မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Monday, August 5, 2013

BRT ကား ထူးမခြားနား


Monday, August 05, 2013

ရန်ကုန်မြို့ တွင်းခရီးသည်များအတွက် အ မြန်ယာဉ်စနစ် (Bus Rapid Transit - BRT) အဖြစ် ပြောင်း လဲပြေးဆွဲရန်ရောက်ရှိနေသည့် ကားများမှာ အများပြည်သူများ စီးနင်းနေကြသည့် သာမန်ယာဉ် များသာ ဖြစ် ကြောင်း မြို့တွင်းရှိ ပုဂ္ဂလိကယာဉ်ပိုင်ရှင်အများစုက ဝေဖန်ပြောကြားလိုက်သည်။ ဇူလိုင်လနောက်ဆုံးပတ်မှ စတင်ကာ ရန်ကုန်မြို့သို့ရောက် ရှိ နေပြီဖြစ်သည့် BRT စနစ်ဖြင့် ပြေးဆွဲမည့်ယာဉ်များမှာ နိုင်ငံ တကာတွင် သုံးစွဲ နေကြ သည့် ယာဉ် များကဲ့သို့ မိုဒယ်မြင့်မှုမရှိဘဲ ပြည် တွင်း၌ လက်ရှိပြေးဆွဲနေသည့် ယာဉ်ပုံစံအတိုင်းသာ ဖြစ်နေသည့် အတွက် ယခုကဲ့သို့ဝေဖန်နေကြ ခြင်းဖြစ်ကြောင်း သိရသည်။

၃၉ ယာဉ်လိုင်းပိုင်ရှင် ဦးတင် မောင်ထွဋ်က ''မြန်မာပြည်မှာ BRT စနစ်အတွက်သုံးမှာက အခုပြေး ဆွဲနေတဲ့ မေတ္တာလှိုင်တို့မှာပြေးဆွဲ နေတဲ့ ကိုရီးယားကသွင်းတဲ့ ဟွန် ဒိုင်းကားကိုပဲသုံးမှာ။BRT အ မည်ခံပြီးတော့ ကုမ္ပဏီနဲ့ပေါင်း ပြီး ကား ခပိုတောင်းတဲ့ သဘော ဖြစ်နေတယ်''ဟု ပြောသည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် ခရီးသည် များအနေဖြင့် ဘတ်စ်ကားများ စီးနင်းရာတွင် အချိန်ကြာမြင့်စွာ စီးနင်းနေရသည့်အတွက် ခရီးသည် များ အချိန်ကုန် သက်သာ စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

အဆိုပါစနစ်ဖြစ်ထွန်းစေ အောင်မြင်စေရန်အတွက် နိုင်ငံ တော်မှ လမ်းကြောများ၊ မီးပွိုင့် များ၊ bus-stand များနှင့် လူကူး ခုံးကျော်တံတားများ ပြုလုပ်ပေး ရန်လိုအပ်သည့်အတွက် မြန်မာ နိုင်ငံအတွင်း ယခုနှစ်တွင်ကျင်းပ မည့် ဆီးဂိမ်း အမီ တွင် အဆိုပါ စနစ်အောင်မြင်နိုင်မည် မဟုတ် သေးကြောင်း ယာဉ်ပိုင်ရှင်များ က ထောက်ပြပြောဆိုသည်။ မထသဌာနခွဲ(၆)မှ ၅၀ ယာဉ် လိုင်းပိုင်ရှင် ဦးဟန်စိုးက ''ကားချင်း အတူတူ လမ်းကြောပါရှင်းပေးပြီး တော့ ယာဉ်စီးခ၃၀၀ သတ်မှတ် ပေးတာ အံ့ဩစရာဖြစ်နေတယ်။ ကားအမျိုးအစားလဲတူတယ်။ စက် သုံးဆီသုံးတဲ့ စီအမ်ဂျီလဲတူတယ်။ ကျွန်တော်တို့ဘက်ကို ၅ဝပေးပြီး ဒီကုမ္ပဏီပိုင်ကားကို ၃၀၀ သတ် မှတ်ပေးပြီးတော့ နားလှည့်ပါး ရိုက်လုပ်နေတယ်လို့ မြင်တယ်''ဟု ဆိုသည်။

ယင်းစနစ်ကို အကောင်အ ထည်ဖော်ပါက ယင်းလိုင်းအတွက် သီးသန့်ယာဉ်ကြောတစ်ခု သတ် မှတ်ပေးရမည်ဖြစ်သည့်အတွက် အဆိုပါယာဉ်ကြောတွင် ယင်းလိုင်း မှအပ မည်သည့်ယာဉ်မျှဝင်ရောက် ပြေးဆွဲခွင့်မရှိကြောင်း သိရသည်။ ယင်းသို့ မည်သည့်ယာဉ်မျှ ဝင် ရောက်ပြေးဆွဲခြင်း မရရှိသည့် အတွက် ယင်းယာဉ်ကြောတွင် ယခင်ပြေးဆွဲနေသည့် ယာဉ်များ မှာ တခြားယာဉ်ကြောများသို့သွား ရောက်ပြေးဆွဲရခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်း ယခုထက် ပိုမိုများ လာနိုင်ကြောင်း အဆိုပါ ယာဉ်ပိုင်ရှင်များကသုံး သပ်ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Yangon Media Group

နိုင်ငံတကာ အဆင့်မီ BRT ဘတ်စ်ကားများကိုတွေ့ရစဉ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ