၁။
တော်ပြီ တော်ပြီ၊ သည်းခံနိုင်တာထက်ကို လွန်လာပြီ။
လူကြားထဲမှာမို့ အောင့်အည်းသည်းခံနေလိုက်ရပေမယ့် ကျေနပ်လို့တော့ မဟုတ်ဘူးနော်။
အေး၊ ငါ့ကို သတ္တိမရှိဘူးလို့လဲ မထင်လိုက်လေနဲ့။ တကယ်က စိတ်ထဲရှိတဲ့အတိုင်း ငါက ဖွင့်ချလိုက်ချင်တာ။ ဘေးက မဆိုင်တဲ့လူတွေကို အားနာနေရလို့သာပေါ့။
အေးပါ၊ မင်းအခွင့်သာတုန်းမှာတော့ ငါ့ကို အားရအောင် နှိပ်စက်ထားဦးပေါ့။
ဒါပေမဲ့၊ မင်း တခု သိထားရမှာက အခုလို ငြိမ်နေလိုက်ရတာကိုပဲ ငါ့စိတ်ထဲမှာ အင်မတန် မကျေမချမ်း ဖြစ်ရတယ် ဆိုတာပဲ။
၂။
ဟား ဟား ဟား၊ ကဲ ငါ့အလှဲ့ရောက်ပြီ။
အခု ဘယ်သူမှ မရှိတော့ဘူး၊ မင်း ဘာတတ်နိုင်သေးလဲ?
အံမယ်၊ မင်းက ငါ့ကို ဒုက္ခပေးချင်သေးတယ်ပေါ့လေ။ လာလေ၊ စိန်လိုက်စမ်း၊ ကမ်းမွန်။
ကမ်းမွန်၊ လားစမ်းပါကွ၊ ဘယ်မှာ သွားပုန်းနေတာလဲ? ကမ်းမွန်၊ လာပြီလား၊ လာပြီဆိုရင် ကဲကွာ၊ ချပြီ --
ဘူ
အား ဟား၊ မှတ်ပလား။ မင်းလို ငါ့ဗိုက်ထဲမှာနေပြီး လေလုံးထွားနေတဲ့ကောင်ကို အခုလို အားရပါးရ အကျယ်ကြီး အသံမြည်အောင် ပေါက်ထုတ်လိုက်ရမှပဲ ငါကျေနပ်တော့တယ်။
(အင်တာနက်မှာ ဖတ်လိုက်ရသော စာတပုဒ်)
No comments:
Post a Comment