Tuesday, February 5, 2013

Nothing About Us Without Us (Burmese Version)


The Burmese version of our film "Nothing About Us Without Us" is now online.

"ပါဝင်မှုမရှိလျင် သက်ဆိုင်မှုမရှိနိုင် - မြန်မာပြည်သို့ ပြန်လည်နေထိုင်ရေးအပေါ် ဒုက္ခသည်များ၏ ရင်ဖွင့်သံများ" သည် ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာပြည် အတွင်းသို့ ပြန်လည်နေရာချထားရေးအပေါ် ဒုက္ခသည်များကိုယ်တိုင်၏ ဖွင့်ထုတ်ပြောဆိုမှုများကို မီးမောင်းထိုးပြထားသော မှတ်တမ်းရုပ်ရှင်တို တခု ဖြစ်သည်။

မှတ်တမ်းထဲတွင် UNHCR ၊ ရှေ့ပြေးတက္ကသိုလ် ပညာရှင်များ၊ ဒေသခံ လူထုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ဒုက္ခသည်များ ကိုယ်တိုင်နှင့် တွေ့ဆုံမေးမြန်းချက်များ ပါဝင်ပြီး လက်ရှိတွင် ဒုက္ခသည်အများစုထံသို့ သတင်းအချက်အလက်များ မရောက်ရှိကြောင်းနှင့် မြန်မာပြည်သို့ ဒုက္ခသည်များပြန်လည်နေ ထိုင်ရေး နှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချမှတ်ဖြစ်စဉ်များနှင့် အစီအစဉ်ရေးဆွဲမှုဖြစ်စဉ် များတွင် ဒုက္ခသည်များ၏ပါဝင်မှု မဖြစ်မနေလိုအပ်ကြောင်း ကောက်နှုတ်ဖော်ပြထားပါသည်။

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ (Burma Partnership) မှထုတ်ဝေ၍ Timothy Syrota မှ ရိုက်ကူးသည်။

No comments: