Thursday, February 28, 2013

သမတဦးသိန်းစိန်ကို ဖင်လန်နိုင်ငံက ဒီမိုကရေစီရေးတက်ကြွသူတွေ ဆန္ဒပြမယ်။


by Ko Nyo on Thursday, February 28, 2013 at 5:24pm ·
ဥရောပ ၅နိုင်ငံ ရဲ့ ဈေးဦးပေါက် အော်စလို မှာ ဆန္ဒပြခံလိုက်ရတဲ့ ဦးသိန်းစိန် ဒုတိယအကြိမ်မြောက် ဖင်လန်မှာသွားပြီး ဆန္ဒပြခံအုံးမှာဖြစ်တယ်။ ဦးသိန်းစိန် ကံနိမ့်နေပါတယ်။ ဒါပေမဲ့ ဖင်လန်မှာတော့ အမေရိကားတုံးကလို ဖိနပ်နဲ့ ပေါက်မှာ မဟုတ်သလို အော်စလို လိုလည်း ရွှေပန်း၊ငွေပန်း ဆက်သမှမဟုတ်ပါဖူး။ ဒါပေမဲ့ ဖင်လှန်ဆန္ဒပြ မပြတော့ မသေချာသေးဖူး။
 ဒီမိုကရေစီအမာခံ အင်အား၄၀လောက် စုစည်းပြီး မြို့လည်ခေါင် လှည့်ပတ်ဆန္ဒပြမယ်လို့ သိရတယ်။ ဆန္ဒပြမှာက မတ်လ၂ရက်နေ့ဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ဟာ မြန်မာပြည်မှာ စစ်အာဏာရှင်စပြီးသန္ဓေတည်ခဲ့တဲ့ ၅၁နှစ် တင်းတင်းပြည့်တဲ့ နေ့ဖြစ်တယ်။
သမတဦးသိန်းစိန် တို့ရဲ့ မြန်မာ့တပ်မတော်ကိုခုတုန်းလုပ်သွားတဲ့ စစ်အာဏာရှင်ဘိုးအေကြီး သွားလေသူ ဗိုလ်ချုပ်နေ၀င်း ဟာ၁၉၆၂ခု မတ်လ ၂ရက်နေ့မှာ ဒီမိုကရေစီအသီးနုနုကို စစ်ဘိနပ်နဲ့ နင်းချေခဲ့တယ်။ ၂၆နှစ်အကြာ ၁၉၈၈ မှာ ကျနော်တို့ ကျောင်းသားတွေနဲ့ ရဟန်းရှင်လူ တပြည်လုံး ထတိုက်ပြီး ဒီမိုကရေစီပေး လို့အော်လိုက်တာ အခုချိန်ထိပဲ။ စစ်တပ်က ၈၈ကနေ နှစ် ၂၀ကျော် တရားမ၀င် စားလိုက် ၀ါးလိုက်တာ တိုင်းပြည်လဲမွဲကြေပြာကျ၊ လူတွေလည်း လူရုပ်မပေါ်ဖြစ်သွားတယ်။
အဲ..အဲဒီစစ်တပ်ကအခွင့်ထူးခံတွေက အခုကျတော့ ဒီမိုကရေစီပါလို့ သံယောင်အော်ပြီး တရားမ၀င်ကနေ တရားဝင် အစိုးရဖွဲ့ပြီးထပ်ဝါးဖို့ ကျန်နေတယ်။ စီးပွား အရင်းအမြစ်တွေအားလုံး ဒီကောင်တွေ အပင်းဆို့ထားတယ်။ ပြီးတော့ ထမင်းရှင်တွေ၊ ကျေးဇူးရှင်တွေကို ရိုက်နှက် သတ်ဖြတ်စော်ကားနေပြန်ပြီ။
ဒီအစိုးရက အတိတ်တုံးက ကျောင်းသားတွေကိုသတ်တယ်။ ဘုရားသားတွေကိုသတ်တယ်။ စစ်သားတွေကိုလည်း ပြည်တွင်းစစ်မီးမွှေးပြီး သတ်ခဲ့တယ်။ သားသုံးသားသတ်ပြီး အခုဦးသိန်းစိန် ရဲ့ ရွှေရည်စိန် ဒီမိုကရေစီခေတ်မှာ လယ်သမားတွေကို သတ်နေပြီ။ မနေ့နေ့ကပဲ မအူပင် က မလက်တိုမှာ သွေးချောင်းစီးတယ်။ ဒီနေ့ လက်ပံတောင်းမှာ သတ်ကွင်းပြင်ထားပြီ။ဒီစာရေးနေတုံး လယ်သမားဘယ်လောက် ဒါဏ်ရာရပြီး၊ သေမလား ရှင်မလားမသိသေးဖူး။ နောက်ပိုင်း အလုပ်သမားတွေကို သတ်အုံးမယ်။
  ဒီတော့ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေးအကြောင်းပြပြီး  သမတဦးသိန်းစိန်နဲ့ ရူးသလိုပေါသလို ၀န်ကြီးတချို့ဥရောပ ၅နိုင်ငံကို လာပြီးချော့နေတယ်။ ရင်းနှီးမြှုပ်နှံခိုင်းနေတယ်။ သူ့အစိုးရမပြုတ်ခင် စီပွားအရင်းအမြစ်တွေ၊ကုမ္မဏီတွေ လက်ဝါးကြီးအုပ်ထားဖို့ ခရိုနီတွေနဲ့ အတူ အကွက်ချနေတယ်။ ၂၀၁၅ထက် ၂၀၂၀ ကို ပစ်မှတ်ထားပြီး စီမံကိန်းချလုပ်နေတယ်။
ဒီတော့ ကျနော်တို့ပြည်ပရောက်မျိုးချစ်တွေ သူများကြောင်တိုင်းလိုက်ကြောင်မနေကြနဲ့ ။ ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ။ တိုင်းပြည်က မလွတ်လပ်သေးဖူး။ လူထု တိုက်ပွဲက ပြင်းထန်တုံး။ ကျနော်တို့လူတော်တော်များများက  တိုင်းပြည်အတွက်လို့ပြောပြောပြီး ဖောက်ပြန်သွားကြပြီ။ လူထုနဲ့ မပေါင်းပဲ အာဏာရတွေနဲ့ သွားပေါင်းတယ်။ လူထုအကျိုးပြုဖို့ သွားတာမဟုတ်ပဲ အာဏာရတွေနဲမိမိကိုယ်ကျိုးအတွက် ပေါင်းရိုက်၊ပေါင်းစားဖို့ သွားကုန်ပြီ။ ဘယ်မှမကြည့်နဲ့ DVBကကိုခင်မောင်ဝင်းကိုပဲကြည့် သမတခရီးစဉ်နောက် တကောက်ကောက်လိုက်ပြီး ကျနော်တို့ အင်အားစုတွေကို ဖဲ့ပြီး တိုင်းရင်းသားတွေနဲ့ သမတ တွေ့ဖို့ လော်ဗီလုပ်နေတယ်။ အော်စလိုမှာ ကျနော်တို့ တောခြောက်လိုက်လို့ မအောင်မြင်လိုက်ဖူး။ အခုဖင်လန်မှာ ထားဝယ်သားတချို့ကို ဖဲံ့စည်းရုံးပြီး သမတနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလုပ်ဖို့ အားထုတ်နေတယ်။
  ဒါပေမဲ့ မရဖူး ဖင်လန် ရဲဘော်တွေက သမတလူကြမ်းအဖွဲ့ကို ရေရေလည်လည် ဖဲ့လိမ့်မယ်။ အပြတ်ကျွေးလိမ့်မယ်။
သူတို့ဆောင်ပုဒ်က  “၂၀၀၈ ဖွဲ့စည်းပုံ အမြန်ပြင်” “ လယ်သမားနှိပ်ဆက် သတ်ဖြတ်မှုတွေ ချက်ချင်းရပ်”  “ဆန္ဒပြ သူတွေကို ဖမ်းဆီးအရေး ယူမှုတွေကိုချက်ချင်းရပ်” ဖြစ်တယ်။
ဆန္ဒပြမှာက မတ်လ ၂ရက် မနက် ၁၁နာရီတိတိ၊ ဟဲလ်ဆင်ကီး မြို့ ပြည်သူ့လွှတ်တော်ကနေ မြို့လည်ရင်ပြင်ကို ချီတက်မှာဖြစ်တယ်။ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိသူတွေ သူတို့နဲ့အတူပူးပေါင်းပါ။
ခွတ်ဒေါင်း စိတ်ဓာတ်ကို တိတိကျကျပြလိုက်ပါ။
ခွတ်ဒေါင်းတွေရဲ့ တိုက်ပွဲဆိုတာ..
အရှုံးမရှိဖူး
သရေ မရှိဖူး
အောင်ပွဲနဲ့ ကျဆုံးခြင်းပဲ ရှိတယ်။
ဗမာပြည်မပြန်ရလို့ ကျနော်တို့ မသေနိုင်ဖူး၊
ဒီမိုကရေစီ ရအောင်မတိုက်နိုင်ရင်သာ..
ကျနော်တို့ သေမှာဖြစ်တယ်။
လူသေတာကိစ္စမရှိဖူး.. နာမည်တော့ အသေအခံကြနဲ့ ရဲဘော်တို့...။
ကိုညို(အော်စလို)






ဦးသိန်းစိန်တို့က နော်ဝေးနဲ့ဥရောပခရီးစဉ်မှာ ယ္ခုလို့မျိုးဆန္ဒပြမှူ့တွေ မဖြစ်ရအောင်ရည်ရွယ်ပြီ ၎င်းတို့အတွက် ဆန္ဒပြမိုင်ရှင်း ကရိယာအဖြစ် စံနစ်တကျ စီစဉ်ပြီ ကိုမင်းကိုနဲ့ကိုပြုံးချိုတို့ကို ရှေးပြေးခရီးစဉ်အဖြစ် စေလွတ်ခဲ့တယ်။ ဒါပေမဲ့  မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် စံနစ်ကိုလုံးဝ ပပြောက်ရန် လိုလားနေကြတဲ့ ယုံကြည်ချက်ကြောင့် ပြည်ပတွင် ဆက်လက်လှုပ်ရှားနေကြတဲ့ သူတွေကိုတော့  ဦးသိန်းစိန်တို့ ဒါမျိုးလာလှည့်စားလို့ မရဘူးဆိုတာမျိုးတွေကို ဦးသိန်းစိန်တို့ကို ရောက်ရာနေရာမှာ လိုက်လံဆန္ဒပြမှူ့တွေ လုပ်ကြပါလို့  ဥရောပမှာနေထိုင်နေကြတဲ့ ပြည်သူဘက်တော်သား ခွတ်ဒေါင်းစစ်တွေကို တိုက်တွန်းလိုက်ယ်။
ကိုယ်ကိုကိုယ်မေး
ခွတ်ဒေါင်းလား
ဖွတ်ဒေါင်းလား။
ကိုယ်ကိုကိုယ်မေး
ခွတ်မှာလား
တွတ်မှာလား။
ကိုယ်ကိုကိုယ်မေး
ခွတ်မှာလား
ဖွတ်မှာလား။
ကိုယ်ကိုကိုယ်မေး
ခွတ်ရဲသေးလား
စွန့်ရဲသေးလား။
ရွှေထီး(၈၈၈၈)
ယုံကြည်ချက်ကြောင့် ပြည်ပရောက်နေသူ
ဝါရှင်တန်-ဒီစီ
၂၀၁၃ ဖေဖေါ်ဝါရီ ၂၈
 
 

ရွာသားများ ဓားဖြင့်ဝိုင်းခုတ်သဖြင့် သေဆုံးသူ ရဲတစ်ဦး၏ မိသားစုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ နှင့် ပါမောက္ခ ဆရာတော် တို့မှ အလှူငွေ သိန်း (၂၀) လှူဒါန်း

ရွာသားများ ဓားဖြင့်ဝိုင်းခုတ်သဖြင့် သေဆုံးသူ ရဲတစ်ဦး၏ မိသားစုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ နှင့် ပါမောက္ခ ဆရာတော် တို့မှ အလှူငွေ သိန်း (၂၀) လှူဒါန်း
***********************************************

ဧရာဝတီ တိုင်းဒေ သကြီး၊ မအူပင် မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ တွင်ဖေဖော် ၀ါရီလ( ၂၆ )ရက်နေ့က လယ်ယာမြေ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံ များအကြား ဖြစ်ပွား ခဲ့သော ပဋိ ပက္ခ များကြောင့် ထိခိုက် ဒဏ်ရာ ရရှိ သူများနှင့်သေ ဆုံးသူ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ မိသား စုအားရွှေည၀ါ ဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့် မကွေး ဆရာတော် ရှင်ပါမောက္ခ တို့က အလှူငွေ ကျပ်သိန်း (၂၀) ကို လှူဒါန်းထောက် ပံ့ခဲ့ကြောင်း အဆို ပါဒေသ သို့သွားရောက် သတင်း ရယူနေသော The Messenger သတင်းထောက်က သတင်းပေး ပို့သည်။


“နှစ်ဘက် လုံးက ဒဏ်ရာ ရတဲ့ လူတွေကို လှူတာပါ။ ရွှေည၀ါ ဆရာတော်က ကျပ်(၁၀)သိန်း၊ ဆရာတော် ဦးဝီရသူက ကျပ်(၁၀)သိန်း လှူတယ်။ ဒဏ်ရာ ရသူ တစ်ဦးစီ ကိုငွေကျပ် ငါးသောင်း စီလှူ တယ်။သေဆုံး သွားတဲ့ ရဲတပ်ဖွဲ့ဝင်ကို ရဲကျော် သူရဲ့ မိသားစု ကိုငွေကျပ်သုံး သိန်းထောက် ပံ့လှူဒါန်းတယ်” ဟု၎င်းက ဆက်ပြော သည်။

ရဲ တပ်ဖွဲ့ဝင် ကိုရဲကျော်သူ မှာဦးခေါင်းတွင် ဒဏ်ရာရ ရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာနသို့ ညတွင်းချင်း ပို့ဆောင်ပေး ခဲ့ရပြီး ဒဏ်ရာပြင်း ထန်သဖြင့်သေ ဆုံးသွားကြောင်း ကိုမအူပင် မြို့နယ် ရဲ တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ယနေ့ ညနေ ပိုင်းက အတည်ပြုပြောကြား ခဲ့သည်။
ဆရာတော်ကြီး များသည် ဒဏ်ရာ ရရှိသူများ ကိုအလှူငွေထောက် ပံ့ချီးမြင့်ရန်ဆေး ရုံသို့ကြွစဉ် မအူပင်မြို့၊
(၃) ရပ်ကွက်၊ မင်းလမ်းရှိ ကိုအောင်ကျော်မိုး၊ မလင်းလင်း တို့နေအိမ်တွင် ခေတ္တ သီတင်းသုံးကာ မလက်တို ကျေးရွာ အုပ်စုမှ လယ်သမား များနှင့်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။လယ်သမား များမှဖြစ် ပွားခဲ့သော အခြေ အနေ များကို ဆရာတော်ကြီး များလျောက် ထား ခဲ့ကြောင်း သတင်း ရရှိသည်။

The Messenger
ရွာသားများ ဓားဖြင့်ဝိုင်းခုတ်သဖြင့် သေဆုံးသူ ရဲတစ်ဦး၏ မိသားစုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ နှင့် ပါမောက္ခ ဆရာတော် တို့မှ အလှူငွေ သိန်း (၂၀) လှူဒါန်း
***********************************************

ဧရာဝတီ တိုင်းဒေ သကြီး၊ မအူပင် မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ တွင်ဖေဖော် ၀ါရီလ( ၂၆ )ရက်နေ့က လယ်ယာမြေ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံ များအကြား ဖြစ်ပွား ခဲ့သော ပဋိ ပက္ခ များကြောင့် ထိခိုက် ဒဏ်ရာ ရရှိ သူများနှင့်သေ ဆုံးသူ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ မိသား စုအားရွှေည၀ါ ဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့် မကွေး ဆရာတော် ရှင်ပါမောက္ခ တို့က အလှူငွေ ကျပ်သိန်း (၂၀) ကို လှူဒါန်းထောက် ပံ့ခဲ့ကြောင်း အဆို ပါဒေသ သို့သွားရောက် သတင်း ရယူနေသော The Messenger သတင်းထောက်က သတင်းပေး ပို့သည်။


“နှစ်ဘက် လုံးက ဒဏ်ရာ ရတဲ့ လူတွေကို လှူတာပါ။ ရွှေည၀ါ ဆရာတော်က ကျပ်(၁၀)သိန်း၊ ဆရာတော် ဦးဝီရသူက ကျပ်(၁၀)သိန်း လှူတယ်။ ဒဏ်ရာ ရသူ တစ်ဦးစီ ကိုငွေကျပ် ငါးသောင်း စီလှူ တယ်။သေဆုံး သွားတဲ့ ရဲတပ်ဖွဲ့ဝင်ကို ရဲကျော် သူရဲ့ မိသားစု ကိုငွေကျပ်သုံး သိန်းထောက် ပံ့လှူဒါန်းတယ်” ဟု၎င်းက ဆက်ပြော သည်။

ရဲ တပ်ဖွဲ့ဝင် ကိုရဲကျော်သူ မှာဦးခေါင်းတွင် ဒဏ်ရာရ ရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာနသို့ ညတွင်းချင်း ပို့ဆောင်ပေး ခဲ့ရပြီး ဒဏ်ရာပြင်း ထန်သဖြင့်သေ ဆုံးသွားကြောင်း ကိုမအူပင် မြို့နယ် ရဲ တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ယနေ့ ညနေ ပိုင်းက အတည်ပြုပြောကြား ခဲ့သည်။
ဆရာတော်ကြီး များသည် ဒဏ်ရာ ရရှိသူများ ကိုအလှူငွေထောက် ပံ့ချီးမြင့်ရန်ဆေး ရုံသို့ကြွစဉ် မအူပင်မြို့၊
(၃) ရပ်ကွက်၊ မင်းလမ်းရှိ ကိုအောင်ကျော်မိုး၊ မလင်းလင်း တို့နေအိမ်တွင် ခေတ္တ သီတင်းသုံးကာ မလက်တို ကျေးရွာ အုပ်စုမှ လယ်သမား များနှင့်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။လယ်သမား များမှဖြစ် ပွားခဲ့သော အခြေ အနေ များကို ဆရာတော်ကြီး များလျောက် ထား ခဲ့ကြောင်း သတင်း ရရှိသည်။

The Messenger

ခေါင်းဆောင်တွေသတ္တိရှိပါ။


by Ko Nyo on Thursday, February 28, 2013 at 11:20am ·
သမတဦးသိန်းစိန် အော်စလိုမှာ မြန်မာတွေနဲ့ တွေ့ဆုံစကားပြောတယ်။ သူ့အရင် ဒေါ်အောင်ဆန်းစုကြည်လည်း မြန်မာတွေနဲ့စကားပြောတယ်။ ကိုမင်းကိုနိုင်လည်းပြောတယ်။ သမတနဲ့ သူတို့ မတူတာကဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင် တို့က ပိရိသတ်နဲ့ အမေးအဖြေ လုပ်တယ်။ တိုက်ရိုက်ခံစားချက်တွေအသံတွေနားထောင်တယ်။ ဒေါ်အောင်ဆန်းစုကြည် လည်း သူ့ရဲ့ ပြည်ပခရီးစဉ်တိုင်း အချိန်လုပြီးတွေ့တယ်၊ မေးခွန်းတွေဖြေတယ်။ ကိုမင်းကိုနိုင်ဆို ကျန်းမာရေးမကောင်းတဲ့ကြား၊ အိပ်ရေးပျက်ပြီးပင်ပမ်းတဲ့ကြားက တတ်နိုင်သလောက် မြန်မာမိသားစုတွေကိုလိုက်လျောတယ်။ သမတဦးသိန်းစိန်ကတော့ ၁၀မိနစ်နီးပါး သူပြောချင်တာပြောပြီး ဘာမေးခွန်းမှ မေးခွင့်မပေးပဲ ထွက်သွားတယ်။ ခေါင်းဆောင်တွေ အလုပ်များတာကျနော်တို့ သဘောပေါက်တယ်။ မူလက သမတနဲ့ တွေ့ရမဲ့အချိန်က ညနေ ၄နာရီခွဲ။သမတကိုတွေ့ဖို့မြန်မာတွေ၁၀၀ကျော်က ညနေ ၃နာရီကတည်းက လုံခြုံရေးရဲ ၃ဆင့်နဲ့  အစစ်ဆေးခံပြီး ထိုင်စောင့်နေကြတာ။
သူနဲ့တွေ့ဖို့ ၊မေးခွန်းထုတ်ဖို့ နော်ဝေးနိုင်ငံမြို့ အနှံ့က မြန်မာတိုင်းရင်းသားတွေရော ကျနော်တို့လို ၈လေးလုံးကျောင်းသားဟောင်းတွေရောလာကြတာ။ ဒါပေမဲ့ ကျနော်တို့သမတက သတ္တိမရှိဖူး။ သမတတင်မကဖူး သမတနဲ့ပါလာတဲ့ ၀န်ကြီးတွေလည်းအတူတူပဲ။ သတင်းသမားတွေလည်းအတူတူပဲ။ ၀န်ကြီးဦးစိုးသိန်းက တနာရီနီးပါးကြာ သူပြောချင်ရာကိုစစ်သားဘ၀တုံးက စက်သေနတ်နဲ့ပစ်နေသလို ဒလစပ်ပစ်နေတယ်။ အခမ်းအနားမှုးကတားတာလည်းမမှုဖူး(ဘယ်မှုမလဲ အခမ်းအနားမှုးက သူ့တို့ကို ကပ်ဖားပြီးအောက်ကျုံ့ဆက်ဆံနေရတဲ့ DVBက ကိုခင်မောင်ဝင်းလေ၊ အဲဒီသမတနဲ့တွေ့တဲ့ အခန်းမှာပဲ တချိန်တုံးက NCGUBညွန့်ပေါင်းအစိုးရခေါင်းဆောင်တွေ၊ NCUBအဖွဲ့တို့နဲ့ အာဏာရှင်တွေကို ဘယ်နည်း ဘယ်ပုံ တိုက်ကြမဟဲ့ဆိုပြီး ပါးစပ်ကအမြှုတ်ထွက်အောင် ပြောဟောခဲ့တာကို ကိုခင်မောင်ဝင်းကိုယ်တိုင် Videoရိုက် အင်တာဗျူးလုပ် ၀ါဒဖြန့်ခဲ့သေးတယ်။ ပုလင်းတူဗူးဆို့ခဲ့ကြသေးတယ်- စကားချပ်) ၀န်ကြီးဦးစိုးသိန်းအာတာကို နားထောင်နေရတဲ့ ပရိဿတ်က စိတ်ပျက်နေပြီ။ မျက်နှာတွေရှုံ့နေပြီ။ ဘယ့်နှယ် အစိုးရကို မေးခွန်းထုတ်ဖို့လာတာ သူတို့ တရားဟောတာနားထောင်ဖို့လာတာကျနေတာပဲတဲ့။ ပွစိပွစိပြောကုန်ပြီ။ ဒီတော့ အများပြည်သူအသံကို အမြဲဂရုစိုက်လေးစားတဲ့ အနေနဲ့ သတင်းထောက် ကျနော်လည်းအသံကျယ်ကျယ်နဲ့  ထပြောလိုက်တယ်။“၀န်ကြီး..သိတ်ပွားတယ်”လို့ သူက “ဗျာ..ဘာပြောတယ်” သူမရှင်းလို့ ကျနော် လက်ဟန်နဲ့ပါ ရှင်းအောင်ပြောတယ်။ဘယ်လက်ချောင်းတွေကို စုလိုက် ကျဲလိုက် (ပွစိပွစိလက်ဟန်) လုပ်ပြပြီး “၀န်ကြီးသိတ်ပွားတယ်လို့ပြောတာပါ။ မေးခွန်းမေးမဲ့လူတွေအများကြီးရှိသေးတယ်”လို့ ပြောတော့ မျက်နှာပျက်ပြီး မေးကြပါ၊ကျနော် ညနေအထိထိုင်စောင့်မယ်လို့ပြန်ပြောတယ်။တကယ်တော့ အခန်းဌားတာ ၆နာရီဆို အချိန်ပြည့်ပြီ။ တကယ့်အရေးကြီးတဲ့ မေးခွန်းတွေမမေးလိုက်ရဖူး။ လူတော်တော်များများမကြေမနပ်။ အားလုံးက သဘောပေါက်တယ်။ ၀န်ကြီးအဖွဲ့ အချိန်ကုန်အောင် အာ သွားတယ်ဆိုတာ။ ကျနော်တို့နိုင်ငံက ခေါင်းဆောင်လုပ်နေသူတွေက သတ္တိမရှိဖူး။ ပြည်သူတွေက မအူပင် မလက်တိုကျေးရွာ က လယ်သမားတွေ အကြမ်းဖက် ရိုက်နှက်ခံရတာ၊ သွေးထွက်သံယို ဖြစ်နေတာကို သမတသိအောင် ပြောပြချင်တယ်။ ပြန်ကြားရေးဒုတိယ၀န်ကြီးဦးရဲထွဋ် သတင်းထုတ်ပြန်တာ ကြားချင်တယ်။ ဒီမေးခွန်းတွေမေးဖို့ အဆင်သင့်ရှိတယ်။ ဒါပေမဲ့ မေးခွင့်မရကြဖူး။ တာဝန်ရှိသူတွေ သတ္တိမရှိဖူး။ အချိန်အကန့်အသတ်၊မေးခွန်းအကန့်အသတ်နဲ့ ပြီးသွားတယ်။သုတ်သုတ်လစ်သွားတယ်။ သူတို့လားဆိုတော့ မဟုတ်သေးဖူး။ သမတခရီးစဉ်မှာလိုက်ပါလာတဲ့ မီဒီယာတွေရောပဲ။ သမတကို ကျနော်တို့ဆန္ဒပြတာကို စကိုင်းနက်၊MRTV နဲ့ ပြန်ကြားရေးဝန်ကြီးသတင်းအဖွဲ့ တွေက ဓာတ်ပုံရော၊ ဗွီဒီယိုရော၊အင်တာဗျူးတွေရော လုပ်တယ်။ သမတ နဲ့ မြန်မာတွေ တွေ့ဆုံပွဲကိုလည်း အင်တာဗျုး တွေလုပ် တယ်။ ဒါပေမဲ့ လွှင့်တာတော့မှုတ်ဖူး။ “ကျနော်တို့ လူကြီးတွေ သဘောအတိုင်းပဲလုပ်ရတာပါ၊ အကိုတို့သတင်းတွေမလွှင့်ဖြစ်ပါဖူး၊ မှတ်တမ်းအနေနဲ့ ယူထားတာပါ” လို့ ကျနော့်ကို သူတို့ မီဒီယာ အဖွဲ့ဝင် တယောက်က ပြောတယ်။ တကယ်တော့ သမတကို ဆန္ဒပြသတင်းတွေ၊ အစိုးရအပေါ် အမြင်သဘောထားတွေကို မီဒီယာတွေက တဆင့် အစိုးရရော ပြည်သူတွေကိုပါ အသိပေးဖို့လိုတယ်။ အခုတော့ တဖက်လှည့် အင်တာဗျူးလုပ်၊ နားလှည့်ပါးလှည့်နဲ့ သတင်းဌာနအမည်ခံပြီး အဲဒီသတင်းကို စိတ်ဝင်စားတဲ့ ပြည်သူတွေကိုအသိ မပေးရဲတာဟာ ရှက်စရာကောင်းတယ်။ အစိုးရလက်ကိုင်တုတ်သတင်းဌာန တွေမို့ သတင်းမှန်ကိုပြည်သူတွေဆီပေးရဲမှာလည်းမဟုတ်ဖူး။ ရီစရာတခုပြောရမယ်။ ၀န်ကြီးဦးစိုးသိန်း အမေးအဖြေ အစီအစဉ်တွေပြီးသွားတော့ လူတော်တော်များများပြန်သွားတဲ့ အချိန် ၀န်ကြီးက သူတို့နဲ့ ပါလာတဲ့ သတင်းမီဒီယာတွေကို “မင်းတို့ သေချာတည်းဖြတ်ပြီး မှလွှင့်နော်၊ ပြောတာတွေအကုန်မထည့်နဲ့၊ အကုန်ဒုက္ခရောက်ကုန်မယ်” ဆိုပြီးပြောတာ ကျနော့ နားနဲ့ဆတ်ဆတ်ကိုကြားခဲ့ ရတာ။ အနားမှာရှိနေတဲ့ ကျနော်ကတောင် “ကျနော်က တည်းဖြတ်ပြီးလုပ်ရမှာလား”လို့ လှမ်းမေးလိုက်တော့ ၀န်ကြီးက မျက်နှာတည်တည်နဲ့ “ ကျနော် သူတို့ကို ပြောနေတာပါ ” လို့ ပြန်ပြောတယ်။ ဒါဆိုရှင်းနေတာပဲ။ ပြည်တွင်း မီဒီယာတွေဟာ သတင်းကို သတင်းအတိုင်း အစိုးရဘက်ကို မလိုက်ပဲ တိတိကျကျမှန်မှန်ကန်ကန် လုပ်ရဲသလား၊ မလုပ်ရဲဖူးလား၊ အဖြေက ရှင်းတယ်။ အစိုးရက သတင်းမီဒီယာတွေကို ချုပ်ကိုင်ထားတယ်။ ကျနော်တို့ဆန္ဒပြသတင်းလည်း သူတို့ မကောင်းတာ ၀ါဒဖြန့်ချင်ရင် ထုတ်သုံးလိမ့်မယ်။ နိုင်ရင်ဖိထောင်းလိမ့်မယ်။
ဆန္ဒပြတုံးက သူတို့မီဒီယာတွေ မေးတဲ့ မေးခွန်းတခုကို ကျနော်ဖြေနေရင်း ထည်ံပြောလိုက်တာတခုရှိတယ်။ “ ပြည်သူတွေရပိုင်ခွင့်က တကျပ်ဖိုးဆို တကျပ်ဖိုးပေးပါ။ တမတ်ဖိုး၊ပေးလိုက် ငါးမူးဖိုးပေးလိုက်နဲ့ ဒီမိုကရေစီကို ပြန်ပေးမဆွဲထားနဲ့၊ ရေကူးတတ်ချင်တဲ့လူကို ရေနစ်မှာစိုးလို့ ရေထဲမဆင်းခိုင်း ရင် ရေကူးတတ်မှာမဟုတ်ဖူး၊ ဒီမိုကရေစီနိုင်ငံလုပ်မယ်ဆို သတ္တိရှိရှိလုပ်ပါ ကျနော်တို့ အားပေးမယ်” လို့ပြောခဲ့တယ်။တကယ်ဆို ကျနော်တို့ မြန်မာလူထုဟာ မရိုင်းဖူး၊ ဒီမိုကရေစီ စနစ်သာကျင့်သုံးခွင့်မရသာ ဘာကိုမလုပ်သင့်ဖူး၊ ဘာကိုလုပ်သင့်တယ်ဆိုတာ ခွဲခြားသိတယ်။ ဘာသာတရားအဆုံးအမတွေမှာ ဒီမိုကရေစီ ကျင့်ထုံးတွေပါပြီးသား။ အစိုးရသာ ဒီမိုကရေစီ တန်ဘိုးကို နားမလည်သေးတာ ပြည်သူလူထုက ဒီမိုကရေစီအနှစ်သာရကို သဘောပေါက်ပြီးသား။ ကျနော်တို့ပြည်သူက မ“အ”ဖူး။ အစိုးရက “အ”နေတာ။ ကျနော်တို့ပြည်သူက ဒီမိုကရေစီလမ်းပေါ်စလျှောက်နေပြီ။ နောက်ပြန်လျှောက်မှာမှုတ်ဖူး၊ ခေတ်ပြောင်းပြီဆိုတာနဲ့ မိမိတို့ လုပ်ရမဲ့ အလုပ်တွေကို သတ္တိရှိရှိလုပ်နေကြတယ်။ အစိုးရက ပြောပြီး တွန့်ဆုတ်ဆုတ်ဖြစ်နေတယ်။ နောက်ပြန်ရောက်နိုင်တယ်လို့ ခြိမ်းခြောက်နေပြန်တယ်။ ဘာမှ သတ္တိရှိရှိ မလုပ်ရဲဖူး။ အကြောက်တရားလွမ်းမိုးတုံး၊ လူထုနဲ့ အတိုက်အခံကို မယုံကြည်တုံး။ ဒီပုံစံနဲ့ မိုးကြီးချုပ်လိမ့်မယ် သမတကြီး။ ဒီမိုကရေစီဖြစ်လာမှာမဟုတ်ဖူး။ ခရိုနီတွေပဲ အလုပ်ဖြစ်သွားမှာ။ သမတကြီးလည်နေတဲ့ ဥရောပ နိုင်ငံတွေက သိတ်လည်တယ်။ သမတကြီးက အခုမှ ဥရောပ ၅နိုင်ငံရောက်တာ သူတို့က တကမ္ဘာလုံးကပထ၀ီမြေပုံတွေကို အပ်ကြောင်းထပ်နေအောင် လိုက်ကြည့်ပြီးပြီ။ သူတို့လိုချင်တာ သူတို့ ပြည်သူတွေ ကိစ္စက ပထမတန်းပဲ။ ကျနော်တို့သမတကြီးက ဘယ်သူ့အတွက် ပထမတန်းဦးစားပေးမလဲ? သမတကြီးရဲ့ ပါတီအတွက်လား? သမတကြီးရဲ့ အစိုးရအတွက်လား? သမတကြီးရဲ့ တပ်မှုးတွေအတွက်လား? ဒါမှမဟုတ် မြန်မာပြည်သူတွေအားလုံး တိုးတက်ဖွံ့ဖြိုးရေးအတွက်လား? မြန်မာ ပြည်သူတွေအတွက် သက်သက်လုပ်မယ်ဆို သမတကြီး သတ္တိရှိဖို့လိုတယ်။ သမတကြီးသတ္တိမွေးပါ။စစ်သားတယောက်လို လက်နက်ကိုင်ပြီး အာကျယ်တဲ့ သတ္တိ မလိုချင်ဖူး။ ပြည်သူတွေက အဲဒီ အာဏာရှင်စိတ်နဲ့ အာကျယ် တွေကို အနိုင်ယူနိုင်တဲ့ သတ္တိမျိုးပဲ သမတကြီးမှာဆီမှာ မြင်ချင်ကြတယ်။  ဒီတော့ သမတကြီးသတ္တိရှိပါ။ ၀န်ကြီးတွေ သတ္တိရှိပါ။ လွှတ်တော်လည်းသတ္တိရှိပါ။ ဒီမိုကရေစီကို မရှောင်ပါနဲ့ ၊ ပြည်သူတွေကို မကြောက်ပါနဲ့။ အစိုးရက သတ္တိရှိရှိ ဒီမိုကရေစီလမ်းကိုချဲ့ထွင်ပါ။ တိုးလျှောက်ပါ။ ခေါင်းဆောင်တွေသတ္တိရှိပါ။
ကိုညို( အော်စလို)


ဧရာဝတီတိုင်းမအူပင်မြို့ နယ် မလက်တို ကျေးရွာပဌိပက္ခ

Feb 28, 2013 5:38am
ဧရာဝတီတိုင်းမအူပင်မြို့ နယ် မလက်တို ကျေးရွာ ဒေသခံတွေရဲ့ ယာမြေတွေကို သိမ်းယူ ထားကို လယ်သမားတွေကပြန်လည်ရယူလိုတာနဲ့ ပက်သက်ပီး ဒေသခံတွေနဲ ပဌိပက္ခဖြစ်ပွားခဲ့ရတဲ့အခြေအနေကို ဒီဗီဘီ သတင်းထောက် ဦးအောင်ထွန်းမြင့် က အခင်းဖြစ်ရာနေရာကို သွားရောက်သတင်းယူခဲ့တာကို ရူစားရမှာ ဖြစ်ပါတယ်


အာဂသတ္တိရှင်
တိရစ္ဆာန်ထက်မိုက်ရိုင်း
ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရရဲ့ ဒီမိုကရေစီ..ဆိုတာအဲဒါပဲ။

KNU လည်း ရာဇသံ အပေးခံ ရနိုင်ဖွယ်ရှိနေ

KNU လည်း ရာဇသံ အပေးခံ ရနိုင်ဖွယ်ရှိနေ
========================
ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့သည် ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေးကို မပြုလုပ် နိုင်သရွေ့ အစိုးရ၏ ရာဇသံ ပေးခြင်းကို အချိန်မရွေး ခံရနိုင်ဖွယ် ရှိနိုင်ကြောင်း KNU တွဲဖက် အတွင်းရေးမှုး ဗဒိုမန်းမန်းက ပြောပါသည်။

“ဘာမှ အတည်တကျ သဘော တူညီချက်တွေ မရရှိသေးတော့ တခြား တိုင်းရင်းသားတွေ ခံနေရသလို ကျနော်တို့ KNU အဖွဲ့ကလဲ အချိန်မရွေး အစိုးရရဲ့ ရာဇသံပေးခြင်းကို ခံရနိုင်ဖွယ် ရှိမှာဘဲ။ အဲတာကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာ အောင် တည်ဆောက်ဖို့ လိုတယ်လို့ ကျနော်တို့က ပြောနေတာဖြစ်ပါတယ်။” ဟု ဆိုပါသည်။

အပစ်အခတ် ရပ်စဲရေး အခြေအနေသည် ခိုင်မာသည့် အဆင့် မရောက်သေး သောကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖေဖော်ဝါရီလ ၂ဝ ရက်က ပြည်ထောင်စု အစိုးရ အဖွဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်း မောက်ခမ်းနှင့် တွေ့ဆုံစဉ် ကရင် အမျိုးသား အစည်းအရုံးမှ တာဝန်ရှိသူများက ထပ်မံ ပြောကြား ခဲ့ပါသည်။
KNU သည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် အတွက် အချက် ၄ ချက် ပါသော သဘော တူညီချက်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၌ ဘားအံမြို့ ဇွဲကပင် ဟိုတယ် ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် အစိုးရနှင့် စာချုပ် ချုပ်ဆိုခဲ့ပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့တွင်လည်း ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်များနှင့် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ပင် နှစ်ဖက် တပ်များ လိုက်နာသင့်သော ကျင့်ဝတ် ဆိုင်ရာများကို သဘောတူ လက်မှတ် ရေးထိုး ခဲ့ပြန်ပါသည်။
ထိုဆွေးနွေးပွဲ၌ KNU တပ်မဟာ (၁) မှ (၇) အထိ ဒေသများတွင် အစိုးရ တပ်ဖွဲ့က စခန်း (၃၀၀) နီးပါးခန့် တပ်စွဲ ထားမှုရှိ သည့် အနက်မှ နေရာ (၉၀) ခန့် ရွှေ့ပြောင်း ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့ပါသည်။ ထို့အပြင် KNU ၏ တပ်နေရာ ချထားမှု ကိုလည်း တင်ပြခဲ့ပါသည်။
KNU သည် ဤတင်ပြ ထားချက်များကို ပြီးခဲ့သည့် ဇန္နာဝါရီလ (၅) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ သွားရောက်တွေ့ ဆုံခဲ့စဉ်တွင်လည်း ဤကိစ္စ ဆက်လက်ဆွေးနွေးရန် ရက်ချိန်း သတ်မှတ်ရေး ထပ်မံ တင်ပြ ခဲ့ပါသည်။

ဤသို့ကြောင့်ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ရရှိရန်နှင့် တပ်နေရာ ချထားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လာမည့် မတ်လတွင် အစိုးရ၏ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ကရင်ပြည်နယ်တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း Myanmar Peace Centre မှ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြီးခဲ့သည့် ဇန်နဝါရီလက ပြောကြား ထားပါသည်။

အစိုးရသည် အပစ်အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ထပ်မံ တိုက်ခိုက် နေပါသည်။ ပြီးခဲ့သည့် ဖေ ဖော်ဝါရီလ အတွင်းမှာပင် အပစ်အခတ် ရပ်စဲရေး ရယူထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး အဖွဲ့ RCSS/SSA နှင့် ရှမ်း ပြည်တိုးတက်ရေး ပါတီ SSPP/SSA တို့အား တပ်စခန်း ရွေ့ပြောင်း ပေးရန် အကြောင်းပြပြီး အစိုးရ တပ်ဖွဲ့က ရာဇသံပေး တိုက်ခိုက်ခဲ့ခြင်းကို ခံခဲ့ရပါသည်။

ဤသည် အပစ်အခတ် ရပ်စဲရေး မခိုင်မာမှုကြောင့် ဖြစ်ရကြောင်း KNU ဖက်က ရှုမြင် နေခဲ့ပါသည်။ ဤသို့ကြောင့် KNU သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာ စေလိုသဖြင့် အစိုးရအား အရေးဆို နေခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ မဟုတ်ပါက KNU အဖွဲ့သည်လည်း အခြားသော အပစ်ရပ် တိုင်းရင်းသားများ နည်းတူ အစိုးရ တပ်ဖွဲ့၏ ရာဇသံ ပေးခြင်းကို အချိန်မရွေး ခံရနိုင်ဖွယ် ရှိသည်ဟု ဆိုနေခြင်းဖြစ်ကြောင်း KNU ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်သူ ဗဒိုမန်းမန်းက ဆိုပါသည်။
( ရွှေဟသာင်္)

========================
ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့သည် ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေးကို မပြုလုပ် နိုင်သရွေ့ အစိုးရ၏ ရာဇသံ ပေးခြင်းကို အချိန်မရွေး ခံရနိုင်ဖွယ် ရှိနိုင်ကြောင်း KNU တွဲဖက် အတွင်းရေးမှုး ဗဒိုမန်းမန်းက ပြောပါသည်။

“ဘာမှ အတည်တကျ သဘော တူညီချက်တွေ မရရှိသေးတော့ တခြား တိုင်းရင်းသားတွေ ခံနေရသလို ကျနော်တို့ KNU အဖွဲ့ကလဲ အချိန်မရွေး အစိုးရရဲ့ ရာဇသံပေးခြင်းကို ခံရနိုင်ဖွယ် ရှိမှာဘဲ။ အဲတာကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာ အောင် တည်ဆောက်ဖို့ လိုတယ်လို့ ကျနော်တို့က ပြောနေတာဖြစ်ပါတယ်။” ဟု ဆိုပါသည်။

အပစ်အခတ် ရပ်စဲရေး အခြေအနေသည် ခိုင်မာသည့် အဆင့် မရောက်သေး သောကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖေဖော်ဝါရီလ ၂ဝ ရက်က ပြည်ထောင်စု အစိုးရ အဖွဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်း မောက်ခမ်းနှင့် တွေ့ဆုံစဉ် ကရင် အမျိုးသား အစည်းအရုံးမှ တာဝန်ရှိသူများက ထပ်မံ ပြောကြား ခဲ့ပါသည်။
KNU သည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် အတွက် အချက် ၄ ချက် ပါသော သဘော တူညီချက်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၌ ဘားအံမြို့ ဇွဲကပင် ဟိုတယ် ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် အစိုးရနှင့် စာချုပ် ချုပ်ဆိုခဲ့ပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့တွင်လည်း ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်များနှင့် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ပင် နှစ်ဖက် တပ်များ လိုက်နာသင့်သော ကျင့်ဝတ် ဆိုင်ရာများကို သဘောတူ လက်မှတ် ရေးထိုး ခဲ့ပြန်ပါသည်။
ထိုဆွေးနွေးပွဲ၌ KNU တပ်မဟာ (၁) မှ (၇) အထိ ဒေသများတွင် အစိုးရ တပ်ဖွဲ့က စခန်း (၃၀၀) နီးပါးခန့် တပ်စွဲ ထားမှုရှိ သည့် အနက်မှ နေရာ (၉၀) ခန့် ရွှေ့ပြောင်း ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့ပါသည်။ ထို့အပြင် KNU ၏ တပ်နေရာ ချထားမှု ကိုလည်း တင်ပြခဲ့ပါသည်။
KNU သည် ဤတင်ပြ ထားချက်များကို ပြီးခဲ့သည့် ဇန္နာဝါရီလ (၅) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ သွားရောက်တွေ့ ဆုံခဲ့စဉ်တွင်လည်း ဤကိစ္စ ဆက်လက်ဆွေးနွေးရန် ရက်ချိန်း သတ်မှတ်ရေး ထပ်မံ တင်ပြ ခဲ့ပါသည်။

ဤသို့ကြောင့်ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ရရှိရန်နှင့် တပ်နေရာ ချထားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လာမည့် မတ်လတွင် အစိုးရ၏ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ကရင်ပြည်နယ်တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း Myanmar Peace Centre မှ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြီးခဲ့သည့် ဇန်နဝါရီလက ပြောကြား ထားပါသည်။

အစိုးရသည် အပစ်အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ထပ်မံ တိုက်ခိုက် နေပါသည်။ ပြီးခဲ့သည့် ဖေ ဖော်ဝါရီလ အတွင်းမှာပင် အပစ်အခတ် ရပ်စဲရေး ရယူထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး အဖွဲ့ RCSS/SSA နှင့် ရှမ်း ပြည်တိုးတက်ရေး ပါတီ SSPP/SSA တို့အား တပ်စခန်း ရွေ့ပြောင်း ပေးရန် အကြောင်းပြပြီး အစိုးရ တပ်ဖွဲ့က ရာဇသံပေး တိုက်ခိုက်ခဲ့ခြင်းကို ခံခဲ့ရပါသည်။

ဤသည် အပစ်အခတ် ရပ်စဲရေး မခိုင်မာမှုကြောင့် ဖြစ်ရကြောင်း KNU ဖက်က ရှုမြင် နေခဲ့ပါသည်။ ဤသို့ကြောင့် KNU သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာ စေလိုသဖြင့် အစိုးရအား အရေးဆို နေခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ မဟုတ်ပါက KNU အဖွဲ့သည်လည်း အခြားသော အပစ်ရပ် တိုင်းရင်းသားများ နည်းတူ အစိုးရ တပ်ဖွဲ့၏ ရာဇသံ ပေးခြင်းကို အချိန်မရွေး ခံရနိုင်ဖွယ် ရှိသည်ဟု ဆိုနေခြင်းဖြစ်ကြောင်း KNU ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်သူ ဗဒိုမန်းမန်းက ဆိုပါသည်။
( ရွှေဟသာင်္)

Wednesday, February 27, 2013

မျိုးဆက်ရှားပါးမှု


Posted by AF in ဆောင်းပါးများ

အနာဂတ် မြန်မာ့နိုင်ငံရေး လောကတွင် မျိုးဆက်ပြဿနာ ပေါ်ပေါက်လာမည်မှာ စိုးရိမ်စရာ ဖြစ်ပါသည်။ ၆၂ ခုနှစ် အာဏာသိမ်း ပြီးကတည်းက အလားအလာရှိ သော ခေါင်းဆောင်များကို တချို့ အား ဖမ်းဆီးထားခြင်း၊ တချို့ကို တောမခို ခိုအောင် ဖိအားပေးခြင်း၊ တချို့ကို ရာထူး၊ စည်းစိမ်၊ အာဏာ တို့ဖြင့် သိမ်းသွင်းကာ နိုင်ငံရေးမျိုး ဆက်ကိုဖြတ်တောက်ခဲ့လေသည်။

ကျောင်းသားမျိုးဆက်များကို နောင် ခေါင်းမထောင်နိုင်အောင် ရက်ရက်စက်စက် ဖြတ်တောက်ခဲ့ရုံ မက နိုင်ငံရေးမျိုးဆက်များကိုလည်း အကြီးအကျယ် ဖြတ်တောက်ပစ် လိုက်၏။ ၆၂ ခုနှစ် အာဏာသိမ်း ပြီး အာဏာသိမ်းစစ်ကောင်စီကို မထောက်ခံသော ပါတီမှန်သမျှကို ဖမ်းဆီးထောင်ချခဲ့သည်။ သို့သော် ၁၉၆၃ ခုနှစ်တွင် လူမြင်ကောင်း အောင် ဟန်ပြ ပြည်တွင်းငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ် ခဲ့ပါသည်။ ထိုဆွေးနွေးပွဲမှာ ဘာ သဘောတူညီချက်မှ မရဘဲ လက် နက်ကိုင် တော်လှန်သည့် ပါတီများ ကိုလည်း တစ်ဖက်သတ် ဆွေးနွေးပွဲ ဖျက်ခဲ့သလို တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးပါတီများနှင့် လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖျက်ပစ် ခဲ့လေသည်။ ထိုအချိန်မှစ၍ မြန်မာ နိုင်ငံတွင် အဆိုးရွားဆုံးနှင့် အကြီး မားဆုံး လူဖမ်းပွဲကြီး ပြုလုပ်ခဲ့ပါ သည်။ ထိုသို့လူဖမ်းပွဲများဖြင့် နိုင်ငံ ရေးသမားများကို ဖိနှိပ်မှုအား စစ် ခေါင်းဆောင် ဗိုလ်နေဝင်းမှစခဲ့ပြီး နောက်သူ့အရိုက်အရာ ဆက်ခံ သောစစ်ခေါင်းဆောင်များက ထိုသို့ လူဖမ်းပွဲများနှင့် ပြည်သူများအား ရက်ရက်စက်စက် ဖိနှိပ်မှုများကို ပြု လုပ်ခဲ့ပါတော့သည်။

ထိုအချိန်က အာဏာသိမ်းစစ် အစိုးရနှင့်သူတို့ချမှတ်သော မဆလ ၏ အညမည သဘောတရားကို မထောက်ခံသူ လက်ဝဲ၊ လက်ယာ နိုင်ငံရေးသမားအားလုံးကို တွေ့ရာ သင်္ချိုင်း ဓားမဆိုင်း ကြေညာကာ ဖမ်းဆီးထောင်ချပစ်ခဲ့သည်။ သူတို့ ကို ထောက်ခံသူများ (မထောက်ခံဘဲ ကြားနေသဘောဖြင့် နေခွင့်မရှိ။) အားလုံးမှာ တချို့ကို သူတို့က သူ တို့လမ်းစဉ်အောင်မြင်ရေးနှင့် စစ် အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက် အသုံးချကြလေသည်။ အ မှန်အတိုင်းပြောရလျှင် ထိုအချိန်က အဖမ်းမခံရသော နိုင်ငံရေးသမား များမှာ စစ်ကောင်စီနှင့် ပူးပေါင်းသူ များသာ ဖြစ်ပါသည်။ ယခုအချိန်၌ မည်ကဲ့သို့ပင် အသည်းကောင်း ဟစ်ကြွေးနေပါစေ။ သတင်းစာ ဆရာများမှာလည်း အဖမ်းမခံရလျှင် သူတို့ကို ထောက်ခံသူများသာ ဖြစ် ပါသည်။ နိုင်ငံရေးသမားများ ဆို လျှင် ပြောစရာပင် မလိုခဲ့ပေ။ ထို့ ကြောင့် နောင်အနာဂတ် နိုင်ငံရေး အတွက် မျိုးဆက်များမှာ စတင် ဖြတ်တောက်ခြင်း ခံရပါတော့သည်။ တစ်နည်းပြောရလျှင် ‘နိုင်ငံရေး သားကြောဖြတ်ခြင်း’ ဟု ဆိုရပေ လိမ့်မည်။

သို့သော် ထိုအချိန်က ထောင် ထဲရောက်သွားသော လူငယ် ကျောင်းသားများနှင့် စစ်အာဏာရှင် စနစ်ကို ဒူးမထောက်ဘဲ အဖမ်းခံ ရသော နိုင်ငံရေးသမားဟောင်းများ၊ စာရေးဆရာများ၊ မျိုးချစ်ပုဂ္ဂိုလ်များ မှာ အတတ်နိုင်ဆုံး သူတို့၏ နိုင်ငံ ရေးကို မျှဝေပေးခဲ့ကြ၏။ စစ်အာ ဏာရှင်တို့သည် နိုင်ငံရေးစာပေများ နှင့် မာ့က်စ်ဝါဒ စာအုပ်စာတမ်း အားလုံးကို တွေ့မြင်သမျှ သိမ်း ဆည်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ခဲ့ကြသည်။ ဖက်ဆစ်အာဏာ ရှင်ဟစ်တလာလက်ထက်က ဂိုအာ ရင်၏ လုပ်ရပ်မျိုး၊ တရုတ်ဘုရင် ရှီဝှမ်တီ၏ စာအုပ်မှန်သမျှ မီးရှို့ ဖျက်ဆီးခြင်းမျိုးများ ပြုလုပ်ခဲ့သော် လည်း လွန်ခဲ့သော နှစ်ပေါင်း ၄ဝ၊ ၅ဝ က နိုင်ငံရေးသမားများနှင့် စာ ရေးဆရာများသည် မျိုးဆက် အ ဖြတ်မခံဘဲ သူတို့၏ နိုင်ငံရေးသ ဘောတရားများကို ရှင်သန်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ ဗြိတိသျှခေတ်နှင့် ပါလီမန်ဒီမိုက ရေစီခေတ်ကဆိုလျှင် စာရေးဆရာ များနှင့် သခင်များသည် ထောင်ထဲ ၌ပင် နိုင်ငံရေးကျမ်းများကို ရေး သားပြုစုခဲ့ကြသည် မဟုတ်ပါ လော။ လူထုဦးလှ၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း စသူတို့သည် ထောင်ထဲ၌ပင် ဝတ္ထု များ၊ ကျမ်းများရေးခဲ့သလို သခင် စိုး၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်နု၊ သခင်သိန်းဖေ စသူတို့ သည် ထောင်ထဲ၌ နိုင်ငံရေးကျမ်း များနှင့်စာအုပ်အများအပြားကို ရေး သားခဲ့ပါသည်။ ရေးသားခွင့်လည်း ရှိခဲ့ပါသည်။

စစ်အာဏာရှင်ခေတ်၌မူ ထိုသို့ အခြေအနေများ လုံးဝမရရှိတော့ ပေ။ သို့သော် မိမိတို့ မှတ်သားထား သမျှ နိုင်ငံရေးသဘောတရားများ၊ ဘဝအတွေ့အကြုံများကို ခဲတံ၊ ဖောင်တိန်၊ ဘောပင်၊ စာရွက်အ လွတ် မရှိသည့်ကြားမှပင် မဂ္ဂဇင်း စာမျက်နှာများပေါ်၌ပင် ဖော်စပ် ထားသော သရက်ခေါက်မင်ဖြင့် ဆေးထိုးအပ်ကလောင်ကို အသုံး ပြု၍ မှတ်တမ်းတင် ရေးသားနိုင်ခဲ့ သည်မှာအံ့မခန်းဖြစ်ခဲ့သည်။ ကိုကိုး ကျွန်းလို တသီးတသန့် အဆက် အသွယ် ဖြတ်တောက်ထားသော ဒေသမျိုး၌ပင် ဆရာမြသန်းတင့် သည် ‘ဒူးရင်းဆန့်ကျင်ရေး’ အိန် ဂျယ်၏ကျမ်းကြီးကို စေ့စေ့စပ်စပ် ဘာသာပြန်နိုင်ခဲ့သည်။ မော်စီတုန်း ၏ ကျမ်းများကိုလည်း ဘာသာပြန် ပေးနိုင်ခဲ့၏။ အစဉ်အလာရှိသော နိုင်ငံရေးသမားကြီးများနှင့် ထိတွေ့ ဆက်ဆံတိုင်ပင် သင်ကြားနိုင်ခဲ့ သဖြင့် ၆ဝ ခုနှစ်များက လူငယ် ကျောင်းသား နိုင်ငံရေးမျိုးဆက်များ မှာ အတွေးအခေါ် နိုင်ငံရေးသဘော တရားများ ပြတ်တောက်သွားခြင်း မရှိခဲ့ပေ။

ထိုမျိုးဆက်များသည် တောထဲ တွင် ဖမ်းမိပြီး ထောင်မှလွတ်သည့် အခါ ထောင်ထဲရှိ မျိုးဆက်များ လည်း ထောင်မှလွတ်သောအခါ စစ်အာဏာရှင် ဖယ်ရှားရေး၊ ဒီမို ကရေစီရရှိရေးကို မစွန့်လွှတ်ဘဲ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါသည်။ လွတ်မြောက်လာသော စာရေးဆ ရာများကလည်း ပိတ်ပင်တားဆီးနေ သည့် ကြားမှပင်နိုင်ငံရေး စာအုပ် များ၊ နိုင်ငံရေးသဘောတရားပါ သည့် ဝတ္ထုများ၊ နိုင်ငံရေးဆောင်း ပါးများကို အဆက်မပြတ် ရေး သားခဲ့ကြသည်။ ဆရာဒဂုန်တာရာ ဆိုလျှင် စာပေဝေဖန်ရေးများ၊ စာ ပေသဘောတရားများကို သူ၏ ဆောင်းပါးတိုင်း၌ ရေးသားခဲ့သလို သခင်မြသန်း၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ မောင်နေဝင်းစသော စာရေးဆရာများမှာလည်း စစ်အာ ဏာရှင်များ၊ မဆလပါတီအာဏာ ရှင်များနှင့် မပူးပေါင်းဘဲ သူတို့ ယုံ ကြည်ရာကို ဆက်လက်ရေးသား ကာ ပြည်သူအတွက် နိုင်ငံရေးအ လင်းရောင်များ ပေးခဲ့၏။ သူတို့၏ ကျေးဇူးများကို ယနေ့တိုင် ကျွန် တော်တို့ ကျေးဇူးတင်မဆုံး ရှိနေရ ပါသည်။

နိုင်ငံရေးသမားများနှင့် ပြည် သူတွက် ယုံကြည်ချက်ဖြင့် ရေး သားသော စာရေးဆရာများသည် မိမိတို့၏ လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် မိမိတို့၏ဖန်တီးမှုများမှာ ငြိမ်းချမ်း ရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေး တို့ကို ဦးတည်၍ ဆောင်ရွက်ကြရ မည်။ ဖန်တီးကြရမည်။ ညီညွတ် ရေးကို ထိပါးသော အသုံးအနှုန်း၊ အရေးအသားများ မပြုလုပ်ရ။ ဒီမို ကရေစီ ဘက်တော်သားအချင်းချင်း သွေးကွဲနိုင်သော စကားများကို စင် ပေါ်တွင် မပြောကြရသလို၊ စာရွက် ပေါ်တွင်လည်း ကလောင်ဖြင့် ရေး သားခြင်း မပြုကြပေ။ ထိုသို့ ညီ ညွတ်ရေး ထိပါးအောင် ရေးသား သော စာရေးဆရာများမှာ ပြည်သူ ကို သွေးခွဲသောသူများ ဖြစ်သွားပေ လိမ့်မည်။

ယခု ၂ဝ၁ဝ မှစ၍ နှစ်ကာလ များအတွင်း မျိုးဆက်ပြဿနာကို နိုင်ငံရေးပါတီများ ရင်ဆိုင်လာရပေပြီ။ အင်အားအတောင့်တင်းဆုံး ဆို သော ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီကြားထဲတွင်လည်း အနာဂတ် တွင် တိုင်းပြည်ကို ခေါင်းဆောင် နိုင်သော ခေါင်းဆောင်မျိုးဆက် ရှားပါးနေသည်ဆိုသည်ကို အမှန် အတိုင်း ဝန်ခံဖို့ လိုအပ်နေပါသည်။ ပြည်ခိုင်ဖြိုး ပါတီမှာ ယခင် မဆလ အမွေနှင့် တပ်မတော်မှမွေးထုတ်ပေး လိုက်သော တပ်မတော်သားဟောင်း များဖြစ်၍ မျိုးဆက်မပြတ်အောင် ကြိုးပမ်းအားထုတ်မှုများ ရှိချင်ရှိနိုင် ပါသည်။ သို့သော် NLD ပါတီမှာမူ ရပ်တည်ခဲ့ရသော ကာလတစ် လျှောက်လုံး၌လည်းပါတီ၏မျိုး ဆက်ဆက်ခံရေးထက် ပါတီပျက်မသွားအောင် ကျားကုတ်ကျားခဲ ထိန်းသိမ်းခဲ့ရသောကြောင့် နောက်မျိုးဆက် ဆက်ခံရေးမှာ အခက်အခဲ ရှိခဲ့လေသည်။ ပါတီဝင်အများစုမှာ ထောင်များထဲ နှစ်ရှည်လများ ကျခံ ခဲ့ရပြီး တချို့မှာ နိုင်ငံခြားသို့ ရှောင် တိမ်းခဲ့ရ၏။ တချို့မှာထောင်ထဲတွင် ကွယ်လွန်သွားခဲ့ကြရသည်။ ၁၉၈၈ ခုနှစ်ကတည်းက နှစ်ပေါင်း အစိတ် အတွင်း NLD အဖို့ ဆက်ခံမည့် မျိုးဆက်ပြဿနာမှာ အခက်အခဲ ဖြစ်နေသည်ကို တွေ့ရှိရသည်။ NLD ပါတီအဖို့အားထားစရာ အဓိကမဏ္ဍိုင်မှာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်၏။ ဒေါ်အောင်ဆန်း စုကြည်မှာ ယခုအသက် ၆၇ နှစ် ရှိသည်။ နောက် ၁ဝ နှစ် တာဝန်ယူနိုင်လျှင်တောင် အသက် ၇၇ နှစ်ဖြစ်ပြီးပါတီကို ဦးဆောင်ဖို့၊ တိုင်းပြည်ကို ဦးဆောင်နိုင်ဖို့ အသက်အရွယ်က ခွင့်မပြုနိုင်တော့ပေ။ ဒေါ်အောင်ဆန်းစုကြည်နောက် တိုင်းပြည်တာဝန်၊ ပါတီတာဝန်ထမ်းဆောင်နိုင်မည့် မျိုးဆက်လူငယ်များမှာ အဖမ်းဆီးခံ၍ ထောင်ထဲ၌ မိမိတို့ဘဝများပေးဆပ်ခဲ့ရသူများ ဖြစ်သော်လည်း ပါတီတာဝန်၊ တိုင်းပြည်တာဝန်ကို မည်မျှထမ်း ဆောင်နိုင်မည်ကိုကား ကံသေကံမ မပြောနိုင်ပေ။ ဒေါ်အောင်ဆန်းစု ကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်စသော ခေါင်းဆောင်များကို ကျွန်တော်တို့ ယုံယုံကြည်ကြည် ခေါင်းဆောင်နိုင် သူများဟု သတ်မှတ်နိုင်သော်လည်း တခြားသူများကိုမူ ယုံကြည်၍ မရ ပေ။ ထိုသို့ မျိုးဆက်ပြဿနာကို NLD ပါတီအနေဖြင့် ယခုမှစ၍ ဆင်ခြင်သုံးသပ်ဖို့ လိုနေပေပြီ။

နောက် ကျွန်တော်တို့ အားအထားဆုံး နိုင်ငံရေးမျိုးဆက်မှာ ၈၈ မျိုးဆက်ဖြစ်လေသည်။ ၈၈ မျိုး ဆက်ကျောင်းသားများသည် ၁၉၈၈ အာဏာသိမ်းပြီးကတည်းကဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်အာဏာရှင်တို့၏ နိုင်ငံရေးသားကြောဖြတ်ခြင်းကို ခံရလေသည်။ မိမိတို့အတွက် နိုင်ငံရေးဆည်းပူးလေ့လာခွင့်များ၊ လေ့လာနိုင်သော နိုင်ငံရေးသမား ကြီးများ ထောင်ထဲလုံလုံလောက် လောက်မရှိ၍ သူတို့၏နိုင်ငံရေး အတွေးအခေါ်ကို သတ်ပစ်ခဲ့သလို သူတို့ကို နိုင်ငံရေးတာဝန်မယူနိုင်အောင်လည်း နိုင်ငံရေးစိတ်ဓာတ်ကို ချိုးနှိမ်ပစ်ခဲ့လေသည်။ သူတို့သည် နိုင်ငံရေးတက်ကြွသော အရွယ်ကတည်းက ထောင်ထဲတွင်ထည့်ထားခဲ့သည်မှာ ယခုသက်လတ်ပိုင်းအရွယ်ပင် ရောက်ခဲ့သည်။ ယခုနိုင်ငံရေးလုပ်ရန်၊ နိုင်ငံရေးပါတီလုပ်ရန် အကောင်းဆုံးအခြေအနေ ဖြစ်သော်လည်း ၈၈ မျိုးဆက် ကျောင်းသားများမှာ ထောင်မှလွတ်ပြီး ယခု ၂ နှစ်ခန့်ကြာသည်အထိ လူမှုရေးလုပ်ငန်း သံသရာထဲတွင် သာဝဲလည်နေခဲ့ကြရပါသည်။ ပြည်သူကလည်း သူတို့ ဘာလုပ်မလဲဟု စိတ်ဝင်စားကြ၏။ သူတို့က ပွင့်လင်းလူ့အဖွဲ့အစည်းဆိုသော ပါတီ နိုင်ငံရေးမဟုတ်သည့် လူမှုရေးလုပ်ငန်းများတွင်သာ ကုန်လွန်ခဲ့သည်ကိုတွေ့ရ၏။ ထိုအတွက် လူထုကမချင့်မရဲနှင့် အားမလို အားမရ ခံစားနေရပါသည်။ သူတို့အပေါ်မျှော်လင့်ချက်များလည်း လျော့ပါးသထက်လျော့ပါးလာသည်။ ယခုအချိန်ထိ သူတို့နောက်တွင် ကျောင်းသားထုက မျှော်လင့်နေဆဲရှိသလို ပြည်သူကလည်း အားထားနေဆဲ ဖြစ်ပါသည်။ ၈၈ မျိုးဆက် ခေါင်းဆောင်များသည် စာရေးဆရာများအဖြစ် စာပေလောကတွင် ထင်ရှားစပြုလာ၏။ စာပေဟောပြောပွဲများတွင်လည်း သူတို့ကို ပရိသတ်က သောင်းသောင်းဖြဖြ ကြိုဆိုကြ သည်။ ထိုသို့ ကြိုဆိုခြင်းမှာ စာရေးဆရာများဟု ကြိုဆိုခြင်းမဟုတ် ၈၈ မျိုးဆက်ကျောင်းသားများ အဖြစ်၊ စစ်အာဏာရှင်စနစ်ကို ရဲရဲ ဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သူများ အဖြစ်၊ သူတို့၏ မျှော်လင့်ချက်ကို ဖြည့်စွမ်းပေးမလားဟု မျှော်လင့်ချက်ဖြင့် ကြိုဆိုကြခြင်းဖြစ်၏။ သူတို့တွင် အတွေးအခေါ် ရှိနိုင်ပါသည်။ စာပေ အနုပညာလည်း ရှိနိုင်ပါသည်။ သူတို့သည် စာအုပ်စာပေများကို ရေးသား၍လည်း အသက် မွေးဝမ်း ကျောင်း ပြုသော စာရေးဆရာများ အဖြစ်လည်း ရှိနိုင်ပါသည်။ သို့ သော် ပြည်သူများက သူတို့ကို ကြိုဆိုအသိအမှတ် ပြုသည်မှာ စာရေးသော စာရေးဆရာများအဖြစ် ကား မဟုတ်ပေ။

ကျွန်တော်တို့သည် ၈၈ မျိုး ဆက်ကျောင်းသားများကို ယခုတိုင်မျှော်လင့်နေဆဲ၊ အားထားနေဆဲဖြစ်၏။ တိုင်းပြည်၏ အနာဂတ်ကို ဖန်တီးနိုင်သူများမှာ သူတို့သာ ဖြစ်သည်ဟု ယုံကြည်နေဆဲဖြစ်ပါသည်။ တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ ညီညွတ် ရေး၊ ဒီမိုကရေစီရေးကို အဓိက ဖော်ဆောင်နိုင်သူများမှာ သူတို့သာ ဖြစ်သည်ဟု ကျွန်တော်ကအားထားနေဆဲ ဖြစ်သည်။ သူတို့ကို နိုင်ငံ ရေး လုပ်စေချင်သည်။ မည်သည့် နည်းလမ်းဖြင့်၊ မည်ကဲ့သို့ပင် လုပ် လုပ် ၈၈ မျိုးဆက်များသည် ကျောင်းသားများ မဟုတ်တော့ပေ။ ကျောင်းဆရာများအရွယ်၊ နိုင်ငံရေး သမားများ အရွယ်ရောက်နေပါ သည်။ သူတို့တွင် အကြီးမားဆုံး သော ဒီမိုကရေစီ တော်လှန်ရေးကြီး ကို ဦးဆောင်ဆင်နွှဲခဲ့သူများ ဖြစ်၍ ကမ္ဘာကလည်း သူတို့ကိုသာ မျှော် လင့်နေကြပါသည်။ ယခု လူမှုရေး လုပ်ငန်းများတွင် သူတို့အားလုံး စည်းစည်းလုံးလုံးရှိသည်ဟု ဆို သော်လည်း တိုင်းပြည်တစ်ခုလုံး ပြည်သူများ လွတ်မြောက်မှု၊ ဒီမို ကရေစီရရှိနိုင်မှု စသော ထင်ရှား ကျယ်ပြန့်သော လှုပ်ရှားမှုများ မဟုတ်၍ ဝေဖန်ဆန်းစစ်ကာ ဝန်ခံ ကြရပေမည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်က သားကြောဖြတ် လိုက်သည့် နိုင်ငံရေးလှုပ်ရှားမှုကို ပြန်လည်တည်ဆောက်ရန် လိုအပ် ပေသည်။ ကွာဟနေသော မျိုးဆက် ပြဿနာများကို အမှန်တကယ် လည်း ဖြတ်သန်းခဲ့သော အတွေ့ အကြုံရှိသော အင်အားရှိနေသော မျိုးဆက်များသည် အမှန်တကယ် လည်း မျိုးဆက်ကွာဟမှု မရှိအောင် ဆောင်ရွက်ရပေလိမ့်မည်။

ထက်မြက်

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

“ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာမဆံ့တော့၍ အသစ်ထပ်မံတည်မည်”


Posted by AF in ကျန်းမာရေး သတင်း

၂ဝ၁ဝ ခုနှစ် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီး ရက်ပိုင်းအကြာတွင် တောင်ဒဂုံရှိ AIDS ဂေဟာသို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေးဂေဟာများ၌ လူနာများလာသည့်အတွက် အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ်သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။
အဆိုပါဂေဟာအသစ် ဆောက်လုပ်ပြီးစီးပါက လက်ရှိ တောင်ဒဂုံ နှင့် မြောက်ဒဂုံတို့တွင် ဖွင့်လှစ်ထားသော HIV/AIDSဂေဟာနှစ်ခုမှ လူနာများကို ယင်းဂေဟာအသစ် သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားမည်ဟု ၄င်းက ပြောသည်။
”အခု အဲဒီနေရာနှစ်ခုမှာ အဆင်မပြေတော့ဘူး၊ လူနာကလည်း များလာတယ်။ လူနာတွေ ကျပ်နေပြီး အုပ်ချုပ်ရတာလည်း ဟိုဘက်သွား၊ ဒီဘက်သွားနဲ့ဆိုတော့ လူနာ သစ် လာရင်လည်း ထားစရာ နေရာမရှိတော့ဘူး”ဟု မနန္ဒာလင်း က ဆိုသည်။
ဂေဟာသစ် ဆောက်လုပ်ရန် မြေနေရာအဖြစ် အရှေ့ဒဂုံဘက်ရှိ ပေ ၄ဝ xပေ ၆ဝ မြေကွက် ၄ ခု ကို မေတ္တာရှင် ဆရာတော်အရှင် ဇဝနက လှူဒါန်းထား ကြောင်း ၄င်းက ပြောသည်။
ဂေဟာအသစ်အဖြစ် သုံးထပ်ဆောင် ဆောက်လုပ်မည်ဖြစ်ပြီး လူနာအသစ်များရော အဟောင်းများပါ ၄င်းနေရာတွင်ပင် တစ်စုတစ်စည်းတည်း ထားမည်ဟု ၄င်းက ပြောသည်။
တောင်ဒဂုံဂေဟာတွင် လူဦး ရေ ၁၈ဝ နှင့် မြောက်ဒဂုံတွင် လူ ၉ဝ နီးပါးစောင့်ရှောက်ထားပြီး ART ဆေးပေးထားသော လူနာ ၁ဝဝ ခန့်ရှိသည်ဟု ၄င်းက ပြောသည်။
လက်ရှိ တောင်ဒဂုံဂေဟာကို ၂ဝဝ၄ ခုနှစ်နှင့် မြောက်ဒဂုံဂေဟာ ကို ၂ဝဝ၉ ခုနှစ်ခန့်ကစ၍ ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း၊ ဂေဟာအသစ် အတွက် ကုန်ကျစရိတ် ကျပ်သိန်း သုံးထောင်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကျပ်သိန်း ၁၆ဝ ခန့်အလှူ ငွေရရှိနေပြီဖြစ်ကြောင်း၊ လှူဒါန်းလို ပါက ကမ္ဘောဇ(၂)လမ်း၊ အိမ်နံပါတ် ၃၇၆၊ ၁၈(B)ရပ်ကွက်၊ တောင်ဒဂုံ ဖုန်းနံပါတ် ၅၆၉၃၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၄င်းက ပြောသည်။

မြတ်စုငြိမ်း

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
“ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာမဆံ့တော့၍ အသစ်ထပ်မံတည်မည်”

Posted by AF in ကျန်းမာရေး သတင်း

၂ဝ၁ဝ ခုနှစ် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီး ရက်ပိုင်းအကြာတွင် တောင်ဒဂုံရှိ AIDS ဂေဟာသို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေးဂေဟာများ၌ လူနာများလာသည့်အတွက် အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ်သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။
အဆိုပါဂေဟာအသစ် ဆောက်လုပ်ပြီးစီးပါက လက်ရှိ တောင်ဒဂုံ နှင့် မြောက်ဒဂုံတို့တွင် ဖွင့်လှစ်ထားသော HIV/AIDSဂေဟာနှစ်ခုမှ လူနာများကို ယင်းဂေဟာအသစ် သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားမည်ဟု ၄င်းက ပြောသည်။
”အခု အဲဒီနေရာနှစ်ခုမှာ အဆင်မပြေတော့ဘူး၊ လူနာကလည်း များလာတယ်။ လူနာတွေ ကျပ်နေပြီး အုပ်ချုပ်ရတာလည်း ဟိုဘက်သွား၊ ဒီဘက်သွားနဲ့ဆိုတော့ လူနာ သစ် လာရင်လည်း ထားစရာ နေရာမရှိတော့ဘူး”ဟု မနန္ဒာလင်း က ဆိုသည်။
ဂေဟာသစ် ဆောက်လုပ်ရန် မြေနေရာအဖြစ် အရှေ့ဒဂုံဘက်ရှိ ပေ ၄ဝ xပေ ၆ဝ မြေကွက် ၄ ခု ကို မေတ္တာရှင် ဆရာတော်အရှင် ဇဝနက လှူဒါန်းထား ကြောင်း ၄င်းက ပြောသည်။
ဂေဟာအသစ်အဖြစ် သုံးထပ်ဆောင် ဆောက်လုပ်မည်ဖြစ်ပြီး လူနာအသစ်များရော အဟောင်းများပါ ၄င်းနေရာတွင်ပင် တစ်စုတစ်စည်းတည်း ထားမည်ဟု ၄င်းက ပြောသည်။
တောင်ဒဂုံဂေဟာတွင် လူဦး ရေ ၁၈ဝ နှင့် မြောက်ဒဂုံတွင် လူ ၉ဝ နီးပါးစောင့်ရှောက်ထားပြီး ART ဆေးပေးထားသော လူနာ ၁ဝဝ ခန့်ရှိသည်ဟု  ၄င်းက ပြောသည်။
လက်ရှိ တောင်ဒဂုံဂေဟာကို ၂ဝဝ၄ ခုနှစ်နှင့် မြောက်ဒဂုံဂေဟာ ကို ၂ဝဝ၉ ခုနှစ်ခန့်ကစ၍ ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း၊ ဂေဟာအသစ် အတွက် ကုန်ကျစရိတ် ကျပ်သိန်း သုံးထောင်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကျပ်သိန်း ၁၆ဝ ခန့်အလှူ ငွေရရှိနေပြီဖြစ်ကြောင်း၊ လှူဒါန်းလို ပါက ကမ္ဘောဇ(၂)လမ်း၊ အိမ်နံပါတ် ၃၇၆၊ ၁၈(B)ရပ်ကွက်၊ တောင်ဒဂုံ ဖုန်းနံပါတ် ၅၆၉၃၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၄င်းက ပြောသည်။

မြတ်စုငြိမ်း

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့


M. ထက်ခေါင်

(၁)
အပေါ်ယံကြော ခိုင်မာမှု မရှိသေးသော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှု အချို့အကြား တော်လှန်ရေး အဖွဲ့အ စည်းတို့ လက်ထဲမှာကိုင်ထားသည့် သေနတ် အများအပြား တုတ်ချောင်းဖြစ်သွားကြသလိုမျိုး၊ မနေ့တနေ့ကအထိ ယုံကြည်ကိုး စား မျှော်လင့်အားထားခဲ့ကြသော လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင်ကို လူထုအနေဖြင့် မည်သို့မျှ အားကိုးအားထားပြု ၍ မရနိုင်ကြောင်း၊ လူထုကို လွတ်မြောက်ရန် ဦးဆောင်ခေါ်ယူရမည့်အစား စစ်အုပ်စုတို့ ပြုသမျှ နုရမည့်ဘ၀၊ ကျားသနားမှ နွား ချမ်းသာမည့် ဘ၀သို့ တွန်းပို့ပေးနေကြောင်းများ ပီပြင်စွာ သိလာရသည့်အဖြစ်မှာ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ပြည်သူတို့၏ စိတ်ဓာတ်အားမာန်များကို သဲထဲရေသွန် ယူကြုံးမရ ဖြစ်သွားစေလေသည်။ တိုင်းပြည်ကောင်းကျိုး လိုလားသူများအနေဖြင့် လူထုဒီမိုကရေစီခေါင်းဆောင်ကို ထိန်းကွပ် ဖေးမပေးကြရမည် ဖြစ်၏။
ကချင်ပြည်နယ်တွင်း ကျူးကျော် ထိုးစစ်ဆင်မှုများ၊ လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စများ၊ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြသူများကို နှောက်ယှက်ဟန့်တား ဖမ်းချုပ်မှုများ၊ လယ်သိမ်းခံ မြေသိမ်းခံ လယ်သမားတို့၏ မကျေနပ်မှုများ ဖြင့် နေ့စဉ်နှင့်အမျှ အပူလုံးကြွနေကြချိန်၊ ဟိုနိုလူလူ၌ ဆုတစ်ဆုသွားယူပြီး ကိုရီးယားသို့ ခရီးတခေါက်ထွက်ခဲ့သော ဒေါ်အောင် ဆန်းစုကြည်မှာ ရန်ကုန်ကို ဘယ်နေ့ဘယ်ရက် ဘယ်အချိန်က ဘယ်လိုပြန်ရောက်လာမှန်း ဘာသတင်းမျှ မကြားလိုက်ရပဲ ဗိုလ် ချုပ်မွေးနေ့ကျခါမှ ဗီဒီယိုဖိုင်ကလေးတခုတွင် ပေါ်လာခဲ့လေသည်။
တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့်ကိစ္စတွင် သက်ဆိုင်ရာ ကာယကံရှင်များက ဖိတ်ခေါ်ပါက သူမအနေဖြင့် ကြား ၀င်ဆောင်ရွက်ပေးမည်ဟု ဆိုသည်။ မကမ်းလှမ်းပဲ သွားဖြေရှင်းပေးနိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးရာကျပါတယ် ဟုလည်း သူမ ဆို၏။ ဒေါ်အောင်ဆန်းစုကြည် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူမ ပြည်ပသို့မထွက်မီကပင် ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်အောင်ဆန်းစုကြည်အား ကြားဝင် ဆောင်ရွက်ပေးရန် တိုင်းသိပြည်သိ ကမ်းလှမ်းခဲ့ပြီး ဖြစ်သည်။ တဘက်က ကမ်းလှမ်းလျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။ စစ်အုပ်စုက ထပ်မံ ကမ်းလှမ်းစရာ မလို။ ကချင်၏ကမ်းလှမ်းမှုကို ကိုင်စွဲကာ စစ်အုပ်စုနှင့် ကချင်အကြား ကြားဝင်စေ့စပ်ပေးရုံသာ ဖြစ်သည်။ ကချင်ငြိမ်းချမ်းရေးကွန်ယက်၏ ကမ်းလှမ်းမှုကို လျစ်လျူရှုကာ အမေရိကားနှင့် ကိုရီးယားသို့ ထွက်သွားခဲ့ပြီးမှ ယခုလို ပြောဆိုလာသည့်အပေါ် ကချင် အပါအ၀င် မည်သည့် တိုင်းရင်းသား တစုတဖွဲ့ကမျှ တုံ့ပြန်ခြင်း ဖိတ်ခေါ်ကမ်းလှမ်းခြင်းများ မပြုတော့ချေ။
အခြေခံဥပဒေကို ဘာတခုမျှ မပြင်နိုင်ဘဲ လူထုထောက်ခံမှုတခုတည်းအပေါ် အားပြုရပ်တည်ကာ သမ္မတလုပ်ပြီး အာ ဏာလိုချင်နေသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မဖြစ်စလောက် ပညာရေး၊ ကျန်းမာရေးအတွက် ရန်ပုံငွေ ရှာဖွေသည့် ကိစ္စများဖြင့်သာ အချိန်ကုန်ခံမနေပဲ ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာများ၊ ကျူးကျော်သိမ်းပိုက်ခံ အစော်ကားခံ အလုပ်သမား လယ်သမားတို့၏ ပြဿနာများနှင့်၊ ဗမာ့သဘာဝပတ်ဝန်းကျင် သယံဇာတများ ပျက်စီးဆုံးရှုံးနေ သည့် ပြဿနာများ၊ တိုင်းရင်းသားတို့၏ ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းရေး ပြဿနာများကို ပြည်တွင်းပြည်ပမှ တွေ့သင့်တွေ့ ထိုက်သော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်ကာ လုပ်ဆောင်သွားရမည် ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးကို ထိရောက်စွာ လုပ်ဆောင်နိုင်မှုမရှိပဲ အနုပညာရှင်များပင် ရှာဖွေ ကူညီ လုပ်ဆောင်နိုင်ကြမည်ဖြစ်သော ပညာရေးရန်ပုံငွေလိုကိစ္စ များဖြင့် အချိန်ဖြုန်း၊ ခေါင်းရှောင်နေတတ်သူအား လူထုသည် သမ္မတအဖြစ် မဲပေး တင်မြှောက်နိုင်ကြလိမ့်မည် မဟုတ်။ ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာ အဆင့်မှီ သမ္မတတယောက် ရှိသင့်ရှိထိုက်သည့် စိတ်ဓာတ်မြင့်မြတ် ရင့်ကျက်မှုမျိုးရှိ အောင် မိမိကိုယ်မိမိ ပြန်လည် တည်ဆောက်ရမည် ဖြစ်လေသည်။
မြ၀တီ စက်မှုဇုံကို လာရောက်ကြည့်ရှုသော ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး သွား ရောက်တွေ့ဆုံသည့် သတင်းကို ဖတ်လိုက်ရသည်။ စစ်အုပ်စုနှင့် ကေအဲန်ယူတို့၏ အပစ်အခတ်ရပ်စဲရေး အခြေအနေမှာ ခိုင်မာ မှု မရှိသေးကြောင်း၊ ခိုင်မာအောင် အရင်လုပ်ပြီးမှ ဖွံ့ဖြိုးရေးကိစ္စတွေကို ဆက်လုပ်သင့်ကြောင်း ဒုသမ္မတအား ဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့သည်ဟု သိရသည်။ လမ်းကြောင်းမှန်ကို ပီပြင်ရှင်းလင်းစွာ သိမြင်လာသည့် ဗိုလ်ချုပ်ကြီးအား လှိုက်လှဲဝမ်းသာစွာ ကြို ဆိုရမည် ဖြစ်၏။
ရန်သူနှင့် အပစ်အခတ် ရပ်စဲရေးလုပ်သည်မှာ သူ့အကျိုး ကိုယ့်အကျိုး ချိန်ဆ ညှိနှိုင်း၍ လုပ်ကြခြင်း ဖြစ်သည်။ ရန်သူ က သူ့အကျိုးကွက်ကွက်ကလေးကို ကြည့်၍လုပ်သည့်တိုင် မိမိတို့အနေဖြင့် အမျိုးသား ပြည်သူတရပ်လုံး၏ အကျိုးကို မျှော်ကိုး လုပ်ဆောင်ကြရမည် ဖြစ်သည်။

(၂)
ဖေဖော်ဝါရီ ၁၄ရက်။ ပဒိုမန်းရှာ ကျဆုံးခဲ့သည့် နှစ်ပတ်လည်နေ့ အဖြစ် ပဒိုမန်းရှာ အမှတ်တရ ဗီဒီယိုဖိုင်များ၊ ကဗျာ ဆောင်းပါးများကို အွန်လိုင်းမှာ တွေ့မြင်ဖတ်ရှုရသည်။ အာရ်အက်ဖ်အေက တည်းဖြတ် တင်ဆက်ထားသည့် ဗီဒီယိုဖိုင်တွင် ရိုး ရှင်းသော ဆရာ့ဟန်ပန်နှင့် စကားသံများကို ပြန်၍တွေ့ကြ ကြားကြရသည်။
“အဖိနှိပ်ခံနေရတဲ့ အမျိုးသားတွေအတွက် ကျနော်တို့ သူပုန်ဖြစ်ခဲ့ရတယ်။ သူပုန်ဖြစ်ရတာလည်း ကျနော် ဂုဏ်ယူခဲ့ တယ်။ ကျနော့်ဘ၀ရဲ့ ဂုဏ်ယူစရာကိစ္စ၊ တော်လှန်ရေးသမားဖြစ်ရတာ။”
“မတရားမှုမှန်သမျှကို ပုန်ကန်တာဟာ တရားတယ်။ ရှေ့ဆက်ပြီးတော့လည်း မတရားမှုတွေကို ကျနော် ပုန်ကန်မှာပဲ။ တရားမှုတွေ ဖြစ်ထွန်းလာအောင် ကျနော် ကြိုးစားမယ်။”
“တွေ့ဆုံဆွေးနွေးရေး လုပ်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ထိုးစစ်တွေကို ရပ်ပြီးတော့ free and fair ဖြစ်တဲ့ ဆွေးနွေး ပွဲကို မှန်မှန်ကန်ကန် လုပ်ရမှာ ဖြစ်တယ်။ အကယ်၍ (ဥပမာ) ဒေါ်စုကို ဖမ်းထားပြီးတော့မှ ဒေါ်စုနဲ့ ဆွေးနွေးမယ် ဆိုတဲ့စကား ဟာ ယုတ္တိယုတ္တာ မရှိဘူး။ ဒါဟာ တကယ့် meaningful political dialogue လို့ မပြောနိုင်ဘူး။ ထိုနည်းတူစွာ ကေအဲန်ယူကို ပြင်းပြင်းထန်ထန် စစ်ဆင်ရင်းနဲ့ ကေအဲန်ယူနဲ့ စကားပြောမယ်ဆိုတာလည်း ယုတ္တိယုတ္တာ မရှိဘူး။”
ပဒိုမန်းရှာ ပြောခဲ့သလိုပင် စစ်အုပ်စုသည် ပြီးခဲ့သည့် ကာလတလျှောက်လုံး ဤပုံစံအတိုင်း တောက်လျှောက်လုပ်လာ ခဲ့သလို ပစ္စက္ခအခြေအနေတွင်လည်း ဤပုံစံအတိုင်း ဆက်လက် ကျင့်သုံးလျက်ပင် ရှိလေသည်။ တဘက်က တွေ့ဆုံဆွေးနွေး ရေး ကမ်းလှမ်း လုပ်ဆောင်နေပြီး တဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ကချင်မှာ တိုက်ပွဲများဖြစ်နေရာမှ အပစ် အခတ်ရပ်ဆိုင်းပြီး နိုင်ငံရေး ဆွေးနွေးရန် တွေ့ဆုံညှိနှိုင်းနေခိုက်၊ ယခုလအတွင်း ထပ်မံမတွေ့ဆုံရသေးမီ ကချင်တပ်ဖွဲ့အချို့အား အတင်းဝင်ရောက် ကျူးကျော် တိုက်ခိုက်သလိုမျိုး၊ ရှမ်းပြည်မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့သည်။
ယူအဲန်အက်ဖ်စီနှင့် ချင်းမိုင်မှာ တွေ့ဆုံခဲ့ပြီး ရှမ်းအဖွဲ့ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့်ပါ တွေ့ဆုံနေဆဲအချိန်မှာပင် တိုက်ပွဲ တွေ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော အဖြစ်မျိုး ပြီးခဲ့သည့်လ ဒီကေဘီအေနှင့် တွေ့ဆုံရာတွင်လည်း ဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ခြင်းများမှာ တစ်ကြိမ် နှစ်ကြိမ် အမှတ်တမဲ့ မတော်တဆ တိုက်ဆိုင်မှု ဖြစ်သည့်ကိစ္စ မဟုတ်။ တိုင်းရင်းသားအဖွဲ့အ စည်းများနှင့်တွေ့တိုင်း ထိုသို့ ပြုလုပ်ရန် အရေခြုံအစိုးရနှင့် စစ်တပ်သည် ၎င်းတို့ချင်း သေချာစွာ အကွက်ချ စီစဉ်ထားခဲ့ကြပုံရ လေသည်။

(၃)
ဒေါ်အောင်ဆန်းစုကြည် ပြောသည့် “သမ္မတကြီးကိုယုံတယ်” ဆိုသည့်ကိစ္စမှာ ယခုထက်တိုင် ပွင့်လင်းမြင်သာမှုရှိရှိ ပီပြင်ရှင်းလင်းစွာ အကျိုးအကြောင်း မသိရသေး။ ဘာတွေ ဘယ်လိုပြောလို့ ယုံရတာလဲ၊ ဘယ်လိုလုပ်ရပ်တွေ လုပ်ပြလို့ ယုံရ တာလဲ ဆိုသည်ကို ယနေ့ထိ ခြေခြေမြစ်မြစ် မသိရသေးချေ။ ချွတ်ယွင်းချက်များကို မမြင်ယောင်ဆောင်သူတွေနှင့် မသိယောင် ဆောင်သူတွေက သူ့အပေါ် ယုံကြည်သယောင် ဇွတ်မှိတ် ပြောဆိုတတ်ကြသော်လည်း တိုင်းရင်းသား ပြည်သူလူထု အများစုအ နေဖြင့်မူ အရေခြုံသမ္မတ ဦးသိန်းစိန်၏ လုပ်ရပ်နှင့်သဘောထားများကို ဆန်းစစ်သိမြင်ခဲ့ကြပြီး ဖြစ်လေသည်။
၂၀၁၀ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက ကြံ့ဖွံ့အသင်းဥက္ကဌလည်းလုပ် ၀န်ကြီးချုပ်လည်း လုပ်နေသော ဦးသိန်းစိန် က ၎င်းတို့ စစ်အုပ်စု သစ္စာခံ မြစ်ကြီးနား လ၀ါယန်အခြေစိုက် ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့် စခုန်တိန့် ယိန်းအဖွဲ့တို့ကို ခေါ်တွေ့ကာ ရွေးကောက်ပွဲပြီးပါက ကေအိုင်အိုကို အရှေ့တောင်အာရှ အာစီယံတွင် ပထမဆုံးစံပြအဖြစ် တိုက် ခိုက်ချေမှုန်းမည်ဟု ပြောလိုက်ကြောင်း ကေအဲန်ဂျီ ကချင်သတင်းဌာန၏ စက်တင်ဘာ ၂၀ရက်နေ့သတင်းတွင် တွေ့ရသည်။ စက်တင်ဘာ (၁)ရက်မှစ၍ လက်နက်ချရန် စစ်အုပ်စုက ညွှန်ကြားခဲ့သည့်အပေါ် ကေအိုင်အေက သြဂုတ် ၃၀ရက်နေ့မှာ လက်မ ခံကြောင်း ပြန်ကြားပြီးသည့်နောက် ဦးသိန်းစိန်၏ ခြိမ်းခြောက်ပြောဆိုမှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကေအိုင်အိုအား လေးကြိမ် အခွင့်အရေး သီးခြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ (၁) တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဖွင့်ပေးခြင်း၊ (၂) နယ်ခြားစောင့် တပ်(BGF)အဖြစ် ပြောင်းလဲဖွဲ့စည်းရန်၊ (၃) ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန်နှင့် (၄) နောက်ဆုံး လက်နက်စွန့်ရန်ဖြစ် ကြောင်း၊ ပြန်လည် ပြောင်းလဲဖွဲ့စည်းရေးနှင့် လက်နက်ချရေးကို လက်မခံခဲ့သော ကေအိုင်အိုအား နောက်နောင် လက်နက်ချ အလင်းဝင်လာသော်လည်း လက်ခံမည်မဟုတ်ကြောင်း ၀န်ကြီးချုပ်သိန်းစိန်က ပြောခဲ့သည်။
ပြည်သူလူထုအများစု ဆန္ဒမပါပဲ ၀င်ခဲ့ကြရသည့် ကြံ့ဖွံ့အသင်းကို ပါတီအသွင်ပြောင်းကာ ၂၀၁၀ နိုဝင်ဘာ ရွေးကောက် ပွဲအတွင်း ၀င်ရောက်ပြီး ကြိုတင်မဲ အပါအ၀င် မဲလိမ်မဲခိုးနည်းမျိုးစုံဖြင့် အနိုင်ရယူကာ သမ္မတအရေကို ခြုံလာခဲ့သော ဦးသိန်းစိန် မှာ ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလထဲတွင်လည်း ပူတာအိုသို့ သွားရောက်ပြီး ကချင်မျိုးနွယ်စု ရ၀မ်နှင့် လီဆူတို့ကို သီးသန့်တွေ့ဆုံ ကာ တချိန်တုန်းက ၎င်းတို့နှင့် အပြန်အလှန် သတ်ခဲ့ကြသည့် ဂျိမ်းဖောတွေကို ယခုလိုအချိန်တွင် ပြန်လည် သတ်ဖြတ်ရန်နှင့် သတ်မည်ဆိုလျှင် လက်နက်များ ထုတ်ပေးမည်ဖြစ်ကြောင်း ရန်မီးမွှေး သွေးထိုးပေးခဲ့ကြောင်း သိရသည်။
ဘာလီအာစီယံ အစည်းအဝေး ပြင်ပမှာလည်း တိုင်းရင်းသားအဖွဲ့အစည်းများကို နာရီပိုင်း၊ ရက်ပိုင်းအတွင်း ချေမှုန်းလို့ ရနိုင်ကြောင်း မျက်နှာနေ မျက်နှာထားဖြင့် ပြောဆိုခဲ့သည်ကို ဗီဒီယိုသတင်းတွင် တွေ့ရသည်။ စိတ်ထား စေတနာ မကောင်း သည့် သွင်ပြင်လက္ခဏာမှာ မျက်လုံး၌ အထင်းသား ပေါ်နေလေသည်။
အရပ်ဝတ်အရေခြုံသမ္မတ သိန်းစိန်အနေဖြင့် အပေါ်ယံကြော အရေခွံများဖြစ်သော ကရင်ဝတ်စုံ ၀တ်ပြ၊ ချင်းဝတ်စုံ ၀တ်ပြပြီး တိုင်းရင်းသားများနှင့် တသားတည်းရှိကြောင်း ဟန်ဆောင်ညာဝါးနေသည်ထက် မြန်မာဝတ်စုံကို ပီပီပြင်ပြင်ဝတ်ကာ ရင်တွင်းကလာသော တကယ့်စေတနာဖြင့် တိုင်းရင်းသား ပြည်သူလူထုအကျိုး ရှေ့ရှုဆောင်ရွက်သင့်ပြီ ဖြစ်၏။

(၄)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကိစ္စ ဆန္ဒပြတောင်းဆိုမှုများ တကျော့ ပြန်လည် ပေါ်ထွက် လာခဲ့ပြီ ဖြစ်သည်။ ဤတကြိမ်တွင် ပုလိပ်တွေ အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်လာဦးမည်ဆိုပါက လူထုအနေဖြင့် သည်းခံနိုင် တော့မည် မဟုတ်ကြောင်းလည်း ဆန္ဒပြ တောင်းဆိုသူတွေက ထုတ်ဖော် ဟစ်ကြွေးကြသည်။
စစ်တပ်ကသိမ်းသည့် လယ်မြေအချို့ ပြန်ပေးမည်ဟု ဆိုနေချိန်၊ ကုမ္ပဏီအချို့ကလည်း ၎င်းတို့သိမ်းထားသည့် လယ် မြေအချို့ကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်မည်ဟု ဆိုလာချိန်၊ ယခုလအတွင်းမှာပင် ကချင်ပြည် မြစ်ကြီးနားမြို့ ရပ် ကွက်တွင်းမှ အိမ် ၂၃လုံးနှင့် လယ်ယာမြေတွေကို လျော်ကြေးမပေးပဲ သိမ်းယူခြင်း၊ ပဲခူးတိုင်းအတွင်း ရပ်ကွက်ကြီး အမှတ် ၅၊ ၈၊ ၉နှင့် ကျေးရွာအချို့မှ လယ်မြေ ဧကပေါင်း ၂၃၅၀၀ကို စက်မှုဇုံ စီမံကိန်း၊ လေယာဉ်ကွင်းနှင့် တက္ကသိုလ်နယ်မြေများအတွက် ဟုဆိုကာ ပိုင်ရှင်တွေကို မောင်းထုတ်ခြင်းများ လုပ်လာပြန်သည်။
ထိုလုပ်ရပ်များနှင့် မရှေးမနှောင်း ရန်ကုန် မရမ်းကုန်းမှ အိမ်ခြံမြေတွေ မတရားသိမ်းဆည်းခံရသော မြေကွက်ပိုင်ရှင် ၂၀၀ကျော်၏ ဆန္ဒပြခြင်းများ၊ ဥက္ကံက မြေသိမ်းခံ တောင်သူများ၏ ဆန္ဒဖော်ထုတ်ခြင်းများ ပေါ်ပေါက်လာခဲ့သည်။ မကြာမီလ များအတွင်း ရခိုင်ပြည်နယ် အမ်းမှ မြေသိမ်းခံများ၊ ဘိတ်ထားဝယ်မှ မြေသိမ်းခံများ၊ မင်္ဂလာဒုံ ရွှေမြယာ၊ သန္ဓေပင်တို့မှ လယ် သိမ်းခံ မြေသိမ်းခံများ၊ ရပ်ကွက် ဖျက်သိမ်းခံများနှင့် ဘုန်းတော်ကြီးကျောင်းများပါမကျန် ဖျက်သိမ်း မီးရှို့ခံရသော ရဟန်းသံဃာ တော်တို့၏ မကျေနပ်မှု ဒေါသမာန်ဟုန်များမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ပခုက္ကူ၊ ပုသိမ်၊ တနင်္သာရီ စသ ဖြင့် ဗမာပြည်အနှံ့ ပေါ်ပေါက်လာတော့မည့် အလားအလာကို တွေ့မြင်နေရလေသည်။
ဤတကြိမ် ပေါ်ထွက်လာမည့် အုံကြွမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပါရှိနိုင်တော့မည် မဟုတ်ချေ။ လက်ပံတောင်းတောင်လူထု၊ လယ်သိမ်းခံ တောင်သူလယ်သမားလူထု၊ အဖိနှိပ်ခံ အလုပ်သမားလူထု၊ မြစ်ဆုံစီမံကိန်း ဖျက် သိမ်းမည့်လူထု၊ ဗမာတပြည်လုံး ဒုက္ခပေးနေသော ဦးပိုင်နှင့် ကာလုံကို ဖျက်သိမ်းမည့် လူထုသည် ဗမာပြည်နှင့် မဆီလျော် သော ငြိမ်းချမ်းစွာ ဆန့်ကျင်သည့်မူကို ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ အရှုံးပေး အညံ့ခံရေး လမ်းကြောင်းသို့ နှစ် ပေါင်းများစွာ တွန်းပို့ခံလာခဲ့ရပြီးနောက် လူထုသည် ရန်သူနှင့် ပူးပေါင်းလုလု ခေါင်းဆောင်တုကို လျစ်လျူရှုလိုက်ပေတော့မည်။ ပေါ်ပေါက်လတ္တံ့သော အုံကြွမှုမှာ ကောက်ရိုးမီးလို ၀ုန်းကနဲထတောက်ပြီး အရှိန်သေပြီးပြတ်သွားမည့် အုံကြွမှုမျိုး မဟုတ်။ ကာလကြာမြင့်စွာ တမြေ့မြေ့ ကြိတ်မှိတ် ခံစားလာခဲ့ရပြီးသည့်နောက် ဖွဲမီးလို တငွေ့ငွေ့ဖြင့် အဆုံးတိုင် ဖြိုဖျက်လောင်မြိုက်မည့် အုံကြွမှုမျိုး ဖြစ်၏။
ဒေါ်အောင်ဆန်းစုကြည်၏ ယိုင်နဲ့နေသော အခြေအနေကို ကယ်တင်ရန်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တောင်အာ ဖရိက ဘုန်းတော်ကြီးဒက်စ်မွန်တူးတူး ယခုရက်များအတွင်း ရောက်ရှိလာခဲ့သည်။ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားနိုင်ရေး ရဲစွမ်းသတ္တိရှိဖို့ လိုအပ်ကြောင်း ဒက်စ်မွန်တူးတူးက ပြော၏။ ဘုန်းတော်ကြီးသည် နိုဗယ်ငြိမ်း ချမ်းရေးဆုရှင် ဖြစ်သော်လည်း ကြားနေတတ်သည့် ငြိမ်းချမ်းရေးသမားမဟုတ်။ မှန်ကန်သည့်ဘက်မှနေ၍ ပြတ်ပြတ်သားသား ရပ်တည်တတ်သည့် ငြိမ်းချမ်းရေးသမား ဖြစ်လေသည်။

(၅)
ရန်သူသည် မည်သည့်အခါကမျှ မည်သည့်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း မည်သည့်လက်နက်ကိုင် နိုင်ငံ ရေး အဖွဲ့အစည်းနှင့်မျှ စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရယူခဲ့ခြင်း မရှိသလို ယနေ့အချိန်အထိလည်း မည်သည့် လက်နက် ကိုင်တိုင်းရင်းသား အဖွဲ့အစည်းနှင့်မျှ ပြီးမြောက်အောင်မြင်စွာ ငြိမ်းချမ်းရေး သဘောတူညီမှုများ ရယူထားခြင်း မရှိချေ။
တိုင်းရင်းသား အဖွဲ့အစည်းများကို တဖွဲ့ချင်းစီ ခွဲထုတ်လျက် အယောင်ပြ ဆွေးနွေးမှုများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်နေခိုက်၊ ၀နှင့် မိုင်းလားတို့၏ မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်သွယ်မှုများကို အနှောက်အယှက်မပေးပဲ အပစ်အခတ် ရပ်စဲရေး လုပ်ထားသည်မှာ တိုင်းရင်းသား အဖွဲ့အစည်းများဘက်မှ ၀င်ရောက်ကူညီကြမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်။ ၀နှင့် မိုင်း လားတို့ကလည်း ၎င်းတို့ကို လာရောက်မတိုက်ခိုက်ပါက ၎င်းတို့ကလည်း စတင် တိုက်ခိုက်မည် မဟုတ်ဟု ဆိုခဲ့ကြသည်။ အခြေ အနေတခုပေါ်တွင် ၎င်းတို့နှင့် လောလောဆယ် အပစ်အခတ် ရပ်စဲထားကြခြင်း ဖြစ်၍ ခိုင်မာသော ငြိမ်းချမ်းမှုဟု မဆိုနိုင်ချေ။ ကျန်တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများတွင်လည်း ငြိမ်းချမ်းမှု တည်ဆောက်ရေးကို ဖယ်ထား၍ အပစ်အခတ်ရပ်စဲရေးကိစ္စမှာပင် ခိုင်မာစွာ သဘောတူညီမှု ရရှိသွားပြီဆိုသည့်အဖွဲ့ တဖွဲ့တလေမျှ မရှိသေးချေ။
ယူအဲန်အက်ဖ်စီနှင့် ဦးအောင်မင်းတို့အဖွဲ့ ချင်းမိုင်တွင် ဆွေးနွေးခဲ့သည့် ကိစ္စသည်လည်း တကယ်တမ်း ကျေနပ်အားရ ဖွယ် တိုးတက်ကောင်းမွန်သော ရလဒ်ကို ရရှိခဲ့လိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များက ထင်မှတ်မထားကြ။
အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲသည် အောင်ပွဲမခံနိုင်သေး။ အဖိနှိပ်ခံ လူထုတရပ်လုံး စစ်အာဏာရှင် လက် အောက်မှ လွတ်မြောက်ရေးသည်လည်း အဆုံးသတ်တိုက်ပွဲ မဆင်နိုင်သေး။ တော်လှန်ရေးသည် မပြီးသေး။ စစ်မှန်သော ငြိမ်း ချမ်းရေးကိုလည်း အရိပ်အယောင်မျှ မမြင်နိုင်သေး။

(၆)
ယခုလက်ရှိလုပ်ဆောင်နေသော ရန်သူ၏ စစ်ဆင်ရေးမှာ စားပွဲဝိုင်းတိုက်ပွဲတ၀က် စစ်မြေပြင် တိုက်ပွဲတ၀က် အနေအ ထား ဖြစ်သည်။ ၎င်းတို့အနေဖြင့် အရာရာကို စစ်ရေးအမြင်ဖြင့်သာ ကြည့်တတ်ကြသည်။ ဘယ်အချိန်မှာ ဘယ်သူ့ကို ဘာစကား ပြောပြီး၊ ဘယ်အချိန်မှာ ဘယ်သူ့ကို ဘယ်လိုတွန်းတင်ရမည်၊ ဘယ်ပုံပထုတ်ရမည်၊ ဘယ်နေရာကို ဘယ်လိုဝင်သိမ်းရမည် စသ ဖြင့် အစီအစဉ်တကျ ကျင့်သားရစွာ လုပ်တတ်ကြသည်။ နိုင်ငံရေးကိုလည်း စစ်ပရိယာယ်ဖြင့် သုံးသပ်စဉ်းစား လုပ်ကိုင်တတ်ကြ ၏။
All warfare is based on deception. အလုံးစုံသော သေနင်္ဂဗျူဟာ အတတ်ပညာဟူသမျှသည် လှည့်စားခြင်းအ ပေါ်၌ အခြေခံ၏ ဟူသော ဆွန်ဇူး၏ အဆိုအမိန့်ကို မမေ့မလျော့ နှလုံးသွင်းထားဖို့ လိုသည်။
ရန်သူ၏ မဟာဗျူဟာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အမြစ်ဖြုတ် ချေမှုန်းရေးနှင့် ဗမာ ပြည် ပြည်သူလူထုတရပ်လုံးကို ဆက်လက် ချုပ်ကိုင် ကျွန်ပြုနိုင်ရေး ဖြစ်သည်။ နည်းဗျူဟာအနေဖြင့် ငြိမ်းချမ်းရေးအယောင်ပြ အပစ်အခတ်ရပ်စဲရေး၊ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများဖြင့် ဒေသဖွံ့ဖြိုးရေး၊ ချွတ်ခြုံကျနေသော ပြည်နယ်လူထုဘ၀ ဦးမော့ လာစေရေးအတွက် စာသင်ကျောင်း၊ ဆေးပေးခန်း၊ လမ်းတံတား စသည့် လူမှုရေး ပညာရေး၊ ကျန်းမာရေး အကူအညီများ မဖြစ် စလောက်ပေးကာ တိုင်းရင်းသားလူထုအပေါ် မေတ္တာစေတနာထားကြောင်း ပြသရေး၊ တိုင်းရင်းသား အဖွဲ့အစည်းများအတွင်း အင်အားချိနဲ့အောင်၊ စည်းလုံးညီညွတ်မှု မရှိအောင် အထက်အောက် အခွင့်အရေး မညီမမျှ ခွဲခြား ဆက်ဆံမှုများဖြင့် သပ်လျှိုထိုး ခွဲရေး၊ --- စသည့် မည်သည့်အခါကမျှ ပြောင်းလဲခြင်း မရှိခဲ့သော လုပ်နည်းလုပ်ဟန်တွေ ဖြစ်သည်။ ထိုအရာတွေအပေါ် အစဉ် အဆက်က ခေါင်းဆောင်များအတွင်း ထိန်းသိမ်းနိုင်ခဲ့သူတွေရှိသလို ရန်သူ့ လှိမ့်လုံးများနောက် အငိုက်မိပြီး နစ်မြုပ် ကျဆုံး သွားကြသူတွေလည်း ရှိသည်။ ယခုရန်သူ၏ လုပ်ရပ်တွေမှာ ပို၍ ဗြောင်ကျလာပြီး ဆွေးနွေးပွဲပြင်ပတွင် ဖက်လဲတကင်း ခင်မင် ရင်းနှီးသလိုလို၊ ရူးသလိုလို ကြောင်သလိုလို၊ စကားရောဖောရောဖြင့် လုံးတုတ် လိုက်လျှောချလိုက် လုပ်တတ်လာကြသည်။
ဒီမိုကရေစီရေးတိုက်ပွဲဝင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့ ပြည်ပခရီးစဉ် လှည့်လည်နေကြသည်။ ရဲဘော် ရဲဘက် လုပ်ဖော်ကိုင်ဖက် မိတ်ဟောင်းမိတ်သစ်များနှင့် တွေ့ကြရသည်။ ဗမာပြည်အတွင်း ပြုပြင်ပြောင်းလဲ ဖြေလျှော့မှုအချို့ လုပ်လာခဲ့သည့်တိုင် အရေခြုံသမ္မတတို့ အုပ်စုအပေါ် မျက်စေ့စုံမှိတ် ယုံကြည်မှု မထားနိုင်သေးသူတွေ ရှိနေကြောင်း သိခဲ့ရ သည်။ ရန်သူ၏ ပရိယာယ်ကို ရိပ်စားမိကြသူတွေ ဖြစ်၏။
တိုက်ပွဲသည် အမြောက်သံ ဗုံးသံ တ၀ုန်းဝုန်း တဒိုင်းဒိုင်း ဆူညံနေသော စစ်မြေပြင်၌သာ ရှိနေသည် မဟုတ်။ ရန်သူနှင့် ဆုံတွေ့ရာ နေရာတိုင်းကို တိုက်ပွဲဖြစ်ရာ နေရာများအဖြစ် နားလည် သိရှိထားရမည် ဖြစ်သည်။ လက်နက်မကိုင်သော တိုက်ပွဲ သည် ပိုမို ကြောက်မက်ဖွယ် ကောင်း၏။ ရန်သူသည် တိုင်းရင်းသားများကိုသာမက လူထုတရပ်လုံးကိုလည်း နေ့စဉ်နှင့်အမျှ တိုက်ပွဲဆင်နေလေသည်။ အပေါ်ယံကြော အနှစ်မပါ စကားများ၊ စီးပွားရေးအကွက်အကွင်း မြူဆွယ်မှုများနှင့် ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေး အယောင်ပြ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ခြေကုတ်ယူထားရာ နယ်မြေကို ပထ၀ီအနေအ ထားအရပါ ပြောင်းလဲဖျက်ဆီးခြင်းများ၊ ကောင်းစေလိုဟန်ဖြင့် အကျိုးပျက်ပြားအောင် ဖျက်ဆီးခြင်း၊ အယုံလွယ်တတ် ကြောက် တတ်သူတွေကို လန့်ဖျပ်အောင် ခြိမ်းခြောက်ခြင်း ၊ အထက်ဖား အောက်ဖိ သဘောထားများဖြင့် အခွင့်အရေးပေးသူကို ပေးပြီး အောက်လူကို ပိုမို နိမ့်ကျအောင် ဖိနှိပ်ခြင်း၊ အရိုးအရင်း ပေးကျွေးလျက် အလိုလိုက် အကြိုက်ဆောင် ချော့မြူခြင်း၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်၊ မုန့်ကျွေးချော့ တုတ်ပြခြောက် စသည့် ရန်သူ့စစ်ပရိယာယ်တွေကို နားမလည်သူများမှာ ရန်သူအကြိုက် အငိုက်မိစွာ လိုက်ပါမိတတ်ကြသည်။ ရန်သူသည် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်မူကို တလျှောက်လုံး ကိုင်စွဲ ကျင့်သုံးလာခဲ့ သူ ဖြစ်၏။ ရန်သူ့ လှည့်ဖြားမှုများ၊ ပရိယာယ် မာယာများအပေါ်တွင် ထိတ်လန့် သွေးပျက်လျက်၊ ဘာမျှ မလုပ်ရဲ မကိုင်ရဲ၊ မလုပ် တတ် မကိုင်တတ်၊ မရုန်းဖယ် မတွန်းလှန်တတ်ပဲ သိသိကြီးနှင့် မှိန်းပြီး လျစ်လျူရှုနေရသည့် အဖြစ်မျိုး မဖြစ်စေသင့်။

(၇)
နေပြည်တော်ကို သွားရောက်တွေ့ဆုံခဲ့သော ကေအဲန်ယူခေါင်းဆောင်များထဲမှ ပဒိုမန်းငြိမ်းမောင်ကို အင်တာဗျူး သည့် ဗီဒီယိုသတင်းတခုတွင် ရန်သူ့ကာချုပ် မင်းအောင်လှိုင်နှင့် တွေ့ခဲ့သည့် ပဒိုမန်းငြိမ်းမောင်က ကရင်ပြည်နယ် ငြိမ်းချမ်းရေး peace process နှင့်ပတ်သက်သည့် မင်းအောင်လှိုင်၏သဘောထား ပြန်လည် ပြောပြသည်ကို ကြည့်လိုက်ရသည်။ မင်းအောင် လှိုင်က ၇၀ရာခိုင်နှုန်းလောက် အောင်မြင်ပါတယ်ဟု ဆိုကြောင်း၊ ကျန်သည့် ၃၀ရာခိုင်နှုန်းကတော့ စစ်ရေးကိစ္စ အသေးအဖွား များဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ သဘောထား မေးမြန်းသည်ကို ၇၀ရာခိုင်နှုန်း၊ ၃၀ ရာ ခိုင်နှုန်းဟု ဆိုသည်မှာ မည်သည့်အပေါ်တွင် အကဲဖြတ်တွက်ချက်ပါသနည်း။ စစ်အုပ်စုသည် နိုင်ငံရေးကိစ္စ ငြိမ်းချမ်းရေးကိစ္စ အားလုံးကို စစ်ရေးအမြင်ဖြင့်သာ ကြည့်ရှုအကဲဖြတ်သည်ကို မမေ့ဖို့လိုသည်။ မင်းအောင်လှိုင်က ၇၀ရာခိုင်နှုန်းလောက် ပြေ လည်ပြီး ၃၀ရာခိုင်နှုန်းလောက် ကျန်နေသည်ဟု ဆိုသည်မှာ စစ်ဆင်ရမည့်ဒေသတွေအပေါ် သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
အခြားသတင်းတခုမှာတော့ ၇၀ရာခိုင်နှုန်းဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနှင့် လုပ် နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ခြုံငုံပြောဆိုခြင်းဖြစ်ကြောင်း ရေးသားထားသည်။ တိုင်းရင်းသားအားလုံးနှင့် လုပ်နေသော ငြိမ်းချမ်းရေးကိစ္စကို ၇၀ရာခိုင်နှုန်း ကျေနပ်မှုရှိကြောင်း ပြောသည်ဟု ဆိုသည်။ ပြောချင်လည်း ပြောခဲ့ပေလိမ့် မည်။ တကယ်တော့ မည်သည့်တိုင်းရင်းသား တစုတဖွဲ့နှင့်မျှ ပြီးပြတ် ပီပြင်သည့် အပစ်အခတ်ရပ်စဲရေးမျိုး၊ ငြိမ်းချမ်းမှု ဖော် ဆောင်ခြင်းမျိုးကို မလုပ်နိုင်သေးသောကြောင့် ဤစကားမှာ ကေအဲန်ယူနှင့်သာ ချိန်ထိုး နှိုင်းယှဉ်ကာ ပြောခဲ့ခြင်း ဖြစ်နိုင်လေ သည်။
ကေအဲန်ယူမှာ တပ်မဟာ (၇)ခု ရှိနေသည်။ စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ကိုင်မည့် တပ်မဟာတွေရှိသလို စစ်အုပ်စုအပေါ် ယုံကြည်မှု မရှိသော တပ်မဟာအချို့လည်း ရှိသည်။ တပ်မဟာအားလုံးကို ၁၀၀ရာခိုင်နှုန်းဖြင့်တွက်လျှင် တပ်မဟာတခုလျှင် အကြမ်းဖျင်း ပျမ်းမျှ ၁၄ရာခိုင်နှုန်းကျော် ၁၅ရာခိုင်နှုန်းမျှ ရှိမည် ဖြစ်သည်။ တပ်မဟာ (၅)ခု (၇၀ရာခိုင်နှုန်း)က သူနှင့် အတော် အတန် ပြေလည်ကြပြီး တပ်မဟာ(၂)ခု (၃၀ ရာခိုင်နှုန်း) က ပြေလည်မှု မရှိကြောင်း ဆိုလိုက်ခြင်းပင် ဖြစ်လေသည်။ ကရင် ပြည်နယ်ကို တစတစ သိမ်းသွင်းချုပ်ကိုင် ကြီးစိုးမည့် ၎င်းတို့အစီအစဉ်ကို အေးဆေး(ငြိမ်းချမ်းစွာ) အကောင်အထည်ဖော်နိုင် ရေး ၇၀ရာခိုင်နှုန်းလောက် အောင်မြင်နေပြီဟု မင်းအောင်လှိုင်က တွက်ထားခြင်း ဖြစ်သည်။
ကေအဲန်ယူ၏ ဒေသတွင်း အခြေအနေကို အတွင်းကျကျ သိနေသော မိတ်ဆွေတဦးကမူ စစ်အုပ်စုနှင့် အတော်အ တန် ပြေလည်နေသည်ဟု ဆိုသော တပ်မဟာ(၅)ခုထဲတွင်ပင် မိုးထဲလေထဲ ကြုံဆုံလာရသည့်အခါ ကရင်လူထုဘက်က မဆုတ် မနစ် ရပ်တည်ကာကွယ်မည့် တပ်ရင်းတွေ အများအပြား ရှိနေကြောင်း၊ နယ်ခြားစောင့်တပ်နင့် ဒီကေဘီအေ အချို့သည်လည်း ကေအဲန်ယူ အောက်ခြေတပ်အချို့နှင့် နားလည်မှု ရှိကြကြောင်း၊ ရန်သူသည် တိုင်းရင်းသားအားလုံးကို တိုက်ခိုက်ချေမှုန်းမည့် အစီအစဉ်ရှိသည့်အတိုင်း ကေအဲန်ယူအဖွဲ့အစည်းကို ဖြိုဖျက်ပြီးသည့်တိုင် နယ်ခြားစောင့်တို့ ဒီကေဘီအေတို့ကိုပါ အင်အားချိနဲ့ အောင် ကန့်သတ်ထားရှိမည်ဖြစ်ပြီး တပ်မတော်တစ်ခုတည်း ရှိရမည်ဆိုသောမူအရ မဝေးလှသောတချိန်တွင် ၎င်းတို့လက် အောက်ခံတပ်များအဖြစ် သွတ်သွင်းလျက် ကျန်အဖွဲ့များ ဖျက်သိမ်းပစ်မည် ဆိုသည်ကိုလည်း နယ်ခြားစောင့်များနှင့် ဒီကေဘီ အေတို့က သိရှိထားကြပြီး ဖြစ်၍ ၎င်းတို့လမ်းကြောင်းကို ၎င်းတို့ ရွေးချယ်နိုင်ကြမည်ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး ဆွေး နွေးနေမှုအပေါ် အခွင့်ကောင်းယူကာ ကရင်ပြည်နယ်အတွင်း တပ်တွေတိုးပို့ ၊ ရိက္ခာတွေ တိုးပို့၊ အုတ်အင်္ဂတေ အဆောက်အဦ များ၊ လျှောက်မြောင်းများ ဘန်ကာများဖြင့် မည်သို့ပင် စစ်ရေး ပြင်ဆင်မှုများ လုပ်ထားစေကာမူ ကေအဲန်ယူ၏ နာမည်ကြီး ပျောက်ကြားစစ်ဆင်ရေးကို ရန်သူအနေဖြင့် ကာဆီးနိုင်လိမ့်မည် မဟုတ်ကြောင်း၊ နယ်မြေဒေသ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ခိုင်မာ မှု၊ ရန်သူ၏ မတရားသော လုပ်ရပ်များကို မဆုတ်မနစ် တွန်းလှန်လိုစိတ်ရှိမှုနှင့် အချင်းချင်း သွေးစည်းညီညွတ်မှုတို့မှာ ရန်သူတို့ ၏ အယောင်ပြ စစ်ရေး ခြိမ်းခြောက်မှုများကို ချေမှုန်းဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ပြော၏။
လောလောဆယ် အရေးကြီးသည်မှာ ရန်သူ့ခြေလှမ်းတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့၊ အစိုးရိမ် မလွန်ဖို့၊ အငိုက် မမိဖို့ပင် ဖြစ်ကြောင်း ထိုမိတ်ဆွေက ပြောလေသည်။

အေးချမ်းမွန်မှ KIC (Karen Information Center) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထား



Created on Thursday, 28 February 2013 03:56

မြောက်ဥက္ကလာပမြို့နယ်၊ ချယ်ရီစားသောက်ဆိုင်မှ ၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို ဆိုင်ရှင်မှ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့်မတ်လ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်း မိန်းကလေး၏ မိသားစုဝင်များက ပြောသည်။

ထိုနေ့တွင် အဓမ္မပြုကျင့်ခံရသည့်အပေါ် တရားလိုပြု တိုင်တန်းသူ ဦးတင်ဌေးကို စစ်ဆေးမည်ဖြစ်ပြီး ယခုရုံးချိန်းသည် တတိယမြောက်ရုံးချိန်းဖြစ်ကြောင်း သိရသည်။

ပထမဆုံးရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က ဆင့်ခေါ်စာဖြင့် တရားလိုဘက်ကို စတင်ခေါ်ယူခဲ့သော်လည်း မိန်းကလေး၏ မိခင်နှင့် တရားလိုပြု တိုင်ကြားသူ ဦးတင်ဌေးထံသို့ အဆိုပါ အကြောင်းကြားစာ ရောက်ရှိလာခြင်းမရှိကြောင်း၊ ဒုတိယရုံးချိန်းတွင် တရားလိုဘက်မှ စစ်ဆေးမေးမြန်းခံရမည့် ဦးတင်ဌေးမှာ ကျန်းမာရေး အခြေအနေကြောင့် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အဓမ္မပြုကျင့်ခံရသူ တရားလိုမိန်းကလေး၏ မိခင်ဒေါ်တင်ထွေးက ပြောသည်။

တရားလို မိန်းကလေး၏မိခင် ဒေါ်တင်ထွေးက "ကျွန်မသမီးလေးကို အဓမ္မပြုကျင့်တယ်။ ပြီးတော့ ခိုးမှုနဲ့ ပြန်ပြီးအမှုဖွင့် အရေးယူထားတယ်။ အခုလည်း ကျွန်မသမီးလေးနဲ့ တွေ့ခွင့်မရပါဘူး။ ကျွန်မတို့မိသားစု အနေနဲ့ အရှက်လည်းရတယ်။ သိက္ခာလည်း ကျပါတယ်။ အဲဒီကြားထဲက ခိုးတယ်ဆိုပြီး ဆိုင်ရှင်ရဲ့ဇနီးက ပြန်တရားစွဲသေးတယ်" ဟု ၎င်းတို့မိသားစု၏ နစ်နာမှုများကို ရှင်းပြသည်။

ထိုသို့ အဓမ္မပြုကျင့်ခံရပြီး နောက်ပိုင်းတွင် ဆိုင်ပိုင်ရှင်၏ဇနီးမှ အဆိုပါမိန်းကလေးကို အခြားနေရာများသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ မိန်းကလေး၏ မိဘများကိုမူ ပျောက်ဆုံးနေသည်ဟု လိမ်လည်ပြောဆိုခဲ့ခြင်းကြောင့် တရားလိုဘက်မှ အဓမ္မပြုကျင့်ခံရသည့် အမှုအပြင် လူကုန်ကူးမှုပုဒ်မဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်က မြောက်ဥက္ကလာပ မြို့နယ်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော် သက်ဆိုင်ရာ ရဲစခန်းအနေဖြင့် အဓမ္မပြုကျင့်ခံရသည့် ပုဒ်မ ၃၇၆ ဖြင့်သာ အမှုဖွင့်ပေးခဲ့ကြောင်း တရားလိုမိန်းကလေး၏ အမှုကို လိုက်လံကူညီ ဆောင်ရွက်ပေးနေသူ ဒေါ်လေးလေးက ပြောသည်။

ယင်းဖြစ်စဉ်အပေါ် ဒေါ်လေးလေးက "တရားလို ပြုလုပ်တိုင်တန်းတဲ့ဘက်က မိန်းကလေးရဲ့ အမေရော၊ ဦးလေးရောက ဆင်းရဲတဲ့ တောသူတောင်သားတွေဖြစ်တဲ့အတွက် ဥပဒေကြောင်း အရဆိုတာတွေ၊ ဆင့်ခေါ်စာတွေကို နားမလည်ကြပါဘူး" ဟု ပြောကြားခဲ့သည်။

ထိုအမှုကို အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီး (၁) ဦးလှသိန်းမှ လက်ခံစစ်ဆေးပြီး အဓမ္မပြုကျင့်ခံရသူ တရားလိုဘက်မှ ဥပဒေအရာရှိအဖြစ် ဦးတင်မောင်ထွေး၊ ရှေ့နေအဖြစ် ရှေ့နေများကွန်ရက်မှ ဦးအောင်သိန်းတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ http://www.news-eleven.com/ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့

BURMA: FROM BAD TO WORSE
ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို  ့ ( ၅ )
အောင်ဝေး၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၃

ရဲဘော်တို့  -

အော်စလိုမှာ
မွန်းအောင် သီချင်းဆိုနေတယ်။

ငါတို့  ဒီမှာ
သီချင်းဆိုကြ။

ရဲဘော်တို့ 
မအူပင်မှာ
မစုစုနွေး ငိုနေတယ်။

ငါတို့  ဒီမှာ
ငိုကြ။

ရဲဘော်တို့  -
လက်ပံတောင်းတောင်ခြေ မီးလောင်မြေ
နွေဦး ကြိုနေတယ်။

ငါတို့  ဒီမှာ
နွေဦးကိုကြိုကြ။

တိုင်းပြည်က
ဘာတစ်ခုမှ မကောင်းတော့ဘူး။

ထီးချက်စောင့်နတ်သမီး
မုဒိမ်းအကျင့်ခံနေရတယ်။

ငါတို့ ခေါင်းဆောင်က
ငါတို့ ကို “ခေါင်း“ ရောင်းသွားပြီ။

လယ်သမားတွေ သေကြ။

အလုပ်သမားတွေ သေကြ။

ကျောင်းသားတွေ သေကြ။

သံဃာတော်တွေ ပျံလွန်တော်မူကြ။

ရဲဘော်တို့ 
အရုဏ်တက်ခါနီးလေ
ညဟာ မှောင်လေ။

ညက မှောင်လေ
ခရိုနီတစ္ဆေက ချောက်လေ။

ရဲဘော်တို့  ဆန့် ကျင်ကြ။

ခရိုနီဆိုတာ
န အ ဖ အဆက်
ရှဲဒိုးအစိုးရ။

“ပူတိန်းရှိန်“ ဆိုတာ
န အ ဖ အပျက်
ရုပ်သေးအစိုးရ။

ရဲဘော်တို့  ရှုတ်ချကြ။

ခရိုနီဖျက်လို့ 
တို့ အိပ်မက် မပျက်နဲ့ ။

ခရိုနီနှောက်လို့ 
တို့ လမ်း မပျောက်နဲ့ ။

ရဲဘော်တို့  ဆက်လျှောက်။

ပန်းတိုင် ရောက်ခါနီးလေ
စေတန်တွေက များလေ။

လိုင်ဇာ ရောက်ခါနီးလေ
မာရ်နတ်တွေက များလေ။

ရဲဘော်အားလုံး သတိ။

တောအတိကြမ်းတဲ့
ဟောသည့်လမ်းမှာ
လူဆိုးဗိုလ်ကြီးရွှေရွှေ စောင့်နေတယ်။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
ဖေဖော်ဝါရီ ၂၇-၂၀၁၃။

"သမ္မတကြီး တောသွား တောင်သွား လယ်သမားကို တစ်နပ်စားခိုင်းမယ်မထင်"

ဟံသာဝတီ ဦးဝင်းတင်
.................................................................................................................................
သမ္မတဦးသိန်းစိန်အစိုးရ အတော်ကျွမ်းကျင်လိမ္မာ ရှိလာသဗျာ။ ဝမ်းသာတယ်ဗျာ။ သာဓုခေါ်စရာပေါ့။

သမ္မတနဲ့ အဖွဲ့ ချင်းတောင်သွားသတဲ့။ ရေကိစ္စ၊ မီးကိစ္စတွေ ဖြေရှင်းပေးမယ်ဆိုလားပဲ။ ကောင်းတယ်ဗျာ။ လူထုဒုက္ခပဲဗျာ။ အစိုးရဆိုတာ သိရမှာပေါ့။ ဆင်းရဲတွင်းနက်ကြီးထဲ ခေါင်းမြုပ်အောင်နစ်နေတဲ့ ချင်းလူထု ကြီး ကို ကယ်တင်နိုင်တဲ့အထိ ကြိုးစားသွားကြလိမ့်မယ်လို့ ထင်မိတယ်ဗျာ။

လယ်သမားကြီးတွေနဲ့လည်း တွေ့ဦးမယ်တဲ့ဗျ။ ဂျာနယ်သတင်းတွေမှာ တွေ့လိုက်ရတာပဲ။ ဟုတ်ပါလိမ့်ထင်ရဲ့။ တွေ့ရင်တော့ ကောင်းသပေါ့ဗျာ။ လယ်သမားတွေဆိုတာက ကျုပ်တို့တိုင်းပြည်မှာ အဆင်းရဲဆုံး မွဲချာတူးလန် ခရုဆန်ကျွတ်တွေ မဟုတ်လား။ တွေ့တဲ့အချိန်မှာ မွဲစော်နံတယ် ပြန် ဦးမယ် ဆိုပြီး ဂွတ်ဘိုင်တော့ မလုပ်တန်ရာဘူး ထင်ပါရဲ့။

ကျုပ်က သမ္မတကိုတော့ ယုံတုံတုံပါ။ ဒါပေမဲ့ သူ့အစိုးရရဲ့ လယ်ဝန်းကြီးတစ်ပါးကတော့ လယ်သမားကို ထမင်းတစ်နပ်လျှော့စားခိုင်း
ထားတယ် မဟုတ်လား။ အဲ့ဒီဝန်ကြီးရဲ့ ဓာတ်တွေများ ကူးစက်သွားလေ မလားဟဲ့ရယ်လို့ ရင်တမမ ဖြစ်နေမိတာလည်း အမှန်ပဲဗျာ။ အဲ အဲ သမ္မတကိုယ်တိုင်ကလည်း ဆင်းရဲသား လယ်သမား သားသမီးဆိုတော့ ကိုယ်ချင်းစာစိတ်ကလေး တစ်ဆိတ်တစ်ဖဲ့တော့ ရှိဦးမှာပါ။ လယ်သမားတွေထမင်းတစ်နပ်တောင် မဝတဝစားနေရတာဆိုတော့ တစ်နပ်လျှော့စားခိုင်းမယ် မထင်ပါ ဘူး။
ကျုပ်တို့ သမ္မတကြီး ကချင်ပြည်နယ် တိုင်းခန်းလှည့်လည်ခြင်း မပြုနိုင်သေးတာတော့ စိတ်ထဲ၊ ရင်ထဲ မချင့် မရဲ ဖြစ်ရတာပေါ့ဗျာ။ ဟိုလွှတ်တော် ဥက္ကဋ္ဌကြီးဘယ်သူဆိုလားတောင် မမှတ်မိပါဘူး။ ကချင်ပြည်နယ်ကို ထွက်တော်မှူးကြီးနဲ့ လှည့်သွားပြီးပြီလေ။ ကျုပ်တို့ သမ္မတကြီး တဖူနာသွားတယ်မပြောနဲ့။ ဘာတဖူနာ ရမှာ လဲ။ တစ်နေ့နေ့တော့ သမ္မတကြီးလည်း ကချင်ပြည်နယ် စစ်မြေပြင်တွေအရောက် ကြွချီတော်မူဦးမှာပေါ့ ကွယ်။

သမ္မတကြီးက ဟိုလွန်လေပြီးသောအခါက စစ်အာဏာကောင်စီတွေရဲ့ အတွင်းရေးမှူးကြီး၊ စစ်စိုးရတွေရဲ့ ဝန်ကြီးချုပ်
ကြီး၊ စစ်အာဏာသား (ဟုတ်ပေါင်) အမျိုးသားညီလာခံကြီးရဲ့ ဥက္ကဋ္ဌကြီး စတာတွေ အဖြစ်   ဆောင် ရွက်ခဲ့သူမဟုတ်လား။ ဒီတော့ ကချင်စစ်မြေပြင်မှာ လေယာဉ်ဒုံးစာ၊ ဗုံးစာတွေမိပြီး ကျဆုံးရှာခဲ့ကြ ရတဲ့ ကချင်လက်နက်ကိုင် ရဲဘော်လေးတွေရဲ့ လက်ဝါးကပ်တိုင်လေးတွေမှာ အလေးပြုပြလိုက်ရင် ဘယ်လောက်ကောင်းမလဲနော်ဗျာ။
ဒီရက်ပိုင်းအတွင်း ဗြိတိသျှဝန်ကြီးချုပ်တစ်ယော
က် အိန္ဒိယရောက်နေတယ်။ လွန်ခဲ့တဲ့ နှစ်တရာလောက်က ဗြိတိသျှတွေလက်ချက်နဲ့ ကျဆုံးခဲ့ကြရတဲ့ ပန်ချာပီစစ်သားတွေရဲ့ သင်္ချိုင်း မှာပန်းခွေချ အလေးပြုခဲ့တယ်။ လွန်သမျှဝန်ချတယ်ရယ်တော့ မဟုတ်ပါဘူး။ ဒီလောက်ကလေး လုပ်ပြ လိုက် တာနဲ့ အိန္ဒိယပြည်သူတွေ ဝမ်းသာလိုက်ကြတာ။
ကျုပ်တို့သမ္မတကြီးလည်း ဒီလို `လုပ်ပြ´လေးတွေ လုပ်တက်ပါတယ်။ အဲဒီလို အပြလေးလောက် လုပ်ပြ လိုက်ရင် ကချင်လူထုကြီးကရော၊ တခြားတိုင်းရင်းသား ပြည်သူတွေကပါ ဝမ်းသာလိုက်ကြမယ့်ဖြစ်ချင်း
။ ဗမာဆိုတာလည်း တိုင်းရင်းသားလူမျိုးစုတစ်စုဆိုတော့ ဗမာတွေလည်း ဝမ်းသာကြမှာပေါ့ဗျာ။
မနေ့တစ်နေ့က သမ္မတကြီးလူတွေ ထိုင်းနိုင်ငံသွားလုပ်နေတဲ့
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလို ဟာမျိုးတွေလည်းဇာတ်ပေါင်းခန်းမြန်မြန်ဝင်နိုင်မှာပေါ့ဗျာ။
အေးဗျာ။ ကျုပ်တို့ကတော့ မွေးကတည်းက ကြားလာခဲ့ကြရတဲ့ သေနတ်သံတွေ တိတ်သွားဖို့ စိတ်ကူးယဉ် ကြည့်နေမိတုန်းပေါ့လေ။ အဲဒီတုန်း ဘယ်နှယ့်များ ရှမ်းပြည်နယ်က သေနတ်သံတွေ ထွတ်လာရပြန်တာ လဲဗျို့။ မဟုတ်သေးဘူး ထင်တယ်နော်။ ကြည့်လုပ်ကြပါဦး။

နောက်တစ်မီးက ငြိမ်းမယောင်ယောင် ထတဲ့လို့လောင်ပြန်သဗျ။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ဘက်မှာတဲ့။ အိမ်ကိစ္စဆိုလား။ စာသင်ကျောင်းကိစ္စဆိုလား။ ဗလီကိစ္စဆိုလား။ သေချာမသိပါဘူး။ ပြဿနာဆိုတာ ဒီလိုပဲဗျ။ လောင်စာကြွင်းရှိသရွေ့တော့ တဗျင်းဗျင်း ထလောင်တတ်တာမျိုးကလား။ ဝိုင်းငြှိမ်းကြဦးစို့ရဲ့ပေ
ါ့။
ဒါထက် စကားမစပ် ပြောရဦးမယ်။ ရခိုင်အရေးကိစ္စကကော ဘယ်စခန်းဆိုက်နေသလဲဗျ။ စုံစမ်းရေးကော်မရှင်က ဘာသံမကြား၊ ညာသံမကြား။ ငြိမ်လို့ပါလား။

လွှတ်တော်ထဲက ထွက်လာတဲ့ အသံကတော့ ရခိုင်ဒေသမှာ ရိုဟင်ဂျာလူမျိုးဆိုတာ လုံးဝမရှိဘူး တဲ့။ ဗြိတိ သျှကိုလိုနီအစိုးရလက်ထ
က် သန်းခေါင်စာရင်းတွေမှာလည်း ရိုဟင်ဂျာရယ်လို့ ဖော်ပြ တာမပါဘူး တဲ့။   မြန်မာ အစိုးရတွေလက်ထက် သန်းခေါင်စာရင်းတွေမှာလည်း ထိုနည်းလည်းကောင်းပဲတဲ့။
ပြည်ထဲရေးဌာနဒုတိယဝန်ကြီးကလ
ွှတ်တော်မေးခွန်းကိုဖြေရင်း ပြောသွားသတဲ့။
အေးဗျာ။ သမ္မတကြီး ကျန်းမာပါစေ။ သူက အိတ်ခ်ျရောဂါသမားဆိုတော့ သူ့ကျန်းမာရေးက တစ်နေ့ရွှေ၊ တစ်နေ့ငွေလေ။ သူ့ရဲ့အိတ်ခ်ျရောဂါကဒေါ်ဖြူ
ဖူသင်း ကူရှင်းပေးစရာလိုတဲ့ရောဂါမျိုးမဟုတ်ပါဘူး။ ဟတ်ဒီစီ ဆိုလား နှလုံးရောဂါတဲ့ဗျား။
နေပြည်တော်မှာ အထူးကုသမားတော်ကြီးတွေ တစ်ပတ်နှစ်ကြိမ် နှလုံးရောဂါ စမ်းသပ်ကုသပေးနေသတဲ့။ တပ်ချုပ်ဟောင်းကြီးကို စမ်းပေးနေသတဲ့။ ဦးသိန်းစိန်လည်း တပ်ချုပ်ဟောင်းကြီးနဲ့ အပေါင်းအသင်းလုပ်နေ လိုက်ရုံ
ပါပဲ။ မျှောကု၊ ရောကု လုပ်နိုင်သပေါ့ဗျာ။ ကောင်းသွားမှာပါ။ ကောင်းသွားမှာပါ။
ကျုပ်ကတော့ဆုတောင်းရုံတောင်
းတတ်တော့သဗျာ။
ကျုပ်လိုဟတ်သမားကြီးတွေ မာပါစေ။ ချာပါစေ။ သာပါစေပေါ့ဗျား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၈)။။။

အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဝါးဆုံး ဆီးနှင်းမုန်တိုင်း တိုက်ခိုက်


Written by အာရ်ကန်တိုင်းမ်စ်    Wednesday, 27 February 2013 13:36   
Photo For AT copyအမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ် တစ်ခုကာလအတွင်း အဆိုးဝါးဆုံး ဆီးနှင်းမုန်းတိုင်းတစ်ခု ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ထူထပ်ပြင်းထန်စွာ ကျဆင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုအကြိမ်တိုက်ခိုက်ခဲ့သည့် ဆီးနှင်းမုန်တိုင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးသမိုင်းဝင်မည့် ဆီးနှင်းမုန်တိုင်း (Blizzard) ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ နေထိုင်လာခဲ့သည့် မနန္ဒာဝေက အာရ်ကန်တိုင်းမ်စ်သို့ပြောသည်။
" ကျမ ဒီပြည်နယ်မှာ အခြေချနေထိုင်လာခဲ့တာဟာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ပါပြီ။ ဒီလောက်ဆိုးဝါးစွာ ကျဆင်းတိုက်ခိုက်တဲ့ ဆီးနှင်းမုန်တိုင်းမျိုး တစ်ခါမှ မကြုံခဲ့ပါဘူး။ သယ်ယူပို့ဆောင်ရေး၊ မော်တော်ယဉ်လမ်းကြော၊ လေယာဉ်ခရီးစဉ်၊ အစိုးရရုံး၊ စာသင်ကျောင်း၊ ကောလိပ်၊ ဆေးရုံဆေးခန်းနှင့် စက်ရုံအလုပ်ရုံများ ပိတ်ထားခဲ့ရတဲ့အခြေအနေထိ ကြုံတွေ့ခဲ့ရတာဟာ ဆယ်စုနှစ်တစ်ခုအတွင်း ဒီအကြိမ်ဟာ ပထမဆုံးအကြိမ်ပါ။ " ဟု ပြောသည်။
ဆီးနှင်းမုန်းတိုင်းသည် အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်းပြည်နယ်နှင့် အလယ်ပိုင်းပြည်နယ် တက္ကဆက်စ် (Texas)၊ ကင်ဆာ့စ် (Kansas)၊ အော်ကလာဟိုးမား (Okalahoma) နှင့် မီစ်ဆော်ရီ (Missouri) ပြည်နယ်များတွင် ကျဆင်းတိုက်ခိုက်ခဲ့ပြီး တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် ဆီးနှင်းမုန်တိုင်းများ (၅ ) လက်မခန့်ထိ ထူထပ်စွာ ကျဆင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် မော်တော်ယဉ်လမ်းကြော၊ လေယာဉ်ခရီးစဉ်၊ အစိုးရရုံး၊ စာသင်ကျောင်း၊ ကောလိပ်၊ ဆေးရုံဆေးခန်း၊ ဈေးဆိုင်ခန်းများနှင့် စက်ရုံအလုပ်ရုံများ ပိတ်ထားခဲ့ရကြောင်း သိရှိရသည်။
ဆီးနှင်းမုန်တိုင်း ပြန်းထန်စွာ ကျဆင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အမာရီလိုမြို့တွင် သစ်ပင်များ ကျိုးကျပျက်စီးမှုကြောင့် လျပ်စစ်မီးကြိုးများပြတ်တောက်ကာ ဈေးဆိုင်နှင့် လူနေအိမ်တစ်ချို့ နာရီအတန်ကြာ လျပ်စစ်မီးပြတ်တောက်မှုများရှိခဲ့သည်။
မော်တော်ယဉ်လမ်းကြော၊ လေယာဉ်ခရီးစဉ်၊ အစိုးရရုံး၊ စာသင်ကျောင်း၊ ကောလိပ်၊ ဆေးရုံဆေးခန်း၊ စက်ရုံအလုပ်ရုံများနှင့် အမာရီလို အော်ကလာဟိုးမား ပြည်တွင်းအဝေးပြေးလမ်းမကြီး (Interstate Street 40) ကို တနင်္လာနေ့မှ အင်္ဂါနေ့ထိ နှစ်ရက်တိုင်တိုင် ပိတ်ပင်ထားခဲ့ရပြီး တက္ကဆက်စ် (Texas) ပြည်နယ်၊ ကင်ဆာ့စ် (Kansas) အော်ကလာဟိုးမား (Okalahoma) နှင့် မီစ်ဆော်ရီ (Missouri) ပြည်နယ်တို့တွင် လေယာဉ်ခရီးစဉ် နှစ်ထောင် (၂၀၀၀) နီးပါး အစီအစဉ်ဖျက်သိမ်းထားခဲ့ရကြောင်း ဆီးနှင်းမုန်တိုင်းမှတ်တမ်းများ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။Photo For AT 2 copy
အမာရီလိုမြို့လမ်းမများပေါ်တွင် အိမ်စီးကားများနှင့် ဟိုက်ဝေးလမ်းမပေါ်တွင် လော်ရီကားအကြီးများ ဆီးနှင်းရေခဲများကြားတွင် နှစ်မြုပ်သွားခဲ့ရပြီး ဇေယျသုခ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုလုံး ဆီးနှင်းရေခဲများလွှမ်းခြုံသွားခဲ့ရကာ ဆရာတော် သံဃာတော်များသည် ၂၅ ရက် တနင်္လာနေ့က ကျိန်းစက်တော်မူသည့်ကျောင်းဆောင်မှ ဆွမ်းစားဆောင်သို့ ကြွရောက်ကာ မွန်းတည့်ဆွမ်း သုံးဆောင်ရန်အတွက်ပင် အခက်အခဲရှိခဲ့ကြောင်း အမာရီလိုမြို့မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီလွင်က ပြောကြားသည်။
အဆိုပါ ဆီးနှင်းမုန်တိုင်းသည် ၂၅ ရက် တနင်္လလာနေ့ နှောင်းပိုင်းတွင်း အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်းပြည်နယ်နှင့် အလယ်ပိုင်းပြည်နယ်များမှ အရှေ့ဖက်ခြမ်းရှိ ချီကာဂို (Chicago) ပြည်နယ်သို့ ရွှေ့လျားသွားခဲ့ကြောင်း မိုးလေ၀ါသ ကြိုတင်ခန့် မှန်းချက် သတင်းများအရ သိရှိရပြီး လမ်းတံတားများတွင် ပိတ်ဆို့နေသည့် ဆီးနှင်းရေခဲများကို သယ်ယူပို့ဆောင်ရေးဌာနနှင့် မီးသတ်ဌာနများမှ ခေတ်မှီစက်ပစ္စည်းကရိယာများနှင့် ဆေးဝါးများအသုံးပြုကာ အင်အားသုံး ရှင်းလင်းဖယ်ထုတ်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

Photo For AT 3 copy

နေပြည်တော် အသုံးစရိတ် များလွန်း

နေပြည်တော် လွှတ်တော် အဆောက်အဦ ဝင်ပေါက် မြင်ကွင်း (ဓာတ်ပုံ – ရဲနည် / ဧရာဝတီ)
click here
နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများတွင် အစိုးရအသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၁၇၈ ဘီလီယံအထိ သုံးရန်  စီစဉ်ထားသောကြောင့် အသုံးစရိတ် တောင်းခံသည့် နေပြည်တော်ကောင်စီကို ဝေဖန်ဆွေးနွေးမှုများ ရှိနေ သည်။
“နေပြည်တော်ကောင်စီရဲ့ အသုံးစရိတ်တွေက အရမ်းများလွန်း နေတယ်။ အထူးသဖြင့် လမ်းတလမ်းဖောက်ရင် မိုင် ၂၀
ဝန်းကျင်လောက် ရှိတဲ့ လမ်းတလမ်းကိုတောင် ကျပ် ၂၅ ဘီလီယံအထိ သုံးထားတယ်။ ဆောက်လုပ်ရေး ၀န်ကြီးဌာနရဲ့ ပြည်ထောင်စု လမ်းမကြီးဖြစ်တဲ့ မန္တလေးနဲ့ မြစ်ကြီးနားလမ်းအတွက် သုံးစွဲထားတာက ကျပ်သန်း ၂ ထောင်၊ ၂ ဘီလီယံပဲ ရှိတယ်။ ဆောက်လုပ်ရေး ၀န်ကြီးဋ္ဌာနရဲ့ အများဆုံး အသုံးပြုထားတဲ့ ရန်ကုန် – မော်လမြိုင် – ထားဝယ် – ဘိတ် လမ်းဟာ ၅ ဘီလီယံပဲ ရှိတယ်။ နေပြည်တော်မှာ အနိမ့်ဆုံး ၃ မိုင်လောက်ရှိတဲ့ လမ်းကိုတောင် သန်း ၁၀၀၀၊ ၁၅၀၀၀ လောက်ဆိုတော့ ၁ ဘီလီယံ ကျော်နေတယ်” ဟု လွှတ်တော်တွင် နေပြည်တော်ကောင်စီကို ဝေဖန်ဆွေးနွေးခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

နေပြည်တော် တည်ဆောက်ရေး စီမံကိန်းအတွက် အသုံးပြုငွေသည် ၀န်ကြီးဋ္ဌာနများ၏ စီမံကိန်း တင်ပြမှုများတွင် အဆင့် ၁၁ ရှိကြောင်း၊ တနိုင်ငံလုံး၏ ကျန်းမာရေး ဘတ်ဂျက်ပင်လျှင် အဆင့် ၁၀ သာရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ်က ဆိုသည်။
ဘတ်ဂျက်ခွဲဝေမှု မညီမျှသည့်အတွက် လူထုတွင် အနုတ်လက္ခဏာပြသည့် စီးပွားရေး၊ လူမှုရေး သက်ရောက်မှုများ ရှိလာနိုင်ကြောင်း၊ လိုငွေများလာလျှင် အစိုးရက ငွေစက္ကူများ ရိုက်နှိပ် သုံးစွဲရသောကြောင့် ငွေကြေး ဖောင်းပွမှုများ ဖြစ်လာနိုင်ကြောင်း၊ နိုင်ငံဝင်ငွေ အများဆုံးရရှိသော သဘာဝဓာတ်ငွေ့ ရောင်းရငွေများကို ရင်းနှီးမြှုပ်နှံ အသုံးပြုခြင်း ဖြစ်သောကြောင့် နိုင်ငံအတွက် တခြားလိုအပ်သော ကိစ္စရပ်များတွင် အသုံးမပြု နိုင်တော့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ အကြံပေးအရာရှိ ဦးခိုင်ထွန်းကလည်း သုံးသပ်ပြောကြားသည်။
“တကယ် လိုအပ်တဲ့နေရာမှာ မသုံးဘူး၊ ဒီလို စီမံကိန်းမျိုးက Return ပြန်မလာဘူးလေ။ ဒီဟာအစား စက်ရုံတရုံ ဆောက်လိုက်မယ် ဆိုရင် ကုန်ထုတ်လုပ်နိုင်မယ်၊ ထုတ်ကုန် ပြည်ပတင်ပို့နိုင်ရင် အဲဒီအပေါ်မှာ အကျိုးအမြတ် ရလာမယ်” ဟု သူက ဆိုသည်။
နေပြည်တော် တည်ဆောက်ရေး စီမံကိန်းသည် တိုက်ရိုက်အကျိုးအမြတ် မရှိကြောင်း၊ အခြေခံအဆောက်အအုံကသာ ရေရှည် ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း၊ ယခင် စစ်အစိုးရတည်ဆောက်ခဲ့သော နေပြည်တော်စီမံကိန်းသည် စာရင်း အင်း မရှိရုံမက နိုင်ငံ၏ မည်သည့်ကဏ္ဍမှ ရရှိသည့် ငွေကြေးဖြင့် တည်ဆောက်ခဲ့သည်ကိုလည်း မသိရှိရသေးကြောင်း ဟု ဦးခိုင်ထွန်းက ဆက်ပြောသည်။
“အရင်အစိုးရက လုပ်သွားတဲ့ ပုံစံက အခုထက် ပိုဆိုးတယ်။ ဘာစာရင်းအင်းမှ မပြဘဲနဲ့ လူတယောက်က လက်ညှိုးထိုး ခိုင်းတာကို လုပ်ခဲ့ရတာ။ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဘတ်ဂျက်ဝမ်း၊ ဘတ်ဂျက်တူး ဆိုတာမျိုးနဲ့ဆောက်ခဲ့တာ။ နေပြည်တော် ဖွံ့ဖြိုးရေး စီမံကိန်း ဘက်ဂျက် ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်သွားတာ။ နောက်ပြီးတော့ ဘတ်ဂျက်ရဲ့ ဘယ်လောက် ရာခိုင်နှုန်းလို့ ပြောရခက်တယ်။ အရင်အစိုးရက ပုံမှန် ဘတ်ဂျက်ထဲက သုံးခဲ့တာမဟုတ်ဘူး” ဟု ဦးခိုင်ထွန်းက ဆိုသည်။
ပြည်ထောင်စု အစိုးရက နေပြည်တော်ကို ကျပ်သိန်းပေါင်း ထောင်သောင်းချီ အကုန်ခံ၍ တည်ဆောက် နေသော်လည်း တိုင်းရင်းသားဒေသများတွင် ကတ္တရာလမ်းကောင်းကောင်းပင် မရှိကြောင်း ရခိုင်ပြည်နယ်စစ်တွေမြို့မှ ရှေ့နေကြီး ဦးသန်းထွန်းက ပြောသည်။
“ဒီနှစ်မှ ရန်ကုန် – စစ်တွေ လမ်းမကြီးကို နည်းနည်း ပြန်ပြင်ပေးတာ။ အရင်တုန်းကတော့ ရန်ကုန် – စစ်တွေလမ်းမကြီးက ကားလမ်းလို့သာ ခေါ်ရတာ လှည်းကြမ်းလမ်း အဆင့်တောင် မရှိပါဘူး။ မိုးရာသီဆိုရင် ဗွတ်ထပြီ။ နွေရာသီဆိုရင် ဖုတ်တွေလူးပေါ့။ နာမည်ကသာ ကတ္တရာလမ်းမကြီးလို့ ပြောတာ။ ကတ္တရာဆိုလို့ ဘာမှ မကျန်တော့ဘူး။ ဘယ်လောက်အထိ
အခြေအနေ ဆိုးသွားခဲ့လဲဆိုတော့ စစ်တွေကနေ မြောက်ဦးကို အရင်က သဘောင်္လိုင်းတွေနဲ့ သွားကြတယ်။ကားလမ်း ပေါ်လာတော့ ကားတွေနဲ့ သွားကြတယ်။ လမ်းဆိုးလွန်းလို့ မခံနိုင်တော့တဲ့အတွက် အခုဆိုရင် စစ်တွေကနေ မြောက်ဦးကို သဘောင်္နဲ့ပဲ ပြန်သွားနေကြပြီ” ဟု ၎င်းက ဆိုသည်။

ကားလမ်း ဖောက်လုပ် ပေးခဲ့သော်လည်း နောက်ပိုင်းလမ်းပြင်ဆင်မှု လာရောက် ပြုလုပ်ပေးခြင်းမှာ အလွန်နည်းပါးကြောင်း၊ မြောက်ဦး – စစ်တွေလမ်းမှာ မိုင်တရာခန့်ရှိပြီး တနာရီလျှင် မိုင် ၂၀ ခန့်သာ မောင်းနိုင်ကြောင်း၊ စစ်တွေမြို့မှ နံနက် ၇ နာရီခန့် ကားထွက်လျှင် မြောက်ဦးသို ၁၂ နာရီကျော်မှသာ ရောက်ရှိကြောင်း ဦးသန်းထွန်းက ပြောသည်။
နေပြည်တော် – ရန်ကုန် အမြန်လမ်းမကြီးမှာ မိုင် ၂၀၀ ရှိသော်လည်း ခရီးသည် တင်ကားဖြင့်သွားလျှင် ၄ နာရီခန့်သာ အချိန်ယူရသည်။
သို့ရာတွင် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းကြောင့် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာပြီး ၂၀၀၄ – ၂၀၀၅ ခုနှစ်နှင့် ၂၀၀၉ – ၂၀၁၀ နှိုင်းယှဉ်ချက်အရ တိုင်းပြည်၏ ဆင်းရဲမွဲတေမှုမှာ ၃၆ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအထိ လျော့ကျ သွားခြင်းသည် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွင် အလုပ်ကိုင်ရရှိလာမူများနှင့် တိုက်ရိုက် ဆက်စပ်လျှက် ရှိကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၏ ဆင်းရဲမွဲတေမှု စစ်တမ်းတွင် ဖော်ပြထားကြောင်း ဦးခိုင်ထွန်းက ပြောသည်။
“အများစုက အဲဒီမှာ တော်တော် ၀င်ငွေ ရွှင်ကြတယ်။ ဆင်းရဲနွမ်းပါးမှုလည်း ကျသွားတယ်လို့ ထင်ကြတယ်” ဟု သူကဆိုသည်။
၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် နေပြည်တော် ကောင်စီ၏ လုပ်ငန်း ၂၀ ခုအတွက် လျာထားငွေ ကျပ်သန်းပေါင်း ၁၇၈၃၀၀ ဒဿမ ၄၈၀ အား ၂၂ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအကြား လျှော့ချ၍ ပိုထွက်လာသော ငွေများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် လိုအပ်သော နေရာများ၌ လျာထား အသုံးပြုရန်အတွက် အမျိုးသား စီမံကိန်း ဥပဒေကြမ်းအား ပြန်လည် ရေးဆွဲတင်ပြရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်း ပြောဆိုမှုများရှိကြောင်း သိရသည်။