Wednesday, December 19, 2012

လူ့အခွင့်အရေး သူရဲကောင်းရဲ့ တနှစ်ပြည့် အောက်မေ့ဖွယ်

Wednesday, December 19, 2012  အိမ့်သံစဉ်   ဧရာဝတီ
လူအခွင့်အရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကမ္ဘာတ၀န်း လေးစား စံပြုစရာ ကောင်းတဲ့ ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး ချက်သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ကွယ်လွန်သွားခဲ့တာ ၁ နှစ်ကြာ ခဲ့ပြီဖြစ်ပါတယ်။ 

မြန်မာ့အရေးကိုလည်း တစိုက်မတ်မတ် အားပေးကူညီပေးခဲ့သူ ပြဇာတ်ရေးဆရာ၊ ကဗျာဆရာ၊ ဒီမိုကရေစီ သူရဲကောင်း မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ကွယ်လွန်သွားခြင်း တနှစ်ပြည့်အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနား တခုကိုလည်း Human Rights Foundation က ကျင်းပခဲ့ပါတယ်။ 
http://tunwai-states.blogspot.jp/2012/12/blog-post_7242.html
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ အသက် ၇၅ နှစ်အရွယ် မစ္စတာ ဗားကလဗ် ဟာဗဲလ်ဟာ ချက်သမ္မတနိုင် ပရဂ်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီကာလမှာဘဲ ချက်နိုင်ငံရောက်  မြန်မာ့အရေး လှုပ်ရှားသူတွေ က ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာပြည်သူတွေကိုယ်စား ဂုဏ်ပြုပန်းခြင်းပို့ခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ချစ်ခင် လေးစားသူလည်းဖြစ်ပြီး တခါက ဆောင်းပါးတခု မှာ နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှင်းဆီပန်းလေး တပွင့် လက်ဆောင်ပေးချင်ခဲ့ တယ်ဆိုပေမယ့် ကိုယ်တိုင် မပေးနိုင်ခဲ့ပါဘူး။ 

ဒါပေမယ့် ချက်သမ္မတ နိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို အလည်အပတ် လာရောက် စဉ်မှာတော့ တချိန်က မြန်မာ့ အရေး လှုပ်ရှားသူတွေက ဟာဗဲလ်ရဲ့ ရုပ်ကလပ်ပေါ် ဂုဏ်ပြုသွား တဲ့ နှင်းဆီပန်းလေးတပွင့်ကို မပျက်ဆီးအောင် ထိမ်းသိမ်းထားတာကို ယူလာပြီး ဗားကလဗ် ဟာဗဲလ်ရဲ့ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆင့်ကမ်းနိုင်ခဲ့ပါတယ်။ 

မြန်မာ့အရေး တစိုက်မတ်မတ် ကူညီအားပေးခဲ့ရုံသာမက ကမ္ဘာတလွှားက လူ့အခွင့်အရေး လှုပ်ရှား မှုတွေအတွက် သူရဲကောင်းဖြစ်သူ ဗားကလဗ်ဟာဗေးလ် ကွယ်လွန်သွားခဲ့တာ အဖက်ဖက်က ဆုံးရှုံးမှု တခုဆိုတာ နိုင်ငံတကာ ခေါင်းဆောင်တွေက ယနေ့အချိန်ထိ ပြောစမှတ် ကျန်နေဆဲဖြစ်ပါတယ်။

No comments: