Tuesday, February 12, 2013

ပင်လုံ

ဆရာ တင်မိုး ရဲ့ " ပင်လုံ " ဆိုတဲ့ ကဗျာ

ပင်လုံ

လွတ်လပ်ပန်းကို ဘယ့်နှယ်ဆွတ်တယ်
တို့ညီညွတ်လို့ ဆွတ်နိုင်တယ်။

ရှမ်း ချင်း ကရင် ကချင်များနဲ့ 
ရခိုင် ကယား အသွယ်သွယ်။

ပင်လုံမြို့မှာ တူဆုံကြလို့
တို့ပြည်မနဲ့ တို့ပြည်နယ်။

သားချင်းညီနောင် တည်ထောင်မှုနဲ့
ပြည်ထောင်စုကြီးပေါ်လာတယ်။

အမိနိုင်ငံ တာဝန်များကို
ကိုယ်အားဥာဏ်အား ထမ်းကြမယ်
ထမ်းမယ် ထမ်းမယ် ။

     ( တင်မိုး ၊ အမေ့ကျောင်း ကဗျာများ )
ဆရာ တင်မိုး ရဲ့ " ပင်လုံ " ဆိုတဲ့ ကဗျာ
ပင်လုံ

လွတ်လပ်ပန်းကို ဘယ့်နှယ်ဆွတ်တယ်
တို့ညီညွတ်လို့ ဆွတ်နိုင်တယ်။

ရှမ်း ချင်း ကရင် ကချင်များနဲ့
ရခိုင် ကယား အသွယ်သွယ်။

ပင်လုံမြို့မှာ တူဆုံကြလို့
တို့ပြည်မနဲ့ တို့ပြည်နယ်။

သားချင်းညီနောင် တည်ထောင်မှုနဲ့
ပြည်ထောင်စုကြီးပေါ်လာတယ်။

အမိနိုင်ငံ တာဝန်များကို
ကိုယ်အားဥာဏ်အား ထမ်းကြမယ်
ထမ်းမယ် ထမ်းမယ် ။

( တင်မိုး ၊ အမေ့ကျောင်း ကဗျာများ )

No comments: