Friday, August 10, 2018

ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး -​( ABPY)

ကော့မင်းတွေမှာတကူးတက သွားမဖတ်နိုင်တဲ့ သူတွေအတွက်ရယ်၊အားလုံးဖတ်နိုင်ပါစေ
ဆိုတဲ့ ရည်ရွယ်ချက်နှင့် Ko Linn Wai Aung Linn Wai Aung ရဲ့ မှတ်ချက်(ကော့မန့်) တွေကိုပြန်စုစည်းပြိး တင်ပြပေးလိုက်ပါတယ်။
.....................
ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး -​( ABPY) Association of Burmese Patriotic Youth




Ko Linn Wai Aung
ABPY ကို ၁၉၈၈ ဇွန်လအရေးတော်ပုံ ကာလမှာ ရန်ကုန်မြို့ ဘောင်ဒရီလမ်း အမှတ် ၁၈၂ ကိုအောင်ဇော်မင်းနေအိမ်မှာ ကျောင်း မေဂျာ အသီးသီးကသပိတ်မှောက် ကျောင်းသားများနဲ့ဖွဲ့စည်းခဲ့ပါတယ်
လူမှုနိုင်ငံရေးကိုအခြေခံပေမယ့်
လက်တလော အာဏာရှင်စံနစ်ဆိုးအခြေအနေအရ
လက်နက်ကိုင်တော်လှန်ရေးအသွင် ဖေါ်ဆောင်ဖို့ ကနဦး ဆုံးဖြတ်ခဲ့ကြပါတယ်။
ဇွန်၂၁ မြေနီကုန်း အရေး ဖြစ်အပြီး ကျနော်တို့ ၄ဦးအဖွဲ့ မြိတ်ဒေသကို ဇွန်လ၂၄လောက်မှာ ဆင်းခဲ့ကြပါတယ်
မြို့ပေါ်တာဝန်ယူမှုအပိုင်း အဆက်အသွယ်လမ်းကြောင်း များထားကြပါတယ်။
အဓိကရည်ရွယ်ချက်က လက်နက်ကိုင်တော်လှန်ရေးအတွက်
အမာခံများစုစည်းဖို့ ငွေကြေး လက်နက် နယ်မြေနဲ့
လွတ်မြောက်နယ်မြေ ရှာဖွေခြင်း များအပါအဝင်ဖြစ်ပါတယ်။
ကျနော် ကိုရဲလင်း တ-သင်္ချာ (လုပ်သားကောလိပ်)
ကိုအောင်ဇော်မင်း& ချိုတူးဇော် -RIT
ကိုသင်ကိုအောင် /ဟင်္သာတ တနှစ် ပထဝီ
ကိုခင်မောင်ဝင်းချို / ဒု- ဘူမိ ဗေဒ (ရှော်တောမော်ရွာ)ဇာတိ
ဖြစ်ပါတယ်
တိုင်းရင်းသားလက်နက်ကိုင်များ ထိုင်းနယ်စပ်အခြေအနေ
နဲ့ ကျနော်တို့ရပ်တည် အခြေချလို့ရနိုင်မယ့် လွတ်မြောက်နယ်မြေ
နဲ့ အခင်းအကျင်းများကို လေ့လာပါတယ်။
ဈေးတန်းမှာတည်းခိုနေထိုင်ပြီး မင်းသန်း
ကြပ်ချောင်း /သဲ ချောင်း /ရှော်တောမော်
ရွာတွေဘက်လှည့်လည် နေထိုင် လမ်းကြောင်းရှာပါတယ်။
ရန်ကုန်မြို့ပေါ်အခြေအနေနဲ့ကျောင်းသားလှုပ်ရှားမှုများကို မျက်ခြေမပြတ် BBC /VOAသတင်းအမြဲစောင့်ကြည့်ပါတယ်
ဦးနေဝင်းနှုတ်ထွက် ဦးစိန်လွင် တက်လာပြီး
် ကျောင်းသားများ ၈၈၈၈ လှုပ်ရှားမှုအတွက်
တိုင်မင်ပေးပြောဆိုလာကြတဲ့ အချိန်မှာကျနော်တို့ မြိတ်ကိုပြန်တက်လာကြပြီး
အထက/ အလက ကျောင်းသားများ
ရပ်ရွာလူငယ်များ စတင်လှုပ်ရှားခဲ့တဲ့ မိတ်၈၈၈၈ အရေးတော်ပုံကို အထက ၁ သပိတ်စခန်း ကနေ စတင်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
ABPY အဖွဲ့အစည်းဟာ မြေအောက် UG အသွင်ဖွဲ့စည်းတာမို့ ရန်ကုန်ကျောင်းသား
များအနေနဲ့သာ ပါဝင်ခဲ့တာပါ။
သပိတ်စခန်းမှာ မှတ်မိသ၍ ကိုအေးသော်
ကိုထွန်းအေး မြိတ်/ကိုကျော်ကျော်သက် (မော်လမြိုင်ကောလိပ်)နဲ့ အရပ်သားလူငယ်များ အမည်မမှတ်မိတဲ့
အထက /အလက ကျောင်းသားများ ဆုံစည်းခဲ့ပါတယ်။
လိုအပ်မယ်ထင်တဲ့အလုပ်ကိုဝင်လုပ်ပါတယ်။
တောင်းဆိုချက်များ/ ဟောပြောချက်မိန့်ခွန်း/ ရေး/ပြောအလုပ်တွေ ၉/၁၀ နေ့တွေအများဆုံးလုပ်ရပါတယ်
ကိုအောင်ဇော်မင်းနဲ့/ကျောင်းသားများ/ ပြည်သူထဲမှ ရေးသော ဟောပြောချက်များ
တောင်းဆိုချက်များ ကို ပင်တိုင် ဟောပြော ဖတ်ပြခဲ့ရတာများပါတယ်။
လုံခြုံရေးတာဝန်ကျကျောင်းသားများ/
လူငယ်များ နေရာအထိ တောင်းတွေနဲ့ ထမင်းထုတ်လိုက်ဝေတာလည်းလုပ်ပါတယ်။ ရေမြွေကလုံခြုံရေးစောင့် တဲ့ သူ့လူတွေထမင်းမစားရသေးဘူးဆိုပြီး အပေါ်ထပ်အစည်းဝေးခန်းမှာအစည်းဝေးလုပ်တုန်းလာပြောလို့ ကိုယ်တိုင်ထမင်းထုတ်တွေ ကျောင်းနောက် ရေကန်ခြုံအကြိုအကြားထိလိုက်ဝေခဲ့တဲ့
ကျနော်နဲ့ ကိုမြင့်ဝေ& ရေမြွေတို့ အစည်းဝေးလုပ်နေတဲ့အပေါ်ထပ်အခန်းမှာ ပြသနာအကြီးအကျယ်တက်ဘူးပါတယ်
ကျနော်တို့ကိုမယုံကြည်ရသူများအဖြစ် စွပ်စွဲတာရှိခဲ့ပါတယ်။
ကိုကိုဦးအခေါင်း ၁၀ရက်နေ့ပြန်လည်သယ်ယူတာတွေမှတ်မိပါတယ်။ညီညီလွင် အိမ်ရောက်ခဲ့ပေမယ့်
ခေါင်း BODY မရှိပါ။ဆေးရုံ အအေးတိုက်မှ မိသားစုအစီအစဉ်ဖြင့် သင်္ဂြုလ် သည်ဟုထင်ပါသည်။
ကျောင်းအလိုက် အစည်းဝေးကိစ္စ များ
ကျနော်မသိတော့ပါ။
ကျောင်းအလိုက်ကိုယ်စားလှယ်များ တကသ ကျောင်းသားကြီးများအစည်းဝေး ကိစ္စအသေးစိတ်မမှတ်မိပါ။
ထမင်းချက်ကျွေးတဲ့အရပ်သားမိန်းမကြီး တွေ
ဟောပြောချက်တွေ လာနားထောင်တဲ့ ကုက္ကိုလ်ပင်အောက်ကပြည်သူနဲ့မိဘတွေ
ပြည်သူတွေလာလှူလာပို့ထားတယ်ထင်ခဲ့တဲ့ဆန်အိတ်အများအပြား လည်းအစီအရီမှတ်မိပါတယ်။
သပိတ်စခန်းကို ယခင်ပြောခဲ့သလို
လူစုံအဝင်အထွက်များလာခြင်း။
ကျောင်းသား/သူ အရွယ်ငယ်သူများ
ရေရှည် အခက်အခဲစဉ်းစားခြင်း။
အကြမ်းဖက်နှိမ်နင်းမှုဖြစ်လာနိုင်ခြင်း
သပိတ်အီလာပြီး မလိုလားအပ်တဲ့ပြသနာများ ဖြစ်လာနိုင်ခြင်း
စသဖြင့် အမျိုးမျိုးအခြေခံတွေကိုစဉ်းစားပြီး
သက်ဆိုင်ရာဦးဆောင်သူများ
မြို့မိမြို့ဖများ တိုင်ပင်ပြီး အနိုင်နဲ့ပိုင်း ပိတ်သိမ်းခဲ့တာပါ။
၂ကြိမ်ဆွေးနွေးကြရာမှာ
ဒေါက်တာသာစိန်အိမ်အပေါ်ထပ်မှာ ကိုယ်စားလှယ် ကိုအောင်ဇော်မင်း
ကိုအေးသော်တို့ ပါဝင်ပါတယ်။
သပိတ်စခန်းရုပ်သိမ်းပြီး နောက်ပိုင်းသက်ဆိုင်ရာကျောင်းများ
မှပြန်လာတဲ့တကသကျောင်းသားအချို့မှ သမဂ္ဂများဖွဲ့စည်းမှုရှိလာပါတယ်
သပိတ်မှာပါဝင်ခဲ့တဲ့ အထက်တန်း အလယ်တန်းကျောင်းသား/သူ အချို့
အရပ်သားလူငယ်များ တိုင်ပင်လာတာရှိပါတယ်
အချို့သမဂ္ဂမှာ ကျောင်းသားမဟုတ်သူမပါရတာမျိုးတွေ
အချို့သမဂ္ဂတွေက တကသ ကျောင်းသားတွေအတွက်သာဖြစ်နေတာမျိုးတွေ သိရပါတယ်။
ဒါကြောင့်နိုင်ငံရေးရေချိန်အရ
သပိတ်စခန်းတခုကို ABPY အမည်နဲ့ဘဲ
ဖွင့်လှစ်ပြီး ဒီမိုကရေစီအရေးဆက်လက်လုပ်ဆောင်ဖို့
စတင်ခဲ့ပါတယ်။တစ်ဖက်ကလည်း
နိုင်ငံရေး/သဘောတရားရေး နဲ့သင်တန်းပေးတာတွေ လုပ်ရင်း
ABPY အမာခံများရွေးချယ်စုဆောင်းတာတွေလုပ်ခဲ့ကြပါတယ်။
ဆောင်ပုဒ်က
*WE ARE FIGHTING FOR DEMOCRACY,
PEACE AND JUSTICE. *
နောက်ပိုင်း မြိတ်ဒေသ ABPY ကိုဦးစီးဦးရွက်ပြုကျန်ခဲ့တာက ကိုခင်မောင်ဝင်းချို
ကိုကျော်သူ
ကိုပိုအင်
ကိုအောင်နိုင်ဦး
နဲ့ရဲဘော်များပါ။
ကျနော်က အာဏာမသိမ်းမှီ
ဆယ်ရက်ခန့်က ABPY တာဝန်နဲ့ထားဝယ်ကို
ဆက်ထွက်ခဲ့ပါတယ်
သိပ်မကြာခင် ကိုအောင်ဇော်မင်းက
ရန်ကုန်ကို ပြန်တက် ရဲဘော်များနဲ့ဆုံပြီး
ထားဝယ်ကိုပြန်အဆင်း အာဏာသိမ်းတဲ့နေ့မှာ ထားဝယ်စစ်တပ်ကဖမ်းဆီးတာကို
ပထမအကြိမ်ခံခဲ့ရပါတယ်
ထားဝယ်မှာ ABPYသပိတ်စခန်းဖွင့် ဟောပြော လူစုဆောင်းတာတွေလုပ်ရင်း
အာဏာသိမ်း ၁၉.၉.၈၈ မနက်မှာ ချီတက်ဆန္ဒပြလို့ အုတ္တားကြီးလမ်းဆုံမှာ မှာ အပစ်ခံရပါတယ်။
အသေးစိတ်မပြောတော့ပါ။ပြည်သူ ၅ ယောက် နောက်တိုး၂ ပေါင်း ၇ယောက်ကျဆုံးပါတယ်။
အာဏာသိမ်းအပြီး မြိတ်အခြေအနေက
ABPY တရားဝင်မှတ်ပုံတင်ပြီး ဘိတ်ကို ၃ခေါက်ပြန်ရောက်တဲ့အခါသိရတာပါ။
ကိုမျိုးဦးကျဆုံးတာ
ကိုကျော်သူ/ ကိုခင်မောင်ဝင်းချို
အပါအဝင် ABPY ရဲဘော်တွေ ၂၀ကျော် ၃၀ လောက် ထွက်ခွာသွားတာ
ကိုခင်မောင်ဝင်းချိုနဲ့ကျနော်တို့ ဆက်သွယ်ကြိုးစားခဲ့တာတွေ
ရှိပါတယ်။
ABPY ရုံး- မြိတ်ဒေသဖွင့်တာတွေ
ကိုကိုဦး
ညီညီလွင်
ကိုနောင်မဲ အုတ်ဂူ ကို
မတ်လ ၁၉၈၉ မှာ
သွားအလေးပြုခဲ့တာတွေရှိပါတယ်။
မြိတ်ကိုDASSK လာလို့ ကျနော်တို့တွေ့ဆုံခဲ့ကိစ္စတွေ
ရှိပါတယ်
ကိုအောင်ဇော်မင်း
ကိုကျော်ကျော်သက်
ကိုပိုအင်
ကိုကျော်ဦး
ဆရာမဒေါ်လေးလေးမြင့်
တို့ ၈၈၈၈ အရေးတော်ပုံ ၈ လပြည့်လုပ်တာတွေ
မတ်လ၁၀ရက် ရဲဘော်၃ဦးအလေးပြုတဲ့ကိစ္စ
မတ်၁၃ အခန်းအနားလုပ်တဲ့ကိစ္စ တွေနဲ့
မြိတ်ထောင်မှာ ၅/ည နဲ့ထောင်ကျတာတွေရှိပါတယ်။
နောက်ပြီး ကိုအောင်နိုင်ဦး အကျဉ်းကျတာရှိပါတယ်။
( လူငယ် ၂ယောက် အလံထူနေတဲ့ပုံက တရားဝင်မှတ်ပုံတင်ပြီးမှ လုပ်တဲ့အဖွဲ့ဝင်ကဒ် ကျောဖက်ပါ။
လက်ပတ်မှာတံဆိပ်တုံးထုထားတာက သပိတ်ကာလကပါ။)
 https://www.facebook.com/groups/1396640697119767/permalink/1401122590004911/

No comments: