Tuesday, October 29, 2013

မဟာဗျူဟာပုစ္ဆာများနှင့် စဉ်းစားမိသည်များ


ပုစ္ဆာငါးရပ်

“ခုတစ်လော ခင်ဗျားကို သဲကြီးမဲကြီး ပြန်ဆော်နေကြပြန်ပြီနော် …။”
သတင်းစာ၊ ဂျာနယ်များတွင် ခပ်စိပ်စိပ် တွေ့လာရသော၊ အရေးအသားတွေနှင့် ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်၏ မှတ်ချက် ဖြစ်ပါသည်။ စာရေးသူဘာမှ ပြန်မဖြေခဲ့ပါ။ သူ့စကား အသုံးအနှုန်းတိကျပုံ ကိုတော့ သဘောကျသွားသည်။ အထူးသဖြင့် “ခုတစ်လော” ဆိုသည်နှင့် “ပြန်”ဆိုသော ကြိယာဝိသေသနများ …။ ဟုတ်သည်ကော …။ စာရေးသူအနေနှင့် ဝေဖန်ရေး အမည်ခံ အပုပ်ချပွဲများနှင့် ကြုံရသည်မှာ တစ်ကြိမ်မှ မကတော့ဘဲ …။
per_mhbhps_KWပြောရလျှင် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလက တစ်ကြိမ်။ “ရွေးကောက်ပွဲ ဝင်ဖို့ စဉ်းစားသင့်တယ်” ဆိုသော စာရေးသူအမြင်ကို ဝိုင်းတွယ်ကြသည်။ အခုလည်း “အခြေခံဥပဒေ အသစ်ရေးတာထက်၊ ပြင်ရေးက လက်တွေ့ကျမယ်၊ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်မှုကို အဆောတလျင် မကိုင်သင့်” ဆိုသော သဘောထားများကို ခပ်ပြင်းပြင်း သမနေကြသည်။ ရှိစေ …။ စာရေးသူ အနေနှင့်တော့ အရေထူနေပါပြီ။ ပျင်းတောင်ပျင်းသေးတယ်ပေါ့။
စာရေးသူအပေါ် ဆွမ်းကြီးလောင်းကြသူ များကို ယေဘုယျအုပ်စု နှစ်ခုခွဲကြည့်ပါသည်။ ပထမအုပ်စုမှာ “ခါတော်မီ သူရဲကောင်းများ”။ “မူ” သဘော ဟုတ်ဟုတ်ညားညားမပါ။ ပုဂ္ဂိုလ်ရေး ဆဲရေးတိုင်းထွာမှု သက်သက် ဖြစ်၍ စာရေးသူဘက်မှ တုံ့ပြန်စရာမလိုဟု ခံယူထားသည်။ ဒုတိယအုပ်စု ကတော့ ပိုအရေးကြီးသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မကင်းသည့်တိုင် အိုင်ဒီအိုလိုဂျီ အခံများပါသည်။ သူတို့က စာရေးသူ၏ မဟာဗျူဟာအမြင်များ ကို ချေဖျက်ဖို့ ကြိုးစားကြသည့် သဘော ရှိသည်။ တစ်ခါက စာရေးသူ၏ မိတ်ဟောင်းဆွေဟောင်း (ဆိုကြပါစို့) ရဲဘော်ဟောင်းတွေ ဖြစ်ပါသည်။ “အုပ်စုအစွဲ” (Group Psychology) ဖြင့် “သစ္စာဖောက်သုတ်သင်ရေး” လုပ်ကြသည်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ရှိစေ၊ မဟာဗျူဟာ သဘောဆောင်၍ စာရေးသူဘက်က တစ်စုံတစ်ရာ ပြန်ပြောဖို့ လိုမည်ထင်သည်။ သူတို့အတွက်ကား မဟုတ်။ စာဖတ်သူများအတွက် ဖြစ်သည်။
စာရေးသူ စဉ်းစားမိသမျှ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော မဟာဗျူဟာ ပုစ္ဆာငါးရပ်ကို ဦးစွာဖော်ပြပါမည်။

၁။ လက်နက်ကိုင် တိုက်ပွဲလော …၊ ဥပဒေတွင်း နိုင်ငံရေးလော ..။
၂။ အထက်မှလာသော အပြောင်းအလဲလော …၊ အောက်မှလာသော အပြောင်းအလဲလော …။
၃။ ရန်ဘက်နိုင်ငံရေးလော …၊ မိတ်ဖက်နိုင်ငံရေးလော …။
၎။ ထိပ်တိုက် ရင်ဆိုင်ရေးလော …၊ ညှိနှိုင်းအဖြေ ရှာရေးလော …။
၅။ ရှော့ခ်ရိုက်ကုထုံးလော …၊ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးလော …။
အဆိုပါ ပုစ္ဆာငါးရပ်နှင့် ပတ်သက်ပြီး စာရေးသူ၏ သဘောထား (ပို၍ တိတိကျကျ ဆိုရလျှင် “အမြင်အရွေ့”) ကို ဆက်လက်ဖော်ပြသွားပါမည်။

၁။ လက်နက်ကိုင်တိုက်ပွဲလော၊ ဥပဒေတွင်း နိုင်ငံရေးလော …။

စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ် နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုတွင် မဟာဗျူဟာ လမ်းကြောင်းနှစ်ရပ် ပေါ်ထွက်လာသည်။ “ဘရောက်ဒါဝါဒ” နှင့် “ဇဒါးနော့လမ်းစဉ်”။ “ဘရောက်ဒါဝါဒ” က “ငြိမ်းချမ်းစွာ ကူးပြောင်းရေး”ကို ညွန်းသည်။ “ဇဒါးနော့လမ်းစဉ်”က “ပြည်တွင်းစစ်ပေါ်လစီ” ကို ခင်းပြသည်။ မြန်မာကွန်မြူနစ်များက “ဇဒါးနော့လမ်းစဉ်” ကို ရွေးခဲ့ကြသည်။ သို့ဖြင့် လွတ်လပ်ရေးသက်တမ်း သုံးလမှ မပြည့်တတ်သေးမီ၊ ဗမာပြည်ကွန်မြူနစ်ပါတီက “စစ်အနိုင်တိုက်ရေး၊ အာဏာသိမ်းရေး” (၄၈ လမ်းစဉ်) ဖြင့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့သည်။ ဒါကို ဖဆပလအစိုးရက “အပြုတ်တိုက်ရေး” ဖြင့် တုံ့ပြန်သည်။ အကျိုးဆက်ကား နုနယ်သောဒီမိုကရေစီ ဇီဝိန်ချုပ် ခဲ့ရသည်။ တိုင်းပြည် စုတ်ပြတ်သွားခဲ့သည်။
စာရေးသူ လူဖြစ်ကြီးပြင်းသော အချိန်တွင် ပါလီမန်မရှိတော့၊ ဈေးကွက်မရှိတော့၊ ဒီမိုကရေစီ မရှိတော့၊ ဥပဒေတွင်းနိုင်ငံရေးပင် မရှိတော့။ လက်နက်ကိုင် တိုက်ပွဲသည်သာ တစ်ခုတည်းသော ထွက်ရပ်လမ်းလို ဖြစ်နေသည်။ သည်လိုနှင့် တောနှင့်တောင်သို့ ရောက်သွားသည်။ “ဘဝ၏ ထေ့ငေါ့သရော်ချင်စရာ” ဟု ဆိုရမည်လားမသိ။ ကွန်မြူနစ်ပါတီ အလံတော်အောက် ရောက်တော့မှ ကွန်မြူနစ်ဝါဒကို သံသယဖြင့် ကြည့်မြင်လာသည်။ လက်နက်ကိုင် တိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုးများကို ဒုတ်ဒုတ်ထိ သိလာသည်။
မော်စီတုန်း၏ “ရေရှည်စစ်” ကို “ဒုတိယအတွေး” ဖြင့် အကြိမ်ကြိမ် ဖတ်ဖြစ်သည်။ သူတို့ခေတ် သူတို့အခါ (စစ်ကြိုခေတ်) သူတို့အခြေအနေ (အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေသော တရုတ်ပြည်)တွင် “ရေရှည်စစ်” မှာ အလုပ်ဖြစ်ခဲ့ပါလိမ့်မည်။ မြန်မာနိုင်ငံတွင်ကား အလုပ်မဖြစ်။ ဆန့်ကျင်ဘက် အကျိုးဆက် တွေနှင့်သာ ကြုံခဲ့ရသည်။ ပြည်တွင်းစစ်ကို အကြောင်းခံ၍ “စစ်ဘောင်” ကျယ်လာရာမှ နောက်ဆုံး “စစ်ဝါဒ” အမြစ်တွယ်လာခြင်း။ စာရေးသူအနေနှင့် “လက်နက်ကိုင်တော်လှန်ရေး” ဆိုသည်ကို ဘယ်လိုမှ ယုံကြည်လို့မရတော့ပါ။

၂။ အထက်မှလာသော အပြောင်းအလဲလော၊ အောက်မှလာသော အပြောင်းအလဲလော …။

ယနေ့ မျက်မှောက်ပြုနေရသော နိုင်ငံရေးအရွေ့ကို စာရေးသူက “အထက်မှလာသော အပြောင်းအလဲ” (Top Down Change) သက်သက် ဟုလည်းမမြင်၊ “အောက်မှလာသော အပြောင်းအလဲ” (Buttom up Change) သက်သက်ဟုလည်းမထင်၊ “အထက်နှင့်အောက် ပူးတွဲလာသော အပြောင်းအလဲ” အဖြစ် သဘောယူပါသည်။
လက်ရှိအပြောင်းအလဲကို စတင်ဖွင့်လှစ်ခဲ့သော “ရှစ်လေးလုံး အရေးတော်ပုံ” ကြီးမှာ “အောက်မှလာသော အရွေ့” ဟု ဆိုနိုင်ပါလိမ့်မည်။ ဘယ်သူ့ ပယောဂမှမပါ၊ လူထုကိုယ်တိုင်က မခံမရပ်နိုင်တော့၍ ပေါက်ကွဲ ပေါ်ထွက်လာသော လူထုလှုပ်ရှားမှုဟု မြင်သည်။ “အလိုလို ဖြစ်ပေါ်လာသော လှုပ်ရှားမှု (Spontaneus Movement) ဖြစ်သည်။ ဤသို့သော “အောက်မှလာသော အရွေ့” ဖြင့် ဒီမိုကရေစီလမ်း ပွင့်သွားသည်များ ရှိသလောက် ရှိပါသည်။ သို့တစေ သူ့အကြောင်းနှင့်သူ ဖြစ်သည်။ ဥပမာ- ဖိလစ်ပိုင်ဆိုလျှင် ပြည်တွင်းပြည်ပ ထူးခြားချက်များ ရှိသည်။ ပြည်တွင်းတွင် “ရားမို့(စ်)ဖက်တာ” နှင့် ပြည်ပတွင် နိုင်ငံတကာမိသားစု (အထူးသဖြင့် အမေရိက) ၏ ထိရောက်သော အားများ မားကို့စ်အစိုးရအပေါ် ရှိသည်။ မြန်မာနိုင်ငံတွင် ဤနှစ်ခုလုံးမရှိ။ သို့နှင့်အမျှ People’s Power ဖြစ်မလာဘဲ People’s Funeral နှင့်သာ ကြုံခဲ့ရသည်။
အရှေ့ဥရောပ “ကတ္တီပါတော်လှန်ရေး” တွင်လည်း လမ်းပေါ်နိုင်ငံရေး” မှ “စားပွဲဝိုင်း နိုင်ငံရေး” သို့ ရွှေ့ပြောင်းနိုင်သော အားသာချက် ရှိသည်။ မြန်မာ့ရှစ်လေးလုံးတွင် ဤအားသာချက် မရှိ။ ဤအတွက် ပထမပိုင်း (ဦးစိန်လွင်လက်ထက်) တွင် အစိုးရမှာ တာဝန်ရှိသည်။ နောက်ပိုင်း (ဒေါက်တာမောင်မောင် လက်ထက်) တွင်ကား အတိုက်အခံဘက်မှာပါ အားနည်းချက်များ ရှိသည်ဟု ထင်သည်။ ဆိုရလျှင် “စေ့စပ်ညှိနှိုင်း အဖြေရှာတတ်သော ဒီမိုကရက်တစ် ဓလေ့” နှစ်ဖက်လုံးတွင် အားနည်းသည်ဟု ဆိုရပါလိမ့်မည်။
၂၀၁၀ ရွေးကောက်ပွဲသည်ကား ပါမောက္ခရှမစ်ထာ ညွှန်းသော “သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ” (Imposed Transition) သဘော ဖြစ်သည်။ ယခင် တပ်မတော်အစိုးရ ကိုယ်တိုင် စတင်လမ်းဖွင့်ပေး လိုက်သော “အထက်မှလာသည့် အပြောင်းအလဲပုံစံ” ဖြစ်သည်။ “ရှစ်လေးလုံး အရေးအခင်း”၊ “ရွှေဝါရောင်အရေးအခင်း” များမှ အတွေ့အကြုံများကို သင်ခန်းစာ ယူပြီး “ပြေလည်ရေးလမ်းစ” ကို ဖော်ထုတ်လိုက်သည် ဖြစ်၍ ထိုစဉ်က နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ကို အသိအမှတ် ပြုရပါလိမ့်မည်။
အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် အင်အားစုအချို့ ပါဝင်လာပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါ ပါဝင်လာရာ “အထက်နှင့်အောက် ပူးတွဲလာသော အပြောင်းအလဲ” ဖြစ်သွားသည်ဟု မြင်သည်။ “ငါတို့ကိုကြောက်လို့ လျှော့ပေးလာတာ” ဆိုသော တလွဲမာနဖြင့် အလုပ်မဖြစ်နိုင်ဟု သဘောရပါသည်။ “How we got here” ဆိုသည်ကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်လျှင် “How we proceed” တွင် ပြဿနာရှိပါလိမ့်မည်။

၃။ ရန်ဘက်နိုင်ငံရေးလော …၊ မိတ်ဖက်နိုင်ငံရေးလော …

လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံရေးမှာ “ဆန့်ကျင်ဘက် အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ဖို့ ကြိုးစားကြသော ချသမိုင်းကြီး” ဟု ဆိုရမလိုရှိသည်။ တိုင်းပြည်မျက်နှာ ထောက်ပြီး ဤချသမိုင်းကြီးကို ရပ်တန်းက ရပ်ကြဖို့ အချိန်တန်ပြီ ထင်ပါသည်။ ကွယ်လွန်သူ ဆရာကြီးဒဂုန်တာရာ တဖွဖွ ပြောသွားခဲ့သော “ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ” ဆိုသော နိုင်ငံရေးမှာ အဆိုပါ ချသမိုင်းကြီးကို သင်ခန်းစာထုတ်ယူရာမှ ပေါ်ထွက်လာသော “မဟာဗျူဟာမြောက်အဖြေ” ဟု သဘောရပါသည်။ ဆရာ ဆက်လက်ပြောကြားခဲ့သော “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင်လုပ်ရတာ၊ မုန်းသူကို ချစ်သူဖြစ်အောင် လုပ်ရတာ” ဆိုသည့် စကားမှာလည်း ဆိုခဲ့ပါမဟာဗျူဟာကို လက်တွေ့ အကောင်အထည် ဖော်ရမည့် နည်းဗျူဟာဟု မြင်ပါသည်။
သို့နှင့်အမျှ စာရေးသူအနေနှင့် ရန်သူတွေ၊ မိတ်ဆွေတွေ ခွဲကြည့်မနေ တော့ပါ။ Anti တွေ Pro တွေမရှိတော့ပါ။ တပ်မတော်အပါအဝင် အားလုံးကို အမျိုးသားရေး အင်အားစုအဖြစ်သာ သဘော ယူပါတော့သည်။ ယနေ့ နိုင်ငံရေးမှာလည်း အပြန်အလှန် ဖယ်ထုတ်ကြမည့် ရန်ဘက်နိုင်ငံရေး မဟုတ်။ အပြန်အလှန် ညှိနှိုင်းအဖြေရှာကြရမည့် မိတ်ဖက်နိုင်ငံရေး ဟူ၍သာ ခံယူထားပါသည်။

၎။ ထိတ်တိုက် ရင်ဆိုင်ရေးလော …၊ ညှိနှိုင်း အဖြေရှာရေးလော …

လက်ရှိ မြန်မာဒီမိုကရေစီ အပြောင်းအလဲမှာ သွေးတူမွေးတူ တစ်စုတစ်ဖွဲ့ တစ်ပါတီတည်း၊ ထီးထီးကြီး မောင်းနေသည့် ဖြစ်စဉ်မဟုတ်ပါ။ ယခင် အစိုးရခေါင်းဆောင် တွေလည်း ပါသည်။ တပ်မတော်လည်း ပါသည်။ လူမျိုးစု အဖွဲ့အစည်းတွေလည်း ပါသည်။ “ဒီမိုကရက်တစ် အင်အားစု” ဆိုသော ခေါင်းစဉ်အောက်မှာပင် ပါတီတွေ အမျိုးမျိုး ရှိနေသည်။ ဆိုရလျှင် သဘောသဘာဝ မတူသော၊ အစစအရာရာ ထပ်တူမကျနိုင်သော ပဒေသာစုံ အင်အားစုများ ဝိုင်းတွန်းကြရမည့် အရွေ့မျိုး ဖြစ်ပါသည်။
ဤအခင်းအကျင်းတွင် သဘောထားအမြင်ချင်း မတူကြသည်မှာ သဘာဝကျပါသည်။ သို့နှင့်တိုင် မတူတိုင်း ရန်ဖြစ်နေကြလျှင် ဘယ်လိုမှ ရှေ့သို့ရောက်နိုင် မည်မဟုတ်။ အဆင်မသင့်ပါက နောက်ပြန် ဆုတ်သွားစရာပင် ရှိသည်။ “ဘုံတူညီချက်” (Common Ground) တစ်ခုတွင် ခြေမြဲလက်မြဲ ရပ်ပြီး မတူခြားနားသည် များကို ညှိနှိုင်းအဖြေရှာ အပြန်အလှန် အလျှော့ပေးကြဖို့ လိုပါလိမ့်မည်။ ထိပ်တိုက်ရင်ဆိုင်ရေး မဟုတ်၊ ညှိနှိုင်း အဖြေရှာရေးသာ ဖြစ်ရပါလိမ့်မည်။
အားလုံးကို “အမျိုးသားရေးအင်အားစု” ဟု သဘောထားနိုင်လျှင် ဤအတိုင်း အသေအချာ ဖြစ်နိုင်ပါသည်။ နာကြည်းစရာ အတိတ်ကအမှား များကို Blame Game ဖြင့် မတုံ့ပြန်ဘဲ သင်ခန်းစာ ယူကြခြင်းဖြင့်သာ သမိုင်းကို ချဉ်းကပ်ဖို့တော့ လိုပါလိမ့်မည်။ ယနေ့ လူပြောများလှသော
“အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဆိုသည်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် မရနိုင်။ ညှိနှိုင်းအဖြေရှာ အလျှော့ပေး စေ့စပ်နည်းဖြင့်သာ ရနိုင်စရာ ရှိပါသည်။

၅။ ရှော့ခ်ရိုက်ကုထုံးလော …၊ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးလော …

လက်တွေ့ကျသော မဟာဗျူဟာတစ်ရပ် ဖော်ထုတ်ဖို့ဆိုလျှင် “နှုန်းစံ” များဖြင့် အစပြုလို့မရပါ။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ “ပကတိအရှိ” က အစပြုဖို့ လိုလိမ့်မည်ဟု ဆင်ခြင်မိပါသည်။ စာရေးသူ “ဆဝါး” မိသလောက် မြန်မာ့လူ့အဖွဲ့အစည်း၏ ပကတိအရှိကို ဖော်ပြရလျှင် -
(က) မြန်မာနိုင်ငံမှာ အနှစ် (၆၀) ကျော်ကြာ၊ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ယခုထက်တိုင် ရင်ဆိုင်နေရဆဲ ရှိသည်။
(ခ) ဒီမိုကရေစီ နိုင်ငံရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ် တို့နှင့် အဆက်ပြတ် သွားခဲ့သည်မှာလည်း နှစ်ပေါင်း ၅၀ နီးပါး ရှိပြီဖြစ်သည်။
(ဂ) မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအဆင့်နှင့် ပညာရေးရေချိန်မှာ ဆိုးဆိုးဝါးဝါး နိမ့်ပါးနေသည်။
(ဃ) မြန်မာစာပေလောကမှာ နဂါးနီခေတ်လောက်မှစ၍ ယနေ့အထိ လက်ဝဲစာပေသာ တစ်ဖက်သတ် လွှမ်းမိုးထားခဲ့ရာ နိုင်ငံတကာ ဒီမိုကရက်တစ် စာပေများနှင့် ထိတွေ့မှု လွန်စွာမှပင် အားနည်းသည်။
(င) ဆိုခဲ့ပါ အချက်များကြောင့် မြန်မာလူထုသာမက မြန်မာနိုင်ငံရေး ပလေယာများ၏ ဒီမိုကရက်တစ် အသိရေချိန်မှာ လက်ရှိအပြောင်းအလဲက တောင်းဆိုနေသည်နှင့် များစွာ အဟပ်ကွာနေဆဲ ရှိသည်။
(စ) နိုင်ငံတည်ဆောက်ရေး အတွက် အရေးကြီးသော ဗျူရိုကရေစီ နှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်း များမှာလည်း ၁၉၆၂ နောက်ပိုင်းမှစ၍ တစ်စတစ်စ ပြိုကျသွားခဲ့ရာ အခုမှ အသစ်ပြန်စရမည့် အခြေအနေရှိသည်။
ဤသို့သော ပကတိအရှိ များကြောင့် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ မှာ မည်မျှပင် ဆန္ဒရှိသည်ဖြစ်စေ၊ မြန်မြန်ဆန်ဆန် အောင်မြင် ပြီးမြောက်နိုင်ဖွယ်ရာ မရှိ။ စိတ်ရှည်လက်ရှည်နှင့် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲရမည့် သဘောရှိသည်။ ဤအနေအထားတွင် စိတ်မရှည်ဘဲ “ရှော့ခ်ရိုက်ကုထုံး” သုံးလိုက်လျှင် အကျိုးထက် အဆိုးက များပါလိမ့်မည်။ လက်ရှိအပြောင်းအလဲ ကိုပင် ကတိမ်းကပါး ဖြစ်သွားနိုင်စရာ ရှိသည်ဟု မြင်သည်။

လိပ်ပြာသန့်စိတ်

စာရေးသူရေးသမျှ၊ ပြောသမျှမှာ ဆိုခဲ့ပြီးသော မဟာဗျူဟာ စဉ်းစားချက်များ အပေါ် အခြေခံပါသည်။ စာရေးသူတစ်ခါက သက်ဝင်ယုံကြည်သည် များနှင့်မူ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါလိမ့်မည်။ မတတ်နိုင် …။ စာရေးသူဘက်ကတော့ လိပ်ပြာသန့်သည်။
ပြောရလျှင် ဆယ်ကျော်သက်အရွယ် မရှိတရှိကပင် စာအုပ်တွေမှ တစ်ဆင့် မတ်စ်ဝါဒကို စိတ်ဝင်စားခဲ့သည်။ လက်လှမ်းမီသလောက် ဖတ်ခဲ့ မှတ်ခဲ့သည်။ ကိုယ်တွေ့မဟုတ်၊ စာတွေ့နှင့်ပင် ကွန်မြူနစ်ဝါဒကို သက်ဝင် ယုံကြည်လာသည်။ သို့တိုင်အောင် လူကိုလူလို ဆက်ဆံမခံရသော ပတ်ဝန်းကျင်၊ ရှင်းရှင်းဆိုရလျှင် နံရံတံတိုင်းများကြားသို့ ရောက်သွားသောအခါ “လူ့အခွင့်အရေး ဆိုတာ ဓနရှင်တွေရဲ့ လိမ်လည်ချက်တစ်ရပ်” ဆိုသော လီနင်၏စကားကို ဇွတ်မှိတ် ယုံမရတော့။ တောနှင့်တောင်သို့ ရောက်သွားသော အခါတွင်လည်း လက်နက်ကိုင်တော်လှန်ရေး ဆိုသည်တွင် ပူးဝင်နေသော “စစ်ဝါဒတစ္ဆေ” ကိုတွေ့တော့ စဉ်းစားစရာတွေ ရှိလာသည်။ ထို့ထက် ဆိုဗီယက်ယူနီယံ ပြိုကျ၊ တရုတ်ပြည်ကြီး အသွေးအရောင်ပြောင်း၊ ဒီမိုကရေစီ လှိုင်းလုံးများနှင့် ကြုံလိုက်ရသောအခါ အရမ်းအကန်း ဇွတ်မှိတ် ယုံကြည်နေလို့ မရတော့။ ကမ္ဘာကြီး၏ သမိုင်းဆိုင်ရာ လိုအပ်ချက်မှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဝါဒမဟုတ်၊ စီမံကိန်းစီးပွားရေး မဟုတ်၊ ဒီမိုကရေစီ နှင့် ဈေးကွက်သာ ဖြစ်သည်ကို စာတွေ့မက၊ ကိုယ်တွေ့ဆင်ခြင်မိသည်။
အမှန်စင်စစ် ကွန်မြူနစ် အိုင်ဒီအိုလိုဂျီနှင့် ဒီမိုကရေစီမှာ ဘာမှမဆိုင်ပါ။ ဆန့်ကျင်ဘက်ဟူ၍ပင် ဆိုနိုင်စရာရှိသည်။ ကွန်မြူနစ်က လူကို အခြေမခံ၊ လူတန်းစားကို အခြေခံသည်။ သို့အတွက် လူ့အခွင့်အရေးကို အလေးမထား၊ လူတန်းစားဒီမိုကရေစီ ကိုသာ ယုံသည်။ ပစ္စည်းမဲ့အာဏာရှင် စနစ် (သို့မဟုတ် ပြည်သူ့ဒီမိုကရေစီ အာဏာရှင်စနစ်) ဖြင့် လူတန်းစားမဲ့ လူ့ဘောင်ဆိုသည်ကို အန္တိမရည်မှန်းချက် ထားပါသည်။ စီးပွားရေး တွင်လည်း ဈေးကွက်ကို လက်ခံသည်မဟုတ်။ လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို လွတ်လပ်စွာ သွေးစုတ်ခွင့်ဟု အဓိပ္ပာယ်ဖွင့်သည်။ လူ့အခွင့်အရေးကို အလေးထားသော ပါလီမန်ဒီမိုကရေစီကို ယုံကြည်သော၊ ဈေးကွက်ကို အားပြုသော၊ ဒီမိုကရေစီ နှင့် ဘယ်လိုမှ မတူနိုင်ပါ။
အရှေ့ကို မျက်နှာမူလိုလျှင် အနောက်ကို ကျောခိုင်းရမည်သာ ဖြစ်ပါသည်။ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ ဒီမိုကရေစီ ချန်ပီယံလည်း လုပ်ချင်၊ ကွန်မြူနစ်စွဲမြဲသူလည်း ဖြစ်ချင်လို့မရ၊ ဤသို့ဆိုလျှင် နှစ်ခုလုံးကို နားမလည်ရာ ရောက်သည်။ နားလည်သည် ဆိုလျှင်လည်း မရိုးသားမှုသာ ဖြစ်လိမ့်မည်။ စာရေးသူတော့ လိပ်ပြာသန့်သန့်ဖြင့်ပင် အမြင်တွေ ပြောင်းသွားပါပြီ။ မည်သူမဆို လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ ရိုးသားမှုတော့ ရှိစေချင်သည်။
ကျော်ဝင်း

မက္ခရာမင်းသားကြီး




မက္ခရာမင်းသားကြီးသည် မင်းတုန်းမင်း၏ သားတော် ဖြစ်သည်
ငယ်မည် မောင်သန့် ဘွဲ့မည် မင်းရဲစည်သူ

နောင်အခါ မက္ခရာမြို့ကို စားရသဖြင့် မက္ခရာမင်းသား တွင်လေသည်

မက္ခရာမင်းသားကြီး
==========
ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် ကနောင်မင်း အုပ်ချုပ်ခဲ့သည့် ရတနာပုံ စက်ရုံများကို အုပ်ချုပ်ခဲ့သူ မင်းတုန်းမင်း၏ အရိုက်အရာကို ဆက်ခံထိုက်သူ အရည်အချင်း ပြည့်သော သားတော်ကြီးတစ်ပါးဖြစ်သည်

ဒီနေရာမှာ.. မက္ခရာမင်းသားကြီးနဲ့ ပါတ်သက်ပြီး တစ်ခု ပြောချင်တာက..
ကောဇာသက္ကရာဇ် ၁၂၃၅ခု၊ တပေါင်းလဆန်း (၆)ရက်နေ့မှာ ရတနာပုံရွှေမြို့တော်ကြီး နန်းတော်အနောက်ဘက်( အနောက်ပြင်မှာ) မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်

အဲဒီမီးကြောင့် အိမ်ခြေ (၇၀၀)ခန့် မီးထဲပါသွားတယ်လို့ ဆိုပါတယ်...

အဲဒီ မက္ခရာမင်းသားကြီး ကိုယ်တော်တိုင် နောက်ပါများနှင့်အတူ လာရောက်ငြိမ်းသက်ခဲ့ရပါတယ်...

အမှန်တကယ် ဒီမီးလောင်မှုမှာ တာဝန်ရှိတာက မြို့ဝန်ဦးသာအိုးပါ
( မြို့ဝန်ဦးသာအိုးဆိုတာ ဦးပုညကိုသတ်တဲ့ ဦးသာအိုးပါ သူ့အကြောင်းကို အလျင်းသင့်လျှင် ရေးပါအုံးမယ်)

တာဝန်အရှိဆုံး မြို့ဝန်ရဲ့ တာဝန်ပေါ့လျှော့မှုကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရပါတယ်.. ထိုမီးလောင်မှုကြောင့် တောင်မြို့ဝန် ဦးပေစိ၊ မြောက်မြို့ဝန် ဦးသာအိုးတို့ ထောင်သွင်း အကျဉ်းချခံခဲ့ရတယ်လို့ ဆိုပါတယ်..

ဒီနေရာမှာ မက္ခရာမင်းသားကြီးပါပဲ.. ငါဟာ လွှတ်တော်မင်းသားကြီးပဲဆိုပြီး ဒီအတိုင်းမနေခဲ့ပါဘူး.. ပြည်သူများ အရေးစိတ်မအေးဘဲ ကိုယ်တော်တိုင် ၀င်ရောက်မီးငြိမ်းသက်ခဲ့ပါတယ်...

အဲ.. မက္ခရာ မင်းသား ဆိုလို့.. နောက်ထပ် မက္ခရာမင်းသားတစ်ပါးရှိပါသေးတယ်..

အဲဒီမက္ခရာမင်းသားကတော့ အမရပူရ ပထမမြို့တည် ဗဒုံမင်းတရား (ဘိုးတော်ဘုရား)၏ သားတော် ပဲဖြစ်ပါတယ်

ငယ်မည် မောင်ပျိုး ဘွဲ့အမည် မင်းရဲကျော်စွာ နောင်အခါ မက္ခရာမြို့ကို စားရသဖြင့် မက္ခရာ မင်းသားလို့ တွင်တာပါ.... အင်းဝဘုရင် ဘကြီးတော်နှင့် သာယာဝတီမင်းတို့၏ ဦးလေးတော် ဖြစ်သည် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုသူခဲ့တာ အဲဒီ မက္ခရာမင်းသားပါ...

မင်းတုန်းမင်းရဲ့သားတော် (ယခုပြောတဲ့) မက္ခရာမင်းသားမဟုတ်ပါဘူး...

မြင်ကွန်းမြင်းခုံတိုင်အရေးအခင်းမှာ မက္ခရာမင်းသားကြီးရဲ့ခုခံမှုကြောင့် မြင်ကွန်းတို့အရေးနိမ့်ခဲ့ပါတယ် တကယ်ကိုအရည်အချင်းရှိတဲ့ မင်းသားပါ...

အိမ်ရှေ့ဘုရား ကနောင်ကိုယ်တော်ကြီး မရှိတဲ့နောက် အိမ်ရှေ့စံ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရည်အချင်းရှိ မင်းသားတွေထဲမှာ မက္ခရာမင်းသားကြီးက ထိပ်ဆုံးကပါပါတယ်.

မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသား၊ သုံးဆယ်မင်းသားတို့ကို ဘယ်မင်းသားမှမမှီနိုင်ပါဘူး

သီပေါမင်းနန်းတက်ပြီး တစ်လ အကြာ မင်းညီမင်းသား (၄၀)ခန့် (ခန့်မှန်း) နှင့်အတူ မက္ခရာမင်းသားကြီးလည်း ကွပ်မျစ်ခံခဲ့ရသည်...အင်မတန်
ု နှမြောဖို့ကောင်းလှပါတယ်...

ရတနာပုံခေတ် မင်းသားကြီးတွေထဲမှာ ကနောင်မင်းကြီး ပြီးရင် ဒုတိယ နှမြောစရာအကောင်းဆုံးမင်းသားကတော့.. မက္ခရာမင်းသားကြီးပါပဲ....


ထာဝရခရီးသွားBlog မှပြန်လည်ဝေမျှပါသည်

ဒေါ်စု ဒီမိုကရေစီရေးကြိုးပမ်းမှု ပုပ်ရဟန်းမင်းကြီးထောက်ခံ

ပုပ်ရဟန်းမင်းကြီး Francis ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗာတီကန်ကျောင်းတော်မှာ သွားရောက်တွေ့ဆုံစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၁၃) ပုပ်ရဟန်းမင်းကြီး Francis ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗာတီကန်ကျောင်းတော်မှာ သွားရောက်တွေ့ဆုံစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၁၃)

ကိုသားညွန့်ဦး
အီတလီနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ တနင်္လာနေ့တုန်းကတော့ ဗာတီကန် ဘုရားကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီး Francis ကို သွားရောက် တွေ့ဆုံခဲ့ ပါတယ်။ အမုန်းတရားတွေ၊ အကြောက်တရားတွေဟာ လူသားတို့ရဲ့တန်ဖိုးနဲ့ နေထိုင်မှုဘ၀တွေကို ယုတ်ကျစေတယ် ဆိုတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောဆိုချက် ဟာ သူနဲ့ တသဘောတည်း ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေဟာ အကြောက်တရား လွန်ကဲ မှုကြောင့် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အီတလီနိုင်ငံ ခရီးစဉ်အတွင်း မနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ပြောဆိုခဲ့တာတွေကို ကိုသားညွန့်ဦးက အနှစ်ချုပ် တင်ဆက်ပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုတွေအပေါ် ကမ္ဘာ့ရိုမန်ကတ်သလစ် ဘာသာဝင်တို့ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး Francis က စာနာ ထောက်ခံမှုပေးခဲ့တယ်လို့ ဗာတီကန် ပြန်ကြားရေးဌာန ညွန်ကြားရေးမှူး ဘုန်းတော်ကြီး Federico Lombardi က ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီးမှာ သတင်းထုတ်ပြန်ပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြားမှာ အလွန့်ကို ညီမျှတဲ့ သဘောထားရှိတယ်လို့ Father Federico Lombardi က ပြောပါတယ်။

သူတို့နှစ်ဦး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြတဲ့အထဲမှာ ဘာသာတရား အချင်းချင်းကြား ဆွေးနွေးတာတွေ၊ အပြန်အလှန်ဆက်စပ် တွေ့ဆုံကြဖို့ ကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒီနောက်ပိုင်း ရောမမြို့မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာတော့ မနေ့က မနက်ပိုင်း ပုပ်ရဟန်မင်းကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ သူနဲ့ တ သဘောတည်း ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။

“ဒီကနေ့မနက် ပုပ်ရဟန်းမင်းကြီး မိန့်သွားတဲ့အချက်ကို ကျမ သိပ်ကို သဘောတူ ပါတယ်။ အမုန်းတရားနဲ့ အကြောက်တရားလို လူ့စိတ်ခံစားချက်တွေဟာ ဘဝမှာ စိတ်ဆင်းရဲမှုကို ဖြစ်စေတယ်ဆိုတဲ့ အချက်ပါ။ လူ့ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတာ ဖြစ်ပါတယ်။ မေတ္တာနဲ့နားလည်သည်းခံမှုလို အပြုသဘော ဆောင်တဲ့ စိတ်ခံစားချက်တွေအပေါ် ကျမတို့ တည်ဆောက်ယူဖို့ လိုအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး ဖန်တီးနိုင်ရေးအတွက် ကျမတို့ အတူတကွ လက်တွဲဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒနဲ့ သံန္နိဌာန်ခိုင်မာမှု ရှိဖို့ လိုအပ်ပါတယ်။”

သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ အခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်း ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အခြေခံ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေ မေးမြန်းခဲ့ကြ ပါတယ်။ အကြမ်းဖက်မှု အမုန်းတရားတွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ ရှုတ်ချပေမယ့်လို့ အကြောက်တရား လွန်ကဲပြီးဖြစ်ကြတာကြောင့် လူတွေကိုတော့ သူ အပြစ် မပြောလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားပါတယ်။

“အကြမ်းဖက်မှုနဲ့ အမုန်းတရားမှန်သမျှကို ကျမ ပြစ်တင်ရှုတ်ချပါတယ်။ ဒီနေရာမှာ ကျမအနေနဲ့ ရှင်းရှင်း ပြောလိုတာက မြန်မာနိုင်ငံမှာ အခု ဖြစ်ပျက်နေတာတွေဟာ အကြောက်တရားကြောင့်မို့လို့ လူတွေကို ကျမ ပြစ်တင်ရှုတ်ချခြင်း မပြုလိုပါဘူး။ လူ့အဖွဲ့အစည်းတွေမှာ တဘက်နဲ့တဘက် ကြောက်နေကြတာဖြစ်ပြီး ဒီအကြောက်တရားကတဆင့် လူတိုင်းဟာ ပြစ်တင် ရှုတ်ချမှုအပေါ်မှာ ဝိုင်းအာရုံစိုက်နေကြမယ်ဆိုရင် ဒီအကြောက်တရားဟာ ပျောက်သွားမှာ မဟုတ်ပါဘူး။

"ကျမတို့ ဖန်တီးပေးရမယ့်အခြေအနေကတော့ လူတွေဟာ တစ်ဦးနဲ့တစ်ဦး စကားပြောကြရမယ်။ ကိုယ့်လုံခြုံရေးအတွက် ကိုယ် စိတ်ချရမယ့်အခြေအနေ ရှိကြရဖို့ ဖြစ်ပါတယ်။ လူတိုင်းက အမုန်းတရားပွားဖို့ ကြိုးစားနေကြမယ်၊ အကြောက်တရားကြောင့် ဝိုင်း ပြစ်တင် ရှုတ်ချကြမယ်ဆိုရင် ကျမတို့အားလုံး အတွက် အခြေအနေဟာ ဘယ်လိုမှ ကောင်းလာမှာမဟုတ်ပါဘူး။ ကျမအနေနဲ့ ဘယ်သူ့ကိုမှ ပြစ်တင်ရှုတ်ချခြင်း မပြုလိုပါဘူးလို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်လုပ်ရပ်အားလုံးကိုတော့ ပြစ်တင်ရှုတ်ချတယ်ဆိုတာ ကျမ ရှင်းရှင်းပဲ ပြောခဲ့ပါတယ်။

"မုန်းတီးမှု အားလုံးကို ကျမ ရှုတ်ချပါတယ်။ ကျမတို့နိုင်ငံအတွင်း နေထိုင်လျက် ရှိကြတဲ့ လူတွေ၊ လူမျိုးတွေကြား စိတ်ဝမ်းကွဲစေတဲ့ လုပ်ရပ်အားလုံးကိုလည်း ကျမ ပြစ်တင်ရှုတ်ချပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကိုလည်း အဓိကထား ရှင်းလင်းသွားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီတိုင်းပြည် ဖြစ်လာဖို့ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို မဖြစ်မနေ ဆောင်ရွက်သွားရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောခဲ့ပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ဒီမိုကရေစီအခွင့်အရေးရဖို့ ဘယ်လိုမှ အာမခံချက်တွေ ရရှိမှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ အခွင့်ထူးခံအဆင့်မှာ ဆက်ရှိနေမှာ ဖြစ်တဲ့ အတွက် နိုင်ငံ့ရဲ့တခြားကဏ္ဍတွေမှာလည်း အလားတူ အခွင့်ထူးခံနေရာမှာ ဆက်ရှိနေမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ နိုင်ငံရေးလောကမှာသာမက စီးပွားရေးမှာရော၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးမှာရော စစ်တပ်က ဆက်ပြီးတော့ နေရာယူသွားမယ့် သဘောဖြစ်ပါတယ်။”

လက်ရှိ ဖွဲ့စည်းပုံမှာ သားသမီး နိုင်ငံခြားသားဖြစ်သူတွေ သမ္မတအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခွင့်မရှိတာကြောင့် ဒီ ဖွဲ့စည်းပုံအတိုင်းသာဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ အဖြစ် ၀င်ရွေးခံဖို့ မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ ဖွဲ့စည်းပုံအတွင်းမှာ သူ့ကို တမင်တကာ အခုလို ကန့်သတ်ထားတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ရေးကိစ္စဟာ သူ သမ္မတ ၀င်ရွေးခံနိုင်ရဖို့ထက် တကယ့် ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံတရပ် ဖြစ်လာဖို့ ရည်စူးတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကျမအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ရတာက ကျမမိသားစုကို အကြောင်းပြပြီး ကျမသမ္မတ မဖြစ်ရလေအောင် ရေးဆွဲထားတဲ့အတွက်ကြောင့် မဟုတ်ပါဘူး။ ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေမဆို လူတစ်ဦး တစ်ယောက်ကို ရည်ရွယ်ပြီး ရေးဆွဲထားတယ်ဆိုရင် မသင့်လျော်ဘူးဆိုတဲ့ အချက်ကြောင့်ပါပဲ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အဲဒီအပိုဒ်ဟာ ကျမကိုဦးတည်ပြီး ရေးဆွဲထားတယ် ဆိုတာကတော့ တကယ့်ကို ရှင်းပါတယ်။ ဘယ်ဖွဲ့စည်းပုံမဆို အထူးသဖြင့် ဒီမိုကရေစီ နည်းကျတဲ့ဖွဲ့စည်းပုံဆိုရင် ဒီလိုနည်းနဲ့ ရေးဆွဲဖို့ မသင့်ပါဘူး။ ဒီအချက်ကြောင့် ကျမတို့က အဲဒီအပိုဒ်ကို ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ ကျမနဲ့ပဲ ပတ်သက်နေလို့ မဟုတ်ပါဘူး။ အခြေခံအားဖြင့် ဒီမိုကရေစီနည်းမကျတဲ့ အနေအထားကြောင့် ကန့်ကွက်ရတာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းကတော့ သတင်းစာရှင်းလင်းပွဲကို အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino နဲ့အတူ ပြုလုပ်ခဲ့တာဖြစ်ပြီး အီတလီ ၀န်ကြီးချုပ် Enrico Letta သမ္မတ Giogio Napolitano တို့နဲ့ လည်း မနေ့က သီးသန့် တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးအတွက် အီတလီ အနေနဲ့ အင်တိုက်အားတိုက် ကူညီဆောင်ရွက်သွားပါမယ်လို့ အီတလီ ၀န်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောဆိုခဲ့ပါတယ်။ မနေ့ညပိုင်းမှာတော့ အီတလီလွှတ်တော်မှာ လွှတ်တော် ကို်ယ်စားလှယ်တွေနဲ့ လည်း တွေ့ခဲ့ပါတယ်။

ပြည်တွင်းမှာပြုလုပ်မည့် ကျောင်းသားတပ်တော် ငွေရတုအထိမ်းအမှတ်ဖိတ်စာ။

ဒေါ်အောင်ဆန်းစုကြည်၏ ဘီဘီစီ မှတ်ချက်အပေါ် သဘောထား ကွဲ


ဒေါ်အောင်ဆန်းစုကြည်, လူမျိုးတုန်းသန့်စင်ရေး, မွတ်ဆလင်, ဘာသာရေး, ပဋိပက္ခ, ဗုဒ္ဓဘာသာ
စက်တင်ဘာလ အတွင်း ရန်ကုန်မြို့တွင် ကျင်းပခဲ့သော မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံတွင် မွတ်ဆလင်များကို ဦးတည်ချက်ထားသည့် လူမျိုးဖြုတ် သတ်ဖြတ်မှုများ မရှိကြောင်း ငြင်းဆိုလိုက်ပြီး ဗုဒ္ဓ ဘာသာဝင်များ ကြားတွင်လည်း ဘာသာရေးပဋိပက္ခနှင့် တင်းမာမှုများကြောင့် ကြောက်ရွံ့မှုများကို ခံစားခဲ့ရသည်ဟု ပြောခဲ့ခြင်းအတွက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် လူသိများသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူ့အခွင့်အရေး ဆောင်ရွက်သူများနှင့် ဘာသာရေး ခေါင်းဆောင်များ၏ ဝေဖန်ပြောဆိုမှုနှင့် ထောက်ခံမှုများ အမျိုးမျိုး ရှိနေသည်။
ဘီဘီစီ သတင်းဌာနနှင့် ယခင်အပတ် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည် က လူဦးရေ ၁၄၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည့် ဆူပူအကြမ်းဖက်မှုသည် ဗုဒ္ဓဘာသာဝင်များကြားတွင်လည်း မွတ်ဆလင်များကဲ့သို့ အကြောက်တရားကို ခံစားခဲ့ရသဖြင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“ဒါဟာ လူမျိုးဖြုတ် သတ်ဖြတ်မှုမဟုတ်ပါဘူး။ နှစ်ဖက်လုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြောက်ရွံ့မှုကြောင့်လို့ ထင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အနေနဲ့ နားလည်ထားဖို့ လိုအပ်တာက ကြောက်ရွံ့မှုကို မွတ်ဆလင်တွေပဲ ခံစားရတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ဘက်မှာလဲ တူတူပါပဲ။ ဟုတ်ပါတယ်။ မွတ်ဆလင်တွေဟာ ပစ်မှတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေဟာ လည်း ပဋိပက္ခတွေဆီကို တွန်းပို့ ခံခဲ့ရပါတယ်။ နှစ်ဘက်လုံးမှာ ကြောက်ရွံ့မှုတွေ ရှိနေတယ်။ ဒါဟာ အားလုံးကို ဒုက္ခတွေဆီ ပို့ဆောင်လိုက်တဲ့ အကြောင်းတရားပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယမန်နှစ်က စတင်ဖြစ်ပွားခဲ့သော မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း မပြုခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က “မွတ်ဆလင် အင်အားနဲ့ ပတ်သက်လို့ ကမ္ဘာ့ မွတ်ဆလင် အင်အားဟာ အရမ်းကြီးမားတယ် ဆိုတဲ့ အမြင်တခု ရှိနေပါတယ်။ ကမ္ဘာ့နေရာတိုင်းမှာ ဒီအမြင် ရှိနေပါတယ်။ ကျမတို့ နိုင်ငံမှာလည်း တူတူပါပဲ။ ဒီအမြင် ရှိနေပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ယမန်နှစ် ဇွန်လ နှင့် အောက်တိုဘာလတွင် နှစ်ကြိမ် အထိဖြစ်ပွားခဲ့သော ပဋိပက္ခများပြီးကတည်းက ဆင်းရဲညစ်ပတ်သော ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရသည့် မွတ်ဆလင်များနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘာသာဝင်များသည်လည်း စစ်အုပ်ချုပ်ရေး အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တွေ့ကြုံခံစားခဲ့ရ သည်ဟု ဆိုသည်။
“အကြောင်း အမျိုးမျိုးကြောင့် တိုင်းပြည်ကို စွန့်ခွာသွားရတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိပါတယ်။ သူတို့ထဲက အမြောက်အများကို ထိုင်းနိုင်ငံမှာ တွေ့နိုင်ပါ တယ်။ ကမ္ဘာအနှံ့မှာ ပြန့်ကြဲရောက်ရှိနေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါဟာ ကျမတို့ခံစားခဲ့ရတဲ့ ဒုက္ခတွေနဲ့ အာဏာရှင်စနစ် ရဲ့ ရလဒ်ပါ။ ကျမထင်ပါတယ်။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရမယ်ဆိုရင် လူတွေက တယောက်ကို တယောက် ယုံကြည်ဖို့ကို မသင်ကြားနိုင်တော့ဘူး။ အာဏာရှင် စနစ်ဟာ မယုံကြည်မှုနဲ့ သံသယ တွေပြည့်နေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်” ဟု ဆိုပြီး အကြမ်းဖက် ဆူပူမှုများ၏ လက်သည်တရားခံများကို ဖော်ထုတ် အရေးယူပေးရန်လည်း အစိုးရကို သူက တောင်းဆို လိုက်သည်။
“ကျမတို့ အတိုက်အခံ အဖွဲ့ဝင်တွေကို ဘယ်လိုခံစားရသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မှာလဲ ဆိုတဲ့ မေးခွန်းတွေမေး နေမယ့်အစား မြန်မာနိုင်ငံရဲ့ လက်ရှိ အစိုးရကို သူတို့ရဲ့ မူဝါဒက ဘယ်လိုလဲ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက် ခရီး ရောက်နေပြီလဲ၊ ဘယ်လိုဖြေရှင်းဖို့ ရည်ရွယ်ထားသလဲ ဆိုတာမေးသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ဟာ အစိုးရ တရပ် လုပ်ဆောင်ရမယ့် ဒီလို ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် နေရာမှာရှိမနေဘူး ဆိုတာ ရှင်တို့ သိသင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာတလွှားသို့ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသည့် ဘီဘီစီ ရုပ်မြင်သံကြား၏ အမေးအဖြေ ကဏ္ဍတွင် ပြောကြားခဲ့သည်။
ဥရောပ ခရီးစဉ် အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အပတ် အင်္ဂါနေ့က ပြင်သစ်သို့ သွားရောက်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ရရှိခဲ့သော်လည်း လက်ခံယူနိုင်ခြင်း မရှိခဲ့သည့် ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့သည်။
တိုက်ဆိုင်စွာပင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက မွတ်ဆလင်ဆန့်ကျင်ရေး သဘောထားများသည် မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ခြိမ်းခြောက်နေသည်ဟု သတိပေးခဲ့သည်။
“ရခိုင်ပြည်နယ်ရဲ့ အခြေအနေက မြန်မာနိုင်ငံက မွတ်ဆလင်ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို အကြီးမားဆုံး တားဆီး ခြိမ်းခြောက်နေမှုတွေထဲက တခုဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ပြသနေပါတယ်။” ဟု ကုလသမဂ္ဂ လူ့ အခွင့် အရေး အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှ လူ့အခွင့်အရေးနှင့် သက်ဆိုင်သော တတိယ ကော်မီတီသို့ တင်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဘီဘီစီ အင်တာဗျူးအပေါ်လည်း တိုက်ရိုက် ဝေဖန်တုန့်ပြန်ခဲ့ကြသည်။ လန်ဒန်မြို့ရှိ The Daily Telegraph သတင်းစာမှ နိုင်ငံခြားရေးရာ သတင်းထောက်ချုပ် ဒေးဗစ်ဘလဲက “ဒီလိုမျိုး ရေးရလိမ့်မယ်လို့ ကျနော် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီမနက် BBC ရဲ့ Today အစီအစဉ်မှာ အောင်ဆန်းစုကြည် ဒီလိုပြောတာ ကြားလိုက်ရတော့ ကျနော် အရမ်းတုန်လှုပ်သွားပါတယ်။ ပဋိပက္ခတွေမှာ ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး နားလည်ရခက်တဲ့ သူ့သဘောထားက စိတ်ပျက်စရာပါ” ဟု သတင်းစာ ၀က်ဘ်ဆိုက်ပေါ်တွင် မှတ်ချက်ပေးခဲ့သည်။
သမ္မတဦးသိန်းစိန်၏ အစိုးရ အုပ်ချုပ်ရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်အထိ စစ်အာဏာရှင်၏ အတိုက်အခံအဖြစ် ရပ်တည်ပေးဆပ်ခဲ့သည့်အတွက် တိုင်းသူပြည်သား အများစု၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်အပေါ် စာနာနားလည်ပေးနိုင်သော မြန်မာများလည်း ရှိနေပါသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော လူ့အခွင့်အရေးဆိုင်ရာ ဂျာနယ်၏ အယ်ဒီတာ တဦးက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်သင့်သည်ဟု ပြောသော်လည်း ၂၀၁၅ ခုနှစ်တွင် သမ္မတ ဖြစ်လာဖို့ မျှော်လင့်နေသည့် အချိန်တွင် တဘက်ဘက်ကို မျက်နှာသာပေးခြင်းမှ ရှောင်လွှဲဖို့ ဆုံးဖြတ်လိုက်သည့် အပေါ် နားလည်နိုင်ပါသည်ဟု  ဆိုသည်။
“သူက သံတမန်နည်းကျကျ ပြောသွားတာပါ။ သူက ဗုဒ္ဓဘာသာဝင် လူများစုရဲ့ မဲတွေကို အဆုံးရှုံး မခံနိုင်ဘူး။ နောက်ပြီး သူက အရင်နှစ်က ပဋိပက္ခတွေမှာ ဓားစာခံဖြစ်ခဲ့တဲ့ မွတ်ဆလင်တွေကိုလည်း ထိခိုက်နစ်နာမှု မဖြစ်စေချင်ပါဘူး” ဟု ရန်ကုန်မြို့တွင် အခြေစိုက်သည့် Myanmar Knowledge Society က မကြာသေးမီကမှ ထုတ်ဝေဖြန့်ချိခဲ့သော Human Rights and Democracy ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးဝေယံဘုန်း ကပြောသည်။
ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများတွင် တာဝန်ရှိနေသော တရားခံများကို ဖော်ထုတ်အရေးယူရန်အတွက် အစိုးရဘက် က လုံလောက်သော တာဝန်ယူမှု မရှိခဲ့ဟု ပြောဆိုမှုကို သူကလည်း သဘောတူသည်။
“မတူညီတဲ့ ဘာသာရေး အသိုင်းအ၀ိုင်းတွေကြားမှာ အမုန်းစကားတွေ ပြန့်ပွားနေတာကို ရပ်တန့်စေဖို့နဲ့ ဟန်ချက်ညီမျှမှုကို ထိန်းသိမ်းပေးဖို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ အရပ်ဘက်အဖွဲ့ အစည်းတွေကပဲ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးကြဖို့ ဦးစီးလုပ်နေရသေးတယ်။ အစိုးရဘက်ကတော့ ဒီကိစ္စကို ဖွင့်ဟပြောဖို့ အရမ်းဝန်လေးနေတုန်းပဲ။ ကျနော်တို့ လေ့လာကြည့်ခဲ့သလိုဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေဟာ ဘာမှ မလုပ်ခဲ့ကြဘူး။ မွတ်ဆလင်တွေကို လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်ဖို့ လုပ်နေတဲ့ အချိန်မှာတောင် မတားဆီးနိုင်ခဲ့ကြပါဘူး” ဟု ဦးဝေယံဘုန်း က ပြောသည်။
“သူ ဒီထက်ပိုပြီး ပြောသင့်တယ်လို့ ကျနော်ထင်တယ်။ ဒီအကြောင်းအရာကို ရောက်လာတဲ့အခါ အထူးသဖြင့် မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှု အကြောင်းတွေနဲ့ ပတ်သက်ရင် ပြောသင့်သလောက် မပြောဘူး” ဟု သူက ထပ်ပြောသည်။
မြန်မာနိုင်ငံမှ ထင်ရှားသည့် ဒီမိုကရေစီရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးပြုံးချိုကလည်း အစိုးရ၏ ၀တ္တရားနှင့် ပတ်သက်၍ ထောက်ပြသည့် အချက်ကို ထောက်ခံသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်ဆံ ဆောင်ရွက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေကို အကြံပေး ချင်ပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။ သူ၏ အမြင်များသည် အဖွဲ့အစည်း၏ အမြင်ဟု မယူဆရန်လည်း ဦးပြုံးချိုက ဆိုသည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို လူမျိုးဖြုတ် သုတ်သင်ရေး အဖြစ် ဖော်ပြခြင်း မပြုရန်လည်း သူက တောင်းဆိုလိုက်သည်။ အမေရိကန် အခြေစိုက် လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ယမန်နှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ယခုနှစ် အစောပိုင်းက အစီရင်ခံစာ တစောင်ထုတ်ပြန်ခဲ့ရာတွင် ဤသို့ ရည်ညွှန်းဖော်ပြခဲ့သည်။
“လူမျိုးဖြုတ် သုတ်သင်ခြင်း” ဟုသော အသုံးအနှုံးကို မည်သည့်အတွက်ကြောင့် လက်မခံနိုင်ရပါသနည်းဟု မေးသည့် အခါ ဦးပြုံးချိုက “ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဖက်လုံးက အကြမ်းဖက်ခဲ့ကြတယ်။ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရပ်တန့် ဖြေရှင်းနိုင်ဖို့ အတွက် လူတိုင်းကြိုးစားသင့်ပါတယ်” ဟု ပြောသည်။
ယမန်နှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများသည် သမ္မတ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ်တွင် အဓိကကျသည့် ထိုးနှက်မှုများ ဖြစ်လာသည်။ လူပေါင်း ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ၎င်းတို့ထဲမှ အများစုမှာ ရိုဟင်ဂျာဟု ခေါ်ကြသည့် မွတ်ဆလင်များ ဖြစ်ကြသည်။ မွတ်ဆလင် မိသားစု အများအပြားသည် မြန်မာနိုင်ငံအတွင်းတွင် မျိုးဆက်နှင့် ချီ၍ နေထိုင်ခဲ့ကြသော်လည်း ၎င်းတို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် အစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် လာရောက်နေထိုင်သူများ ဖြစ်သည်ဟု သတ်မှတ်ထားခဲ့သည်။
မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားများသည် ပြီးခဲ့သည့် နှစ်အတွင်းတွင် ကြီးထွားပျံ့နှံ့လာခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်း နှင့် အနောက်မြောက်ပိုင်းတို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ ယခုနှစ် စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်း အစောပိုင်းကလည်း မြန်မာနိုင်ငံ အနောက်ပိုင်း သံတွဲမြို့အနီးတွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပေါ်ခဲ့သေးသည်။ ယခုတကြိမ် အကြမ်းဖက်မှုများ တွင် ပစ်မှတ်အထားခံရသူများမှာ ရိုဟင်ဂျာများ မဟုတ်ဘဲ နိုင်ငံသား အဖြစ် သတ်မှတ်ခြင်းခံထားရသော ကမန်တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်သည်။
ဗုဒ္ဓဘာသာ ဘုန်းကြီးများ ပညာသင်ကြားရေးကို ကူညီထောက်ပံ့ပေးနေသော ရန်ကုန် အခြေစိုက် ဗုဒ္ဓဘာသာ အဖွဲ့တခုမှ ခေါင်းဆောင် တဦးဖြစ်သော ဦးကြည်ထွေးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကာလ အတောအတွင်း ဘာသာရေး တင်းမာမှုများ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ကျနော် မှတ်ချက်များများ မပေးချင်ပါဘူး။ အခြေခံအားဖြင့်တော့ သဘောတူပါတယ်” ဟု နှစ်စဉ် ကိုရင်များ အတွက် စာမေးပွဲများ ကျင်းပပေးပြီး ဗုဒ္ဓဘာသာ စာပေပြန့်ပွားရေးကို ဆောင် ရွက်နေသော ရှင်သာမဏေ ဓမ္မဗိမ္မာန် သာသနာ့ဝန်ဆောင် အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးကြည်ထွေးက ပြောသည်။
“ဒါပေမယ့် ပြဿနာတွေရဲ့ အရင်းအမြစ်နဲ့ ပတ်သက်လို့တော့ နည်းနည်းပြောချင်ပါတယ်။ အရင်တုန်းက ဆိုရင် မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ လက်တွဲပြီး ငြိမ်းချမ်းစွာနဲ့ နှစ်ပေါင်း ရာနဲ့ချီပြီး အတူတကွ နေလာခဲ့ကြပါတယ်။ ပြဿနာက မွတ်ဆလင်တွေရဲ့ ခေတ်သစ် အဆုံးအမတွေနဲ့ လုပ်ရပ်တွေကြောင့်ပါ။ သူတို့က အရမ်းကို ရန်လိုလာကြပြီး ဗုဒ္ဓဘာသာဝင်တွေက သည်းမခံနိုင်တော့တဲ့ အခြေအနေကို ရောက်လာပါတယ်” ဟု သူက ဆိုသည်။
“အစိုးရ အနေနဲ့ အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ မူဝါဒတခု ခိုင်ခိုင်မာမာ ချမှတ်ဖို့ လိုအပ်ပါတယ်။ စီးပွားရေးကို ကောင်းမွန်လာအောင် ပြုပြင်ပေးဖို့လဲ လိုပါတယ်။ ဒုတိယ အရေးအကြီးဆုံးနဲ့ အမြန်ဆုံးလုပ်ဆောင်ရမှာကတော့ နယ်စပ်ကို လုံခြုံအောင် လုပ်ဖို့ပါပဲ။ တရားမ၀င် နိုင်ငံခြားသားတွေ ထပ်ပြီး ၀င်မလာနိုင်အောင် လုပ်ရပါမယ်” ဟုလည်း ဦးကြည်ထွေး ကပြောသည်။
ထိုအချိန်တွင် ရိုဟင်ဂျာအရေး လှုပ်ရှားသူများကမူ ဒေါ်အောင်ဆန်းစုကြည်၏ စကားနှင့် ပတ်သက်၍ “လုံးဝ အဓိပ္ပါယ်မရှိ” ဟု ဆိုသည်။
“နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က မြန်မာနိုင်ငံက မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို “ကြောက်ရွံ့မှု” ကြောင့် ဖြစ်ရတယ်လို့ ဖွင့်ဆိုသွားတာ လုံးဝ အဓိပ္ပါယ် မရှိပါဘူး။ ရိုဟင်ဂျာတွေနဲ့ မြန်မာမွတ်ဆလင်တွေပဲ သားကောင်ဖြစ်ရတဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှု ပဋိပက္ခတွေဟာ အမြဲတမ်း တဖက်သတ် ဖြစ်ခဲ့ပါတယ်” ဟု Arakan Rohingya Union ၏ ညွှန်ကြားရေးမှူးချုပ် ဝါကာအူဒင်က ယခင်အပတ်က ထုတ်ပြန်ကြေညာခဲ့သည်။
ရိုဟင်ဂျာအရေး ဆောင်ရွက်နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တခုဖြစ်သည့် Arakan Project မှ ဒါရိုက်တာ ခရစ်စ်လေးဝါးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပိုမိုတာဝန်ယူ ပြောကြားပေးရန် တောင်းဆိုသည်။ “တာဝန်ရှိမှုနဲ့ ပတ်သက်ပြီး အစိုးရ အပေါ်မှာ ပုံချဖို့က လွယ်ပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံတွေနဲ့ NLD အပါအ၀င် တာဝန်ရှိသူတွေ အားလုံးဟာ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ မွတ်ဆလင် မုန်းတီးရေး စိတ်ဓာတ်တွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက် အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်” ဟု သူကပြောသည်။
မြန်မာ မွတ်ဆလင် အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို လူမျိုးဖြုတ် သုတ်သင်ရေးဟု မသတ်မှတ်နိုင်ဟု ဆိုလျှင်ပင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူသောင်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းမှာ အလွန်ရှင်းလင်းစွာ သိနိုင်ကြောင်း ပြောသည်။ “မဖြေရှင်းရသေးတဲ့ ပြဿနာက ရှိနေတုန်းပါပဲ” ဟု သူကပြောသည်။ အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ လိုသည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို သဘောတူသည်ဟုလည်း သူက ဆက်ပြောသည်။
သို့သော်လည်း  စစ်အုပ်ချုပ်ရေးကာလအတွင်း တွင် ဗုဒ္ဓဘာသာဝင်များသည်လည်း ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သွားရောက်နေထိုင်ခဲ့ရသည်ဟု အတိုက်အခံခေါင်းဆောင်က တုန့်ပြန်ခဲ့သည့် အပေါ်တွင် စိတ်ပျက်မိသည်ဟုလည်း ဦးမျိုးဝင်းက ဆိုသည်။
“မွတ်ဆလင်တွေ ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်လို့ သူပြောမယ်လို့ ကျနော်က မျှော်လင့်ထားခဲ့တာ” ဟု သူက ပြောသည်။ “တကယ်လည်း မြန်မာ မွတ်ဆလင် အများအပြားဟာ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာလည်း အခြေတကျ ပေါင်းစည်းမိသားပါ။ ဒါက လက်ရှိကာလရဲ့ အခြေအနေလည်း ဖြစ်ပါတယ်”  ဟု ဦးမျိုးဝင်းက ပြောဆိုခဲ့သည်။

Monday, October 28, 2013

ဒေါ်အောင်ဆန်းစုကြည် ရောမမြို့မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ


အခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်း ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အခြေခံ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေ မေးမြန်းခဲ့ကြ ပါတယ်။ အကြမ်းဖက်မှု အမုန်းတရားတွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ ရှုတ်ချပေမယ့်လို့ အကြောက်တရား လွန်ကဲပြီးဖြစ်ကြတာကြောင့် လူတွေကိုတော့ သူ အပြစ် မပြောလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားပါတယ်။

“အကြမ်းဖက်မှုနဲ့ အမုန်းတရားမှန်သမျှကို ကျမ ပြစ်တင်ရှုတ်ချပါတယ်။ ဒီနေရာမှာ ကျမအနေနဲ့ ရှင်းရှင်း ပြောလိုတာက မြန်မာနိုင်ငံမှာ အခု ဖြစ်ပျက်နေတာတွေဟာ အကြောက်တရားကြောင့်မို့လို့ လူတွေကို ကျမ ပြစ်တင်ရှုတ်ချခြင်း မပြုလိုပါဘူး။ လူ့အဖွဲ့အစည်းတွေမှာ တဘက်နဲ့တဘက် ကြောက်နေကြတာဖြစ်ပြီး ဒီအကြောက်တရားကတဆင့် လူတိုင်းဟာ ပြစ်တင် ရှုတ်ချမှုအပေါ်မှာ ဝိုင်းအာရုံစိုက်နေကြမယ်ဆိုရင် ဒီအကြောက်တရားဟာ ပျောက်သွားမှာ မဟုတ်ပါဘူး။

"ကျမတို့ ဖန်တီးပေးရမယ့်အခြေအနေကတော့ လူတွေဟာ တစ်ဦးနဲ့တစ်ဦး စကားပြောကြရမယ်။ ကိုယ့်လုံခြုံရေးအတွက် ကိုယ် စိတ်ချရမယ့်အခြေအနေ ရှိကြရဖို့ ဖြစ်ပါတယ်။ လူတိုင်းက အမုန်းတရားပွားဖို့ ကြိုးစားနေကြမယ်၊ အကြောက်တရားကြောင့် ဝိုင်း ပြစ်တင် ရှုတ်ချကြမယ်ဆိုရင် ကျမတို့အားလုံး အတွက် အခြေအနေဟာ ဘယ်လိုမှ ကောင်းလာမှာမဟုတ်ပါဘူး။ ကျမအနေနဲ့ ဘယ်သူ့ကိုမှ ပြစ်တင်ရှုတ်ချခြင်း မပြုလိုပါဘူးလို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်လုပ်ရပ်အားလုံးကိုတော့ ပြစ်တင်ရှုတ်ချတယ်ဆိုတာ ကျမ ရှင်းရှင်းပဲ ပြောခဲ့ပါတယ်။

"မုန်းတီးမှု အားလုံးကို ကျမ ရှုတ်ချပါတယ်။ ကျမတို့နိုင်ငံအတွင်း နေထိုင်လျက် ရှိကြတဲ့ လူတွေ၊ လူမျိုးတွေကြား စိတ်ဝမ်းကွဲစေတဲ့ လုပ်ရပ်အားလုံးကိုလည်း ကျမ ပြစ်တင်ရှုတ်ချပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းကတော့ သတင်းစာရှင်းလင်းပွဲကို အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino နဲ့အတူ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

VOA
Photo Kyaw Swar Myint

အေးချမ်းမွန် Credit To >ခေတ်သတင်း https://www.facebook.com/excellencemedia

စီအိုင်ဒီမှ စစ်ဆေးပြီး ငွေစက္ကူအတုဟု တံဆိပ်ရိုက်နှိပ်ထားသည့် ကျပ် ၁၀၀၀ တန် ပြည်သူများလက်သို့ ပြန်လည်ရောက်ရှိ လာခြင်းအပေါ် ဗဟိုဘဏ်က စစ်ဆေးမှုများ ပြုလုပ်နေ


Tuesday, October 29, 2013

စီအိုင်ဒီ (မှုခင်းစုံစမ်းရေးဌာန) မှ စစ်ဆေးပြီး ငွေစက္ကူ အတုဟု တံဆိပ်ရိုက်နှိပ် ထားသည့် ကျပ် ၁၀၀၀ တန် ငွေစက္ကူမှာ ပြည်သူများ လှည့်လည် သုံးစွဲနေသည့် ငွေများအကြား ပြန်လည် ရောက်ရှိလာသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။

အောက်တိုဘာ ၃ ရက် ရက်စွဲဖြင့် ထုတ်ဝေခဲ့သည့် Daily Eleven သတင်းစာ၏ 'ပြည်သူတွေက ပေးတဲ့စာ' ကဏ္ဍတွင် မြောက်ဥက္ကလာပ မြို့နယ်နေ ကော်ဖီနှင့် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေါ်မေပပသွယ်မှ ကျပ် ၁၀၀၀ တန် ငွေစက္ကူအား စက်တင်ဘာ ၂၂ ရက်က ရရှိကြောင်း ပေးပို့ခဲ့သည့်အတွက် သက်သေဖြစ်သည့် ငွေစက္ကူ အတုနှင့်တကွ ဖော်ပြခဲ့သည်။

အဆိုပါ ငွေစက္ကူတွင် စစ်ဆေးရေး ဌာနတစ်ခု၏ တံဆိပ်တုံး၊ ငွေစက္ကူ အတုဟူသော တံဆိပ်တုံး၊ လက်ရေးမှတ်ချက်၊ နေ့စွဲများ ပါဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငွေစက္ကူအတုများ စစ်ဆေး တွေ့ရှိပါက စီအိုင်ဒီသို့ တင်ပြရပြီး စီအိုင်ဒီ၏ ငွေတုဖြစ်ကြောင်း မှတ်ချက်၊ တံဆိပ်တုံးများဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ပြန်လည် ပေးပို့ရကြောင်း သိရသည်။

ငွေစက္ကူအတုနဲ့ ပတ်သက်တဲ့ အမှုတော်တော်များများ လိုက်ဖူးပါတယ်။ လုပ်ငန်း သဘောအရဆိုရင် စီအိုင်ဒီလက်ထဲ ရောက်သွားရင် အရွက်အရေအတွက်၊ ပုံသဏ္ဌာန် စတဲ့ အသေးစိတ် အချက်အလက်တွေကို ရှာဖွေပုံစံနဲ့ သိမ်းတာပါ...

ထိုသို့ ငွေစက္ကအတု၏ စစ်ဆေးချက် အပြည့်အစုံဖြင့် ဖော်ပြထားသည့် ငွေစက္ကူ အတုမှာ ဖျက်ဆီးခြင်း၊ သိမ်းဆည်းခြင်း စသည့် အနေအထား တစ်ခုတွင် ရှိမနေဘဲ ပြည်သူများအကြား လှည့်လည်သုံးစွဲ နေမှုအပေါ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

''ဒါက ထူးခြားဖြစ်စဉ် ဖြစ်ပါတယ်။ ငွေစက္ကူ အတုပါ'' ဟု ဗိုလ်ဆွန်ပက်လမ်းရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ခွဲမှ လုပ်ငန်းအရာရှိ ဒေါ်ဖြူဖြူဆွေက အောက်တိုဘာ ၂၈ ရက်က အတည်ပြု ပြောကြားသည်။

''ငွေစက္ကူအတုနဲ့ ပတ်သက်တဲ့ အမှုတော်တော်များများ လိုက်ဖူးပါတယ်။ လုပ်ငန်း သဘောအရဆိုရင် စီအိုင်ဒီလက်ထဲ ရောက်သွားရင် အရွက်အရေအတွက်၊ ပုံသဏ္ဌာန် စတဲ့ အသေးစိတ် အချက်အလက်တွေကို ရှာဖွေပုံစံနဲ့ သိမ်းတာပါ။ ဒီလိုသိမ်းထား ပြီးပြီဆိုရင် ဓာတုဗေဒဌာနတို့၊ ဓာတ်ခွဲခန်းတို့၊ ဘိလစ်စာရေးတို့ လက်ထဲမှာပဲ ရှိနေပြီး မီးရှို့ဖျက်ဆီး ပစ်ခြင်းနဲ့ အဆုံးသတ်ပါတယ်။ ဒီလိုမျိုး လုပ်ရမယ့် ငွေတုတစ်ရွက်က ပြည်သူတွေကြားထဲ ပြန်ရောက်နေတယ် ဆိုတာက ဖြစ်လေ့ဖြစ်ထ မရှိသလို ဖြစ်သင့်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံက အခုဆို ပြသနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ကာလမှ ငွေစက္ကူ အတုပြဿနာ ထပ်ဖြစ်လာတာ ကတော့ စိုးရိမ်စရာ ကောင်းပါတယ်'' ဟု Purple Equity Law Firm မှ ဦးဖိုးဖြူက သုံးသပ်သည်။

ယခုလအတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ကျပ် ၁၀၀၀ တန် ငွေစက္ကူအတု ရွက်ရေ ၈၀၀၀ ကျော် ဖမ်းဆီးခဲ့မိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ အလားတူပင် စက်တင်ဘာလ အတွင်းကလည်း မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Eleven Media Group

နေမျိုးအေး ကာတွန်းများ


“တရားဥပဒေကို ကယ်ကြပါ” (၅-၃-၂၀၁၂)
“လာဘ်စားတဲ့သူ အရေးယူမယ်” (၂-၉-၂၀၁၁)
“ခုတော့ဖြင့်လေ ... ပြောင်းလဲခဲ့ပြီလေ ...” (၃-၃-၂၀၁၂)
“စစ်အသုံးစရိတ်” (၁၀-၃-၂၀၁၂)
“တကယ်ရူးနေတာ ကာလုံပါ” (၁၉-၃-၂၀၁၂)
“ကယ်ပါ တပ်မတော်ကြီး” (၁၈-၃-၂၀၁၂)
“ငြိမ်းချမ်းရေး” (၁၈-၃-၂၀၁၂)
“နင်တို့ ချပေး” (၁၁-၄-၂၀၁၂)
“ပြည်သူ့အစိုးရ ဆိုလို့ ...” (၈-၃-၂၀၁၂)
“အကြွေးလား ... ပိုင်ဆိုင်မှုလား” (၁၁-၂-၂၀၁၂)
“အတာရေနဲ့ ဆေးပါမယ်” (၁၃-၄-၂၀၁၂)
“သီးသန့်” (၁၇-၂-၂၀၁၂)
“ဆွမ်းဆန်ထဲက ကြွက်ချေးတွေ” (၁၇-၅-၂၀၁၂)
“အီလက်ရှင်သာ စကားပြောတတ်ခဲ့ရင် ...” (၃-၄-၂၀၁၂)
“ကြံ့ဖွတ်လူမိုက် ဒုစရိုက်” (၁-၃-၂၀၁၂)
“မပျောက် ... မပျက်” (၁၅-၃-၂၀၁၂)
“စစ်ပြေး ... မြစ်ပြေး” (၁၅-၉-၂၀၁၁)
“လျှပ်စစ်တွေ ပိုနေတယ်” (၂၃-၉-၂၀၁၁)
“ကြံ့ဖွတ်ခေါင်းဆောင် တူးနယ် ဗျောင်” (၂၀-၇-၂၀၁၂)
“ရေပိုင်နက်ကိစ္စ ဘင်္ဂလားဒေ့ရှ်ကို အရှုံးပေး ... နှလုံးအေးတာ ဒို့တပ်မတော်အစိုးရပါ” (၁၇-၃-၂၀၁၂)

အီတလီသမ္မတနှင့်တွေ့ဆုံမှုမှတ်တမ်း

ဒေါ်အောင်ဆန်းစုကြည်၏ Sandhurst တော်ဝင် စစ်တကဿကသိုလ်မိန့်ခွန်း

U Khin Nyunt relates how he had made headway toward peace with minority ...

Sunday, October 27, 2013

ပါပီမ


လူလည်ကြီး သန်းဝင်း.. တဲ့လား..လှဋ္ဌေး( ဖိုးကံကောင်း) ရယ် တကယ်တော့ တချိန်လုံး လူလည်ကျပြီး ဖြတ်စား ၊လတ်စား လုပ်လာခဲ့တာ မင်းပါကွာ.. မင်းရဲ့အကျင့်စရိုက်နှင့်လုပ်ရပ်ကို ငါ့ကိုအသုံးချလုပ်လိုက်တာကိုက မင်းရဲ့အကျင့်စရိုက်ဘဲလေ.. ငါနယ်စပ်ကိုရောက်တာ ဘုရားသုံးဆူဖက်ကရောက်တာပါ .ကိုမွန်းအောင်၊ထူးအိမ်သင် တို့ဘစောထွန်းတို့နဲ့အတူသွားတာပါ .ကော့သောင်ဖက်ကမဟုတ်သလို..မင်းတို့နဲ့လည်းအတူမဟုတ်ပါဘူး .တချိန်မှာ ရှင်းကြတာပေါ့ လှဋ္ဌေး ရယ်...။

မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း။

မန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လ ( ၂၇ ) ရက်။ သို့ မကဒတ အဖွဲ့ဝင်များအားလုံး။ အကြောင်းအရာ။ ။ မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားအား မကဒတ (မပ) လိုင်ဇာတွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက် ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်။ အချိန်။ ။ နံနက် ၀၈း၀၀ နာရီ။ နေရာ။ ။ မကဒတ (မပ) လိုင်ဇာ။ ချစ်ကြည်လေးစားစွာဖြင့် ရဲဘော် ဆန်နီ အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)

True democracy impossible without constitution change

13
Daw Aung San Suu Kyi, leader of the National League for Democracy, is a graduate of Oxford University in the United Kingdom. She is intelligent, well read – a bestselling author, no less – and well travelled.
Daw Aung San Suu Kyi attends the Forum 2000 Conference in Prague on September 17. Photo: AFPDaw Aung San Suu Kyi attends the Forum 2000 Conference in Prague on September 17. Photo: AFP
Since childhood she has been no stranger to the world of statesmen and world leaders. She is articulate and speaks French, Japanese and English, the latter as fluently as her Burmese, and her speeches, both in Myanmar or on the international stage in either Burmese or English, are impeccable. She can deal with local and foreign media clearly and concisely.

She is a woman of integrity who resolutely stood by the people of Myanmar when they needed her in their struggle for a better life, and she has doggedly maintained her principles in the face of psychological and physical attacks on her, her loved ones and her fellow citizens.

Very few people of such calibre have appeared in Myanmar. Yet, in drawing up the nation’s constitution – aside from assuring that power lies in the hands of the military for perpetuity – the junta which ruled over the past five decades prescribed thinly veiled clauses which, while falling just short of naming her specifically, are aimed at barring Daw Aung San Suu Kyi in particular from holding office as president.

The first excuse imposed was that, though she herself maintains her Myanmar citizenship, she was married to an Englishman.
Her husband, Michael Aris, was an Oxford don, a very highly respected man of intellect and a supportive partner in the sacrifices they both made for the sake of the Myanmar people. Unfortunately, Dr Aris passed away in 1999, long before his wife’s release from house arrest and election to the Myanmar parliament. When his sickness became known he was prevented by the military from visiting his wife. While they offered to allow her to visit him instead, both knew she would not be allowed back into Myanmar, and so refused.
It is widely stated that Dr Aris’s passing – tragic as it was – lifted a bar in his wife’s bid to be president. Yet the wording of the constitution itself does not actually stipulate that the prohibition no longer applies if the spouse dies.
In fact, the question is one of many on which the constitution is vague, meaning those holding the balance of power – namely, the military – will be the ones left making the final decisions.
Daw Suu aside, barring any presidential candidate from marriage to a foreigner is unjustified.
Looking around the world to see whether being married to a foreign partner has a detrimental effect on the holding of a high office, we see that it does not. Nor, as a quick survey shows, do voters seem to mind.
Rajiv Ghandi, prime minister of India 1984-89, was the grandson of Jawaharlal Nehru, India’s first prime minister who established parliamentary government in India. Rajiv’s mother, Indira Ghandi, is Jawaharlal Nehru’s daughter; she herself was Indian prime minister for three consecutive terms in 1966-77, then again 1984-89. Rajiv Ghandi married Edvige Antonia Albina Maino, better known as Sonia, whom he met while studying at the University of Cambridge. Sonia was an Italian, born in Lusiana, Italy. When Rajiv Ghandi later became the prime minister of India, the fact that he was married to an Italian was never an issue. After he was assassinated, Sonia became the current president and leader of the Indian Congress Party. She is believed to be the most powerful woman in India today.
Nicolas Sarkozy, president of France from 2007 to 2012, divorced his first wife Cecilia, who was French, and married Italian Carla Bruni, who was born in Turin, while in office.
The leader of the UK’s Liberal Democratic Party, Nick Clegg, is married to Miriam Durantez, who is Spanish. He currently serves as the country’s deputy prime minister.
Prince Philip of Great Britain, husband of Queen Elizabeth II, was first Prince Philip of Greece. Queen Elizabeth is not only queen of Great Britain but also head of state of members of the Commonwealth of Nations, with unrivalled popularity at home and abroad.
Prince Albert of Monaco married Charlene Woodstock of South Africa; his father and predecessor, Prince Rainier, married Grace Kelly of the United States.
In the examples above, the respective countries and principalities have not suffered due to a head of state or senior member of government marrying a foreigner; nor have the countries or principalities been undermined. Daw Suu’s enormous, decades-long popularity shows it does not hold her back here either.
There is another impediment restricting her from being eligible for the presidency: Her two sons hold British citizenship. It is important to point out, however, that this is not by choice. Both were Myanmar citizens until 1989, when the military junta stripped them of their status out of spite toward Daw Suu. The UK government granted them British status only to prevent them from becoming stateless. For the current government to continue to punish Daw Suu as a result of the junta’s past treatment of her family is absurd.
But the most wide-ranging clause written into the constitution that could be used to bar her – and for that matter, the vast majority of the people of the country – from holding the presidency is that candidates must be “well acquainted” with military affairs.
Without clear guidance on what this means, this could be used to disqualify candidates without a military background at will. This requirement, together with the retention of 25 percent of seats in parliament for serving military personnel, is a travesty of democracy. It is tantamount to trying to deceive not only the people of Myanmar but also the international community as a whole with a thinly veiled attempt to perpetuate military dictatorship.
In democracies elsewhere in the world, presidents, prime ministers and heads of state have been lawyers, doctors, professors, writers, businesspeople, trade unionists and so on – and, yes, even former military officers, if the people decide they are the best for the job.
The primary requirement for a presidential candidate must be that he or she is a citizen of the country. Beyond this, the people should decide based on the integrity, probity and loyalty of the candidate. In its present form, however, the constitution is a laughing stock among the family of nations.
The basic principle of democracy is that people vote to elect the best person for the job: the person with the right kind of political principles, convictions and calibre to represent them. Then, according to the constitution, the people’s elected representatives choose from among themselves the person best suited for the post of the president. Naturally, the political party which wins the greater proportion of the seats in parliament would propose its own leader. But if that party, in 2015, is not allowed to do this freely, the elections will have been for naught.
How we constitute the governance of the country will determine whether or not we achieve the kind of society we want. The constitution needs to be redrafted with the welfare of the country in mind, for now and for the future. It must be rewritten by the elected representatives of all ethnic groups of the country, free from the coercive influences of any one section of society. Until the people can choose their president freely, without limitations based on marriage, children with foreign citizenship, or military experience, this democracy can never be truly democratic.
Peter Soe-Wynn served as a paediatrician with the National Health Service in the UK from 1979 and is now retired. He is a supporter of democratic and social change in Myanmar.

၁။ အမေ့အသည်းမှပြောသောစကား

မွေးမေကျေးဇူးဆပ်ဖူးချင်တယ်

ရှိရင်းစွဲ ငြိမ်းချမ်းရေးကို ဆိတ်သုဉ်းမသွားစေလို


Sunday, October 27, 2013

ကချင်ပြည်နယ် မန်စီမြို့နယ်ထဲမှာ အောက်တိုဘာ ၂၂ ရက်နေ့က အစိုးရတပ်နဲ့ KIA တို့တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။ ငြိမ်ချမ်းရေးဆွေးနွေးထားတာ ပူပူနွေးနွေးပဲ ရှိသေးတယ်၊ ဘယ်လိုနားလည်မှုတွေ လွဲနေကြလို့ တိုက်ပွဲတွေ ပြန်ဖြစ်ရတာလဲ ဆိုတာ အဖြစ်အပျက်အမှန်ကို ရေးဖို့ပြောဖို့လိုအပ်ပါတယ်။ အဖြစ် မှန်ကို ထင်ယောင်ထင်မှားပြောပြီး သတင်းဌာန တစ်ချို့ရဲ့ အပြုသဘောမဆောင်တဲ့ ၀ါဒဖြန့်မှုတွေဟာ ရှိရင်းစွဲ ငြိမ်းချမ်းရေးကို ဆိတ်သုဉ်းသွားစေနိုင်ပါတယ်။

ဗန်းမော် - မန်စီ - ကိုက်ထိပ် - နမ့်ခမ်း လမ်းကိုပြန်လည် ဖွင့်လှစ်ဖို့ အစိုရအဖွဲ့နဲ့ KIO တို့ သဘောတူညီမှု ရခဲ့တာ အားလုံး အသိဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့စဉ်က လမ်းတံတားတွေကို အကြိမ်ကြိမ် မိုင်းခွဲဖျက် ဆီးခဲ့တဲ့ KIA ရဲ့လုပ်ရပ်ကြောင့် ပျက်စီးသွားတဲ့ ကားလမ်းကို ပါးစပ်ကနေ ဖွင့်မယ်ပြောရုံနဲ့ ကားတွေ ပြန်သွား လို့ရနိုင်တာ မဟုတ်ပါဘူး။ တစ်စစီပျက်စီးနေတဲ့ တံတားတွေကို ပြုပြင်မယ်။ လမ်းကြောင်းတလျှောက် ပြုပြင် စရာမှန်သမျှ ပြုပြင်ရမယ်။ ဒီတော့ ဘယ်သူတွေ လာပြင်မလဲ။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (ပဆင) အဖွဲ့တွေ လာပြင်ကြမယ်။
သူတို့တွေ အန္တရာယ်ကင်းကင်း လုပ်ကိုင် နိုင်ဖို့ အစိုးရတပ်က လုံခြုံရေး လိုက်ပေးရမယ်။ နယ်မြေဒေသအခြေအနေကိုလိုက်ပြီး အစိုးရတပ်က ၀င်ပါရ တာဖြစ်ပါတယ်။ ဒါပေမယ့် ကားလမ်းကြောင်းတလျှောက်မှာ KIA အဖွဲ့တွေ လှုပ်ရှားနေကြတယ်။ အစိုးရတပ် ကို အ၀င်မခံဘူး၊ အရပ်သား ဆောက်လုပ်ရေးအဖွဲ့တွေ လာရင်တော့ လက်ခံမယ်ဆိုပြီး လူမိုက်ဆန်ဆန် စကားတွေပြောလာတယ်။

အစိုးရတပ်ကလည်း နယ်မြေရှင်းလင်းရေးလုပ်ဖို့လာရင်း တရားမ၀င်သစ် တန် (၄၀၀) လောက်ဖမ်းမိတယ်၊ ဒါကို KIA ကမကျေနပ်လို့ စပြီး ပစ်ခတ်တာကနေ တိုက်ပွဲတွေ ဖြစ်တယ်၊ KIA က ကိုယ်လုပ်တာ သူများ မသိအောင် ကလေး ကလားအထာနဲ့ အစိုးရနဲ့ စစ်တပ်မကောင်းကြောင်း ရေးသားဖော်ပြနေတဲ့ သတင်းဌာန တွေကနေ တစ်ဆင့် ဦးအောင် ၀ါဒဖြန့်တယ်၊ အဲဒီသတင်းဌာနတွေကလည်း အဆမတန်ပိုပေးတဲ့ ငွေမျိုးမျိုး မြတ်မြတ်ရတော့ KIA ဘက်ကနေ တစ်ဖတ်သတ် လိုက်ရေးပေးတယ်၊ KIA နဲ့ အစိုးရတပ်ကို ရန်တိုက်ပေး တယ်၊ အမှန်ဖြစ်စဉ်ကို အမှန်အတိုင်း မရေးဘဲ လုပ်ကြံဇာတ်လမ်းထွင်ရေးသားလာကြတယ်။

အဓိက ကတော့ ကချင်ပြည်သူတွေ နစ်နာတာပဲ မဟုတ်ဘူးလား၊ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် ဒီကားလမ်းကြီးကို ပြန်ပြင်ဖို့ နောက်ကျမယ်၊ ပြင်ဖို့နောက်ကျရင် ဖွင့်ပေးဖို့ ဆိုင်းငံ့ထားရမယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ပြီး ခက်ခဲ သွားမယ်၊ ကောင်းကျိုးတစ်ခုမှ မရှိဘူး။

ဆိုလိုချင်တာက သတင်းဌာနတွေရဲ့ ရန်တိုက်ပေးမှုကြောင့် ရန်သူတွေလို အပြန်အလှန် အငြိုးထား တိုက်ခိုက် နေမယ်ဆိုရင် သံသရာရှည် နေဦး မှာပဲ၊ တည်ဆောက်ပြီးတဲ့ ငြိမ်းချမ်းရေးကို တည်တံ့ဖို့ နှစ်ဖက်ညှိနှိုင်းမှုတွေနဲ့ပဲ အဖြေ ရှာသင့်တယ်လို့ မြင်မိပါတယ်၊ ငြိမ်းချမ်းရေးဆိုတာ တစ်ကြိမ်ပျက်ရင် အကြိမ်တစ်ရာမက ဆွေးနွေးတာ တောင် အဆင်မချောဘူးဆိုတာ သတိပြုဆင်ခြင် စရာပါ။ ကချင်ပြည်နယ်ထဲက ဒေသခံပြည်သူတွေရဲ့ လူမှုဘ၀ရှင်သန် ရေးအတွက် မီဒီယာလက်နက်နဲ့ သွေးထိုးလှုံ့ဆော် ၀ါဒဖြန့်မှုတွေ လျှော့သင့်ပြီလို့ ပြောချင်ပါတယ်။ ကိုယ့်ကြောင့် ရှိရင်းစွဲ ငြိမ်းချမ်းရေး ဆိတ်သုဉ်းသွားခဲ့ရင် တိုင်းပြည်နဲ့ လူမျိုး အပေါ် သစ္စာဖောက်တဲ့ မျိုးမကောင်း သတင်းမီဒီယာအဖြစ် ပြည်သူအားလုံးရဲ့ ရွံ့ရှာစက်ဆုပ် လက်ညှိုးငေါက်ငေါက် ထိုးခြင်းကို ခံရပြီး မီဒီယာ လောက ကနေ အပြီးတိုင် စွန့်ခွာ သွားရပါလိမ့် မယ်ဆိုတဲ့အကြောင်း သတိပြုဆင်ခြင် နိုင်ဖို့ ရေးသား လိုက်ခြင်း ဖြစ်ပါတယ်။

မိုင်းလု ( မြစ်ကြီးနား)

မြန်မာ့လင်းရောင်ခြည်