Friday, August 10, 2018

မိုး ဇော် အမြင်

 https://www.facebook.com/groups/1396640697119767/permalink/1396995040417666/






၈ ရက်နေ့ 
အ လ က ၁ ကျောင်းသားအုပ်စုတွေဖြင့် ပေါင်းပြီးသိမ်တော်ကြီးဘက် မြို့နယ်တရာရုံးရှေ့ချီတက် ဆန္ဒပြ ရာ
ခရိုင်ရဲရုံး /အနောက်ပိုင်းရဲရုံး ရှေ့မှ ချီတက် ဆန္ဒပြအချိန်မှာ အဲဒီရဲရုံး အရှေ့က ခြေတန်ရှည် အိမ်ခြံအဝ မှ အိမ်မှ ဓါတ်ပုံရိုက်တယ် ဆိုတာနဲ့အဲအရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ကြတယ်။
ခြေတံရှည်အိမ် ယခု ယာဉ်ထိမ်းတပ်ဖွဲ့တွေနေတဲ့ အိမ်ထဲဝင်းပြီးတော့ ဓါတ်ပုံရိုက်တဲ့ ကင်မရာ ကို ဝင်ရောက်ရှာဖွေခဲ့တယ်။အစိုးရသေတ္တာတွေကို မွေနှောက်ရှာဖွေနေချိန်မှာ ကျနော်တို့ ကျောင်းသာများ ကျောက်ခဲမိုးရွှာချ လိုက်တော့ အသဲအသန် ထွက်ပြေးရတယ်။ အဲအချိန်မှာ အနောက်ပိုင်းရဲရုံး က သေနတ်မိုးပေါ်ထောင်ပစ်ပြီး ပြေးထွက်လာကြတယ်။ ကျောင်းသား တော်တော်များများဟာ သိမ်တော်ကြီးဘက် နှင့် မီးသုံးလုံး ဘက်ကို ဆင်းသွားကြတယ်။
အဲဒီခြေတံရှည်ဝင်း အတွင်းမှာ ကျနော် အပါဝင်ကျောင်းသား ၁၀ ကျော်လောက် ပိတ်မိနေတယ်။ အိမ်ရဲ့တဖက်တွင်
ထ ၃ ကျောင်းသား နောက်လယ် ၈ လမ်းနေ ကျော်မင်းသိန်း ကို ရိုင်ဖယ်သေနတ်ဒင် ဖြင့် နဖူး ကို ထုတာနဲ့ကျနော်တို့ ကျန်ရှိနေသူတွေလဲ အဲတောင်ပေါ်မှ ခုန်ချခဲ့တယ်။ ဒလိမ်ကောက်ကွေး ဖြင့် လိမ်ကျခဲ့တယ်။
(ဒီနေရာမှာ ကျနော်ပြေားချင်တာ 8.8.88 နေ့ မှ အဖြူ အစိမ်းဖြင့် သေနတ် ဒါဏ်ရာ ရခဲ့တာ နောက်လယ် ၈ လမ်းနေ ကျော်မင်းသိမ်းပါ။)
ကျနော် နှင့် ညီညီလွင် နောက် တစ်ခြားကျောင်းမှ သူငယ်ချင်း ၁၀ လောက် နန်းနန်းဦးတို့ အိမ်နောက်ဖေးဘက်ရောက်ခဲ့ကြတယ်။
သူငယ်ချင်း နှစ်ယောက် သမတရုံ လမ်းအတိုင်းပြန်တက်လာ တော့ လမ်းမပေါ် အဖြူ အစိမ်းဖြင့်ကျောင်းသားတစ်ယောက်မှ မတွေ့ရတော့ဘူး။
ကျနော် တို့ နှစ်ယောက် ထ ၃ နားရောက်တော့ စည်ပင်ရုံး ခြင်းလုံးရုံ နားမှာ အရပ်သားပြည်သူတွေ မကျေနပ်သံတွေဖြင့် ရုတ်ရုတ်ဖြစ်နေကြပြီ။
ကျနော် ကို သိတဲ့တစ်ယောက်က လှမ်းပြေားတယ်။
မိုးဇော် အောင်ငွေ ဆိုင်ကယ် (ဦးစိုးညွန့် တယ်လီဖုန်းရုံး ထ ၃ ဖြင့် ကပ်လျက်) လဘ္ဘက်ရည်ဆိုင်ရှေ့မှာ ရပ်ထားတယ် ။ မင့်တို့ နှစ်ယောက် ယူထုတ်လိုက်ဆိုပြီး ပြေားပါတယ်။ တစ်ချို့ ကလဲ အနောက်ပိုင်းရဲရုံး ကို တို့ လူအုပ်ဖြင့်တက်သိမ်းမယ်ဆိုတော့ ဦးငွေလှိုင် ကျူရှင်းဘေးက တက်ပြီး အဖြူစိမ်းဝတ်ကျောင်းသာ ဆို လို နောက်လည့်ကြည့်တော့ တစ်ယောက်မှ မရှိကြဘူး။
လူစုကွဲသွားကြတာကိုး။ကျနော် သူငယ်ချင်းနှင့် အရှေ့ဆုံမှ အရပ်ဝတ်ဖြင့် လူအုပ်ကြီးက လဲ နောက်က တက်လိုက်လာကြတယ်။အဲနောက် တင်းနစ်ကွင်းနား ရောက်တော့ ညီညီ မိုးဇော် ပြန်လာဆိုပြီးအော်နေတာ လည့်ကြည့် လိုက်တော့ ကျနော်သူငယ်ချင်း ညီညီရဲ့အစ်ကို ဘိတ်ဈေးထဲမှာ ဆေးဆိုင်ဖွင့်ထားတာ ကိုသိန်အောင် လှမ်းခေါ်တာနဲ့ပြန်လှည်လာတယ်။
ကံခေါင်းလမ်းဆုံ ယခင် ဂျိမ်းစဘော ဘီလပ်ရည် ဘေးခန်းမှာ နေတော့ မင့်တို့ လာတော့ အိပ်ထဲဝင်ပြေားမှ လက်ထဲမှာ ကိုင်ထားတဲ့ သော့တွဲ ဓါတ်ပုံရိုက်တယ်ဆိုတဲ့နေရာမှာ သေတ္တာ ပုံးတွေ သော့ခတ်ထားတဲ့သော့တွဲတွေပါလာတာသတိထားမိလိုက်တယ်။
အိမ်ထဲရောက်ပြီးမကြာပါဘူး။ သေနတ်သံတွေကြားလိုက်တယ်။ တစ်ယောက်ထိသွားပြီ ဆိုပြီ ပြီး အိမ်တံခါးဟပြီး ဖွင့်ကြည့် လိုက်တော့ ကိုက်ကြေးကိုက် တွန်းလှဲဖြင့် သည်သွားတာ တွေ့လိုက်ရတယ်။
အဲနောက် အောင်ငွေ ရွှေအိုရောင် ဆိုင်ကယ်ကို တွန်းလာကြပြီး ဓါတ်ဆီလောင်းမီးရှို့နေကြတယ်။ ဒီနားမှာ ဂျက်ကားစုတ်တစ်စီးကိုပါ။ ဝိုင်းတွန်းထုတ်ပြီး မီးရှို့ ခဲ့ကြတယ်။
အဲအချိန်မှာ အိမ်ထဲက ကြည့်ပြီး ကျနော်တို့ ကျောင်းသားတွေ ဘယ်ရောက်နေကြလဲ လို့ မေးကြည့်တော့ ယခု ဗိုလ်ချူပ်ကြေးရုပ် ဓါတ်ဆီ ဆိုင်မီးရှို့ ပြီး ဆန်းဦး တည်းခိုခန်းဘေးက ဂိုဒေါင် ကို ဖေါက်ပြီး ထ ၁ ကို သည်ယူ နေတယ် လို့ သိရတော့။ ကျနော် နှင့် ညီညီ နှစ်ယောက် နေ့ လည် ၂ နာရီလောက် အဖြူအစိမ်းဖြင့် ကျဆုံခဲ့သော ကျောင်းသားဟောင်း ကိုကိုဦး ရင်ခွဲရုံ သို့ သွားရောက်ကြည့်ခဲ့ပြီး ထ ၁ ဘက်ကို ရောက်ခဲ့တယ်။
ထ ၁ မှာလဲ သယ်ယူဖို့ ပစ္စည်း အနည်းကျဉ်းသာ ကူညီ သယ်ပေးခဲ့ပါတယ်။
ညနေစောင်တော့ ကိုကိုဦး အလောင်းကို သယ်ယူခဲ့ပြီး ထ ၁ ခန်းမ အလည်မှာ ထားပြီး သစ္စာဆိုခဲ့တာပါ။
ထ ၁ က မှတ်မှတ် ရရတော့ သပိတ်စခန်း ပထမ ညမှာ အောင်ခိုင်ပေါ့။ ကျန်သည့် သူငယ်ချင်းများ မကို မမှတ်မိတာ တော့ တောင်းပန်ပါ။
ဒါ တွေအားလုံးသည် ကျနော်ရင်ထဲစွဲနေခဲ့သည့်
8.8.88 ရဲ့အမှတ်ရနေ့ တစ်နေ့ ကျနော် ကြုံတွေ့ခဲ့ရ ဖြတ်သန်းခဲ့ သည့် ဘိတ်မြို့ရဲ့ 8.8.88 ပါ။
(ဓါတ်ပုံရိုက်သည့် ဟု ဆိုသည့် အိမ်ထဲ တွင်ရှိ ရဲလဲသက်ရှိထင်းရှားရှိနေတုံး ဘိတ်မှာ တွေ့နေရပါတယ်။ သေနတ်ဒင် ဖြင့်အထု ခံလိုက်ရသည့် ထ ၃ ကျောင်းသား ကျော်မင်းသိန်း လဲ သက်ရှိထင်းရှာ ရှိနေပါတယ်။)
 ၉ ရက်နေ့ 
ထ ၁ သပိတ်စခန်း မှ နံနက် ၆ နာရီ ခန့် အိမ်သို့ ခဏပြန် ခဲ့တယ်။ အိမ်က ရဲစခန်းရှေ့ ဈေးတန်ရပ်မှာ နေတော့ဆိုတော့ အဖြူအစိမ်းဖြင့် အိပ်ပြန်ရမှာ ရဲစခန်းရှေ့ကဝင်ရမယ်ဆို တော့ မြစ်ငယ် ထားဝယ်စု ဈေးကြီးဘက်မှ သိမ်တော်ကြီးတက်၍ ရုံးတောင်လမ်း ဘက်မှ ပတ်ပြီး အိမ်ပြန်တာ သိမ်တော်ကြီး နှင့် ကပ်လျှက်ရှိနေတဲ့ ယခင်တရားရုံး ယခု မြို့နယ်အုပ်ချုပ်ရေးရုံး မှာ စစ်သားများစွာ စောင့်ကကြပ်နေကြတယ်။ စစ်သားတွေက အဖြူအစိမ်း ဖြင့် ကျနော် ကို မြင်တာနဲ့ သေနတ် ဖြင့် လှမ်းချိန်ထားပြီး ဒီကို ဘာလုပ် လဲ ဘာအကြံစီရှိလဲ ဆို တာမေးကြတာ စစ်သားတစ်စု နှင့် တစ်ယောက်ထဲပေါ့။ ဗိုလ်မှူးစီခေါ်သွားတယ် ။ ဘာအစီစဉ် ရှိလဲ ဘာဆက်လုပ်ကြမလဲ ဆိုတာ မေးပါ။ ဒီ နေ့ မြို့လှည့်ဆန္ဒပြမယ်။၁၀ ရက်နေ့ ကိုကိုဦးအလောင်းကို ဂူသွင်းပြီး သပိတ်စခန်းသိမ်းမယ် လိုသာပြေားခဲ့တယ်။ ဆန္ဒပြတာ ဒီဘက် မလာကြနဲ့ငါတို့ လုံခြုံယူထားရတယ်လို မင့်တို့ ခေါင်တွေကို ပြေားလိုက်ပါ ဆို ပြီ မှာလိုက်တယ်။ ဗိုလ်ကြီး တစ်ယောက် ကြေးနန်းရုံး တယ်လီဖုန်း ရုံး လမ်းကြား အထိလိုက်ပို့ ပေးခဲ့ပါတယ်။
၉ နာရီ ဝန်ကျင်လောက်တွင် သပိတ် စခန်းသို့ ပြန်သွားပြီး။ မြို့လှည့် ချီတက်ဆန္ဒပြရာ လိုက်ပါခဲ့သည်။
၉ နေရက်မှာ တော့ သပိတ်စခန်းက ထမင်းချက် ဟင်းချက် အတော်တော်များများ လာရောက်ကူညီထောက်ပံ့ပေးကြသဖြင့် စည်ကား လှသော သပိတ်စခန်း အဖြစ် မြင်တွေ့ခဲ့ရသည်။


၁၀ ရက်နေ့ 
သပိတ်စခန်းလူစည်ကား နေချိန်မှာ မနက် ၁၀ နာရီလောက် မှာ မားဂွီးရှိုး အပေါ်ထပ်က ဓါတ်ပုံရိုက်တယ် လို တစ်ချို့ ကျောင်းသားတွေ မြင်ကြတော့ မားဂွီးရှိုး ပေါ်တက် ပြီးကျောင်းသားများ တက်ရောက် ဖျက်ဆီးခဲ့ကြတယ်။
ညနေပိုင်းမှာ ကိုကိုဦးအလောင်းကို ဂူသွင်းပြီး သပိတ်စခန်းပိတ်သိမ်းခဲ့တယ်။
ချီတက်ဆန္ဒပြတုန်း ဆားအိတ်တွေ ဖြင့် အလှုငွေထည့်ဝင်ကြသည့် ငွေမြောက်းများစွာ ဘယ်ရောက်ကုန်လဲ ဆိုတာ ကျနော် မသိလိုက်ဘူး။
အဲသလို နဲ့သပိတ်စခန်း ၃ ရက်တာပြီးဆုံခဲ့ပါတယ်။
(တစ်ချို့ အကြောင်းရာများ သေချာ မမှတ်မိသဖြင့် မှတ်မိသည့် သေချာသည့် အကြောင်းရာများကို သာရေးသားတင်ပြရခြင်းဖြစ်ပါတယ်)

No comments: