Showing posts with label တောင်းဆိုချက်. Show all posts
Showing posts with label တောင်းဆိုချက်. Show all posts

Wednesday, May 21, 2014

အဆုံးသတ်တိုက်ပွဲကို ဆက်ဆင်နွှဲရပါမယ်By Kyaw Ko Ko

ပြည်သူသို့ ပန်ကြားချက်
ရဲဘော်ကောင်းထက်ကျော် ရိုက်နှက်ခံရတဲ့ ဖြစ်စဉ်ဟာ လုံးဝ တရားလက်လွတ်လုပ်တတ်တဲ့ စစ်အာဏာရှင်စရိုက်ကို ဖော်ပြတာပဲဖြစ်တယ်။ဝါးရမ်းမပါဘဲ ဖမ်းချင်လိ...ု့ဖမ်းတယ်ဆိုတဲ့ ရဲမှုးတစ်ယောက်ရဲ့စကားဟာ ဖက်ဆစ်ဆန်လွန်းနေတယ်။ဖမ်းရမယ့်လူစာရင်းလို့ ဗလာစာအုပ်ပေါ်မှာ ရေးယူလာတဲ့ SBကိုရော ဘယ်သူက စေခိုင်းအမိန့်ပေးတာလဲ။ပဲခူးတိုင်းအစိုးရကလား?ကက်ဘိနက်ဝန်ကြီးတွေကလား??ကာ/လုံကောင်စီကလား???တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင်ပဲလား????
သာမန်ကျောင်းသားတစ်ယောက်ကို လက်နက်နဲ့ အကြမ်းဖက်ဖို့ စစ်အုပ်စုတစ်ခုလုံး တသဘောတည်းညီနေကြပါတယ်။ဒီကနေ့တိုင်းပြည်မှာ ဒီမိုကရေစီ အတုအယောင်၊ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတုအယောင်၊ပြည်ထောင်စု အတုအယောင်နဲ့ ပြည်သူတွေကို လှည့်စားနေတယ်ဆိုတာ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်က အထပ်ထပ်သတိပေးပေါင်းမနည်းတော့ပါဘူး။ကျွန်တော်တို့ သတိပေးချက်ကို ပြည်သူက ကွက်ကွက်ကွင်းကွင်းသိအောင် ဒီကနေ့ ရဲဘော် ကောင်းထက်ကျော်က သွေးအထွက်ခံပြီး၊ခေါင်းအအက်ခံပြီး တပ်လှန့်လှုပ်နိုးလိုက်ပါပြီ။
ပြည်သူနဲ့ ကျောင်းသားရဲဘော်အပေါင်းတို့ နိုးနိုးကြားကြားရှိနေကြပါ။စစ်ဘီလူးတွေ အစွယ်ကို တတောင်မကပြသလိုက်ပါပြီ။ဒီနေ့အထိ မှိုင်းထဲမိပြီး" သမ္မတကြီးက သဘောကောင်းပါတယ်"ဆိုတဲ့ အပြောမျိုးကို သင်တို့ လိုက်မပြောကြပါနဲ့တော့။ပြောချင်သူတွေ ပြောကြပါစေ။သူတို့ကို သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။
စစ်တပ်နဲ့ခရိုနီ ပေါင်းပြီးသိမ်းထားတဲ့ လယ်မြေအရေးဆောင်ရွက်တဲ့အတွက် ရဲဘော်ကောင်းထက်ကျော် အရိုက်အနှက်ခံရတာပဲဖြစ်တယ်။စည်းကမ်းကောင်းတဲ့၊စိတ်ဓာတ်ကောင်းတဲ့၊စွမ်းရည်ကောင်းတဲ့ တပ်မတော်ကြီးဆိုတာ ၁၉၄၈ကတည်းက ဗမာပြည်မှာ မရှိတော့ပါဘူး။ဗိုလ်ချုပ်နဲ့အတူ ကျဆုံးသွားခဲ့ပါပြီ။တလက်စတည်းပြောရပါလိမ့်မယ်။ဖောက်ပြန်နေတဲ့ စစ်အုပ်စုဟာ ဒီထက်မကတဲ့ အပြစ်တွေကို မကြာခင်ထပ်မံကျူးလွန်ပါလိမ့်မယ်
ကျွန်တော်တို့ရဲ့ သွေးစည်းညီညွတ်မှုနဲ့ ဒီတိုက်ပွဲကို ဖြတ်ရပါလိမ့်မယ်။ရဲဘော်မ ဒေါ်ညို၊ရဲဘော်ပေါက်စတို့ အတွက် အဆုံးသတ်တိုက်ပွဲကို ဆက်ဆင်နွှဲရပါမယ်။ရဲဘော်ကောင်းထက်ကျော်ကို ဆက်လက်ဝန်းရံရပါမယ်။သူ့ရဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့ စံနမူနာယူရပါမယ်။တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါ။
အရေးတော်ပုံအောင်ပါစေ။
ရဲဘော်ကျော်ကိုကို

Tuesday, July 16, 2013

နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၁၃ အား လိုက်နာဆောင်ရွက်ခြင်းမရှိ

ရပ်ကျေး လူမှုအထောက်အကူ ပြုအဖွဲ့ ဆို ပြီး ဒီချုပ်အားပေးထောက်ခံသူ အုပ်ချုပ်ရေးမှူးများ၏ အမှားကို ဒေါက်ထောက် ကြည့်ခိုင်းထားခြင်းပါ၊ ဒီချုပ်အုပ်ချုပ်ရေးမှူး မှားလို့ ပြုတ် ရင် ဒုတိယ မဲအများဆုံး သူ ပြည်ခိုင်ဖြိုး သမားက အုပ်ချုပ်ရေးမှူး ဖြစ်မှာပါ၊ရပ်ကျေး လူမှုအထောက်အကူ ပြုအဖွဲ့ ကို မြို့နယ် အုပ်ချုပ်ရေးမှူးက တိုက်ရိုက်ခန့်ထားတာပါ၊ ပွင့်လင်း မြင်သာမှုလုံးဝ မရှိလို့ ကျောက်ပန်းတောင်းနယ်မှ ရွာတွေမှာ အသံမျိုးစုံထွက် လာပါတယ်။ ကျောက်ပန်းတောင်းမြို့ နယ် က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် က ပြန်လည် စိစစ်ပေး ဖို့ တင်ပြထားပါတယ်။
အုပ်ချုပ်ရေးမှူး များ အရိုးကြည့်ရှောင်စားမ လား၊ ကောင်းအောင်ပဲ လုပ်မ လား စဉ်းစားကြပေါ့။
---------------------------------
နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၁၃ အား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဖွဲ့စည်းခဲ့သောရပ်ကျေးလူမှုအထောက်အကူအပြု အဖွဲ့များနှင့် ပတ်သက်၍ ပြန်လည်စီစစ်ပေးရန် အကြောင်းကြားစာကို ၁၅.၇.၂၀၁၃ တွင် ကျောက်ပန်းတောင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်မှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ တရားဥပဒေစိုးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့ဆီသို့ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

Monday, October 22, 2012

ရင်ဖွင့် ချက်


ကျွန်မ မန္တလေးမြို့၊ မန္တလေးတောင်ခြေက သီလရှင်ကျောင်းတစ်ကျောင်းကိုရောက်သွားတော့ သီလရှင်နှစ်ပါးကအရေပြားတွေပေါက်ပြဲပြီးယင်ကောင်တလောင်းလောင်းနဲ့ဖြစ်နေတာ။ ဘာဖြစ် တာလဲဆိုတော့ ရင်သားကင်ဆာ၊ အကြိတ်ရှိလို့ဆေးဆရာပြလိုက်တာတဲ့။ အဲဒီ ဆေးဆရာကြီး ဆိုသူကိုကျွန်မဖုန်းဆက်ပြီးမေးတော့ကင်ဆာမို့လို့ကုထားတာ၊ နှစ်လကျော် လင်ဇီးဆေးနဲ့ကု နေတာတဲ့။ လက်ဖက်ခြောက်သောက်ပြီးအားမရှိတော့ ခြေထောက် ရောင်တယ်။ သူ့ကိုကျွန်တော် က Pollen ဆေ

းတိုက်ပေမဲ့သူကမသောက်ဘူးတဲ့။ အလကား ပေးထားတယ်ပြောပေမဲ့ သီလရှင်က ၁၂ ဘူးဝယ်သောက်ရတယ်တဲ့။ ၁ ဘူးတော့ လက်ဆောင်ပေးပါတယ်တဲ့။ ဒီရောဂါကိုကောင်းအောင် ကုပေးဖို့အိမ်ခေါ်သွားပါ ပြောတာနဲ့သူက အင်္ဂလိပ်ဆေးနဲ့ပဲကုသလိုက်ပါတော့တဲ့။ ဘာရောဂါနဲ့ပဲ လာလာ သူက သူ့ဆေးတွေနဲ့ပုပ်ပွအောင်ဆွပေးလိုက်တာ။ ပုပ်သွားတဲ့အနာကိုမှ သူက ကောင်း အောင် ပြန်ကုပေးတာ။ သူ့အိမ်ကိုသွားကြည့်လိုက်တော့ သူ့လူနာတိုင်းက ပုပ်ပွနေတဲ့ပုံတွေချည်းပဲ ဖြစ်နေတယ်။ သူ့ဆေးထည့်လိုက်ရင်ကင်ဆာဆဲလ်တွေအမျှင်လိုကျသွားမယ်လို့ခပ်လွယ်လွယ် ပြောတယ်။ အခုအဲဒီသီလရှင်ဆရာလေးကမန္တလေးပြည်သူ့ဆေးရုံကြီးမှာပါ။ တိုင်းရင်းဆေးမှာ ညွှန်ချုပ် ဖြစ်နေတဲ့ပုဂ္ဂိုလ်ဆီ Dr. ဦးသစ်လွင်ကိုယ်တိုင်အကြောင်းကြားတဲ့အနေနဲ့ဖုန်းဆက် တယ်။ အဲဒီက ညွှန်ချုပ်ကိုယ်တိုင်ကိုက …. နဲ့ပတ်သက်ပြီးသူတို့ဆီတိုင်စာတွေ ရောက်ထား ပါတယ်တဲ့။ သူ့ရဲ့ ဆေးကုသခွင့်လိုင်စင်ကိုတိုင်းရင်းဆေးကထုတ်ပယ်ထားပြီး တကယ်တမ်း တိုင်းရင်းဆေးနဲ့ မကုဘူး။ ရန်ကုန် ကန်တော်လေးမှာလဲ သူကဆေးကုနေတယ်လို့ သိရပါတယ်။ Dr. ဦးစိန်မြင့် က သူ့ညီမ တရားသူကြီးဆီရောက်ပြီး criminal ဝင်လားမေးတော့ တိုင်းရင်းဆေးကပဲ action ယူရမှာ တဲ့။ အကယ်၍လူနာသာသေသွားရင်ဒါက criminal ပဲတဲ့။ အခုက သေသွားတာထက်ပိုဆိုးတယ် လေ။ ဆရာကြီးဦးစိန်မြင့်ရဲ့တိုက်တွန်းချက်အရ အခုလိုဂျာနယ်မှာရင်ဖွင့်ဖြစ်သွားတာပါ။ အခုပါလာတဲ့ ဓာတ်ပုံတွေကကျွန်မကိုယ်တိုင် ရိုက်ထားတာပါ။ မန္တလေးတောင်ခြေနားက ကျောင်းတိုက်တစ်တိုက် က သီလရှင်နှစ်ပါးရဲ့အဖြစ်ကိုမခံနိုင်လွန်းလို့ပါ။ ကျွန်မမှာအဲဒီဆေးဆရာကြီးရဲ့ဆေးမှတ်ချက်တွေ နဲ့ဆေးစာအုပ်တွေကိုလည်းဓာတ်ပုံရိုက်ယူခဲ့ပါတယ် .. ဟု လျှပ်တစ်ပြက် သို့လာရောက်ရင်ဖွင့် ပြောကြားသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး၏ စကားသံများကို ဖော်ပြလိုက်ရပါတယ်။
လျှပ်တစ်ပြက်သတင်းဂျာနယ်မှ

Tuesday, October 16, 2012

ဒါကို ဆရာမ လို့ ခေါ်ပါသလား ..


ဒါကို ဆရာမ လို့ ခေါ်ပါသလား ..
--------------------------------

ဒီစာ ကို မရေးခင် ကျွန်တော့ သင်ဆရာ မြင်ဆရာ ကြားဆရာ စတဲ့ ကန်တော့ ထိုက်သော ဆရာ အားလုံး ကို အရင်ကန်တော့ ပါတယ်..... ဆရာ ဆရာမ ဆိုတာ အနန္ဒ ဂိုဏ်းဝင် ပါ ..... နေတိုင်းရှိခိုး ကန်တော့ ကြရတာပါ...... ကျေးဇူး ဟာ လည်း ပူဇော် အထူး ထားပြီး ... ဆပ်နိုင်သလောက် ဆပ်ကြရပါတယ်..... ဒါပေမယ့် ... ဒီလို ကန်တော့ ခံ ..အရိုအသေခံ ... အကြည်ညို ခံနိုင်ဖို့ ဆိုတာကလည်း
.... ဆရာ ပီသ မှသာ ဖြစ်ပါလိမ့်မယ်..... ဆရာ တစ်ယောက်ပီပီ တပည့်တွေ အပေါ် မေတ္တာ ထား ရပါလိမ့်မယ်.......

ကျွန်တော်တို့ ဒီဘက် ခေတ်ကာလမှာ ... ဆရာ ဆရာမ များထဲမှာ ... အတော်ကလေး စိတ်ပျက်ဖွယ် ကိစ္စ ရပ်တွေ တွေ့လာရပါတယ်....ဒါတွေဟာလည်း .... ပညာရေး စနစ်ညံ့ဖြင်းလို့ ပါပဲ .....ထားပါလေ..... အဲဒီ ထဲက .. ပြဿနာလေး တစ်ခုကိုပြောပြချင်တာပါ....

မနေ့က ကျွန်တော့ အဖွားလေး ဆုံးတော့ .. အသုဘ သွားရင်း .. ကျွန်တော့ အဒေါ်တစ်ယောက်ဆီက ... ကြားလာရတာ ပါ...... သူ့ တူကလေး တစ်ယောက် ..... ဖြစ်တာ ပါတဲ့ဗျာ ..... သိပ်မကြာသေးပါဘူး
ပြီးခဲ့တဲ့ ၁၁.၁၀.၂၀၁၂ က မှဖြစ်တဲ့ ကိစ္စ ပါ...

ကလေး နာမည်က လမင်းခန့် ပါ.... အ.ထ.က (၂) စမ်းချောင်း မှာ သူငယ်တန်းတက်နေပါတယ်......တန်းခွဲ (A) မှာပါ..... သူ့ အတန်းပိုင်ဆရာမ နာမည်က ဒေါ်ခင်မျိုးလွင်ပါ......

ပြဿနာ ရဲ့ အစကတော့ .. ဆရာမ က White Board မှာ ... စာရေးပြီး သူငယ်တန်းကလေးများကို စာကူးစေပါတယ်... ( အတော်စဉ်းစားမရတဲံ့ကိစ္စ ပါ... အဲဒီလို သင်ကြားနည်းကို ... ဘယ်က သင်ပေးလိုက်သလဲ မသိပါဘူး ..... သူငယ်တန်းကလေးကို ....စာကူးခိုင်းသတဲ့ .... သြော် ကောင်းလိုက်တဲ့ ပညာရေး .. ထားပါလေ) အဲဒီလို စာကူးတဲ့ အခါ.. မောင်လမင်းခန့်က စာမကူးပါဘူး တဲ့ ..... ဒီတော့ ... ဒေါ်ခင်မျိုးလွင် က မောင်လမင်းခန့်ကို စာမကုးရကောင်းလားဆိုပြီး .... အမှောင်ခန်းထဲမှာ ထည့်ပိတ်ထားဖို့ ဆွဲခေါ်ပါသတဲ့ .....

ဒီတော အမှောင်ခန်းဆိုတဲ့ ကိစ္စ ကိုပြောပါမယ်..... အဲဒီ အမှောင်ခန်းဆိုတာလည်း ခုမှ ပေါ်လာတာမဟုတ်ပါဘူး.... အရင်ကတည်းက ... ကလေးတွေကို အပြစ်လုပ်ရင်.. အဲဒီထဲ ထည့်ပြီး ပိတ်ထားပါသတဲ့ ... ခြောက်နှစ်အရွယ် ကလေး တစ်ယောက် အမှောင်ခန်းထဲမှာ ဘယ်လောက်ကြောက်နေလိုက်မလဲ .....ဘယ်လောက်ငိုယိုတောင်းပန်တောင်းပန် .... မဖွင့်ပေးပါဘူး တဲ့ဗျာ ..... ဒေါ်ခင်မျိုးလွင်လုပ်ရပ် က... လူမဆန်ဘူးလို့ တောင်ပြောလို့ ရပါတယ်... နောက်တစ်ချက်က ... အ.ထ.က (၂) စမ်းချောင်းဆိုတာ .... အစိုးရကျောင်းပါ... ဒီလို အစိုးရကျောင်းမှာ .... ဒီလို ခြောက်နှစ် အရွယ်ကလေးငယ်တွေကို အမှောင်ခန်းထဲ ပိတ်ပြီး ဆုံးမတဲ့ စနစ်ရှိနေတာ ကို ....အတော်အံ့သြရပါတယ်.... ကျောင်းအုပ်ဆရာမကြီးကလည်း ဒါကို ခွင့်ပြုထားပါသတဲ့ ... ပိုပြီး အံ့သြရပြန်ပါတယ်.... ဆရာဖြစ်သင်တန်းများမြှ .... ကလေးစိတ်ပညာ မသင်ပေးလိုက်ဘူးလား....... ဒီလိုသာလုပ်နေရင်... ကလေးတွေဟာ နောင်တစ်ခေတ်ရဲ့ လူကြောက်ကလေးတွေ အဖြစ် မွေးဖွားလာတော့မှာပေါ့ ....... အဲဒီ ဆရာမတွေ ... ကို ဘယ်လို ဆရာဂိုဏ်းထဲသွင်းရမလဲ ... ကျွန်တော် အတော်စိတ်ထဲမကောင်းပါဘူး .. ညံ့ဖျင်းလှတဲ့ ပညာရေး စနစ်ရှိနေရတဲ့ အထဲ ... ဒီလို ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမယ့် ကိစ္စမျိုးတွေ.... ခြိမ်းခြောက် ... ညှင်းပန်း နှိပ်စက်နည်းမျိုးတွေဟာ ..... မရှိကို မရှိသင့်တောပါဘူး .... ဒေါ်ခင်မျိုးလွင် .. ဟာ အတော်လူမဆန်သော ဆရာမ လို့သာပြောပါရစေ ........ ဒါတောင် သူ့ ဆီမှာ ကလေးကို တစ်လ တစ်သောင်းခွဲနဲ့ ကျူရှင်ပုံမှန်ထားပြီး ...... လစဉ် ကန်တော့ ပစ္စည်း အမျိုးမျိုးနဲ့ ကန်တော့ နေတာပါ........ အဲဒီလို ကျူရှင်ထားတော့လည်း .. သူ့ကျူရှင် တစ်ခုတည်းမဟုတ်ပဲ .. နောက်ထပ်ကျူရှင်တစ်ခုပါတွဲယူခိုင်းပါသေးတယ်......ကဲ ထားပါလေ...

ကိစ္စ က အဲဒီလောက်နဲ့ မပြီးသေးပါဘူး .... ဒီတော့ ... ကလေးကို အဲဒီလိုဆွဲခေါ်တဲ့ အခါ.. မောင်လမင်းခန့်ဟာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း အဲဒီအမှောင်.ခန်း ထဲမှာ အခြား ကလေးနှစ်ယောက်နဲ့ အတူ အပိတ်ခံရဖူးပါတယ်...... ဒါကြောင့်ကြောက်လွန်း လို့ သူစာကူးပါတော့ မယ်ဆိုပြီး ငိုယိုတောင်းပန်ရှာပါတယ်... ဒါကိုဒေါ်ခင်မျိုးလွင်က .. မရမက... အတင်း ဆွဲခေါ်တာကြောင့် လက်ထဲမှာ ပါလာတဲ့ ခဲတံ နဲ့ ဆရာမ ရဲ့ တင်ပါးကို ထိုးမိပါတယ်...... အဲဒီ အခါ... ဒေါ်ခင်မျိုးလွင်လည်း အတော်နာသွားမယ် ထင်ပါတယ်..... ဒေါသတကြီးနဲ့ ကလေးကို ဆွဲဆောင့် ရိုက်နှက်တော့တာ ပါပဲ ........ ပြောစရာကျန်ခဲ့တာက .. ကလေးက ပန်းနာရင်ကျပ်ရှိပါတယ်.. ဒီလိုပန်းနာရင်ကျပ်ရှိတဲ့ ကလေးကို .... ဒီလိုလုပ်တယ်ဆိုတာ အတော်တော့ ... စိတ်ပျက်ဖို့ ကောင်းပါတယ်.......

နောက်ဆုံး ကလေးမှာ .... မျက်နှာမှာ လက်ငါးချောင်းနဲ့ ရီုက်ထားတဲ့ အရာနဲ့ .. အစင်းခြစ်ရ နှစ်ရာ ... (ကလေးကို ပါးပိတ်ရိုက်တဲ့ အခါ ... လက်သည်းနဲ့ ပါခြစ်မိပုံရပါတယ်... )နားရွက် တစ်ဘက် နီယောင်နေခြင်း .... လက်ဝဲဘက်မျက်စိနားမှာ .... ညိုမည်းဒဏ်ရာ တစ်ချက်..... နဲ့ လက်ဖျံမှာ ... သွေးစိုးနေတဲ့ အပေါက် တစ်ခုတို့ စတဲ့ ဒဏ်ရာတွေ ရလာပါတော့တယ်.......

ဒါတောင် အဲဒီဖြစ်တဲ့ နေ့ က ကျောင်းလာကြိုတဲ့ ကလေးမိဘကို ဒေါ်ခင်မျိုးလွင်က .... (ကလေးကို နောက်နေ့တွေ ကျောင်းလာမပို့နဲ့တော့
ကလေးက Normal မဟုတ်ဘူး၊ ဆရာမကိုတောင် ဒီလိုလုပ်တယ်ဆိုရင်၊ ကျန်တဲ့ကျောင်းသားတွေကိုပါ ဒီလိုလုပ်လိမ့်မယ် )လို့ ကျောင်းကြိုလာတဲ့
မိဘများနှင့် ကလေးများရှေ့မှာ ပြောပါတယ်..
နောက်ပြီး .....

“ဆရာဝန်ပြဖို့ နင်တို့ ဆရာဝန်မသိရင် ငါ့လာမေး”

လို့လည်း ပြောလိုက်ပါတယ်....(

(.နင့်ကလေးလုပ်တာကိုလည်း ငါက ခဲတံကို “သက်သေ”အဖြစ် ယူထားလိုက်ပြီ၊ နောက်နေ့တွေ ကျောင်းလာစရာ မလိုဘူး )

စဉ်းစားကြည့်စေချင်ပါတယ်... ဒါဟာ ကျောင်းဆရာမ ပြောရမယ့် စကားပါလား ......... ဒေါ်ခင်မျိုးလွင်လို နှုတ်ကြမ်းတဲ့ ဆရာမ မျိုး.... စိတ်ဓာတ်အောက်တန်းကျတဲ့ ဆရာမ မျိုးကတော့ ..... အတော်လေး ... ရှာမှ ရှားပါပဲ ....

ဒီကိစ္စ ကို ... ဆရာမကြီး ကိုတိုင်းတဲ့ အခါလည်း ... ဆရာမကြီး က .. အရေး ယူပါမယ်လို့ ပြောပါတယ်..... အခုထိတော့ ဒေါ်ခင်မျိုးလွင်ဟာ ပိုနေမြဲ ကျားနေမြဲပါပဲ ..... ဘယ်လိုတွေများ အရေးယူလိုက်တယ်ဆိုတာ မေးခွန်းထုတ်စရာပါ...... မေးလည်း မေးပါတယ်.. ဆရာမကြီး အနေနဲ့ ဘယ်လိုများ အရေးယူပါသလဲ ဆိုတော့ .. ဒါက ဌာနတွင်းက ကိစ္စ မို့ အပြင်လူသိခွင့် မရှိပါဘူးတဲ့ ဗျာ ...... ကဲ ......စမ်းချောင်း (၂) က ဆရာမကြီးလည်း အတော်ရယ်စရာကောင်းတာပါပဲ ..... တရားဥပဒေမှတောင်.. .တရားခံကို ဘာပြစ်မှုချသလဲ ဆိုတာ..... ပွင့်လင်းမြင်သာစွာ အများပြည်သူက သိစေရပါတယ်.... အခု ဒီ ဆရာမ ဒေါ်ခင်မျိုးလွင်ရဲ့ အောက်တန်းကျပြီးရိုင်းစိုင်းတဲ့ .. အကြင်နာမဲ့ တဲ့ ... ကလေးတွေအပေါ်ရက်စက်တဲ့ အပြုအမှုတွေ အတွက်..... အရေးယူမှုကို ကာယကံရှင် မိသားစုကတောင် သိခွင့်မရှိဘူးတဲ့လား ....... စမ်းချောင်း (၂) မှ ကျောင်းအုပ်ဆရာမကြီး ဟာ ဒီလောက်ပဲ အသိပညာရှိသလား ..... အတော်ကလေး အံ့သြယူရပါတယ်...... ဒီတစ်ကျောင်းလုံးက ကလေးတွေ ဘ၀က ရင်လေးစရာပါပဲ .....

အခု ကလေးကိုလည်း ကျောင်းမလွှတ်ရဲတော့ပါဘူး ..... တိုင်းသင့်တာတွေတော့လည်း တိုင်ထားပါတယ်....... အဓိ ကက တော့ ဗျာ .... ဆရာ ဆရာမ ဆိုတိုင်း ကျွန်တော်တို့ လေးစားမပေး.. ကြည်ညိုမပေး ...အနန္ဒ ဂိုဏ်းဝင်အဖြစ် မသတ်မှတ်ပေးနိုင်တော့ ပါဘူး .... ဒီလို ဒေါ်ခင်မျိုးလွင်လို ...ဆရာမ မျိုးကို .... ဘယ်လို စိတ်နဲ့ ကန်တော့ ရမလဲ ... လေးစားကြည်ညိုရမလဲ .. ဘုရားနဲ့ တစ်ဂိုဏ်းထဲထားရမလဲ .. ..... မစဉ်းစားတတ်အောင်ပါပဲ .....

ဒီလို ဆရာမမျိုးကို .... ကျွန်ေတာ်တို့ ဆရာမ အဖြစ် ဆက်ခေါ်သင့်ပါသေးလား?

မေးခွန်းတွေရဲ့ အဖြေကို ဒေါ်ခင်မျိုးလွင်ဘယ်လိုဖြေမလဲ ကျွန်ေတာ် တကယ်နားထောင်ကြည့်ချင်ပါတော့တယ်ခင်ဗျာ ...........

BY :လင်းလွန်းညို

စာကြွင်း...

ကျွန်တော် ဒီစာကိုရေးတာ ဖွတယ်လို့ ထင်ကြပါလိမ့်မယ်.... ဟုတ်ပါတယ်.. ဖွပါတယ်....

သမ္မတကြီးနဲ့ ... ဒေါ်အောင်ဆန်းစုကြည်စကားအရ .... နိုင်ငံရဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို ... ပြည်သူတွေက ပါ ၀ိုင်းဝန်းပြုပြင်ပေးဖို့ ... ပြောဖူးပါတယ်....

ဒါကျွန်တော့် တော် ပြုပြင်ပေးတာပါပဲ ....

ဖြစ်စဉ်အားပြောပြပေးသော ... ဒေါ် ခင်အိအိတင် အား အထူးကျေးဇူး တင်ပါတယ်.....

ဒါတွေက ဒေါ်ခင်အိအိတင် တင်ထားတဲ့ Link တွေပါ ၀င်ဖတ်နိုင်ပါတယ်.. ပိုပြည့်စုံ ပါတယ်.....

https://www.facebook.com/keet76/posts/164042223734162?comment_id=436104&notif_t=like

https://www.facebook.com/media/set/?set=a.4865850408817.193672.1373973581&type=1&notif_t=like

https://www.facebook.com/photo.php?fbid=4865841368591&set=a.2348901526668.139955.1373973581&type=1&theater&notif_t=like

Tuesday, January 24, 2012

ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် တောင်းဆို

Tuesday, January 24, 2012

ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် လွှတ်တော်အတွင်း ၀င်ရောက်မည့် ကိုယ်စားလှယ် လောင်းများအား တောင်းဆို လိုက်သည်။

သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် လွှတ်တော်အတွင်း ၀င်ရောက်မည့် ကိုယ်စားလှယ် လောင်းများအား တောင်းဆို လိုက်သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပဲခူးမြို့ရှိ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်စဉ် (ဓာတ်ပုံ - ဧရာဝတီ)
“လူတွေက အချိန်မတော် ဘယ်သူ ငါ့အိမ်ကို တံခါးလာခေါက်မလဲ၊ ဘယ်လို ရှာစားရမလဲ ဆိုတဲ့ မလုံခြုံတဲ့ ဘ၀တွေအတွက် ကာကွယ်မှုပေးနိုင်တဲ့ ဥပဒေတွေ ရေးဆွဲပေးပါ” ဟု ယနေ့ နံနက် ပဲခူးမြို့၌ ကျင်းပသော လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုသော အခမ်းအနားတွင် ကိုမင်းကိုနိုင်က ပြောသည်။
ပြည်သူလူထုဘ၀ လုံခြုံမှုအတွက် ဒီမိုကရေစီ လိုလားသူများအားလုံး ပူးပေါင်းကာ လွှတ်တော်အတွင်း အပြင် နှစ်ရပ်စလုံးတွင်
လုပ်ကိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် လူထုပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီ အင်အားစုများသာမက အာဏာပိုင်များကလည်း လက်ခံနားလည်မှု ပေးကာ အကောင်းမြင်ပေးရန် ကိုမင်းကိုနိုင်က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးကလည်း ၎င်းတို့ ကျောင်းသားများအား နှစ် ၂၀ ကျော် ကြာသည်အထိ ထောက်ခံအားပေးခဲ့သော လူထုကို ဂုဏ်ပြုချင်သည်ဟု ဆိုသည်။
“နိုင်ငံရေးဆိုတာကို မစားကောင်းတဲ့အသီးလို လူတွေက ထင်နေပြီး ထောက်လည်း ထောက်ခံချင်တယ်၊ ထောက်ခံရမှာလည်း ကြောက်တယ် ဆိုတာမျိုး မဖြစ်ရအောင်လို့၊ လူထုကို အကျိုးပြုနေတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံ့ ဝန်ထမ်းတွေက ပူးပေါင်း ဆောင်ရွက်ပါ” ဟု ကိုကိုကြီးက ပြောသည်။
၎င်းတို့ အကျဉ်းထောင်တွင်းမှ ထွက်လာစဉ် လက်ရှိ အစိုးရ အဆောက်အအုံမှာ ပုံသဏ္ဍန်အားဖြင့် ပြောင်းလဲနေသည်ကို မြင်ရကြောင်းနှင့် အနှစ်သာရအားဖြင့် ပြောင်းလဲရန် ဆက်လက်ကြိုးစား ရမည်ဖြစ်ကြောင်း သူက ဆိုသည်။
“ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကို ကျနော်တို့ ပြန်မကြည့်ချင်တော့ဘူး။ အနာဂတ်မှာ လှပတဲ့၊ သာယာတဲ့ နိုင်ငံအဖြစ်ကို မျက်နှာမူချင်လို့ပဲ” ဟု ကိုကိုကြီးက ဆက်ပြောသည်။
၎င်းတို့ကဲ့သို့သော ဒီမိုကရေစီ အင်အားစုများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြင်တွေ့ရသဖြင့် အားရကြောင်း၊ မည်သည့်အဖွဲ့အစည်းနှင့် မဆို တိုးတက်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုကြောင်း သူက ဆိုသည်။
“ကျနော်တို့ ရန်ကုန်တိုင်း ဒေသကြီးမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သတင်းစာရှင်းလင်းပွဲ အောင်မြင်ခဲ့တယ်။ အခုလည်း ရန်ကုန် ပြင်ပကို ထွက်ပြီး ပဲခူးတိုင်းမှာ အခမ်းအနား ကျင်းပနိုင်တာဟာ တိုးတက်မှုတခုလို့ မြင်တယ်။ ရှေ့ဆက်ပြီး တယောက်နဲ့ တယောက် သံသယတွေ မရှိဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီကနေ့အခမ်းအနား ကနေ ဖိတ်ခေါ်ပါတယ်” ဟု ကိုကိုကြီးက ဆက်ပြောသည်။
ဆက်လက်၍ ၎င်းက ပဲခူးတိုင်း ဒေသကြီး ခရီးစဉ်အတွင်း ယာဉ်ထိန်းရဲများမှ စ၍ မြင်သာထင်သာရှိသော ပူးပေါင်း ကူညီမှုများ ရှိသကဲ့သို့ မမြင်ရသည့် ကူညီမှုများလည်း ရှိနိုင်ကြောင်း၊ တခြားသော တိုင်းဒေသကြီးများသို့ သွားရောက်လျှင်လည်း ယခုကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို လိုလားကြောင်း ဖိတ်ခေါ်လိုက်သည်။
နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းသူများ ဖြစ်စေချင်ကြောင်း၊ လူထုကို အကျိုးပြုနေသော အဖွဲ့အစည်းများအား ရဲရဲတင်းတင်း ဆက်ဆံစေလိုကြောင်း၊ အပ်တိုတချောင်းမှ မရှိသော်လည်း အစိုးရ ဖြစ်နိုင်ကြောင်း ကိုကိုကြီးက ပြောသည်။
ကိုမင်းကိုနိုင် ကလည်း “လူထုက လမ်းပေါ်ထွက်တာကို ငါတို့ကို ဆန့်ကျင်ဖို့ဆိုတဲ့ မကောင်းမြင်တဲ့ ဘက်ကမကြည့်ဘဲ သူတို့ ပူးပေါင်းပါဝင်ချင်လို့ ဆိုတဲ့ ဘက်က ကြည့်ပေးပါ။ လူထုကပဲ အနာဂတ်ကို လှပအောင်လုပ်ပေးမှာပါ” ဟု ဆိုသည်။
လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုဂုဏ်ပြုပွဲ အခမ်အနားကို ပဲခူးမြို့ရှိ ၉ လေးလုံး အဖွဲ့ဝင်များ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့သည်။
ထောင်ဒဏ် ၂၆ နှစ် ကျခံရာမှ ပြန်လည် လွတ်မြောက်လာသော ၉ လေးလုံးအဖွဲ့ဝင် ဦးမြင့်ဦးကလည်း ပဲခူးမြို့မှ နိုင်ငံရေး အကျဉ်းသား ၆၀ ကျော်စလုံး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဒီမိုကရေစီ အရေး ဆက်လုပ် သွားမည်ဖြစ်ကြောင်း ပြောသည်။
ကိုကိုကြီးက ၎င်းတို့ လွတ်မြောက်လာသကဲ့သို့ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက်လွတ်မြောက်ရေးကို မျှော်လင့်သည်ဟု ဆိုသည်။
“နံရံလေးဘက်ကြားက ကျနော်တို့ မိတ်ဆွေတွေနဲ့ ဒီထက် ပြည့်စုံတဲ့ ဆုံဆည်းမှုမျိုးနဲ့ ပြန်ဆုံချင်ပါတယ်” ဟု ကိုကိုကြီးက အခမ်းအနားတွင် ပြောသည်။
ပဲခူးမြို့တွင် ကျင်းပသည့် လွတ်မြောက်လာသော အကျဉ်းသားများကို ဂုဏ်ပြုသော အခမ်းအနားကို ရန်ကုန်မှ လာရောက်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ မနီလာသိန်း၊ မမီးမီး တို့အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ကိုကျော်ကိုကို၊ ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း စသည့် ၂၀၀၇ မျိုးဆက် ကျောင်းသားများ တက်ရောက်ခဲ့သည်။
ရန်ကုန်မှ လာရောက်သည့် ကျောင်းသားခေါင်းဆောင်များသည် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲအပြီးတွင် ပဲခူး ရွှေမော်ဓော ဘုရားကို ဝင်ရောက် ဖူးမျှော်ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့သည်။
ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်း ရေးသားသည်။