ကျနော်၊ ကနေဒါနှင့်မြန်မာကော်မြူနီတီ
(သို့ ) အချိန်မနှောင်းခင်ခရီးဆက်ကြပါစို့ ။။။။။
ဒီနေရာမှာကျနော်ကြိုတင်မေတ္တာရပ့်ခံ
ပြောထားချင်တာက၊ ကျနော်မြင်တဲ့ အကြောင်းအရာတချို့ ကို တင်ပြဆွေးနွေးခြင်းသာဖြစ်ပါတယ်။
မတူကွဲပြားတဲ့အမြင်တွေနှင့်အတူ
ကျနော့်ထင်မြင်ယူဆချက်တွေအပေါ် လွတ်လပ့်စွာသဘောထားကွဲလွှဲနိုင်ကြပါတယ်။ ကောင်းမွန်တဲ့
အတွေးအခေါ်အယူအဆတွေကို ပေးလာခဲ့ရင်လည်း ကျနော်တန်ဖိုးထားကြိုဆိုလျှက်ပါ။
ကနေဒါ နိုင်ငံကို အကြောင်း
အမျိုး မျိုးဖြင့် ကျနော်တို့ ရွှေမြန်မာအမျိုးအနွယ် များရောက်ရှိအခြေချနေထိုင်လာခဲ့ကြတာဟာ
ဆယ်စုနှစ်များစွာ တို့ ကို ကုန်လွန်ကျော်လွန် ခဲ့ကြပြီး ၊ ရာစုနှစ်တခု ရဲ့ တဝက်ကျော်ကျော်ကို
ကျော်လွန်ဖြတ်သန်းလာခဲ့ကြ ကာ မျိုးဆက်သုံးဆက်လောက်ကိုရှိနေကြပြီလို့ တဆင့် စကား၊ တဆင့်
နား နှင့်မှတ်သားကြားနာခဲ့ဘူးပါတယ်။ ဒီတော့ ကျနော်တို့ ရွှေမြန်မာအမျိုးအနွယ်တွေဟာ၊
ဒီကနေဒါမြေပေါ်မှာရောက်ရှိ နေ ထိုင် နေနေ ကြတဲ့ တခြားတခြားသော လူမျိုးများနှင့်နိုင်းစာရင်၊
အရောက်မစောခဲ့ကြသလို၊ နောက်လဲမကျခဲ့ကြပါလို့  ပြောလို့ ရနိုင်ပါတယ်။ 
ရာစုနှစ် တဝက်ကျော်ကျော်စောစောပိုင်းကတည်းက
ရောက်နေခဲ့တဲ့ ရွှေမြန်မာ တချို့  တချို့ တွေ ဆို ရင် ဒီ မှာသူတို့ တတွေထက် အရင်ဦးစွာ
ရှိနေနှင့် ကြပြီဖြစ်တဲ့ တခြားသော လူမျိုးခြားတွေနှင့် တဦးတယောက်ခြင်း၊ မိသားစု တစုခြင်း
နှိုင်း စာခဲ့ရင်၊ (ကျိုးစားချင်စိတ်ရှိခဲ့ကြရင်ပေါ့) ပထမ တန်းစား မဟုတ်တာတောင်၊ လူတန်းစေ့နေ
နိုင်ကြတာကို အများသောအားဖြင့်တွေ့ ကြရမှာပါ။ တချို့ ဆို မိသားစုလိုက်၊ သိုက်သိုက်ဝန်းဝန်း
နှင့် အဆင်ပြေပြေတွေ့ ကြရမှာပါ။ နောက်ပြီး၊ လူတဦးခြင်း ထိုးဖေါက်နိုင်မှု့ တွေမှာလည်း၊
နောက်ဆုံးက၊အပေါ်ဆုံးက မဟုတ်တာတောင်၊သူများနှင့် ရင်ဘောင်တန်းလိုက်နိုင်ကြပါတယ်။ကျနော်တို
့ရွှေမြန်မာအမျိုးအနွယ် များဟာ ဥာဏ်ကောင်းကြတယ်၊ သွက်လက်၊ ပါးနပ်
ကြပါတယ်။ လူစ၊ လူန မတုံးကြပါ။
ဒါပေမယ့်၊ တဦးခြင်းလိုက်၊
မိသားစုလိုက် မကြည့်ဘဲ၊  လူမျိုးစုလိုက်(ကော်မြူနီတီ)
တခုလုံးကိုခြုံ ကြည့်လိုက်ရင်တော့၊ တခြား လူမျိုးစုများနှင့် နှိုင်းစာလိုက်မယ်ဆိုရင်တော့၊
အတော့်ကိုနောက်ကျကျန်ခဲ့တယ်လို့ (ကျနော့်တဦးတယောက်တည်းအမြင်ပေါ့၊ )
အတော့်ကိုပြတ်ကျန်ခဲ့တယ်လို
့ထင်မြင်မိပါတယ်။ ဘာကြောင့်ဆို၊ တချို့ ကျနော်တို့ ကော်မြူနီတီ ထက်သေးတဲ့၊ တချို့ သော
လူမျိုးစုငယ်(ကော်မြူနီတီအသေးလေး) တွေမှာတောင်၊ ကိုယ်ပိုင် ကော်မြူနီတီ အဆောက်အဦးတွေ၊
အစိုးရနှင့် ဆက်နွယ်ပတ်သက်ပြီးမိမိ တို့ ရပိုင်ခွင့်တွေ၊ လုပ့်နိုင်တာတွေကို သူတို
့လူမျိုးတွေအတွက် ကူညီဖေါ်ဆောင်ပေးနိုင်တာကိုတွေ့ နေမြင်နေကြရလို့ ပါဘဲ့။ ဒီတော့သူများတွေတောင်လုပ့်ဆောင်နိုင်ကြသေးတဲ့
အကြောင်းအရာတွေကို လူစွမ်း၊ လူစ မညံ့တဲ့ ကျနော့်တို့ တတွေ ဘာကြောင့် မစွမ်းဆောင်နိုင်ကြရတာလဲ?
ဘာအားနဲချက်တွေများ၊ အခက်ခဲ၊ အဟန့် အတားများရှိနေကြတာလဲ၊ အဲဒီအခက်အခဲတွေကိုရောကျနော်တို
့တတွေ အတူတကွလက်တွဲမကျော်ဖြတ်နိုင်ကြဘူးလား?
စသဖြင့်ပေါ့… ကျနော်အတွေးခေါင်ကြည့်မိပါတယ်။
ကျနော်မိတ်ဆွေတွေကိုလည်း ကျနော့်တို့ ရဲ့အနာဂတ်မျိုးဆက်သစ်တွေအတွက် တွေးကြည့်ကြစေလိုပါတယ်။
ကျနော့်တို့ ကော်မြူနီတီဟာ
သာမန်အားဖြင့်ပေါ့၊ ကနေဒါရောက်တခြားလူမျိုးများနှင့် လူဦးရ အရေ အရေအတွက်အရ၊ အချိုးချ
ကြည့်ရင်တော့ သေးငယ်ကောင်းသေးငယ်နိုင်ပေမယ့် တဦးတယောက်ခြင်းအနေနှင့်ကတော့ လူဖြင်း၊
လူညံ့တွေမဟုတ်ကြတာတော့ သေချာပါတယ်။
 နောက် ကျနော့်တို့ ကော်မြူနီတီဟာ အများအကျိုး မဆောင်ရွက်လိုကြတဲ့၊
အတ္တကြီးကြတဲ့လူတွေချည်းလား? 
ဒီလိုမျိုးလည်း၊ မဟုတ်ကြပြန်ဘူး။
အတ္တ၊ ပရ ညီမျှတဲ့လူမျိုးပါ။ ဒါဖြစ်ရင်၊ ဘာတွေက ကျနော်တို့ ရဲ့ အားနည်းချက်၊ အတားအဆီး
အနောက်အယှက်တွေလဲ?....
ကျနော့်အမြင်တခုကို အရင်ဆုံးတင်ပြဆွေးနွေး
ရရင်…
ကျနော့်တို့ ကော်မြူနီတီမှာ
ဦးဆောင်ဦးရွက်လုပ့်ကိုင်ပေးကြမယ့်၊ ခေါင်းဆောင်ကောင်းတွေလိုအပ့်နေတာတွေ့ ရပါတယ်။
( ဒါနှင့်တဆက်တည်း နောက်လိုက်ကောင်းတွေရော
ရှိကြပြီလားဆိုတော့လဲ၊ အားလုံးကိုယ်စီကိုယ်ငှ ပါဝင်လုပ့်ဆောင်မှသာအောင်မြင်မှု့ ကိုရနိုင်မယ့်၊
အများအကျိုးဆောင်ပရဟီတလုပ့်ငန်းတွေမှာ၊ ကျနော့်တို့ ကော်မြူနီတီအတွင်းမှာ မပြီးမပြည့်စုံ
နိုင်သေး တဲ့၊ လိုအပ့်ချက်တခုလို့ ယျေဘူရကောက်
ချက်ဆွဲပြောနေကြရဦးမှာဖြစ်တယ်။
ဒါပေမယ့်၊ ခေါင်းဆောင်ကောင်းတွေကို
လိုအပ့်နေတဲ့ ကျနော့်တို့ ကော်မြူနီတီအတွင်း လိုအပ့်ချက်တွေနှင့်စာရင်၊ တော့ မပြောပလောက်တဲ့အားနဲချက်လို
့ထင်မြင်ယူဆပါတယ်။
ဒီတော့ ကျနော်တို့ ကော်မြူနီတီအတွက်
အဓိကအရေးကြီးနေတဲ့ ခေါင်းဆောင်ကောင်းလိုအပ့်ချက်ကို အရင်ဆွေးနွေးချင်ပါတယ်။ စကားချပ့်)
 “ ငါတို့ မြန်မာတွေက၊ သူရဲကောင်းမျှော်၊ အားကိုးရှာတတ်တဲ့
လူမျိုးဘဲ့။ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက်၊ ကိုယ့်အားကိုယ်ကိုးပြီး မလုပ့်ချင်ကြဘူး။
သူများ နာခေါင်း အငုါးတောင်းဘို့ ဘဲ့ စိတ်ကူးကြတဲ့လူမျိုးတွေ၊ အစွန်းတုံး၊ အစတိုတွေ၊
ဘာမှအသုံးမကျတဲ့သူတွေ” လို့ အပြစ်တင်မစောစေချင်ပါ။ ဘာကြောင့်ဆို ကျနော့်အမြင်၊ ကျနော့်တို
့အဓိက ပြသ၁နာက အဲဒီကစတာလို့ ထင်မြင်မိလို့ ပါ။
ကျနော်တို့ တတွေမှာ၊ ဗိုလ်လုပ့်နိုင်သူတွေကများလွန်းတော့…တပ့်သားတယောက်..ဗိုလ်
ဆယ်ယောက်ဖြစ်နေကြလို့ ပါဘဲ့။ ဆိုချင်တာက….ကျနော်အစမှာပြောခဲ့သလိုပါဘဲ့။
လူညံ့တွေ၊ အစွမ်းတုံး၊ အစတိုတွေ မဟုတ်ကြတဲ့အခါကြတော့၊ ကျနော်တို့ အတော်များများဟာ ကော်မြူနီတီတခု
ကို တခြား ကော်မြူနီတီတွေနှင့် ယှဉ်ပြီး ခေါင်းဆောင်မှု့ ပေးနိုင်ကြ တဲ့အရည်အချင်းတွေလည်းရှိကြတော့။
ကျနော်တို့ အားလုံးဟာ သိပ့်သေချာတယ်၊ အရည်အချင်းရှိကြတယ်၊ သိပ့်တော်ကြတယ်၊ သိပ့်တတ်ကြတယ်၊သိပ့်ကို
ထက်မြင့်ကြတယ်။
ဒါပေမယ့်လေ.. ဒါပေမယ့်ပေါ့…
ကျနော်တို့ ကော်မြူနီတီတခုလုံးအတွက်ခေါင်းဆောင်ပေးနိုင်မယ့်၊
ခေါင်းဆောင်ကောင်းတွေ တော့ထွက် မလာနိုင်ကြဘူး။ 
ဘာကြောင့်လဲဆိုတော့၊ ပွင့်ပွင့်လင်းလင်း၊
နှင့် ခပ့်ရှင်းရှင်းပြောရရင်တော့ 
၁။  ဥက္ကဌ တို့ အတွင်းရေးမှူးတို့ ဆိုတဲလူသိများတဲ့၊နာမည်ကောင်းရ၊
မျက်နာရတဲ့ နေရာမျိုး တွေကိုသာ လုပ့်ချင်ကြသူတွေ ကများပြီး အောက်ခြေသိမ်းအနှစ်နာခံလုပ့်ပေးမယ့်သူတွေ
မရှိလို့ ပါ။ ဆရာများသားသေဆိုသလိုပါဘဲ့၊ ဆရာ့ဆရာတွေ ချည်းဆိုတော့ ဘာမှကိုလုပ့်လို့ မရတော့ပါ။
နောက်ပြီးတော့
 ၂။  ကျနော်တို
့ဟာ တဦး နှင့်တဦး ၊ တယောက်နှင့်တယောက် အရည်အချင်းတွေ သိပ့်မကွာကြတော့၊ တဦး နှင့်တဦးအထင်မကြီးဘူး၊
မလေးစားကြတော့ဘူး။တဦး နှင့်တဦး နားလည်မှု့ တွေမတည်ဆောက်နိုင်ကြတော့ဘူး။  အဲဒီနောက် 
၃။  တဦးလုပ့်တာ၊ တဦးကနားလည်မှု့ မပေးနိုင်တော့တဦးလုပ့်တာ
ကို တဦးကအကောင်းမမြင်နိုင်ကြတော့ဘူး။ 
၎။  လက်ရှိ၊  ရှိနေကြတဲ့ အဖွဲ့  တွေ၊ အဖွဲ တွေမှာ တာဝန်ယူ ခေါင်းဆောင်
လုပ့်နေကြတဲ့သူတွေအချင်းခြင်းလည်း၊ အကောင်းမြင်ဝါဒနှင့် ဖေးဖေးမမ အပြုသဘော ဝေဖန်အကြံပေးကြ
တာထက်၊ တဦးအပေါ်တဦး၊ မနာလို၊ သဝန်တိုမှု့ တွေနှင့် အုပ့်စုဖွဲပြီး အပြစ်ရှာတိုက်ခိုက်တာတွေ
၊နှင့် သွားသင့်လုပ့်သင့်သော လမ်းကြောင်းတွေ ကနေဘေးချော်ကုန်ကြရပါတယ်။ 
၅။   တကယ့်သင့်တော်တဲ့သူတွေကို
နေရာပေးမှု့  မရှိကြခြင်း။ လေးစားမှု့ မရှိနိုင်ကြခြင်း။
ကျနော့်တို့ တတွေဟာ၊ အသက်အရွယ်အားဖြင့်၊
ကြီးငယ်မရွေး ဘဲ၊ သက်ဆိုင်ရာ အဖွဲ့  အစည်းတွေမှာ၊ ချိန်အတိုင်းအတာတခု အတွင်းမှာ တာဝန်ယူနေ၊
လုပ့်ကိုင်ပေးနေ တဲ့ သူတွေဟာ၊ အဲဒီအချိန်အတိုင်းအတာ တခု အတွင်းမှာ ကျနော့်တို့ ကော်မြူနီတီရဲ
့ခေါင်းဆောင်တွေအဖြစ် အသိမှတ်ပြုကြရမှာပါ။ ခေါင်းဆောင်တွေရဲ့ လိုအပ့်ချက်တွေ၊ အားနဲချက်တွေကို
အပြုသဘောနှင့် အားလုံးအကျိုးအတွက်ရည်စူးပြီးတော့ ထှောက်ပြ ကူညီပေးကြရမှာပါ။ ခေါင်းဆောင်အဖြစ်တာဝန်ယူထားကြသူတွေကလည်း
သနားသီးခံဝေဖန်ထှောက်ရှု့ ဆိုတဲ့ နာယက ဂုဏ် တွေနှင့်အညီ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ငယ်သူကို
ချစ်ခင်သနားစိတ်ဖြင့် ဦးဆောင်ကြရပေမယ်။ 
ငါမှငါ၊ ငါသိ ငါတတ်၊ လုပ့်နေကြဦးမယ်ဆိုရင်တော့၊
လက်ရှိအခြေအနေကနေ တိုးတက်မှု ဆိုတာ ကျနော်တို
့အတွက် တော့ ဝေဝါးနေကြရဦးမှာပါ။ 
အဲဒီနောက် မှာတော့
၆။  အဖွဲ့ တွေကများများ၊ ခေါင်းဆောင်တွေ ကလည်း မိုလိုပေါက်
 မြန်မာကော်မြူနီတီ တရပ့်လုံးကို ခြုံ ငုံ ကိုယ်စားပြု
နိုင်တဲ့ 
ခေါင်းဆောင်ကောင်းတွေ၊ အားလုံးကို
ကိုယ်စားပြု နှိင်တဲ့မြန်မာကော်မြူနီတီ
အဖွဲ့ ကြီးတခုအစား၊ ပတ်သက်ရာ၊
ပတ်သက်ကြောင်း တွေနှင့် 
ကိုယ့်အချင်းခြင်း အားပြိုင်နေကြတာတွေနှင့်ဘဲ့ ကျနော်တို့ အားလုံးဟာ၊ ကျနော့်တို့ ရဲ
့ထက်မြက်တဲ့ ကျနော့်တို့ ရဲ့ အင်အားတွေကိုကျနော်တို့ ကိုယ်တိုင် အကြောင်းမဲ့ ဖြုန်းတီးနေခဲ့မိရက်သား
ဖြစ်နေကြရပါတော့တယ်။ 
ဒီထက်ပိုဆိုးတဲ့ အကြောင်းအရာတွေကို၊
သိရက်နှင့်ဖြစ်စေ၊မသိရက်နှင့်ဖြစ်စေ ကျနော်တို့ ကိုယ်တိုင်လုပ့်နေမိကြတာကတော့၊ 
ရ။  ကျနော်တို့ ဟာ ကျနော်တို့ အဖွဲ့ တွေ၊ ကျနော်တို
့အုပ့်စုတွေ၊ အသာစီးရဘို့ အတွက်၊ ကျနော်တို့ အချင်းခြင်း တွေထဲမှာ အထက်လမ်းနည်းရော၊
အောက်လမ်းနည်းတွေပါ မကျန်၊ 
ကျနော်တို့ အခြင်းချင်းတိုက်ခိုက်နေကြခြင်းပါဘဲ့။
ဒီလိုနဲ့ ဘဲ့၊ နည်းပေါင်းစုံ
ထုတ်၊ ပညာစုံ ကြတဲ့အခါမှာတော့…၊
ကျနော်တို့ အားလုံးပါဝင်တဲ့
မြန်မာ့ကော်မြူနီတီတခုလုံးကို ကိုယ်စားပြု နိုင်တဲ့၊ တကယ့်ကိုလဲ သင့်တော်တဲ့၊ ခေါင်းဆောင်ကောင်းတွေကိုကျနော်တို
့ကျနော်တို့ ကိုယ်စား မမွေးထုတ်၊ မပေးနိုင်ကြတော့ဘူး။ 
ဒီတော့ ဒီ ကနေဒါ လို နိုင်ငံ
မျိုး မှာ ကျနော့်တို့  ကော်မြူနီတီအတွက် ကျနော့်တို့  ဘာတွေ အကောင်းဆုံးလုပ့်ပေး ချင်ကြတာလဲ၊
လုပ့်ပေး နိုင်ကြမလဲ ဆိုတာနှင့် ကနေဒါအစိုးရအနေနှင့် ကျနော်တို့ အတွက် ဘာတွေလုပ့်ပေးဖို
့လိုနေတယ်ဆိုတဲ့၊ တောင်းဆိုမှု့ မျိုးကို တသွေး၊ တသံတည်း မတောင်းဆိုပေး နိုင်ကြတော့ပါ။
တယောက်တပေါက် ဖြစ်ချင်သလို၊ 
ဖြစ်နေကြတော့လည်းကျနော်တို
့ကိုဘယ်သူတွေကမှယုံယုံကြည်ကြည်၊
လေးလေးစားစားမဆက်ဆံချင်ကြတော့ဘူး။
 စည်းနှင့် ကမ်းနှင့် စံနှစ်တကျ တိတိကျကျ လုပ့်ဆောင်တတ်
ကြတဲ့ ဒီ ကနေဒါနိုင်ငံ က လူတွေ၊ အဖွဲ့ အစည်းတွေနှင့် လက်တွဲလုပ့်ကိုင်ကြတဲ့အခါ မျိုးတွေမှာတော့
တကွဲတပြားဖြစ်လျင်တိုင်းဖြစ်၊ ပျက်ချင်တိုင်းပျက်နေကြတဲ့ ကျနော့်တို့ တတွေရဲ့ အပြုအမှုတွေဟာ၊
တခါဆက်ဆံ၊ ဆယ်ခါလန်၊ ဆိုသလို တခါဆက်ဆံ ပြီးတဲ့သူတွေဟာလည်းနောက်
မဆက်ဆံချင်တော့လောက်အောင်ဖြစ်သွားတတ်ကြပါတယ်။
ဒါပေမယ့်၊ ဒီလို စိတ်ပျက်စရာတွေ၊
ဘာတွေ၊ ဘယ် လို ကြုံတွေ့ ၊ ကြုံတွေ့ ၊ ဘာတွေ ဘဲ့ ဖြစ်ဖြစ် ကျနော့်တို့  ကော်မြူနီတီအတွက်
ကျနော့်တို့  ဘာအကောင်းဆုံးလုပ့်ပေးနိုင်ကြမလဲ ဆိုတာလေး ကို စဉ်းစားကြည့်ကြတဲ့အခါ။
ကျနော်တို့  မြန်မာ မျိုးနွယ်စုတွေအားလုံးအတွက်
ဒီကသက်ဆိုင်ရာ အစိုးရ အဆင့်ဆင့်တွေနှင့် တရားဝင်ထိတွေ့ ဆက်ဆံလုပ့်ကိုင်ပေးနိုင်ဘို
့အားလုံးကို ခြုံငုံ ကိုယ်စားပြုနိုင်မယ့်၊ တရားဝင်အဖွဲ့ စည်းတရပ့်၊ အဖွဲ့ စည်းတခုကတော့
မရှိမဖြစ်ကျနော့်တို့ လိုအပ့်နေတာအမှန်ပါဘဲ့။ 
လက်ရှိအဖွဲ့ တွေထဲကဆိုရင်ရော၊
ဘယ်အဖွဲ့ စည်းဆိုရင် ဖြင့် ကျနော်တို့ တတွေအားလုံးအတွက်ကိုယ်စားပြုအဖွဲ့ ဖြစ်နိုင်မလဲ။
လက်ရှိအဖွဲ့ တွေထဲကမဖြစ်နိုင်ဘူးလို့ ထင်မြင်ယူဆခဲ့ကြရင်၊ ဘယ်လိုအဖွဲ့ အစည်းမျိုးကို
ကျနော်တို့ ဖေါ်ဆောင်ဖွဲ့ စည်းပေးနိုင်မလဲ။
အားလုံးပါဝင်နိုင်ကြမယ့်၊
အခင်းအကျင်းတရပ့် ကို ကျနော်တို့ ဘယ်လိုပုံဖေါ်ကြမလဲ။
တကယ်လုပ့်ချင်သလား။ အဟုတ်ဖြစ်ရမည်။
မဖြစ်နိုင်စရာအကြောင်းမရှိပါ။ အားလုံးက ပြိုင်တူတွန်းရင်ဖြင့် ရွေ့ နိုင်ပါတယ်။
ကျနော်တို့ အားလုံး တဦးပေါ်တဦး
ရိုးသားကြရပါလိပ့်မယ်။ အတ္တတွေကို နဲနိုင်သမျှ နဲအောင်လုပ့်ပြီးတော့၊မာန်မာနတွေကိုဘေးဖယ်ပြီးရင်တွင်းစကားပြောကာလုပ့်နိုင်ကြရပါလိမ့်မယ်။
ငါမှငါ။  ငါသိ ငါတတ်၊ လုပ့်နေကြဦးမယ်ဆိုရင်တော့၊ လက်ရှိအခြေအနေကနေ တိုးတက်မှု ဆိုတာ ကျနော်တို
့အတွက် တော့ ဝေဝါးနေကြရဦးမှာပါ။ ဒီတော့ စိတ်ရင်းစေတနာအမှန် နှင့် အားလုံးပူးပေါင်းလုပ့်ဆောင်ကြရမှာ
ကတော့  မြန်မာနွယ်ဖွါး၊ အားလုံးမှာ တာဝန်ရော
ဝတ္တရားပါရှိကြပါတယ်။
နိဂုံးချုပ့်အနေနှင့်တော့…
ဘာကြောင့်
ကျနော်ဒီဆောင်းပါးကိုရေးရတာလဲဆိုတော့… ကျနော်ကိုယ်တိုင်လည်း ဒီလိုဘဝမျိုးတွေမှာမျက်နာငယ်ငယ်နှင့်
မနေချင် တော့လို့ ပါ။ကျနော့်မိတ်ဆွေတွေကို ကျနော်မှတ်သား ကြားနာဘူးတဲ့ တရားတပုဒ်ထဲမှာပါတဲ့၊
အတ္ထက္ခာယီမိတ်ဆွေ တွေလိုဘဲ့ သဘောထားပြီး၊ ကိုယ်ချစ်တဲ့မိတ်ဆွေတွေကို   တားသင့်တာကိုတားပြီး တိုက်တွန်းသင့်တာကို
တိုက်တွန်း ချင်လို
့ပါ။
မိတ်ဆွေလေးမျိုးရှိတဲ့အထဲမှာ အတ္ထက္ခာယီမိတ်ဆွေဆိုတာရှိပါတယ်။ အကျိုးရှိအောင်ပြောပြတတ်တဲ့ မိတ်ဆွေလို့ ပြောလို့ ရမှာပါ။  အဲဒီမိတ်ဆွေဖြစ်ဖို့
အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။ အဲတာတွေကတော့…
၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။
၂။ ကောင်းမှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။
၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။
၎။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။
ဒီ လေးချက်ကို စွဲကိုင်ထားပြီး၊ ကိုယ့်မိတ်ဆွေတွေကို မလုပ့်သင့်တာတွေ ကို မလုပ့်ဖြစ်အောင်၊ တားသင့်တာကိုတားပြီး လုပ့်သင့်လုပ့်ထိုက်တာတွေကို အချိန်မနှောင်းခင်မှာ လုပ့်ဆောင်နိုင်ကြဘို့  တိုက်တွန်းသင့်တာကို တိုက်တွန်းရမှာပါ။
ကိုယ်တားတာတွေ၊ တိုက်တွန်းတာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်းရမှာပါ။ ဒါမှအတ္ထက္ခာယီမိတ်ဆွေ ပီသမှာပါ။
၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။
၂။ ကောင်းမှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။
၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။
၎။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။
ဒီ လေးချက်ကို စွဲကိုင်ထားပြီး၊ ကိုယ့်မိတ်ဆွေတွေကို မလုပ့်သင့်တာတွေ ကို မလုပ့်ဖြစ်အောင်၊ တားသင့်တာကိုတားပြီး လုပ့်သင့်လုပ့်ထိုက်တာတွေကို အချိန်မနှောင်းခင်မှာ လုပ့်ဆောင်နိုင်ကြဘို့  တိုက်တွန်းသင့်တာကို တိုက်တွန်းရမှာပါ။
ကိုယ်တားတာတွေ၊ တိုက်တွန်းတာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်းရမှာပါ။ ဒါမှအတ္ထက္ခာယီမိတ်ဆွေ ပီသမှာပါ။
ကျနော်တို့ အားလုံး အနေနှင့် လူတိုင်း လွယ်လွယ်ကူကူလုပ်နိုင်သည့် အပြစ်တင်၊ အဆိုးပြောခြင်းဖြင့်       ကျနော့်တို့  ကော်မြူနီတီရေး  အတွက်
ကို မနှောင့်နှေးစေသင့်ဘဲ အသိဉာဏ်ကြီးသော နိုင်ငံကြီးသားအဖြစ် မိမိတို့ကိုယ်ကိုယ် မြှင့်တင် တည်ဆောက်ကာ တွေ့ကြုံလာသမျှ ပြဿနာတိုင်းကို မျှတမှု ရှိရှိ၊ ယထာဘူတ ကျကျ၊ ကျိုးကြောင်းဆက်စပ်မှု ရှိရှိ ရှုမြင် သုံးသပ်ကာ မိမိတို့ တတ်နိုင်သည့် နေရာမှ ဝိုင်းဝန်း ကူညီကြပါမည့်အကြောင်း အထူး တိုက်တွန်း နှိုးဆော်အပ်ပါတယ်။
ဒီတော့၊ ကျနော်တို့ ဘာလုပ့်သင့်ကြလဲ၊ ဘာလုပ့်နိုင်ကြမလဲ၊ ကျနော့်တို့ ကော်မြူနီတီအတွက်ဘာတွေကို ကျနော့်တို့ အကောင်းဆုံးလုပ့်ပေးနိုင်ကြမလဲ၊ ဆိုတဲ့မေးခွန်းတွေအတွက် ကျနော့်တို့ မှာအဖြေတွေရှိနေကြပါပြီ။ လက်တွေ့ လုပ့်ဆောင်ကြ
ဒီတော့၊ ကျနော်တို့ ဘာလုပ့်သင့်ကြလဲ၊ ဘာလုပ့်နိုင်ကြမလဲ၊ ကျနော့်တို့ ကော်မြူနီတီအတွက်ဘာတွေကို ကျနော့်တို့ အကောင်းဆုံးလုပ့်ပေးနိုင်ကြမလဲ၊ ဆိုတဲ့မေးခွန်းတွေအတွက် ကျနော့်တို့ မှာအဖြေတွေရှိနေကြပါပြီ။ လက်တွေ့ လုပ့်ဆောင်ကြ
ဖို့ ဘဲ့ လိုကြတော့တာပါ။
ကဲ…..မိတ်ဆွေကြီးရေ….အချိန်မနှောင်းခင်ခရီးဆက်ကြပါစို
့။။။။။
အောင်မိုး (ကနေဒါ) 
No comments:
Post a Comment