နှစ်ဖက်ပဋိပက္ခတွေမှာ
KIA က ပြည်တွင်းပြည်ပ သတင်းဌာနတွေ အကုန်လုံး ဝင်ခွင့်ပြုတယ်၊
ကုန်ကုန်ပြောရရင် အရင်က အစိုးရ ကောင်းကြောင်းချည်း ရေးနေတဲ့ ပြည်တွင်းက
ဂျာနယ်တွေတောင် ဝင်ခွင့်ပြုတယ်၊ သတင်းယူခွင့်ပြုတယ်၊ အစိုးရ စစ်တပ်ကလည်း
သူတို့ဘက်က ရိုးသားရင် KIA လို ဘာလို့ သတင်းထောက်တွေကို ဝင်ခွင့် မပြုတာလဲ။
သတင်းသမားကတော့ သူတို့ မြင်ရင်မြင်တဲ့ အတိုင်း အဖြစ်မှန်ကို ရေးကြမှာပဲ။
အစိုးရတပ်က အမြှောက်နဲ့ ပစ်လို့ အရပ်သားတွေ သေကြေနေတာလည်း သတင်းထောက်တွေ
မျက်စိနဲ့ ကိုယ်တွေ့မြင်ခဲ့ရပြီး မျက်ရည်တောင် ကျခဲ့ရတာပဲ၊ အဲဒီအချိန်
အစိုးရ ပြန်ကြားရေးက ဝါဒဖြန့်လို့ကောင်းနေတုန်း၊ နယ်မြေတွင်းမှာ နဖူးတွေ့၊
ဒူးတွေ့မြင်ရတာကို ရေးနေတဲ့ဟာကို အခု သေနက် ကိုင်နေတဲ့ အစိုးရ စစ်သားတွေက
ထပ်ပြီးလိမ်ပြန်ပြီ၊ သူတို့ကို ဘယ်လိုပြောရန်မှန်းကို မသိတော့ဘူး။
အစိုးရနဲ့ KIA ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကာလတုန်းက စုစုပေါင်း
မပခ မှာ တပ်ရင်း ၄၆ ရင်း ရှိတယ်၊ တပ်မ ၂ ခုက တပ်ရင်း ၂၀ ပေါ့၊ အဲဒီတုန်းက
ဒီတပ်မ ၂ ခုကလည်း အမြဲ မနေဘူး၊ တခုစီလဲပြီးတော့ ကရင်ကို သွားသွားပြီး
ထိုးနေတာ၊ အခု ကချင်ပြည်နယ်မှာ ဘာဖြစ်လို့ တပ်ရင်း
၁၀၀ ကျော်လာတာလဲ၊ တပ်မ ၃၃၊ ၉၉ တို့ ၈၈ တို့က ဘယ်ကနေရောက်လာတာလဲ၊
ခုခံစစ်လား ထိုးစစ်လား စဉ်းစားကြည့်လေ သုံးတဲ့ တပ်ရင်းကိုလည်း ကြည့်ဦး
မြန်မာနိုင်ငံ ခြေလျင်တပ်ရင်း ၅၆၀ ရှိတဲ့ အထဲမှာ ကချင်မှာ တပ်ရင်း ၁၂၀
ကျော် ရောက်နေတယ်၊ ဒါတောင်အမြှောက်တပ်တွေမပါသေးဘူး ၊ ထိုးစစ်မဟုတ်ဘူး ဆိုရင် ဘယ်ကနေ ရောက်လာတာလဲ၊ ဒါကတော့ ရှင်းရှင်းလေးပဲ။
တချို့နေရာတွေမှာ အရပ်သားမောင်းလာတဲ့ ကုန်တင်ကားကို KIA က
ဖောက်ခွဲတာတွေရှိခဲ့တယ်၊ အရပ်သားကလည်း အစိုးရ စစ်လက်နက်တွေ၊ ရိက္ခာတွေ
ကုန်တင်ကားနဲ့ သယ်လာပေးတယ်၊ ရထားလမ်းကြောင်းနဲ့လည်း သယ်တယ်၊ ဒါတွေဟာ
မလုပ်သင့်တဲ့ အရာတွေ၊ အစိုးရက တဖက်လှည့်နဲ့ အရပ်သားတွေကို အသုံးချတယ်။
KIA က သူ့နယ်မြေကို သူကာကွယ်နေတာ KIA ကမြို့တွေကို ဝင်တိုက်လို့
ရဟတ်ယာဉ်တွေ၊ လေယဉ်ပျံတွေသုံးတယ် ဆိုရင် လက်ခံလို့ရသေးတယ်၊
သူ့နယ်မြေသူနေတာပဲလေ၊ သူလည်း ငြိမ်းချမ်းရေး လိုချင်တာပဲလေ၊ အရင် ၁၇ နှစ်
လုပ်ပြီးပြီ ဘာမှ မထူးခြားဘူး၊ အပစ်ခတ်ရပ်စဲရေး လုပ်မလား၊
ထာဝရငြိမ်းချမ်းရေးလုပ်မလားဆိုေ တာ့
KIA က ထာဝရငြိမ်းချမ်းရေးလုပ်မယ် ထာဝရ ငြိမ်းချမ်းရေးလုပ်ရင် နိုင်ငံရေး
စကားပြောရမယ်၊ အစိုးရဘက်က နိုင်ငံရေးစကားမပြောချင်ဘူး၊ ဒါက အဟန့်အတား
ဖြစ်နေတယ်။
ဦးအောင်ကျော်ဇော
(တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ)
"နေပြည်တော်တို့
ရန်ကုန်တို့မှာပဲ နေနေတဲ့ လူဆိုရင်တော့ အစိုးရရဲ့ ဒီထုတ်ပြန်ချက်ကို
ဟုတ်မလားတွေးမိမှာပဲ၊ ကချင်ပြည်နယ် အတွင် နေရာအနှံ့သွားနေတဲ့လူ
မျက်မြင်ကိုယ်တွေ့တွေ အတွက်တော့ အစိုးရကတော့ ဗြောင်လိမ်တာပဲ၊ ဒါဟာလည်း
အခုမှ မဟုတ်ပါဘူး၊ နှစ်ပေါင်းမြောက်များစွာ ဒီလိုပဲ လိမ်နေတာပဲ။
ဒီကိုလာကြည့်လို့ရှိရင် အစိုးရက ကချင်တိုင်းရင်းသား တွေအပေါ်မှာ မတရား
အနိုင်ကျင့်နေတာ၊ လူအခွင့်အရေး ချိုးဖောက် နေတာတွေကို
မျက်ဝါးထင်ထင်တွေ့ရလိမ့်မယ်။
တချို့ကျေးရွာတွေဆိုရင် KIA နဲ့
ဆက်နွယ်တယ်ဆိုပြီး ပစ်ခတ်မီးရှို့တာ၊ ပစ္စည်းတွေယူတာတွေ လုပ်နေတာပဲ။ အခုလည်း
နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတာ ကိုယ်တိုင် တွေ့မြင်နေရတာပဲ၊
ထိုးစစ်မဆင်ပါဘူး ဆိုတာကလည်း တပ်တွေဝင်ထွက်၊ သွားလာနေတာတွေ၊ လက်နက်ခဲယမ်း
အင်အားတိုးချဲ့တာတွေလျှော့ပြီး တပ်တွေနောက်ဆုတ်ပေးလိုက်ရင် သူ့အလိုလို
စစ်ပွဲက အေးချမ်းသွားမှာပဲ၊ ထိုးစစ်ဆင်နေတယ်၊ အင်အားဖြည့်တာတွေ
လုပ်နေမှတော့ သူတို့ လက်နက်ကိုင် အချင်းချင်းကတော့ တစ်ဘက်နဲ့
တဘက်ဖြစ်နေမှာပဲ။"
ဒေါ်ဘောက်ဂျာ
(အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ပါတီ ၏ ကချင်ပြည်နယ် ခေါင်းဆောင်)
ကချင်စစ်ပွဲများ အဆုံးသတ်ရန် အစိုးရတပ်များ ဆုတ်ပေးသင့်ဟု တိုင်းရင်းသားခေါင်းဆောင်များပြော
လက်ရှိကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ
အစိုးရတပ်နဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့
ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အစိုးရတပ်ဘက်က ဆုတ်ခွာပေးသင့်တယ်လို့
တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြား လိုက်ပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေရတာဟာ အစိုးရတပ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲ ထိုးစစ်ဆင်နေလို့ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲေ တွ
မအောင်မြင်ရတာဟာလည်း စစ်တပ်တွေ နောက်ဆုတ်ရေးကိစ္စကို
မဆွေးနွေးလို့ဖြစ်ကြောင်း အစိုးရနဲ့အပစ်ခတ်ရပ်ထားတဲ့ ချင်းအမျိုးသားတပ်ဦး
ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းရွှေခါးက ပြောပါတယ်။
“ပထမဆုံးအနေနဲ့ တင်းမာမှုတွေလျော့သွားအောင် အရင်လုပ်ရမယ်။ စစ်တပ်ဘက်ကနေ တခြားနေရာကနေလာပြီး အဲနေရာမှာတပ်တွေလာချထားတာလု ပ်တာတွေ။ ဥပမာ မြောက်ပိုင်းတိုင်းမှာရှိနေ တဲ့ စစ်တပ်တခုတည်းဆိုရင် ကချင်ဘက်မှာပြဿနာရှိမှာ မဟုတ်ဘူး။ အခုက တခြားနယ်ကတပ်တွေအကုန်ဖြည့်ြ ပီးတော့ တပ်မတွေ နေရာသွားချတော့ ကချင်အတွက်က သူတို့ကို စစ်ရေးအရကျူးကျော်တယ်၊ စစ်ရေးအရရန်စတယ်ဆိုပြီးတော့ ကာကွယ်မှုတွေလုပ်တာပေါ့။ ဒါကြောင့် ဒီပြဿနာတကယ်ပြေလည်ချင်တယ်ဆိုရင် ဇွန်လ ၉ ရက်နေ့ သူတို့မတိုက်ခင်ကတည်းက ရှိနေတဲ့အနေအထားအတိုင်း တပ်မတော်တွေကို နောက်ဆုတ်ပေးလိုက်ရင်တော့ အကုန်အဆင်ပြေမယ်ထင်တယ်။”
မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး
နိုင်ဟံသာက “တိုက်ပွဲတွေ ဆက်ဖြစ်နေတာက အစိုးရဘက်က ကေအိုင်အိုရဲ့
ဌာနချုပ်ကို ၀ိုင်းရံထားပြီး ထိုးစစ်ဆင်နေတဲ့ အနေအထားမျိုးဖြစ်တယ်။ အဲဒါကို
အစိုးရဘက်က သဘောထားကြီးကြီးနဲ့ နည်းနည်းခွာပေးဖို့လိုတယ်၊
လမ်းဖွင့်ပေးဖို့လိုတယ်။ အဲဒီအနေအထားမျိုးမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု
မယူရင်တောင် ခတ်လှမ်းလှမ်းမှာနေလိုက်ရင်
အလိုလိုနေရင်းနဲ့ အပစ်အခတ်ရပ်စဲရေးက သွားမှာပဲ။ အဲဒီတော့မှ နိုင်ငံရေးအရ
ဆွေးနွေးရင် အဆင်ပြေမှာဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာလည်း
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ ဆွေးနွေးတာက ပိုပြီးသဘာဝကျပါတယ်။
ဘာလို့လဲဆိုတော့ ဘာလို့လဲဆိုတော့ ကချင်အရေးတခုတည်း ဆွေးနွေးတာမှမဟုတ်ပဲ၊
တိုင်းရင်းသားအားလုံးရဲ့အရေးကို တခါတည်းဆွေးနွေးမယ်၊ ဒါမှ အားလုံး ပြေလည်သွားမယ်” လို့ ပြောပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “မူရင်းနေရာပြန်ပြောင်းရမယ် ။ ဒီတိုက်ပွဲမဖြစ်ခင်က မူရင်းနေရာအထိ နှစ်ဖက်တပ်က ပြန်ဆုတ်ကြရမယ်။ ပြီးရင် ငြိမ်းချမ်းရေးစကားပြောရမှာ ပေါ့။ သမ္မတကြီးဘက်က ထိုးစစ်မဟုတ်ဘူးပြောတယ်။ ဒါပေမယ့် ထိုးစစ်အသွင်တွေ့နေရတယ်။ ဒီဘက်က တပ်ရင်းတပ်ဖွဲ့တွေပြောင်းတာ ၊ လေကြောင်းချီတာတွေ ဒီဘက်က ပွင့်လင်းဖို့လိုမယ်။ ထိုးစစ်မဟုတ်ဘူးဆိုတာကို ဒီဘက်ကသတင်းစာရှင်းလင်းပွဲလုပ်ဖို့ လိုတယ်။ နောက်လွှတ်တော်ဘက်က တင်ပြကြတဲ့အပိုင်းရှိမယ်” လို့ ပြောပါတယ်။
ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အစိုးရတပ်ဘက်က ထိုးစစ်တွေရပ်စဲမယ့်အကြောင်း၊
ကေအိုင်အိုနဲ့ အစိုးရတို့ ၀ ဒေသမှာ ဆွေးနွေးမယ့်အကြောင်းတွေ
သတင်းမီဒီယာကနေ တဆင့် ကြားသိရတဲ့အတွက် ကြိုဆိုကြောင်း၊
တိုက်ပွဲတွေဖြစ်နေရင် နိုင်ငံတိုးတက်ရေး နှောင့်နှေးပြီး
အာဆီယံနိုင်ငံတွေအကြား နောက်ကျနေမယ်လို့ ပြောပါတယ်။
“ကျနော်တို့နိုင်ငံက တခြားအိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျနေပြီ။ ဘာလို့နောက်ကျလဲဆိုတော့ ငြိမ်းချမ်းရေးမရသေးလို့ပဲ။ ငြိမ်းချမ်းရေးရဖို့ ပြည်သူတွေရော အစိုးရရော တပ်မတော်ရော အားလုံးပူးပေါင်းလုပ်မှ အောင်မြင်မှာပါ။”
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတခုဖြစ်တဲ့  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က
“ကချင်မှာဖြစ်ပွားတာမှာ ထိုးစစ်တွေဆင်တယ်၊ လေယာဉ်တွေသုံးတိုက်ခိုက်တယ် ။
ဒါတွေဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အဟန့်အတားဖြစ်စေတယ်။
အထူးသဖြင့် ဒီလိုလုပ်ခြင်းဖြင့် သံသယစိတ်တွေ ကြီးထွားစေပြီး
ယုံကြည်မှုပျက်ပြားစေတယ်။ ယုံကြည်မှုမတည်ဆောက်ဘဲ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး။ တကယ်လုပ်သင့်တာက လက်ရှိအစိုးရအနေနဲ့ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ လုံးဝအပစ်အခတ်ရပ်စဲ တဖက်သတ်ကြေညာပြီးတော့ နိုင်ငံရေးအရဆွေးနွေးဖို့ လိုတယ်” လို့ ပြောပါတယ်။
၁ နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ ကေအိုင်အေနဲ့ အစိုးရတပ်တို့
တိုက်ပွဲကြောင့် ပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင် ဒုက္ခရောက်နေရတာ၊
နှစ်ဘက်စစ်သည်တွေ ထိခိုက်ကျဆုံးမှု များနေတာ၊ လက်နက်ကြီးထိမှန်ပြီး
ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရ၊ လက်နက်ကိုင်အဖွဲ့လို့ စွပ်စွဲပြီး
အနှိပ်စက်ခံရတာတွေ ရှိနေတဲ့အတွက် ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်
အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ပြည်တွင်းနဲ့
ပြည်ပအဖွဲ့အစည်း အသီးသီးက လှုပ်ရှားမှုအမျိုးမျိုးနဲ့
တိုက်တွန်းနှိုးဆော်နေကြပါတယ်။
ခုရက်ပိုင်းအတွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ် ပါတီကလည်း တိုင်းရင်းသားတွေနဲ့ နှစ်ရှည်လများဖြစ်ပွားနေတဲ့ 
ပြဿနာကို လက်နက်နဲ့ဖြေရှင်းလို့ရမှာ မဟုတ်ဘူးလို့ ကြေညာချက်တစောင်
ထုတ်ပြန်ခဲ့သလို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ယုံကြည်မှုတည်ဆောက်ခြင်း
ဆွေးနွေးပွဲ ကျင်းပရေးကော်မတီကလည်း ကချင်စစ်ပွဲ အမြန်ဆုံးရပ်တန့်ပြီး
တပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
Credit: နန်းမြနဒီ(DVB) / January 31, 2013
http://burmese.dvb.no/ archives/35969
နှစ်ဖက်ပဋိပက္ခတွေမှာ
KIA က ပြည်တွင်းပြည်ပ သတင်းဌာနတွေ အကုန်လုံး ဝင်ခွင့်ပြုတယ်၊
ကုန်ကုန်ပြောရရင် အရင်က အစိုးရ ကောင်းကြောင်းချည်း ရေးနေတဲ့ ပြည်တွင်းက
ဂျာနယ်တွေတောင် ဝင်ခွင့်ပြုတယ်၊ သတင်းယူခွင့်ပြုတယ်၊ အစိုးရ စစ်တပ်ကလည်း
သူတို့ဘက်က ရိုးသားရင် KIA လို ဘာလို့ သတင်းထောက်တွေကို ဝင်ခွင့် မပြုတာလဲ။
သတင်းသမားကတော့ သူတို့ မြင်ရင်မြင်တဲ့ အတိုင်း အဖြစ်မှန်ကို ရေးကြမှာပဲ။
အစိုးရတပ်က အမြှောက်နဲ့ ပစ်လို့ အရပ်သားတွေ သေကြေနေတာလည်း သတင်းထောက်တွေ မျက်စိနဲ့ ကိုယ်တွေ့မြင်ခဲ့ရပြီး မျက်ရည်တောင် ကျခဲ့ရတာပဲ၊ အဲဒီအချိန် အစိုးရ ပြန်ကြားရေးက ဝါဒဖြန့်လို့ကောင်းနေတုန်း၊ နယ်မြေတွင်းမှာ နဖူးတွေ့၊ ဒူးတွေ့မြင်ရတာကို ရေးနေတဲ့ဟာကို အခု သေနက် ကိုင်နေတဲ့ အစိုးရ စစ်သားတွေက ထပ်ပြီးလိမ်ပြန်ပြီ၊ သူတို့ကို ဘယ်လိုပြောရန်မှန်းကို မသိတော့ဘူး။
အစိုးရနဲ့ KIA ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကာလတုန်းက စုစုပေါင်း မပခ မှာ တပ်ရင်း ၄၆ ရင်း ရှိတယ်၊ တပ်မ ၂ ခုက တပ်ရင်း ၂၀ ပေါ့၊ အဲဒီတုန်းက ဒီတပ်မ ၂ ခုကလည်း အမြဲ မနေဘူး၊ တခုစီလဲပြီးတော့ ကရင်ကို သွားသွားပြီး ထိုးနေတာ၊ အခု ကချင်ပြည်နယ်မှာ ဘာဖြစ်လို့ တပ်ရင်း ၁၀၀ ကျော်လာတာလဲ၊ တပ်မ ၃၃၊ ၉၉ တို့ ၈၈ တို့က ဘယ်ကနေရောက်လာတာလဲ၊ ခုခံစစ်လား ထိုးစစ်လား စဉ်းစားကြည့်လေ သုံးတဲ့ တပ်ရင်းကိုလည်း ကြည့်ဦး မြန်မာနိုင်ငံ ခြေလျင်တပ်ရင်း ၅၆၀ ရှိတဲ့ အထဲမှာ ကချင်မှာ တပ်ရင်း ၁၂၀ ကျော် ရောက်နေတယ်၊ ဒါတောင်အမြှောက်တပ်တွေမပါသေးဘူး ၊ ထိုးစစ်မဟုတ်ဘူး ဆိုရင် ဘယ်ကနေ ရောက်လာတာလဲ၊ ဒါကတော့ ရှင်းရှင်းလေးပဲ။
တချို့နေရာတွေမှာ အရပ်သားမောင်းလာတဲ့ ကုန်တင်ကားကို KIA က ဖောက်ခွဲတာတွေရှိခဲ့တယ်၊ အရပ်သားကလည်း အစိုးရ စစ်လက်နက်တွေ၊ ရိက္ခာတွေ ကုန်တင်ကားနဲ့ သယ်လာပေးတယ်၊ ရထားလမ်းကြောင်းနဲ့လည်း သယ်တယ်၊ ဒါတွေဟာ မလုပ်သင့်တဲ့ အရာတွေ၊ အစိုးရက တဖက်လှည့်နဲ့ အရပ်သားတွေကို အသုံးချတယ်။
KIA က သူ့နယ်မြေကို သူကာကွယ်နေတာ KIA ကမြို့တွေကို ဝင်တိုက်လို့ ရဟတ်ယာဉ်တွေ၊ လေယဉ်ပျံတွေသုံးတယ် ဆိုရင် လက်ခံလို့ရသေးတယ်၊ သူ့နယ်မြေသူနေတာပဲလေ၊ သူလည်း ငြိမ်းချမ်းရေး လိုချင်တာပဲလေ၊ အရင် ၁၇ နှစ် လုပ်ပြီးပြီ ဘာမှ မထူးခြားဘူး၊ အပစ်ခတ်ရပ်စဲရေး လုပ်မလား၊ ထာဝရငြိမ်းချမ်းရေးလုပ်မလားဆိုေ တာ့
KIA က ထာဝရငြိမ်းချမ်းရေးလုပ်မယ် ထာဝရ ငြိမ်းချမ်းရေးလုပ်ရင် နိုင်ငံရေး
စကားပြောရမယ်၊ အစိုးရဘက်က နိုင်ငံရေးစကားမပြောချင်ဘူး၊ ဒါက အဟန့်အတား
ဖြစ်နေတယ်။
ဦးအောင်ကျော်ဇော
(တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ)
အစိုးရတပ်က အမြှောက်နဲ့ ပစ်လို့ အရပ်သားတွေ သေကြေနေတာလည်း သတင်းထောက်တွေ မျက်စိနဲ့ ကိုယ်တွေ့မြင်ခဲ့ရပြီး မျက်ရည်တောင် ကျခဲ့ရတာပဲ၊ အဲဒီအချိန် အစိုးရ ပြန်ကြားရေးက ဝါဒဖြန့်လို့ကောင်းနေတုန်း၊ နယ်မြေတွင်းမှာ နဖူးတွေ့၊ ဒူးတွေ့မြင်ရတာကို ရေးနေတဲ့ဟာကို အခု သေနက် ကိုင်နေတဲ့ အစိုးရ စစ်သားတွေက ထပ်ပြီးလိမ်ပြန်ပြီ၊ သူတို့ကို ဘယ်လိုပြောရန်မှန်းကို မသိတော့ဘူး။
အစိုးရနဲ့ KIA ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ယူခဲ့တဲ့ ကာလတုန်းက စုစုပေါင်း မပခ မှာ တပ်ရင်း ၄၆ ရင်း ရှိတယ်၊ တပ်မ ၂ ခုက တပ်ရင်း ၂၀ ပေါ့၊ အဲဒီတုန်းက ဒီတပ်မ ၂ ခုကလည်း အမြဲ မနေဘူး၊ တခုစီလဲပြီးတော့ ကရင်ကို သွားသွားပြီး ထိုးနေတာ၊ အခု ကချင်ပြည်နယ်မှာ ဘာဖြစ်လို့ တပ်ရင်း ၁၀၀ ကျော်လာတာလဲ၊ တပ်မ ၃၃၊ ၉၉ တို့ ၈၈ တို့က ဘယ်ကနေရောက်လာတာလဲ၊ ခုခံစစ်လား ထိုးစစ်လား စဉ်းစားကြည့်လေ သုံးတဲ့ တပ်ရင်းကိုလည်း ကြည့်ဦး မြန်မာနိုင်ငံ ခြေလျင်တပ်ရင်း ၅၆၀ ရှိတဲ့ အထဲမှာ ကချင်မှာ တပ်ရင်း ၁၂၀ ကျော် ရောက်နေတယ်၊ ဒါတောင်အမြှောက်တပ်တွေမပါသေးဘူး
တချို့နေရာတွေမှာ အရပ်သားမောင်းလာတဲ့ ကုန်တင်ကားကို KIA က ဖောက်ခွဲတာတွေရှိခဲ့တယ်၊ အရပ်သားကလည်း အစိုးရ စစ်လက်နက်တွေ၊ ရိက္ခာတွေ ကုန်တင်ကားနဲ့ သယ်လာပေးတယ်၊ ရထားလမ်းကြောင်းနဲ့လည်း သယ်တယ်၊ ဒါတွေဟာ မလုပ်သင့်တဲ့ အရာတွေ၊ အစိုးရက တဖက်လှည့်နဲ့ အရပ်သားတွေကို အသုံးချတယ်။
KIA က သူ့နယ်မြေကို သူကာကွယ်နေတာ KIA ကမြို့တွေကို ဝင်တိုက်လို့ ရဟတ်ယာဉ်တွေ၊ လေယဉ်ပျံတွေသုံးတယ် ဆိုရင် လက်ခံလို့ရသေးတယ်၊ သူ့နယ်မြေသူနေတာပဲလေ၊ သူလည်း ငြိမ်းချမ်းရေး လိုချင်တာပဲလေ၊ အရင် ၁၇ နှစ် လုပ်ပြီးပြီ ဘာမှ မထူးခြားဘူး၊ အပစ်ခတ်ရပ်စဲရေး လုပ်မလား၊ ထာဝရငြိမ်းချမ်းရေးလုပ်မလားဆိုေ
ဦးအောင်ကျော်ဇော
(တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ)
No comments:
Post a Comment