August 5, 2013 at 6:29pm
ဆင်ကိုဖမ်းမည်
ကျာဖမ်းမည်
သူရဲကောင်းတွေ လာကြသည်
ထိုးကွင်းမင်ကြောင်
တပြောင်ပြောင်
ခါးတောင်းမြောင်အောင်
ကျိုက်ကြသည်
လက်ရုံးလက်မောင်
တဖြောင်းဖြောင်း
လက်ခမောင်းတွေ ခတ်ကြသည်
သူတို့ကြည့်ပြီး
လူထုကြီး
လက်ခုပ်လက်ဝါးတီးကြသည်
ဆင်နဲ့ကျားခမြာ
သနားစရာ
ဘယ်နေရာကို ပြေးရမည်
ဆင်ရယ်ကျားရယ်
သူရဲကောင်းရယ်
တိုက်ပွဲကမ္ဘာရှည်ခဲ့သည်
ဆင်နဲ့ကျားလည်း
မင်းမူမြဲ
သူရဲကောင်းလည်း
ပန်းခဲ့ပြီ
ဆင်ပြောင်လည်းအို
ကျားလည်းအို
တခြားတောကို ပြောင်းသွားပြီ
ကျန်ခဲ့သည်မှာ
ခရုတွေသာ
အငှာခန္ဓာ မြှောင်တော့သည်
ခုထက်ထိလည်း
ဟန်မနည်း
ခရုဖမ်းပွဲ ကျင်းပသည်
ခါးတောင်းကျိုက်တစ်ခြား
ဖင်တစ်ခြား
သူရဲကောင်းများ ထွန်းကားသည်
နိုင်မြန်မာ
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ