|
သေဆုံးသွားသောနှစ်ဦးနှင့် ဒဏ်ရာရရှိသွားသောသူများမှာ မောင်အောင်သက်ဖြိုး(သေဆုံးသူ) အသက်- ၂၉ ပဲခူးမြို့၊ မအိစံ(ခ) စံပယ်ဖြူ (သေဆုံးသူ) အသက်- ၂၆ လက်ရှိနေရပ် မြဝတီမြို့ အမှတ်- ၅ (ယခင်နေရပ်- မန္တလေးတိုင်း တောင်ကြီးမြို့)၊ မောင်ခင်မောင်သန်း(ဒဏ်ရာရသူ) အသက်-၂၀ အမိ-ဒေါ်ခင်လှ၊ အဘ- ဦးလှရွှေ၊ မိန်းမအမည်- သန်းသန်းဌေး၊ မကွေးတိုင်း သရက်မြို့နယ် စန်းလယ်ကျေးရွာမှဖြစ်ကြောင်း သိရှိရသည်။
“
ကျနော်တို့ ဒီနေ့နံနက် ၃း၄၅ မိနစ်တွင် အလုပ်ဆင်းလို့ အိမ်မှာအနားယူနေတာပါ။
ဘယ်ကမှန်းလဲမသိ၊ ဘယ်ကလာမှန်းလဲမသိတဲ့ သေနတ်သမားတစ်ယောက်ဟာ
ဆိုင်ကယ်နဲ့လာပြီး ကျနော်တို့အနားယူနေတဲ့ အဆောင်ကို သေနတ်နဲ့လာပစ်ပါတယ်။
ကျနော်တို့မှာ ဘာအပြစ်မှ မရှိဘဲ ပြဿနာတစ်စုံတစ်ရာမဖြစ်ဘဲနဲ့ သေနတ်နှင့်
အသတ်ခံရတာဖြစ်ပါတယ်။ မအိစံ(ခ) စံပယ်ဖြူက အဲဒီနေရာမှာပဲ သေဆုံးသွားပြီး မောင်အောင်သက်ဖြိုးက ဒဏ်ရာပြင်းထန်စွာရရှိပြီး
ဆေးရုံတွင် သေဆုံးသွားပါတယ်။ မောင်အောင်သက်ဖြိုးက ရင်ဝမှာ တစ်ချက်၊
ပုခုံးအောက်တွင် တစ်ချက်၊နှင့် ဗိုက်ကိုတစ်ချက် ကျည်ဆံထိပြီး သေတာပါ ။
မအိစံ(ခ) စံပယ်ဖြူကိုကျတော့ ဗိုက်ကနေ ရင်ဝတည့်တည့်ကို ကျည်ဆံထိပြီး
သေတာဖြစ်ပါတယ်။ မအိစံကိုတော့ နေ့လည် ၁ နာရီမှာ သင်္ဂြိုလ်ပြီးပါပြီ။
မောင်အောင်သက်ဖြိုးကိုတော့ မသင်္ဂြိုလ်ရသေးပါဘူး။ သူ့ကို ဆုံခလာက
ရဲတွေစစ်ဆေးနေပါတယ်။ မောင်ခင်မောင်သန်းကတော့ ဒဏ်ရာအပြင်းအထန်ရပြီး အခု
ရန်နုတ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသခံယူနေပါတယ်။ ” ဟု သေဆုံးသွားသူနှစ်ဦး၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
မအိစံ(ခ) စံပယ်ဖြူကို လွယ်လွယ်ကူကူဖြင် သင်္ဂြိုလ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသေးသော
မောင်အောက်သက်ဖြိုးကို သင်္ဂြိုလ်ချရန်မှာ အခက်အခဲရှိနေကြပြီး
မြန်မာနိုင်ငံမှ ထိုင်းငံရောက်လူမှုအဖွဲ့ အစည်းများနှင့်
နိုင်ငံရေးအဖွဲ့များက ပူးပေါင်းကူညီပေးကြရန် တောင်းဆိုးထားသည်ကို
သိရှိရပြီး ဆက်သွယ်ရန်မှာ ဖုန်း + (၆၆) ၈၈၁၇၆၄၈၅၁ ဖြစ်ကြောင်း၊
ယင်းအသတ်ခံရသည့်အမှုကိုလည်း သက်ဆိုင်ရာ ရဲစခန်းနှင့် မြန်မာသံရုံးကို
တိုင်ကြားထားကြောင်း၊ ယခုဖြစ်ပွားခဲ့သော အခင်းကြောင့် ယင်းစက်ရုံတွင်
အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ
မိမိတို့၏အသက်အန္တရာယ်ကို ထပ်မံထိပါးလာမှာ စိုးရိမ်နေကြရကြောင်း သိရှိရသည်။
No comments:
Post a Comment