Friday, August 10, 2018

ဘုရားသုံးဆူ မွန်နယ်မြေ

၁၉၈၈ခုနှစ် နိုဝင်ဘာလ-------မှာ ဘတ်စကား ၄စီးနှင့် ယိုးဒယားထှောက်လှမ်းရေး အကူအညီဖြင့် ယိုးဒယားနိုင်ငံအတွင်းကနေ ဘုရားသုံးဆူ မွန်နယ်မြေ ဘက်ကိုခရီးဆက် ခဲ့ကြပါတယ်။
ဘုရားသုံးဆူကို ဘတ်စကား ၃စီးသာရောက်လာခဲ့ပြီး (ထာဝယ် က ရှေ့  နေ ဦးမြင့် သိန်း တို့  ကိုစိုးစိုးတို့ ပါတဲ့) ဘတ်စကားတစီးကတော့ မင်းသမီးစခန်းဘက်ကို ရောက်သွားခဲ့ပါတယ်။
ဘုရာသုံးဆူရောက်တော့ အရင်ရောက်နှင့်နေပြီဖြစ်တဲ့ ကျောင်းသားတွေ၊ သက်ဆိုင်ရာနယ်မြေ တာဝန်ခံတွေ ကကြိုဆိုနေရာချထားပေးကြပါတယ်။
မွန်နဲ့ ကရင် နယ်မြေလု စစ်ပွဲဆင်နွဲ ပြီး စ ကာ လ လေး မို့  ဘုရားသုံးဆူဟာ လူသူမရှိ နေတဲ့ ရွာပျက်ကြီး တခုဖြစ်နေခဲ့ပါတယ်။ ရောက်လာကြတဲ့ ကျနော်တို့ တတွေကို လူမရှိကြတဲ့ သင့်တော်ရာ နေအိမ်အလွတ်တွေမှာ နေကြဘို့  သက်ဆိုင်ရာ နယ်မြေခံတာဝန်ရှိသူတွေက နေရာချထားပေး ခဲ့ပါတယ်။ မှတ်မှတ်ရရ
ဘိတ်သား ၆ယောက်နဲ့ ပြည် (သဲကုန်း) သား ၄ယောက် ပေါင်း ၁၀ယောက် တို့ တအိမ်ထဲမှာ နေဖြစ်ခဲ့ကြပါတယ်။
ဘုရားသုံးဆူကိုရောက်ခဲ့ကြတဲ့ ဘိတ်သားတွေ ကတော့
၁။ ကိုလှမော်
၂။ ဦးဇင်း (ကို ထွန်းရှိန်)
၃။ (ကိုအေးလွင်)
၎။ (ကိုတူး)
၅။ ကို အောင်မျိုးလွင်
၆။ ကို စိုးမိုးလှို င်
၇။ (ကို ငွေစိုးဦး)
၈။ (ကိုဝင်းမြင့်)
၉။ ကိုအောင်နိုင် (ပေါတာ)
၁၀။ကို အောင်စိုး (ခ) ကုလားမ
၁၁။ ဦး မင်းလွင်
၁၂။ ( ကို ကြည်စိုး(သရဲ))
၁၃။ ကိုသန်းနိုင်
၁၄၊ ကို သန့် ဇင် တို့ ဖြစ် ပါတယ်။
(အဲ ဒီ ထဲ က
(ကို အေးလွင်
ကိုဝင်းမြင့်) တို့ ဟာ အိမ်ပြန် မရောက် နိုင်တော့ တဲ့ သူ တွေ အဖြစ် မှတ်တမ်း တင်အပ့် ပါတယ်။)
(ကိုကြည်စိုး @ သရဲ ကပြည်တွင်းယူဂျီနဲ့ဖမ်းမိပြီထောင်(၁၀)နှစ်ကျ၍
အိမ်ပြန်ရောက်မှာ ဆုံး သွားခဲ့ ပါတယ်။)
( ကိုတူး နှင့်
ကို ငွေစိုးဦး တို့  လည်း အိမ်ပြန် ရောက် ပြီး မှ ဆုံးပါးသွားကြတယ် လို့ သိရပါတယ်။
ဒီမို ကရေစီ တော်လှန် ရေး ကာလအတွင်း မှာ တာဝန် ကျေခဲ့ ကြတဲ့ သူတို့ တတွေ ကို ဘိတ် ရဲ့ သူရဲ ကောင်းတွေ အဖြစ် မှတ်တမ်း တင်အပ့်ပါတယ်။
သန်းနိင်၊အောင်စိုး(ကုလားမ)၊ငွေစိုးဦး၊ရဲခေါင်မြင့်
တို့ဟာမြစ်ဝကျွန်းပေါ်အစီအစဉ်နဲ့အိန္ဒြိယားမှာအဖမ်းဆီးခံခဲ့ရ၍အကျယ်ချုပ်နေခဲ့ရပါတယ်။
ပြန်လွှတ်ပေး၍မြန်မာပြည်အပြန်စက်လှေငယ်ပျက်ပြီးကိုးရီယားငါးဖမ်းသင်္ဘောမှကယ်တင်၍ရန်ကုန်မှတဆင့် အိမ်ပြန်ရောက်ကြရတာပါ။)
ဘုရားသုံး ဆူ နယ်မြေ တခြားအဖွဲ့ မှာရောက်နေတဲ့ ဘိတ်သားတွေဖြစ်တဲ့
ကိုအောင်ကြီး နဲ့  ကို ဇော်ဝင့် တို့  ကိုလည်းဘုရားသုံးဆူကိုရောက်ခဲ့ကြတဲ့ဘိတ်သားတွေအဖြစ်မှတ်တမ်းတင်ပါတယ်။
အဲဒီအချိန်တုံးက တအိမ်တည်းမှာ အတူနေခဲ့ကြရ ဘူးတဲ့ ချစ်စရာအလွန် ကောင်းတဲ့ပြည်(သဲကုံး) သားအစ်ကိုကြီးတွေ
၁။ ကိုရဲခေါင်မြင့်
၂။ ကိုဘိုစီ
၃။ (ကို မင်းလွင်)
၎။ ကိုလှမြင့်သန်း (USA)
၅။ ကိုပီတာ (ရန်ကုန်)
တို့ ကို မှတ်မှတ် ရရ၊ အမှတ်တရ မှတ်တမ်းတင် ရပါတယ်။
တဆက်တည်းမှာဘဲ့ ဘုရားသုံးဆူရောက် အတူ နေခဲ့ ကြတဲ့ ကော့သောင်သားတွေကိုလည်းမှတ်မိသလောက်မှတ်တမ်းတင်ထားပါတယ်။ ကျန်ခဲ့တာတွေရှိနိုင်ပါတယ်။
၁။ ကို ဟူစင်း(ကော့သောင်း)
၂။ ကိုသန်းဋ္ဌေး(ကော့သောင်း)
၃။ အားစူး(ကော့သောင်း)
၎။ ဇော်နိင် (ကော့သောင်း)
၅။မင်းမင်း(ကော့သောင်း)
၆။ ဂန္ဒီ(ကော့သောင်း)
၇။ ဦးကျော်ထွန်း (ကော့သောင်း)
၈။ အဘိုးကြီးကိုကိုနိုင် (ကော့သောင်း)
၉။ (မျိုးလွင်)(ကော့သောင်း)
၁၀။ဝင်း ရွှေ(ကော့သောင်း)
၁၁။ ကိုဋ္ဌေးအောင်
တို့ ဖြစ်ကြပါတယ်။
ကျနော်တို့ အိမ်ရဲ့ မျက်စောင်းထိုး မှာ နေကြတဲ့ လေတပ့်က အစ်ကိုကြီးတွေကိုလည်း မှတ်မှတ်ရရ မှတ်တမ်းတင်ပါတယ်။
နောက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တုန်လှုပ့်ခြောက်ခြားရေးအဖွဲ့ ဆိုပြီး အမည်ရတဲ့ ရဲဘော်တွေကိုလည်း သတိရ မှတ်မိနေပါတယ်။ နောက် ပိုင်း မှာ လေယာဉ် နှစ်စီး ကို လမ်းကြောင်းလွဲ ခဲ့ပြီး မြန်မာ့ အရေး ကို ကမ္ဘာ က နေ အာရုံ စိုက် လာ အောင် ထူးခြား ပြောင်မြောက်စွာ စွမ်းဆောင် ခဲ့ကြတဲ့ သူရဲကောင်း တွေ မွေးဖွါးလာတဲ့ အစု ပါဘဲ့၊
မြဝတီ ဦးရဲ ခေါင်၊ဖွါးဖွါး၊ မ အတာ၊ ဖိုး သက်၊ မသန်းဋ္ဌေး၊ မမြတ်မြတ်မိုး၊ မဖြူ ၊ မနီ၊ မချော၊ ကို မောင် မောင် သိန်း(ပြောင်ကြီး)တို့ အစု၊ ကိုမျိုးအေး၊ ကို ရင်ထွေး၊ ကိုရင် အေး၊ ကိုမင်းဝင်း၊ ကိုမူးသာ၊ ကိုနိုင်အောင်၊ကို ဖလော်၊ ကိုသားသား၊ကိုမင်းသူ၊ ကိုမောင်မောင် ကြီး၊ ကိုလှိုင်ဘွား၊ ကိုထွန်းအောင် ကျော် ......စသဖြင့်အေဘီ (၁၀၁) (၁၀၂) ရောက် တော်လှန် သော ညီ အစ် ကို မောင် နှမ တွေ အားလုံးကို လေးစားဦးညွတ် စွာ မှတ်တမ်း တင် အပ့်ပါတယ်။
ငုက်ဖျားတက်တိုင်း တက်ခဲ့တဲ့ သုံးဆူကဆေးခန်း၊ တသက်မှာ တခါ ဆိုရလောက်အောင်၊ မမေ့နိုင်လောက် တဲ့ ဘရုတ်သုတ်ခတွေနိုင်လွန်းလှတဲ့ ဘုရားသုံဆူ ရွာပျက်ထဲက ဘော်လုံးကွင်းမှာ လုပ့်ခဲ့တဲ့ ခရစ်စမတ် ည လေး ကိုလည်း ပြန်မြင်ရောင် သတိရမိပါတယ်။
အသား၊ ငါး စားချင်ကြလွန်းလို့  ဘိတ်အစု နှင့် ကော့ သောင်းအစု တို့  ပေါင်းပြိး သုံးဆူရွာလည်ကရေကန်ကြီးကို အုပ့်စု လိုက် အိုင်ပက်ခဲ့ ကြတာတွေ၊သေနတ်အစုတ်အပြတ်တွေ၊ လူရိုးခေါင်းတွေ တွေ့ ခဲ့ကြတာတွေကိုပြန်တွေးကာမြင်ရောင်မိပါသေးတယ်။ အဲဒီအချိန်တွေတုံးက ကြုံတွေ့ တာတွေ ဟာ တသက်တာ မေ့မရနိုင် တဲ့ အတွေ့ အကြုံတွေပါဘဲ့။
------------------------------------------
https://www.facebook.com/groups/1396640697119767/permalink/1405516002898903/

၁၉၈၈ နှောင်းပိုင်း ရင်ဆိုင်ခဲ့ရသည့် တောတွင်း လူငယ်ထု အခက်အခဲ။ (ဘုရားသုံးဆူဒေသ ခွဲထွက်) (2)
ဒီနေရာမှာ ဖြစ်ပုံ ခြင်း မထင်မှတ်ဘဲ တိုက် ဆို နေတဲ့ အကြောင်းရာ တခု့  ကို မရောထွေးအောင် မှတ်တမ်း သေချာစွာ တင်ထားဘို့  လိုလာတာတခု့  ရှိပါတယ်။ အဲတာက ဘုရားသုံးဆူဒေသကို ဘတ်စ်စကား(၃) စီး နှင့် အုပ့်စုလိုက် ရောက် လာကြတာ အစု (၂) စု ရှိ နေတာ ကိုပါ။ တစု က ကျနော်တို့  ရနောင်းကနေ ရောက် လာတဲ့ တစု နှင့် နောက် စုက ( အစ်ကို ကိုကိုဦးတို့ပါဝင်သော မဲဆောက်မြို့နေကျောင်းသားများ၊ မဲဆောက်မြို့မှ အယွတ်ခန်ငှားပေးလိုက်တဲ့ ဘတ်စ်ကားကြီး (၃) စီးဖြင့် ရောက်လာကြတဲ့ အစု ပါ။။ )
အဲဒီ ကွေးဟော့စခန်း မှာ ဘုရားသုံးဆူကနေပြောင်းရွေ့ လာကြတဲ့ ကျနော်တို့  တတွေ ဟာ အေဘီ (၁၀၂) စခန်းအတွက်လိုအပ့်တဲ့ဘားတိုက်တွေ ဆောက် ကြ၊ စစ်လေ့ကျင့်ကွင်းတွေဖေါက်ကြနဲ့  စည်းစည်းလုံးလုံးပျော်ပျော်ရွင်ရွင် ရှိကြပါတယ်။ သို့ သော်လည်း တော်လှန် ရေး နိုင်ငံရေး အမ်ြငမတူ တာ မဟုတ်ဘဲ သာမန် မထင်မှတ်ထားတဲ့ အကြောင်းအရာလေး တခု ကြောင့် ကျနော်တို့ တတွေ ထပ့် ကွဲခဲ့ကြရပြန်ပါတယ်။ အပြစ် (သို့ ) တရာ ခံ ရှာ ရရင် အဲဒီအချိန်တုန်း က ကျနော့် အားလုံးရဲ့ နိုင်ငံရေး လူမူ့ ရေး စတဲ့ အရေးတွေမှာ အမြင်မကျယ်တာတွေ၊ ဒေသ၊ လူမျိုး စွဲ၊ စတာတွေ အပေါ် အခြေခံပြီး အာဏာလွန်ဆွဲမူ့ ၊ အဲ ဒီအချိန်တုန်း က ဦးဆောင် နေကြသူ လူကြိး တွေ ရဲ့ အတ္တကြီးစွာ နိုင်ငံရေးကစားမှူတွေ၊ နယ်မြေခံလက်နက်ကိုင် မဟာမိတ်ရဲ့  ကျနော် တို့  ကျောင်းသားတွေအပေါ် ထိမ်းချုပ်ဖို့ ကြိုးစားမှု၊ ပြည်ချစ် ခေတ် တခေတ်တခါ က ကျန် နေခဲ့ တဲ့ လူကြီး တွေ နှင့် သူတို့  တတွေအပေါ် နားလည်မူ့  မပေးနိုင်တဲ့ ကျနော် တို့  ရဲ့ သံသယ တွေ၊ .....ထိုထိုသော အကြောင်းတွေ ကြောင့် မည်သို့  ပေဆိုစေကားမူ အတူယဉ်တွဲ မနေနိုင်လောက် အောင် ခေါင်းပေါက် ခေါင်းကွဲ ၊ ဒုတ်ဆွဲ ဒါးဆွဲ ကာ လက်လွန် ခြေလွန် တွေ ဖြစ်ပြီး ကျနော် တို့  ချစ်တဲ့ ကျောင်းသား စခန်း (၁၀၂) ကနေ ထွက် ခဲ့ ရပြန် ပါတယ်။ (ကျနော် ကို ချစ်ခင်တဲ့ သူငယ်ချင်း တွေ ကကျနော့် ကိုနောက် ဆုံ တွေ တိုင်း နောက်ပြောင်ခံရ တဲ့ အဖြစ်တခု့  က ကျနော့် အတွက် အမှတ်တရ ဖြစ် နေစေခဲ့ တာ။ ဖြစ်ပုံက စခန်း ကနေ ကျနော် ထွက် တော့ မယ် ဆို တော့ အစ်မ မသန်း ဋ္ဌေး ကို ကျနော် က (သဘောရိုးနှင့်ပါနော်) အစ်မ ကျနော် မွေးထားတဲ့ ကြက်လေး ကို အစ်မ ယူထားပြိး စောင့် ရှောက် လိုက်ပါလို့  ပြောပေးခဲ့ တာ၊ ကျနော် စခန်း ကနေ ထွက် သွားပြိး နောက် တနေ့  လည်း ရောက် ရော ဟင်းအိုးထဲ ရောက် သွား ပါရော့တဲ့ လေ။ အဲလောက် ထိ ချစ်ဘို့  ကောင်းတာများ။စိတ်ချ ရတာများလေ။ စိတ်ကုန် တာ လက်ကုန်ပါဘဲ့)။

ကွေးဟော့စခန်းတွင်ကျန်ရစ်ခဲ့ကြသော ဒေါင်းညီနောင်များ




၁၉၈၈ နှောင်းပိုင်း ရင်ဆိုင်ခဲ့ရသည့် တောတွင်း လူငယ်ထု အခက်အခဲ။ (ဘုရားသုံးဆူဒေသ ခွဲထွက်) (3)
Poe Ziwa ရဲ့ အမြင် ကို တင်ပြပေးလိုက်ပါတယ်။
(ကျနော့် တို့  ထဲ က တခြားသော ရဲဘော်များ ရဲ့ မတူသော အမြင်များ အတွေ့  အကြုံ များ ကိုလည်း သမိုင်းမှတ် တမ်း တခု့  အဖြစ် ဖေါ် ပြပေးဘို့  စီစဉ်နေပါတယ်။ မတူကွဲ ပြား သော အတွေး အမြင် အသိများ ကို ဝင် ရောက် ပါဝင် ဆွေးနွေးပေးဘို့  ဖိတ်ခေါ်ပါတယ်)
(ကျနော့် မှတ်တမ်းစာအုပ်လေး အမေရိကားမှာ ကျန်ခဲ့တာမို့  အသေးစိပ်တွေ မရေးတော့ပါဘူး။ ပြောချင်တာက ကျနော်တို့  ထွက်ခဲ့ကြတာ ရည်ရွယ်ချက်တွေရှိတယ်ဆိုတာရယ်။ ထွက်ခဲ့တဲ့လူငယ်တွေကို နည်းလမ်းမှန်စွာ ဦးဆောင်ပေးသူတွေ ရှိမနေခဲ့ဘူးဆိုတာတွေပါပဲ။ ၎င်းအတွင်းမှာပင် စီနီယာကျောင်းသားအချို့ ၏ ရာထူးနေရာ ငွေကြေးမက်မောမှု၊ အချင်းချင်း ထိုးကျွေးမှုတို့  နိုင်ငံရေးနုနှယ်သည့် ကျနော်တို့ ခံခဲ့ရပါတယ်။)
ကျနော်တို့ က နိဝင်ဘာ (၁၁)ရက် ၁၉၈၈ ရန်ကုန်က ထွက်လာတဲ့အဖွဲ့  ဗကသ (ယူဂျီ)တွေ။ ကျနော်တို့ မှာ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ လသာက ကိုယ်စားလှယ်တွေပါတယ်။ ကျနော်တို့ ကို ရှေ့ ဆောင်ခေါ်လာတာက ကိုကြည်ဦး (သခင်တင် အဆက်အသွယ်) ကျနော်တို့ က ကျောင်းသားစခန်းရောက်ရင်တော်ပြီ။ မွန်နယ်မြေထဲမှာ လှည့်ပတ် ရွာပေါင်းများစွာ တောင်ပေါင်းများစွာ ကျော်ဖြတ် ပင်လယ်ကိုလည်း စက်လှေသေးသေးလေးနဲ့  ညဖက်မှာ ဖြတ်သန်းခဲ့ရပါ့။ နံမည်ကြီးတဲ့ (၁၁၁)လုံး တောင်ကုန်းပေါ်မှာလည်း လေတဟူးဟူးတိုက်ဒဏ်ခံပြီး အေကေ ၄၇ နဲ့  တထောင့်ခြင်းပစ်သံ သေနတ်ကိုင်မယ့် ကျနော် တကယ့်ကို ကြောက်ခဲ့တယ်။ (အဲတုန်းက ကျနော့် တို့ စုပေါင်းတဲ့ပိုက်ဆံလေး ဖွားဖွားထံမှာရှိပါတယ်။ အဲဒါကို မွန်ကွန်မင်ဒိုက ခိုးထားတာပါ။ သို့ သော် မွန်ဗိုလ်ကြီးက ကျနော်တို့ အချင်းချင်းခိုးတယ် ထင်ခဲ့လို့  သေနတ်ဖောက်ပြီး ကျနော်တို့ ကို တစ်ယောက်ချင်းစစ်ပါတယ်။ အိတ်တွေ အကုန်သွန်ရပါတယ်။ ကျနော်တို့  မနက် ၄နာရီထိ ငုတ်ထုပ် တောင်ထိပ်မှာ အေးလည်းအေး တယောက်ကိုတယောက် ကျောကပ်နေခဲ့ရတာပါ။ မနက်လင်းတော့မှ တောင်အောက်ရေခပ်ဆင်းတဲ့ မွန်အထမ်းသမားများက အကျီ င်္တွေ တွေ့ လို့ ဗိုလ်ကြီးကို လာပြပါတယ်။ ဖွားဖွား အကျီ င်္တွေပါ။ အဲ့မှာ မိုင်းထောင်ထားတဲ့နေရာမှာ ကွန်မန်ဒိုက ပိုက်ဆံနဲ့  အကျီ င်္များကို သွားဖွက်ခဲ့တာပါ) ကျနော်တို့  စတွေ့ လိုက်ရတဲ့ အဖြစ်ပါ။ ဘုရားသုံးဆူကို ဆက်လက်ချီတက်ခဲ့ပေမယ့် လမ်းခရီးမှာ ဒီကိစ္စကို မပြောဖြစ်ကြပါဘူး။ ကျနော့် စိတ်ထဲ ကျောင်းသားစခန်းဆိုတာကိုပဲ အမြန်ရောက်ချင်နေခဲ့ပါတယ်။ ဒီဇင်ဘာ (၁)ရက် ကျနော်တို့ ရောက်တဲ့  ဘုရားသုံးဆူမြင်ကွင်း ...(ဘာလို့ အဲလော့က်ကြာမှ ကျနော်တို့ ရောက်သလဲဆိုတော့ ကျနော်တို့ က မွန်ပြည်သစ်ပါတီကို မ၀င်ဘူး ကျောင်းသားစခန်းသွားမည်ပြောသည့်အတွက် (၃)ရက်ခ၇ီးသည် ထိုမျှကြာမြင့်ခဲ့ပါသည်။ )


၁၉၈၈ နှောင်းပိုင်း ရင်ဆိုင်ခဲ့ရသည့် တောတွင်း လူငယ်ထု အခက်အခဲ။ (ဘုရားသုံးဆူဒေသ ခွဲထွက်)(5)
ကျနော်တို့  ဦး စွာ ရေကန်ရွာမှာနေထိုင်ပြီး၊ အခြေခံ စစ်သင်တန်း တက်ခဲ့ကြပါတယ်။ မောရဝတီ စခန်းကိုရောက်တော့ နိုင်ငံရေး၊ စစ်ရေး မွန်းမံ သင်တန်းတွေကို ထပ့်တက်ခဲ့ကြပြီး ကျနော်၊ (ကိုထူး)၊ အောင်ကိုကိုလတ်၊ (ကိုဝင်းမြင့်)၊ ကိုအောင်နိုင် တို့ က ဆရာ ဦးမြင့်ဆွေ ထံမှ ဆေးသင်တန်းကို အားလပ့်ချိန်များမှာသင်ယူခဲ့ကြပါတယ် ။ တချို့  ယူဂျီပြန်ဝင်ဘို့  အားသန်ကြတဲ့သူတွေက ရုပ့်ပြောင်းရုပ့်လွဲလုပ့်နည်းတို့ ၊ ဆက်သွယ်ရေး ကိစ္စတို့ ၊ လက်နက်ပစ္စည်းတွေအသုံးပြုပုံတို့ အပြင် ဗေဒင် ပညာတွေတောင် ဦးပြည်စိုးဆိုတဲ့ဗေဒင်ဆရာတဦးထံမှသင်ယူကြတာတွေကိုမှတ်မိနေပါတယ်။
ကျနော်တို့ တတွေထဲက အသက်အရွယ် ကျမ္မာ ကြံ့ခိုင်မှု စသဖြင့် သင့်တော်တဲ့ရဲဘော်တချို့ ကိုရွေးချယ်ပြီး ပြည်တွင်းမှ ယူဂျီလမ်းကြောင်းနှင့် ရောက်ရှိလာတဲ့ ကွန်းခြံကုန်းမှ ဦး စိုးလွင်(( စိုးလှ သင် (ကွမ်းခြံကုန်း) )) ဦးဆောင်သော ရဲဘ်ာတချို့  နှင့် အတူ ဒ.ည.တ အဖွဲ့ မှ ပထမဦးဆုံး အဖွဲ့ လိုက် စစ်ဆင်ရေးလုပ့်ရန် စီစဉ်တာကိုမှတ်မိနေပါတယ်။
(၁၉၈၉ ခုနှစ် နှစ်လည်ပိုင်း ------နေ့ လောက်မှာ) ကျနော်တို့ ထဲမှ ရဲဘော်တချို့ (၁၀ဦးလို့  ထင်ပါတယ်) နှင့် ကွန်းခြံကုန်းမှ ဦး စိုးလွင် ဦးဆောင်သော ရဲဘ်ာတချို့  တို့  မွန် ဗဟို မှာ ကွန်မန်ဒို သင်တန်းတက်စေ ခဲ့ကြ ပါတယ်။ သင်တန်း ပြီး တဲ့အခါ (အဏ္ဏဝါစစ်ဆင်ရေး ) အဖြစ် မွန် ပြည်သစ်ပါတီမှရဲဘော်တချို့ တို့ နှင့် အတူ ပူးတွဲစစ်ဆင်ရေးထွက်ခဲ့ကြပါတယ်။
စစ်ဆင်ရေးမစခင်ကတည်းကပင် သတင်းပေါက်ကြားမှု တွေဖြစ်နေခဲ့ကြပြီး၊ ထို့ အတွက် သက်ဆိုင်ရာလူကြီးများထံအချိန်မှိအကြောင်းကြားရန် ကို ထွန်းရှိန်မှာ ရှေ့ တန်းတနေရာမှ စခန်းသို့ အချိန်မှိသတင်းပေး ဘို့  ပြန်လာ ခဲ့သော်လည်း အချိန်မှိမတားဆီးနိုင်ခဲ့ကြပါ။ ထိုကြောင့်ရန်သူအထိမ်းသိမ်းခံ လိုက်ကြရသော ကျနော်တို့ စခန်းမှရဲဘော်များအတွက် စိတ်မကောင်းကြီးစွာနဲ့ အဲဒီတုံးက ခေါင်းဆောင် လူကြီးများကို မေးမြန်းကြတဲ့အခါ၊ ဒ.ည.တ မှ အတွင်းရေးမှုး အဆင့် တာဝန်ယူထားတဲ့ အတွင်းရေးမှုး တယောက်က အထက်လူကြီးတွေ က ဆက်သွယ်ရေးစက်တွေကနေ တဆင့် ကြိုပြီး သိနှင့်နေကြပြီးဖြစ်ကြောင်း နဲ့  ပွင့်လင်းစွာပြောပြရရင် အဖွဲ့ လှုပ့်ရှားမှုတွေ အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးမှ အလှူ ရှင်များ မှ ရန်သူ့ မိဒီယာများမှ တဆင့်သိအောင် တမင် ချကျွေးလိုက်တာလို့ ပြန်ကြားရတော့တော်လှန်ရေးလုပ့်ချင်စိတ်များကုန်သွား မ တတ်ဖြစ်ခဲ့ကြရပါတယ်။
အဲဒီနောက် ကျနော်တို့ လည်း စစ်ဆင်ရေးတွေနှင့် ပတ်သက်လို့  မပြောတော့ပါ။
နောက် အကြောင်းအရာတခုက ပြည်တွင်းမှာလည်း အဘဦးနုတို့ က လည်း ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ရန် အတွက် ကို လုံးပန်းနေကြ ပြီဖြစ်ပြီး၊ ဒီငြိမ်း မှ လည်း ရွေး ကောက်ပွဲ တွင် အနိုင်ရ နိုင်တယ်လို ယူဆနေကြတဲ့ အချိန် လည်းဖြစ်ပါတယ်။ အဲဒီတုံးက ဦး ဆောင်သူ လူကြိးတွေ အမြင်မှာ စစ်တပ့်က သူတို့ ပေးထားတဲ့ ကတိ အတိုင် လုပ့်ပေး ပြီး ဖြစ်ပေါ်နေသည့် အဓိက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း နဲ့ ငြိမ်း ချမ်းစွာ ဖြေရှင်နိုင်ကြလိမ့်မယ်လို့ ထင်မြင်ယူဆနေကြတာကြောင့် လည်းဖြစ်ပါတယ်။
ဒီတော့ကျနော်တို့ လို ကြွ တက် နေကြတဲ့ လူငယ်တတွေ ကို မလိုလားအပ့်တဲ့ စွန့် စားမှုတွေ မလုပ့်ကြစေဘဲ၊ ချွေသိပ့်ထားတဲ့အချိန်လည်းဖြစ်ပါတယ်။
ဒီလိုနဲ့ ၁၉၈၉ နှစ် လယ် လောက်မှာ မောရဝတီ စခန်းမှာ နေထိုင်နေကြတဲ့ ကျနော်တို့ ရဲဘော်တွေ သင်တန်းတွေပြီးတော၊့ သင်တန်းဆင်းပွဲ တွေလုပ့်တော့ ကျနော်တို့ ကို ဦးအောင် နု နှင့် လူကြီးတချို့  စခန်း ကို ရောက်လာခဲ့ပြီး
“မင်းတို့ ဘာတွေလိုလဲ။ ဘာတွေဖြစ်ချင်လုပ့်ချင်ကြလဲ။” လို့ မေးခဲ့ပါတယ်။ သူတို့  ထင်နေတာက သူတို့ ရွေး ကောက်ပွဲမှာ အနိုင် ရပြီး မြန်မာပြည် ကို အောင်နိုင်သူတွေ အဖြစ် ရင်ကော့ မဝင် ကြရသေးခင်မှာတောထဲမှာနေကြရစဉ်မှာကျနော့်တို့တတွေစိတ်မလေကြရအောင်ဘာသင်တန်းတွေ
များထပ့်တက်ချင်ကြလဲ၊ ဘာတွေ သူတို့  လုပ့်ပေးနိုင်ကြမလဲလို့ တွေးပြီးမေးတာဖြစ် ပါလိမ့်မယ်။
ကျနော်တို့ ကလည်း ကျနော် တို့  ထွက်လာကတည်း က မျှော် လင့် ခဲ့ ကြသလို သေနတ်ဘဲ့ကိုင်တိုက် ချင်တယ်။ ပြည်တွင်း ကို ယူဂျီတွေ ပြန် ဝင်ချင်ကြတယ်။ ဒီအတွက် လိုအပ့်တဲ့ လက်နက်ပစ္စည်းတွေ တပ့်ဆင်ပေးဘို့ ဘဲ့ တောင်းဆိုကြတော့၊ ဦးအောင်နု ကနေ ကျိုးစားပေးပါ့မယ်လို့ ကတိပေးသွားခဲ့ပါတယ်။ ဒါပေမယ့် ဘာ လက်နက်တွေမှ မရောက်လာဘဲ အဘ သံမဏီ ဗိုလ်ခင်မောင် ဘန်ကောက်မှာ ပျင်းရင်ဖတ်တဲ့ သိုင်းဝထ္ထု
တွေ အတွဲလိုက် သေတ္တာ လိုက်ရောက်လာခဲ့ပါတယ်။ ကျနော်တို့ ထဲက ခပ့်နောက်နောက် ရဲဘော်တချို့ ကတော့ ငါတို့ ကို ဒီလျှို့ ဝှက် သိုင်းကျင့်စဉ်တွေ ကျင့်ခိုင်းပြီး ဗမာပြည်ထဲကို ပြန်လွတ်ပြီး တိုက်ခိုင်းလိမ့် မယ်လို့ နောက်ပြီး ပြော ကြတာကိုအမှတ်ရနေပါတယ်။
ကျနော်တို့  မျှော်လင့်တောင့်တသလို လက်နက်တွေ မရလာကြတော့ ကျနော်တို့  ကလေးတွေက လူကြီးတွေက ကတိမတည်ဘူး။ အထူးသဖြင့် ဦးအောင်နု၊ ဘကြီးအောင်ကညာ တယ် ဆိုပြီး စခန်းထဲမှာ ပြောကြ၊ သီချင်းလုပ့်ဆိုကြတဲ့အကြောင်း ဟာစစ်အစိုးရကထုတ် တဲ့ မြက်ခင်းသစ် မဂ္ဂဇင်း ထဲ မှာတောင်ပါလာခဲ့တာမှတ်မိနေပါသေးတယ်။ အဲဒီမျာ ထူးခြားတာက ကျနော့် တို့  ဒီလိုအပြောင် အပျက် သီချင်းဆိုပြီး စခန်းတွင်းမှာ ရင်ဖွင့်တာဟာ သိပ့်မကြာခင်၊ တရက်၊ နှစ်ရက်အတွင်း မှာဘဲ့ ရန်သူ့  စာစောင်တွေ ထဲ မှာပါလာတာကို က၊ ရန်သူဟာ ကျနော်ဆီမှာ ဝင်ရောက်ထိုးဖေါက် ပြီး သိနေခဲ့တာ။ သူတို့ သူလျှို တွေကျနော်တို့  ဆီမှာ ရှိနေတာကိုပြနေခြင်းပါဘဲ့။ လို့  မှတ်ယူ ဆခဲ့ကြပါတယ်။ သူလျှို နှင့် ပတ်သက်လို့  မှတ်မှတ်ရရ ဇေယျာ ဆိုတဲ့ ရဲဘော်လေးတယောက်ဟာ သူ အဖေ က ဗိုလ်မှုဆိုတာ ကို ပြောပြတတ်ပြီး သူပတ်ထားတဲ့ သူနာရီ ကအသံဖမ်းစက် တွေ ရှိနေတာကို တခြားရဲဘော်တွေ သတိထားမိလာကြတာပါ။ ဒါပေမယ့် ကျနော်တို့ သူ့ ကို တခြားတော်လှန်ရေး နယ်မြေနေရာတွေ မှာလို ဖမ်းတာ၊ ဆီးတာတွေ ကို ဘာမှ မလုပ့်ခဲ့ကြပါ။ သိလာကြရတဲ့အစဦးပိုင်းတွေမှာ သို့ လောသို့ လော စိတ်တွေနဲ့  မယုံသင်္ကာ စိတ်တွေဖြစ်ခဲ့ကြပေမယ့်၊ လူကြီးတွေရဲ့အမျှော်အမြင် ကြီးမှု၊ အတွေ့ အကြုံ ရင့်ကျင့် မှုတွေကြောင့် ဆိုးဆိုးဝါးဝါး ဘာမှ မဖြစ်ဘဲ သာမန်ရဲဘော်တဦးအဖြစ် အရင်တုံးကလိုဘဲ့ပုံမှန် ဆက်ဆံနိုင် ခဲ့ကြပါတယ်။
နောက်စခန်းတွေပြောင်းတော့ ဘုရားသုံးဆူကနေပြန်ဝင်သွားတယ်လို့ ကြားသိရပါတယ်။
ပြည်ချစ်ခေတ် ကတည်းက တော်လှန်ရေး မှာ ဒီလို သလျှိုလို့  စွပ့်စွဲတဲ့အမှုတွေ ပြဿ နာတွေ ကို ကြုံခဲ့ကြဘူးတဲ့ စခန်းကလူကြီးတွေက သူတို့ အတွေ့ အကြုံ တွေ ကို ပြန်ပြောပြ ကြ ကာ၊ ဒီလို အမှု့ တွေ ရဲ့ ၆၀ ရာခိုင်နုံးကျော်ကျော်ဟာ သူလျှို မဟုတ်ဘဲ အသက်ဆုံး ဆုံး ကြရ တဲ့ သူတို့ တတွေရဲ့ ကိုယ်တွေ့ အတွေ့  အကြုံတွေ ကိုကြားနာကာ သင်ခန်းစာ ထုတ်ယူနိုင်ကြခြင်းရဲ့ အကျိုး ရလာဒ် လို့ ပြောနိုင်ပါတယ်။ နောက်တော့လည်း ဘပေးအသိတွေနှင့် ကိုယ်တိုင်ကြုံတွေ့  နားလည်လာခဲ့ကြရပါတော့တယ်။ ဒီထက်မက နောက်ပိုင်းတွေမှာ တာဝန်တွေထမ်းဆောင်ရင်း ကျနော်တို့ သူ ငယ်ချင်းရဲဘော်တချို့ ဟာ ရနောင်းမှာ ဖမ်းမိတဲ့ သူလျှို တွေ ကိုတောင် အကြောင်းကြောင်းတွေငဲ့ညာကြပြီးပြန်လွတ်ပေးခဲ့ကြ တာတွေရှိခဲ့ကြပါတယ်။ တော်လှန်ရေး တခုကို နည်းလမ်းပေါင်းစုံက၊ ပါဝင်ဆင်နွဲ နေကြရတဲ့အခြေအနေတွေ၊ အချိန်အခါတွေ၊ ပြောင်းလဲမှု့ တွေ အရ ကျနော်တို့  တတွေ မှားယွင်းခဲ့ကြတာတွေ ရှိကောင်းရှိနိုင်ကြပါတယ်။ သို့ သော် ကျနော် ဆိုလိုတာက၊ ကျနော်တို့ တတွေဟာ ဘဝပေး အခြေအနေတွေကြောင့် ဒီလို ဘဝတွေမှာ ကျင်လည်ဖြတ်သန်း နေခဲ့ကြရပေမယ့်သွေးရှာနေတဲ့လူသတ်ကောင်ကြီးတွေ၊သူသတ်သမားကြီးတွေမဟုတ်ခဲ့ကြပါဘူးဆိုတာကိုပါဘဲ့။
ကျနော်တို့ ကသာ ဒီလို ကိုယ်ခြင်းစာ နာပြီး လွတ်ပေးခဲ့ကြဘူးပေမယ့်၊ ကျနော်တို့ ရဲဘော်တွေကိုတော့ ရန်သူဘက်ကမိသွားခဲ့ရင်၊ ထောင် ဒါဏ် နှစ်ရှည်ချခံရတာတို့ ၊ ဘဝတွေ စုတ်ပြတ်သတ်အောင် ပညာပေးခံကြရတာတို့ ၊ ထောင်တွေ အချုပ့်တွေ ကိုတောင် မခေါ်တော့ဘဲ၊ ဖမ်းမိတဲ့နေရာတွေမှာတင် အသတ်ခံကြရတာတွေရှိခဲ့ကြပါတယ်။ ကော့သောင်းမှာ ဖြစ်ခဲ့ တဲ့ အစ်ကိုကြိး တယောက် အဖြစ်မှာ ဆို သူမိသားစု တခု့ လုံး အသတ် ခံ ရတာ တို့  ရှိ ခဲ့ ဖြစ်ခဲ့ တာပါ။ပြောပြလို့  မကောင်း လောက် အောင် မိသားတစုလုံး ကို ဒုက္ခ ပြုတာခံ ခဲ့ ကြရတာမျိုးပါ။
အဲဒီနောက်တော့ အလောင်းဘုရားစခန်းနဲ့ ဘုရင့်နောင် စခန်းတွေကို ဦးပြည်သိမ်း၊ နှင့် ဦးမြင့်အောင်စိုး၊ ဦးမြင့်ခိုင်စိုး၊ တို့ ညီအစ်ကိုတို့ မှ ဦးဆောင်ကာ U.S.Special Force (retired) မှ မစ္စတာ ဂျိုး လို့ ခေါ်တဲ့ ဗီယက်နမ် စစ်ပြန် Australian SAS (retired) မှ မစ္စတာစန် တို့  တွေနဲ့  ဖေါက်ခွဲရေး သင်တန်း၊ မြို့  တွင်းပြောက်ကျား စစ်ဆင်နည်း၊ ယူဂျီသင်တန်းတို့ ကို စာတွေ့ လက်တွေ့ သင်ကြားတဲ့ သင်တန်းတွေ ဖွင့်ခဲ့ကြပါတယ်။
အဲလိုသင်တန်းတွေဖွင့်တော့၊ အဲဒီသင်တန်းတွေမှာ အဖွဲ့ ပေါင်းစုံက
တော်လှန်ရေးညီနောင်ရဲဘော်တွေနဲ့ ပြန်ဆုံတွေ့ ခဲ့ကြရပါတယ်။
အဲဒီသင်တန်းရဲ့အောင်မြင်မှုအကျိုးဆက်အဖြစ် လှေယာဉ်ပျံပေးဆွဲမှုနှစ်ခုကို ကျနော်တို့  လုပ့်ဆောင်နိုင်ခဲ့ကြပြီး ပြည်တွင်း ထိုးဖေါက်မှုတွေအတော်များများကို ဖေါ်ဆောင်နိုင်ခဲ့ကြပါတယ်။

 https://www.facebook.com/groups/1396640697119767/permalink/1507669306016905/

No comments: