Saturday, February 4, 2012

ကိုယ်ကျိုးရှာတဲ့ ကျိုက်ခေါက် စေတီက ဂေါကပ ဥက္ကဌ



 By Admin


ပြိုကျပျက်စီးနေသော ကျိုက်ခေါက်စေတီတော်မြတ်ကြီး၏ စောင်းတန်း
ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဘုရားကုန်း ကျေးရွာမှာရှိတဲ့ ကျိုက်ခေါက် စေတီတော်မြတ်ကြီးရဲ့ဘုရားပွဲမှာ သီးလေးသီး ဆေးရောင်စုံ အဖွဲ့သားများက
သုံးရက်တိုင် ကပြ ဖျော်ဖြေ ခဲ့ကြပါသည်။ သို့သော်လည်း သီးလေးသီး လူရွှင်တော်များရဲ့ပြက်လုံးကြောင့် နောက်ဆုံးညတွင် ဂေါပက ဥက္ကဌ အမိန့်ဖြင့် ပွဲကို
ရပ်ဆိုင်း ခဲ့ရပါသည်။ ထိုစေတီတော်မြတ်ကြီးမှာ တာဝန် ယူထားတဲ့ ဂေါကပ ဥက္ကဌသည် စေတီတော်တွင် နှစ်စဉ် ကျင်းပသော ဈေးပွဲတော်မှ ကောက်ခံ
ရရှိသော ငွေများနှင့် လာရောက် လှူဒါန်းသော အလှူငွေများကို စေတီတော်မြတ်ကြီး ပြန်လည် မွန်းမံရေးတွင် သုံးစွဲခြင်းမရှိဘူးဟု သိရှိရပါသည်။ ဒေသခံ
တာဝန်သိ ပြည်သူများက သက်ဆိုင်ရာသို့ တိုင်ကြားစာများ ပို့ခဲ့သော်လည်း မညီမျှသော တရားဥပဒေကြောင့် ရပ်ရွာနေ ပြည်သူများမှာ အခက်အခဲများ
ကြုံတွေ့ နေကြရပါသည်။

No comments: