တရုတ်​၏ အ​ကြွေး​ထောင်​​ချောက်​ထဲကျ
ရောက်​နိုင်​ကြောင်း ​ပြောဆိုခဲ့သည်​..။
၂၀၁၅​ရွေး​ကောက်​ပွဲတွင်​ ရှုံးနိမ့်​သည့်​ ကြံ့ခိုင်​​ရေးအစိုးရ​ခေါင်း​ဆောင်​ ဦးသိန်းစိန်
သည်​ အစိုးရတာဝန်​မလွှဲ​ပြောင်းမီ ၃လနှင့်​၃ရက်အလို၊ ပထမအကြိမ်​လွှတ်​​တော်​သက်​တမ်းကုန်​ဆုံးခါနီး ၃ရက်အလို ၂၀၁၅ခုနှစ်​ ဇန်​နဝါရီ၂၉ရက်တွင်​ တရုတ်​အ
စိုးရပိုင်​ CITICနှင့်​ သ​ဘောတူလက်​မှတ်​MOU​ရေးထိုးခဲ့သည်​..။ ​ကျောက်​ဖြူ​ရေ
နက်​ဆိပ်​ကမ်းစီမံကိန်းကနဦး သ​ဘောတူညီချက်​အရ တရုတ်​ပိုင်​CITICမှ ၈၅%ရရှိပြီး၊ မြန်​မာမှ ၁၅%ရရှိသည်​..။ တရုတ်​သည်​ အမျိုးသားစွမ်းအင်​လုံ
ခြုံ​ရေးအတွက်​ ၂၀၁၂ခုနှစ်​ ရှီကျင့်​ဖျင်​ တတ်​လာပြီးကတည်းက ရခိုင်​ကမ်း
မြှောင်​​ဒေသကို အာရုံစိုက်​ခဲ့သည်​..။
တရုတ်​တို့ အ​ရှေ့တရုတ်​ပင်​လယ်​တွင်​ ဂျပန်​နှင့်​ ​ရေပိုင်​နက်​ဆိုင်​ရာ ပြဿနာ
တတ်​ပြီး၊ ၂၀၁၆ခုနှစ်​တွင်​ ​တောင်​တရုတ်​ပင်​လယ်​ရှိ စပတ်​တလီကျွန်းကိစ္စနှင့်
ဖိလစ်​ပိုင်​နိုင်​ငံသာမက အင်​ဒို၊ မ​လေးရှား၊ ဗီယက်​နမ်​နှင့်​ ဘရူးနိုင်းစသည့်
အာဆီယံအဖွဲ့ဝင်​ (၅)နိုင်​ငံနှင့်​ ပြဿနာတတ်​ခဲ့သည်​..။ အ​ရှေ့အလယ်​ပိုင်း
နှင့်​အာဖရိကမှ လာသည့်​ ​ရေနံတင်​သ​ဘောင်္များသည်​ တရုတ်​နိုင်​ငံအ​ရှေ့ပိုင်း
ဆိပ်​ကမ်းမြို့များသို့ ဝင်​​ရောက်​ရန်​ ​တောင်​တရုတ်​ပင်​လယ်​ မလက္ကာ​ရေ
လက်​ကြားကို ဖြတ်​သန်းရသည်​.. အင်​ဒိုနှင့်​မ​လေးရှားနှစ်​နိုင်​ငံနယ်​စပ်
ကြားကျဉ်း​မြောင်းသည့်​ ​ရေလက်​ကြားကို USအ​နေဖြင့်​ အ​ကြောင်းပြပြီး
ပိတ်​ပစ်​လိုက်​မှာကို တရုတ်​အ​နေဖြင့်​ စိုးရိမ်​ခဲ့သည်​..။
၂၀၁၃ခုနှစ်​ ဇွန်​လ၁၂ရက်မှာ ​ကျောက်​ဖြူ မ​ဒေးကျွန်းက​နေ တရုတ်​ပြည်​ယူနန်
အထိ သွယ်​တန်းထားတဲ့ ကီလိုမီတာ ၄၇၉မိုင်​(၇၇၁)ကီလိုရှည်​လျားသည့်​ ဓာတ်
ငွေ့ပိုက်​လိုင်းသွယ်​တန်းမှုပြီးစီးခဲ့သည်​..။၂၀၁၃ ​အောက်​တိုဘာ၂၁ရက်တွင်
ဓာတ်​​ငွေ့ပို့လွှတ်​မှု စတင်​ခဲ့သည်​..။ဓာတ်​​ငွေ့ပိုက်​လိုင်းနှင့်​အတူ ​ရေနံပိုက်​လိုင်းကို
၂၀၁၄ခုနှစ်​ ဩဂုတ်​လတွင်​ ပြီးစီးခဲ့ပြီး၊ ၂၀၁၇​မေလ၂ရက်​နေ့တွင်​ ​ရေနံပို့လွှတ်
ခဲ့သည်​..။
ရခိုင်​​ကျောက်​ဖြူမှ တရုတ်​ ယူနန်​အထိ ပိုက်​လိုင်းဖြင့်​ ​ရေနံ ပို့​ဆောင်​ရခြင်းသည်
အ​ရှေအလယ်​ပိုင်းမှ ​ရေနံတင်​သ​ဘောင်္များ ​တောင်​တရုတ်​ပင်​လယ်​ကို ဖြတ်​သန်း
ပြီး တရုတ်​အ​ရှေ့​မြောက်​ပိုင်း ဆိပ်​ကမ်းသို့ တင်​ပို့သည်​ထက်​ ​ရေမိုင်​၅၀၀၀ခန့်
ချုံ့ပစ်​နိုင်​သည့်​အပြင်​ ကုန်​ကျစရိတ်​ကလည်း ထက်​ဝက်​ခန့်​သက်​သာသည်​..။
လုံခြုံ​ရေးအတွက်​ စိတ်​ပူစရာမလိုသည့်​အတွက်​ တရုတ်​တို့ ​ကျောက်​ဖြူ​ရေနက်
ဆိပ်​ကမ်း စီမံကိန်းကြီးသာမက၊ ​ကျောက်​ဖြူ-ကူမင်​ရထားလမ်းပါ ​ဖောက်​လုပ်
ဖို့ ၂၀၁၁ခုနှစ်​ ဧပြီလက ရထားပို့​ဆောင်​​ရေးဝန်​ကြီး​(ဟောင်း)ဦး​အောင်​မင်း၊
ဒုသမ္မတ(ထိုအချိန်​က) သီဟသူရတင်​​အောင်​မြင့်​ဦးတို့နှင့်​ တရုတ်​အစိုးရပိုင်​ CREC
(China Railway Engineering Corporation )တို့ သ​ဘောတူလက်​မှတ်​ ထိုးခဲ့
သည်​..။
တရုတ်​နှင့်​စစ်​အစိုးရတို့ထိုးခဲ့သည့်​ သယံဇာတနှင့်​ စီမံကိန်းပ​ရော့ဂျတ်​များ ပွင့်
လင်းမြင်​သာမှု မရှိသည့်​အချက်​​ပေါ်တွင်​ ပြည်​သူများ အထူးသတိမပြုမိ​​သော်​လည်း မြစ်​ဆုံ​ရေကာတာ ​ဆောက်​မည့်​ကိစ္စနှင့်​ပတ်​သတ်​၍ ပညာရှင်​များ၊ ပြည်​သူလူထုများက စိုးရိမ်​တကြီး ကန့်​ကွက်​မှုအ​ပေါ် ​ချွေးသိပ်​ရန်​ သမ္မတဦးသိန်းစိန်​သည်​ ၂၀၁၁စက်​တင်​ဘာတွင်​ မြစ်​ဆုံစီမံကိန်းကို ယာယီရပ်​ဆိုင်းခဲ့သည်​။ဖျက်​သိမ်း ခြင်းမပြုသည့်​ စစ်​အစိုးရနှင့်​ ရသမျှအကုန်​လိုချင်​သည့်​ တရုတ်​တို့၏ ​လောဘ​ဇောက​ကျောက်​ဖြူ​ရေနက်​ဆိပ်​ကမ်းနှင့်​ရထားလမ်း​ပေါ်တွင်​ အာရုံစိုက်​မှု​လျော့နည်းခဲ့သည်​.. တရုတ်​၏ "ကိုယ့်​ခြင်းထဲကကြက်​ ဘယ်​အချိန်​ရိုက်​သတ်​သတ်​"ဆိုသည့်
စရိုက်​၊ ရသမျှလိုချင်​သည့်​စိတ်​ဓာတ်​​ကြောင့်​ မြစ်​ဆုံစီမံကိန်းအ​ပေါ် နည်းမျိုးစုံ
ဖြင့်​ အ​ကောင်​အထည်​​ဖော်​ရန်​ကြိုးစားမှုသည်​ ​ကျောက်​ဖြူ​ရေနက်​ဆိပ်​ကမ်း
တည်​​ဆောက်​​ရေးဘက်​ကို အာရုံ​လျှော့နည်းခဲ့သည်​..။
NLDအစိုးရအ​နေဖြင့်​ ၂၀၁၆ခုနှစ်​တွင်​ အစိုးရတာဝန်​ယူပြီး​နောက်​ ​ကျောက်​ဖြူ
ရေနက်​ဆိပ်​ကမ်း ပ​ရောဂျက်​ကို ပြန်​လည်​ကိုင်​ခဲ့သည်​..။ ကနဦး MoUလက်​မှတ်
ထိုးမှုအရ တရုတ်​ပိုင်​CITICက ၈၅%ပိုင်​ဆိုင်​ပြီး၊ မြန်​မာဘက်​မှ ၁၅%သာ ပိုင်
ဆိုင်​သည်​.. ​ကျောက်​ဖြူ​ရေနက်​ဆိပ်​ကမ်းကို US$ ၇.၅ ဘီလီယံကုန်​ကျမည်
ဖြစ်​ပြီး၊ ​ကျောက်​ဖြူစီးပွား​ရေးဇုန်​ပါဆိုလျှင်​ US$၁၀ဘီလီယံထိ ကုန်​ကျမည်
ဟု တွက်​ချက်​ထားသည်​.. လက်​ရှိအစိုးရအ​နေဖြင့်​ ​ကျောက်​ဖြူSEZနှင့်​ ညှိနှိုင်း
မှု အကြိမ်​ကြိမ်​လုပ်​ခဲ့ပြီး CITICမှ ၇၀%၊ မြန်​မာဘက်​မှ ၃၀% အချိုးပိုင်​ဆိုင်
လာသည်​..။
ထို​နေရာတွင်​ တရုတ်​ဖက်​မှ မြန်​မာအစိုးရအတွက်​ စိုက်​ထုတ်​မည့်​ US$၂ဘီလီယံ
ကျော်​ ၃ဘီလီယံနီးပါးခန့်​ကို တရုတ်​၏ သွင်းကုန်​ ထုတ်​ကုန်​ဘဏ်​မှ ​ချေး​ငွေ ယူ
ရမည်​ဖြစ်​သည်​.. ထိုအချက်​ကို ​ရှောင်​တာနဲလ်​က သီရိလကာင်္ ဟန်​ဘန်​တိုတန်​ဆိပ်
ကမ်းလို ​ချေး​ငွေလည်​ပင်းနစ်​ပြီး တရုတ်​သို့ နှစ်​ရှည်​၉၉နှစ်​ကြာ ထိုးအပ်​ လိုက်​ရ
ခြင်းကို လက်​ညိုးထိုးပြခဲ့သည်​.. ထိုမျှသာမက အာဖရိက ​ဂျေဘူတီဆိပ်​ကမ်း၊
ပါကစ္စတန်​ ဂွာဒါဆိပ်​ကမ်းလိုမျိုး တရုတ်​တို့၏ ​လည်​ပင်းမြုပ်​မ
တတ်​ ​ချေး​ငွေ၊အတိုးဝန်​ပိပြီး ထိုးအပ်​​နေရသည့်​ အဖြစ်​မျိုးကို လက်​ညိုးထိုးပြီး
မြန်​မာအစိုးရ​ပေါ် သတိ​ပေးခဲ့သည်​..။ ယခင်​စစ်​အစိုးရလက်​ထက်​ တွင်း-၃ ဗိုလ်
ချုပ်​ကြီးဝင်းမြင့်​လက်​ထက်​တွင်​ လယ်​ယာစိုက်​ပျိုး​ရေးကဏ္ဍအတွက်​ တရုတ်
တို့က သယံဇာတကို ယူ၊ လယ်​ယာစက်​ပစ္စည်းများကို မြန်​မာကိုတင်​သွင်းပြီး
နောက်​ဆုံး၌ ​ကြွေးမြီတင်​သွားသည်​မှာ US$ ၂ဘီလီယံနီးပါးရှိခဲ့သည်​..။ အဓိက
အတိုးနှုန်းမှာ ​ကြောက်​ခမန်းလိလိ ၇%ဖြစ်​သည်​..။
နိုင်​ငံခြား​ကြွေးမြီ US$၁၁ဘီလီယံ ရှိသည့်​အနက်​ တရုတ်​သို့ ပြန်​ဆပ်​ရမည့်
ကြွေးမြီမှာ US$၄.၂ဘီလီယံ ဖြစ်​ပြီး အများဆုံးဖြစ်​သည်​.. အတိုး​ပေါ် အတိုး
ဆင့်​ပြီး အတိုးနှုန်းမြင့်​သည့်​ တရုတ်​​ချေး​ငွေကို သတိပြုရမည့်​အချက်​ပင်​..
၂၀၁၈ ဇူလိုင်​လ​နှောင်းပိုင်းတွင်​ တရုတ်​အစိုးရအာ​ဘော်​သတင်းစာမှ
မြန်​မာတို့အ​နေဖြင့်​ တရုတ်​နှင့်​ ခပ်​ကွာကွာ​နေလျှင်​ ဆိုးကျိုးရှိလာနိုင်
ကြောင်း သတိ​ပေးခဲ့သည်​..။ ဇူလိုင်​လ၂၈ရက်​တွင်​ စီမံကိန်းနှင့်​ ဘဏ္ဍာ​ရေး
ဒုဝန်​ကြီးဦးဆက်​​အောင်​သည်​ ​ကျောက်​ဖြူSEZစီမံကိန်း ​ကော်​မတီဥက္ကဌ
အဖြစ်​ တာဝန်​ယူမည်​ဖြစ်​ပြီး၊ အစိုးရအတွက်​ အ​ကြွေးနွံထဲ မကျ​အောင်
လုပ်​​ဆောင်​သွားမည်​ ဖြစ်​​ကြောင်း​ပြောဆိုခဲ့သည်​..။ သီလဝါSEZစီမံကိန်း
မှာ ​အောင်​မြင်​မှုရထားတဲ့ ဦးဆက်​​အောင်​အ​နေဖြင့်​ အ​တွေ့အကြုံအများကြီး
ရှိထားသူဖြစ်​သည်​..။ ASEAN နိုင်​ငံအတွင်းက နိုင်​ငံအချို့မှာ SEZ Policy
Master Plan​တွေ ​ရေးဆွဲဖူးတဲ့ ဦးဆက်​​အောင်​အ​နေနဲ့ နိုင်​ငံ(၇)နိုင်​ငံမှာ SEZ
Demand နဲ့ပတ်​သတ်​တဲ့ Survey ​တွေကို ​ရေးဆွဲဖူးတယ်​..
ကျောက်​ဖြူ SEZကို US$1.3ဘီလီယံနဲ့ စတင်​မယ်​ဆို​တော့ အားလုံး အံ့အားသင့်
ကြတယ်​..အရင်​ညှိနှိုင်းသလို ၉ဘီလီယံ၊၁၀ဘီလီယံ စီမံကိန်းအကြီးစားမျိုး
မဟုတ်​​တော့ဘူး...။ ဒါ​ပေမယ့်​ တချို့က တရုတ်​အ​နေနဲ့ လက်​ခံမှာ မဟုတ်​ဘူး
လို့ ငြင်းချက်​ထုတ်​ကြတယ်​.. ဒါ​ပေမယ့်​ ဒီ​နေရာမှာ လက်​ရှိအစိုးရရဲ့ ပါးနပ်​မှု
ကို ​တွေ့လိုက်​ရတယ်​.. စီမံကိန်းကို Section ခွဲလိုက်​တယ်​.. Phase1,2,3ဆိုပြီး
စီမံကိန်းကို ပိုင်းလိုက်​တယ်​..။
သ​ဘောတူညီချက်​အရ စီမံကိန်းဟာ Supply-based ဆိုတာထက်​ Demand-based အဖြစ်​ အ​ကောင်​အထည်​​ဖော်​မယ်​..
*စီမံကိန်းကို တိုးချဲ့ခြင်​သလို တိုးချဲ့ခွင့်​မရပဲ လုံ​လောက်​တဲ့ Demandရှိမှ တိုးချဲ့
ရမှာဖြစ်​ပြီး စီမံကိန်းက ရတဲ့ဝင်​​ငွေဟာ Total Operation Costကို ပြည့်​မှီမှ
တိုးချဲ့ခွင့်​ပြုဖို့ သ​ဘောတူထားပြီး ဖြစ်​တယ်​..။ ဒါ​ကြောင့်​ စီမံကိန်းအကြီးကြီး
ဆောက်​ပြီး အ​ကြွေးနွံနစ်​စရာ အ​ကြောင်းမရှိဘူး..။
အဓိက ​ဆွေး​နွေးညှိနှိုင်းချက်​၃ချက်​ရှိတယ်​..။
(၁) စီမံကိန်းကို Phase-1 အ​နေနဲ့ စီမံကိန်းအ​သေးစား (သို့မဟုတ်​) အလတ်​စား
အ​နေနဲ့ စမှာပါ..US$ ၁.၃ဘီလီယံနဲ့ စမှာဆို​တော့ CITICက US$သန်း၉၁၀၊
မြန်​မာဖက်​က US$သန်း၃၉၀ စိုက်​ထုတ်​ရမှာ ဖြစ်​တယ်။
(၂) Phase1က​နေ Phase 2,3ကို တိုးချဲ့တဲ့​နေရာမှာလည်း Phase1ရဲ့ Operating
Capacity ရဲ့ ဘယ်​​လောက်​ရာခိုင်​နှုန်းပြည့်​မှ Phase2ကို တိုးချဲ့ခွင့်​ရမယ်​။
Phase1 Operationက ရတဲ့ဝင်​​ငွေက Total operation costကို ကာမိမှ
Phase-2ကို တိုးချဲ့ခွင့်​​ပေးမယ်​ဆိုတဲ့ သက်​မှတ်​ချက်​​တွေကို သ​ဘောတူထားတယ်​..
(၃) စီမံကိန်း​ချေး​ငွေဟာလည်း ပုဂ္ဂလိက​ချေး​ငွေဖြစ်​ဖို့၊ နိုင်​ငံ​တော်​အ​နေနဲ့ လုံးဝ
မ​ချေးဖို့နဲ့ ​ချေး​ငွေအာမခံကိုလည်း နိုင်​ငံ​တော်​က လုံးဝ​ပေးစရာမလိုဘူးလို့ သ
ဘောတူထားတယ်​..။
နောက်​ပြီး ညှိနှိုင်းမှု​တွေကိုလည်း Formal Meeting, Informal Meeting
လုပ်​ခဲ့တယ်​..။ ညှိနှိုင်းမှု​တွေမှာ သ​ဘောတူထားတဲ့အချက်​အားလုံးကို Framework
Agreement မှာ ထည့်​​ရေးပြီးဖြစ်​တယ်​..။ Framework Agreement လက်​မှတ်
ထိုးပြီးတာနဲ့ အတည်​ဖြစ်​ပြီး..။ အရင်​က ညှိနှိုင်းခဲ့ရာမှာ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ခက်​ခဲကြန့်​ကြာမှု​တွေရှိခဲ့တယ်​..။ အဓိက Principles ၅ခု​ပေါ် အ​ခြေခံပြီး
ညှိနှိုင်းကြမယ်​ဆိုတဲ့ သ​ဘောတူညီချက်​ယူပြီးမှ ညှိနှိုင်းခဲ့တာပါ..ယ
၁။ ညှိနှိုင်းတဲ့အခါမှာ အတတ်​နိုင်​ဆုံး Flexibleဖြစ်​ဖို့နဲ့ ညှိနှိုင်းတဲ့အချက်​​တွေက
ဘယ်​အစိုးရအ​ပေါ်မှာမှ(အထူးသဖြင့်​ မြန်​မာအစိုးရအ​ပေါ်) ဝန်​ထုပ်​ဝန်​ပိုး မဖြစ်
စေဖို့.. ။
၂။ ညှိနှိုင်းတဲ့အချက်​​တွေအားလုံး နိုင်​ငံတကာစံနှုန်း​တွေအ​ပေါ်မှာ အ​ခြေခံဖို့..။
၃။ အရင်​ညှိနှိုင်းမှု​တွေကို ​ပြောင်းလဲသင့်​ရင်​ ရဲရဲ​ပြောင်းလဲဖို့..။
၎။ တင်​ဒါ​ခေါ်စဉ်​ကတည်းက အဆိုပြု​တောင်းခံလွှာ(Request for Proposal)
မှာ ပါရှိတဲ့ အချက်​​တွေကို တတ်​နိုင်​သမျှ ​သွေမဖယ်​ဖို့..။
၅။ မြန်​မာနိုင်​ငံရဲ့ဥပ​ဒေများအတိုင်း ဖြစ်​​စေဖို့ဆိုတဲ့ Principles ​တွေကို လိုက်​နာ
ပြီး ညှိနှိုင်းပါ့မယ်​လို့ သ​ဘောတူညီချက်​ရယူပြီးမှ ညှိနှိုင်းခဲ့ပါတယ်​..။
ညှိနှိုင်းသ​ဘောတူညီချက်​အရ၊ စီမံကိန်းကို Phaseလိုက်​ သွားမှာဖြစ်​ပြီး၊ ပထမ
အဆင့်​စီမံကိန်းက​နေ လည်​ပတ်​​ငွေ ကာမိမှ ဒုတိယပိုင်းအဆင့်​စီမံကိန်းကို သွား
မှာ ဖြစ်​တဲ့အတွက်​ နိုင်​ငံ​တော်​အစိုးရအ​နေနဲ့ အ​ကြွေးနွံနစ်​စရာ မရှိဘူး..။
မြန်​မာနိုင်​ငံအ​နေနဲ့ တရုတ်​ရဲ့ One Belt, One Road Initiative ရဲ့ မဟာဗျူ
ဟာကျတဲ့ ​နေရာမှာရှိတယ်​..။ Myanmar-China Economic Corridor MoU
ကိုလည်း ဒီနှစ်​မကုန်​ခင်​ လက်​မှတ်​​ရေးထိုးဖို့ရှိတယ်​..။ တရုတ်​နိုင်​ငံလို အင်​အား
ကြီးနိုင်​ငံရဲ့စီမံကိန်း​တွေ ဝင်​လာတဲ့အခါမှာ စီးပွား​ရေး​သေးငယ်​တဲ့၊ဘဏ္ဍာ​ရေး
အရ အင်​အားမရှိတဲ့ မြန်​မာနိုင်​ငံအ​နေနဲ့ အရင်​စစ်​အစိုးရလက်​ထက်​တုန်းက
နေ ယခုထိတိုင်​ ခံစား​နေရတုန်းပဲ..။ အဓိက စစ်​အစိုးရရဲ့ တံခါးပိတ်​​ခေါင်းခါ
မူဝါဒ၊ သယံဇာတကို ​ရောင်းစားပြီး တရုတ်​​ပေါ်မှီခိုအားထား​နေရတာ၊ တရုတ်​ရဲ့
မီးစတစ်​ဖက်​၊ ​ရေမှုတ်​တစ်​ဖက်​ (double-edge policy) ကြားမှာ နိုင်​ငံဟာ
ဆင်းရဲနွံထဲကျခဲ့တယ်​..။
လက်​ရှိအစိုးရလက်​ထက်​မှာ တရုတ်​​တွေရဲ့ ပိုးလမ်းမစီမံကိန်းက​နေ အသုံး
ချတတ်​ဖို့ ၊ ပါးနပ်​ရင်​ နိုင်​ငံ​တော်​ရဲ့ စီမံကိန်း​တွေကို အ​ကောင်​အထည်​​ဖော်
နိုင်​မှာ ဖြစ်​ပါတယ်​..။အသုံးမချတတ်​ရင်​သာ ရှုပ်​​ထွေးမှု​တွေရှိလာနိုင်​ပါတယ်​။
အဓိက​တော့ ကိုယ့်​နိုင်​ငံအတွက်​ အမှန်​တကယ်​လိုအပ်​တဲ့ စီမံကိန်း​တွေကို
အမှန်​တကယ်​လိုအပ်​တဲ့အရွယ်​အစားနဲ့ ကျွမ်းကျင်​စွာအသုံးချ (Cost Efficiency )
တတ်​မယ်​ဆိုရင်​ Win-Win Situation ကို ရရှိမှာပါ..။ OBOR Initiative ကို
အသုံးချနိုင်​ရင်​ စီးပွား​ရေးအရ ​သေးငယ်​ပြီး၊ ဘဏ္ဍာ​ရေးအရ အင်​အားမရှိတဲ့
ကျ​နော်​တို့ နိုင်​ငံအတွက်​ အကျိုးရှိနိုင်​ပါလိမ့်​မယ်​..။
၂၀၁၈-၂၀၁၉ ဘဏ္ဍာ​ရေးနှစ်​အတွက်​ ကာကွယ်​​ရေးဘတ်​ဂျတ်​ကို ကျပ်​ ၃၂၅၀
ဘီလီယံအထိ ​တောင်းခံခဲ့တယ်​.. အာဆီယံနိုင်​ငံအ​နေနဲ့ ​ပြောရင်​ US$၂ဘီလီယံ
ကျော်​​ကျော်​သာ ရှိတဲ့အတွက်​ လာအို၊ က​မ္ဘောဒီးယားထက်​ပဲများတယ်​..။ ​တောင်း
ခံသင့်​တဲ့ ပမာဏမှန်​​ပေမယ့်​၊ ​ငွေလုံး​ငွေရင်းအသုံးစရိတ်​သာ ​ဖော်​ပြပြီး နိုင်​ငဲ​တော်
စာရင်းစစ်​ချုပ်​ရုံးက စစ်​​ဆေးခွင့်​မရှိဘူး..။ နိုင်​ငံရဲ့ ဘတ်​ဂျတ်​​တွေထဲမှာ အမြင့်​ဆုံး
ဖြစ်​တဲ့ ကာကွယ်​​ရေးဘတ်​ဂျတ်​ကို စစ်​​ဆေးခွင့်​ မရှိတာ ဘယ်​လိုမှ ဒီမိုက​ရေစီစံ
နှုန်းမရ​သေးပါဘူး..။
ဒီထက်​ပိုဆိုးတာက တပ်​ပိုင်​စီးပွား​ရေးလုပ်​ငန်း​တွေ (အဓိက -MEHL(မြန်​မာ့ဦး
ပိုင်​) )ရဲ့ အခွန်​​တွေ၊ ဓာတ်​သတ္တုခွန်​​တွေကို နိုင်​ငံ​ဘဏ္ဍာ​တော်​ထဲကို မဝင်​​သေး
ဘူး.. သယံဇာတနဲ့ စွမ်းအင်​ကဏ္ဍ​တွေ၊ စီမံကိန်း​တွေ ယခင်​စစ်​အစိုးရ၊ ဦးသိန်း
စိန်​အစိုးရအ​နေနဲ့ စာချုပ်​​ပေါင်းများစွာ အဓိက တရုတ်​ပိုင်​စီးပွား​ရေးလုပ်​ငန်း
တွေနဲ့ လက်​မှတ်​ထိုးခဲ့တယ်​.. သဘာဝဓာတ်​​ငွေ့ဆိုလည်း MOGE​အောက်​က
မြစ်​ဆုံ​ရေအားလျှပ်​စစ်​စီမံကိန်းဆိုရင်​လည်း လျှပ်​စစ်​စွမ်းအင်​၊ လက်​ပံ
တောင်း​တောင်​ ​ကြေးနီစီမံကိန်း၊ တ​ကောင်းနီကယ်​စီမံကိန်း အစရှိသည်​ဖြင့်
လက်​မှတ်​MoU​ပေါင်းများစွာ ထိုးခဲ့တယ်​.. စစ်​အစိုးရနဲ့ တရုတ်​ပိုင်​ကုမ္ပဏီ​တွေ
လက်​မှတ်​​ရေးထိုးပြီး​နောက်​ပိုင်းမှာ ဦးပိုင်​အခန်းကဏ္ဍစပါတယ်​..။ လက်​မှတ်
ထိုးခအပြင်​ နိုင်​ငံတကာစံနှုန်းအရ မြန်​မာက ၅၅%က​နေ ၈၅%ထိ ရတယ်​..
ဒီအ​ပေါ်က​နေ နိုင်​ငံအတွက်​ ၁၀%၊ ၁၅% သာချန်​ပြီး အနည်းဆုံး ၄၅%၊၇၅%
အထိ နှစ်​၂၀က​နေ၊ နှစ်​၃၀ထိ ပုံတိုက်​​ရောင်းချပါတယ်​..။
ဖားကန့်​​ကျောက်​စိမ်းလုပ်​ကွက်​၊ တနိုင်း​ရွှေလုပ်​ကွက်​ဆိုရင်​ ဦးပိုင်​နဲ့ ပါတနာ
ခရိုနီ​တွေ၊ ဘိန်းရာဇာ​တွေ အလျဉ်းသင့်​သလို လုပ်​စားတယ်​.. On paper ​ပေါ်
မှာ ပြထားသ​လောက်​ပဲ နိုင်​ငံ​တော်​ဘဏ္ဍာထဲဝင်​တယ်​.. သဘာဝဓာတ်​​ငွေ့
ဒေါ်လာ၁သိန်းဖိုး ​ရောင်းရတယ်​ဆိုရင်​ ကျပ်​၆သိန်းခွဲသာ နိုင်​ငံ​တော်​ဘဏ္ဍာထဲ
ဝင်​ပြီး၊ တကယ့်​​ပေါက်​​ဈေးတန်​ဖိုး အ​မေရိကန်​၁​ဒေါ်လာ -မြန်​မာကျပ်​ ၁၀၀၀ခန့်
ပဲထား ၉၉၃ကျပ်​ကို အသားတင်​ရတယ်​... ဒီအဖွဲ့အစည်းမှ မချမ်းသာရင်
ဘယ်​ရှိ​တော့မလဲ.. မြန်​မာ့စီးပွား​ရေးဦးပိုင်​လီမိတတ်​(MEHL)အ​နေနဲ့ တနှစ်
သန်း​ပေါင်း၃၉၀ မြတ်​စွန်းပြီး၊ ပိုင်​ဆိုင်​မှုတန်​ဖိုး US$၈၀ဘီလီယံပိုင်​ဆိုင်​တယ်​..။
ဒါကို ကာကွယ်​​ရေးဘတ်​ဂျတ်​အ​နေနဲ့ တခြားနိုင်​ငံထက်​စာရင်​ နည်းတယ်​လို့
ပြောထွက်​တဲ့ပါးစပ်​ ပိတ်​သာရိုက်​ဖို့ ​ကောင်းသည်​.. စာရင်း​တောင်​ စစ်​ခွင့်​မရှိတဲ့
ကာကွယ်​​ရေးဘတ်​ဂျတ်​ကို ​ပေးရလို့ထား၊ တိုင်းပြည်​ရဲ့ သယံဇာတ၊ ဘဏ္ဍာ​တော်​​တွေကို ဘုံး​နေတဲ့ တပ်​မ​တော်​ပိုင်​ စီးပွား​ရေး မြန်​မာ့ဦးပိုင်​(MEHL)ရဲ့ အမြတ်​​ငွေ​တွေကို နိုင်​ငံ​တော်​ဘဏ္ဍာ​တော်​ထဲကို သွင်းရင်​ ထိုင်းထက်​၊ မ​လေး၊အင်​ဒိုထက်
များတဲ့ ကာကွယ်​​ရေးဘတ်​ဂျတ်​ကို ချ​ပေးမယ်​..။ ဒီထဲက အဆင့်​(က)ရှယ်​ယာ
လို့​ခေါ်တဲ့ ကာကွယ်​​ရေးဝန်​ကြီးဌာနရဲ့ စစ်​လက်​နက်​ဝယ်​ယူစု​ဆောင်း​ရေးဌာန
ကို ​ရောက်​သွားတဲ့ အစုရှယ်​ယာ၄၀%ကို out of date​တွေ ဝယ်​ပြီး စစ်​ဗိုလ်​ချုပ်
ကြီး​တွေရဲ့ ကိုယ်​ပိုင်​ဘဏ်​တိုက်​ထဲ ဝင်​သွားတာကို မသိကြ​သေးလို့​ပေါ့..။
လော​လောဆယ်​ အစိုးရနဲ့ ပြည်​သူ​တွေ ဘာမှ မလုပ်​နိုင်​​သေးတာ မှန်​တယ်​.. ​ကျောက်
ဖြူစီမံကိန်းက​နေစပြီး တရုတ်​တို့ ပိုက်​​ဘောမိလာတဲ့အ​ခြေအ​နေကို ရှီကျင့်​ဖျင်​အ​နေနဲ့ ခွင့်​လွှတ်​မှာ​တော့မဟုတ်​ဘူး.. စစ်​အာဏာရှင်​​တွေကို ပစ်​မှတ်​ထားမှာပဲ..၂၀၁၈ခုနှစ်​ ဧပြီ၂၀မှာ ဦးသိန်းစိန်​ တရုတ်​သွားတာ "တာ​ကော"အ​ပေါ် ကတိ​ပေးတာ မတည်​ရင်
သေဖို့သာပြင်​ထား.. အခုအစိုးရအ​ပေါ် မျက်​နှာချို​သွေးပြီး "အိပ်​နှိုက်​၊ ​ပြောင်​ကြီး၊
ကြောင်​ချီးတစ်​သိုက်​"ကို မရှင်းဘူးလို့ မ​ပြောနိုင်​ဘူး..။
ကျောက်​ဖြူSEZအတွက်​ Bravoပါ ဦးဆက်​​အောင်​...။
ဒီ၂၀၁၈နှစ်​ကုန်​မှာ ထားဝယ်​​ရေနက်​ဆိပ်​ကမ်းကို အပြီးသတ်​လက်​မှတ်​ထိုးကြ
ဖို့ရှိပါတယ်​..။ မြန်​မာနဲ့ ထိုင်းအစိုးရကြား ထားဝယ်​​ရေနက်​ဆိပ်​ကမ်းစီမံကိန်း
နဲ့အတူ အထူးစီးပွား​ရေးဇုန်​တည်​​ဆောက်​ဖို့ ၂၀၀၈ခုနှစ်​ ​မေလမှာ MoU ​ရေး
ထိုးပြီး၊ ဒီစီမံကိန်းကို ​ဆောက်​လုပ်​ဖို့ ကန်​ထရိုက်​ရခဲ့တဲ့ (Italian Thai Development -ITD)ကုမ္ပဏီဦး​ဆောင်​ပြီး၊ ၂၀၁၁ခုနှစ်​မှာ စီမံကိန်းကို အ​ကောင်
အထည်​​ဖော်​ခဲ့ပါတယ်​..။
လယ်​ပိုင်​ရှင်​​တွေကို ​လျော်​​ကြေး​ပေးရတဲ့ပမာဏ US$၃၃သန်း ထင်​ထားတာထက်
များတဲ့အပြင်​၊ အများအပြားရင်းနှီးမြုပ်​နှံမှု မလာတဲ့အတွက်​ ၂၀၁၃ခုနှစ်​မှာ
ရပ်​ဆိုင်းထားခဲ့ရတယ်​..။ အမှန်​တကယ်​ စီမံကိန်းပြီးရင်​ ထားဝယ်​SEZဟာ
အ​ရှေ့​တောင်​အာရှအတွင်း အကြီးဆုံးစီမံကိန်းဖြစ်​ပါတယ်​..။ ​ရေနက်​ဆိပ်​ကမ်း
နဲ့ စီးပွား​ရေးဇုံဧက ၄၈၀၀၀​ကျော်​ရှိတဲ့အပြင်​၊ ရှည်​လျားတဲ့ ကမ်းရိုးတန်း၊
တနသာင်္ရီ​ဒေသမှာ သဘာဝ​ဘေးအန္တရာယ်​၊ ဘာသာ​ရေးပဋိပက္ခမရှိဘူး..
ငြိမ်းချမ်းတဲ့ ​ဒေသဖြစ်​တဲ့အပြင်​ ထိုင်း၊ မ​လေးရှား၊ စကာင်္ပူနဲ့ အနီးဆုံး တိုင်း
ဒေသကြီး ဖြစ်​တယ်​..။
မူလက ခန့်​မှန်းတွက်​ချက်​ထားတဲ့ US$၈.၆ ဘီလီယံ အကုန်​အကျခံမယ့်​ စီမံကိန်း
ဟာ ၂၀၁၃ခုနှစ်​မှာ ရပ်​ဆိုင်းခဲ့တယ်​..။ အ​ကြောင်းရင်းက ရင်းနှီးမြုပ်​နှံမှု (investment) ​ကြောင့်​တစ်​ခုတည်း​တော့ မဟုတ်​ဘူး..လယ်​သမား​တွေ ​လျော်
ကြေး​ပေးရတာ၊ ​ဒေသခံပြည်​သူ​တွေ ကန့်​ကွက်​ရတာ၊ ထိုင်းဘက်​က ​ကျောက်​မီး
သွေးလျှပ်​စစ်​ဓာတ်​အား​ပေးစက်​ရုံ ​ဆောက်​တာ တစ်​ခုတည်းတင်​မဟုတ်​ဘူး..။
ဒီပြဿနာမှာ မြန်​မာပြည်​ရဲ့ ထိပ်​တန်းခရိုနီအား​ကောင်းဆုံး၊ လုပ်​ငန်းအကြီးဆုံး
Asia World ပါဝင်​ပတ်​သတ်​​နေတယ်​..။
သမ္မတကြီးဦးဝင်းမြင့်​ ပဲခူး​ရေ​ဘေးသွားတုန်းက ဝန်​ကြီးချုပ်​ဦးဝင်းသိန်းကို
အလုပ်​လုပ်​တာ နှုတ်​မကျွံဖို့ သတိ​ပေးခဲ့တာ ဟံသာဝတီ​လေဆိပ်​​ကြောင့်​ပဲ..။
ဟံသာဝတီ​လေဆိပ်​ကို တင်​ဒါရတာလည်း Asia world ပဲ..။ အရှုံး​ပေါ်လို့ ပြန်
အပ်​တဲ့အပြင်​ ​နောက်​တင်​ဒါတစ်​ခုကိုပါ ရခဲ့တဲ့ စတီဗင်​​လော(ခ) ထွန်းမြင့်​နိုင်
ဆိုတာ ကိုးကန့်​ဘိန်းရာဇာ ​လောစစ်​ဟန်​ရဲ့ သားပါ..။ ၁၉၈၉ခုနှစ်​ ဗမာပြည်
ကွန်​မြူနစ်​ပါတီကွဲထွက်​ပြီး ဝ"၊ ကိုးကန့်​စတဲ့ အဖွဲ​တွေ့ဟာ စစ်​အစိုးရနဲ့ ပလဲ
နံသင့်​ပြီး အကျိုးတူစီးပွား​ပေါင်းလုပ်​ခဲ့တယ်​..။ စစ်​ဗိုလ်​ချုပ်​​တွေနဲ့ ဦးပိုင်​နဲ့
ပေါင်းပြီး၊ ထူး၊ ​ရွှေ​တောင်​၊ ​ရွှေသံလွင်​စတဲ့ ခရိုနီကြီး​တွေနဲ့​ပေါင်းပြီး မြန်​မာပြည်​စီးပွား​ရေးရဲ့ ၇၅%ကို ထိန်းချုပ်​ထားတယ်​..။
*ထားဝယ်​SEZ စီမံကိန်းဟာ စကာင်္ပူကို အနာဂတ်​မှာ တိုက်​ရိုက်​ထိလာနိုင်​တယ်​..
ဒါ​ကြောင့်​ Max Myanmar​ဇော်​​ဇော်​ကို ထားဝယ်​SEZက​နေ ပထုတ်​တာ၊ စကာင်္ပူ
မှာ ကွန်​ဒိုတိုက်​ခန်း​တွေနဲ့ လာဘ်​ထိုးတာ၊ Foreign Investment မဝင်​​အောင်
နည်းမျိုးစုံနဲ့တားဆီးတယ်​.. ထွန်းမြင့်​နိုင်​ရဲ့ဇနီး စကာင်္ပူသူ စီစီလီယာအန်းဟာ
စကာင်္ဝန်​ကြီး​ဟောင်းရဲ့သမီး...။
*​ရွှေသဘာဝဓာတ်​​ငွေ့ ​ရောင်းချရတဲ့ ဝင်​​ငွေ MOGEက​နေ ဦးပိုင်​ထဲဝင်​၊
စကာင်္ပူဘဏ်​ဖြစ်​တဲ့ OCBCနဲ့ DBSဘဏ်​​တွေမှာ အပ်​နှံထားတာ Asia World
ကြားဝင်​ ​ဆောင်​ရွက်​​ပေး..။
*​ကျောက်​ဖြူSEZမှာ Asia world ၅%ပါ..၂၀၁၅ခုနှစ်​ ဒီဇင်​ဘာ၂၉ရက် သ​ဘော
တူညီချက်​၊ မြစ်​ဆုံစီမံကိန်းမှာလည်း မြန်​မာအစိုးရက​နေ ၅%ယူထား..တရုတ်
ရဲ့ အလို​တော်​ရိကုမ္ပဏီ..။
*ဒလတံတားစီမံကိန်းမဖြစ်​တာ Asia world ကန့်​ကွက်​​နေလို့၊ ရန်​ကုန်​ဆိပ်​ကမ်း
တစ်​​လျှောက်​မှာ Asia world ပဲ လက်​ဝါးကြီးအုပ်​ထား..သီလဝါSEZ ​ပေါ်လာ
လို့ အခက်​​တွေ့ချိန်​ ဒလတံတားကိစ္စက အလုံ ဆင်​မင်းဆိပ်​ကမ်းအားလုံး ရပ်​တန်​ဖို့
များနိုင်​တယ်​..
ထားဝယ်​​ရေနက်​ဆိပ်​ကမ်းပြီးရင်​ စကာင်္ပူတဖြည်းဖြည်းနဲ့ ဆုတ်​ယုတ်​စပြုမယ်​..
ထားဝယ်​SEZဟာ အ​ရှေ့​တောင်​အာရှရဲ့ တကယ့်​ခရီးသွားလမ်းမကြီး​ပေါ်မှာ ရှိ
တဲ့အတွက်​ ဒီPortကြီး​အောင်​မြင်​ရင်​ မြန်​မာ့စီးပွား​ရေး ကျိန်း​သေဖွံ့ဖြိုးပြီး..
ဒီခုမှ စကာင်္ပူ စိုးရိမ်​​နေ​တာမဟုတ်​ဘူး..
ဒေါ်​အောင်​ဆန်းစုကြည်​ စီးပွား​ရေးမူဝါဒ ၁၂ချက်​ချတဲ့အချိန်​မှာ ​ပြောခဲ့တာရှိတယ်​..
နောင်​၁၅နှစ်​ကြာရင်​ စကာင်္ပူကို လိုက်​မှီ​အောင်​ကြိုးစားမယ်​လို့ ​ပြောခဲ့တယ်​..
Crony​တွေ, Tycoon ​တွေ ရယ်​သွမ်း​သွေးခဲ့တာ​ပေါ့...
နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ရည်​ညွှန်းခဲ့တာက ထားဝယ်​​ရေနက်​ဆိပ်​ကမ်း...
လီရှန်​လွန်း၊ စီစီလီယာအန်းနဲ့ စတီဗင်​​လောတို့က​တော့ စိုးတထိတ်​ထိ​တ်
ဆိုတာ...
ကျောက်​ဖြူ SEZက စိန့်​(​ပေါက်​​ဖော်​)တို့ရဲ့ သံကျပ်​ကာ အင်္ကျီ​အောက်​ ပြဲဟ​နေတဲ့ ချိုင်းကြား ချုပ်​ရိုး ဆိုတာ...
ပြန်လည်မျှဝေသူ~ဇော်ဇော်မင်း{မန္တလေး}
Written by:A.M.H#(Irony)

No comments: