Tuesday, February 4, 2014

“သမ္မတအရည်အချင်းပြဋ္ဌာန်းချက် မပြင်ရန် ပထမဆုံးအကြိမ် ဟောပြော”

“သမ္မတအရည်အချင်းပြဋ္ဌာန်းချက် မပြင်ရန် ပထမဆုံးအကြိမ် ဟောပြော”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရန်ကုန်၊ ဖေဖော်ဝါရီ ၂။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်းပြဋ္ဌာန်းချက်များ မပြင်ရန် ဟောပြောတောင်းဆိုပွဲတစ်ခုကို မြန်မာ အမျိုးသားရေးကွန်ရက်က ဦးဆောင်၍ အမျိုးသားရေးရှု့ထောင့်မှ ကာကွယ်စောင့်ရှောက်ရမည့် ပုဒ်မ ၅၉ ဟူသော ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉ မပြင်ဆင်ရေးဟောပြောသည့် အဆိုပါပွဲသို့ စိတ်ပါဝင်စားသူ လူ (၇၀၀) ဦးမှ (၁၀၀၀) ဦးဝန်းကျင် တက်ရောက်ခဲ့ပြီး အဆိုပါကွင်းတွင်ပင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် အခြေခံဥပဒေအသစ်ရေးဆွဲရေး(သို့မဟုတ်) ပြင်ဆင်ရေးထောက်ခံပွဲ တွင် လူဦးရေ သုံးသောင်းဝန်းကျင် တက်ရောက်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ၅၉(စ) တွင် ပြဋ္ဌာန်းထားသည့် သမ္မတအရည်အချင်းသတ်မှတ်ချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၇၄(က) တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ၊ နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ နိုင်ငံခြားသားဖြစ်သူကို နိုင်ငံတော် သမ္မတပင်မဆိုထားနှင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်ပင် ရွေးကောက်တင်မြှောက်ခွင့် မရှိကြောင်း ရှေ့နေတစ်ဦးဖြစ်သူ ဦးအေးပိုင်က ပြောကြားသည်။
“၁၉၄၇ ခုနှစ် ဥပဒေမှာ အဲဒီလို အတိအကျ ပြောထားပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခု လွှတ်တော်ထဲမှာရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ အဲဒီအရည်အချင်းနဲ့ မကိုက်ညီတဲ့သူတွေ ရှိနေပါတယ်” ဟု ၄င်းက ဆိုသည်။
အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက ပြည်သူတို့၏ အကျိုးစီးပွားသာမက တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားကိုပါ ကြည့်ရမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောဆိုသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူလူထုနှင့် သဟဇာတမဖြစ်သည့် ပြင်ဆင်စရာအချက်များပါဝင်နေ သော်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် ဒေသများကို ဦးစားပေးဆောင်ရွက်ရန် ရှိနေခြင်းကြောင့် အခြေခံ ဥပဒေကို ပြင်ဆင်မည်ဆိုပါက အဆိုပါဒေသများ၏ ဖွံ့ဖြိုးရေးနှင့် ဆောင်ရွက်ဆဲဖြစ်သည့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၅၉ ကို ပြင်ဆင်ရန် ကြိုးပမ်းနေမှုများကြောင့် တည်ငြိမ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေများ ပျက်စီးခဲ့ရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောဆိုသည်။
စတင်ရေးဆွဲကတည်းက တမင်ရည်ရွယ်ချက်ရှိရှိ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မလိုလားသူသည် ပြည်သူ့အခွင့်အရေးကို ချိုးဖျက်သူသာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောကြားသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရပါက သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိသော်လည်း လက်ရှိဥပဒေတွင် ပါဝင်လာခြင်း မရှိတော့ ကြောင်း ၄င်းက ရှင်းလင်းပြောဆိုသည်။
အခြေခံဥပဒေ ပုဒ်မ ၅၉(စ) တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးရဲ့ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ယင်းပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေရန် ရည်ရွယ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုသူများလည်း ရှိနေသည်။
The VOICE ဂျာနယ်မှ။

ယူနတီဂျာနယ်ကိစ္စ စိုးရိမ်ကြောင်း စာနယ်ဇင်းအဖွဲ့များ ကြေညာချက်ထုတ်


******************************************************
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ယူနတီဂျာနယ် သတင်းထောက် ၄ ဦး နဲ့ အမူဆောင်အရာရှိချုပ်တို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ အဖွဲ့အစည်း ၄ ဖွဲ့က စိုးရိမ်မကင်းဖြစ်မိကြောင်း ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ မြန်မာ ဂျာနယ်လစ်ကွန်ရက်နဲ့ စာရေးဆရာ အသင်းတစ်ခုဖြစ်တဲ့ Pen Myanmar တို့ ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က အခုလိုပြောပါတယ်။

“အဓိကမီဒီယာအဖွဲ့ ၃ ဖွဲ့နဲ့ စာပေအဖွဲ့ ၁ ဖွဲ့ နေ့လယ်မှာတွေ့တယ်၊ တွေ့ပြီးတော့ ၄ ဖွဲ့စလုံးရဲ့ တူညီတဲ့အချက်တွေ အဲဒါဟာကို စာတစ်စောင်ရေးပြီးတော့ မနက်ဖြန်မှာ စာနယ်ဇင်းကောင်စီကိုပို့ဖို့ စီစဉ်ထားပါတယ်၊ စာနယ်ဇင်းကောင်စီက မနက်ဖြန်မှပဲ အစည်းအဝေးရှိတယ်၊ စာနယ်ဇင်းကောင်စီက ဒီကိစ္စကို ဆောင်ရွက်ပေးဖို့ ကျနော်တို့ တိုက်တွန်းထားတဲ့ဟာပါတယ်၊ မီဒီယာအပေါ်မှာ အခုလိုမျိုး ဖမ်းဆီးတဲ့ဟာမျိုးက ဒီဟာမလျော်ကန်ဘူး၊ တရားဥပဒေနဲ့ ကိုက်ညီလား မညီလား မေးခွန်းထုတ်တဲ့ ဟာမျိုး၊ နောက်တစ်ခုက သတင်းမီဒီယာတွေ အချက်အလက်ခိုင်လုံစွာနဲ့ ရေးကြဖို့ဆိုတာမျိုးအပိုင်းကို ကျနော်တို့တိုက်တွန်းထားပါတယ်”

အခုလို ဖမ်းဆီးအရေးယူလိုက်တာဟာ သတင်းသမားတွေအပေါ် ခြိမ်းခြောက်လိုက်တဲ့ အဓိပ္ပါယ်လို့ဆိုနိုင်ပြီး၊ အများပြည်သူသိရှိလိုတဲ့ သတင်းအချက်အလက်တွေ ရယူတင်ပြရတာဖြစ်တဲ့ သတင်းအလုပ်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ရက်နေ့က ထုတ်ဝေခဲ့တဲ့ ယူနတီဂျာနယ်မှာ လျှို့ဝှက်ဓါတုလက်နက်စက်ရုံဆိုတဲ့ သတင်းဆောင်းပါး ဖေါ်ပြခဲ့ပြီးတဲ့နောက်၊ ဂျာနယ်ရဲ့ မကွေးတိုင်း ပေါက်မြို့နယ် ဌာနေသတင်းထောက် ကိုလူမော်နိုင်ကို ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ စွဲချက်တင်ခဲ့သလို၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ဂျာနယ်ရဲ့ အမူဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေဖြစ်တဲ့ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နဲ့ ကိုစည်သူစိုးတို့ကို သတင်းတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။

Credit : RFA

“လျှို့ဝှက်မဲစနစ်သုံးမှ ဒီမိုကရေစီနည်းကျမည်ဟု အမတ် ပြော”

“လျှို့ဝှက်မဲစနစ်သုံးမှ ဒီမိုကရေစီနည်းကျမည်ဟု အမတ် ပြော”
စိုးသန်းလင်း၊ မဇ္ဈိမ Tuesday, 04 February 2014 11:05

ပြည်ထောင်စုလွှတ်တော်၌ အရေးကြီးသော ကိစ္စများ ဆန္ဒမဲဖြင့်ဆုံးဖြတ်ရာတွင် လျှို့ဝှက်မဲစနစ် အသုံးပြု ခြင်းသည် ပို၍ ဒီမိုကရေစီနည်းလမ်းသည်ဟု ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါ် လျှံလွင်က ဖေဖော်ဝါရီ ၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အပြီးတွင် မီဒီယာများကို ပြောသည်။

“မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်နာယကတွေ၊ ဥက္ကဋ္ဌတွေက တစ်ခုသာတာက သူတို့မလိုချင်တဲ့ ကိစ္စဆို ရင် ထောက်ခံသူတွေ မတ်တပ်ရပ်ပြီး ထပြပါတဲ့။ သူတို့ အောင်ချင်တဲ့၊ အတည်ပြုစေချင်တဲ့ ကိစ္စကျတော့ ကန့်ကွက်သူတွေ မတ်တပ်ရပ်ခိုင်းပြန်ရော။ သူတို့လို ဗိုလ်ချုပ်ကြီး(ဟောင်း)တွေရှေ့မှာ ဘယ်သူက ထိုင် ရာကထရဲမှာလဲ။ ကြောက်လို့ထိုင်နေကြတာ။ တကယ်တမ်း ဒီမိုကရေစီလိုချင်ရင် မတ်တပ်ထတဲ့နည်း မသုံးဘဲ လျှို့ဝှက်မဲစနစ်နဲ့ ဆုံးဖြတ်ပေးသင့်တယ်” ဟု ယနေ့ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းတာဝန်ပေး ခြင်းအတွက် ပြည်ထောင်စုလွှတ်တော် အဆုံးအဖြတ် ရယူခဲ့သည့်ပုံစံအပေါ် ၎င်းက ရည်ညွှန်းပြောဆို ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကော်မတီကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်ကြသော်လည်း “၀” ဒီမိုကရက်တစ်၊ တအာင်း၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကဲ့သို့ သော ပါတီငယ်များမှ တစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိဘဲ ကျန်ရှိခဲ့သည်ကို ဦးပေါ်လျှံလွင်က ဒီမိုကရေ စီနည်းမကျကြောင်း ပြည်ထောင်စုလွှတ်တော် နာယကအား ထောက်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ကော်မတီဝင်ဦးရေ များလာသည်နှင့်အမျှ ဆွေးနွေး မည့်သူ ဦးရေများလာပြီး လုပ်ငန်းများ နှောင့်နှေးသွားနိုင်ကြောင်းစသည့် ဆီလျော်အောင် ရှင်းလင်းမှုများ ပြန်လည်တင်ပြခဲ့အပြီး ချင်းအမတ်၏ သဘောထားအပေါ် လွှတ်တော်က ထောက်ခံလျှင် ထောက်ခံ သည့် အမတ်များ မတ်တပ်ရပ်ကြသည့်စနစ်ဖြင့် မဲခွဲစေခဲ့သည်။ ထောက်ခံသူအမတ်ဦးရေ ၃၈ ဦးသာရှိ သဖြင့် ချင်းအမတ်အဆို ရှုံးခဲ့သည့်နောက်တွင် ချင်းအမတ်က ယခုကဲ့သို့ မီဒီယာကို ဖြေကြားခြင်းဖြစ် သည်။

“အခုလွှတ်တော်မှာ တပ်မတော် အပါအ၀င် ပါတီစုစုပေါင်း၊ တစ်သီးပုဂ္ဂလ တစ်ဦးနဲ့ ပါဆိုရင် ၂၁ ခု ရှိပါ တယ်။ အကောင်အထည်ဖော်မှု ကော်မတီမှာ ပါတီတိုင်းရဲ့ ကိုယ်စားပြုကိုယ်စားလှယ်တွေ မပါဘူးဆိုရင် လွှတ်တော်အတွက်ရော၊ ပါတီအတွက်ရော၊ ပါတီဝင်တွေအတွက်ပါ ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးနေပါ တယ်”ဟု ဦးပေါ်လျှံလွင်က ရှင်းလင်းပြောကြားပြီး ယခုကော်မတီတွင် လွှတ်တော်ထဲရှိ ပါတီများအားလုံး ၏ ကိုယ်စားလှယ်တို့ ပါဝင်ခွင့်ရရန် အမှန်လိုအပ်လှကြောင်း ဝေဖန်ထောက်ပြခဲ့သည်။

ထို့အပြင် ၎င်းက ပြည်ထောင်စု လွှတ်တော်နာယကကို ဤသို့ တင်ပြအကြံပြုခဲ့သည်။ “ယခုကော်မတီကို ၃၁ ဦးဖြင့် ဖွဲ့စည်းရမည်ဟု ဆုံးဖြတ်ထားလျှင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှင့် တပ်မ တော်သား ကိုယ်စားလှယ်ဦးရေ လျှော့ချပြီး မပါသော ပါတီငယ်များမှ ကိုယ်စားလှယ်များကို ဖြည့်စွက် စေမည့် နည်းလမ်းဖြင့် လည်းကောင်း၊ တကယ်မလျှော့ချနိုင်ပါက ၂၁ ပါတီ ကိုယ်စားလှယ်အသီးသီး ပါ ၀င်နိုင်မည့် ကော်မတီဝင်အရေအတွက်ကို သတ်မှတ်ပေးသင့်ပါတယ်။ ဒီလို ပါဝင်ခွင့်ပေးလို့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သားကိုယ်စားလှယ်ဦးရေ များလာရင်လည်း များချင်သလောက် များပါစေ” ဟု တင်ပြခြင်း
ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်ထဲရှိ ပါတီအသီးသီး၏ ကိုယ်စားလှယ် အရေအတွက်နှင့် ကော်မတီအဖွဲ့ဝင်ဦးရေကို အချိုးချပြီး ပါဝင်စေခြင်းသာ ဖြစ်ကြောင်း၊ ကော်မတီဝင် မဖြစ်ဘဲ ကျန်နေသော ပါတီငယ်များကို ကော်မတီအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးခွင့်ပြုထား ကြောင်း၊ ကော်မတီ၏တင်ပြချက်များကို လွှတ်တော်ကပင် ဆွေးနွေးဆုံးဖြတ်ကြရမှာ ဖြစ်ကြောင်းဖြင့် ပြန်လည်ရှင်းပြသည်။

ထိုသို့ အကောင်အထည်ဖော်မှု ကော်မတီတွင် မပါဝင်သော်လည်း ကော်မတီ အစည်းအဝေးများသို့ တက်ရောက် အကြံပြုဆွေးနွေးနိုင်သည့် ပါတီပေါင်း ကိုးခုရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိသည်။

၎င်းတို့မှာ ချင်းအမျိုးသားပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊တအာင်း(ပလောင်) အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင် ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ တို့ဖြစ်သည်။ အဆိုပါအဖွဲ့ဝင် ၃၁ ဦးရှိ အကောင်အထည်ဖော်ဆောင်မှု ကော်မတီ၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှာ ယခင်ဖျက်သိမ်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ပင် ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

ဓါတု လက်နက်စက်ရုံမှုခင်း အပေါ် ဥပဒေကြောင်း သုံးသပ်ချက်

Legal analysis on Chemical Weapon Factory by Legal Aid Network
++++++++++++++++++++++++++++++++++++
ဓါတု လက်နက်စက်ရုံမှုခင်း အပေါ် ဥပဒေကြောင်း သုံးသပ်ချက်
မကွေးတိုင်း ပေါက်မြို့ နယ်တွင် စစ်အစိုးရ တည်ထောင်ထားသော လက်နက်စက်ရုံသတင်း ကို ယူနီတီ ဂျာနယ်တွင် ဖေါ်ပြခဲ့သဖြင့် သတင်းထောက်ကိုလူမော်နိုင်အား ဖမ်းဆီးပြီး တရားဝင်လျှို့ ဝှက်ချက် ဥပဒေအရ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အရေးလိုက်သည့်အပြင် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း နှင့် အခြားသတင်းထောက် သုံးဦး တို့ အား ဆက်လက် ဖမ်းဆီးထားသည့် မှုခင်းနှင့် စပ်လျှဉ်း၍[1] ဥပဒေကြောင်းအခြေခံမှလည်းကောင်း၊ လူတဦး ချင်းစီ၏ အခြေခံအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာထုတ်ဖေါ်ခွင့် ရှုဒေါင့်နှင့် တိုင်းပြည်၏ အကျိုးဖြစ်သည့် တရားဝင် လုံခြုံမှု ရှုဒေါင့် တို့ မှ လည်းကောင်း ချဉ်းကပ်သုံးသပ်ပါမည်။
ထိုကဲ့သို့ သတင်းစာဆရာများအား အရေးယူလိုက်ခြင်းမှာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို ဆုံရှုံးစေ သဖြင့် ဒီမိုကရေစီကို ထိခိုက်စေသည်ဟူ၍လည်းကောင်း၊ အဆိုပါသတင်းစာဆရာများသည် တိုင်းပြည်၏ လျှို့ ဝှက် ချက်ကို ဖေါ်ထုတ်လိုက်သဖြင့် တည်ဆဲဥပဒေကို ချိုးဖေါက်လိုက်ခြင်းဖြစ်သည် ဟူ၍လည်း ကောင်း အလွယ်တကူ နိဂုံးမချုပ်သင့်ပါ။ ပထမ တခုသည် လူတဦးချင်းစီ၏ အခွင့်အရေးကို အဓိက ထားသည်။ ဒုတိယ တခုသည် လူ့ အဖွဲ့  အစည်းတရပ်လုံး၏ အကျိုးစီးပွားကို အဓိကထားသည်။ ဤနှစ်ခုကို မှန်ကန်စွာ ပေါင်းစပ်နိဂုံးချုပ် အဖြေရှာရန် လိုအပ် လာသည်။
လွတ်လပ်စွာထုတ်ဖေါ်ခွင့်သည် လူ့ အဖွဲ့ အစည်း၏ အသက်သွေးကြောဖြစ်သည်။ သို့ ရာ တွင် လွတ် လပ်စွာထုတ်ဖေါ်ခွင့်သည် အကန့် အသတ်မဲ့ မဟုတ်ပါ။ အကန့် အသတ်နှင့် ကျင့်သုံးရသည်။ တချိန်တည်း၌ ကန့်  သတ်မှု နည်းနိုင်သမျှ နည်းအောင် ကြိုးစားရသည်။[2] ကန့် သတ်မှု နည်းလေလေ၊ လွတ်လပ်မှု ပိုရလေလေဖြစ်သည်။ ရှိသင့် သော အကန့် အသတ်အောက်တွင် ယူနီတီဂျာနယ်မှသတင်းစာဆရာများအား အရေးယူလိုက်ခြင်းဖြစ် သလား၊ သို့ မဟုတ် ကျယ်ပြန့် ပြီး ဒီမိုကရေစီ၏ အနှစ် သာရ ကို ထိပါးစေနိုင်သည့် အကန့် အသတ်အောက်တွင် အရေးယူခံရ သလား ဟူသည်ကို ဆန်းစစ်ရန် လိုအပ်လာသည်။

ဥရောပ တိုက်၏ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် အဖြစ်မှ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံစာရင်း ၀င်အဖြစ်သို့  နှစ်ပေါင်း ရှစ်ဆယ်မျှအတွင်းပြောင်းလဲ သွားခဲ့သောဆွီဒင် နိုင်ငံတွင် လွတ်လပ်ထုတ်ဖေါ်ခွင့်ကို ကိုင်စွဲ၍ ဒီမိုကရေစီကို ဖေါ်ဆောင်ကြောင်း ကျေညာကျင့်သုံးသည်။ အကျိုးဆက်အနေဖြင့် ရှင်းရှင်းလင်း လင်းရှိမှုကို ဆန်းစစ်ဖေါ်ထုတ်သော နိုင်ငံတကာအဖွဲ့ အစည်း[3] ၏ အကဲဖြတ်ချက်အရ ဆွီဒင်နိုင်ငံသည် ကမ္ဘာပေါ်တွင် လာဘ် စားမှု အရှင်းလင်းဆုံးနိုင်ငံ များစာရင်းတွင် ထိပ်ဆုံးပိုင်းမှ ပါလေ့ရှိပြီး ၂၀၁၃ ခုနှစ်တွင် ဖင်လန် နိုင်ငံနှင့် ပူးတွဲ ၍ တတိယ နေရာတွင် ရှိသည်။ လာဘ်စားမှု အရှင်းလင်းဆုံးနိုင်ငံများအနက် ပထမ နေရာတွင် ပူးတွဲရှိနေသူ များမှာ ဒိန်းမတ် နှင့် နယူးဇီလန် တို့  ဖြစ်သည်။
လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို ကျင့်သုံးခွင့်အများဆုံးရနေသော ဆွီဒင်နိုင်ငံမှာပင် လက်နက် စက်ရုံ ပေါင်း မြောက်များစွာရှိသည်။ လက်နက်များ၊ လက်နက်ထုတ်လုပ်ရေး နည်းပညာများ ကို အခြားနိုင်ငံ များသို့ ရောင်းချ ကာ ၀င်ငွေရှာသည်။ ယင်းတို့ သည် နိုင်ငံ၏တည်ဆဲဥပဒေအရ[4] ယေဘုယျအားဖြင့် လျှို့ ဝှက်သတင်း[5] များဖြစ်သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖေါ်ပြ ပုံနှိပ်ထုတ်ဝေ ဖြန့် ချီ ခွင့်မရှိ။ ဥပဒေအရ အရေးယူ အပြစ်ပေးခံရပေမည်။ သူလျှိုလုပ်မှု[6] သို့ မဟုတ် သူလျှိုလုပ်ရန် အားထုတ်မှုသည် ကြီးလေးသည့် ရာဇ၀တ်မှု ကျူးလွန်ရာရောက်သည်။
၂၀၁၂ ခုနှစ်မတ်လတွင် ဆွီဒင်နိုင်ငံမှ လက်နက်ထုတ်လုပ် သည့် နည်းပညာများကို အသုံးချ ကာ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ သွားရောက်ပြီး လက်နက်စက်ရုံတည်ပေးရန် ဆွီဒင် အစိုးရ၏ အားထုတ်မှုကို ဆွီဒင် ရေဒီယိုသတင်းထောက်သုံးဦး[7] က ဖေါ်ထုတ်ရေးသားခဲ့သည်။ ယင်းမှာ အစိုးရ၏ ကာကွယ်ရေးမူဝါဒ[8] နှင့် ဆိုင်သော လျှို့ ဝှက်သတင်းဖြစ်သည်။ သတင်းထောက်များမှာ သူလျှိုလုပ်မှုဖြင့်အရေးယူမခံရသည့် အပြင် ၂၀၁၃ ခုနှစ် ဧပြီလ တွင် စုံစမ်းစစ်ဆေးမှုအပေါ်အခြေခံသည့် သတင်းပညာဆု[9] ရရှိသွားကြသည်။[10]
ယူနီတီ ဂျာနယ်မှ သတင်းထောက်အပေါ် စွဲဆိုထားသည့် တရားဝင်လျှို့ ဝှက်ချက် ဥပဒေ[11] ပုဒ်မ ၃ (၁) မှာ သူလျှိုလုပ်မှု[12] ဖြစ်သည်။ ပုဒ်မ (၉) သည် အားထုတ်မှုဖြစ်သည်။ ဗြိတိသျှအုပ်စိုးသည့် ခေတ် ၁၉၂၃ ခုနှစ်တွင် ယင်းဥပဒေကို အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံ လုံးတွင် ပြဌာန်းကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျင့်သုံးပုံခြင်း အတူ တူ လူ့ အဖွဲ့ အစည်းနောက်ခံကွာခြားသော အခါ အိန္ဒိယ နိုင်ငံက မြန်မာနိုင်ငံထက်များစွာသာလွန်ကြောင်းတွေ့ နိုင်သည်။ အိန္ဒိယတွင် ဒီမိုကရေစီကိုတန်ဘိုးထားသည့်အပြင် လွတ်လပ်သော တရားစီရင်ရေးစနစ် လွန်စွာအားကောင်းသည်။ တရားဝင်လျှို့ ဝှက်ချက် ဥပဒေ ကို ချိုး ဖေါက်ကြောင်းဖြင့် အိန္ဒိယ အစိုးရက သတင်းထောက် ဂီလာနီ ဆိုသူအား ၂၀၀၂ ခုနှစ် ဇွန်လတွင် တရား စွဲခဲ့သော်လည်း ခုနှစ်လခန့် အချုပ်နှင့်ရင်ဆိုင်ခဲ့ရပြီးနောက် အမှုကို ပြန်လည်ရုပ်သိမ်းပေး လိုက်သည်။[13]
“တရားဝင်လျှို့ ဝှက်ချက် ဥပဒေဟာ အလွန်ရှေးကျလွန်းတယ်။ လျှို့ ဝှက်ချက် ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုချက် မရှင်းလင်းဘူး။ ဗြိတိန်မှာ ၁၉၈၉ ခုနှစ်မှာ အဲဒီဥပဒေကို ဖျက်သိမ်း ခဲ့ပြီး လုံးဝ ကွဲပြားတဲ့ဥပဒေကို ကျင့်သုံး နေပြီ။ ဒီဥပဒေကို အိန္ဒိယမှာ တစစီဖျက်ပစ်သင့်နေပြီ” ဟု ဂီလာနီက ပြောခဲ့သည်။[14] မြန်မာနိုင်ငံတွင်လည်း အလားတူ သုံးသပ်ရမည် မုချဖြစ်သည်။
ဗြိတိန်ုနိုင်ငံတွင် အများပြည်သူ အကျိုးစီးပွားဖေါ်ထုတ်ခွင့်ဥပဒေ ကို ၁၉၉၈ ခုနှစ်တွင် ပြဌာန်းခဲ့ သည်။[15] ၄င်းအရ ဆိုလျှင် သဘာဝပတ်ဝန်းကျင်ပျက်စီးစေမှုနှင့် ရာဇ၀တ်ပြစ်မှု စသည်တို့ နှင့် စပ်လျှဉ်း၍ ဖေါ်ထုတ် ခြင်းအား အကာအကွယ်ပေးကြောင်း ပြဌာန်းထားသည်။ ယင်းဥပဒေတွင် ပုဂ္ဂိုလ်ရေး အကာအကွယ်ပေးမှုများနှင့် စပ်လျှဉ်း၍ အငြင်းပွားမှုများရှိခဲ့သဖြင့် ပြင်ဆင်မှုများပြုခဲ့ရသော်လည်း ဥပဒေ အရ တာဝန်ရှိမှုကို ချိုးဖေါက်ခြင်းကဲ့သို့  သော အများ ပြည်သူအကျိုးစီးပွားကို ဦးတည်သည့် ဖေါ်ထုတ်မှုကိုမူ ဆက်လက်အတည်ပြုပြဌာန်းထားသည်။[16]
မြန်မာနိုင်ငံ၏ တည်ဆဲ တရားဝင်လျှို့ ဝှက်ချက် ဥပဒေ၏ မိခင်ဖြစ်သည့် ဗြိတိန် နိုင်ငံတွင် ယင်းဥပဒေ ထက်များစွာပိုကောင်းသော 1989 ခုနှစ် ဥပဒေ[17] ကိုသာမက အများပြည်သူ အကျိုးစီးပွားဖေါ် ထုတ်ခွင့်ဥပဒေ ကိုပါ ၁၉၉၈ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ယင်းကို ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ ၂၉ ရက်နေ့ တွင်နောက်ဆုံး ပြင်ဆင်ခဲ့သည်။ ထို့ အပြင် ၂၀၀၀ ခုနှစ်တွင် သတင်း လွတ်လပ်မှုဥပဒေကိုပါ ပြဌာန်းခဲ့ပြန်သည်။[18] ယင်းသို့ ဖြင့် လွတ်လပ် စွာ ထုတ် ဖေါ်ခွင့်သည် ပို၍ အားကောင်းလာခဲ့သည်။ အိမ်နီးခြင်း ဖြစ်သည့် ထိုင်းနိုင်ငံမှာပင် ၂၀၁၀ ခုနှစ် တရားဝင်သတင်း ဆိုင်ရာ ဥပဒေပေါ်ပေါက်လာခြင်းဖြင့် ပြည်သူလူထု၏ သိရှိခွင့်[19] ကို များစွာပို၍ အားဖြစ်စေသည်။
မြန်မာနိုင်ငံတွင်မူ လွန်ခဲ့သော နှစ်ပေါင်း ၉၁ နှစ်က ပြဌာန်းခဲ့သည့် ဥပဒေဟောင်းကြီးကို ယနေ့ တိုင် သုံးစွဲ နေဆဲ ဖြစ်သည်။ ဗြိတိန်နိုင်ငံကဲ့သို့  အများပြည်သူ အကျိုးစီးပွားဖေါ်ထုတ်ခွင့်ဥပဒေ သာ ရှိမည်ဆိုပါက ဓါတု လက်နက်များ ထုတ်လုပ်နေသည်ဟု ယူဆနိုင်သည့် လက်နက်စက်ရုံ အကြောင်း ဖေါ်ထုတ်ရေးသားသော ယူနီတီ
ဂျာနယ်မှ သတင်းထောက်များသည် ဆွီဒင်ရေဒီယိုမှ သတင်းထောက်များ ဆုရသကဲ့သို့  စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံသည့် သတင်းပညာဆု ရရှိကြပေမည်။ ဦးသိန်းစိန်အစိုးရ အနေဖြင့် နိုင်ငံတကာဥပဒေအရတာဝန်ရှိမှုအပေါ် လိုက်နာမှုရှိမရှိ စုံစမ်းစစ်ဆေး ဖေါ်ထုတ်နိုင်ရန် ကြိုးစား သောကြောင့်ဖြစ်သည်။ ယင်း မှာ အဘယ်နည်း။
ဓါတုလက်နက် ထုတ်လုပ်မှုကို နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားသည်။[20] ဤသည်ကို တကမ္ဘာ လုံးရှိ နိုင်ငံအားလုံးလိုက်နာကြရသည်။ သို့ ဖြစ်၍ ယင်းနှင့်စပ်ဆိုင်သည့် သတင်းအား တိုင်းပြည် ၏ တရားဝင်လျှို့ ဝှက် ချက် အနေဖြင့်လည်းကောင်း၊ တိုင်းပြည်ကာကွယ်ရေး နှင့် သက်ဆိုင်သည့် သတင်း အနေဖြင့်လည်းကောင်း ဖုံးကွယ် ထားခွင့်မရှိပါ။ ယင်းသို့ ဖြစ်ပါက နောင်နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ဆီးရီးယားနိုင်ငံတွင် အာဆတ်အစိုးရ ထုတ် လုပ် ခဲ့သည့် ဓါတုလက်နက်စက်ရုံများအား ကုလသမဂ္ဂက ကြီးကြပ်ပြီးဖျက်ဆီးပစ်ရသည့် အနေအထားမျိုးကဲ့သို့  ရောက်သွားနိုင်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် အထူးရံပုံငွေ ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်သည် မည်သည့် အဖွဲ့ အစည်း၏ စာရင်းစစ်ဆေးမှုမျှ ခံယူစရာမလိုဘဲ တိုင်းပြည်ဘဏ္ဍာငွေများအား ထင်သလို အသုံးချခွင့်ရနေသည်။ ယင်းငွေများကို ဓါတုလက်နက် စက်ရုံအတွက်သုံးနေမည်ဆိုလျှင်လည်း မည်သူမျှ မသိနိုင်။ လူ့ အဖွဲ့ အစည်းနောက်ခံ သည် အမှောင်ဖုံးနေဆဲဖြစ်သဖြင့် အမှန်တရားဖေါ်ထုတ်ရန်ကြိုးပမ်းမှုများ ရှိနေသည်မှာ သဘာဝကျသည်။
ယူနီတီ ဂျာနယ်မှ သတင်းထောက်များသည် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို လူတဦးချင်း အနေဖြင့် ရိုးရိုးကျင့်သုံး နေခြင်း မဟုတ်။ Investigative Journalism ဟုခေါ်သည့် စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်း ပညာ ကို အသုံးပြု ကာ တိုင်းပြည်လူထု အကျိုးစီးပွားကို ဖေါ်ဆောင်ရန်ကြိုးပမ်း နေကြခြင်းဖြစ်ပုံရသည်။ ယင်းသို့ ဖြစ် ပါက ယူနီတီ ဂျာနယ်သည် သတင်းခေတ်တခေတ်ကို စတင်ဦးဆောင် နေခြင်းဟု အသိအမှတ်ပြုရပါမည်။ စုံစမ်းစစ် ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာကို လိုက်စားသော နိုင်ငံသားသတင်းသမားများ[21] အမြောက်အများပေါ်လာ ပါက လူ့ အဖွဲ့ အစည်းအပြောင်းအလဲကို ကြီးမားစွာ အထောက်အပံ့ဖြစ်ပါမည်။
၂၀၀၈ ဖွဲ့ စည်းပုံပေါ်အခြေခံတည်ဆောက်ထားသော လွှတ်တော်မှာမူ လူ့ အဖွဲ့ အစည်းကို စစ်မှန် သော လမ်းကြောင်းသို့ ဦးတည်ပြောင်းလဲနိုင်စွမ်း ရာနုန်းပြည့်ကင်းမဲ့လျှက်ရှိသည်။ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံရေး ဥပဒေအပါအ၀င် စစ်အာဏာရှင်အစိုးရအဆက်ဆက် ပြဌာန်းခဲ့သည့် မည်သည့် မတရားဖိနှိပ်သည့် ဥပဒေတခု တလေ ကို မျှ မရုပ်သိမ်းနိုင်။ ဒီမိုကရေစီ၏ အသက်သွေးကြော ဖြစ်သော အခြေခံလွတ်လပ်မှု အခွင့်အရေးသုံးရပ် (လွတ်လပ် စွာထုတ်ဖေါ်ခွင့်၊ စည်းရုံးခွင့် စုဝေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့  စည်းခွင့်) တို့ ကိုအာမခံပေးနိုင်သည့် ဥပဒေများအား မပြ ဌာန်း နိုင်ရုံသာမက ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေကဲ့သို့  ဗြိတိသျှကိုလိုနီခေတ်က ကျန်ရစ်ခဲ့ သည့် ဥပဒေအမွေ ကောင်းများကို ဖျက်ပစ်ခဲ့သည်။ လွတ်လပ်ရေးရစခေတ်က စည်းရုံးခွင့်၊ စုဝေးခွင့်များအား အောင်မြင်စွာကျင့်သုံးခွင့်ရ ခဲ့ သည့် ရဲဥပဒေများအား ချောင်ထိုးထားပြီး မတရားဖိနှိပ်သည့် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည် ခွင့် ဥပဒေကို ပြဌာန်းခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို အထောက်အပံ့ဖြစ်စေရန် တရားဝင် သတင်းဆိုင်ရာ ဥပဒေ မျိုးကို ပြဌာန်းပေးရန် မည်သည့် လွှတ်တော်အမတ်ကမျှ မမြွက်ဟကြရုံသာမက ဗြိတိသျှကိုလိုနီခေတ်က ကျန်ခဲ့ သည့် ဥပဒေအမွေဆိုးဖြစ်သော ၁၉၂၃ ခုနှစ် တရားဝင် လျှို့ ဝှက်ချက် ဥပဒေကို ပယ်ဖျက်ရုပ်သိမ်းရန် သို့ မဟုတ် အစားထိုးရန် မည်သူကမျှ အဆိုတင်သွင်းခြင်းမရှိ။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လူထုထံမှ အကြံပေးစာ များ ရရှိသည်ဟု ဆိုသော်လည်း ၂၀၀၈ ဖွဲ့ စည်းပုံသည် ဖက်ဒရယ်အခြေခံလမ်းကြောင်းနှင့် ကင်းလွတ်လျှက်ရှိကြောင်း မည်သည့် လွှတ်တော်အမတ်မျှ မဆွေးနွေးရဲကြ။ ၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ တွင် ဖက်ဒရယ် ဥပဒေရေးဆွဲရန် ဦးတီခွန်မြတ် နှင့် ဒေါ်နန်းဝါနုတို့ အား တာဝန်ပေးကြောင်း မိန့် မိန့် ကြီး ကြေငြာခဲ့သည့် လွှတ်တော်ဥက္ကဌ ဦးရွှေမန်း သည် မသိခြင်ယောင်ဆောင်လျှက်ရှိသည်။ ဖက်ဒရယ် ဥပဒေသည် ဘယ်ရောက်နေသည် မသိ။ ဥပဒေ အထက်မှာ လွှတ်တော် ရှိတယ် ဟူ၍ ကလိရုံမျှ ကလိခဲ့သည့် ဒေါက်တာဆိတ်ဖွား ဆိုသူအား ရှူးရှူးရှားရှားလုပ်ကာ ခုတ်မယ်၊ ထစ် မယ်၊ ပါးပါးလှီးမယ် ကြိမ်းဝါးခဲ့ကြသော လွှတ်တော်သည် ယခုတော့ သူတို့ နှင့် မဆိုင်သယောင်ပြုနေသည်။
“ဘယ်နိုင်ငံရေးပါတီကိုမျှ ဂရုမစိုက်၊ အစိုးရကို အတိုက်အခံလုပ်တဲ့ နိုင်ငံရေးသမားတွေကို ထောင်ချ ပစ်မယ်။” ဟူ၍ အသားလွတ် ကြိမ်းမောင်းခြိမ်းခြောက်နေသော နယ်လှည့်ပါးရိုက်ဝန်ကြီး ဗိုလ်ချုပ်ဟောင်းအုန်းမြင့် အား အရေးယူရန် ဝေးစွ။ လွှတ်တော်က မသိယောင်ပြုလျှက်ရှိသည်။ အနည်းအပါး ဝေဘန်ပြောဆိုမည်လားဟူသော မြှော်မှန်းချက်ကလေးဖြင့် ဒီဗွီဘီ သတင်းထောက်က အင်တာဗျူးသောအခါ လွှတ်တော်အမတ်တဦးက “ပန်းနဲ့ ပေါက် သလာက်ဘဲ သဘော ထားပါတယ်။” ဟူ၍ မခို့ တရို့ အပြုံးဖြင့် ပြန်ကြားခဲ့သည်။
လွှတ်တော်အမတ်ဟူသည် ပုဂ္ဂိုလ် တဦးအနေဖြင့် မိမိ၏ ခံစားချက်ကို ရှေ့ တန်းတင်ပြောရန်မဟုတ်။ လူ့ အဖွဲ့ အစည်း လျှောက်သင့်သည့် လမ်းကြောင်း ကို ဦးတည်၊ လူထု၏ နစ်နာမှုကို ကိုယ်စားပြုဖွင့်ချကာ၊ တရားမှု အတွက် တိုက်ပွဲဝင်ရန် တာဝန်ရှိသည်။ ဗိုလ်ချုပ် ဟောင်းအုန်းမြင့် သည် ဒီမိုကရေစီကို အတိအလင်း စော်ကားနေ ခြင်းဖြစ်သည်။ ယင်းမှာ လူထုကို စော်ကားခြင်းဖြစ်သည်။ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို တလွဲ အသုံးချနေခြင်း လည်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် လွတ် လပ်စွာ ထုတ်ဖေါ်ခွင့် ဆိုသည်မှာ အစိုးရအာဏာပိုင် များထံတွင်သာ ရှိကြောင်း သက်သေပြနေခြင်းဖြစ်သည်။ ဤသည်ကို မဖေါ်ထုတ်ဘဲ “ပန်းနဲ့ ပေါက် သလာက်ဘဲ သဘော ထားပါ တယ်။” ဟူ၍ ခေါင်းစင်းခံပေးနေသော လွှတ်တော်အမတ်များသည် စနစ်ဟောင်းကို ပြောင်းနိုင်ဘွယ်မရှိပါ။
လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို အထောက်အပံ့ဖြစ်စေမည့် ဥပဒေသစ်များ ပြဌာန်းပေးရန် ဝေး၍ မတရားဥပဒေဖြင့် အရေးယူခံနေရသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များမှုခင်းကိုလည်း လွှတ်တော်အတွင်း မည်သည့် ဆွေးနွေးမှုမျှမပြု။ ၂၀၀၈ ဖွဲ့ စည်းပုံအောက်တွင် ဦးရွှေမန်းခေါင်းဆောင်လျှက်ရှိ သော လွှတ်တော်သည် မည်သို့ လျှင် လူ့ အဖွဲ့ အစည်းကို ပြောင်းလဲနိုင်မည်နည်း။
၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ သို့ ပြောင်းသွားခြင်းမှာ လွှတ်တော်က ဦးဆောင်စတင် ခဲ့ခြင်း မဟုတ်ပါ။ အစိုးရ၏ လူ့ အခွင့်အရေးချိုးဖေါက်မှုများကို လူထုအသင်းအဖွဲ့ များက ဖေါ်ထုတ်ရာတွင် သတင်းမီဒီ ယာများက တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ကြသည်။ အမှန်တရားကို ဖေါ်ထုတ်ကြသည်။ ဥပဒေရေးရာ အဖွဲ့  အစည်းများက ပံ့ပိုးပေးကြသည်။ ယင်း၏ အကျိုးဆက်အနေဖြင့် ကျောင်းသားများ၊ အခြေခံလူထုများ၊ နိုင်ငံရေး အင်အားစုများ ပါဝင်သည့် လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဆယ်ဂဏန်းတချို့ မျှ အရေအတွက် ရှိသည့် စစ်ဗိုလ်များ အင်ဒိုနီးရှားလွှတ်တော်မှ ထွက်တော်မူ နန်းကခွါခဲ့ရသည်။ လတ်တလော မြန်မာနိုင်ငံ အခြေအနေ တွင် သတင်းမီဒီယာများသည် စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာ ကို ယခုထက်ပို၍ အသုံးပြုလာကြ မည်ဆိုလျှင် ယင်းသို့ မြှော်လင့်ဘွယ်ရှိလာနိုင်သည်။
ယခုအငြင်းပွားသည့် လက်နက်စက်ရုံမှာ လက်ရှိသမတ ဦးသိန်းစိန် က နအဖစစ်အစိုးရ၏ ၀န်ကြီး ချုပ်အနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ထားခဲ့သည့် စက်ရုံဖြစ်သည်။ ယူနီဖေါင်း ချွတ်၊ အရပ်ဝတ် ပြောင်းကာ သမတ တာဝန်စတင်ယူခဲ့စဉ်က ရှင်းရှင်းလင်းလင်းရှိမှု [22] နှင့် တာဝန်ခံမှု [23] ဟူ သော စကားလုံးများကို ရွှန်းရွှန်းဝေအောင် သုံးခဲ့သူဖြစ်၏။ သို့ ဖြစ်ပါလျှက် ၄င်းသည် လူ့ အဖွဲ့ အစည်း ရှင်းရှင်းလင်းလင်း ရှိစေရန် ပံ့ပိုးကူညီ နေသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များကို အဘယ်ကြောင့် အရေးယူနေသနည်း။ အပြောတခြား၊ အလုပ် တလွဲဖြစ်သည်။ အရပ်ဝတ်ပြောင်းထားခြင်းမှာ ၀ိုင်အရက်ဟောင်းကို ပုလင်းသစ်ထဲ သို့ ထည့်ထားခြင်းသာဖြစ်ကြောင်း ပို၍ထင်ရှားလာသည်။ ယင်းသို့ မဟုတ်ဟု ဆိုပါက ယူနီတီဂျာနယ်မှ သတင်းထောက်များအား ဖမ်းဆီး အရေးယူထား ရာမှ ချက်ခြင်းလွှတ်ပေးပြီး အငြင်းပွားလက်နက်စက်ရုံမှာ ဓါတုလက်နက် စက်ရုံမဟုတ်၊ ရိုးရိုး စက်ရုံသာဖြစ်ကြောင်း၊ မယုံလျှင် နိုင်ငံတကာမှ အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း ထုတ်ပြန် လိုက်ရုံမျှ နှင့် ဤပြသနာပြီးဆုံး သွားပါမည်။
မြန်မာနိုင်ငံသည် အမှောင်ဖုံးနေသည့် စစ်အာဏာရှင်အုပ်ချုပ်မှု ဆယ်စုနှစ် ငါးစုကျော် ဖြတ်သန်းခဲ့ ရသော နိုင်ငံဖြစ်သည်။ အလင်းခေတ်ကို ရောက်ရန် သတင်းထောက်များအပါအ၀င် အခြေခံလူထုများသည် နည်း ပေါင်းစုံနှင့် ဆက်လက်ကြိုးပမ်း နေ ကြဆဲဖြစ်သည်။ အလင်းခေတ်ကို မရောက်သေးသည်မှာ အတိအကျဖြစ်သည်။ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှု ဟူသည်မှာ အမည်ခံမျှသာ ဖြစ်နေပြီး ယင်းအောက်တွင် စစ်အာဏာ ရှင်စနစ် ကြီးထွားအောင်သာ ဖေါ်ဆောင်ခြင်း ခံနေရသည်။ သာဓက ဖြစ်ရပ်အတော်များများကို ထောက်ပြ လျှက် “သတင်းစာ၊ ဂျာနယ်တွေ လွတ်လပ်ခွင့်ရလာ တယ်ဆိုတာ အာဏာပိုင်တွေ ကြိုက်တာတွေ ရေးနေ ကြလို့ ပါဗျာ။” ဟူ၍ လက်ရှိ ပြည်တွင်းသတင်းထောက် တဦးက ပြောဘူးသည်။
မည်သို့ ပင်ဖြစ်စေ၊ ရေးခွင့်ရ ပြောခွင့်ရသမျှလေးကို အသုံးချလျှက် ရိုးရိုးသတင်းများကို လိုက်လံစု ဆောင်းဖေါ်ပြနေရာမှ တဆင့်မြှင့်ပြီး စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာကို အသုံးချကာ ရှင်းရှင်းလင်း လင်း ရှိသည့် လူ့ အဖွဲ့ အစည်းဖြစ်လာနိုင်ရေးအတွက် ပိုင်းခြားဝေဘန်သုံးသပ်ချက်များတိတိပပ လုပ်လာသည့် သတင်း သမားများအား လေးစားရပါမည်။
ရှင်းရှင်းလင်းလင်းရှိမှုကို စောင့်ကြည့်လေ့လာသည့် နိုင်ငံတကာ အဖွဲ့ အစည်းကြီးက ဖေါ်ပြသည့် ၂၀၁၃ ခုနှစ်အတွက် လာဘ်စားမှု အကင်းစင်ဆုံးနိုင်ငံများစာရင်းတွင် ဒိန်းမတ်နိုင်ငံနှင့် ယှဉ် တွဲ၍ ပထမနေရာရ သည် မှာ နယူးဇီလန်နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံတွင် စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာ အားကောင်းသည်။ နစ်ကီ ဟေဂါ [24] ကဲ့သို့  သတင်းထောက်များနံမည်ကြီးသည်။ မြန်မာနိုင်ငံကဲ့သို့ ပင် နယူးဇီလန်နိုင်ငံတွင် (၁၉၅၁ ခုနှစ်) တရားဝင်လျှို့ ဝှက်ချက်ဥပဒေ မျိုးရှိသော်လည်း ၁၉၈၂ ခုနှစ်၌ တရားဝင်သတင်း ဆိုင်ရာ ဥပဒေပြဌာန်းပြီးနောက်တွင် လွတ်လပ်စွာ ထုတ်ဖေါ် ခွင့် အဆများစွာ ပိုရလာခဲ့သည်။ မြန်မာနိုင်ငံကဲ့သို့ အာဏာပိုင်များလာဘ်စားရာတွင် ထိပ်ဆုံး တန်းနေရာတွင်ပင် ရှိနေ သေးသည့် တိုင်းပြည်၌ စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာ[25] ဖွံ့ ဖြိုးလာမှသာ ဥပဒေစိုးမိုးရေး အတွက် အထောက်အပံ့ဖြစ်စေပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် စီမံလုပ်ဆောင်နေမှုများ၊ အာဏာအလွဲသုံးစား မှုများ၊ လာဘ်စားမှုများ တဖြေးဖြေးလျော့ပါးသွားစေကာ ရှင်းရှင်းလင်းလင်း ရှိသည့် အလင်း ခေတ်သို့ တည်နိုင်ပါ မည်။
ယင်းအတွက် မည်သည့်ပြစ်မှုမျှ ကျူးလွန်ခြင်းမရှိသောယူနီတီဂျာနယ်မှ ဖမ်းဆီးအရေးယူခံ သတင်း သမားများ အားလုံးအား ချွင်း ချက်မရှိ ပြန်လွှတ်ပေးရန် အာဏာပိုင်များ အား ဥပဒေအထောက်အကူပြုကွန်ယက်က တောင်းဆိုလိုက်သည်။ ၄င်းတို့ လွတ်မြောက်လာရေးအတွက် အောက်ပါ အင်အားစုများအနေဖြင့် တခဲနက် စုပေါင်း လှုပ်ရှားကြရန်လည်း အလေးအနက် မေတ္တာရပ်ခံပါသည်။
(၁) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများ။
စစ်အစိုးရများသည် ဓါတု လက်နက် ထုတ်လုပ်သုံးစွဲခဲ့သည့် သာဓကများအား ကရင်ပြည်နယ် နှင့် ကချင်ပြည်နယ် တိုက်ပွဲများအတွင်း တစုံတရာ တွေ့ ကြုံခဲ့ရသည်။ စစ်အစိုးရအဆက်ဆက်သည် မည်သည့် နိုင်ငံခြား တိုင်းပြည်နှင့်မျှ စစ်ခင်းခဲ့ခြင်းမရှိ။ စစ်ခင်းနိုင်ဘွယ်အခြေအနေလည်း မရှိ။ ဓါတု လက်နက်ထုတ်လုပ်သည့် သတင်းမှန်လျှင် ယင်းလက်နက်များမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများကို ချေမှုန်းရန်မှ တပါး အခြားမရှိ။
ယူနီတီ ဂျာနယ်မှ သတင်းထွက်ပေါ်လာခြင်းဖြင့် ယင်းလုပ်ငန်းစဉ် စီမံချက်ကို တစုံတရာ အဟန့် အတားဖြစ်စေ နိုင်သည်။
(၂) ဒီမိုကရေစီ အင်အားစုများ
လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်သည် ဒီမိုကရေစီ ၏ အသက်သွေးကြောဖြစ်သည်။ နိုင်ငံတကာ ဥပဒေ၏ စိုးမိုးမှုအောက်တွင် ဓါတုလက်နက်ကင်းစင်သော နိုင်ငံအနေဖြင့် ရပ်တည်နိုင်ရန် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ကို သုံးစွဲကာ အမှန်တရားကို ဖေါ်ထုတ်ရန် ကြိုးစားသော ယူနီတီ ဂျာနယ်မှ သတင်းထောက်များ ချွင်းချက်မရှိ လွတ် မြောက်လာရေး အတွက် ကြိုးပမ်းပေးသင့်ပါသည်။
(၃) ဥပဒေပညာရှင်များ နှင့် လူထုအသင်းအဖွဲ့ များ
ဤမှုခင်းမျိုးအား လူ့ အလွှာအလိုက် အကျိုးသက်ရောက်စေနိုင်သည့် မှုခင်း[26] ဟူ၍ နိုင်ငံတကာ တွင် သတ်မှတ်ကြပါသည်။ ဆိုလိုသည်မှာ ဤကဲ့သို့ အချက်အခြာကျသည့် မှုခင်းဖြစ်ရပ်တခုအား ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးနိုင်လျှင် ယင်းနှင့် သက်ဆိုင်သော အလွှာတခုလုံးအတွက် သက်သာခွင့်ရစေမည် ဖြစ်သည့် အပြင် မိမိတို့ နောက်တွင် လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေပညာရှင်များ၊ ဥပဒေရေးရာ အဖွဲ့ အစည်းများ၊ လူထု အသင်းအဖွဲ့ များ ရှိပါကလား ဟူ၍ စိတ်အားတက်ကြွလာစေခြင်းဖြင့် လူ့ အဖွဲ့ အစည်းအပြောင်းအလဲအတွက် ထိ ရောက်သည့် အားဖြစ်စေပါမည်။ စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာကို ကျင့်သုံးသော သတင်းမီဒီယာ လောက အားကောင်းလာစေသင့်သည်။
ဥပဒေအထောက်အကူပြုကွန်ရက် ဖေဖေါ်ဝါရီလ (၄) ရက် ၂၀၁၄ ခုနှစ်

အသေးစိပ်သိလိုပါလျှင်

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
ဆက်သွယ်ရန် ဖုံး၊ (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅


[1] ဖမ်းဆီးခံမိသားစုများ စိုးရိမ်ပူပန်နေကြသည့် သတင်းကို အောက်ပါ လင့်ခ် တွင် ကြည့်ရှုနိုင်ပါသည်။ ယူနီတီ ဂျာနယ် မှ သတင်းထောက်များသည် ထောင်ဒဏ် ၁၄ နှစ်ပြစ်ဒဏ်ကျခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
http://www.youtube.com/watch?v=RBs7B3Ihi14&feature=youtu.be
[2] Limitation is limited.

[3] Transparency International

[4] ဆွီဒင်နိုင်ငံ ဥပဒေ၊ Chapter 7. On Offences against the Freedom of the Press

[5] Secret information

[6] Espionage or spy

[7] Bo-Göran Bodin and Daniel Öhman, along with their supervisor Rolf Stengård,

[8] Defence policy

[9] Investigative Journalism:
[10] http://sverigesradio.se/sida/artikel.aspx?programid=2054&artikel=5501158
[11] The Burma Official Secrets Act 1923

[12] Spying

[13] http://www.indiatogether.org/2005/jul/rvw-gilani.htm

[14] "The OSA was enacted by the British in 1923," points out Gilani. "It's an archaic Act, with no clear definition of what a 'secret' is. In Britain, it was repealed in 1989, and they now have an entirely different law. It should be scrapped in India." - See more at: http://www.indiatogether.org/2005/jul/rvw-gilani.htm#sthash.xzcQ7Tvl.dpuf


[15] The Public Interest Disclosure Act 1998: www.parliament.uk/briefing-papers/sn00248.pdf

[16] As from 25 June 2013 any disclosure made by a worker will only count as a “qualifying disclosure” if the worker reasonably believes that the disclosure is both “made in the public interest” and fits into of the categories set out in the legislation (eg a criminal offence, a breach of a legal obligation, a miscarriage

of justice etc).

[17] http://www.statewatch.org/news/2011/sep/uk-offical-secrets-act-1989.pdf

[18] http://www.cfoi.org.uk/pdf/foia2000.pdf

[19] The Right to Know

[20] The Convention on the Prohibition of the Development, Production, Stockpiling and Use of Chemical Weapons and on Their Destruction

[21] Citizen journalists

[22] Transparency

[23] Accountability

[24] Nicky Hager – investigative journalist



[25] Dutch-Flemish association for Investigative Journalism, VVOJ:

· Uncover scandals. Aimed at detecting violations of laws, rules or norms of decency, by organisations or individuals.
· Review of policies or functioning of government, businesses and other organisations.
· Draw attention to social, economic, political and cultural trends. Aimed at detecting changes in society.

http://www.journalismfund.eu/what-investigative-journalism


[26] Class Action

တရုတ်ပြည်က ထိုင်းဆန် ဝယ်ယူဖို့ ကန်ထရိုက်ကို ဖျက်သိမ်းလိုက်

တရုတ်ပြည်က ထိုင်းဆန် ဝယ်ယူဖို့ ကန်ထရိုက်ကို ဖျက်သိမ်းလိုက်တာဟာ စပါးဖိုး ချေတဲ့ စီမံကိန်းမှာ ခြစားမှုတွေကို စစ်ဆေးနေတာကြောင့် ဖြစ်တယ် လို့ ထိုင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။
တရုတ်က ထိုင်းဆီက ဆန်တန်ချိန် ၁.၂ သန်း ဝယ်ဖို့ ကိစ္စကို ခုလို ဖျက်သိမ်းလိုက်တဲ့ အချိန်မှာပဲ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ထိုင်းအစိုးရက လယ်သမားတွေဆီက ဆန်ကို ကမ္ဘာ့ပေါက်ဈေးထက် တဆခွဲထိ ပေးဝယ်ခဲ့တာကြောင့် နိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုက ပိုလျှံပြီး စပါး တောင်လိုပုံတဲ့ ကိန်း ဆိုက်နေပါတယ်။

လယ်သမား တဝက်လောက်ဟာ ဒီဆန်တွေကို ထုတ်ရောင်းနိုင်မှသာ ပြီးခဲ့တဲ့ ဝါကျွတ်ချိန်က သူတို့ ရိတ်ခဲ့တဲ့ စပါးဖိုးတွေ ချေနိုင်မှာ ဖြစ်ပါတယ်။

ခုထက်ထိ စပါးဖိုး မရသေးတဲ့ လယ်သမား တချို့ကတော့ လမ်းမတွေ ပိတ်ဆို့ ဆန္ဒပြတဲ့ အထဲမှာ စတင် ပူးပေါင်းနေကြပြီး ဘန်ကောက်ကို ပိတ်ဆို့ ဆန္ဒပြနတဲ့ အစိုးရ ဆန့်ကျင်သူတွေနဲ့ ပေါင်းပစ်မယ် လို့ ခြိမ်းခြောက်နေကြပြီ ဖြစ်ပါတယ်။

ဒီလို ငွေချေဖို့ နှောင့်နှေးနေရမှုဟာ အစိုးရ ရုံးတွေကို ပိတ်ဆို့ ဆန္ဒပြနေသူတွေကြောင့်လို့ အစိုးရက အပြစ်ဖို့နေသလို တဘက်မှာလည်း နောက်လွှတ်တော်သစ် ခေါ်ယူပြီးခါမှ ဒီစပါးဖိုးတွေ ပေးဖို့ အစိုးရက ငွေချေးခွင့် ရမှာလည်း ဖြစ်ပါတယ်။

ဒီစပါး စီမံကိန်းကြောင့်ပဲ ထိုင်းအစိုးရဟာ ကျေးလက်ဒေသက မဲတွေကို နိုင်ငံဘဏ္ဍာနဲ့ ငွေပေးဝယ်နေတယ် ဆိုပြီး ဆန့်ကျင် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။

လက်ရှိ အာဏာရ ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၅ ဆက် လုံးလုံးမှာ ကျေးလက်ဒေသက ထောက်ခံမှုကို ရယူပြီး နာမည် အမျိုးမျိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် ဒီတခါ ရွေးကောက်ပွဲကို အတိုက်အခံ ဒီမိုကရက်တွေဘက်က သပိတ်မှောက်ပြီး မြို့တော် ဘန်ကောက်က မဲရုံတွေဟာ နှောင့်ယှက် ဟန့်တားတာကို ခံခဲ့ရပါတယ်။

ဒီတခါ ရွေးကောက်ပွဲ နိုင်ဦးမယ်လို့ မျှော်လင့်နေတဲ့ မစ် ယင်လတ် ချင်နာဝပ် အစိုးရဟာ ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေနဲ့အတူ အမတ် အလုံအလောက် မရှိတာတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

၅၉(စ) မပြင်ရေး ထောက်ခံပွဲတွေ အားကောင်းလာစေဖို့

လျှို့ဝှက်သတင်းအဖြစ် ပေးပို့လားပါသည် ၊


၅၉(စ) မပြင်ရေး ထောက်ခံပွဲတွေ အားကောင်းလာစေဖို့ ရခိုင် မတ္ထီလာ ကဲ့သို့သော ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများ ထပ်မံပြုလုပ်ရန် ဦးသန်းရွှေ မှ ညွှန်ကြားထား (နေပြည်တော် လျှို့ဝှက်သတင်း) ၅၉(စ) မပြင်ရေး ထောက်ခံပွဲတွေ အားကောင်းလာစေဖို့ ရခိုင် မတ္ထီလာ ကဲ့သို့သော ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများ ထပ်မံပြုလုပ်ရန် ဦးသန်းရွှေ မှ ညွှန်ကြားထားကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ လျှို့ဝှက်သတင်းအဖြစ် ပေးပို့လားပါသည် ၊ ဦးသန်းရွှေ က လျှို့ဝှက်ညွှန်ကြားထားတယ်လို့ သိရပါတယ် ၊ ဧရာဝတီမြစ် အနောက်ဖက်ကမ်း မကွေးဒေသတဝိုက် ကို ပထမ ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်လို့ သိရတယ် ၊ ဒုတိယ ဦးစားပေး နေရာကတော့ ရွှေဘို ပတ်ဝန်းကျင် ဖြစ်တယ် ၊ တတိယ ဦးစားပေးနေရာကတော့ ကရင်ပြည်နယ် ထဲမှာ ဖြစ်တယ် လို့ သိရတယ် ၊ ဒီ ၂၀၁၄ အတွင်းမှာ အဲဒီလိုမျိုး ထပ်ဖြစ်လိုက်ရင် လူတွေက ၅၉(စ) မပြင်ရေးကို နားယောင်သွားကြမယ် ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုပါ နှောင့်နှေးသွားစေမယ်လို့ ဦးသန်းရွှေက ယုံကြည်နေတယ်လေ ၊ နောက်ပြီး အမျိုးသားရေး ခေါင်းစဉ်နဲ့ နောက်ထပ် ပါတီတစ်ခုလည်း ဒီနှစ်အတွင်းမှာ ထွက်လာနိုင်တယ် ၊ အဲဒီ အမျိုးသားရေးခေါင်းစဉ်တပ် ပါတီနဲ့ အခြားပါတီသေးသေးလေးတွေစုပြီး အမျိုးသားရေးအဖွဲ့ချုပ် ပုံစံနဲ့ ၂၀၁၅ ကို ဝင်ကြမယ်ပေါ့ ၊ ဒါ ဦးသန်းရွှေ ရဲ့ အကြံပဲ ၊ ကြံ့ခိုင်ရေးမဲတွေက အသေတွက်ထားလို့ ရတဲ့ အချိန်မှာ အန်လယ်ဒီ ရမယ့် မဲတွေကို အမျိုးသားရေးအဖွဲ့ ချုပ်က ဖဲ့ယူလိုက်နိုင်ရင် ၂၀၁၅ အလွန် အစိုးရဟာ ညွန့်ပေါင်းအစိုးရပုံစံ ဖြစ်သွားနိုင်တယ်လေ ၊ ဦးသန်းရွှေ အား စောင့်ကြည့်လေ့လာနေသော ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးမှ ဆက်သွယ်ပြောကြားခြင်းဖြစ်သည် ၊ နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော လျှို့ဝှက် သတင်းဖြစ်သည် ၊ Credit to Hawdeka Khalaylay

ဝန်ကြီး အုန်းမြင့်အား အမြစ်ချွတ်ဖို့ ခက်ခဲနေ....။

 
 
 
ဝန်ကြီး အုန်းမြင့်အား အမြစ်ချွတ်ဖို့ ခက်ခဲနေ၏ သတင်းအရင်းမြစ် နေပြည်တော် သတင်းမှန်ဖြစ်ပါသည်…. ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ နိုင်ငံတော်ကြီး ပြုပြင်ပြောင်းလဲရန် တည်ဆောက်နေသော ကာလတွင် လက်ရှိ အစိုးရ၏ ဖေါင်းပွစွာခန့်အပ်ထားသော ၀န်ကြီးပေါင်း ၁၂၆ ယောက် တို့သည် နိုင်ငံတော်အား သံလက်သီးများဖြင့် အုပ်ချုပ် အကြမ်းဖက်ခဲ့သော စစ်ဗိုလ်ချုပ်များအားလုံးနီးပါးက အစိုးရတစ်ရပ်လုံး၏ ဖွဲ့စည်းပုံတွင် ပြန်လည်ပါဝင်ပတ်သက်ကာ အာဏာကို ပုံစံတမျိုးဖြင့် ဆက်လက်ကိုင်စွဲ ကျင့်သုံးနေသည်ကို အထင်ရှား မြင်နိုင်ပါသည်။ ယခု လောလောလတ်လတ်မှာပင် ဖြစ်ပေါ်လာသသော ရေလုပ်ငန်းနှင့် မွေးမြူရေး ၀န်ကြီး ယခင် ဗိုလ်ချုပ်အုန်းမြင့် ယခု ၀န်ကြီး ဖြစ်နေလေသည်။ အကြောင်းမှာ အနာယူသွားသည်ဟု နိုင်ငံတကာမှ လက်ခံထားသော စစ်အာဏာရှင် ဗိုလ်မှူးကြီး သန်းရွှေ ယခု ဦးသန်းရွှေမှ ၄င်း အနားယူမှု မတိုင်ခင် ၂၀၀၉ ခုနှင့် ၂၀၁၀ ကာလ၀န်းကျင် တလျောက်လုံးတွင် ၄င်း၏ လက်မရွံ့ နောက်လိုက်များအား နေရာအလိုက် ဌာနအလိုက် စနစ်တကျ ပင့်ကူအိမ်ကဲ့သို့ အာဏာဆက်လက်ထိန်းချုပ်ထားရေးအား အစီမံများ ပြုလုပ်ကာ ၂၀၁၁ မေလ ၂၉ တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ၄င်းအပါအ၀င် အစီစဉ်ပြုလုပ်ထားသော စစ်ဗိုလ်ချုပ်များအား အရပ်ဝတ်လဲပြောင်းဝတ်စေ၍ အသေချာ နေရာချထားခဲ့ခြင်း အကြောင်းကြောင့် ပြုပြင်ပြောင်းလဲဆိုသော စကားလုံးဖြင့် အတိုက်ခံနှင့် နိုင်ငံတကာအားမက်လုံးပေးကာ ပျာရည်နှင့် ၀မ်းချထားသော နိုင်ငံရေးအခင်းကျင်းတခုဖြစ်နေလေသည်။ နိုင်ငံတော် သမ္မတ ရုံးမှ ၀န်ကြီး ဦးအုန်းမြင့်အာ ပုဂ္ဂိုလ်ေ၇းအရ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ တယ်လီဖုန်းဖြင့် “ ဗိုလ်ချုပ် …ဗိုလ်ချုပ်သတင်းတွေ တက်နေတယ်၊ ကျနော်တို့အနေနဲ့ကတော့ အဲဒါတွေကို ပြန်ဖြေဖို့ မီဒီယာတွေကို တတ်နိုင်သလောက် ရှောက်ရှားနေပါတယ်” ဟု ပြောခဲ့လေသည်။ ၀န်ကြီးအုန်းမြင့်မှ “ဟေ့ ..ရဲထွဋ် .. ငါဘာကောင်လဲဆိုတာ မင်းသိသားပဲ..ငါ ဖြတ်သန်း တွေ့ကြုံနေတာနဲ့ ငါပြောတာလေ ဘာတွေများ ငါက မဟုတ်မဟ ပြောခဲ့လို့လဲ..” ဟု တဖက်မှ လေသံတင်းတင်းဖြင့်ပြန်ပြောလေ၏။ ထိုအခါ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီး ဦးရဲထွဋ်မှ “ဟုတ်ပါတယ် ဗိုလ်ချုပ်..ကျနော် ပြောတာက ဗိုလ်ချုပ်ကို ယိုစွတ်နေကြတာကို အချို့မီဒီယာတွေ ကျနော်တို့ဘက်လှည့်လာလို့ ရှောင်နေတဲ့သဘောကို ပြောပြတာပါ” ဟု ဆိုလေသည်။ စာဖတ်သူများ စဉ်းစားကြည့်နိုင်ပေမည်.. သမ္မတရုံးပြန်ကြားရေး လုပ်နေသူ ဒုဝန်ကြီး ဦးရဲထွဋ်မှာ တပ်မတော်တွင် ဗိုလ်မှုးအဆင့်မျှလောက်သာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီစဉ်အရ အရပ်ဝတ်လဲလာခဲ့ကြပြီး လက်ရှိ ၄င်းတို့၏ အတွင်းစီးအတိုင်း ၀န်ကြီး ဦးအုန်းမြင့်အား ဗိုလ်ချုပ်ဟုပင် ဆက်လက်ခေါ်ဆိုနေရသောကြောင့် ကိုင်တွယ်ဖြေရှင်းရ ခက်နေပေးသည်။ ထို့အပြင် ၀န်ကြီးအုန်းမြင့်သည် ၂၀၁၁ ခုနှစ်တွင်း ၄င်းအား မွေးမြူရေးနှင့် ရေလုပ်ငန်း တာဝန်ပေးပြီးချိန်မှစ၍ ၂၀၁၁ ခုနှစ် ကျေးလက်ဒေသ ရေရရှိနှင့် တနိုင်တပိုင်မွေးမြူရေး လုပ်ငန်းအတွက် နိုင်ငံတော်မှ ချပေးထားသော ပြည်သူ့ အခွန်ငွေများမှ သိန်းပေါင်း ၃၅၈၂ သိန်း၊ ၂၀၁၂ ခုနှစ်တွင် သိန်းပေါင်း ၄၁၄၈ သိန်း၊ ၂၀၁၃ ခုနှစ်တွင် သိန်းပေါင်း ၅၈၆၂ သိန်း တို့အား အသီးသီး အသုံးပြုပြီးသည့်အပြင် ယခု ၂၀၁၄ ခုနှစ်အတွင် ကျပ်သိန်းပေါင်း ၇၇၃၂ သိန်းအား ဆက်လက်အသုံးပြုရန်ရှိနေလေသည်။ ၀န်ကြီး ဦးအုန်းမြင့်မှ သိန်းပေါင်းများစွာ ပြည်သူ့ငွေများအား သုံးစွဲခဲ့ပြီးသော်ငြားလည်း လက်ညိုးထိုးပြလောက်အောင် ဖြစ်ပေါ်လာသော ပြည်သူများအတွက် ရေးတွင်းအနည်းငယ်နှင့် မဖြစ်စလောက် ဘဲခြံ ၊ ၀က်ခြံ နှင့် ငါးကန်ပေါင်း ၁၄ ကန်သာ မျှသာ ၇ှိခဲ့သည်။ ထိုကြောင့်ဝန်ကြီး ဦးအုန်းမြင့်အနေနှင့် မည်သည့်နေရာတွင် နိုင်ငံတော် မှ ပြည်သူ့ငွေများအား သုံးစွဲကြောင်း စာရေးသူ အရေးပေါ် စုံးစမ်းခဲ့လေသည်။ ၀န်ကြီးအုန်းမြင့်သည် လက်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ဦးအောင်သောင်း၊ ဦးအောင်သိန်းလင်း၊ ဦးဥာဏ်ဝင်း(ပဲခူးတိုင်းဝန်ကြီးချုပ်)၊ ဦးသာအေး (စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်) တို့နှင့် တဖွဲ့တည်းဖြစ်ပြီး၊ ဦးအောင်သောင်း၊ ဦးဌေးဦး ၊ ဦးစိုးသိန်း တို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအိမ်သို့ လစဉ် သွားရောက် ဂါရ၀ ပြုလေတိုင်း ပါဝင်သူဖြစ်လေ၏။ ၂၀၁၁ ဂျွန်လမှပင် ၀န်ကြီးဦးအုန်းမြင့်မှ ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ၏ မိသားစုများ အဓမ္မသိမ်းယူထားသော လယ်ယာမြေပေါင်း ၉၆၉၀ဧက အား စိမ်းလန်းစိုးပြေရေးအတွက် နိုင်ငံတော် မှချပေးထားသော ဘတ်ဂျက်ဖြင့် လုပ်ဆောင်နေလေသည်.။ ဗိုလ်ချုပ်မှူးကြီးဟောင်းမိသားစုသည် တနင်္သာရီတိုင်းအတွင်း ၄၈၄ ဧက၊ မွန်ပြည်နယ်တွင် ၇၅၂ ဧက ၊ ပဲခူးတိုင်းအတွင်း ၃၂၂ဧက ၊ မန္တလေးတိုင်းအတွင်း ၁၂၆၅ ဧက ၊ ရှမ်းပြည်နယ်တွင် ၁၅၅၀ဧက ၊ ကချင်ပြည်နယ်အတွင်း ၂၃၆၈ ဧက၊ ဧရာဝတီတိုင်းအတွင်း ၂၅၄၀ ဧကနှင့် ကချင်ပြည်နယ် ကရင်ပြည်နယ်တို့တွင် အတိကျမသိရသေးသော်လည်း ၄င်းမိသားစုပိုင်မြေဧက အမြောက်များရှိနိုင်သည်ဟု အတွင်းစကားကြားရလေသည်။ ၀န်ကြီး ဦးအုန်းမြင့်မှ အာဏာရှင်ကြီး ဦးသန်းရွှေ၏ မြေယာစိုပြေရေးအတွက် အဆိုပါ အာဏာရှင်၏မိသားစုပိုင်ဟု မတရားသတ်မှတ်ထားသော ရော်ဘာခြံ၊ သရက်ခြံ ၊ သီခိုခြံ ၊ ဇီးချိုသီးခြံ ၊ ဒညင်းသီးခြံများအပြင် အခြားသော တန်ဘိုးကြီး ပန်းဥယျာဉ်များရှိပြီး ၄င်းခြေနေရာမျာတွင် နိုင်ငံတော် ငွေဖြင့် ရေသန့် ရေတွင်းများ ငါးကန်များ မွေမြူရေးအဆင့်မြင့်ခြံများကို မျက်နှာလို မျက်နှာရဖြင့် တည်ဆောက်ပေးထားသည်မှာ ခန့်မှန်းခြေ သိန်း ၅၈၀၀၀ မှ သိန်းပေါင်း ၇၀၀၀ ကျော်ထိ ရှိနိုင်သည်ဟု သိရ၏။ သို့ကြောင့် ဦးသန်းရွှေ၏ မိသားစုမှ အထူးအလေးပေးခြင်းခံရသော ဥယျာဉ်မှူး ၀န်ကြီး တဦး ဖြစ်နေလေ၏။ ထိုကြောင့် ၀န်ကြီး ဦးအုန်းမြင့်သည် ၄င်း၏ အနောက်တွင် ၄င်းတို့၏ အခေါ်အရ ဘဘရွှေ ကြီး ရှိနေသည်ဟု မကြာခနပြောဆိုတတ်ပြီး ဘဘရွှေမိသားစုအတွက်သာ ပြည်သူ့ငွေများအား ဆက်လက်သုံးစွဲပြီး ပြည်သူများအတွက် သုံးစွဲနေကြောင်း အသံကောင်းဟစ်ထားခဲ့လေသည်။ ယခု ၄င်းဝန်ကြီး ဦးအုန်းမြင့်အား မိုက်ရိုင်းခက်ထက်စွာ အများပြည်သူများအား ဆက်ဆံပြောဆိုသော ၀န်ကြီးတဦးအား အရေးယူသည့် အနေဖြင့် နေရာရွှေပြောင်းရန် သို့မဟုတ် အနားပေးရန် အတော်ပင် အခက်တွေ့နေကြကြောင်း သမ္မတရုံးအတွင်းသတင်းမှ ရရှိပါသည်။ သို့ကြောင့် ပြုပြင်ပြောင်းလဲရေးသည် မည်မျှ စစ်မှန်သည်ကို နိုင်ငံတကာနှင့် လွှတ်တော်တွင်းသို့ရောက်၇ှိနေပြီဖြစ်သော ယနေ့နိုင်ငံရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်များ တိုင်းရင်းသားခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူးများနှင့် အများပြည်သူများအဖို့ ကြီးကြီးမားမား သံသယ ရှိနေကြပြီး မလွဲသာလို လိုက်ရသည် ဆိုသော စကားကဲ့သို့ပင် အောင်အီးမွန်းကြပ်စွာဖြင့် ဆက်ဆံနေကြကြောင်းပါ………. စာဖတ်သူများကို ကျေးဇူးတင်ပါသည် ဂိုလ်ရှယ်လေး (ကြိုက်သလောက်ရှယ်နိုင်ပါသည်)

ဆို

“နိုင်ငံခြားဝင်ငွေ ရှာပို့နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို တန်ဘိုးထားပါ”



မြန်မာနိုင်ငံဟာတိုးဖွံ့ဖြိုးတိုးတက်မှုမရှိသေးဘူး။ ကျနော်တို့ညံ့ခဲ့ လို့ တိုင်းပြည် မတိုးတက်ခဲ့ဘူး။ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ခဲ့ကြတယ်။ ရိုသားမှုမရှိပဲ ရသင့်တာထက်ပိုယူခဲ့ကြတယ်။ စီမံကိန်းတိုင်းမှာ တိုင်းပြည်က ရှုံးပြီး လုပ်ကိုင်ခွင့်ရှိသူတွေက ချမ်းသားသွားတယ်။ ဒါပေမယ့် ဘယ်သူမှ အဲဒီစီမံကိန်းအတွက် တာဝန်မခံကြဘူး။ အားလုံးအနည်းနဲ့အများမှား ခဲ့ကြတယ်။ ဒါကြောင့် အားလုံးမှာ တာဝန်အနည်းနဲ့အများ ရှိကြတယ်။

မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာဝသယံဇာတတွေအလျှံပယ် ရှိတဲ့အပြင် ဘာစိုက် စိုက် အောင်မြင်ဖြစ်ထွန်းတဲ့မြေကို ပိုင်ဆိုင်ထား တဲ့ မြန်မာပြည်မှာ အုပ်ချုပ်တဲ့အစိုးရ သာ တော် လို့ရှိရင် လူသန်း ၆၀ ကိုထိုင်းစားနိုင်လောက်အောင် ကျွေးနိုင်ပါတယ်။ ၁၉၅၀ ၀န်းကျင်မှာ တိုးတက်ခဲ့တဲ့ တိုင်းပြည် မဆလ၊ န၀တ၊ နအဖနဲ့ ယခုတိုင် ဒီအတိုင်းပဲ ဆိုတော့ မူလအကျင့်စရိတ်တွေကို ပြင်ကြဖို့လိုပါပြီ။

တိုင်းပြည်ဟာ အခြားနိုင်ငံတွေထက် အရာရာမှာနိမ့်ကျနေ ဆဲဖြစ်တယ် ။ ခေါင်းဆောင်တွေညံ့ခဲ့လို့ ကျနော်တို့သမိုင်းတွေ ညံ့ခဲ့ကြရတယ်လို့ ပညာရှင်တွေက ထောက်ပြနေကြတယ်။

“အကြောင်းမထူးပေမယ့် ပြောရေးရှိက ပြောရပ”
ကျနော်လည်း အလုပ်သမားအရေးနဲ့လူ့အခွင့်အရေးကိုသာ စိုက်လိုက်မတ်တတ် လုပ်ကိုင်နေသူဖြစ် တာကြောင့် အလုပ်သမားကိစ္စ ကိုပဲ ပြောရအုံးမှာပ။ ပြောဆိုထောက်ပြနေတဲ့ကျနော့်ကို သတင်း အချက် အလက်တွေ မှန်ကန်မှုရှိ/မရှိစုံစမ်းစစ်ဆေး ပြီး ပြုပြင်ရကောင်းမှန်း မသိပဲ၊ ငွေပေးပြီး သတ်ခိုင်း ထားတဲ့ အေးဂျင်စီတွေရှိသလို ထောင်ချ ပစ်ချင်နေတဲ့ အလုပ်သမားအရာရှိတွေ ရှိနေတယ်လို့ ခိုင်ခိုင်လုံလုံ သိရှိခဲ့ရပြန်တယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့က မြ၀တီမှာ မြန်မာအလုပ်သမား ၉၀ ကျော်ကို အေဂျင်စီတွေက ပူးပေါင်းပြီးတော့ လိမ်လည်လိုက်တယ်။ ဒီလိမ်လည်မှုက ထိုင်းဘက်ကဖမ်းလို့ အရေအတွက်များလို့ လူ သိရှင်ကြားဖြစ်သွားတာ။ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေမှာ လုပ်နေကြတဲ့ ထိုင်းဘာသာ စကားတတ်ပြီး ဒါရိုက်တာ၊ မန်နေဂျာ တာဝန်တွေနဲ့ လူရာသွင်းပြီး လုပ်နေကြတဲ့သူတွေဟာ ဘယ်လို လူမျိုးတွေလဲ။ ဒီလူတွေဟာ သမ္မာအာဇီဝမှုနဲ့အလုပ်လုပ်ခဲ့ဖူးကြသူတွေလား။ လူလိမ်တွေလား၊ တရားမ၀င် လူကုန်ကူးခဲ့ကြသူတွေလား၊ ပြေးလေးပြေးတွေလား။

ဆိုတာ ပြည်ပအလုပ်အကိုင် အဂျင်စီတွေဟာ မသိကြတာလား၊ မသိချင်ယောင်ဆောင်တာလား၊ တတ်အပ်မပြောနိုင်။

မှန်မှန်ကန်ကန်လုပ်ကိုင်တဲ့အေဂျင်စီ ဒါရိုက်တာတစ်ဦးက “ဘန်ကောက်မြန်မာသံရုံးက Demand ၀ယ်ပြီး မြ၀တီမှာ Demand တစ်စောင်ကို ဘတ်နှစ်ထောင်သုံးထောင်ပေးပြီးဝယ်နေကြရတယ်။ မလေးရှားအေဂျင်စီတွေဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၃၅၀ ပေးရသလို ထိုင်းအေးဂျင်စီတွေကိုလည်း ၀န်ဆောင်ခပေးရမယ့်ကိန်း ဆိုက်နေပြီ။

အေဂျင်စီ တစ်ခုဆိုရင် နေရပ်လိပ်စာမရှိတဲ့ မဲဆောက်က ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို အလုပ်သမားထောင်ပေါင်းများစွာ ပို့လိုက်ပြီးဖြစ်တယ်။ အဲဒီကုမ္ပဏီဟာ ထိုင်းကိုလာစရာမလိုပဲ ဘန်ကောက်သံရုံးက ဒီမန်းဝယ်ရပါတယ်၊ ဘန်ကောက်က မြန်မာအလုပ်သမား အရာရှိဟာ ရန်ကုန်မှာကျင်းပတဲ့ နှစ်နိုင်ငံအလုပ်သမားအစည်းဝေးမှာ ဘာသာပြန်ဖို့ သူသုံးနေတဲ့ ပွဲစားကို ခေါ်လာတယ်။ နေပြည်တော်အလုပ်သမားညွန်ချုပ်က သူမရှိရင်မဖြစ်ဘူး ဆိုတဲ့အဆင့်ထိကို တန်းတန်းစွဲဖြစ်နေပြီ၊ ပြောစရာတွေအများကြီးပဲ ” လို့ပြောတယ်။

ဘန်ကောက်ကိုလာစရာမလိုပဲ သံရုံး Demand ကို လိုသလောက်ရနေတဲ့ ကုမ္ပဏီအမည်နဲ့ အဲဒီ Demand ကြော်ညာကို မြ၀တီက ဓါတ်ပုံရိုက်ပြီး ကျနော်တို့ စာရွက်စာ တမ်းအပြည့်အစုံနဲ့နေပြည်တော် အလုပ်သမားဝန်ကြီးဌာနကိုတင်ပြခဲ့ဖူးပါတယ်။ ပုလင်းတူဗူးဆို့ အတူတူ ကြံဖေါ်ကြံဘက်တွေဖြစ်ဒါကြောင့် သမ္မတရုံးကိုပဲ တိုက်ရိုက် တိုင်ကြားဖို့ အမှန်အကန်လုပ်ကိုင်ကြတဲ့ အေဂျင်စီတွေက အကြံပြုကြပြန်တယ်။ ကျနော်တို့ကလည်း မှားယွင်းနေတာကို ပြုပြင်စေချင်တဲ့သဘောသာရှိတာမို့ အတိုင်အတောတွေလည်းမ လုပ်ချင်။

အစိုးရဆိုတာ အာဏာရှိတဲ့သူတွေ၊ လုပ်ကိုင်ခွင့်အပြည့်ရှိတဲ့သူတွေဖြစ်တယ်။ အေဂျင်စီတွေဆိုတာ လည်း လူနတ်ချမ်းသာတွေဖြစ်တယ်။ ဒီလိုလူတွေကို ဘာမှမဟုတ်တဲ့ ကျနော်လိုလူက ထောက်ပြလို့ “ကျော်သောင်း တို့နဲ့ တွေ့မှဖြစ်မယ်” ကမ်းလှမ်းလာတယ်။ ကျနော်ကပြန်ပြောလိုက်ပါတယ်။ အလုပ်သမားတွေ ပြဿနာအနည်းဆုံးဖြစ်အောင် အားလုံးအထိအပွန်းအနည်းဆုံးဖြစ်အောင် ကျနော်တို့ ဆီကအတွေ့အကြုံတွေ၊ အကြံဉာဏ်တွေကို အလကားယူပါလို့ ပြောလိုက်ပါတယ်။

ဘန်ကောက်သံရုံးသမားစဉ်က ဘယ်လိုဖြစ်နေလဲဆိုတော့ အလုပ်သမားဝန်ကြီး၊ ဒုဝန်ကြီး တစ်ဦးဦးရောက်လာပြီးဆိုရင် အလုပ်သမားအရေးလုပ်တဲ့အဖွဲ့ ဟုတ်သူရောမဟုတ်သူပါ သံရုံးထဲ ကိုခေါ်လိုက်တယ်။ လူပြည့်အောင်လို့ လူလိမ်ပွဲစားတွေကိုပါ လူပြည့်အောင်ခေါ်သွင်းလိုက်တယ်။ ၀န်ကြီးနဲ့သံအမတ်ကြီးတို့က သမ္မတကြီးဆိုတဲ့အမည် ၉၀ ရာခိုင်နုန်းလောက်ပါအောင်ပြော၊ အလုပ်သမား တွေကို ကာကွယ်စောင့်ရှောက်မယ်လေးဘာလေး သြ၀ါဒချွေကြတယ်။ လူမြင်ကွင်းမှာတော့ တိုင်းပြည် တာဝန်တွေကို ဦးဆွေးဆံမြေ့ထမ်းရွက်နေကြသူတွေပါလားလိုပြီး ထိုင်ရှိခိုးချင်လောက်အောင် သရုပ်ဆောင် ပီပြင်ကြပါပေတယ်။အလုပ်သမားအဖွဲ့တွေရဲ့ အကြံပြုချက်တွေကို တိုးရှင်းပြောခိုင်းပြီး၊ ဓါတ်ပုံတွေရိုက်ကြ ပါတယ်။

"နတ်လူသာဓုခေါ်ရမယ့်အလုပ်”
လုပ်စရာအလုပ်အကိုင်မရှိ၊ ရှိတဲ့အလုပ်က တစ်ယောက်တည်း ထမင်းဝအောင်စားလောက်တဲ့ လုပ်ခမရတော့ မြန်မာတစ်နိုင်ငံလုံးက ရှိသမျှ အရွယ်ကောင်း လူငယ်လူရွယ်တွေ ပြည်ပနိုင်ငံတွေကို ရတဲ့ နည်းနဲ့ ထွက်ခွာပြီး အလုပ်လုပ်နေကြရတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုတာ စာရေးစာချီနဲ့ ပညာသည် အဆင့်အလုပ်ကလွဲရင် ကျန်အလုပ်ဟူသမျှကို မြန်မာတွေကိုခေါ်ခိုင်းနေတဲ့နိုင်ငံဖြစ်တာကြောင့် အလုပ်သ မား အမြဲတမ်းလိုအပ်နေတဲ့ နိုင်ငံဖြစ်တယ်။

အလုပ်သမား လိုအပ်နေတဲ့နိုင်ငံနဲ့ လုပ်စားစရာမရှိဖြစ်နေတဲ့ အလုပ်သမားတွေကို (တရားဝင် အလုပ်သမားတင်သွင်းခြင်း MOU) ဆိုတာ မှန်မှန်ကန်ကန်လုပ်ကြမယ်ဆိုရင် ကုလိုလ်လည်းရ ၀မ်းလည်း ၀တဲ့အပြင် နတ်လူသာဓု ခေါ်ရမယ့်အလုပ်ပါ။ လိုအပ်ချက်အရ ကွက်တိဖြစ်နေတဲ့ MOU ကိစ္စ ဘာကြောင့် ဒီလောက် စုတ်ပြတ်သတ်နေကြတာလဲ။

ခက်တော့ခက်သားပဲ။ နိုင်ရာစား၊ ခိုင်းတာလုပ်ရတဲ့ မြန်မာဝန်ထမ်းလောကသားတွေနဲ့ ရိုက်စား အေးဂျင်စီတွေနဲ့ပူးပေါင်းပြီးတော့ မြန်မာအလုပ်သမားအမြောက်အမြားကို ထိုင်းနိုင်ငံအတွင်းသို့တရား ၀င်လူကုန်ကူးကြတာပဲ။ ဘန်ကောက်မြန်မာသံရုံး အစည်းဝေးထဲမှာ အလုပ်သမား ၀န်ကြီးအဖြစ် ခဏတာ တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည် နဲ့ အထူးစည်းဝေးပွဲမှာ MOU ဆိုတာတရားဝင်လူကုန်ကူးတာပါလို့ ကျနော် စကားတစ်ခွန်း ပြောခဲ့ဖူးပါတယ်။

“အန္တရာယ်မီးလျှံကြားက ဒို့ဗမာ”
ဘုရင် ဘူမိဘော အဒူရာဒတ်ကို ဘုရားနဲ့ တစ်တန်းတည်းထားကိုးကွယ်ကြတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ကမတည်ငြိမ်။ ဒီမိုကရေစီစနစ်ကို အတိုင်းအတာတစ်ခုအထိကျင့်သုံးတယ်ဆိုပေမယ့်၊ ထိုင်းနိုင်ငံဟာ ခြစား မှုကြီးမားတဲ့ ၀န်ထမ်းတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေ၊ လက်နက် မှောင်ခိုဂိုဏ်းတွေ၊ မာဖီယားဂိုဏ်းတွေ၊ လူကုန်ကူးမှုဂိုဏ်းတွေနဲ့ လမ်းသရဲတွေ သောင်းကျန်းချင်တိုင်းသောင်းကျန်းခွင့် ရနေတဲ့တိုင်းပြည်ဖြစ်တယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ သဘာဝသယံဇာတ တွေကို မြန်မာအလုပ်သမားတွေနဲ့လုပ်ပြီး ချမ်းသာနေတဲ့ တိုင်းပြည်တစ်ခုလည်းဖြစ်တယ်။

ဒီလိုရှုပ်ထွေးတဲ့အခြေအနေတွေရှိတဲ့ တိုင်းပြည်ထဲမှာ သန်းချီပြီး ၀င်ရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားပြဿနာ ဆိုတာလည်း ဘယ်နည်းလိမ့်မလဲ။ ဒါကြောင့် ထိုင်းအစိုးရဟာ သန်းချီ ရှိနေတဲ့ မြန်မာအလုပ်သမားတွေကို ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်နိုင်မယ့် နည်းလမ်းတွေကို ပညာရှင်ဆိုသူတွေနဲ့ အင်ဂျီအိုစားဖါးတွေနဲ့ ပူးပေါင်းပြီးတော့ ရှာဖွေခဲ့ကြတယ်။ (အလုပ်သမားပတ်စပို့လုပ်ဖို့ အပြည့်အ၀ ထောက် ခံခဲ့တဲ့ လူလည် အင်္ဂလိပ်ရော၊ ဗမာပါ ခုတော့ ရန်ကုန်ကိုရောက်နေကြပြီဖြစ်တယ်။ ဒီအင်္ဂလိပ် ဟာ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ပိတ်ပင်ထားခံရအောင် ဘာတွေလုပ်ခဲ့သလဲ?၊ ဗမာပြည်အတွက် ဘယ်လောက် အထိ စိတ်ချရမယ့်သူတွေလဲ?)

ထိုင်းနဲ့မြန်မာအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေMOU စာချုပ် ချုပ်ဆိုလိုက်တာဟာ မြန်မာ အလုပ်သမားတွေကို ဖိနှိပ်ချုပ်ကိုင်မှုသက်သက်ဖြစ်တယ်။ မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခ ချွေးနှဲစာ အတော် များများ ထိုင်းနိုင်ငံအတွင်းမှာ ယိုဖိတ်ကုန်တယ်။ ပတ်စပို့လုပ်ငန်းစဉ်ဟာ မြန်မာအလုပ်သမားတွေ အတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေခဲ့တယ်။ မလုပ်မနေရတာကြောင့်သာမြန်မာအလုပ်သမားတွေဟာ ပတ်စပို့ တွေ လုပ်ခဲ့ကြ ပြီးဖြစ်တယ်။

“၂ခါနာတဲ့အသည်းမနာပဲရှိပါ့မလား”
၎နှစ်ပြည့်သွားတဲ့ ပတ်စပို့ကိုင်ဆောင်ထားကြတဲ့ အလုပ်သမား တစ်သန်းကျော် ထိုင်းနိုင်ငံမှာ မျက်စိသူငယ်နားသူငယ်နဲ့ ဖြစ်နေကြတယ်။ ဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာအနေကြာနေသူတွေ ထိုင်းဘာသာစကားကို တတ်ကျွမ်းသူတွေဖြစ်ကြတယ်။ ဘယ်မြို့ ဘယ်ရွာက ဘယ်အလုပ်ရုံ ကောင်း တယ် ဆိုတာကအစ သိကြသူတွေဖြစ်တယ်။ အတော်များများတို့ဟာ ထိုင်းဂျိုးတွေဖြစ်ကြတယ်။

ထိုင်းနဲ့မြန်မာအစိုးရတို့ဟာ ဒီအလုပ်သမားတွေရဲ့စာအုပ်တွေကို လွယ်ကူချောမွေ့စွာနဲ့ အသစ် လုပ်ကိုင်ပေးသင့်ပါတယ်။ ဒါပေမယ့် ခုကြားရကြားရ နားဝမှာ မချမ်းသာဖြစ်နေတယ်။ ဒီအလုပ်သမား တွေကို MOU စာအုပ်အဖြစ် ပြောင်းလဲဖို့တာစူနေတာသိရှိရတယ်။ MOU ဆိုတာ မြန်မာအလုပ်သမား တွေကို G to G ဆိုတဲ့ တရားဝင်လူကုန်ကူးမှုတံဆိပ် ကပ်ထားတယ်ဆိုတာ အလုပ်သမားတွေခံစားရမှုတွေ က သက်သေပြထားခဲ့ပြီးဖြစ်တယ်။

၎နှစ်သက်တမ်း ကုန်နေတဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်း နှစ်ကြာအလုပ်သမားတွေ ဖြစ်တာကြောင့် MOU စနစ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားရင် ပြဿနာတွေ ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။ မကြာခင် စတင်လုပ်ကိုင်ကြတော့မယ့် ဒီအစီအစဉ်မှာ ထိုင်းအေဂျင်စီတွေက အလုပ်သမားတစ်ယောက်စီကနေ လစာရဲ့၂၅ ရာခိုင်နုန်းကိုယူပါမယ်။ (လစာ ဘတ် ၉,၀၀၀ ရသူဆီကနေ အကျိုးဆောင်ခ ဘတ် ၁,၅၀၀ ယူမယ့် သဘောဖြစ်ပါတယ်။)

အယင်နှစ်က လုပ်ခဲ့တဲ့ ပတ်စပို့လုပ်ငန်းစဉ်မှာ ထိုင်းအလုပ်သမား ၀န်ကြီးဌာနကို ဖြတ်ခ ဘတ် ၁၃၀၀၊ မဟာထိုင်း(စစ်တပ်) ကို ဘတ် ၂၀၀ ကနေ ဘတ်၄၀၀ အထိပေးခဲ့ကြရတယ်။ မြန်မာသံရုံးဖြတ်ခ ပြီးတော့ မြန်မာ ပတ်စပို့ တစ်အုပ်ကို အယင်နှစ်က ဘတ် ၈၅၀ ပေးခဲ့ရပေမယ့် ဒီနှစ်မှာ စာအုပ်ကြီး ဖြစ် တာကြောင့် ဈေးမြင့်လာ အုံးမှာ သေချာတယ်။

ဒါ့အပြင် နယ်စပ်တွေမှာ ထိုင်း လ၀က၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာဝန်ထမ်းတွေရဲ့ ကြေး ကလည်း အနည်းဆုံး ဘတ် ၂,၀၀၀ လောက်ကုန်ကျတယ်။ ကိုတာ လို့ခေါ်တဲ့ အငှါးသူဌေးခ ဆိုတာ လည်းအနည်းဆုံး ဘတ် ၃၀၀ကနေ ၅၀၀ အထိပေါက်ဈေးရှိပါတယ်။ ကားခ၊ စားစရိတ်နဲ့ ပွဲစားခတွေ နဲ့ဆိုရင် မြန်မာအလုပ်သမားတစ်ဦးအတွက်အနည်း ဘတ်တစ်သောင်းခွဲလောက် ကုန်ကျဦးမှာ ဖြစ် ပါတယ်။

ကုန်ခဲ့တဲ့နှစ်တုန်းက ထိုင်းအလုပ်သမား ၀န်ကြီးဌာနဟာ အလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပါမစ်ခ အတွက်တစ်ခါတည်းယူလိုက်ပေမယ့် အလုပ်သမားတွေကို ၀တ်ပါမစ် စာအုပ် ပြည့်စုံအောင်ထုတ်မပေးပဲ အလုပ်သမားတွေဆီက ငွေတွေလိမ်ယူသွားခဲ့ပါတယ်။ ဒီလိမ်လည်မှုအတွက် မြန်မာသံရုံးနဲ့ မြန်မာအလုပ် သမား အရာရှိတွေ ဘာမှ တောင်းဆိုဖြေရှင်းပေးခဲ့တာမရှိခဲ့ဘူး။

“သေတွင်းထဲက မြန်မာအလုပ်သမားများ”
ပြီးခဲ့တဲ့ ၃နှစ်တာကာလအတွင်းမှာ ကျနော်တို့ အလုပ်သမားအရေးလုပ်ကြသူတွေ ဖြေရှင်းလို့ မရတဲ့သူတွေကတော့ G to G တံဆိပ်ကပ်ထားတဲ့ MOU အလုပ်သမားတွေဖြစ်ပါတယ်။ ဒီအလုပ်သ မားေ တွ ပြဿနာတက်လာတိုင်း တက်လာတိုင်း သက်ဆိုင်ရာ အေဂျင်စီတွေဟာ မြန်မာအလုပ်သမား သံအရာရှိနဲ့  ပူးပေါင်းပြီး နယ်စပ်ကို ပြန်ပို့တဲ့နည်းကိုပဲသုံးခဲ့ပါတယ်။

MOU စာအုပ်နဲ့ ရောက်ပြီးတော့ ဘ၀ပျက်နေကြတဲ့ မြန်မာအလုပ်သမားတွေ သိန်းချီပြီး ထိုင်းနိုင်ငံ အတွင်းမှာရှိနေကြပါတယ်။ ဒီအလုပ်သမားတွေရဲ့ ကံကြမ္မာဟာ အေဂျင်စီတွေရဲ့လက်ထဲမှာပဲရှိပါတယ်။ MOU ဆိုတာ မြန်မာနဲ့ ထိုင်းအစိုးရတို့ လူကြားကောင်းအောင် ပြောနေကြသလို တရားဝင်အလုပ်သမား တင်သွင်းတာပါဆိုရင် ဘယ်အလုပ်သမားမှ ထွက်ပြေးကြမှာမဟုတ်ပါ။

MOU စာချုပ်ပါ စည်းကမ်းချက် တွေက ထိုင်းက အသာစီးယူထားတာမို့ ငြိမ်နေတာပါ။ မြန်မာအစိုးရ အလုပ်သမားအာဏာပိုင်နဲ့ အေဂျင်စီ တွေကတော့ တရားဝင်လူကုန်ကူးခွင့်ရရှိပြီးတော့ အကျိုးအမြတ်ရရှိနေ တာကြောင့် မသိချင်ယောင် ဆောင်နေကြတာဖြစ်ပါတယ်။

“အလေးနက်စဉ်းစားသင့်” မဟာဗျူဟာ ရေးဆွဲတာနဲ့လုပ်ပိုင်ခွင့်ပေးတာက လွယ်ပါတယ်။ ဒါပေမယ့် MOU နဲ့ ပြည်ပကို အလုပ်သမား တင်ပို့ခြင်းကြောင့် ဘယ်သူတွေ အောင်မြင်သလဲ။ အကျိုးရှိသလဲ???????
ဘယ်သူတွေ က ခံပြီးရင်းခံနေရတဲ့ နင်းပြားဖြစ်နေသလဲ????????
သန်းချီရှိတဲ့ လုပ်သားထုတွေရဲ့ မကုန်သင့်ပဲကုန်နေရတဲ့ ငွေတွေဟာ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ အကြီးအကျယ် နစ်နာဆုံးရှုံးမှု ဖြစ်တယ်။ စစ်အစိုးရအုပ်ချုပ်စဉ်ကာလက ပြည်ပရောက် အလုပ်သမား တွေကို ကျနော်တို့က ကာကွယ် စောင့်ရှောက်လို့ ရသေးတယ်။ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် ထိုင်းအလိုကျ MOU နဲ့ ချုပ်နှောင်လိုက်မှ အလုပ်သမားတွေ အခက်ကြုံနေကြရတယ်။ ကျနော်တို့ကူညီလို့မရတော့ဘူး။
တရားဝင်လူကုန်ကူးမှု MOU စာချုပ်ပါ စည်းကမ်းချမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ဆင်ခြင် သုံးသပ်ရကောင်းမှန်း မသိဖြစ်နေတဲ့ သိုက်တူးသမား မြန်မာအရာရှိတွေဟာ ထိုင်းမှာ အနေကြာ၊ အထာ သိတဲ့ ၄နှစ်သက်တမ်း ပတ်စပို့သမားတွေကိုပါ MOU ဘောင်ထဲမှာ နေရမယ့်လို့ အတင်းကျုံးသွင်းလာတဲ့ အခါ အလုပ်သမားတွေရဲ့ဒေါသမီးလျှံဟာ ဒီအတိုင်းနေပါ့မလား။ အလေးနက်စဉ်းကြရပါမယ်။
ထိုင်းနိုင်ငံက ကြည်ကြည်ဖြူဖြူလက်ခံထားတဲ့ MOU စနစ်ဟာ လုပ်ပိုင်ခွင့်ရတဲ့ ဌာနနဲ့ အရာရှိတွေ၊ ပွဲစားတွေ၊ လူကုန်ကူးမှုဂိုဏ်းခေါင်းဆောင်တွေအတွက် ရတနာသိုက်ကြီးဖြစ်ပေမယ့် တိုင်းပြည်အတွက် ပြည်ပ ၀င်ငွေ အဓိက ရှာပေးနေကြတဲ့ လေးသန်းထက်မနည်းတဲ့ အလုပ်သမား တွေအတွက် ကတော့ ဖိနှိပ်မှု ယန္တရားကြီးသက်သက်သာဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင် အရွယ်ကောင်း မြန်မာတွေကို ထိုင်း နိုင်ငံမှာ ကျွန်သက်ရှည်အောင် ချမှတ်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားရေးရာပေါ်လစီကို မြန်မာအစိုးရ က အကောင်အထည် ဖေါ်ပေးနေတာနဲ့တူပါတယ်။ တနည်းအားဖြင့် အေဂျင်စီတွေကို လာဘ် ငွေယူပြီး တရားဝင်လူကုန်ကူးခွင့်ပြုနေတာနဲ့ တူပါတယ်။

မြန်မာအစိုးရက သန်းချီရှိတဲ့ အလုပ်သမားတွေကို အလုပ်သမားသံအရာရှိတစ်ဦးတည်း ထားပြီး ဖြေရှင်းပေးနေတယ်လို့ ပြောတာဟာ ခပ်ကြောင်ကြောင်စကားသာဖြစ်တယ်။ သူဟာ သိကြားမင်း ဆို ရင်တောင် ဒီအလုပ်သမားအရေးအတွက် ကို ဖြေရှင်းပေးနိုင်မှာမဟုတ်ပါ။ ခပ်ရှင်းရှင်းပြောရမယ်ဆိုရင် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားအရေးကို မလုပ်တတ်မကိုင်တတ်ရင်၊ အလုပ်သမားဝန်ကြီးကအစ၊ အလုပ်သမားသံအရာရှိအဆုံး ရဲရဲဝံ့ဝံ့နုတ်ထွက် ပစ်လိုက်ပါ။ သို့မဟုတ် ဖယ်ထုတ်ပစ်လိုက်စမ်းပါ။ နိုင်ငံခြားမှာ ကျွန်းဖြစ်နေတဲ့မြန်မာတွေရဲ့ ပို့ငွေတွေ သုံးဆ တိုးလာပါလိမ့် မယ်။ မြန်မာလူမျိုးတစ်မျိုးလုံး အရှက်ကွဲပါမယ်။ ဒီ့အတွက် ဘယ်သူတာဝန်ခံမလဲ။ အရှက်တကွဲဖြစ်လာခဲ့ရင်တော့ အလုပ်သမား ၀န်ကြီးက မြန်မာတို့အတွက် ဂုဏ်သိက္ခာကို ဘယ်လို အရာနဲ့ပေးဆပ်မလဲ။ သို့တည်းမဟုတ် ဗိုလ်ချုပ်ပြောခဲ့သလို ဖာသယ်နိုင် ငံဖြစ်ပြီလို့သာ မှတ်ယူကြမှာလား။

“ကျွဲပါးစောင်းတီး”
(ခွင်ပြုချက်မဲ့ အဆောက်အအုံ ကိုဆောက်လုပ်ပါက အောက်ခြေ အလုပ်သမားများကိုပါ အရေးယူ မယ်ဆိုတဲ့ ဥပဒေ တစ်ခုကို ပြဌာန်း တဲ့သတင်း တစ်ပုဒ်ကို ဖတ်ရပါတယ်။) သတ်တဲ့လူကိုပြစ်ဒဏ်ချ ရမယ့်အစား ဓါးကို ထောင်ချတဲ့ ဥပဒေပညာရှင်တွေ ကျနော်တို့ တိုင်းပြည်မှာ ရှိနေဆဲပါလား။

ပြည်ပရင်းနှီးမြုပ်နှံမယ့်သူတွေက ဥပဒေတွေပြဌာန်းချက်တွေ ကို စောင့်ကြည့်နေကြချိန်မှာ အလုပ်သ မားများအတွက် အနည်းဆုံးလုပ် ခကြေးငွေကို ၂၀၁၄ ခုနှစ်အကုန်မှာမှ ပြဌာန်းနိုင်မယ်လို့ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ အလုပ်သမား ၀န်ကြီး ဦးအေးမြင့် ကပြောပြန်တယ်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူ၍သာ
ကျော်သောင်း

ဝန်ကြီး ဦးအုန်းမြင့် မကွေးတိုင်းတွင် ပါးရိုက်ခံမည်

“ဝန်ကြီး ဦးအုန်းမြင့် မကွေးတိုင်းတွင် တောင်းပန်ပွဲ လုပ်မည်”
Mizzima - Tuesday, 04 February 2014 16:18

မကွေး၊ မဇ္ဈိမ ။ ။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သည် မကွေးတိုင်း သစ်ရွာကောက်ကျေးရွာ အထက်ကျောင်းတွင် တောင်းပန်ပွဲ အခမ်းအနားပြုလုပ်မည်ဖြစ်သည်။ ဝန်ကြီးနှင့် မကွေးတိုင်းဝန်ကြီးချုပ်တို့ သစ်ရွာကောက်ကျေးရွာကို လာရောက်မည်ဖြစ်သဖြင့် မကွေးတိုင်း အစိုးရအဖွဲ့က တာဝန်ရှိသူတစ်ချို့က ကြိုဆိုနေကြပြီဟု ထိုနေရာတွင် ရောက်ရှိနေသော မဇ္ဈိမ၏ မကွေးသတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ (ဖေဖေါ်ဝါရီလ ၄ရက်) နေ့လည် ၁နာရီက သစ်ရွာကောက်ကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ "ကျွန်တော်တို့ တောင်းဆိုထား တာတွေ ရတော့မည်"ဟု ကျေးရွာအတွင်း၌ လော်စပီကာဖြင့် လိုက်လံအော်ခဲ့သည်။

သစ်ရွာကောက်ကျေးရွာသူ၊ ကျေးရွာသားများက မကွေးတိုင်း အစိုးရနှင့် ဝန်ကြီးဦးအုန်းမြင့်ထံ ရေသန့်ရရှိရေးအတွက် တောင်းဆို ထားဖူးသည်။

ဝန်ကြီးဦးအုန်းမြင့်က ၂ဝ၁၃ခုနှစ် အောက်တိုဘာလအတွင်း၌ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး
ကျေးရွာနှင့် ၂ဝ၁၄၊ ဇန်နဝါရီလ အတွင်း မကွေးတိုင်း မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာတို့တွင် အစိုးရကို ထော်လော် ကန့်လန့်လုပ်ပါက တောခိုရန်၊ အစိုးရကို ဆန့်ကျင်လျှင် အချုပ်ထဲထည့် ပစ်မည်၊ အစိုးရကို စေတနာပျက်အောင် လုပ်လျှင်
ငွေကြေးထောက်ပံ့မှု လုံးဝပေးမည်မဟုတ်၊ မည်သည့် နိုင်ငံရေးသမားကိုမျှ ဂရုမစိုက်၊ နယ်တကာလှည့်၍ ပါးရိုက်ရဲသူ စသဖြင့် ပြောဆိုမှုများအတွက် ပြန်လည်တောင်းပန်ခြင်း
ဖြစ်သည်။

ထိုသို့ ပြောဆိုခဲ့မှုများကို ပြည်ထောင်စုအစိုးရအဖွဲ့က အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ဖေဖေါ်ဝါရီလ ၄ရက်နေ့ကပင် ပြည်သူ့လွှတ်တော် တွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။

ကျနော်သိသော ညွှန်မှူးကြီးတယောက်တွင် ပိုင်သော အိမ်များစွာ ရှိပါသည်။


ကျနော်သိသော ညွှန်မှူးကြီးတယောက်တွင် ပိုင်သော အိမ်များစွာ ရှိပါသည်။
သို့သော် သူတို့သည် ပိုင်ဆိုင်မှုကို မကြေငြာရဲပါ။ သန်းခေါင်စာရင်း လာကောက်မည့် အချက်များကို အလွန် ထိတ်လန့်နေကြပါသည်။

ယနေ့ လှည်းကူးမြို့နယ်တွင်းမှ သမီးကလေးရွာကို ဖျက်ရန်ပြင်နေသည်။

ိငိုကြွေးကြရအုန်းမည့် ရွာသူရွာသားများနှင့် ကျောင်း က အိမ်အပြန် နေအိမ် တဲလေး ပျောက် အမေ အဖေ ပျောက်လို့ အသည်းပေါက် မတတ် ငိုနေမည့် ကလေးများ ထပ်မံ ပေါ်ထွက် လာပေအုံ့းတော့မည်။

ယနေ့ တွင် လည်း ..........................

ယခုတခါ သန်လျင်မြို့နယ်တွင်း ကွမ်းခြံကုန်းကျေးရွာလေးကိုလည်း ဘ
လာမည့် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် အပြီးတိုင် ဖျက်သိမ်းမည်ဟု အမိန့်ပေးလာသည်။

လက်နက်ကိုင် ပုန်ကန်သူတို့ ငြိမ်းချမ်းရေး ယူပြီးသည့်နောက် တိုက်စရာ မရှိ တော့သော စစ်တပ်အတွက် ၀ါးရင်းဒုတ်နှင့် ပေါက်တူးကိုင် အိုးမဲ့အိမ်မဲ့ လူလေ လူလွင့်မိသားစုများကို လိုက်လံနှိမ်နှင်း သတ်ဖြတ်ရန် စာဖတ်နေသူကြီး၏ အမြော်အမြင်ကြီးစွာ အကွက်ချထားမှုများ ဖြစ်နေသည်လား မသိပါ။

ဘင်္ဂါလီ နှင့် တရုတ်တို့ အဆမတန် ဈေးများဖြင့် မြန်မာ့မြေများကို ၀ယ်နိုင်ကြသလောက် မြန်မာ့ နိုင်ငံသား စင်စစ် ကြီးများမှာ လမ်းဘေးတွင် အိပ်၊ ပလက်ဖေါင်း ခေါင်းအုံး နေကြရတော့အောင် စီမံအုပ်ချုပ်မှု ညံ့ဖျင်းလွန်းခဲ့သော စနစ်ဆိုးကြီးမှ တာဝန်ရှိခဲ့သူများသည် သူတို့ အာဏာဆက်လက် ရရှိရေး အတွက်သာ လျှင် ခြေဥကို ဝေစု အတွက် တွယ်ဖက်ထားဖို့ လုံးပမ်းနေကြသည်။

မြန်မာ မြန်မာ မြန်မာ

ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် မဲပုံးမှားပြီး မဲထည့်ခဲ့


Monday, February 3, 2014

ထိုင်းရွေးကောက်ပွဲ သတင်းတွေ ထိုင်းတီဗီချယ်နယ်တွေက အဆက် မပြတ်ထုတ်လွှင့်တဲ့ အထဲမှာ အဓိက သတင်းကြီးတခုကတော့ လက်ရှိ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ဖြစ်တဲ့ မစ္စယင်းလတ်ရဲ့ မဲပုံးမှားပြီး မဲထည့် ခဲ့တဲ့ အဖြစ်ပါဘဲ။

မဲပြားနဲ့ မဲပုံး လွဲထည့်နေစဉ်၊ ဓာတ်ပုံ၊ ဘန်ကောက်ပို့စ်

အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စယင်လတ်က နိုင်ငံရေးပါတီအတွက် ပေးရမယ့် မဲပြားကို မဲဆန္ဒနယ်မြေ ဆိုင်ရာ ရွေးကောက်ပွဲ အမတ် အ တွက် ပေးတဲ့ မဲပုံးမှာ မဲထည့်လိုက်ပြီး မဲဆန္ဒနယ်မြေဆိုင်ရာအမတ် အတွက် မဲပြားကို နိုင်ငံရေးပါတီအတွက် ထည့်ရတဲ့ မဲပုံးမှာ ထည့်လိုက်ပါတယ်။

ဒီမိုကရက်တွေအပြောအရ နိုင်ငံရေး လောကထဲ ရောက်လာပြီး ၄၉ ရက်အကြာမှာ ဝန်ကြီးချုပ် ဖြစ်လာ တယ်ဆိုတဲ့ မစ္စယင်လတ်ဟာ မနေ့က မနက် ၈ နာရီလောက်က သူနေထိုင်ရာ ဘန်ကောက်မြို့နယ် Bung Kum ခရိုင် အ တွင်း Khlong Lamchiak ဆိုတဲ့ ကျောင်းမှာ လုပ်ထားတဲ့ အမှတ် ၃၂ မဲရုံကို လာပြီး မဲထည့် စဉ်က အခုလို မဲပုံး မှားပြီး မဲထည့်ခဲ့တာပါ။

ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကတော့ မစ္စယင်လတ်ရဲ့ မဲဟာ မဲပုံးမှားထည့်ခဲ့ပေမယ့် ပယ်မဲ မဖြစ်ဘူးလို့ ပြောတာကို ဘန်ကောက်ပို့စ် သတင်းတခုမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ မနေ့က နိုင်ငံအဝန်း ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ မဲရုံ စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၉ဝ လောက် က အောင်မြင်စွာနဲ့ မဲပေးနိုင်ခဲ့ကြပါတယ်။ ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်း ၉ ခရိုင်လောက် မှာတော့ မဲပေးမှုကို ကန့်ကွက်မှုတွေကြောင့် မဲပေးမှု အစီအစဉ်မအောင်မြင်ခဲ့ပါဘူး။

မဲပေးပွဲ မတိုင်ခင် ရက်တွေနဲ့ မဲပေးတဲ့ မနေ့ကတော့ သေနတ်ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေနဲ့ အကြမ်းဖက် မှုတွေဖြစ်ခဲ့ပါတယ်။ ဒီအကြောင်း ဧရာဝတီ ဘလော့မှာ သေနတ်သံတွေနဲ့ ထိုင်းရွေးကောက်ပွဲ ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။

အိမ့်သံစဉ် ~

ချောင်းသာကမ်းခြေ တပ်ပိုင်မြေ ကျူးကျော်သူ ၂၀၀ ကျော် တရားစွဲခံရ



ချောင်းသာကမ်းခြေ တပ်ပိုင်မြေ ကျူးကျော်သူ ၂၀၀ ကျော် တရားစွဲခံရ ဆလိုင်းသန့်စင်| February 3, 2014 တပ်သိမ်းမြေ, ချောင်းသာ ကမ်းခြေ,အနောက်တောင်တိုင်း စစ်ဌာနချူပ်,ဧရာဝတီတိုင်း ဒေသကြီး,ပုသိမ်မြို့ ချောင်းသာရှိ အစိုးရက သိမ်းယူပြီး စစ်တပ်ကို ပေးအပ်ခဲ့သော မြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံ တခု (ဓာတ်ပုံ – ဆလိုင်းသန့်စင်) ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ချောင်းသာကမ်းခြေရှိ လက်ရှိတပ်ပိုင်မြေများပေါ် ကျူးကျော်သည်ဟူသော ဒေသခံ ၂၀၀ ကျော် ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) က ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ ထိုဒေသခံများကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် ပုသိမ်မြို့နယ် တရားရုံး၌ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း၊ တရားစွဲခံရသူများ သည် ကျူးကျော် နေထိုင်သူ ၂၀၉ ဦး နှင့် မူလ မြေပိုင်ရှင်များ၏ သားသမီး ၁၃ ဦး ပါဝင်ကြောင်း တရားစွဲခံရသူများက ပြောသည်။ ပုသိမ်မြို့နယ် ရွှေသောင်ယံ မြို့နယ်ခွဲ ချောင်းသာ ကျေးရွာရှိ တပ်ပိုင်မြေ ၃၃.၉၆ ဧကပေါ်တွင် မူလမြေပိုင်ရှင်များက ခြံစည်းရိုးများ ကာရံခဲ့ပြီး အဆောက်အအုံများ ဆောက်လုပ်ခဲ့သည့် အတွက် နတခ က ချောင်းသာ ရဲစခန်းတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက တကြိမ်၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် တကြိမ် အမှုဖွင့်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်တွင် ပုသိမ်မြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မူလ မြေပိုင်ရှင် သားသမီး တဦးလည်း ဖြစ်ပြီး တရားစွဲ ခံနေရသည့် ချောင်းသာ ကျေးရွာမှ ဒေါ်သန်းအုန်းက“ကျမတို့ကို နတခက ဒု ဗိုလ်မှူးကြီး သက်ထွန်းက တရားလိုလုပ်ပြီး တရားစွဲထားတာ ဖြစ်ပါတယ်။ တရားစွဲ ခံနေရသူ(မူလမြေပိုင်ရှင် သားသမီး)က ၁၃ ဦး ရှိတယ်။ အကုန်လုံးက အရင်တုန်းက မြေသိမ်းခံခဲ့ရတဲ့ မူလ မြေပိုင်ရှင်တွေရဲ့ သားသမီးတွေပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ချောင်းသာ ရဲစခန်းကနေ ကျမတို့ကို ပုသိမ် တရားရုံးကို ခေါ်သွားပြီး ရုံးတင်ခဲ့တယ်။ အာမခံပေးမယ့် လူက ၂ ဦးပဲ ခေါ်သွားမိလို့ ခံဝန် လက်မှတ် ထိုးဖို့ အဆင်မပြေခဲ့ဘူး။ တရားရုံးက နောက်တကြိမ် ထပ်ခေါ်မယ် ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။ ယင်းအမှုများကို ချောင်းသာ ရဲစခန်းက ပြစ်မှု နံပါတ် ၅၉/၂၀၁၂၊ ပြစ်မှု နံပါတ် ၅၆/၂၀၁၃ တို့ဖြင့် လက်ခံ အမှုဖွင့်ထားခြင်း ဖြစ် သည်။ ချောင်းသာ ကျေးရွာရှိ အုန်းခြံနှင့် လယ်မြေများကို ပုသိမ် ခရိုင် အုပ်ချုပ်ရေးမှူး ဗိုလ်မှူး ရင်စိန်က ၁၉၉၆ ခုနှစ်တွင် သိမ်းယူခဲ့ပြီး တပ် ပိုင် ဧည့်ရိပ်သာ ဆောက်လုပ်ရန် မြေ ၃၃.၉၆ ဧကအား နတခ သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြေသိမ်းစဉ်က အသီးရှိသည့် အုန်းပင် တပင်လျှင် ၃၅၀ ကျပ်၊ အသီး မရှိသည့် အုန်းပင်ကို ၂၀၀ ကျပ် နှုန်းသာ လျော်ကြေး ပေးခဲ့ ကြောင်း၊ ချောင်းသာ ဒေသခံများ ဓားမဦးချ ခုတ်ထွင်ရှင်းလင်းခဲ့သည့် မြေများအတွက် လျော်ကြေးပေးခြင်း လုံးဝမရှိကြောင်း ဒေသခံ များက ပြောသည်။ ယင်းမြေများပေါ်တွင် တပ်ပိုင်ဧည့်ရိပ်သာတခု ဆောက်လုပ်ခဲ့ပြီးနောက် မြေလွတ် ၁၅ ဧကခန့် ကျန်ရှိနေခဲ့ကြောင်း၊ တပ်ပိုင်မြေများ ပြန်ပေးရန် သတင်းများ ထွက်ပေါ်လာချိန်တွင် ကျူးကျော်သူများ ၀င်ရောက်နေထိုင်မည်ကို စိုးရိမ်သည့်အတွက် ခြံစည်းရိုးများ ကာ ရံ၍ အဆောက်အအုံများ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းသာဒေသရှိ မူလမြေပိုင်ရှင်များ၏ သားသမီးများက ပြောဆိုသည်။ “ကျနော်တို့ မြေတွေကို တပ်က ၁၉၉၆ ခုနှစ်က သိမ်းသွားပြီးတော့ အဆောက်အအုံတချို့ပဲ ဆောက်လုပ်ခဲ့တယ်။ ဘာမှ မဆောက် ဘဲ မြေလွတ်အဖြစ်ထားတဲ့ မြေက ၁၅ ဧက လောက်ရှိတယ်။ အဲဒီ နေရာမှာဆို ချုံနွယ်တွေနဲ့ ဒီအတိုင်းပဲ ထားခဲ့တာပါ။ တပ်ပိုင်မြေ တွေ ပြန်ပေးမယ်လို့ သတင်းထွက်လာတဲ့ အချိန်မှာ တခြား ဒေသကနေ ချောင်းသာကို လာနေကြတဲ့ ကျူးကျော် သမားတွေက အဲဒီ မြေလွတ်တွေမှာ ၀င်နေဖို့ ပြင်နေကြတယ်။ အဲဒါနဲ့ ကျနော်တို့ မြေတွေကို ကျူးကျော်တွေ ၀င်လာမှာ စိုးလို့ ခြံစည်းရိုးခတ်တာ တွေ၊ အဆောက်အအုံ ဆောက်တာတွေ လုပ်ခဲ့ကြတာပါ”ဟု တရားစွဲ ခံနေရသူ တဦး ဖြစ်သည့် ဦးကိုကိုလွင်က ပြောသည်။ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စုံစမ်း စစ်ဆေးရေး ကော်မတီ အစီရင်ခံစာ အပိုင်း (၁) အရ ဧရာဝတီတိုင်း ဒေသကြီးတွင် တပ်မတော်မှ သိမ်းဆည်း ထားသည့် မြေ ၅၀၀၆.၁၂ ဧက ရှိကြောင်း၊ ယင်းမြေများ အနက်မှ ၈၂၄.၁၈ ဧက ကို ကာကွယ်ရေး ၀န်ကြီးဌာနက တိုင်းဒေသကြီး အစိုးရထံ ပြန်လည် အပ်နှံထားကြောင်း သိရသည်။ ရာခိုင်နှုန်းအားဖြင့် ကာကွယ်ရေး ၀န်ကြီးဌာနက ဧရာဝတီတိုင်း ဒေသကြီးရှိ တပ်သိမ်း မြေများ၏ ၁၆.၄၅ ရာခိုင်နှုန်းသာ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ “ကော်မရှင်က မသုံးတဲ့ မြေတွေ ပြန်ပေးဖို့ အကြံပြု ထားတယ်၊ ပြည်ထောင်စု လွှတ်တော်ကလည်း ဒီအစီရင်ခံစာတွေကို တရားဝင် အသိအမှတ် ပြုပြီးသွားပြီ၊ ကာချုပ်ကလည်း ပြန်ပေးမယ် ပြောထားတယ်၊ ပြန်ပေးမယ့် အသံတွေ ထွက်တဲ့ နောက်ပိုင်း ဘာတွေ ဖြစ်လာလဲ ဆိုတော့ တပ်တွေကနေ မူလ မြေပိုင်ရှင်တွေကို ပြန်ပေးရမှာ စိုးလို့ ပိုင်နက် ကျူးလွန်မှု၊ အကျိုး ဖျက်ဆီးမှုတွေနဲ့ တရား စွဲ လာတာ တွေ့ရတယ်၊ ဒါတွေက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတွေပါ”ဟု လူ့အခွင့်အရေး လှုပ်ရှားသူ ကိုထွန်းထွန်းဦးက ပြောသည်။ ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မတီ ထံသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အထိ မြေသိမ်းမှုနှင့် ပတ်သက်သည့် တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ် သိမ်းမြေ ၂၄,၇၀၇၇. ၆၀ ဧက ရှိကြောင်း ယင်း ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာ အရ သိရသည်။