Showing posts with label တိုင်ကြားစာ. Show all posts
Showing posts with label တိုင်ကြားစာ. Show all posts

Wednesday, December 12, 2012

မြိတ်ဓါတ်ပုံလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီလူတွေမျိုးမရှိသင့်ပါ

မြိတ်ဓါတ်ပုံလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီလူတွေမျိုးမရှိသင့်ပါ
× မြိတ်ဓါတ်ပုံအသင်းမှ အသင်းဝင်ဓါတ်ပုံဆရာတစ်ဦး၏ ၀မရှိပဲဝိလုပ်မှုများ×

ပီကေ ခေါ် Photo King ဆိုသူသည် ကျွန်တော်အား အပ်ထားသော မင်္ဂလာပွဲတစ်ခုကိုရောက်ရှိလာပြီး ခင်ဗျား ဘာလာလုပ်တာလည်း၊ ဒါခင်ဗျားနေရာမဟုတ်ဖူး ခင်ဗျားပြန်ရင်ကောင်းမယ် ဆိုပြီးမိုက်ကြေးခွဲပါသည်။ ကျွန်တော်ကလည်း ပွဲရှင်ကိုယ်တိုင်အပ်ထားသောပွဲဖြစ်သဖြင့် ဗလိုင်းကြီးလာစော်ကားသဖြင့်သီးခံနိုင်ခြင်းမရှိပါ။ သူက မင်းလောက်ကိုသောက်ဂရုမစိုက်ဘူး ဒါမင်းအ
ပိုင်းမဟုတ်ဖူး challenge nice(လင်းလင်းစိုး ဆိုင်တွင် ရင်းနှီးမြုပ်နှံထားကြောင်း) မင်းလာရိုက်လို့မရကြောင်းပြောပါသည်။ ထို့နောက် ကျွန်တော့ကို မင်းဘယ်လောက်ချမ်းသာလည်း မင်းကင်မရာဘယ်လောက်ကောင်းကောင်းကိုင်နိုင်လည်း မင်းဝယ်နိုင်သလောက်ငါလည်းဝယ်နိုင်တယ်၊ မင်းနဲ့ငါချမ်းသာပြိုင်မလား မင်းဟာမင်း Wedding photo လိုင်းတွင် နာမည်ကြီးကြီး မင်းငါ့ကိုတစ်သက်မမှီပါဘူး ဆိုပြီး ခလေးစကားဖြင့် ရန်တွေ့ပါသည်။ ကျွန်တော်လည်း ဒီပွဲမရိုက်ရလည်း ပြသနာမရှိ ပူပင်စရာမလိုသောကြောင့် အေးရာအေးကြောင်း ပြီးပြီးရော ဘာမှမပြောပဲပြန်လာခဲ့ပါသည်။ ကျွန်တော်အထင်တော့ ဒီပွဲတွင် ပီကေက မင်္ဂလာကားမောင်းသဖြင့် ကားမောင်းသမားနေရာမနေပဲ ဓါတ်ပုံပါရိုက်ချင်သောကြောင့် မိတ်ကပ်ဆိုင်နှင့် အကျေအလည် စည်းရုံးမှုများပြုလုပ်ကြသည်ဟုထင်ပါသည်။ ၄င်းကိတ်စကို အသေးစိတ်သိလိုပါသဖြင့် ညဘက် 9နာရီခွဲခန့်တွင် လင်းလင်းစိုးအား ဖုန်းဆက်မေးမြန်းခဲ့ပါသည်။ လင်းလင်းစိုးအားမေးမြန်းထားသောအသံဖိုင်အားတိုက်ရိုက်နားထောင်နိုင်ပါသည်။ ပီကေ ခေါ် Photo King နှင့် ထိပ်တိုက်ပြောဆိုသောစကားများမှာ ကျွန်တော် Record မယူဖြစ်ပါသဖြင့် စာဖြင့်တင်ပြလိုက်ပါသည်။
အင်တာနက်ပေါ်တင်ပြီး အများသိအောင်တင်ပြခြင်းမှာ ဖွခြင်းမဟုတ်ပဲ မြိတ်သူမြိတ်သားများသိရှိအောင်တင်ပြခြင်းဖြစ်ပါသည်။ ညဘက်တွင်လည်း အလင်းရောင်(မျိုးဇော်) ပီကေ အပေါင်းအပါများက ဖုန်းထပ်ဆက်ပြီး သင်ခန်းစာရသွားပြီလား ဘယ်လိုလည်း နောက်တစ်ခါမှတ်ထား ကိုယ့်နေရာကိုယ်နေ ဂွင်မကျော်နဲ့ဆိုပြီးထပ်မံပြီးမိုက်ကြေးခွဲပါသည်။ မြိတ်ဓါတ်ပုံအသင်းစတင်တည်ထောင်ခါစတွင် ယခုလိုမျိုး အုပ်စုလိုက် ဗိုလ်ကျမှုများ ဓါတ်ပုံအသင်းအတွက် ကောင်းမွန်သောအလားအလာများမမြင်တွေ့ရပါသဖြင့် ၀မ်းနည်းမိပါကြောင်း။
ပီကေ ခေါ် Photo King သည် တစ်ချိန်က ISO ဓါတ်ပုံဆိုင်(စက်ဝင်းရပ်ကွက်) ကိတ်စတွင်လည်း အင်တာနက်ပေါ်တွင် နာမည်ကျော် အော့ကြောလန်တစ်ဦးဖြစ်ခဲ့ဖူးပါသည်။ ယခုတစ်ခေါက်တွင်လည်း အလားတူ ကိတ်စများဖြစ်ပွါးဖြစ်သဖြင့် ၀င်ရောက်ဖတ်ရှုသူများအနေနှင့်သဘောပေါက်နားလည်ပါမည်ဟုထင်မြင်ယူဆပါသည်ခင်ဗျား။
 
 

Thursday, September 13, 2012

မြိတ်မြို့ ၊ မြို့မ ရဲစခန်းမှ စခန်းမှူးအကျင့်ပျက်ရဲအုပ်မြင့်လွင်နှင့်သူ့တပည့်အကျင့်ပျက်ရဲများ၊ ဥပဒေအပြင်ဘက်လုပ်ကိုင်နေ



မြိတ်မြို့ ၊ မြို့မ ရဲစခန်းမှ စခန်းမှူးအကျင့်ပျက်ရဲအုပ်မြင့်လွင်မွေးထားသော
ဂိုဏ်းဝင်ထဲမှတစ်ချို့ဖြစ်ပါတယ်။ ၄င်းတို့ ဟာရဲအုပ်မြင့်လွင်နှင့်ပတ်သက်မှု
မရှိဘဲဖွင့်ထားတဲ့စားသောက်ဆိုင်များကိုဝင်ဖမ်းခြင်း၊ထီဒိုင်များကိုသတင်းပေး
ခြင်း၊်ဆက်ကြေးမတရားယူခြင်း၊ဖာခေါင်းလုပ်ခြင်း၊ဖာခေါင်းများကိုဆက်ကြေး
ပြန်ကောက်ခြင်း၊စသဖြင့်လုပ်ကိုင်ကြပါတယ်အခုတင်ပေးထားတဲ့ဓာတ်ပုံများ
ကတော့ မြိတ်မြို့ ၊ရွှေပြည်တန်ရပ်ကွက်မှာပြောင်ကျကျဖာခန်းဖွင့်ထားတဲ့စား
သောက်ဆိုင်အမည်ခံဖာခန်းဖြစ်ပါတယ်၊သုခ 9 လမ်းထိပ်မှာလည်းရှိပြီးဒီလိ
လုပ်နေတဲ့စားသောက်ဆိုင်အမည်ခံ 66 ခုရှိတယ်လို့ဒေသခံတွေပြောပါတယ်။
ဒီနားမှာနေတဲ့မိကောင်းဖခင်သားသမီးတွေအဖို့လွန်စိတ်အနှောက်ယှက်ဖြစ်
နေရပါတယ်။ရဲအုပ်မြင့်လွင်ကတော့ဂိုဏ်းချုပ်ဖြစ်ပြီး ၄င်း၏အောက်တွင်ရဲကြပ် မျိုးသိန်း ၊ ဇော်မိုးအောင်တို့ လိုလက်ထောက်
ဂိုဏ်းချုပ်များရှိကာ၊ ဂိုဏ်းသားများအဖြစ် ရဲသတင်းပေးများရှိပါတယ်။၎င်းတို့
ကိုမျက်နှာဖုန်းခွာချရလျှင်ဖြင့်-- ရဲကြပ် မျိုးသိန်း- ဥပဒိရုပ်ကိုကြည့်ရုံဖြင့်အ
လွန်ကောက်ကျစ်သည့်မျက်နှာရှိပြီး..မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီးမြိတ်မြို့
တွင်အကြီးအကျယ်လုပ်နေသည့်မူယစ်ရာဇာကြီးဖြစ်ပါတယ်။အခုလူကြီးမင်း
တို့ဖမ်းလိုက်ပြီးဖြစ်ကာတရားသူကြီးများကလည်းအမိန့်ချမှတ်လိုက်ပြီးဖြစ်
သည့် လူငယ်များစွာမှာအဲဒီယုတ်မာသောမျိုးသိန်းဆိုသည့်ရဲဆိုးဖြစ်ပါတယ်
လူငယ်များကိုမူးယစ်ဆေးဝါးရောင်းခိုင်းပါတယ်။သူကပဲကာကွယ်ပေးသလို
နှင့်နောက်ပြီးအခြေအနေမကောင်းတော့ရင်သူကပဲနေရာအတိအကျပြောပြီး
ပြန်ဖမ်းခိုင်းပါတယ်ဖမ်းခံထလာတဲ့လူငယ်တွေကဒီမူးယစ်ဆေးဝါးတွေကို
ဘယ်ကရသလဲလို့မေးလာရင်လူငယ်တွေမျိုးသိန်းဆိကလို့ အမှန်အတိုင်းဖြေ
လို့ကတော့ဌက်ပျောသီးဖြစ်ပြီမှတ်တော့ဒီလိုထောင်ထဲထည့်လိုက်တဲ့လူငယ်
လေးတွေအများကြီးပါ။သာဓကအနေဖြင့်.. သားကြီး ( ကွမ်းယာ )ဆိုတာတစ်
မြို့လုံးသိမှပါ။ နောက်ပြီး ကန်ခေါင်းရပ်မှာ ရဲအုပ်မြင့်လွင်ဦးဆောင်မှုဖြင့်
မရောင်ရာဆီလူးတဲ့ လူဖမ်းတဲ့ပွဲမှာ သူတို့လာဖမ်းတဲ့ ဘောင်းဘီကြီးဆိုသူဟာ
မျိုးသိန်းမွေးထားတဲ့လူပါ မျိုးသိန်းနှင့်ဘောင်းဘီကြီးဟာမြိတ်မြို့ပေါ်ကလူသူ
ရှင်းတဲ့နေရာတွေအမြဲတွေ့လေ့ရှိပါတယ်ဒါကိုဓာတ်ပုံရလျှင်မကြာခင်တင်ပေး
ပါမယ်။ ဒါကသာဓကအနည်းအကျဉ်းပါ၊မျိုးသိန်းဟာတစ်နေ့ကိုမြင်းဆေး( ရာ
ဘ 3 လုံးလောက်အနည်းဆုံးရှူနေတဲ့မူးယစ်ကောင်၊အရက်မူးသမား ) သုံး
လုံးလောက်သုံးစွဲတဲ့ကောင်ပါ။ နောက်တစ်ယေက်က ဇော်မိုးအောင်ဆိုတဲ့
အကျင့်ပျက်ရဲ-ဥပဒိရုပ်က အထမ်းသည်လိုပုံပါ။ထပ်ပြောင်နေပြီးလေယာဉ်
ကွင်းနှင့်လေယာဉ်တွေမှားဆင်းနိုင်ပါတယ်။ဒီအကျင့်ပျက်ရဲက ရဲအုပ်မြင့်လွင်
ကိုအသေကြောက်တဲ့ရဲတစ်ဦးဖြစ်ပြီး ထီ၊ ဘောပွဲဒိုင်၊ဓာတ်ဆီဆိုင်တွေဆက်
ကြေးလိုက်ကောက်ရတဲ့မြင့်လွင်က သေဆိုသေရမဲ့အကောင်ပြည်သူတွေ
ထက်မြင့်လွင်အတွက်သီးသန့် နိုင်ငံတော်က ကျွန်တော်တို့အခွန်တွေနှင့်လစာ
ပေးထားရတဲ့အမှိုက်ကောင်ဖြစ်ပါတယ်။ နောက်တစ်ယောက်က သိန်းနိုင်-
ထီလိုင်းကြေးတွေလိုက်ကောက်ရတဲ့ရဲသတင်းပေးပြည်သူထဲက ခွေးသား
လောက်ကောင် အရပ်သားဖြစ်ပါတယ်ဘုရားကိုင်ရပ်မှာနေထိုင်ပြီးအလုပ်
လက်မဲ့တစ်ဦးဖြစ်ပါတယ် အခုခါမှာတော့ လိုင်စင်မဲ့ကားတစ်စီးကိုပိုင်ဆိုင်
ထားပြီး 2 ထပ်တိုက်တစ်လုံးနှင့်ပါ။ တွေးကြည့်ပေါ့ ရဲသတင်းပေးတောင်အ
လုပ်လက်မဲ့ဘ၀ကနေဒီလိုဖြစ်လာတယ်ဆိုတော့ရဲအုပ်မြင့်လွင်ဆိုတဲ့သူတို့
ဂိုဏ်းချုပ်မှာဘယ်လောက်ရှိမလဲ နိုင်ငံတော်ကပေးတဲ့လခ ကဒီကောင်အိမ်
သာမှာသုံးတဲ့စရိတ်လောက်ပဲရှိမပေါ့။ပြီးတော့ သားညီ ( ဖာခေါင်း )၊ မြိုသစ်
ရပ်မှာနေတယ်။အောင်ထွန်းဦးလို့ ခေါ်တဲ့ ကုလားရှည် ဖာခေါင်းပါပဲ။အောင်
သန်းမြင့် ( ဖာခေါင်း ) တခြားအများကြီးပါပဲ ဒီလူတွေကိုသက်ဆိုင်ရာစုံစမ်
လို့လွယ်အောင်တင်ပေးလိုက်တာဖြစ်ပါတယ် သက်ဆိုင်ရာကစုံစမ်းလို့လွယ်
အောင်ဆိုတော့ထောက်လှမ်းရေးတွေကလည်းသိမှာပါ ဒါပေမယ့်မေ့နေမှာစိုး
လို့ပါ တဲ့ပြည်သူတွေက ဒီလိုအကျင့်ပျက်ရဲတွေဟာဒီမိုကရေစီစနစ်ကိုသွားနေ
ပါတဲ့ဆိုတဲ့နိုင်ငံတစ်ခုမြို့တစ်ခုမှာမရှိသင့်တော့ဘူးဒီလူတွေရှိသင့်တာက
ထောင်တွေ မှာပဲဖြစ်ပါတယ်သူတို့ယုတ်မာပြီးပို့လိုက်တဲ့သူတွေနှင့်ထောင်မှာ
အေးအေးဆေးဆေးသွားနေခိုင်းဖို့ အချိန်ရောက်ပြီဖြစ်ကြောင်းပြည်သူတွေ
ကိုယ်စားတင်ပြပေးလိုက်တာပါ။တစ်ကယ်လို့ ထောက်လှမ်းရေးတွေကလည်း
မသိချင်ယောင်ဆောင်နေမယ်၊အထက်လူကြီးတွေကလည်းမျက်နှာလွဲေ
မယ်ဆိုရင်တော့ကျွန်တော်တို့ ဘိတ်သူ/သားများဟာလည်းမည်သည့်နေရာ
အထိပေါက်ရောက်တယ်ဆိုတာသိစေရပါမယ်လို့ ပြောလာကြောင်းပါခင်ဗျား.. 
 
 
ရဲအုပ်မြင့်လွင်နှင့်သူ့တပည့်အကျင့်ပျက်ရဲများ၊ ရဲသတင်းပေးများဂိုဏ်းဖွဲ့ကာ
ဥပဒေအပြင်ဘက်လုပ်ကိုင်နေသောလုပ်ငန်းများစွာအနက်အရုပ်ဆိုးဆုံးဖာ
ခန်း ( ပြည်တာဆာလုပ်ငန်း )လုပ်ကိုင်နေသည့်စားသောက်ဆိုင်အမည်ခံဖာ
ခန်းများ၏ဓာတ်ပုံတစ်ချို့ ကိုပြည်သူများကတင်ပြလာတဲ့အတွက်ပြန်လည်
တင်ပေးလိုက်ပါတယ်အထက်လူကြီးစုံစမ်းပြီးဒီအကျင့်ပျက်ရဲအုပ်မြင့်လွင်ကို
အရေးယူပေးပါရန်ပန်ကြားအပ်ပါတယ်။
 
 
 
 

Sunday, August 26, 2012

မအူပင်ကွန်ပှူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများမှ တိုင်ကြားစာ။


မအူပင်ကွန်ပှူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများမှ တိုင်ကြားစာ။

သို့ 

ညွှန်ကြားရေးမှူးချူပ်
အဆင့်မြင့်သိပ္ပံနည်းပညာဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးရုံး
နေပြည်တော်။

အကြောင်းအရာ ။ ။ အများဆန္ဒကို လစ်လှူရှု၍ မိမိတစ်ဦးတည်းသြဇာဖြင့် ဆုံးဖြတ်ချက် ချခဲ့သော မအူပင်ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသဲနုဖြူအား အချိန်မှီ အရေးယူပေးပါရန် တိုင်ကြားခြင်း။

ညွှန်ကြားရေးမှူးခုပ်၏ ညွှန်ကြားချက်တွင် (၇၅%) မပြည့်သော ကျောင်းသား/ကျောင်းသူများ၏ ဖြေဆိုခွင့်ဆုံးဖြတ်ချက်အား ကျောင်းပညာရေးအဖွဲ့ နှင့် ညှိနှိုင်းလုပ်ဆောင်ရန် ညွှန်ကြားထားပါသည်။

ကျောင်းသား/ကျောင်းသူများက ဆရာ/ဆရာမများထံ အသနားခံစာတင်ပြီး သွားရောက်တောင်းပန်ခဲ့ပါသည်။ ဆရာ/ဆရာမများနှင့် ကျောင်းပညာရေးအဖွဲ့ က ကျောင်းသား/ကျောင်းသူများအပေါ်ငဲ့ညှာ၍ ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ပေးရန် တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ပါသည်။

ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ကျွန်တော်တို့  ကျောင်းသား/ကျောင်းသူများနှင့် မိဘများကို ခေါ်ယူအသိပေးခဲ့ပါသည်။ အစည်းအဝေးဆုံးဖြတ်ချက်ကို (၂၃.၈.၂ဝ၁၂)၊ ညနေ (၃းဝဝ)ခန့်တွင် အတည်ပြုခဲ့ပါသည်။

၎င်းနောက် ညနေ (၆းဝဝ) နာရီခန့်တွင် ကျောင်းအုပ်ဆရာမကြီးက ညွှန်ကြားရေးမှူးချူပ်၏စာကို မှားဖတ်မိပါသည်ဟု ပြန်လည်ပြောကြားကာ ကျောင်းသားများအား စာမေးပွဲဖြေဆိုခွင့်မပေးနိုင်ပါဟု ပြောကြားခဲ့ပါသည်။

အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ (၂၄.၈.၂ဝ၁၂) နေ့  နံနက် (၁ဝး၃ဝ) ခန့်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဆရာ၊ဆရာမများနှင့် ကျောင်းပညာရေးအဖွဲ့ က ဖြေဆိုခွင့်ပေး ရန် တောင်းဆိုခဲ့ပါသည်။ သို့သော် ကျောင်းအုပ်ဆရာမကြီးက ကျောင်းပညာရေးအဖွဲ့ နှင့် အတိုက်အခံလုပ်ကာ စာမေးပွဲဖြေဆိုခွင့်မပြုရန် သူတစ်ဦးတည်းသဘောဖြင့် အတည်ပြုခဲ့ပါသည်။

ကျောင်းပညာရေးအဖွဲ့ ၏ ဆုံးဖြတ်ချက်၊ ညွှန်ကြားရေးမှူးချူပ်၏ အမိန့်ကို ဖီဆန်၍ မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် စာမေးပွဲဖြေဆိုခွင့်ကို ပိတ်ပင်သဖြင့် ကျောင်းသား/ကျောင်းသူများ၏ နစ်နာမှုကို အချိန်မှီ သိရှိဆောင်ရွက်ပေးနိုင်ပါရန် တိုင်ကြားအပ်ပါသည်။

မအူပင်ကွန်ပှူတာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ။

Wednesday, June 6, 2012

ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့မှုနှင့် ပတ်သက်၍ (တိုင်ကြားစာ)



 ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး  
မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့မှုနှင့် ပတ်သက်၍ 
(တိုင်ကြားစာ)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆိပ်သောက် သတ်သေသည့် အမှုတခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ အဒေါ်ဖြစ်သူ ဒေါ်ဆန်းညွန့်ရီမှ တူမဖြစ်သူ အသက်(၁၇)နှစ်ရှိ မအိရွှေအား အမျိုးမျိုးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။ သို့အတွက် မအိရွှေသည် အလွန်စိတ်ဆင်းရဲ သောကရောက်လွန်းသည့်အတွက် ၂၀၁၂-ခု မေလ(၄)ရက် နေ့တွင် အိန္ဒိယနိုင်ငံထုတ် အလွန်ပြင်းသော ပိုးသတ်ဆေးပြားသောက်ပြီး မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။

မအိရွှေ၏ အမေ ဒေါ်နွဲ့ရီဝင်းသည် တရွာတည်းနေ ကိုဇော်ဝင်းမောင်နှင့် လက်ထပ်ခဲ့သည်။ သို့သော် သဘောထားချင်း မတိုက်ဆိုင်သဖြင့် ကွာရှင်းပြတ်ဆဲရာတွင် ယောက္ခမဖြစ်သူ ဦးရှမ်း(ယခင် ရယက ဥက္ကဋ္ဌဟောင်း)ဒေါ်နွားခင်တို့မှ လက်ထပ်စဉ်က တင်တောင်းခဲ့သော ရွှေများကို အတိုးပါပြန်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် မိခင်ဒေါ်နွဲ့ရီဝင်းမှာ ၎င်းတို့ တောင်းဆိုသော အတိုးရွှေ မပေးနိုင်သဖြင့် သမီးဖြစ်သူ မအိရွှေအား ရွှေတိုးအဖြစ် စာချုပ်ဖြင့် ယောက္ခမများထံ အပ်ခဲ့ရသည်။ ယောက္ခမများနှင့် အဒေါ်ဖြစ်သူ မအေးမာလွင်၊ မဆန်းညွန့်ရီတို့မှ ရွှေတိုးအဖြစ်ရလာသော မအိရွှေအား အမျိုးမျိုး ၀ိုင်းဝန်း နှိပ်စက်ကြသည်။ 

သစ်ပင်ကို ကြိုးနှင့်တုတ်၍ရိုက်ခြင်း အိမ်တန်းတွင် ဇောက်ထိုးချ၍ နှိပ်စက်ခြင်းစသည်ဖြင့် လူမဆန်စွာ ၀ိုင်းဝန်းနှိပ်စက်ကြသည်။ နောက်ဆုံးတွင် မအိရွှေခမျာ မခံမရပ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံထုတ် ပိုးသတ်ဆေးပြားများ သောက်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါသည်...။ အဆိပ်သောက်ပြီး သေမည့် ကုတင်ပေါ်တွင် မသေနိုင်င်၍ ငြီးငြူနေရာတွင် အဒေါ်ဖြစ်သူ မဆန်းညွန့်ရီမှ မြန်မြန်သေချင်ရင် ဓားနဲ့ထိုးသတ် သေလိုက်ဟု လူမဆန်စွာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းမာပင်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသော်လည်း တစ်လပြည့်သည့်တိုင် မည်သို့မျှ အရေးယူခြင်းမရှိသေးပါ။ 

ဦးရှမ်း+ဒေါ်နွားခင်တို့မှာ ပစ္စည်းချမ်းသာသည့်အတွက် ဤအမှုကို ကားတစ်စီးကုန်သည်အထိ အထက်ကို လာဘ်ထိုးပြီး အမှုမပေါ်အောင်လုပ်မည်ဟု ကြုံးဝါးထားကြောင်း ကြားသိရပါသည်။ ဤကဲ့သို့ တစ်လပြည့်သည့်တိုင် အမှုမှန်ပေါ်ပေါက်ရေးကို သက်ဆိုင်ရာ ရဲဋ္ဌာနမှ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း တရားလိုအား ဆင့်စာပေးပို့ခြင်း လုံးဝမရှိသည့်အတွက် သက်ဆိုင်ရာ ရဲအရာရှိများသည် လာဘ်ငွေများ အမြောက်အများယူ၍ အမှုကို သေးသိမ်အောင် ပြုလုပ်နေသည်ဟု ယူဆရပါသည်.။ 

နိုင်ငံတော် အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးကို အကြိမ်ကြိမ် ပြောဆိုနေသော်လည်း အောက်ခြေ ၀န်ထမ်းများမှာ ယခင်အစိုးရ လက်ထက်အတိုင်း လာဘ်ပေး လာဘ်ယူမှုများရှိနေပြီး လုံးဝ မပြောင်းသေးကြောင်း ဤဖြစ်စဉ်က မီးမောင်းထိုးပြနေပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ကာယကံရှင်များအနေဖြင့် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

မိခင် ဒေါ်နွဲ့ရီဝင်း ကိုယ်စား ကိုမြင့်ကို
ဆက်သွယ်ရန်ဖုန်း ၀၉၄၇၁၃၄၀၀၃


Friday, May 18, 2012

(၅)နှစ်အရွယ် မိန်းကလေးအား မတရားပြုကျင့်ခဲ့သည့် အမှုဖြစ်စဉ်၌ မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီးမှ တရားခံအား တရားသေ လွတ်ပေးခဲ့မှုနှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)



အသက်(၅)နှစ်အရွယ် မိန်းကလေးအား မုဒိန်းမှု ကျူးလွန်ခဲ့သော ဦးခွေး(ခ)ဦးမြဒင်ကို မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီး ဒေါ်နွယ်နွယ်ရီမှ ငွေရယူပြီး အမှုမှ တရားသေလွတ်ပေးခဲ့။

ချောင်းဆုံမြို့နယ်၊ ရပ်ကွက်(၁)၊ညောင်လမ်းကျေးရွာနေ အသက်(၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်မှာ (၂၇.၅.၂၀၁၁)ရက်နေ့၊ ညနေ(၂)နာရီခွဲလောက်တွင် ရွာထဲတွင် သွားကစားနေစဉ် မိခင်ဖြစ်သူမှ ကျူရှင်သွားပို့ရန် အတွက် (၂)နာရီကတည်း ကရွာထဲတွင် လိုက်ရှာခဲ့ သည်။ ဘယ်နေရာမှ မတွေ့ပေ။ (၂)နာရီခွဲ လောက်အချိန်တွင် ကလေးမှာ ငိုယိုပြီးအိမ်သို့ပြန်လာခဲ့သည်။ ကလေးမိခင်က လျှောက်ကစား နေသည်မှတ်ပြီး ရိုက်ဖို့ချိန်ရာ ကလေးရဲ့ ပေါင်ကြားမှ သွေးများ စီးကျနေသည်ကို တွေ့ရသည်။ ထို့ကြောင့်ကလေးဖခင်က ကလေး ဘာဖြစ်တာလဲ မသိဘူး။ ဆိုပြီး ကလေးဘောင်းဘီကို ချွတ်ကြည့်ရာ ကလေးရဲ့တန်ဆာကွဲနေတာကို တွေ့ရသည်။ ကလေးမှ ဝမ်းသွားချင်တယ်။ ဆီးသွား ချင်တယ်ဆို၍ အိမ်သာတည်တော့ မတက်ဘူး။ ကလေးကို ဘယ်သူ၊ ဘာလုပ်လဲ ဟုမေးရာ နွားအဘိုးကြီး၊ နိုင်ခွေး သမီးကို မချလူးနှင့် ထိုးတယ် ဟုပြောသည်။

အိမ်အပေါ်ထပ်မှ ဖိုးလေးကို ကလေးမိခင်က ဘယ်လိုလုပ်ရမှာလဲဟု မေးရာ ဖိုးလေးကသွား၊ ရဲစခန်း သွားတိုင် ဟုပြောဆို၍ ရွာလွတ်ရဲစခန်းသို့ သွားရာ ကုလားဆိုသူ ရဲသားလေး တစ်ဦးသာ ရှိတယ်။ ကျန်တဲ့သူ တစ်ယောက်မှ မရှိပေ။ ရဲတပ်သားအား အကျိုးအကြောင်းပြောပြရာ တပ်ကြပ်ကြီး သန်းဦးဆီ ဖုန်းဆက်ပေးခဲ့သည်။ ထိုအချိန်တွင်လည်း ကလေးငယ်မှ အခင်းကြီး အခင်းငယ် သွားချင်တယ် ဟုဆိုသဖြင့် အိမ်သာသို့ တင်ပေးခဲ့ပြန်သည်။ ကလေးမှ စပ်တယ်ဟုပြောရာ ကလေးမိခင်မှ ဆေးရုံသွားလျှင် ကောင်းမည်ဟုစဉ်းစားမိကာ ရွာလွတ် ဆေးရုံသို့သွားခဲ့သည်။ အတွင်းရေးမှုး ဦးအေးလွင်မှလိုက်ပို့ပေးခဲ့ပြီး သွားခဲ့ရာ ဆရာဝန်မကြီးက မြို့သွားနေ၍ ထမိန်နီဝတ် ဆရာမတစ်ယောက်မှ အနာကိုကိုင်ပြီး သွေးတိတ်အောင် ဂွမ်းတွေနှင့် လုပ်ပေးခဲ့သည်။

ရွာလွတ်ဥက္ကဌ ဦးကျော်ဟို၊ ညောင်လမ်းဥက္ကဌ ဦးဘတုံး၊ တပ်ကြပ်ကြီးသန်းဦးတို့ ရောက်လာပြီး ကလေးကို ဝိုင်းမေးရာ ကလေးက ယခင်မိခင်ကို ပြောတဲ့စကားများအတိုင်း ပြန်ပြောသည်။ ကလေးလက်ထဲတွင် ပိုက်ဆံ (၅၀) လည်း ပါတယ်။ မုန့်ဝယ်စား၊ နင်တို့အမေကိုပြန်မပြောနဲ့။ ပြောရင် လည်ပင်းညှစ် သတ်မယ်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ပြောပြသည်။ ဆရာဝန်မကြီးမှ လေးနာရီခွဲ၊ ငါးနာရီ ဝန်းကျင်လောက်တွင် ရောက်လာပြီး ကလေး တန်ဆာအား ပြန်ကြည့်သည်။ ဂွမ်းတွေ အသစ်ပြန်လဲပေးသည်။ ဆေးစာအုပ် ရေးပေးပြီး ချောင်းဆုံရဲစခန်းကို လွှတ်လိုက်သည်။ ချောင်းဆုံရဲစခန်းကို အရင်သွားပြီး ရဲမှုးမှကလေးကို စစ်မေးသည်။ ကလေးမှမွန်ဖြစ်သောကြောင့် မွန်စကားပြန် (ရဲမိန်းမ)တစ်ယောက်ကိုခေါ် ပြီး စကားပြန်လုပ်ခိုင်းရသည်။ ရဲမှုးမှ သမီးကို ဘယ်သူလုပ်လဲဟု မေးရာ ဦးခွေး၊ ဦးခွေးကိုပြရင်သိလား ဆိုတော့သိတယ် ဟုဆိုသဖြင့် နာမည်တူ တခြားလူတွေကို ခေါ်ပြရာကလေးက မဟုတ်ဘူးဟု ပြောသည်။ ဦးခွေးကိုခေါ်ပြပြီး သမီးသူ့ကို သိလားဟုမေးရာ ကလေးက အဲ့ဒါဦးခွေးဘဲဟုပြောပြီး တရားခံအား တွေ့သည်နှင့် ကလေးမှာ ငိုယိုသည်။ သူမမျက်နှာကို မိခင် ရင်ဘတ်ထဲအုပ်ပြီး ငိုသည်။

ကလေးမိသားစုကို ချောင်းဆုံဆေးရုံသို့ ပြန်သွားခိုင်းခဲ့သည်။ ဆေးရုံရောက်သောအခါ ကလေးတန်ဆာကို ကြည့်သည်။ ပြီးလျှင် ဂွမ်းပြန်လဲပေးသည်။ စာရွက်တစ်ရွက်ပေးလိုက်သည်။ ညတွင်းချင်းရွာကိုပြန်လာပြီး မော်လမြိုင်ကို ညတွင်းချင်း ပြန်တက်သည်။ ထိုအချိန်တွင်ည(၁၁)နာရီလောက်ရှိနေပြီ။ နာစ်မများက ကလေးကိုရော၊ မိခင်ကိုပါမေးပြီး ကလေးရဲ့တန်ဆာကို ဂွမ်းပြန်လဲပေးပြန်သည်။ ပြီးလျှင်ဆေးသွင်းပြီး ချိတ်ပေးသည်။ ကလေးမှာ အခင်းဖြစ်တဲ့ တစ်နေ့လုံး တစ်နေရာကနေ တစ်နေရာကို လူကြီးများနှင့်အတူ လိုက်သွားနေရပြီး ခဏခဏလည်း အစစ်ဆေး၊ အမေးမြန်းခံနေရ၊ အနာကိုလည်း ဆေးထည့်ထည့်ခံနေရ၊ ဂွမ်းလဲ ခဏခဏ လဲနေရသောကြောင့် နောက်ဆုံးမှာ ကုတင်ပေါ်တွင် မျော့မျော့သာရှိ တော့သည်။ ဆေးရုံမှာ တစ်ညအိပ်လိုက်ရသည်။

မနက်မိုးလင်းတော့ ဆရာဝန်မကြီးမှ ကလေးရဲ့ အနာကိုချုပ်ပေးသည်။ ဆရာမမှ ဆေးဝယ်ခိုင်း၍ ဆေးဝယ် ထည့်ပေးရသည်။ ပြီးလျှင် လှုမှုရေးအဖွဲ့ အစည်းများသို့ သို့တိုင်ကြားခဲ့သည်။ လှုမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခဲ့သည်။ ကလေးရဲ့ ရုံးချိန်းစားရိတ်နှင့် ဆေးဝယ်စရိတ်များကိုလည်း ပံ့ပိုးပေးခဲ့သည်။ အမှုကို မော်လမြိုင်ခရိုင် တရားရုံးမှစစ်သည်။ ကလေးမိခင်နှင့်ဖခင်မှာ ရုံးချိန်းများကိုလည်း မပျက်မကွက် သွားရောက်ခဲ့ကြသည်။ သက်သေများကိုလည်း တရားရုံးမှ ခေါ်ခိုင်းသည့်အတိုင်း အတိအကျ လိုက်နာခဲ့သည်။

အမှုကို (၁၁.၄.၂၀၁၂) ရက်နေ့က အမိန့်ချမှတ်ခဲ့ရာ တရားခံမှာ အမှုမှ ကွင်းလုံးကျွတ်လွတ်သွားခဲ့သည်။ ထို့ကြောင့် အမှုမှန် ပေါ်ပေါက်ရန်နှင့် ကျူးလွန်ခံရသော ကလေးဘက်မှ အမှန်တရားအတိုင်း ဖြစ်ပေါ်စေရန် အတွက် ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် လေးစားစွာဖြင့် အကူအညီ တောင်းခံ အပ်ပါသည်။

ခိုင်လုံသော သတင်းရပ်ကွက်အရ တရားခံဘက်မှ တရားသူကြီးအား ငွေသိန်း(၄၀) ပေးသောကြောင့် အမှုမှ ကွင်းလုံးကျွတ် လွတ်ပေးခဲ့သည်ဟု သိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် တရားခံ၏ သမီးနှင့် ချဲဒိုင် လောင်းကစားလုပ်ငန်းကို အတူတကွ လုပ်ဆောင်နေသောကြောင့် တရားခံဘက်မှ လိုက်ပါပြီး အမှုမှန် မပေါ်အောင် သက်သေအတုများကို လုပ်ကြံ ဖန်တီးပေးခဲ့ပါသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် 
လေးစားစွာဖြင့် အကူအညီ တောင်းခံအပ်ပါသည်။

Saturday, April 21, 2012

အငြိမ်းစားမြို့ နယ်မှူးသားဖြစ်သူမှ ဥပဒေမဲ့ပြုမူခြင်း



ကျိုက်ဝိုင်းဘု၇ားလမ်းနှင့်ပြည်လမ်းထောင့်တွင် ကွမ်းယာေ၇ာင်းနေသူအမျိုး
သမီးအား အငြိမ်းစားမြို့ နယ်မှူး၏သားဖြစ်သူ ဘကျော်(ခ)ဦးကျော်ဇင် ၉ မိုင်
ဗိုလ်ဥာဏလမ်းတွင်နေထိုင်သူ ကားနံပါတ် လ/၈၇၅၅ ဆိုသူမှ ဆိုင်ေ၇ှ့ တွင်
ကား၇ပ်ပြီး ကွမ်းယာတယာပေးဟု မောက်မာစွာတောင်းပါသည်..ကျွန်မမှာ
ဗိုက်ခွဲ၍မွေးဖွားထားသော မိခင်တစ်ယောက်ဖြစ်ပါသည်..မီးဖွားထားသည်မှာ
( ၃၃ ) ၇က်ပဲအကြာပဲ၇ှိပါသေးသည်..ထို့ ကြောင့်ကွမ်းယာအား ထ မပေးနိုင်
ခဲ့ပါ..ထို့ သို့ မပေး၍ ကားပေါ်မှပြေးဆင်းလာပြီး ညစ်ညမ်းစွာဆဲဆို၍ ၇င်ဘတ်
အားဖိထားပြီး ဆံပင်ကိုဆောင့်ဆွဲ ပါးနားပြင်းထန်စွာ ဘယ်ပြန်ညာပြန်၇ိုက်ပါ
သည်....ပျဉ်ချောင်းဖြင့် လက်ကို ၂ ချက် ခါးကို ၂ ချက် တင်ပါးကို ၁ ချက်၇ိုက်
ပါသည်...

အပြည့်အစုံအားပေးပို့ လာသောစာတွင် ဖတ်၇ှု့ နိုင်ပါသည်...


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 By: Myat Phone Linn

Monday, March 5, 2012

ဟင်္သာတမြို့  GTC ကျောင်းသူ ၊ ကျောင်းသားများမှ ကျောင်းကားနှင့် စာသင်ခန်းခုံများ လုံလောက်မှု မရှိခြင်းအပေါ် ဧရာဝတီတိုင်းဒေသကြီး တိုင်းဝန်ကြီးချုပ်အား အသိပေးတိုင်ကြားခြင်း




ဟင်္သာတမြို့  GTC ကျောင်းသူ ၊ ကျောင်းသားများမှ ကျောင်းကားနှင့် စာသင်ခန်းခုံများ လုံလောက်မှု မရှိခြင်းအပေါ် 
ဧရာဝတီတိုင်းဒေသကြီး တိုင်းဝန်ကြီးချုပ်အား အသိပေးတိုင်ကြားခြင်း


ကျွန်တော်ကတော့ ဟင်္သာတ GTC မှကျောင်းသားတစ်ဦးပါ ကျွန်တော်တို့ ကျောင်းကိုနေစဉ် ပြေးဆွဲပေးနေတာ ဟင်္သာတ - ရန်ကုန်ပြေးဆွဲပြေးနေတဲ့ ကား(၃)စီးကို မ .ထ.သမှ စီစဉ်ဆင်ပေးပြီး ကျောင်းသား/သူ စုစုပေါင်း အယောက် ၁၀၀၀ခန့်အား ကိုလူ ၆၀ လောက်သာ ဆန့်သည့် ကား(၃) စီးသာ စီစဉ်ပေးပါတယ်။ ရထားစီစဉ်ပေးပေမယ့်လည်း တွဲ(၂)တွဲသာ ပါတဲ့အတွက် လူမဆန့်လို့ အမိုးပေါ်ပါမကျန် ခိုစီးရတယ် အင်မတန် အန္တာရယ်များပါတယ်။ ကား ကျတော့လည်း ကျောင်းသား၊ ကျောင်သူတွင်မက ဆရာ၊ ဆရာမ ရုံးဝန်ထမ်းများပါ တက်စီးရပါတယ်။ ကားခကျတော့ အသွားတစ်ယောက်ကို (၂၀၀) အပြန်တစ်ယောက်ကို (၂၀၀)ပေးရပြီး ပိုက်ဆံမပေးချင်လို့ မဟုတ်ပါ။ ကားကို တစ်စီးနှင့်တစ်စီး(၇) ပေလောက်သာ ကွာပြီးအရှိန်နဲ့ မတရားမောင်းတော့ ရှေ့ကားက တစ်ခုခုဖြစ်လို့ ဘရိတ်အုပ်လိုက်ရင် မတွေးရဲစရာပါ.. အလွန်အန္တရာယ် များလှပါတယ်..။ ကားမဆန့်လို့တွယ်စီးရတဲ့ ကျောင်းသားများအတွက် အလွန်အန္တာရယ် ရှိပါတယ်။

တခါတလေ ကားမဆန့်လို့ မိန်းခလေးတွေတောင် တွယ်စီးရတဲ့ အဖြစ်တွေ ကြုံတွေ့နေရပါတယ်..။ ကျောင်းက ဟင်္သာတမြို့ပေါ်က (၆)မိုင်လောက် သွားရပြီး ဖြေးဖြေးမောင်ဖို့ ကားဆရာတွေကို ပြောလို့ကတော့ တမင်ရွဲ့ပြီး စာမေးပွဲရက်တွေမှာ ဆိုရင် တလိမ့်ချင်း အရွဲ့တိုက်ကာ ပုံမှန် မိနစ် (၂၀) လောက်မောင်းရတဲ့ ခရီးကို (၄၅) မီနစ်လောက်ကြာအောင် ပညာပြမောင်းပါတော့တယ်။ တစ်ခါတလေ ကားအသေးလေးတွေ စီစဉ်ပေးတယ် တစ်ခါတလေ ကားမရလို့ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးမှ ထုံးသယ်တဲ့ ကားများကို ချပေးပါတယ်။ စာသင်ခန်း ရောက်တော့လည်း ခုံတစ်တန်းကိုလူ(၆) ယောက်ထိုင်ရပြီး ကြပ်ကြပ်ညပ်ညပ်ဖြင့် စာသင်ရပါတယ်။ ကျောင်းကို ဖယ်ရီကားတွေ ရှိပါသော်လည်း ကျွန်တော်တို့လို ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲတဲ့ ကျောင်းသားများအဖို့တော့ တစ်လကို ၂၀၀၀၀ ပေးပြီး ဖယ်ရီကား မစီးနိုင်ပါ။
အဆိုပါ ကျောင်းသားတွေရဲ့ အခက်အခဲ ကိစ္စတွေကို ဧရာဝတီ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် သိရှိစေရန် ကျွန်တော်တို့ GTC ကျောင်းသူ၊ ကျောင်းသားများမှ တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ မဖြစ်နိုင်တာကို မတောင်းဆိုပါ ကျောင်းရှိ စာသင်ခန်းများ၌ စာသင်ခုံများ အလုံအလောက် ချပေးရန်နှင့် ကျောင်းကြိုပို့ ကားများကို အလုံအလောက်ချပေးရန် တောင်းဆိုအပ်ပါသည်..။ အလကားစီးတာမှ မဟုတ်ပဲ ပိုက်ဆံပေးစီးတာ ဖြစ်တဲ့အတွက် ကျောင်းကားများ စီးရေ အလုံအလောက် ချပေးပါရန်နှင့် ယင်းကိစ္စအား အမြန်ဆုံး ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

 ကျောင်းကိစ္စတွေ အတွက် ဒီတကြိမ်တော့ ၀န်ကြီးဦးစိုးမြင့်အား မလွှတ်စေလိုပါ။ ယခင် ကျောင်းမှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေတဲ့အတွက် အကြောင်းကြားစဉ် တခေါက် လာကြည့်ပါတယ်..။ ဒီလိုလာကြည့်တဲ့ အတွက်ကျောင်းသား၊ ကျောင်းသူတွေကတော့ ပျော်လို့၊ ကျောင်းကို ပြင်ဆင်ဖို့ လာကြည်တယ်ပေါ့။  ပြီးတော့မှ သူကကျောင်းအုပ်ကြီးတွေ ဧည့်ခံတာကိုစားပြီး ပြန်သွားပါတယ်..။ မည်သို့မျှ ဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။ ယခုကျောင်းကား ကိစ္စအားလည်း ဝန်ကြီးချုပ်မှ စီစဉ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Sunday, February 12, 2012

လျှောက်ခွင့်မရှိတဲ့ လမ်းများ မဖောက်စေချင်ပါ



လျှောက်ခွင့်မရှိတဲ့ လမ်းများ မဖောက်စေချင်ပါ... ဆိုတဲ့ ခရမ်းမြို့က (တိုင်ကြားစာ)ပါ...။ ၅တန်နဲ့ အထက်ယာဉ်များ ဝင်ခွင့်မပြုတဲ့..။ ကြည့်ရမြင်ရတဲ့  အားမတန်လို့ ၅တန်အထက် မဝင်ရလမ်းထဲ ဝင်ရောက်လာတဲ့ ယာဉ်တွေအဖြစ်က ကျွန်တော်တို့ ငယ်ငယ်က ကားလမ်းမပေါ်မှာ ပိုက်ကျော်ခြင်း ခတ်နေချိန် ကားလာရင် ပိုက်ကို မပေးရသလို ကားခေါင်မိုးနဲ့ လွတ်မလွတ်ကြည့် ပေးရသလို အဖြစ်လိုပါပဲ။ ကုန်စည် စီးဆင်းရေးအတွက် အင်မတန်မှ အနှောင့်အယှက် ဖြစ်စေတဲ့မြင်ကွင်းပါ။ ဖြစ်နေပုံက ဖိနပ်ဆိုဒ်သေးလို့ မတော်တဲ့ လူတယောက် ကိုယ်နဲ့တော်မယ့် ဖိနပ်ကို မဝယ်ပဲ ခြေဖနောင့်ကို ဖြတ်ပြီး ဖိနပ်ကိုတော်အောင် လုပ်ရမယ့် အခြေအနေမျိုး ဖြစ်နေပြီး အမြင်မတော်တဲ့ မြင်ကွင်းတွေပါ..။ 

ကမ္ဘာမှာ မြန်မာဟေ့လို့ လက်မထောင်ချင်လည်း တခြားနည်းနဲ့ ထောင်ကြပါ။ တော်ရုံတန်ရုံပဲ ထွင်ကြပါလို့ ... သက်ဆိုင်ရာမှလည်း ယခုကိစ္စအား အလျင်အမြန် ဖြေရှင်းပေးပါရန် စိတ်အနှောင့်အယှက် ဖြစ်နေရတဲ့ ခရမ်းသားများကိုယ်စား အလေးအနက် တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။

Saturday, February 4, 2012

ကိုလိုနီစရိုက်ကို ဗိုက်ထဲမှာ ထည့်ထားသော မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး.... (တိုင်ကြားစာ)



ကိုလိုနီစရိုက်ကို ဗိုက်ထဲမှာ ထည့်ထားသော မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး

ကရင်ပြည်နယ် မြ၀တီမြို့က ထိုင်းနယ်စပ်မြို့လေးပါပဲ။ ယခင်က ထိုင်းနိုင်ငံနဲ့ မြန်မာအစိုးရ မတည့်တော့ နိုင်ငံတော်က လူကြီးတွေ မလာကြဘူး။ အခုတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံလာသွားမှ ထိုင်းနဲ့ မြန်မာ စကားတောင် တစ်ခွန်းမပြောရပဲ ချက်ချင်း တည့်သွားကြတယ်။ မြန်မာဖက်ကလူကြီးတွေ (စစ်တပ်လူတွေ) ကလည်း ယခင်က ထိုင်းနိုင်ငံဆိုရင် အရမ်းမုန်းကြတယ်။ ပြည်နယ် ၀န်ကြီးချုပ်ဆိုရင် မုန်းလွန်းလို့ ထိုင်းကထွက်တဲ့ဆန် ခေါက်မလိ ကိုမှ မှာစားတာလို့ ကုန်သည်တွေ ပြောတာသိရတာပါ။ အခုတော့လည်း အိမ်နီးချင်းဆိုပြီး ခတ်ရိုင်းရိုင်းပြောတဲ့ စကားတွေ ဘယ်ရောက် သွားကြလည်း မသိဘူး။ ဘယ်မျက်နှာနဲ့ ရင်ဆိုင်ပြီး လက်ဆွဲ နှုတ်ဆက်နေလည်း မသိဘူး တရွှတ်ရွှတ် လာနေလို့ ၀န်ထမ်းတွေကော၊ အပြင်လူတွေကော ဘုန်းကြီးတွေပါ မကျန် တော်တော် ဒုက္ခရောက်နေရတယ်။

ဒီနေ့လည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ လူကြီးတွေ အောက်ဖက်ကလာလို့  ဘုန်းကြီးတွေကို ကြိုတင်ခေါ်ထားတာ မနက်ကျောင်းမှာ ဆွမ်းစားပြီး ကတည်းကပဲ။ ရောက်တော့လည်း ညနေပိုင်းမှပေါ့။ ဘာသာရေး ဆိုတော့ ဂေါပကအဖွဲ့တွေမှာ တာဝန်ရှိတယ်လေ။ အခမ်းအနားပြင်ရတယ်။ ဘုန်းကြီးတွေ ပင့်ဖိတ်ရတယ်။ အဲဒီလူကြီးတွေက လှူဘွယ် ၀တ္ထုကပ်မယ်ဆိုလို့ ဂေါပကအဖွဲ့က ကန်တော့ပွဲချင်းတွေ စိုက်ဝယ်ရတယ်။ လောလောဆယ် ပိုက်ဆံမရှိလည်း ဆိုင်တွေမှာ အကြွေးလိုက်ဝယ်ပေါ့။ ဒါကတော့ ထုံးစံပဲလေ။ ၀န်ထမ်းတွေ ကလည်း အာဏာရှင်တွေ လာတဲ့အခါ တိုက်ပုံလေးတွေနဲ့ တော်တော် ကြာကြာ စောင့်နေကြရတယ်။ ထမင်းငတ်သူက ငတ်ပေါ့။ ဒါက လူတွေအပိုင်းပေါ့။ ဘုန်းကြီးတွေကြတော့ ခဏခဏ အပင့်ဖိတ်ခံရတယ်။ အဲဒီလူကြီးတွေ မလာတဲ့အခါ ဘုန်းကြီးတွေလည်း သူတို့ဝန်ထမ်း တွေလိုပေါ့ ပြန်သွားရတာပါပဲ။ ဒို့ကို ကန်တော့မယ့် ကန့်တော့ ပွဲချင်းလေးတွေကို ဂေါပကအဖွဲ့က ပြန်သိမ်းသွားတယ်။ ဒီလိုပဲ ဘုန်းကြီးတွေ ကန်တော့ပွဲပြပြီး အညာခံရတာ ခဏခဏပဲ။ ရဟန်းသံဃာတွေထက် အာဏာပိုင်က ပိုမြင့်မြတ်တယ်ဆိုတာ ဘုန်းကြီးတို့ အခုမှသိတယ်။ တီဗွီ၊ ဗွီဒီယို ရိုက်ဖို့ ဘုန်းကြီးတွေကို အသုံးချမှန်းသိရတယ်။ သံဃာကို ရိုသေစွာ ကန်တော့ချင်လို့တော့ မဟုတ်ပါဘူး။

မနေ့ကတော့ ပြည်နယ် ၀န်ကြီးချုပ်လာမယ်ဆိုလို့ ဘုရားဂေါပကအဖွဲ့က သာသနာ့ ဗိမာန်မှာ အခမ်းအနား ပြင်ဆင်ပေးတာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်တင် ဆိုသူက ပြင်ဆင်တာ မကြိုက်လို့ဆိုပြီး လေနဲ့လာ အလုပ်မလုပ် လက်ထောင်ပြီး ပါးရိုက်မယ်လို့ ပြောတာ တွေ့ရတော့ အာဏာရှင်တွေ လက်အောက်မှာ ငရဲခံ နေရမှန်း သိရတယ်။ အစည်းအဝေးတွေ မှာလည်း ငါက စစ်သားပီပီ စစ်သားတွေကို အမိန့်ပေး အုပ်ချုပ်သလို အုပ်ချုပ်မယ်လို့ ပြောတာကို ၀န်ထမ်းတွေထံက ကြားလိုက်ရတော့ ကရင်ပြည်နယ်မှာ ဒီမိုကရေစီ မရသေးပါလား၊ စစ်အုပ်ချုပ်ရေး စံနစ်အတိုင်းပဲဆိုတာ ကွဲကွဲပြားပြား သိလာရတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်က ကိုလိုနီ စရိုက်ကိုဖျောက် ပြည်သူ့အကျိုးကို စောင့်ရှောက် ဆိုတဲ့ သူတို့ရုံးမှာ ကပ်ထားတဲ့ ဆောင်ပုဒ်က ခရိုင်အုပ်ချုပ်ရေးမှူး ဗိုက်ထဲ ရောက်သွားတယ် ထင်တယ်။ မနက်ဆိုရင် သူ့အိမ်မှာ ကုန်သည်တွေ တရုန်းရုန်းနဲ့ အလုပ်ပဲ ကြိုးကြိုးစားစား လုပ်တာလား။ သူ့ဆရာ ပြည်နယ်ဝန်ကြီးချုပ် သင်လိုက်သလို ၀န်ထမ်းတွေ အပေါ် မိုက်ရိုင်းဘို့ လုပ်နေတာလား။ ၄င်းကို မွေးတဲ့မိဘက မဆုံးမခဲ့တာပဲလား။ တပ်မတော်ထဲ ရောက်သွားလို့ မိုက်ရိုင်းသွားတာလား မသိဘူး။ တရားမ၀င် ကားမှောင်ခိုတွေနဲ့ ပေါင်းပြီး လက်ဆောင်ပေးတဲ့ တရားမ၀င် Without (ပါဂျဲရိုး) မော်တော်ကားကို ဇိမ်နဲ့စီးပြီး ၀န်ထမ်းတွေအပေါ် မာန ထောင်လွှားနေတယ်။ နိမ့်ကျတဲ့ ၀န်ထမ်းတွေ၊ ကျောင်းဆရာ/ ဆရာမတွေကိုလည်း ပြည်နယ်ဝန်ကြီးချုပ် နာမည်တတ်ကာ အနိုင်ကျင့်အုပ်ချုပ်တယ်။ ဘုန်ကြီးတို့ သံဃာတွေကိုလည်း မကြည်ညိုချင်နေပါ သံဃာတွေကို မဟုတ်ကဟုတ်က မပြောစေချင်ဘူး။

နိုင်ငံတော် သမ္မတကြီးခင်ဗျား ဒီလိုမိုက်ရိုင်းတဲ့ ခရိုင် အုပ်ချုပ်ရေးမှူးတွေကြောင့် အစိုးရရဲ့ ဂုဏ်သိက္ခါဆိုတာ အလိုလို ကျဆင်းပါတယ်။ ဒါကြောင့် အနာဂတ်အတွက် ယဉ်ကျေးလိမ္မာတဲ့ အုပ်ချုပ်ရေးမှူး ကောင်းတွေ ရွေးချယ်ခန့်ပါလို့ တိုင်ကြား အကြံပြုသလို ပြည်ထဲရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှလည်း မြ၀တီမြို့ကို ရွေးချယ် တာဝန် ပေးမယ်ဆိုရင်လည်း လူတော် လူကောင်းများ ရွေးချယ်တာဝန်ပေး စေလိုကြောင်း အကြံပြု တိုင်ကြားအပ်ပါတယ်။

ဥူးဇင်း ကေသလ( မြ၀တီ)

Wednesday, February 1, 2012

သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ (တိုင်ကြားစာ)

ရွှေညဝါဆရာတော် အသနားခံစာအား ပယ်ချခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလသည်.. ၂၀၀၈ခုနှစ်မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ သတိပေးခြင်း ခံထားရသည့် ဆရာတော်တပါး ဖြစ်ကြောင်းနှင့် သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ (တိုင်ကြားစာ)


တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလ ဆရာတော်ကြီးသို့ အိတ်ဖွင့်ပေးစာ
ဆရာတော်ဘုရား..

တိုင်းသံဃနာယက အဖွဲ့အတွင်းမှာ သာသနာတော် အကျိုးများကို သဒ္ဒါတရား ထက်ထက် သန်သန်ဆောင်ရွက်နေ၍ အထူးလေးစားပါတယ် ဘုရား။ အရှင်ဘုရား လက်မှတ်နှင့် ရွှေည၀ါဆရာတော်ဘုရား ကိစ္စကိုအဆုံးအဖြတ် ပေးလိုက်တာကိုလည်း ဘုရားတပည့်တော် တွေ့မြင်လိုက်ရပါတယ် ဘုရား။ ဘုရားတပည့်တော်မှ ဆရာတော်ဘုရား ဆုံးဖြတ်ပေးခဲ့ဖူးသော ကိစ္စတစ်ခုကိုလဲ သတိတရ. တပည့်ဒကာ၊ ဒကာမများ သာဓုခေါ်နိုင်စေရန် တင်ပြပေးချင်ပါတယ်ဘုရား..။

ဆရာတော်ဘုရားရဲ့ တပည့် ဦးဝါယာမသာရ  (သာသနာ့ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယ ပိဋကဥဘ တောဝိဘင်္ဂဓရ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းမှုး၊ ကမ္ဘာအေးကုန်းမြေ) ယခုသာကေတမြို့နယ်၊ မူလကျောက်ချောင်း ကျောင်းဆရာတော်နှင့် သာကေတမြို့နယ် ဇိနမာရ်အောင် စေတီတော်ကိစ္စတွင် ဆရာတော် အဆုံးအဖြတ် ပေးခဲ့တာလေးပါဘုရား။ ဘုရားတပည့်တော်မှာ ထိုကိစ္စကို အစအဆုံးသိခဲ့သော်လည်း၊ သာသနာကိစ္စ ဖြစ်သည့်အပြင် ဆရာတော်များ ဖြစ်သည့်အတွက် သည်းခံရေငုံနှုတ်ပိတ် နေခဲ့ပါတယ်ဘုရား။

သာသနာရေးကိစ္စများကို ဆောင်ရွက်တော်မူနေသော ရွှေည၀ါဆရာတော်ကြီး ကိစ္စတွင် ဆရာတော်ဘုရား၏ လက်မှတ်ကို မြင်ရ၍၊ ဘုရားတပည့်တော် ယခုအခါ ဖွင့်ဟလိုက်ရပါသည် ဘုရား။ ဆရာတော် ဦးဝါယာမသာရမှာ ၂၀၀၇ခုနှစ်တွင်မှ မူလကျောက်ချောင်းကျောင်းကို ရောက်ရှိလာခဲ့ပြီး ကျောင်းဂရန် လုံဝမရှိသည်ကို သာကေတ ဇိနမာရ်အောင် ဂေါပကထံမှ ဘုရားမြေကို တောင်းယူခဲ့ပါတယ်ဘုရား။ ဂေါပကမှဘုရားမြေကို မပေးနိုင်ကြောင်း ဆိုသောအခါ ဂေါပကအဖွဲ့ကို တိုင်စာပို့ပြီး ဖြုတ်ပစ်ရန် ကြိုးစားခဲ့ပါတယ် ဘုရား။ သာကေတ ဇိနမာရ်အောင် ဘုရားမှာ ၁၉၉၃ခုနှစ်ကတည်းက အခွန်လွတ် သာသနာ့ဂရန် မြေပတ္တာစာချုပ်ကို ရရှိထားပြီး ဘုရားဝတ္တက မြေအဖြစ် စာရွက်စာတမ်း ခိုင်ခိုင်မာမာ ရှိခဲ့ပါတယ်ဘုရား။ အရှင်ဘုရားထံသို့လည်း စာရွက်စာတမ်း ပြည့်ပြည့်စုံစုံကို တင်ပြပါလိမ့်မယ်ဘုရား။

ထိုမြေကိစ္စမှာ ဘုရားနယ်နိမိတ် ဆိုသည်မှာ သေချာကြောင်း တိုင်းအိုးအိမ်ဦးစီးဋ္ဌာနမှ အတည်ပြုပြီး မြေတိုင်းအဖွဲ့မှ  ဘုရားတွင် ငုတ်လာရိုက် ပေးခဲ့ပါတယ် ဘုရား။ ဘုရားတပည့်တော်မှာ သာကေတ ဇိနမာရ်အောင် ဘုရားနားတွင် နေထိုင်သော ဒကာဖြစ်သည့်အပြင်၊ ဇိနမာရ်အောင်ဘုရားတွင် အစဉ်အမြဲ လှုဒါန်းနေသော ဒကာတစ်ဦးဖြစ်ပါတယ် ဘုရား။ ထိုငုတ်လာရိုက်ပေးစဉ် ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရမှ မြေငုတ်ရိုက်ခြင်းကို လက်မခံပဲ (မြေငုတ်ရိုက်ရာတွင် သာကေတမြို့နယ် မြေတိုင်းဋ္ဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးဝင်းဇော် ခေါင်းဆောင်သော မြေတိုင်းအဖွဲ့၊ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့များ၊ မြို့နယ်အေးချမ်း သာသနာရေးမှုး၊ သာသနာရေးမှုးများ ပါဝင်ကြပါတယ်) ကန့်ကွက်ခဲ့တာကိုလဲ မြင်ပါတယ်ဘုရား။ ဘုရားတပည့်တော် ကိုယ်တိုင်လဲကြားခဲ့၊ မြင်ခဲ့ရပါတယ်။ ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရနှင့် အတူထိုစဉ်က မြို့နယ် အေးချမ်းသာယာရေး ဥက္ကဋ္ဌဦးကံစောလှိုင်၊ မြို့မယ်သာသနာရေးမှုး ဦးထွန်းခင်၊ သာကေတမြို့နယ် သံဃနာယကဥက္ကဋ္ဌနှင့် တိုင်းသာသနာရေးမှုး ဦးကြင်ခိုင်တို့လည်း ထိုမြေပြဿနာ ဖြစ်စဉ်မှာ နောင်သံသရာအတွက် အကုသိုလ် ထုပ်လေးများကို ထုပ်ယူထားကြောင်း ကြားရပါတယ်ဘုရား။

ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရနှင့် ဂေါပကများ မြေအငြင်းပွားနေကြပုံများကို အခွေမှတ်တမ်းများအဖြစ် ဘုရားယောဂီတစ်ဦး ကောင်းမှုကြောင့် ကြည့်ရှုရ၍ ဘုရားတပည့်တော်မှာ အလွန်အမင်း အံ့သြမိပါတယ်ဘုရား။ ဆရာတော်ဘုရားရဲ့ တပည့်ဆရာတော် ဦးဝါယာမသာရမှာ (သာသနာ့ ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယပိဋကဥဘတောဝိဘင်္ဂဓရ)ဘွဲ့များ ပိုင်ရှင်ဖြစ်သောကြောင့် မြေကိစ္စ အငြင်းပွားခြင်းမှာ မည်မျှအပြစ် ကြီးလေးသည်ကို သိမည်ထင်ပါသည်ဘုရား။

ဆရာတော်ဘုရား (ရွှေညဝါဆရာတော်အား အမိန်လက်မှတ် ထိုးပေးတဲ့ တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလ)နှင့် တပည့်ကြီး ဦးဝါယာမသာရ ဆရာတော်ဘုရားတို့ဟာ ဘုရားသားတော်များ ဖြစ်ကြပြီး၊ မြေကိစ္စကို ဘယ်လိုများ ဆုံးဖြတ်ခဲ့ကြလဲ ဆိုတာကတော့ ဂေါပကအဖွဲ့ဝင်များပဲ သေသေချာချာ သိနိုင်မှာပါဘုရား။ ဂေါကပအဖွဲ့ဝင်များလဲ သက်ရှိထင်ရှား ရှိကြတာမို့ ဆရာတော်ဘုရားများ အပေါ် တပည့်တော်များ စွပ်စွဲခြင်း မဟုတ်ကြောင်း အထောက်အထားများ ပြနိုင်ကြမှာပါဘုရား။ ဘုရားတပည့်တော်ဟာ သာကေတမြို့နယ်(၇) အနောက်ရပ်ကွက်တွင် မွေးဖွားကြီးပြင်းခဲ့တာမို့၊ ဇိနမာရ်အောင်ဘုရားကြီး ဖြစ်တည်ပုံကအစ ယခုကိစ္စများအထိသိခဲ့၊ မြင်ခဲ့၊ ကြားခဲ့ရသူပါဘုရား။ 

ယခုအခါဘုရားကြီးမြေမှ လမ်းဖောက်ယူပြီး၊ မူလကျောက်ချောင်း ကျောင်းမြေ လုပ်လိုက်သည်ကို တပည့်တော်များမှ နေ့တိုင်း မြင်တွေ့နေရပြီး၊ သာသနာတော်နှင့် ဆရာတော်ကြီးများကို နေ့တိုင်း သာဓုခေါ်ဆို နေရပါတယ်ဘုရား။ ဆရာတော်ဘုရားမှ အဖွဲ့နှင့် ဆုံးဖြတ်ခြင်းမရှိပဲ၊ အတွင်းရေးမှုးအနေနှင့် အာဏာနှင့် လုပ်ဆောင်တတ်၍ (၃၁.၁၀.၂၀၀၈)ရက်နေ့မှ ကျင်းပသော(၄၇)စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ (၁၅/၂၀၀၈)ဖြင့် သတိပေးခံထားရသော စာလေးပါ ကံမကောင်း အကြောင်းမလှစွာ တပည့်တော် လက်ထဲရောက်ရှိ လာပါ၍ တင်ပြပေးလိုက်ပါတယ် ဘုရား။

မဟနဆရာတော်ကြီးများကို တပည့်တော် အံ့သြကြီးစွာ လျှောက်ထားလိုသည်မှာ ၂၀၀၈ခုနှစ်ကတည်းက (၄၇)ပါးစုံညီမှ သတိပေးခြင်း ခံထားရသော ဆရာတော်အား ယခု၂၀၁၂ ခုနှစ်အထိ တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်အဖြစ် ဆက်လက်ထား ရှိနေခြင်းကို ဘုရားတပည့်တော်မှ အထူးလေးစားစွာ သာဓုခေါ်မိပါကြောင်းနှင့် ဆရာတော် ကြီးများကိုယ်တိုင် ယခုဘုရားမြေကို (သာသနာ့ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယပိဋက ဥဘတောဝိဘင်္ဂဓရ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းမှုး၊ ကမ္ဘာအေးကုန်းမြေ)မှ ဆရာတော်တစ်ပါးမှ အလွဲသုံးစား လုပ်နေခြင်းကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးတော်မူ ကြပါရန်နှင့် သာသနာတော်ကို ချစ်မြတ်နိုးသောဘုရား သားတော်များမှ လည်း မြတ်စွာဘုရား သာသနာကြီး မညှိုးနွမ်းစေရန် ဆက်လက်စုံစမ်း ပေးကြပါရန် ဘုရားတပည့်တော်မှ လျှောက်ထားလိုက်ရပါတယ် ဘုရား။ ယခုရေးသော စာပါအထောက် အထားများကို အခွေမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်း၊ စာရွက်စာတမ်း မှတ်တမ်းများ ပြည့်ပြည့်စုံစုံဖြင့် ဆရာတော်ကြီးများမှ တင်ပြပေးစေ လိုပါကလည်း၊ ဘုရားတပည့်တော်မှ ဆရာတော်ဘုရားများ ရန်ကိုကြောက်ရှာ၍ ထွက်သွားရသော (ဂေါပကမှ မလွှဲပေးပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု စာအပို့ခံရသော) ဂေါပကများကိုရှာဖွေ၍၊ နိုင်ငံတော်သံဃ မဟာနယကများ၏ ဆုံးဖြတ်မှုများကို ကမ္ဘာသိအောင် တင်ပြပေးရပါမယ် ဘုရား။

သာသနာမှန်ရင်  ဆန်တက်မယ်။ သာသနာမမှန်ရင် စုန်မျောမယ်။ 
မြတ်စွာဘုရားသာသနာကို ဘုရားသားတော် သံဃာများ စောင့်ရှောက် ပေးနိုင်ကြပါစေ။

စာများကို တင်ပေးသော ဒီမိုဝေယံအား အထူးကျေးဇူးတင် ရှိပါသည်။

လေးစားစွာဖြင့်
ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး

ညောင်မြစ်တူးတော့ ပုတ်သင်ဥ ပေါ်တယ်ဆိုမလား သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ တိုင်ကြားစာ.. ပေးပို့လာတဲ့ စာပါအကြောင်းအရာအရ ရွှေညဝါဆရာတော် အသနားခံစာအား ပယ်ချခဲ့ပြီး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလသည်.. ၂၀၀၈ခုနှစ်မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ သတိပေးခြင်း ခံထားရသည့် ဆရာတော်တပါးဖြစ်ကြောင်း  ၂၂.၁၀.၂၀၀၈ခုနှစ် နိုင်ငံတော် သံဃမဟာနယက အစည်းအဝေး ဆုံးဖြတ်ချက်ပါ အစီရင်ခံစာကို ဖတ်ရှုနိုင်ပါတယ်..။

ဆဋ္ဌမအကြိမ် ဗဟိုဝန်ဆောင် တတိယအစည်းအဝေးသို့ မဟာနာယကအဖွဲ့၏ အစီရင်ခံစာ...
(၂၂.၁၀.၂၀၀၈)
အပိုဒ်(၄၁) ဆုံးဖြတ်ချက် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်၏ ဆုံးဖြတ်ချက်အား တိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍

(က) တိုင်းသံဃနာယက အဖွဲ့သို့တင်ပြလာသော ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနဲ့အညီ အစည်းအဝေးဆုံးဖြတ်ချက် အရသာ ဆောင်ရွက်ရန်နှင့် အဖွဲ့အစည်းဂုဏ်သိက္ခာ မိမိ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည့် လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ပုဂ္ဂိုလ်ရေးသဘောဖြင့် ဆောင်ရွက်ခြင်းများကို အထူးရှောင်ကြဉ်ရန်

(ခ) မိမိ၏ တာဝန်မဟုတ်သော အလှူရှင် ဒါယိကာ၊ ဒါယိကာမတို့၏ လုပ်ငန်းဖြစ်သော ဆွမ်းလောင်းခြင်း၊ ကထိန်ခင်းခြင်း စသည်တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်တို့၌ ပါဝင်ခြင်း၊ စွက်ဖက်ဟန့်တားခြင်း စသည်တို့ကို

မပြုလုပ်ရေး တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တကုဏ္ဍအား သတိပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ 

ပေးပို့လာတဲ့ တိုင်ကြားစာထဲက စာပါအကြောင်းအရာပါ...။

Friday, January 20, 2012

လယ်ယာစိုက်ပျိုးရေးနှင့် စည်မြောင်းဦးစီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကျင့်ပျက် ချစားမတရားခိုင်းစေမှုများ (တိုင်ကြားစာ)



လယ်ယာစိုက်ပျိုးရေးနှင့် စည်မြောင်းဦးစီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကျင့်ပျက်ချစား မတရားခိုင်းစေမှုများ (တိုင်ကြားစာ)