စစ်ရေးအမြင်ရှိကြသူများ
------------------------
အမေရိကန်သိမ်းငှက်ကြီးမှ အတောင်ပံခတ်သံပေးနေသည်။
ကျွန်တော်တို့၏ ဇတ်လိုက်ကျော်ကြီးနှင့်အပေါင်းပါများက...
အမေရိကန်သိန်းငှက်ကြီးကို သေချာစွာ..အာရုံစိုက်နားစွင့်နေ ကြသည်.၊
အမေရိကန်သိမ်းငှက်ကြီး အသံကိုနားစွင့်နေသောအနေထားသည်..
တရုတ်နဂါးကြီး၏ ၀မ်းဗိုက်အတွင်းသို့တစ်ကိုယ်လုံးရောက်ရှိနေပြီး..
ခေါင်းလေးပဲ ကျန်တော့သည့်အချိန်ဖြစ်သည်ကို သူတို့ကိုယ်တိုင်
သတိမပြုမိကြ...။
တစ်ချိန်က ထင်ရာစိုင်းခဲ့စဉ်တုန်းကလည်း...
ဇတ်လိုက်ကျော်ကြီးနှင့်အပေါင်းပါများအား...နိုင်ငံတကာမှဖိအားပေးချိန်
လုံခြုံရေးကောင်စီသို့ နှစ်ကြိမ်ထက်မနည်း အရေးယူရန်အတင်ခံရသည်။
တရုတ်ကြီးမှ အဓိက ဗီတိုအာဏာသုံးပြီးအကာအကွယ်ပေးခဲ့ သည်။
ထိုကျေးဇူးကို ဆပ်သောအားဖြင့် တိုင်းပြည်အားတရုတ်လက်ညှိုးညွန် ရာရေ
ဖြစ်အောင်..ပေးဆပ်ခဲ့ရသည်။အဲဒီမှာ ကိုယ်ကျိုးစီးပွားကိုကြည့်သောအေ နအထားသည်
ပိုမိုပေါ်လွင်လာခဲ့သည်။
နာဂစ်ကာလကိုသတိရမိသည်။
နာဂစ်ကာလတွင် မိမိထိုင်ခုံမြဲစေရေးအတွက် အခြေခံဥပဒေကိုအတည်ပြုခဲ့သည်။
ပြည်သူကိုတစ်ချက်လှည့်မကြည့်ခဲ့ ..၊
ပိုဆိုးသည်က နိုင်ငံတကာကယ်ဆယ်ရေးတပ်များ ကယ်ဆယ်ရေးရဟတ်ယဉ်
ပစ္စည်း အပြည့်အစုံဖြင့် အင်အားများစွာ..ရောက်ရှိလာချိန် ..တွင်
တရုတ်နဂါးကြီးအမျက်တော်ရှမည်ကို ကြောက်လန့်ပြီး ထိုအဖွဲ့များကိုဝင်ခွင့်မပြုခဲ့ ပေ..၊ ပြည်သူသိန်းကျော်၏အသက်များသည်.
ဘယ်သို့ဖြစ်ကုန်သနည်း..
တရုတ်က သူ့ပြည်တွင်းတွင် ငလျင်လှုပ်သည့်အခါ..ထိုနိုင်ငံတ ကာအဖွဲ့များကို
ကယ်ဆယ်ရေးခွေးကအစ...အကုန်လုံးအကူအညီတောင်းခံခဲ့သည်ကို..
ရင်နာစွာဖြင့်..မြန်မာပြည်သူများ မြင်ခဲ့ကြရသည်။
တရုတ်ပြည်၏ အိပ်မက်တစ်ခုဟုခေါ်ဆိုရမည်ဖြစ်သော.
အန္ဒိယသမုဒ္ဒယာထွက်ပေါက်ကြီးဖြစ်သ ည့်ကျောက်ဖြူဒေသကို..
လွယ်လွယ်ကူကူ ပေးခဲ့သည်။ စက္ကန့်နှင့်အမျှမြင့်တက်နေသော..
တရုတ်စွမ်းအင်လိုအပ်ချက်ကို အလျင်မီအောင်ဖြည့်ဆည်းနိုင်ရေးအ တွက်
သွယ်တန်းထားသည့်..တရုတ်-မြန်မာ. .ဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင် ..
မဟာဗျူဟာအရ အရေးပါသောအချက်အခြာ ဆက်သွယ်ရေး
လမ်းကြောင်းတစ်ခုကို ကျွန်တော်တို့၏ဇာတ်လိုက်ကျော်ကြီးမှ.
လွယ်ကူစွာ ခွင့်ပြုပေးခဲ့သည်။
နောက်တစ်ခုက စွမ်းအင်ဖြစ်သည်။
ကျွန်တော်တို့ဆီတွင်...အရံစွမ်း အင်မရှိ ၊ Cool Reserve ရော..
ှSpinning Reserve ရောမရှိ ၊ ရှိတာကိုတောင် မလောက်ငှပဲ
သုံးစွဲနေရသည် ၊ လျပ်စစ် ၊ ဓာတ်ငွေ့စသည်များ ထုတ်လုပ်နိုင်သော်လည်း
တရုတ်နဂါးကြီးထံ ရောင်းစားနေကြရသည်..။
ပြည်သူများ..ဖေါင်စီးရင်း ရေငတ်နေကြသည်။
ကုန်ထုတ်လုပ်ငန်းများ စွမ်းအင်မလုံလောက်သဖြင့်
ထပ်မံ တိုးတက်လုပ်ဆောင်နိုင်စွမ်းမရှိ သည့်အနေအထားဖြစ်လာသည်။
အနာဂတ်စစ်ပွဲပုံစံများသည် သေနတ်တစ်ချက်မှမဖေါက်ရသော.
စီးပွားရေးစစ်ပွဲ ၊ နည်းပညာစစ်ပွဲများဖြစ်သည်ကို ကျွန်တော်တို့၏
ဇတ်လိုက်ကျော်ကြီးများ...မသိချင်ယောင်ဆောင်ခဲ့ကြသည်။
အကျိုးအမြတ်တန်ဖိုးချင်ယှဉ်ရင် အလွန့်အလွန်ရှုံးနေသည်မှာ..
ခံသာသေးသည် ။
မဟာဗျူဟာအရ..သူ့ကျွန်ဘ၀သို့သေနတ်တစ်ချက်မှမဖေါက်ပဲ
မလူးမလွန့်သာ..ရောက်နေရသည်ကတော့ ..တော်တော်လွန်သွားပြီဖြစ်သည်။
ထိုအခြေအနေဆိုးဖြစ်အောင်ဆောင်ရွ က်ခဲ့သူများက..
သူတို့ရေးဆွဲခဲ့သော အခြေခံဥပဒေထဲတွင်.
".နိုင်ငံတော်သမ္မတလုပ်မည့်သူသည် စစ်ရေးအမြင်ရှိရမည်" ဟု...
ထည့်ရေးလိုက်ကြခြင်းသည်..အလွန်ပ င် ရယ်ဖွယ်ဖြစ်ပေသည်။
သဘောပေါက်စေလိုပါသည်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ