ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ)
အသိပေးအပ်ပါသည်။
ဗကသများအဖွဲ့ချုပ် မှ ကော်မတီ (၃) ဦး အား ဖမ်းဆီးထိမ်းသိမ်းထားခြင်း အပေါ် အခြေပြုလျက် မသမာသော လှုံ့ဆော်မှု အဖြစ် သတင်း ဖန်တီး မှုများကို တွေ့ ရှိနေရပါသည်။
ထိမ်းသိမ်းခံများကို သီးခြား တိုက်တွင် ထားသည် ကို “ စစ်ခွေးတိုက်တွင် တိုက်ပိတ်ထားသည် ” ဟု မမှန်မကန် ရေးသားထားသည် ကို တွေ့ရပါသည်။ မန္တလေး အိုးဘိုထောင်တွင် စစ်ခွေးတိုက် ဆိုတာ မရှိပါ ။ နိုင်ငံရေးနှင့် ဆက်နွယ်သူများကို တိုက်ထဲထားသည်မှာ ယခင် နန်းတွင်းထောင်ကာလ ကတည်းက ဖြစ်ပါသည်။
သို့ပါ၍ အခြေအမြစ်မရှိသော သတင်းများ နှင့် ရန်သူလိုလို မိတ်ဆွေလိုလို ဆောင်ရွက်ချက်သည် ဒီမိုကရေစီ အင်အားစုများကို ကူညီရာ မရောက်ပဲ သိက္ခာချရာ ရောက်ပါသည်။
၁၈-၁၂-၁၂ တွင် လွတ်ပြီ ဟူ၍ လည်းကောင်း ၊
၁၉-၁၂-၁၂ တွင် စစ်ခွေးတိုက်တွင် တိုတ်ပိတ်ထားသည် ဟူ၍လည်းကောင်း သတင်းများပေါ်ထွက်လာရာ ပြင်ပရှိ မိသားစု များ အနေဖြင့် စိတ်ဒုက္ခ လွန်စွာ ခံစားရပါသည်။
သို့ပါ၍ အထက်ပါ သတင်းများ ငြင်းဆိုလျက် ဤကဲ့သို့ မမှန်ကန်သော မငဲ့ညှာသော သတင်းများ ဖန်တီး၍ ဆောင်ရွက်နေသည်များ ကိုလည်း မပြုလုပ်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ရဲင့်ကျော်
သတင်းနှင့်ပြန်ကြားရေး ကော်မတီ။
ဗကသများအဖွဲ့ချုပ်
(ဗဟို နှင့် အထက်ဗမာပြည် လုပ်ငန်း ကော်မတီ )

No comments:
Post a Comment