Tuesday, December 17, 2013
'' ဒါဟာ အကြီးမားဆုံးလိမ်လည်မှုကြီးပဲ''
ဘောလုံးနည်းပြကြီးက အာဏာရှင်လို စီမံခန့်ခွဲပုံရတယ်။ ကိုယ့်အုပ်စုက လူတွေ ကိုယ့်ကိုပြန်ပြောတာ မကြိုက်ဘဲ သူပြောသလိုလုပ် ၊ ဒေါသကလည်းကြီးသေး။ ဘောလုံးသမားတွေနဲ့လည်း အဆင်မပြေရင် စိတ်ဓာတ်တွေ ဘယ်လိုတက်ကြွမှာတုန်း။ သူ့ကို စွတ်အပြစ်ပုံချချင်လို့ မဟုတ်ပါဘူး။ မြန်မာဘောလုံးသမားတွေ ပိုတိုးတက်ဖို့ လိုအပ်တာ လက်ခံပါတယ်။ အခုအခြေအနေက နည်းပြရဲ့ ဗျူဟာမှားသွားသလို ကိုယ့်ရဲ့ပန်းတိုင် ၊ စည်းမျဉ်းတောင် ဘာမှန်းသေချာမသိဘဲ တလွဲတချော်လုပ်သွားတာကို ဘယ်လိုမှ မကျေနပ်တာ။ ကျော်ကိုကိုက ဘာမှမမှားဘဲ အဆင်ပြေချင်လို့ သူ့ကို ကန်တော့တာတောင် သူက လူကြီးပီပီ နားလည်မှုမပေးနိုင်သေးဘူး။ သူတောင်းဆိုသမျှကိုလည်း ကိုယ်တို့နိုင်ငံက အကုန်ဖြည့်ဆည်းပေးခဲ့တာ။ အောင်မြင်မှုအရသာကို ငတ်မွတ်တောင့်တနေတဲ့ တို့နိုင်ငံအတွက် သူဘာပဲလိုလို ဖြည့်ဆည်းပေးခဲ့တာလို့ပြောထားပါတယ်။ (ဒါ နားထောင်လိုက်ကတည်းက ဒီနည်းပြဘဲကြီးကို ဖနောင့်နဲ့ ပေါက်ချင်လိုက်တာ)
အချိန်တန်တော့ သူက ဒေါ်လာသန်းချီ ငွေထုပ်ပိုက်ပြီး သူ့နိုင်ငံသူပြန်သွား။ တို့နိုင်ငံသားတွေမှာတော့ ဘောလုံးပွဲရှုံး ၊ ခံစားချက်တွေလည်း ပြိုလဲ ၊ မျက်နှာလည်းပျက်ရ ဘာတစ်ခုမှမကောင်းဘူး။ နောက်တစ်ခါဆိုရင် မှန်ကန်သော နည်းပြကိုသာ ငှားကြပြီး အတော်ဆုံးဘောလုံးသမားတွေကို အကောင်းဆုံး လေ့ကျင့်ပေးကြပါကွယ်
http://www.youtube.com/watch?v=2Blv8wAF9RM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment