Friday, August 10, 2018

တောခို ကြပြီ

ကျနော်တို့ သူငယ်ချင်းတစု တောခို ကြပြီ
ဒီလို နှင့် ဘဲ့ ကျနော်တို့  အ.ထ.က(၄) ကျောင်း မှာ အတူလုပ့်နေကြ တဲ့ သူတွေ လမ်းကြောင်းတွေခွဲပြီး တော်လှန်ရေးနယ်မြေတွေဆီထွက်ခွါကြဘို့ ဖြစ်လာကြပါတယ်။ ခရီးထွက်ကြတော့မယ်ဆိုတော့ ခရီးစရိတ်တွေ လိုလာပါတယ်။ လိုအပ့်တဲ့ ခရီးစရိတ်အတွက် အ.ထ.က (၄) မှာ သပိတ်စခန်းဖွင့်ပြီး လုပ့်စဉ် တုန်း က ပြည်သူတွေဆီကနေရရှိခဲ့တဲ့ အလှူငွေ ရန်ပုံငွေတချို့ ကို ဆရာမတဦးဆီမှာ အများသဘောတူအပ့်ထားတာရှိပါတယ်။ အဲဒီထဲကတချို့ ကို ကျနော်တို့  ကို ခရီး စရိတ် အဖြစ် ထုတ်ပေးဘို့  အဲဒီဆရာမအိမ်ကို သွားပြီးတောင်းတဲ့အခါကျတော၊့ (ကျနော့်အထင် ဆရာမကပေးချင်သော်လည်း) ဆရာမ ယောင်္ကျား က “ မင်းတို့ ကို ပေးစရာမရှိဘူး၊ လိုချင်ရင်တော့ ဒါဘဲ့ရမယ်” ဆိုကာ သူ့  ခါး တွင် သေနတ်ထိုးထားတာကိုလှစ်ပြပြီး ချိန်းခြောက်တာကို ခံခဲ့ကြရပါတယ်။ နောင်မှာ အဲဒီ ဆရာမယောင်္ကျားဟာ စစ်အာဏာရှင်တွေရဲ့ဒေါင့်တိုင်တခုဖြစ်လာခဲ့ပါတယ်။ ဒီမှာ ကျနော်တို့ သင်ခန်းစာယူဘို့ ကောင်းတာက အဲဒီလို လူမျိုးတွေ လည်းရှိနေတတ်တာကို ကြိုပြီးမတွေးထားနိုင်ခဲ့ကြတာကိုပါဘဲ့။
ဒါနှင့်ဘဲ့ ကျနော်တို့ အသိ မယ်သီလရှင်တပါဆီက နေ လိုအပ့်တဲ့ ခရီး လမ်းစရိတ်အတွက် ငွေအနည်းငယ် ချေးယူကာ အဲဒီငွေနှင့်ဘဲ လမ်းစရိတ်လုပ့်ပြီး ထွက်လာခဲ့ကြရပါတယ်။
ကျနော်၊ စိုးမိုးလှိုင် နှင့် (အမည်မေ့နေပြီဖြစ်တဲ့၊ သာကေတ မယ်သီလရှင်ကျောင်း ရှေ့  လဘက်ရည် ဆိုင် က သူငယ်ချင်တဦး) စုစုပေါင်း ၃ဦး တို့  ရှပ့်ပုံဘက်သို့ လှေကြုံဖြင့် ခရီးထွက်ခဲ့ကြပါတယ်။
အ.ထ.က(၄) ကျောင်းကနေ ကျနော်ရယ် စိုးမိုးလှိုင် ရယ် ကတော့ ရနောင်း ထိုမှ တဆင့် ဘုရားသုံး ဆူ ကိုရောက်သွား ခဲ့ကြပြီး၊ အောင်မိုး(သာကေတရပ့်ကွက်) ၊ အေးပို၊ လင်းဇော်၊ တင်မိုးထွန်း၊ ဇော်ဦး နှင့် အောင်သူဇာ တို့ အပြင် တခြား ဘိတ်သူဘိတ်သားအတော်များများကတော့ တောလမ်း ခရီးတွေကတဆင့် မင်သမီးစခန်း (အေဘီ ၂၀၁)ကိုရောက်သွားခဲ့ကြပါတယ်။
အပေါ်မှာ ပြောခဲ့သလိုပါဘဲ့၊ ကျနော်တို့ သုံးဦးဟာ ရှပ့်ပုံကိုရောက်သွားခဲ့ကြပြီး၊ ရှပ့်ပုံ ကျောင်းသားသမဂ္ဂ အကူအညီနှင့် ဘိတ်ကကျောင်းသားလူငယ်တချို ၊ ထာဝယ်ကကျောင်းသားလူငယ်တချို့ (မင်သမီးတွင် ပျောက်သွားခဲ့တဲ့ ကိုစိုးစိုး ၊ ရှေ့ နေဦး မြင့်သိန်း တို့ အဖွဲ့ )တို့  နှင့် အတူ ခိုးလှေဖြင့် ယိုးဒယားနိုင်ငံ ရနောင်းမြို့ ကို
ရောက်လာ ခဲ့ကြပါတယ်။
ဒီလိုနဲ့ ရနောင်းကို ရောက်တော့၊ ကျောင်းသား အများစု ၊ စုဝေးနေထိုင် ကြရာ ဖြစ်တဲ့ ရနောင်း က မငှက် ဂိုဒေါင်မှာ ခေတ္တ နားခိုခဲ့ပြီး၊ ထိုမှတဆင့် ဘိတ် ကျောင်းသားလူငယ်များ စုဝေးနေထိုင်ကြတဲ့ ကြီးခိ ဂိုဒေါင်အနီးရှိ ပုဇွန်မွေးကန်အနီး က ဘိတ်သားများ ရဲ့ စုရပ့်နေအိမ်သို့  ပြောင်း ရွေ့  နေထိုင်ခဲ့ကြပါတယ်။
ကျနော်တို့  ရနောင်းမှာနေထိုင်စဉ် အဲဒီအချိန် က ရနောင်းက ယိုးဒယား ပုလိမ့်တွေဟာ ၈၈ အရေးတော်ပုံ ကနေ တော ခိုလာကြတဲ့ မြန်မာ ကျောင်းသားတွေ ၊ တရာမဝင်ခိုးဝင်လာကြသူတွေအဖြစ် သိနေကြပြီး မကြာခဏ ဖမ်းဆီး ကာ ပြန်ပို့ တာ တွေ လုပ့်တတ်ကြတာ မို့  လျှို့  လျှို့  ဝှက်ဝှက် ခက်ခဲ ငတ်ပြတ် စွာ နှင့် ပုန်းလျှိုကွယ်လျှို နေခဲ့ကြရ ပါတယ်။
တော်လှန်ရေးလုပ့် ရန် အတွက် ကို “ ထင် “ တလုံးဖြင့် ရည်စူး ပြီး၊ တဘက်နိုင်ငံ အတွင်းသို့  တရား မဝင် ခိုးဝင်လာခဲ့ ကြ ရ တဲ့ ကျနော်တို့  တတွေ ဟာ မိမိ ဝမ်းစာ ရေး အတွက် ကို တခြား အဲ ဒီမှာ အလုပ့် လာလုပ့် နေကြ သူတွေ လို တရာဝင် အလုပ့် ထွက်လုပ့် ကြတာ မျိုး တွေလည်း မ လုပ်နိုင်ခဲ့ကြပါ။ ဒီအတွက်
စားဝတ်နေရေး ဆင်ရဲ ကြပ့်တည်းမှု ကိုစတင် ကြုံ တွေ့  ခံစား ခဲ့ကြရပါတယ်။ အဲလို ကျနော် တို့ တတွေ ငတ်ပြတ် ပြီး ဒုက္ခ တွေ ရောက် နေချိန်မှာ အဲဒီမှာ ကျနော် တို့ ထက် အရင် ဦးစွာ ရောက်နေကြတဲ့၊ အလုပ့်လာလုပ့် နေကြတဲ့ မြန်မာပြည်သားတွေ က ကျနော် တို့ အပေါ် စာနာ သနားစွာ ဖြစ် ထှောက်ပံ့ကူညီလှူဒါန်း ခဲ့ ကြတာတွေ၊ မငှက်၊ ကြီးခိကဲ့ သို့  ယိုးဒယားလုပ့်ငန်းရှင်ကြီး များမှ လူသားခြင်း စာနာ ထှောက်ထား ကာ ကူညီပံ့ပိုးပေးခဲ့ကြတာတွေ ကြောင့် သာ ကျနော် တို့  လို ရာ ခရီး ကို ဆက်နိုင်ခဲ့ ကြတာပါ။ သူတို့ တတွေ ရဲ့ အခု့ လို ကူညီပေးခဲ့မှု ကို ကျနော် တို့  ရင်ထဲကနေမှတ်တမ်းတင်ထားအပ့်ပါတယ်။
ဒီလို ကျပ့်တည်း ဆင်းရဲတဲ့အချိန် တွေမှာ လူတွေရဲ့ သဘောထားအမှန်တွေ ပေါ်လာတတ်တယ်ဆိုတာ မျိုး ကိုလည်း ဘဝပေး သင်္ခန်းစာ တခုအဖြစ်၊ ကြုံတွေ့ ခဲ့ရ ပါတယ်။
ကြုံတွေ့ ခဲ့ရတဲ့အမှန်တရားတခုကိုစိတ်မကောင်းစွာမှတ်တမ်းတင်ထားရရင်တော့ ကျနော် တို့  အတူ စု နေကြသူ တွေ ထဲက တချို တချို့ တွေ ဟာ တကယ့် အခက်ခဲ အကြပ့်တည်း ဒုက္ခ တွေ ကြုံ တွေ့ လာ ကြတဲ့ အခါ မှာ သူတို့ ဆီမှာပါလာတဲ့ ငွေ နှင့် ပစ္စည်းတွေ ကို သူတို့အစုအဖွဲ့  အတွက်သာ လျှို့  ဝှက် စွာ လက်သိပ့် ထိုး ပြီးသုံးကြတာကို တွေ့ သိကြရခြင်း ၊ ယိုးဒယား ဘက်မှာ အခက်ခဲ အကြပ့်အတည်း တွေ တွေ့  လာခဲ့ ပါက ဆက်သွယ်ပြီး၊ လိုအပ့်တဲ့ အကူအညီ များ (ငွေကြေးအကူအညီကအစ) တောင်းနိုင် ပါတယ် လို့  မှာ ကြား ပြီး ပေး လိုက်တဲ့ (အထူးသဖြစ်ဆရာ ဆရာ မ များ ရဲ့ မှာ ကြားချက်) သတင်းအချက်အလက်တွေကို သိရှိ ထားခဲ့ ကြ သော်လည်း အများအတွက် မဝေမျှဘဲ၊ သူတို့ တွေ အတွက် သာ ရှာဖွေ ဆက်သွယ်ကြပြီး၊ ရလာတဲ့ ငွေတွေကို သူတို့ အစု၊ အဖွဲ့  ဝင်တွေချဉ်းဘဲ တိတ်တိတ်လေး ဝေမျှစား နေတာကို မကြည့်ချင် မမြင်ချင်ဆုံး တွေ့ ကြုံခဲ့ရပါတယ်။
လူထုအရေး တော် ပုံ ခေတ် ကောင်းစဉ် ကာလ မှာ၊ အခွင့်အရေး သာခဲ့ စဉ် က ဟို အဖွဲ့ ၊ ဒီအဖွဲ့ တွေ ထဲမှာ ရာထူးကြီးကြီးတွေ ဝင်ယူ၊ လက်သီး လက် မောင် တွေ တန်းကာ လူကြီးလူကောင်း တွေ အဖြစ်၊ ဦးစီး ခေါင်းဆောင် တွေ အဖြစ် နေရာတွေ ဝင် ယူ၊ ဝင်လုပ့် ခဲ့ကြ တဲ့ သူတွေ တချို့  ဟာ အခုလို ဆင်းရဲ ဒုက္ခရောက်ကြတဲ့အချိန်တွေမှာတော့ လူကြီးဂုဏ်အင်္ဂါ တွေနှင့်
မညီနိုင်ကြ တော့တဲ့ ဒီလိုလူတွေလည်းရှိသေးပါလားလို့ မှတ်သားထား ခဲ့ရ ပါတယ်။
ထို့ အတူ ဘဲ့
ဒီလိုလူ မျိုး တွေ နှင့် ဆန့် ကျင်ဘက်၊ ကိုယ့်ဘဝ ကို ရဲရဲကြီးပေးဆပ့်ကြ ကာ ညီအစ်ကိုအရင်းတွေ ထက် ကိုချစ်ခင်လေးစား ဘို့ ကောင်းတဲ့ သူတွေကို လည်းကြုံခဲ့ကြရပါတယ်။နောင် မှာ တော်လှန်ရေး ညီအစ်ကို မောင် နှမ တွေ ဖြစ်လာ ခဲ့ ကြပါတယ်။
ဒီနေရာ မှာ ကြုံ ခဲ့ ရတာ ကို ဘယ်သူ့ မျက်နာ မှ မထှောက်ဘဲ မှန် ရားတခု့  ကို ပြောရရင်၊
တကယ်တမ်း တော်လှန်ရေးအတွက် ခရီး တွေ ဆက်ကြဘို့ ဖြစ်လာကြ တဲ့အချိန်မှာတော့ ကျနော်ပြောခဲ့တဲ့ ဖေါက်ပြန်သူ အုပ့်စုထဲက တဦး တယောက်တောင်မှ တော်လှန် ရေး ခရီး တွေ ထဲ ကို ဆက်ပြီး လိုက်ပါနိုင်ခြင်း မရှိဘဲ အကုန်အိမ်ပြန်သွားကြတာကိုလည်းမှတ်မိနေပါသေးတယ်။
(ကျနော် ဆိုလိုတာက အိမ်ပြန်သွားကြ လို့ ပြန်သွားခဲ့ကြသူတွေ အားလုံး ကို ဖေါက်ပြန် သူတွေ လို့ မဆိုလိုပါ။ ဖေါက်ပြန်သူအများ စု ဟာ စိတ်ဓါတ် ကြံ့ ခိုင်မူ့  မရှိဘဲ အလွယ် တကူ လက် လျှော့ အရှုံးပေး ပြန်သွားကြတာ ကို ပြောတာ ပါ)
ဆက်ပါဦးမယ်။

 https://www.facebook.com/groups/1396640697119767/permalink/1403475213102982/


၁၉၈၈ခုနှစ် နိုဝင်ဘာလ-------မှာ ဘတ်စကား ၄စီးနှင့် ယိုးဒယားထှောက်လှမ်းရေး အကူအညီဖြင့် ယိုးဒယားနိုင်ငံအတွင်းကနေ ဘုရားသုံးဆူ မွန်နယ်မြေ ဘက်ကိုခရီးဆက် ခဲ့ကြပါတယ်။
ဘုရားသုံးဆူကို ဘတ်စကား ၃စီးသာရောက်လာခဲ့ပြီး (ထာဝယ် က ရှေ့  နေ ဦးမြင့် သိန်း တို့  ကိုစိုးစိုးတို့ ပါတဲ့) ဘတ်စကားတစီးကတော့ မင်းသမီးစခန်းဘက်ကို ရောက်သွားခဲ့ပါတယ်။
ဘုရာသုံးဆူရောက်တော့ အရင်ရောက်နှင့်နေပြီဖြစ်တဲ့ ကျောင်းသားတွေ၊ သက်ဆိုင်ရာနယ်မြေ တာဝန်ခံတွေ ကကြိုဆိုနေရာချထားပေးကြပါတယ်။
မွန်နဲ့ ကရင် နယ်မြေလု စစ်ပွဲဆင်နွဲ ပြီး စ ကာ လ လေး မို့  ဘုရားသုံးဆူဟာ လူသူမရှိ နေတဲ့ ရွာပျက်ကြီး တခုဖြစ်နေခဲ့ပါတယ်။ ရောက်လာကြတဲ့ ကျနော်တို့ တတွေကို လူမရှိကြတဲ့ သင့်တော်ရာ နေအိမ်အလွတ်တွေမှာ နေကြဘို့  သက်ဆိုင်ရာ နယ်မြေခံတာဝန်ရှိသူတွေက နေရာချထားပေး ခဲ့ပါတယ်။ မှတ်မှတ်ရရ
ဘိတ်သား ၆ယောက်နဲ့ ပြည် (သဲကုန်း) သား ၄ယောက် ပေါင်း ၁၀ယောက် တို့ တအိမ်ထဲမှာ နေဖြစ်ခဲ့ကြပါတယ်။
ဘုရားသုံးဆူကိုရောက်ခဲ့ကြတဲ့ ဘိတ်သားတွေ ကတော့
၁။ ကိုလှမော်
၂။ ဦးဇင်း (ကို ထွန်းရှိန်)
၃။ (ကိုအေးလွင်)
၎။ (ကိုတူး)
၅။ ကို အောင်မျိုးလွင်
၆။ ကို စိုးမိုးလှို င်
၇။ (ကို ငွေစိုးဦး)
၈။ (ကိုဝင်းမြင့်)
၉။ ကိုအောင်နိုင် (ပေါတာ)
၁၀။ကို အောင်စိုး (ခ) ကုလားမ
၁၁။ ဦး မင်းလွင်
၁၂။ ( ကို ကြည်စိုး(သရဲ))
၁၃။ ကိုသန်းနိုင်
၁၄၊ ကို သန့် ဇင် တို့ ဖြစ် ပါတယ်။
(အဲ ဒီ ထဲ က
(ကို အေးလွင်
ကိုဝင်းမြင့်) တို့ ဟာ အိမ်ပြန် မရောက် နိုင်တော့ တဲ့ သူ တွေ အဖြစ် မှတ်တမ်း တင်အပ့် ပါတယ်။)
(ကိုကြည်စိုး @ သရဲ ကပြည်တွင်းယူဂျီနဲ့ဖမ်းမိပြီထောင်(၁၀)နှစ်ကျ၍
အိမ်ပြန်ရောက်မှာ ဆုံး သွားခဲ့ ပါတယ်။)
( ကိုတူး နှင့်
ကို ငွေစိုးဦး တို့  လည်း အိမ်ပြန် ရောက် ပြီး မှ ဆုံးပါးသွားကြတယ် လို့ သိရပါတယ်။
ဒီမို ကရေစီ တော်လှန် ရေး ကာလအတွင်း မှာ တာဝန် ကျေခဲ့ ကြတဲ့ သူတို့ တတွေ ကို ဘိတ် ရဲ့ သူရဲ ကောင်းတွေ အဖြစ် မှတ်တမ်း တင်အပ့်ပါတယ်။
သန်းနိင်၊အောင်စိုး(ကုလားမ)၊ငွေစိုးဦး၊ရဲခေါင်မြင့်
တို့ဟာမြစ်ဝကျွန်းပေါ်အစီအစဉ်နဲ့အိန္ဒြိယားမှာအဖမ်းဆီးခံခဲ့ရ၍အကျယ်ချုပ်နေခဲ့ရပါတယ်။
ပြန်လွှတ်ပေး၍မြန်မာပြည်အပြန်စက်လှေငယ်ပျက်ပြီးကိုးရီယားငါးဖမ်းသင်္ဘောမှကယ်တင်၍ရန်ကုန်မှတဆင့် အိမ်ပြန်ရောက်ကြရတာပါ။)
ဘုရားသုံး ဆူ နယ်မြေ တခြားအဖွဲ့ မှာရောက်နေတဲ့ ဘိတ်သားတွေဖြစ်တဲ့
ကိုအောင်ကြီး နဲ့  ကို ဇော်ဝင့် တို့  ကိုလည်းဘုရားသုံးဆူကိုရောက်ခဲ့ကြတဲ့ဘိတ်သားတွေအဖြစ်မှတ်တမ်းတင်ပါတယ်။
အဲဒီအချိန်တုံးက တအိမ်တည်းမှာ အတူနေခဲ့ကြရ ဘူးတဲ့ ချစ်စရာအလွန် ကောင်းတဲ့ပြည်(သဲကုံး) သားအစ်ကိုကြီးတွေ
၁။ ကိုရဲခေါင်မြင့်
၂။ ကိုဘိုစီ
၃။ (ကို မင်းလွင်)
၎။ ကိုလှမြင့်သန်း (USA)
၅။ ကိုပီတာ (ရန်ကုန်)
တို့ ကို မှတ်မှတ် ရရ၊ အမှတ်တရ မှတ်တမ်းတင် ရပါတယ်။
တဆက်တည်းမှာဘဲ့ ဘုရားသုံးဆူရောက် အတူ နေခဲ့ ကြတဲ့ ကော့သောင်သားတွေကိုလည်းမှတ်မိသလောက်မှတ်တမ်းတင်ထားပါတယ်။ ကျန်ခဲ့တာတွေရှိနိုင်ပါတယ်။
၁။ ကို ဟူစင်း(ကော့သောင်း)
၂။ ကိုသန်းဋ္ဌေး(ကော့သောင်း)
၃။ အားစူး(ကော့သောင်း)
၎။ ဇော်နိင် (ကော့သောင်း)
၅။မင်းမင်း(ကော့သောင်း)
၆။ ဂန္ဒီ(ကော့သောင်း)
၇။ ဦးကျော်ထွန်း (ကော့သောင်း)
၈။ အဘိုးကြီးကိုကိုနိုင် (ကော့သောင်း)
၉။ (မျိုးလွင်)(ကော့သောင်း)
၁၀။ဝင်း ရွှေ(ကော့သောင်း)
၁၁။ ကိုဋ္ဌေးအောင်
တို့ ဖြစ်ကြပါတယ်။
ကျနော်တို့ အိမ်ရဲ့ မျက်စောင်းထိုး မှာ နေကြတဲ့ လေတပ့်က အစ်ကိုကြီးတွေကိုလည်း မှတ်မှတ်ရရ မှတ်တမ်းတင်ပါတယ်။
နောက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တုန်လှုပ့်ခြောက်ခြားရေးအဖွဲ့ ဆိုပြီး အမည်ရတဲ့ ရဲဘော်တွေကိုလည်း သတိရ မှတ်မိနေပါတယ်။ နောက် ပိုင်း မှာ လေယာဉ် နှစ်စီး ကို လမ်းကြောင်းလွဲ ခဲ့ပြီး မြန်မာ့ အရေး ကို ကမ္ဘာ က နေ အာရုံ စိုက် လာ အောင် ထူးခြား ပြောင်မြောက်စွာ စွမ်းဆောင် ခဲ့ကြတဲ့ သူရဲကောင်း တွေ မွေးဖွါးလာတဲ့ အစု ပါဘဲ့၊
မြဝတီ ဦးရဲ ခေါင်၊ဖွါးဖွါး၊ မ အတာ၊ ဖိုး သက်၊ မသန်းဋ္ဌေး၊ မမြတ်မြတ်မိုး၊ မဖြူ ၊ မနီ၊ မချော၊ ကို မောင် မောင် သိန်း(ပြောင်ကြီး)တို့ အစု၊ ကိုမျိုးအေး၊ ကို ရင်ထွေး၊ ကိုရင် အေး၊ ကိုမင်းဝင်း၊ ကိုမူးသာ၊ ကိုနိုင်အောင်၊ကို ဖလော်၊ ကိုသားသား၊ကိုမင်းသူ၊ ကိုမောင်မောင် ကြီး၊ ကိုလှိုင်ဘွား၊ ကိုထွန်းအောင် ကျော် ......စသဖြင့်အေဘီ (၁၀၁) (၁၀၂) ရောက် တော်လှန် သော ညီ အစ် ကို မောင် နှမ တွေ အားလုံးကို လေးစားဦးညွတ် စွာ မှတ်တမ်း တင် အပ့်ပါတယ်။
ငုက်ဖျားတက်တိုင်း တက်ခဲ့တဲ့ သုံးဆူကဆေးခန်း၊ တသက်မှာ တခါ ဆိုရလောက်အောင်၊ မမေ့နိုင်လောက် တဲ့ ဘရုတ်သုတ်ခတွေနိုင်လွန်းလှတဲ့ ဘုရားသုံဆူ ရွာပျက်ထဲက ဘော်လုံးကွင်းမှာ လုပ့်ခဲ့တဲ့ ခရစ်စမတ် ည လေး ကိုလည်း ပြန်မြင်ရောင် သတိရမိပါတယ်။
အသား၊ ငါး စားချင်ကြလွန်းလို့  ဘိတ်အစု နှင့် ကော့ သောင်းအစု တို့  ပေါင်းပြိး သုံးဆူရွာလည်ကရေကန်ကြီးကို အုပ့်စု လိုက် အိုင်ပက်ခဲ့ ကြတာတွေ၊သေနတ်အစုတ်အပြတ်တွေ၊ လူရိုးခေါင်းတွေ တွေ့ ခဲ့ကြတာတွေကိုပြန်တွေးကာမြင်ရောင်မိပါသေးတယ်။ အဲဒီအချိန်တွေတုံးက ကြုံတွေ့ တာတွေ ဟာ တသက်တာ မေ့မရနိုင် တဲ့ အတွေ့ အကြုံတွေပါဘဲ့။
------------------------------------------
အားလုံး ကို ကျေးဇူးတင်ပါတယ်။

No comments: