Showing posts with label သုတဆောင်းပါး. Show all posts
Showing posts with label သုတဆောင်းပါး. Show all posts

Sunday, September 24, 2017

သူဠေးသားဘဝမှ သုည ---> သုည မှ Billionaire အဖြစ်သို့

သူဠေးသားဘဝမှ သုည ---> သုည မှ Billionaire အဖြစ်သို့ ( စ - ဆုံး )
Tao Kae Noi လုပ်ငန်းပိုင်ရှင်ရဲ့ ဘဝဇာတ်ကြောင်း
*တစ်စုတစ်စည်းထဲ ဖတ်လို့ရအောင် ပြန်တွဲပေးလိုက်ပါတယ်နော်*
ဒီ Tao Kae Noi ရေညှိလေးကို တော်တော်များများ သိကြမယ်ထင်ပါတယ်… လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ထင်တယ်… သူဠေးလေးရေညှိဆိုပြီး နာမည်ကြီးလာတာ… ရေညှိထုပ်လေးက အရသာမျိုးစုံပဲ… ကိုက်လိုက်ရင် ကြွပ်ကြွပ်ရွရွလေး… စားသာစားပြီး တစ်ခါမှ ရေညှိထုပ်အိတ်လေးပေါ်က အကျီ င်္ အနီဝတ်ထားတဲ့ အရုပ်လေးအကြောင်း တစ်ခါမှ စိတ်ဝင်တစားမရှိခဲ့ဘူး… အမှတ်မထင် စပ်စုမိရာမှ သိလာရတဲ့ ဒီရေညှိထုပ်လေးရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်ဖြစ်သူရဲ့ နောက်ကြောင်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ သိသလောက်လေး ပြန်မျှဝေလိုက်ပါတယ်နော်…
Tao Kae Noi ကို စတင်တည်ထောင်သူဟာ ထိုင်းနိုင်ငံသား Aitthipat Kulapongvanich ဖြစ်ပါတယ်။ ခင်မင်ရင်းနှီးသူတွေကတော့ အတိုကောက် Tob (တော့ဘ်) လို့ပဲ ခေါ်ကြတယ်။ အဖေက ကုမ္ဗဏီပိုင်ရှင်မို့ မတောင့်မတ မကြောင့်မကျနေရတဲ့ တော့ဘ် ကတော့ ငယ်ငယ်လေးကတည်းက အွန်လိုင်းဂိမ်းကစားတာ မက်တယ်။ ဂိမ်းထဲမှာ ရတဲ့အမှတ်တွေကို ပြန်ရောင်းရာကနေ ပိုက်ဆံကို စရှာတယ်။ (ကိုယ်တွေမြန်မာပြည်မှာ Level မြင့် TownHall အဆင့်မြှင့်ထားတဲ့ COC ဂိမ်းအကောင့်တွေကို ပြန်ရောင်းသလိုမျိုး/ Dota မှာ ပစ္စည်းတွေရောင်းသလိုမျိုး).. သူက အွန်လိုင်းဂိမ်းမှာ ဆရာတစ်ဆူ… ဂိမ်းထဲမှာ သူများမရနိုင်တဲ့ ရှားပါးပစ္စည်းတွေ လက်နက်တွေ ရတတ်တယ်… အဲဒီဟာတွေကို ပြန်ရောင်းခဲ့တယ်။ အွန်လိုင်းဂိမ်းကနေ ပိုက်ဆံရှာရာကနေ့ သိန်း ၁၆၀ လောက်ဝင်ငွေရှိခဲ့ပြီး ကိုယ်ပိုင်ကားတစ်စီးဝယ်နိုင်ခဲ့တယ်။ ဒါက တော့ဘ်အထက်တန်းကျောင်း တက်နေတုန်းအရွယ်လောက်ကပေါ့။ အချိန်ပြည့်ဂိမ်းကစားနေတဲ့အတွက် ကျောင်းစာကို မလိုက်နိုင်ဘူး။ အတန်းတွေပျက် စာတွေမလိုက်နိုင်လို့ အထက်တန်းမှာ ကျောင်းကနေ ထွက်ခဲ့ရတယ်။
တော့ဘ် ၁၇ နှစ်အရွယ် တော့ဘ်ရဲ့ဖခင်ကုမ္ဗဏီဟာ အကျဉ်းအကျပ်ဖြစ်လာခဲ့တယ်။ အခက်အခဲတွေ အရှုံးတွေများလာခဲ့တယ်။ တော့ဘ်စိတ်မကောင်းဖြစ်မှာစိုးတဲ့အတွက် တော့ဘ်ရဲ့မိဘတွေဟာ အိမ်ရဲ့စီးပွားရေးအခြေအနေကို တော့ဘ်ကို ပြောမပြဘဲဖုံးကွယ်ထားခဲ့တယ်။ တစ်ရက်မှာတော့ တော့ဘ်က သူရဲ့မိခင်ကို မုန့်ဖိုးတောင်းတယ်။ တော့ဘ်မိခင်ကတော့ သားအတွက် ပိုက်ဆံကို တစ်အိမ်လုံးအနှံ ချောင်ကြိုချောင်ကြားမှာ သိမ်းထားတဲ့ငွေစကြေးစလေးတွေ ရှာဖွေပြီးပေးခဲ့တယ်။ တော့ဘ်ကတော့ မိခင်ရဲ့ မျက်နှာအခြေအနေကိုကြည့်ပြီး အိမ်တွင်းမှာတစ်ခုခုဖြစ်နေပြီလို့ အနည်းငယ်တော့ ရိပ်မိသွားတယ်။ ခါတိုင်းဆို ပြောလိုက်တာနဲ့ အဆင်သင့်ထုတ်ပေးလေ့ရှိတဲ့ မိခင်က ဒီနေ့မှာ မျက်နှာညှိုးနေတာကို။
နောက်သိပ်မကြာခင်မှာပဲ အကြွေးတွေကတော့ နစ်သထက်နစ်လာခဲ့တယ်။ တော့ဘ်တို့မိသားစုနေတဲ့ အိမ်နဲ့ခြံကို ဘဏ်မှာ အပေါင်ထားရတယ်။ အိမ်ရဲ့ အခြေအနေကို သိလာတဲ့တော့ဘ်ကတော့ ပိုက်ဆံကို ရသလောက်ရှာရမယ်ဆိုပြီး အခွင့်အလမ်းတွေကို အလုပ်အကိုင်ပြပွဲတွေမှာ လိုက်ရှာခဲ့တယ်။ အဲဒီအချိန်မှာ တော့ဘ် အသက် ၁၈ နှစ်ပဲရှိပါသေးတယ်။ နောက်တော့ တော့ဘ်က ပြပွဲတစ်ခုမှာ သစ်အယ်သီးလှော်စက်ကို တွေ့ပြီး သူမြတ်မြတ်နိုးနိုး သိမ်းထားခဲ့တဲ့ ဂိမ်းပစ္စည်းတွေကို အကုန်ရောင်းထုတ်ပြီး စက်ကို ဝယ်ခဲ့တယ်။ ရန်ကုန်မှာ လက်ဖက်ပြောင်းဖူးသုပ်၊ သစ်ချသီးကို ကျောက်စရစ်ခဲနဲ့လှော်သမျိုးပဲ ဘန်ကောက်မှာ သစ်အယ်သီးလှော်ရောင်းတဲ့ဆိုင်လေးတွေကို ဈေးတော်တော်များများမှာ တွေ့နိုင်ပါတယ်။ တော့ဘ်ရဲ့အဖေကတော့ တော့ဘ်ကို သက်သက်မဲ့ အချိန်ဖြုန်း ငွေဖြုန်းတယ်လို့ပဲ ယူဆပြီး ကျောင်းပြီးအောင်သာ တက်ခိုင်းခဲ့ပါတယ်။ တော့ဘ်ကတော့ ဇွဲမလျှော့ဘူး။ Lecture လည်းမလိုက် ကျောင်းလည်းမသွား သစ်အယ်သီးနဲ့ ကြီးပွားဖို့ကြံတယ်။ သစ်အယ်သီးကတော့ အရသာကောင်းပေမဲ့ ထင်သလောက်မရောင်းရဘူး။
အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ကုမ္ဗဏီဟာ ဒေဝါလီခံလိုက်ရတဲ့အပြင် နေတဲ့အိမ်ကလည်း ဘဏ်ကို အတိုးမှန်မှန်မဆပ်နိုင်တဲ့အတွက် ချိတ်ပိတ်ခံလိုက်ရတယ်။ တော့ဘ်မိဘတွေကလည်း အကြွေးမဆပ်နိုင်တဲ့အတွက်ကြောင့် တရုတ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်။ မိဘတွေအကြိမ်ကြိမ် တရုတ်ပြည်ခေါ်တာကို ခေါင်းမာစွာ ငြင်းပယ်ခဲ့တယ်။ တော့ဘ်အမေဟာလည်း ဘယ်လိုမှ မတတ်နိုင်တော့တဲ့အတွက် ဦးလေးဖြစ်သူကို တော့ဘ်ကို စောင့်ရှောက်ပေးပါလို့ တောင်းဆိုရင်း တရုတ်ပြည်သို့ ထွက်ခွာသွားခဲ့တယ်။
တော့ဘ်စဉ်းစားလို့မရဘူး။ သူရောင်းတဲ့ သစ်အယ်သီးလှော်ဟာ စားကောင်းပေမဲ့ ဝယ်သူနည်းပြီး ဘာကြောင့်မရောင်းရလဲဆိုတာ။ တစ်ရက်မှာ သူဈေးသွားတယ်။ အခြားဈေးသည်တွေ ဘယ်လိုရောင်းလဲ ဘာကြောင့်ရောင်းကောင်းတာလဲဆိုတာ စနည်းနာဖို့… မှတ်စုထုတ်ဖို့ ဘောပင်နဲ့ စာအုပ်လေးလည်း လက်ထဲမှာကိုင်လို့ပေါ့။ တချို့ဈေးသည်တွေကတော့ ဝယ်သူတွေကို လာပါ ဝင်ကြည့်ပါနဲ့ ခေါ်တယ်။ တချို့ကတော့ လျှော့ဈေးဆိုပြီး ဝယ်သူတွေကို ဆွဲဆောင်တယ်။ တချို့ကလည်း အမြည်းကျွေးရင်း ဝယ်သူရှာကြတယ်။ တစ်ချက်ချင်းစီ သူ့ရဲ့မှတ်စုစာအုပ်လေးမှာ ချရေးတယ်။ ဈေးအိမ်သာနားအရောက်မှာ အလှူခံအဖွဲ့တစ်ခုကို သတိထားမိတယ်။ အိမ်သာတက်ပြီးထွက်လာတဲ့လူတွေက ပိုက်ဆံအကြွေတွေကို အလှူခံတဲ့ပုံးတွေထဲ လှမ်းထည့်တဲ့အခါ တွေးမိတာက ပရဟိတဆို လှူကြ ပိုက်ဆံထည့်ကြတယ်ပေါ့။ လမ်းဆက်လျှောက်ခဲ့တယ်။ မလှမ်းမကမ်းမှာ အလှူခံတဲ့ အဖွဲ့နောက်တစ်ဖွဲ့။ ဒါမဲ့ သူတို့အဖွဲ့ကတော့ အလှူငွေသိပ်မရဘူး။ ခေါင်းထဲ အတွေးတစ်ချက် လျှပ်စီးလက်သလို ဝင်လာတယ်။ မဟုတ်ဘူး… ပရဟိတမို့ လူတွေ ပိုလှူတာမဟုတ်ဘူး။ အဓိကက နေရာ… အချက်အခြာကျတဲ့နေရာဖြစ်ရမယ်။ လူသွားများတဲ့နေရာ တစ်နည်း လူတွေ ခလုတ်တိုက်မိတဲ့နေရာ ဖြစ်ရမယ်။ ဈေးအိမ်သာက တစ်ခါတက်ရင် ၃ ဘတ် ပေးရတယ်။ အိမ်သာကအထွက် ပြန်အမ်းတဲ့အကြွေတွေကို များသောအားဖြင့် အိမ်သာအပေါက်ဝက အလှူခံပုံးထဲကို ထည့်လှူလိုက်ကြတာများတယ်။ သူ့ရဲ့ သစ်အယ်သီးဆိုင်လေးရှိရာ Supermarket က အုပ်ချုပ်ရေးမှူးဆီ သွားတယ်။ သူ့ရဲ့ ချောင်ကျတဲ့ဆိုင်လေးကို နေရာပြောင်းပေးဖို့တောင်းဆိုတယ်။ Supermarket က လည်း တော့ဘ်တောင်းတဲ့နေရာမှာ နေရာလွတ်ရှိတဲ့အတွက် နေရာငှားပေးလိုက်တယ်။
တော့ဘ်ရဲ့ဆိုင်လေးကလည်း အချိန်တိုအတွင်း ရောင်းကောင်းလာခဲ့တာပေါ့။ ဒါပေမဲ့ ဒီလောက်နဲ့ မရောင့်ရဲပါဘူး။ သူရဲ့ ရည်မှန်းချက်က မြို့အနှံ သစ်အယ်သီးဆိုင်ခွဲလေးတွေဖွင့်ဖို့။ ဆိုင်ခွဲများများဖွင့်လေလေ ငွေရပိုများလေလို့ တော့ဘ်ယုံကြည်တယ်။ ဒါကြောင့် တစ်ဆိုင်ကနေ နှစ်ဆိုင်ဖွင့်တယ်။ လူငှားနဲ့ထားတယ်။ တဖြည်းဖြည်းနဲ့ ဆိုင်ခွဲတွေ ဆယ်ဂဏန်းကျော်အထိများလာတယ်။ တော့ဘ်က franchise လည်း ပေးပါသေးတယ်။ တော့ဘ်ရဲ့ အသက် ၁၉ နှစ်ပေါ့။
တစ်ရက် တော့ဘ် ရေညှိချပ်လေးတွေထုပ်ထားတဲ့မုန့်လေးတစ်ခုကို စားမိတယ်။ အဲ့ရေညှိထုပ်က သူငယ်ချင်းတစ်ယောက် တောမြို့လေးကို သွားရင်း လက်ဆောင်ဝယ်လာတဲ့မုန့်လေးတစ်ခု… ဘန်ကောက်မြို့ပေါ်မှာ မရောင်းဘူး။ စားလို့ကောင်းတယ်… ဒါပေမဲ့ စားချင်ရင် နယ်ကို တကူးတကသွားဝယ်စားမှ ရနိုင်တယ်။ သူစဉ်းစားတယ်… သစ်အယ်သီးလှော်လုပ်ငန်းက အဆင်တော့ပြေတယ်။ သို့ပေမဲ့ သစ်အယ်သီးက ရောင်းတဲ့သူလည်း များတယ်။ အမြတ်လည်း များများစားစားမရဘူး။ သစ်အယ်သီးလှော်တစ်ခုထဲရောင်းနေလို့ ကြီးပွားမှာ မဟုတ်လောက်ဘူးဆိုပြီး ရေညှိတွဲရောင်းဖို့ စစဉ်းစားတယ်။ ဒါမဲ့ စဉ်းစားသာစဉ်းစားတာ ရေညှိအကြောင်း နားလည်တာ မဟုတ်ဘူးရယ်… ဘယ်လောက်အပူချိန်မှာ ဘယ်လိုကြော်ရမလဲဆိုတာပေါ့။ တော့ဘ် ရေညှိအရွက်ကြမ်းကို ပုံးလိုက်ဝယ်တယ်။ ကြော်ကြည့်တယ်။ ဆရာမပြ နည်းမကျဆိုသလို ရေညှိပုံးကြီး တစ်ပုံးသာကုန်သွားတယ်။ လိုချင်တဲ့ရေညှိကြော်အနေအထားကို မရဘူး။ တူးသွားလိုက် ခါးသွားလိုက်နဲ့ပေါ့။ ရေညှိတွေလည်း တစ်ပုံးပြီးတစ်ပုံးကုန်ခဲ့တယ်။ နောက်ဆုံး ရေညှိဝယ်စရာပိုက်ဆံမရှိတော့လို့ တော့ဘ် ဂိမ်းကစားတုန်းက ဝယ်ခဲ့တဲ့ကားကို ရောင်းပြီး ရေညှိပုံးတွေထပ်ဝယ်တယ်။ အဲဒီအချိန်မှာ သူ့နားမှာ ရှိနေပြီး သူ့ကို အားပေးခဲ့တာကတော့ တော့ဘ်ရဲ့ဦးလေးပါပဲ။ အနားမှာရှိနေပေးပြီး သူနဲ့အတူ ရေညှိတွေလိုက်ကြော်လို့ လက်မှာလည်း ဆီပူမိထားတာလည်း မနည်းပါဘူး။ နောက်ဆုံးတော့ ရေညှိကို ကြွ့ပ်ကြွပ်ရွရွလေးဖြစ်အောင်ကြော်တဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ပါတယ်။ တော့ဘ်တစ်ယောက် သူ့ရဲ့ရေညှိထုပ်တွေကို Shopping Mall တွေမှာ စတင်ရောင်းချခဲ့ပါတယ်။ ရေညှိက စားကောင်းတဲ့အတွက် ဝယ်တဲ့သူတွေကလည်း ကြိတ်ကြိတ်တိုးပေါ့။
တစ်နေ့ သူ့ရဲ့အဖေကို ဖုန်းဆက်တယ်။ သူရဲ့လုပ်ငန်းအဆင်ပြေနေတယ်။ အကြွေးတွေဆပ်ပြီး သူတို့ မိသားစု တစ်နေ့အတူတူ ပြန်နေနိုင်တော့မယ်ပေါ့။ သူ့အဖေပြန်ပြောတာက “မဖြစ်နိုင်ပါဘူး သားရယ်… တရုတ်ပြည်ကိုသာ လာပြီး ကျောင်းဆက်တက်ပါ… အဖေတို့နဲ့ အတူလာနေပါ” တဲ့… တော့ဘ်က အကြွေးက ဘယ်လောက်မို့လဲလို့ သူ့အဖေကို ပြန်မေးလိုက်တဲ့အခါမှာ သူ့အဖေပြန်ပြောလိုက်တာကတော့ ဘတ်သန်း ၄၀ တဲ့။ (မြန်မာငွေနဲ့ဆို သိန်းပေါင်း ၁၆,၀၀၀ နီးပါးရှိပါတယ်။ ) မဖြစ်နိုင်တဲ့ အရာတစ်ခုကို ရယူဖို့ကြိုးစားမိနေတာများလားလို့ စိတ်ဓာတ်ကျသွားခဲ့တယ်…
တော့ဘ်စိတ်ဓာတ်တွေလုံးဝကျသွားခဲ့တယ်။ တရုတ်ပြည်သွားဖို့ ပြင်ဆင်တယ်။ ဒီတစ်နှစ်တော့ ပြီးအောင်ဖြေမယ်ဆိုပြီး အတန်းတွေ ပြန်တက်တယ်။ အဲ့နေ့ညဘက်မှာ သူငယ်ချင်းတစ်ယောက်ကူးပေးထားတဲ့ lecture recording လေးတစ်ခုကို နားကြပ်နဲ့နားထောင်ရင်း 7-Eleven စတိုးဆိုင်လေးမှာ ညဘက်အဆာပြေစားမို့ မုန့်ထွက်ဝယ်တယ်။ Lecture က စီးပွားရေးအကြောင်း… Marketing Mix ကို ရှင်းပြနေတာ။ Marketing Mix ဆိုတာ အလွယ်ပြောရရင်တော့ ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်မှာ ဘယ်လိုထိုးဖောက်ရမလဲ စဉ်းစားတတ်အောင်လုပ်ပေးတာပေါ့။ ခုချိန်မှာတော့ 7Ps တွေ 8Ps တွေ သီအိုရီအသစ်တွေထွက်နေပြီဖြစ်ပေမဲ့ အဲ့အချိန်တုန်းကတော့ Product, Price, Promotion နဲ့ Place ဆိုပြီး 4Ps ရှိတယ်ပေါ့နော်။ Product ကတော့ ရှင်းပါတယ်… ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်ထဲထည့်ဖို့ ရောင်းစရာပစ္စည်း Product ရှိရမယ်ပေါ့။ Price ဈေးသတ်မှတ်မယ်… ဈေးဝယ်သူတွေကို ပရိုမိုးရှင်းလျှော့ဈေးအစီအစဉ်တွေလုပ်ပြီး ဆွဲဆောင်မယ်။ Place ကတော့ ကိုယ့်ရဲ့ ထုတ်ကုန်ကို စားသုံးသူတွေဆီအရောက်ပို့တာပေါ့။ ကိုယ့်ပစ္စည်းကို စိတ်ဝင်စားပြီး ဝယ်ယူဖို့အလားအလာရှိတဲ့ နေရာတွေမှာ ထုတ်ကုန်ကို ထားရှိရမယ်ပေါ့။ Lecturer က Place အကြောင်း ရှင်းပြနေစဉ်မှာပဲ တော့ဘ်က သူ့ရေညှိကို 7-Eleven မှာ တင်ရောင်းဖို့ အတွေးပေါက်မိတယ်။ သူ့ထုတ်ကုန်ရှိရာ စားသုံးသူမလာနိုင်ရင် ဝယ်သူရှိရာကို သူ့ပစ္စည်းအရောက်ပို့မယ်။ 7-Eleven ဆိုင်က ဒီမှာဆို ABC နဲ့ Grab & Go စတိုးဆိုင်လေးတွေလိုပဲ။ မုန့်တွေ၊ နေ့စဉ်သုံးပစ္စည်းလေးတွေ တိုတိုထွာထွာရောင်းတယ်။ ထိုင်းနိုင်ငံအနှံ လမ်းထောင့်တိုင်းမှာ 7-Eleven ရှိတယ်။
သူရဲ့ ရေညှိတွေ နေရာအနှံမှာရှိတဲ့ စားသုံးသူတွေဆီကို ရောက်ရမယ်လို့ စိတ်ပိုင်းဖြတ်ပြီး 7-Eleven ရုံးချုပ်ကို သူ့ရဲ့ထုတ်ကုန် ရေညှိထုတ်ကို ယူသွားတယ်။ ဒါပေမဲ့ 7-Eleven က တာဝန်ရှိသူအမျိုးသမီးကနေ တော့ဘ်ရဲ့ရေညှိထုပ်ကို မြင်မြင်ချင်း 7-Eleven ရဲ့ စံနှုန်းနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ရောင်းချခွင့်မပေးနိုင်ပါဘူးတဲ့။ တော့ဘ်က လက်မလျှော့ဘဲ သူ့ရေညှိကို စားကြည့်ပါ။ အရသာကို ကြိုက်သွားမှာပါဆိုပေမယ့် အမျိုးသမီးကတော့ မလိုအပ်ပါဘူးဟုသာ ငြင်းပယ်လိုက်တယ်။ ခဲလေသမျှ သဲရေကျသလိုဖြစ်သွားတဲ့ တော့ဘ်ကတော့ ရုံးခန်းကအထွက်မှာ ဘာကြောင့် သူ့ရဲ့ရေညှိကို တင်ခွင့်မရနိုင်တာလဲကို မေးလိုက်တဲ့အခါ အမျိုးသမီးက အချက်သုံးချက်နဲ့ပြန်ရှင်းပြခဲ့တယ်။ ပထမအချက်ကတော့ 7-Eleven ဆိုတာ နေ့စဉ်အိမ်သုံးပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်၊ အဆာပြေမုန့်လေးတွေကို လွယ်လွယ်ကူကူဝယ်လို့ရနိုင်အောင် ဖွင့်ထားပေးခြင်း ဖြစ်တယ်။ တော့ဘ်ရဲ့ အထုပ်က အကြီးကြီးဖြစ်တဲ့အတွက် စင်ပေါ်မှာ နေရာယူလွန်းတယ်။ ဒုတိယတစ်ချက်က ရေညှိထုပ်က ကြီးတဲ့အတွက် တစ်ခါစားစာထက်များသလို ဈေးကလည်းကြီးတယ်။ 7-Eleven မှာ ဝယ်တဲ့ ဈေးဝယ်သူအများစုက ဈေးသက်သက်သာသာဝယ်ယူချင်တဲ့ တစ်ကိုယ်ရေတစ်ကာယသမားတွေများတယ်။ တတိယအချက်က ထုတ်ပိုးပုံ… တော့ပ်ရဲ့ ရေညှိထုပ်အိတ်ခွံဒီဇိုင်းက ရိုးစင်းလွန်းတယ်။ ပလတ်စတစ်အကြည်ပဲ သုံးထားတဲ့အတွက် ဈေးဝယ်သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။
အကြောင်းအရင်းကို သိသွားတဲ့ တော့ဘ်ကတော့ ရေညှိထုပ်တွေကို အိတ်လှလှလေးနဲ့ ထုတ်နိုင်ဖို့ ပြင်ဆင်ပါတော့တယ်။ ရေညှိတွေကိုလည်း အထုပ်ကြီး မထုတ်တော့ဘဲ တစ်ခါစားစာပဲ ထည့်တော့တယ်။ စားသုံးသူတွေအတွက် အမြင်လည်းလှ ဈေးသက်သာတဲ့ Tao Kae Noi ရေညှိထုပ်အသစ်လေးတွေ ရောက်ရှိလာပါပြီ။ ရေညှိထုပ်အတွက် အိတ်လှလှလေးဆိုတော့ နာမည်လှလှလေး၊ logo လှလှလေးပေးဖို့လည်း လိုလာပြီဖြစ်တဲ့အတွက် တော့ဘ်ကတော့ သူ့ရဲ့လုပ်ငန်းနာမည်ကို Tao Kae Noi လို့ပေးလိုက်ပါတယ်။
Tao Kae Noi နာမည်ပေးဖြစ်တာကလည်း အကြောင်းရှိတယ်။ တော့ဘ်သစ်အယ်သီး စရောင်းခဲ့တဲ့နေ့ရက်များထဲက တစ်ရက်… အိမ်အပြန်မှာ တော့ဘ်အဖေက သူ့သူငယ်ချင်းတစ်ယောက်ကို တစ်နေ့မှာ တော့ဘ်ဟာ Tao Kae ဖြစ်မှာလို့ နောက်ပြောင်တဲ့သဘောပြောလိုက်တာကို တော့ဘ်တစ်ယောက် အမှတ်မထင်ကြားမိတယ်။ Tao Kae /ထောင်ကဲ/ ဆိုတာ တရုတ်ဘာသာစကားကနေဆင်းသက်လာတဲ့ စကားလုံး… အဓိပ္ပာယ်ကတော့ သူဠေးတဲ့။ Noi /နွိုင်/ ဆိုတာကတော့ ထိုင်းလို သေးသေးလေးလို့ အဓိပ္ပာယ်ရပါတယ်။ Tao Kae Noi ဆိုတော့ သူဠေးလေးပေါ့။
တော့ဘ်သူ့ရဲ့ ထုပ်ပိုးမှုအသစ်နဲ့ ရေညှိထုပ်လေးရရခြင်း 7-Eleven ကို ပြန်သွားတယ်။ ဒါမဲ့ ဒီတစ်ခေါက်မှာတော့ တာဝန်ရှိသူအမျိုးသမီးက အလုပ်မအားလို့ဟု အကြောင်းပြကာ တော့ဘ်ကို ထွက်မတွေ့။ ဇွဲမလျှော့တဲ့ တော့ဘ်ကတော့ အားတဲ့အထိစောင့်မယ်လို့ ပြောပြီး ရုံးခန်းအရှေ့မှာ ထိုင်စောင့်နေခဲ့တယ်။ သုံးလေးနာရီသာကြာသွားတယ်။ တော့ဘ်ကို ဘယ်သူမှထွက်မတွေ့သလို အရေးတယူတောင်မရှိ။ တော့ဘ်စိတ်ပျက်စွာ ပြန်လှည့်ခဲ့တယ်။ နမူနာအဖြစ် ယူလာတဲ့ ရေညှိထုပ်တွေကို လည်း 7-Eleven ရုံးချုပ်ရဲ့ ဓာတ်လှေကားမှာ ထားပစ်ခဲ့တယ်။ ရုံးချုပ်အခန်းက နေ့လည်စာစားပြီး ပြန်ဝင်လာတဲ့ ဝန်ထမ်းတွေ ဓာတ်လှေကားထဲမှာ ထုပ်ပိုးမှုလှလှလေးနဲ့ရေညှိထုပ်တွေကိုတွေ့တော့ တစ်ယောက်တစ်ထုပ်ယူမြည်းကျရင်း နောက်ဆုံး တာဝန်ရှိသူအမျိုးသမီးကတွေ့သွားပြီး တော့ဘ်ကို ခေါ်တွေ့ခဲ့တယ်။
ရုံးခန်းမှာ အမျိုးသမီးက တော့ဘ်ရဲ့ ရေညှိထုပ်ကို စိတ်ဝင်စားတာမို့ စက်ရုံကို လိုက်လေ့လာမည်။ 7-Eleven စံနှုန်းနှင့် ကိုက်ညီမှသာ စင်ပေါ်ရောင်းချခွင့်ပြုနိုင်မယ်တဲ့။ သို့ပေမဲ့ တော့ဘ်မှာ စက်ရုံဝေးစွ… ခုရေညှိထုပ်တွေကိုတောင် သူတစ်လှည့် သူ့ဦးလေးတစ်လှည့် တစ်ပိုင်တစ်နိုင်ကြော်ရုံသာ တတ်နိုင်သည်။ တော့ဘ်တစ်ယောက် သူဖြစ်ချင်တဲ့ အသေးစားစက်ရုံဖွင့်ဖို့ ငွေလိုသည်။ လိုသောငွေကို ဘဏ်ကနေ ချေးမည်ဟုဆုံးဖြတ်သည်။ ထိုအချိန်တော့ဘ်ရဲ့ သစ်အယ်သီးဆိုင်ခွဲများသည် တစ်လကို သိန်း ၄၀၀ အထိ လည်ပတ်ငွေရှိသည်။ သို့သော် ၁၉ နှစ်အရွယ် အထက်တန်းမအောင်သောလူငယ်လေးတစ်ဦးကို မည်သည့်ဘဏ်ကမှ ငွေထုတ်မချေးရဲကြ။ ကြံမရတဲ့အဆုံး တော့ဘ်တစ်ယောက် သစ်အယ်သီးဆိုင်ခွဲများအားလုံးနှင့် လုပ်ပိုင်ခွင့်လိုင်စင်အား ထုတ်ရောင်းပြီး ရေညှိစက်ရုံလေးတစ်ရုံထောင်ရန် အတွက် နေရာငှားသည်။ ဝန်ထမ်းခေါ်သည်။ 7-Eleven မှာ တာဝန်ရှိသူ အမျိုးသမီးအား စက်ရုံကို လာရောက်လေ့လာရန်ဖိတ်ခေါ်သည်။ တော့ဘ်တစ်ယောက် 7-Eleven မှ တစ်ဆင့် တစ်နိုင်ငံလုံးကို ရေညှိဖြန့်နိုင်လေပြီ။
7-Eleven နှင့် ချိတ်ဆက်ပြီး နှစ်နှစ်အကြာတွင် သူ့အဖေ၏အကြွေးများအားလုံး အကြေဆပ်နိုင်ခဲ့သည်။ ထိုအချိန်တွင် တော့ဘ် အသက် ၂၂ လောက်သာ ရှိသေးသည်။ အခုဆိုလျှင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများတွင်လည်း တော့ဘ်ရဲ့ ရေညှိကို အရသာမျိုးစုံဖြင့် တွေ့မြင်နိုင်ပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင်သာမက ကမ္ဘာမှာလည်း ကိုယ်ထူးကိုယ်ချွန် အငယ်ဆုံး Billionaire တစ်ဦးအဖြစ် တော့ဘ်က စာရင်းဝင်ထားသည်။ အချိန်တိုတိုဖြင့် အောင်မြင်မှုရသူ၊ စွန့်ဦးတီထွင်သူတစ်ဦးအဖြစ်လည်း ကျော်ကြားသည်။ ယခုနှစ် ၂၀၁၇ တွင် တော့ဘ် အသက် ၃၃နှစ် ရှိပြီဖြစ်သည်။
“Do not give up whatever happens, if we give up then we are finished for sure.” (Aitthipat Kulapongvanich)
#MelC (မယ်စီ)

Saturday, September 23, 2017

၁၉၉၃ နေရပ်ပြန်ပို့ရေး အတွက် ၁၉၉၂ သဘောတူညီချက် ၇ (ဃ)

"State Counsellor said all refugees can return based on 1993 'principles'; the 28.4.92 Bangladesh/Myanmar MOU included this on verification:
(Thant Myint-U)
ဒုက္ခသည် အားလုံးကို ၁၉၉၃ နည်းလမ်းအတိုင်း ပြန်ခေါ်ပါမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားပါတယ် ။ ၂၈-၄-၁၉၉၂ မြန်မာ- ဘင်္ဂလားဒေ့ရှ့် MOU မှာ ၎င်းစိစစ်ရေးအချက်များပါဝင်ပါတယ် ။ "
( သန့်မြင့်ဦး)

၁၉၉၃ နေရပ်ပြန်ပို့ရေး အတွက် ၁၉၉၂ သဘောတူညီချက် ၇ (ဃ) ကို ဘာသာပြန်ပေးထားပါတယ်။
===========================================
၇ (ဃ) ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရသည် ပူးပေါင်းဆောင်ရွက်ခြင်း စိတ်နှလုံးထားဖြင့် ဘင်္ဂလားဒေ့ရှ်တွင် အမိုးအကာယူ ခိုလှုံနေသူများ နှင့် ဘင်္ဂလားဒေ့ရှ်သို့ အဝင်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပေးသော ဒုက္ခသည် မှတ်ပုံတင်ကဒ်များဖြင့် ရောက်ရှိနေမှုကို မှတ်တမ်းတင် ထားပြီးသူများ၊ ထိုမှ တပါး အခြားသော မြန်မာနိုင်ငံတွင် နေထိုင်မှု အထောက်အထား ရရှိနိုင်သမျှ စာရင်းဝင်သူများ အားလုံးကို စိစစ်ပြီးနောက် လက်ခံရန် သဘောတူပါသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးအပ်သော စာရင်းများမှ စိစစ်တွေ့ရှိမှု အခြေခံအပေါ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် ထိုမှ တပါး အခြားသော နိုင်ငံသားသက်သေခံကဒ်၊ အမျိုးသားမှတ်ပုံတင်ကဒ် ကိုင်ဆောင်ထားသူများ၊ သက်ဆိုင်ရာ မြန်မာ အာဏာပိုင်များက ထုတ်ပေးသော အခြား စာရွက်စာတမ်းများ တင်ပြနိုင်သူများ၊ မြန်မာနိုင်ငံတွင် နေထိုင်ရာ သက်သေအထောက်အထား လိပ်စာသို့မဟုတ် အခြားသက်ဆိုင်ရာ စသည်ကို ဖြည့်စည်းပေးနိုင်သူများ အားလုံးကို အသုတ်လိုက် နေရပ် ပြန်ပို့ရန် သဘောတူပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံတွင် နေထိုင်မှုဆိုင်ရာ စစ်မှန်သော အထောက်အထား တည်ရှိနေသမျှ ကာလပတ်လုံး ယင်းပုဂ္ဂိုလ်များ၏ အရေအတွက်အပေါ် ကန့်သတ်ချက် မရှိကြောင်း သဘောတူပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးအပ်သော ၎င်းစာရင်းများနှင့် မြန်မာ အာဏာပိုင်များက စိစစ်ပြီး ပုဂ္ဂိုလ်များသည် နီးစပ်စွာ တိုက်ဆိုင်သည်ဟု ထပ်မံ၍ သေချာစွာ အတည်ပြုပါသည်။
Translated by People's Democracy
------------------------------------------------------
အကြောင်းအရာ။ ။ မြန်မာနိုင်ငံဆိုင်ရာ ပြန်ပို့ရေး နားလည်မှု စာချွန်လွှာ
[အောက်ပါတို့ကို ၁၉၉၃ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့သည်။]
ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကြား နားလည်မှု စာချွန်လွှာကို ၁၉၉၃ နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်အောင်က အစိုးရကိုယ်စား နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးပြီး အာရှနှင့် သမုဒ္ဒရာဒေသများ ဆိုင်ရာဗျူရို ဒါရိုက်တာ မစ္စတာ ဒဗလျူ ဘလတ္တာက ကုလသမဂ္ဂ မဟာမင်းကြီးရုံး၏ ကိုယ်စား လက်မှတ်ရေးထိုးသည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းသည် ဘင်္ဂလားဒေ့ရှ်မှ မိမိ ဆန္ဒအလျောက် နေရပ် ပြန်ပို့ရေး အစီအစဉ်၏ မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ ယခုနှစ် ဇူလိုင်လအတွင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး မစ္စတာ ဆဒါကို အိုဂတာ မြန်မာနိုင်ငံ ခရီးစဉ်မှ သဘောတူညီချက်၏ ရလဒ် ဖြစ်ပါသည်။

နားလည်မှုစာချွန်လွှာတွင် ရခိုင်ပြည်နယ်အတွက် UNHCR ၏ ရှေ့မှောက်ရှိ လုပ်ငန်းပုံစံများနှင့် အစီအစဉ်များ သတ်မှတ်သည်။ ပြန်လာသူများကို ဝင်ရောက်ခွင့်ပေးခြင်း၊ သင့်လျော်သော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ စာရွက်များ ထုတ်ပေးခြင်း၊ အခြားသော နိုင်ငံသားများကဲသို့ ခရီးသွားလာမှုဆိုင်ရာ လွတ်လပ်ခွင့်ကို တူညီစွာ ခံစားခွင့် ပေးခြင်းကို UNHCR ကို ပေးအပ်သည်။
ဆန္ဒအလျောက် နေရပ်ပြန်ပို့ရေး အစီအစဉ်တွင် အောက်ပါအစိတ်အပိုင်းများ ပါရှိသည်။
၁။ ရွေ့ပြောင်းကာလအတွင်း အရေအတွက် များပြားသော ပြန်လာသူများကို လက်ခံရေး အဆင်ပြေ ချောမွေ့စေရန် လိုအပ်သော အခြေခံ အဆောက်အဦများကို နေရာချထားမည်။
၂။ မူလနေထိုင်ရာ ကျေးရွာတွင် ကနဦး အကူအညီများ ပေးအပ်မည် ။ ပြန်လာသူများသည် အိမ်သုံးကုန်နှင့် ဆောက် လုပ်ရေးပစ္စည်းများ (ဝါး) ကဲ့သို့သော ကယ်ဆယ်ရေးဝတ္ထုများ အပြင် WFP မှ ထောက်ပံ့သော နှစ်လစာ စားနပ်ရိက္ခာကိုလည်း ရရှိမည်။
၃။ ပြန်လည်ပေါင်းစည်းရေး အဆင့်တွင် စီးပွားရေးနှင့် လူမှုရေး တည်ငြိမ်မှုကို မြှင့်တင်ရန်နှင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ သန့်ရှင်းရေးနှင့် ပညာရေး အသိုင်းအဝိုင်း စီမံကိန်းများကို သက်ဆိုင်ရာ နည်းပညာပိုင်း ဌာနများနှင့်အတူ အကောင်အထည်ဖော်မည်။ ကယ်ဆယ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးသို့ အစဉ်အဆက် သေချာစေရန်နှင့် အကူအညီများ ရောထပ်ခြင်းကို ရှောင်ရှားရန်အလို့ငှါ UNDP၊ UNICEF၊ WHO ကဲ့သို့သော အခြားကုလသမဂ္ဂအေဂျင်စီများနှင့်အတူ အနီးကပ် ညှိနှိုင်းဆောင်ရွက်မည်။
ဤ အရေးကြီးသော ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ဆန္ဒအလျောက် နေရပ် ပြန်ပို့ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် UNHCR က ရှေ့လာမည့် သီတင်းပတ်ထဲမှာ နိုင်ငံတကာအသိုက်အဝန်းမှ ဘဏ္ဍာရေးထောက်ပံ့မှုကို ရှာပေးမည်။
Translated by People''s Democracy
------------------------------------------------------
http://www.burmalibrary.org/reg.burma/…/199401/msg00058.html
Subject: BURMA: memorandum on repatriation
/* Written 4:12 pm Nov 11, 1993 by wrts@xxxxxxxxxxx in igc:reg.seasia */
/* ---------- "BURMA: memorandum on repatriation" ---------- */
[the following was issued by the Information Section of the UNHCR on 5 November 1993.]
A Memorandum of Understanding between the Government of the Union of Myanmar and UNHCR was signed on 5 November 1993, in Yangon. The Director General of the Department of Immigration and Manpower, U Maung Aung singed the MOU on behalf of the Government and Mr. W. Blatter, Director, Regional Bureau for Asia and Oceania, UNHCR, Geneva, on behalf of the United Nations High Commissioner for Refugees. The signing of the MOU marks a milestone in the voluntary repatriation programme from Bangladesh. It is the result of an agreement reached during the visit to Myanmar of Mrs. Sadako Ogata, the United Nations High Commissioner for Refugees, in July of this year.
The MOU stipulates the modalities of UNHCR's presence and programmes in the Rakhine State. It states, interalia, that UNHCR will be given access to all returnees; that the returnees will be issued with the appropriate identification apers and that the returnees will enjoy the same freedom of movement as all other nationals.
The voluntary repatriation programme has the following components:
1. The movement phase, during which the necessary infrastructure will be put into place to facilitate the reception of a larger number of returnees.
2. Initial assistance in the villages of origin. In addition in relief items such as household goods and construction materials (bamboo), the returnees will also receive food assistance for two months, provided by WFP.
3. The Reintegration phase: to enhance the economic and social stability of the returnees, community level projects in the fields of agriculture, health, water and sanitation and education will be implemented with the respective technical departments which will also benefit the surrounding population. Close coordination will be maintained with UNDP and other UN agencies such as UNICEF and WHO; this is in order to avoid any overlapping and to assure the continuum from relief to development.
UNHCR will in the coming weeks seek the financial support of the International Community to implement this important voluntary repatriation programme from Bangladesh to Myanmar.

Friday, September 1, 2017

ကြောက်မက်ဖွယ်ရာ စိတ်ချောက်ခြားခြင်း mass hysteria ရောဂါ အကြောင်း

" သရဲမိစ္ဆာကြီး လိုက်လာတယ်... ပြေးကြ..ပြေးကြ...."
များမကြာသေးခင်ကာလက ပီရူးနိုင်ငံမှ ကျောင်းသား ကျောင်းသူတို့ တယောက်ပြီးတယောက် ဆက်တိုက် လဲကျသွားကြသည်။သူတို့သည် ဝက်ရူးပြန်သကဲ့သို့ ပါးစပ်မှ အမြှုပ်များထွက်လာကြသည်။ကျောင်းတခုလုံးတွင် ကြောက်လန့်တကြား ပြေးကြလွှားကြ အော်ကြဟစ်ကြသော အသံတို့ဖြင့်ကမ္ဘာပျက်နေတော့သည်။
*********************
ပီရူးနိုင်ငံ (Peru) မြောက်ပိုင်းရှိ တာရာပိုတို (Tarapoto) ဟူသော ဒေသရှိ အယ်ဆာ ဖယ်ရက်ဆာ ဖလိုးရက်စ် (Elsa Perea Flores School)ဟု အမည်ရှိသည့် ကျောင်းတွင် ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။
မကြာသေးခင်ကဖြစ်သည်။
*********************
၂၀၁၆ မေလ ၁၈ ရက်နေ့
ဆရာမက စာသင်နေစဉ် ကျောင်းသူ တယောက် သည် ရုတ်တရက် ကြောက်လန့်စွာအော်ဟစ်၍ တက်သွားတော့သည်။
ထိုနေ့တွင် ကျောင်းသူ ကျောင်းသားတယောက်ပြီးတယောက် ၎င်းနည်းတူ ဆက်တိုက်ဖြစ်လေတော့သည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ အထိန်းအကွပ်မဲ့စွာဖြင့် ကြောက်လန့် အော်ဟစ်၍ ပြေးလွှားကြတော့သည်။
"သရဲ မိစ္ဆာကြီး လိုက်လာတယ်... ပြေးကြ..ပြေးကြ...."
ထိုဖြစ်ရပ်တို့သည် ၂၀၁၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ကထဲက တစ်ယောက်စ နှစ်ယောက်စ စတင်ဖြစ်ပွားခဲ့ပြီး မေ ၁၈ ရက်တွင်မူ အစုလိုက် အပြုံလိုက်ဖြစ်ကုန်ကြသည်။ထိုနေ့အထိ ဝက်ရူးပြန်၍ လဲကျသူ ကျောင်းသားများ ၈၀ ကျော်ပြီဖြစ်သည်။
*********************
ကျောင်းသား ကျောင်းသူတို့သည်...
* အသက် ၁၁-၁၄ ကျောင်းသား ကျောင်းသူများဖြစ်ကြသည်။
* ပထမတွင် ကျောင်းသားတို့ အော်ဟစ်ကြသည်။
* ကြွက်တက်သလို တကိုယ်လုံးရှိ ကြွက်သားများရုန်းကန်နေသည်။
* လဲကျသွားကြသည်။
* ပါးစပ်မှအမြှုပ်များထွက်လာသည်။
* ဆေးရုံတက်၍ ဆေးကုသမှုခံယူပြီးကျောင်းသား အများစုက မိမိဘာဖြစ်ခဲ့သည်ကို အမှတ်မရကြပါ။တချို့ကတော့ မှတ်မိသည်ဟုပြောသည်။
ထိုအထဲမှ အမည်မဖေါ်ပြလိုသော ကျောင်းသူ တဦးက သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို သည်လို ပြောပြလေသည်။
"ကျွန်မတို့ ဂိမ်းတခုဆော့ကြတယ်။ သရဲခေါ်တဲ့ ဂိမ်းပါ.. ဒါကြောင့် သရဲတွေ လာနေတာပါ.."
ကျောင်းသားတချို့ကလည်း ဒါကို ထောက်ခံကြသည်။ သူတို့ သရဲခေါ်သည့် ကစားနည်းကို အားလပ်ချိန်တွင် ကစားကြရာမှ ထိုအဖြစ်ဆိုးများကြုံတွေ့ရသည်ဟုဆိုကြသည်။
သူတို့ပြောသောအချက်တွင် တူညီသောအချက်မှာ
" အင်္ကျီအမည်းဝတ်ထားတဲ့ အရပ်ရှည်ရှည် မုတ်ဆိတ်မွှေးတွေနဲ့လူကို တွေ့ရပါတယ်။ သူက ကျွန်မတို့ အနောက်ကလိုက်ပြီး လည်ပင်းညှစ်ပါတယ်"
" ကျွန်မတို့နောက်ကို လိုက်နေတဲ့ မကောင်းဆိုးဝါးတွေရဲ့ ခြေသံတွေကြားနေရတယ်....။"
*********************
ဆရာဝန်ကြီးကတော့ (Doctor Antony Choy) ပီရူးနိုင်ငံ TV တွင်
"ကျွန်တော်တို့ ဒီဆန်းကြယ်တဲ့ အဖြစ်အပျက်ကို နားမလည်နိုင်အောင်ပါပဲဗျာ..." ဟုပြောကြားခဲ့သည်။
ဒေသခံလူများကတော့ သည်လိုပြောကြသည်။
"အဲဒီနေရာဟာ ကျောင်းမဆောက်ခင် မာဖီးယားတို့ရဲ့ သင်္ချိုင်းကုန်းကြီးပါ...။ သရဲတစ္ဆေတွေဟာ သူတို့နေရာမှာမနေအောင် မောင်းထုတ်တာဖြစ်မယ်...။ ဒါမှ မဟုတ် သူတို့ လိုချင်တာဖြစ်ဖြစ် မကျေမနပ်တာဖြစ်ဖြစ် တခုခုရှိနေမယ်။ "
*********************
ပီရူးနိုင်ငံရှိ သရဲခေါ်နိုင်သူများဟု နာမည်ကြီးသူများရှိသည်။ သူတို့သည် သေဆုံးသွားသော ချစ်သူ သားသမီး မိဘများကို ခေါ်ပေးကာ သက်ရှိ ကျန်ရစ်သူတို့နှင့် ဆက်သွယ်ပေးနိုင်သည်ဟု ဆိုသည်။
ထိုသူတို့၏ တမလွန်ဘဝ၌ ရှိသူတို့ကို ခေါ်ယူသည့် စကားအပြောအဆို အမူအယာလုပ်ဆောင်ချက် များအား အတုယူ၍ ကျောင်းသားတို့သည် သရဲခေါ်သည့်ဂိမ်းကို ပျော်စေပျက်စေ စတင်တီထွင်ခဲ့ကြသည်။
ထိုအဖြစ်အပျက်တို့ ဖြစ်စဉ်ကာလက သရဲခေါ်သည့် ဂိမ်းသည် ကျောင်းသား ကျောင်းသူတို့လောကတွင် ခေတ်စားနေခဲ့သည်။
သူတို့သည် ထိုဂိမ်းကစားရာမှ ခေါ်မိသော သရဲ မိစ္ဆာကြီးအား ပြန်မပို့မိ၍ ဤကဲ့သို့ ဖြစ်သည်ဟုယူဆသူများရှိနေသည်။
မည်သို့ပင်ဆိုစေ ယခုအခါ ထိုဂိမ်းကို မကစားရန် ပီးရူးနိုင်ငံမှ ပိတ်ပင်တားဆီးထားပါသည်။
ထိုအမှုသည် ယခုအထိ ဘာကြောင့် ဘယ်လို အငြင်းပွားနေဆဲ....။ ကျွမ်းကျင်နားလည်သူများပါ တိကျသောအဖြေကို ဘယ်သူမှ မပေးနိုင်သေးပေ။
************************
သိပ္ပံပညာရှင်တို့ကတော့ ထိုကျောင်းသား ကျောင်းသူတို့သည် "အစုလိုက် အပြုံလိုက် စိတ်ချောက်ချားခြင်း" (Mass hysteria) ဆိုသောရောဂါကြောင့် ထိုသို့ဖြစ်ရသည်ဟုပြောကြလေသည်။
၎င်းသည် အတူတူနေထိုင်သော လူတစု၊မိသားစု၊ စာသင်ကျောင်း၊ ရပ်ကွက်၊ တိုင်းပြည် စသော အဖွဲ့အစည်းတစ်ခုတွင် ဖြစ်တတ်သောကြောင့် "အုပ်စုလိုက် စိတ်ချောက်ချားခြင်း" (Group hysteria) ဟုလည်းခေါ်ပါသည်။
********************
🌟"စိတ်ဖိစီးမှုကြောင့် အစုလိုက် အပြုံလိုက် စိတ်ချောက်ချားခြင်း(Mass hysteria)ထင်ရှားသော ဖြစ်ရပ်မှန်များ"🌟
၅ ရာစုနှင့် ၁၅ ရာစုအကြား
ပြင်သစ်နိုင်ငံ ကြောင်သီလရှင်များ -Cat nuns (France, Middle Ages)
စိတ်ဖိစီးမှုများနေသော ပြင်သစ်နိုင်ငံရှိ သီလရှင်တယောက်သည် တနေ့သ၌ ကြောင်လို အကျယ်ကြီးအော်လိုက်သည်။
နောက်တနေ့တွင် သီလရှင်တချို့သည် သူမနှင့်အတူရုတ်တရက် ကြောင်ကဲ့သို့ တပြိုင်နက်အော်လိုက်ကြသည်။ ထိုနေ့မှစ၍ ထို ကြောင် သီလရှင်အုပ်စုသည် တဖြည်းဖြည်းနှင့် ကြီးလာခဲ့တော့သည်။ ထိုသူတို့သည် ပထမနေ့၌ ပထမဆုံးအော်သည့် သီလရှင်၏ အော်သည့်အချိန်ကျရောက်လျှင် အားလုံးတပြိုင်နက် ကြောင်လို အော်ကြတော့သည်။
အစ ပထမတွင် သူတို့ ကြောင်လိုအော်ချိန်မှာ တိုတောင်းသော်လည်း ကြာလာသည်နှင့်အမျှ ကြောင်လိုအော်သည့် အချိန်သည် ကြာရှည်လာသည်။ တယောက်နှင့်တယောက် ကြောင်များကဲ့သို့ ကုတ်ဆွဲကြ ကိုက်ကြသည်အထိ ဖြစ်လာသည်။ နောက်ဆုံးတွင် ရဲများ စစ်သားများက ဝင်ရောက်၍ ကြာပွတ်နှင့်ရိုက်ရသည်အထိ ထိန်းသိမ်းရသည့် အဆင့်အထိဖြစ်ခဲ့သည်။
********************
၁၅ ရာစု သီလရှင်များ အချင်းချင်း ကိုက်ဖြတ်ခြင်း ကပ်ဆိုးကြီး (ဂျာမနီ)
(The 15th Century plague of nun-biting )
စိတ်ဖိစီးမှုများနေသော ဂျာမနီနိုင်ငံရှိ သီလရှင်တပါးသည် သူမရှိသောနေရာကို ဝင်လာသော သီလရှင်အချို့အား ကိုက်ပစ်လိုက်သည်။ မကြာခင်၌ပင် အကိုက်ခံရသော သီလရှင် အချင်းချင်း တယောက်နှင့်တယောက် ပြန်ကိုက်ကြလေသည်။
"ဒီဖြစ်ရပ်ဟာသွေးရိုးသားရိုးမဟုတ်ဘူး။ မာရ်နတ်က ဖန်တီးလိုက်တာ..."
သီလရှင်များအချင်းချင်း တိုးတိုး တိတ်တိတ်ပြောကုန်ကြသည်။ ပြောသူများအချင်းချင်းလည်း ထပ်၍ ကိုက်ကြပြန်သည်။
ထိုကဲ့သို့တယောက်နှင့်တယောက် ကိုက်သော အုပ်စုသည် အလွန်ကြီးမားလာကာ ဟော်လန်၊ အီတလီတို့အထိ ပြန့်နှံ့ သွားလေသည်။
********************
၁၅၁၈ ခုနှစ်
ပြင်သစ်နိုင်ငံ (Strasbourg) အက ကပ်ဆိုးကြီး (Dancing Plague of 1518)
၁၅၁၈ ဂျူလိုင်လတွင် စိတ်အလွန်ညစ်လာသော ထရိုဖီအာ(Mrs. Troffea) ဆိုသော ပြင်သစ် အမျိုးသမီးကြီးသည် စိတ်ပါလက်ပါဖြင့် လမ်းမပေါ်ထွက်၍ ကပစ်လိုက်သည်။
တပတ်ကြာသောအခါ လူ ၃၄ ယောက်သည် ထိုမိန်းမကြီးနှင့်အတူ လမ်းမပေါ်ထွက်ကနေကြတော့သည်။ ထိုအကသည် စိတ်ဝေဒနာရှင်များကနေသကဲ့သို့ ပရမ်းပတာနိုင်လှသည်။
တလအတွင်း ကနေကြသူများ ၄၀၀ အထိဖြစ်လာသည်။ ထိုအုပ်စုတွင်ကလေး၊ လူကြီး၊ ယောက်ျားပါဝင်၍ မိန်းမများ အများဆုံးပါဝင်သည်။
ထိုရူးသွပ်သောအကအဖွဲ့သည် ထောင်နှင့် သောင်းနှင့်ချီကာ ဥရောပတခုလုံးပြန့်နှံ့သွားတော့သည်။
တစ်ရက်...တစ်ပတ်....တစ်လ....နှစ်လ...။
ထိုအကကို ကသူတို့သည် ကလွန်းသဖြင့် နံရိုးများကျိုးကုန်ကြသည်။ ပင်ပန်းလွန်း၍ သတိမေ့လဲကျကြလေသည်။
အချို့လူတို့သည် ပင်ပန်း၍ အသက်ထွက်ကုန်ကြသည်။ အချို့လည်းလေဖြတ်ကုန်ကြသည်။ တချို့လူများသည် ကနေစဉ်အတွင်း နှလုံးရောဂါ ရ၍လဲကျသေဆုံးလေသည်။ တနေ့လျှင် ပျမ်းမျှ ၁၅ ယောက်သေဆုံးသည်။
ထိုအကအဖွဲ့ကိုနှိမ်နင်းနိုင်ခဲ့သော်လည်း ၁၅၃၆ခုနှစ်၊၁၅၅၁ခုနှစ်၊ .....၁၇ရာစုအထိ ဥရောပတိုက် ဟိုနေရာ ဒီနေရာတို့တွင် ဆက်တိုက် ပေါ်ပေါက်နေခဲ့သည်။
အစိုးရမှ တာဝန်ယူနှိမ်နင်းခဲ့လေရာ ၁၇ရာစု အလယ်လောက်တွင် ပပျောက်သွားသည်။
ထို Dancing Plague of 1518 သည် ဥရောပတွင် အလွန်နာမည်ကြီးထင်ရှားခဲ့သော ကပ်ဆိုးကြီးတခုဖြစ်သည်။
*********************
ကျွန်မတို့သည် လူ့အသိုင်းအဝိုင်းနှင့် သဟဇာတမဖြစ်သောအခါ စိတ်ဖိစီးမှုများဖြစ်လာကြသည်။ ထိုစိတ်ဖိစီးမှုများကို နည်းမှန်လမ်းမှန် မဖောက်ထုတ်နိုင်သောအခါ စိတ်ရောဂါအဖြစ် ပြောင်းလဲကုန်တော့သည်။
ဘဝတွင် မည်သို့မှ လက်မခံနိုင်ဖွယ်မရှိသော စိတ်ညစ်ညူးဖွယ်ကိစ္စတခုခုနှင့်ကြုံလာလျှင် ပုံမှန်စိတ်အခြေအနေရှိသူပင်လျှင် စိတ်ဖိစီးမှုခံစားရကာ ဒုက္ခရောက်သွားလေ့ရှိသည်။စိတ်ပျော့သောသူများ ပို၍လွယ်ကူစွာ ဒုက္ခရောက်ကြသည်။
ထိုကဲ့သို့ စိတ်ညစ်စရာများကို ဆင့်ကာထပ်ကာ ခံစားရပြီဆိုလျှင်တော့ မပဋာမြေလူး အရူးမီးဝိုင်းသကဲ့သို့ဖြစ်လာတော့သည်။ ထိုအခါ စိတ်ထွက်ပေါက်ကိုရှာကြရင်းမှ အထက်ပါ ဖြစ်ရပ်များ ဖြစ်လာကြသည်။
*********************
အချို့ဖြစ်စဉ်များတွင် လူတို့သည် အုပ်စုလိုက် အင်္ကျီချွတ်၍ တန်းစီလမ်းလျှောက်ကြသည်။
အချို့အုပ်စုကတော့ တိရိစ္ဆာန်များလို ခုန်လိုက်ပေါက်လိုက်ဖြင့် ပြေးလွားကြတော့သည်။
အချို့ကျောင်းများတွင်လည်း ကျောင်းသူများ တကိုယ်လုံးတုန်တက်၍ သရဲစီးသည်ဟူသောဖြစ်ရပ်များ ပီရူးကျောင်းသားများကဲ့သို့ ကမ္ဘာအရပ်ရပ်တွင်ရှိနေသည်။
မလေးရှားနိုင်ငံ၌တွင်မူ ‪၁၉၇၀-၁၉၈၀‬ ခုနှစ်များတွင် အများဆုံး ဖြစ်ပွားခဲ့ကြသည်။
ကျွန်မတို့ မြန်မာနိုင်ငံရှိကျောင်းတချို့တွင်လည်း သရဲစီးသည်ဟု ပြောကြသော ဖြစ်ရပ်များ များစွာ ရှိခဲ့သည်။
********************
🌟"ကောလဟာလ၊ အကြောက်တရားနှင့် ဒေါသကြောင့် အစုလိုက် အပြုံလိုက် စိတ်ချောက်ချားခြင်း(Mass hysteria) ထင်ရှားသော ဖြစ်ရပ်မှန်များ"🌟
၁၆၈၈ ဒီဇင်ဘာ
အိုင်ယာလန်နိုင်ငံသားတို့ ရန်ပွဲ
(Irish Fright of 1688)
၁၆၈၈ ခုနှစ် ဒီဇင်ဘာလတွင် အိုင်ယာလန်စစ်သားများသည် သူတို့၏ ဂျိမ်းစ်ဘုရင်အတွက် အင်္ဂလိပ်တို့ကို လက်စားချေကြတော့မည်...။အင်္ဂလိပ်မြို့များကို မီးနှင့်တိုက်တော့မည်ဟု ကောလဟာလ သတင်းများပေါ်ထွက်လာသည်။ အင်္ဂလန်တနိုင်ငံလုံး အလွန်ကြောက်ကုန်ကြသည်။
ပြည်သူတို့သည် ထိုကြောက်စိတ်ကို ကာကွယ်ရန်ကြိုးစားကြရာမှ ဒေါသစိတ်သို့ ပြောင်းလဲလာကြသည်။ ထိုဒေါသတို့သည် ကူးစက်ရောဂါကဲ့သို ပြန့်နှံ့ သွားတော့သည်။
ထိုအခါ အင်္ဂလန်နိုင်ငံသားတို့သည် အိုင်ယာလန်စစ်သားများ၏ ရန်ကိုကာကွယ်ရန် မတိုင်ပင်ထားကြပဲ တအိမ်တယောက်ထွက်လာကြသည်။ မကြာမီ လန်ဒန်မြို့ အပါအဝင် အင်္ဂလိပ်တို့ ပိုင်နယ်မြေ ၁၉ ခု မှ ပြည်သူတို့စုမိသွားကြပြီး အင်အားကြီးသော အုပ်စုကြီးဖြစ်သွားသည်။
ထိုအင်္ဂလိပ်အုပ်စုသည် ဘာမှအပြစ်မရှိသော အိုင်ယာလန်စစ်သားများအား မီးရှို့၍ အစုလိုက်အပြုံလိုက်သတ်ပစ်လိုက်ကြသည်။
*********************
၁၆၉၂-၉၃
အမေရိကန် ဆလန်မ်ဆိုသောရွာမှ စုန်းမများအား အမှုစီရင်ခြင်း-Salem Witch Trials (1692–1693)
အသက် ၉ နှစ်အရွယ်ရှိ အယ်လီဇဘက် ပဲရီစ် (Elizabeth Parris) သည် ဝက်ရူးပြန်သကဲ့သို့ တက်သွားပြီးသတိလစ်သွားခဲ့သည်။ ထိုနောက် သူမ ဆွေမျိုးနီးစပ်မှ နှစ်ယောက်သည် သူမနည်းတူ တက်သွားသည်။ များမကြာမီ အန်ပုတနမ် (Ann Putnam) ဆိုသော မိန်းကလေးက ၎င်းပုံစံအတိုင်း ထပ်ဖြစ်သည်။
ထိုကလေးငယ်တို့အား အောက်ရုံး တရားသူကြီးတို့က မေးမြန်းရာ ကလေးငယ်တို့က မိန်းမကြီး ၃ ယောက် (Sarah Osborne, Tituba and Sarah Good) အောက်လမ်းပညာဖြင့် စုန်းကဝေအတတ် သင်ယူလေ့ကျင့်၍ သူတို့အား ပြုစားခြင်းကြောင့် သူတို့ သည်လိုဖြစ်ရသည်ဟု ဖြေကြားသည်။
ထိုအထဲမှ Tituba ဆိုသည့်မိန်းမကြီးတယောက်သာလျှင် သူမ စုန်းကဝေပညာလေ့လာလိုက်စားခဲ့သည်ဟု ဝန်ခံခဲ့သည်။
သို့သော် ထိုမိန်းမကြီး ၃ ယောက်လုံး ထောင်ချခံရသည်။
ထိုအဖြစ်အပျက်ကြောင့် ဆလန်မ်ရွာသူတို့ သည် စုန်းကဝေတို့၏ အောက်လမ်းပညာဖြင့် ပြုစားတတ်သည်ဟူ၍ ကောလဟာလသည် တမဟုတ်ချင်းပျံ့သွားတော့သည်။
တဖြည်းဖြည်းနှင့် အောက်လမ်းပညာရှင် စုန်းကဝေပညာရှင်ဟု စွပ်စွဲခံရသူ ၂၀၀ ကျော်လာသည်။ သူတို့အားလုံး ထောင်ချခံရလေသည်။ ထို့အပြင် လူပေါင်း ၂၀ ယောက်ကိုသေဒဏ်ချ ကွပ်မျက်ခဲ့သည်။ ကလေးငယ် ၂ ဦးလည်းပါဝင်သည်။
၁၆၉၃ ခုနှစ်တွင် ထိုအမှုသည် တရားသူကြီးများနှင့် ရွာသူရွာသားတို့၏ အကြောက်တရားကြောင့် ဖြစ်ပေါ်ခဲ့သော အမှားဖြစ်ပါသည်ဟု ဝန်ခံ နောင်တရခဲ့ကြလေသည်။
၁၆၉၄ ခုနှစ်တွင် စုန်းကဝေဖမ်းဆီးထောင်ချသူများအား လွှတ်ပေးပြီး ထိုကပ်ဆိုးကြီး ရပ်ဆိုင်းခဲ့သည်။
*********************
အထက်ဖေါ်ပြပါ အဖြစ်အပျက်တို့ကိုကြည့်လျှင် "အစုလိုက် အပြုံလိုက် စိတ်ချောက်ချားခြင်း"ရောဂါကြောင့် အပြစ်မဲ့သော လူပေါင်းများစွာက အခြားအပြစ်မဲ့သောလူပေါင်းများစွာအား သတ်ပစ်လိုက်ကြသည်ကို တွေ့ရပါသည်။ အနည်းဆုံးတော့ အစုလိုက်အပြုံလိုက် ဒုက္ခရောက်ကြသည်။
ခေတ်အဆက်ဆက်မှ ၎င်းအဖြစ်အပျက်အားလုံး၏ ပြဿနာ အရင်းအမြစ်ကို များစွာသော စိတ်ပညာရှင်တို့ လေ့လာခဲ့ကြသည်။ သူတို့၏ အဖြေသည် တခုတည်းဖြစ်ပါသည်။
"ကြောက်စိတ် ဖြစ်ပါသည်"
၎င်း ကြောက်စိတ်သည် ဗိုင်းရပ်စ်ပိုးကဲ့သို့ အလျှင်အမြန်ပျံ့နှံ့လွယ်ပြီး ကူးစက်အားကောင်းလေသည်။ ကောလဟာလအင်အားကြီးမားလာသောအခါ တကယ့်အခြေအနေအလား ထင်ယောင်ထင်မှားဖြစ်လာကာ ပြဿနာအမှောင်ထဲသို့ ကျရောက်တော့သည်။
ထိုရောဂါ၏ ရလဒ်သည် အန္တရာယ်ကပ်ဆိုး များ၊ ပျက်စီးခြင်း၊ သေဆုံးခြင်းတို့သာလျှင်ဖြစ်သည်။
ထိုသူတို့သည် ထိုဖြစ်စဉ်အတွင်းရောက်နေစဉ် အသိတရားလွတ်နေကြသည်။ အခြားလူကောင်းများက တားမြစ်၍လည်းမရသည့်အပြင် တားသည့်သူများပါ ရောဂါကူးစက်ကုန်လေသည်...။
သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြပေ။ ရပ်တန့်ရန် အလွန်ခက်ခဲလှ၍ သေဆုံးသည်အထိဖြစ်ကြခြင်းဖြစ်သည်ဟူ၍ လေ့လာသုံးသပ်ကြလေသည်။
*********************
🌟ပြည်သူလူထုအား "အစုလိုက် အပြုံလိုက် စိတ်ချောက်ချားခြင်း" ကို ရိုက်သွင်းသည့် နိုငံရေးလှည့်ကွက်များ (The Politics of Hysteria/ Manufacturing Hysteria ) 🌟
အချို့ဖြစ်စဉ်များတွင်မူ နိုင်ငံရေးလှည့်ကွက်များအတွက် ရိုးသားသော ပြည်သူများအားအသုံးချခြင်းဖြစ်ပါသည်။ နိုင်ငံရေးသမားတို့သည် မိမိတို့ အာဏာဆုံးရှုံးမှာ စိုးရိမ်သည့်အခါ...သို့မဟုတ် ပြည် သူလူထုအား စိတ်ပြောင်းစေချင်သောအခါ ကောလဟာလတခု ဖန်တီး၍ ကြောက်အောင်ခြောက်လိုက်သည်။
နိုင်ငံရေးသမားတို့သည် ၎င်းကောလဟာလများကို ပြည်သူလူထုအတွင်းလျှင်မြန်စွာပြန့်ပွားစေသည်။ ၎င်းကို နိုင်ငံရေးလှည့်ကွက်တခုအဖြစ် ကျွမ်းကျင်စွာအသုံးပြုပြီး ပြည်သူများအကြား ကြောက်မက်ဖွယ်ရာ စိတ်ချောက်ခြားခြင်း (mass hysteria) ရောဂါကို ကူးစက်ပြန့်ပွား အောင်ပြုလုပ်ကြသည်။
ထိုဖြစ်ရပ်များ ကမ္ဘာတဝှမ်းတွင်ရှိနေပါသည်။
********************
"တို့မြန်မာပြည် ဗုဒ္ဓဘာသာပျောက်ကွယ်တော့မယ်....။ ..."
ယနေ့ခေတ် မြန်မာနိုင်ငံတွင် နိုင်ငံရေး အမြတ်ထုတ်ချင်သော လူတစုသည်လည်း *လူဝင်မှုကြီးကြပ်ရေးပြဿနာကို ဘာသာရေးပြဿနာ *သို့ပြောင်းလဲအောင် အမျိုးမျိုး လှည့်ပတ်ပြောဆိုနေကြလေသည်။ထိုသူတို့သည် ပြည်သူလူထုကို စိတ်မညစ်ညစ်အောင် ပြဿနာကို အခွင့်အရေးရတိုင်း မီးရှို့နေခြင်းဖြစ်သည်။
စိတ်ညစ်ပြီး စိတ်ဖိစီးမှုများနေသော ပြည်သူများအကြားကို ကောလဟာလများကို တရစပ် မှိုင်းတိုက်ကြလေသောအခါ စိတ်အာရုံ မခိုင်မာသော ပြည်သူများမှာ ကောလဟာလမှိုင်း ဆွဲအား၏ စုပ်ယူဖမ်းစားခြင်းကို ခံလိုက်ရတော့သည်။
ဤလှည့်ကွက်ကို အကြိမ်ကြိမ်ပြုလုပ်ခြင်းအားဖြင့် ရောဂါကူးစက်ခံရသူပိုမိုများပြားလာပြီး ကောလဟာလထုထည်မှာကြီးမားလာကာ အမှန်တရားသကဲ့သို့ ဖြစ်လာတော့သည်။
ထိုအခါ နိုင်ငံရေးသမားတို့၏ ကြိုးဆွဲမှုတွင် အပြစ်မဲ့သော ပြည်သူတို့ ရုပ်သေးရုပ်များလို ကမိနေကြတော့သည်။
ထိုသူတို့အား ကျွန်မတို့က အမှန်တရားကို ရှင်းပြသောအခါ စိတ်ဆိုးဒေါသဖြစ်၍ ဆဲဆိုကြသည်။ နောင်တွင် အကြမ်းဖက်မှုများအထိ ဖြစ်လာနိုင်လေသည်။
********************
ယခုလောလောဆယ်တွင် ကျွန်မတို့ မြန်မာနိုင်ငံရှိ ရခိုင်တိုင်းရင်းသားတို့ အန္တရာယ်ဆိုး ကပ်ကြီးဆိုက်နေပါသည်။
မြန်မာပြည်သူပြည်သားများကြောက်လန့်နေကြသည်။ကမ္ဘာအရပ်ရပ်ရှိ မီဒီယာတို့၏ ငွေရှာကောင်းသော ကာလဖြစ်သည်။ ထိုသူတို့သည် မတရားသော ဝါဒဖြန့်မှုက မြန်မာပြည်သူပြည်သားများအား ဒေါသဖြစ်စေသည်။
"အစုလိုက် အပြုံလိုက် စိတ်ချောက်ချားခြင်း" (Mass hysteria) ရောဂါကိုဖန်တီးရန် အခွင့်အရေးကိုစောင့်စားနေသည့် ပွဲလန့်တုန်းဖျာခင်းမည့် လူတစုကလည်း မြန်မာနိုင်ငံတွင် ရှိပါသည်။ ထိုသူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ကုလား-ဗမာ ဘာသာရေး အဓိကရုဏ်း အကြီးစားတခုကို ဖန်တီးနိုင်ကြောင်း အထူးသတိချပ်စေလိုပါသည်။
*********************
ဆေးပညာရှင်တို့ကမူ ထိုဖြစ်စဉ်တွင် ဒေါသစိတ်ကို ကြွစေသော ဗိုင်းရက်စ်တမျိုးကြောင့်ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။ထိုရောဂါဝေဒနာရှင်တို့ ရောဂါပြင်းထန်ချိန်တွင် စိတ်သက်သာရာရလာအောင် ပြုလုပ်နိုင်သည့် စိတ်ငြိမ်ဆေး အမျိုးမျိုးရှိသော်လည်း အိမ်တွင်းဆေးမြီးတို တချို့ကို ဖေါ်ပြလိုက်ပါသည်။
* ၁-Black berry အသီး
တပတ်ခန့်နေပူပြထားသော ရေကရားထဲသို့ ရေဖြည့်၍ ဆားလက်တဆုပ်ထည့်ပါ။ မည်သည့် အစာမျှမစားခင် black berry ၃ kg ကို ၁၀ ပုံပုံ၍ တပုံစီစားပြီး ဆားရေတခွက်သောက်ပါ။ ၂ ပတ်ဆက်တိုက်သောက်ရမည်ဖြစ်၍ (အသီး ၃ kg နှင့်ဆားရေကရား) တို့ကို တခုမပြီးခင်တခု အဆင်သင့်ရှိနေပါစေ။
* ၂- ပျားရည်
လဖက်ရည်ဇွန်း တဇွန်းဖြင့် ပျားရည်စစ်စစ် တနေ့ တဇွန်းစီသောက်ရန်
* ၃-ဗူးသီး
ဗူးသီးကို ကြိတ်၍ ခေါင်းပေါ်အုံးထားပေးရန်
* ၄-ဂေါ်ဖီရွက်
ကြိတ်၍ သောက်ရန်
( လ္ဘက်ရည် ကော်ဖီ အရက် ရှောင်ရမည်။ )
********************
ပရလောကပညာရှင်များကတော့ မကောင်းဆိုးဝါးများ ဝင်ရောက်စီးနင်းသည်၊ သရဲစီးသည် ဟုဆိုကြသည်။
ပရလောက နှင့်ပတ်သက်၍ လုပ်ဆောင်ချက်အမျိုးမျိုးရှိကြသော်လည်း ကျွန်မအနေနှင့် စိတ်တည်ငြိမ်အောင် ပုတီးစိတ်ခြင်း၊ပရိတ်ရွတ်ခြင်း၊တရားထိုင်ခြင်းတို့ကြောင့် သက်သာပျောက်ကင်းစေမည်ဟု ယုံကြည်ပါသည်။ ဗုဒ္ဓဘာသာဝင်မဟုတ်သူများအတွက်တော့ ယောဂကျင့်စဉ်သည် အကောင်းဆုံးဖြစ်ပါသည်။
အချို့ ဘာသာရေး အဖွဲ့များကတော့ ဆုတောင်းလျှင် ပ ပျောက်နိုင်သည်ဟု ယုံကြည်၍ ထိုကဲ့သို့ ဖြစ်စဉ်များဖြစ်လာလျှင် သူတို့ယုံကြည်သော ဆုတောင်းမှုများပြုလုပ်ကြသည်။
*******************
ပရလောက စုန်းသရဲတို့ကြောင့်ဖြစ်စေ၊ စိတ်ဖိစီးမှုကြောင့်ဖြစ်စေ၊ တကယ့်ဖြစ်ရပ်မှန် ကောလဟာလကြောင့်ဖြစ်စေ၊ လုပ်ကြံသော ကောလဟာလ အလိမ်အညာ ကြောင့်ဖြစ်စေ၊ နိုင်ငံရေးလှည့်ကွက်ကြောင့်ဖြစ်စေ ရရှိနိုင်သော လျှို့ဝှက်ဆန်းကြယ်သော mass hysteria ရောဂါ အကြောင်း ဗဟုသုတရစေချင်၍ ဤဆောင်းပါးကို ရေးဖြစ်ပါသည်။
မရွှေမိုး (ကိုရီးယား)
ဩဂုတ်လ ၃၁ ရက် ၂၀၁၇
References
-Mass hysteria
-The 15th Century Nun Biting Mania
-Dancing Plague of 1518
-A Classic Case of Mass Hysteria in Tarapoto, Peru
(Last updated: 13th March, 2017)
-Strange Cases of Mass Hysteria Through History By April Holloway
-1844 book ‘Epidemics of the Middle Ages’ by J. F. C. Hecker
-Salem Witch Trials (1692–1693)
Via.... PhyoThuraNaing

Wednesday, August 30, 2017

ဘင်္ဂါလီနဲ့ဘင်္ဂလားဒေ့ရှ်

ဘင်္ဂါလီအရေးနဲ့ပက်သက်ပြီး Ma Zon Sapal Phyu ရဲ့ သုံးသပ်​ချက်အမြင်လေးကြိုက်လို့မျှဝေပါတယ်…
-------------------------------
၁။ဘင်္ဂါလီနဲ့ဘင်္ဂလားဒေ့ရှ်
Citizenship အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အဖြစ် ဘင်္ဂလားဒေ့ရှီ လို့ သုံးကြပါတယ်။ Ethnicity အနေနဲ့ ဘင်္ဂလား သို့မဟုတ် ဘင်္ဂါလီ လို့ သုံးပါတယ်။ အဲ့ဒီထဲမှာမှဘင်္ဂါလီ (မူဆလင်) {လူများစု} နဲ့ ဘင်္ဂါလီ (ဟိန္ဒူ) {လူနည်းစု} ဆိုပြီး ကိုးကွယ်ယုံကြည်မှု နဲ့ထပ်ကွဲပါတယ်။ ပြောဆိုတဲ့ Ethnic Language က ဘင်္ဂါလီ သို့မဟုတ် ဘင်္ဂလား ဖြစ်ပါတယ်။
ကမ္ဘာမှာ ပြောဆိုသုံးစွဲသူ ၂၀၅ သန်းရှိပြီး ကမ္ဘာ့အပြောများဆုံး ဘာသာစကားတွေထဲက ၇ ခု မြောက် ဖြစ်တယ် လို့ဖတ်ရပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ အနီးဆုံး ဘင်ဂေါဒေသ နေတဲ့ သူတွေဖြစ်လို့ ဘင်္ဂလား သို့ ဘင်္ဂါလီလူမျိုးတွေ လို့ ခေါ်ပါတယ်။ ဘင်ဂေါဒေသ ဟာ လက်ရှိမှာ အိန္ဒိယနိုင်ငံရဲ့ အနောက်ဘင်ဂေါ ခရိုင် နဲ့ လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့ ပါဝင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရှေ့နဲ့ အရှေ့ တောင်ပိုင်းမှာ ဘင်္ဂါလီဘာသာစကားဟာ ဒေသိယအသုံးများနဲ့ လေယူလေသိမ်း အသံထွက်တွေ ကွဲပြားမှု များစွာရှိပါတယ်။
ရန်ကုန်သားလေသံ၊ အညာသားလေသံ၊ သန်လျင် ကျောက်တန်းသား လေသံ၊ မန်းလေးသားလေသံ၊ အထက်မြန်မာပြည် ဗန်းမော်လောက်က ဗမာစကားလေသံ တွေ ကွဲကြသလို ထပ်ကွဲကြသလို စစ်တကောင်းဒေသက ဘင်္ဂါလီစကားကို ဒါကာက ဘင်္ဂါလီများက ဟာသလုပ်ကြ နှိမ်ကြတယ်လို့ ရခိုင် ဆရာတစ်ဦးပြောတာ နားထောင်ဖူးပါတယ်။ စစ်တကောင်းသုံး ဘင်္ဂါလီ စကားကို Chittagonian လို့ သုံးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူနည်းစုသုံး ဘာသာစကားတွေဖြစ်ပါတယ်။ လူဦးရေ ၁၆၃ သန်းအနက် Chittagonian ပြောသူ ၁၃ သန်းရှိပါတယ်။ အခြားသော သက္ကမ (Charkma) လို တန်ဂပူရီလို ချင်း မျိုးနွယ်စုများလို လူနည်းစု ဌာနေတိုင်းရင်းသားတွေ သုံးစွဲတဲ့ စကားတွေလည်း ရှိပါတယ်။
ရိုဟင်ညာကိုတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ထဲက ဒုက္ခသည်များသုံးစွဲသော ဘာသာစကား ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ရွှေ့ပြောင်းအခြေချနေထိုင်သူ Immigrant များပြောဆိုသည့် ဘာသာစကားများအနက် အပြောအများဆုံး ဘာသာစကား ဖြစ်တယ်လို့ လူလည် လုပ်ထားပါတယ်။ တကယ်တမ်းတော့ ရိုဟင်ညာဆိုတာ စစ်တကောင်းဒေသကနေ နယ်ချင်းကပ် ရခိုင်ပြည်ထဲ ရွှေ့ပြောင်းအခြေချလာသူများပါပဲ။ #DYM
ဘင်္ဂါလားနယ်သား ဘင်္ဂါလီများ ဖြစ်လို့ ဘင်္ဂါလီလို့ ခေါ်နိုင်ပါတယ်။ သူတို့ကိုယ် သူတို့ ရိုဟင်ညာ လို့ ခေါ်နိုင်သလို ကျမတို့ကလည်း သူတို့ကို ဘင်္ဂါလီ လို့ ခေါ်နိုင်ပါတယ်။ ကချင်လူမျိုး လို့ ကျမတို့က ခေါ်ပေမယ့် တကယ်တမ်းကျ ကချင် ဆိုတာ ဂျင်းဖော အပါအ၀င် မျိုးနွယ်စု ခြောက်ခု ပါသလိုပေါ့။ သို့သော် ရိုဟင်ညာ ဘာသာစကားနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘလော့ဂါများ သို့ သမိုင်းဆရာ များ သို့ တစ်စုံတစ်ယောက်က လူလည် လုပ်ထားတာကတော့ ရိုဟင်ညာ ဟာ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဘာသာစကား မဟုတ်ဘဲ ရခိုင်ပြည်ထဲက ရိုဟင်ညာများ သုံးစွဲသည့် စကားအဖြစ်ဖော်ပြထားပြီး ရိုဟင်ညာ ဟာ မြန်မာပြည်မှ ပြောင်းရွှေ့လာသူများ ဖြစ်သယောင် လုပ်ထားတာပါပဲ ..။ ရိုဟင်ညာများသည် ဘင်္ဂလာဒေရှီများ သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ မဟုတ်ဘဲ အာရကန်ပြည် မှ လာသူ မြန်မာနိုင်ငံသားများဟု ယူဆနိုင်အောင် ဖော်ပြထားပါတယ်။ #DYM
ကရင်လူမျိုးဟာ မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာရော ရှိပါတယ်။ ချင်းမျိုးနွယ်များဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေမှာ ရှိပါတယ်။ ရှမ်းလူမျိုးများဟာလည်း ထို့အတူ ပါပဲ။ စစ်တကောင်းသားများအနေနဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ နေထိုင်နိုင်ပါတယ်။ ရိုဟင်ညာ ဆိုတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က စစ်တကောင်းသားများ ပါ။
credit to Thurein Thant's page
----------------------

Tuesday, August 29, 2017

ဘင်္ဂလီ၊ ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအကြာင်းရင်း

ခင်မောင်စော (ဘာလင်) ● ရခိုင်ပြည်တွင်းရှိ ဘင်္ဂလီပြဿနာအကြာင်းရင်း
(မိုးမခ) သြဂတ်စ် ၂၉၊ ၂ဝ၁၇

● ရခိုင်ပြည်တွင်းရှိ မူဆလင်များ


ရခိုင်ပြည်ထဲမှာရှိတဲ့ မူဆလင်တွေကို အကြမ်းအားဖြင့် သုံးစုခွဲလို့ရပါတယ်။ အကြမ်းအားဖြင့် ရမ်းဗြဲကျွန်းနဲ့ သံတွဲဘက်က ကမန်၊ သံတွဲခရိုင်ထဲမှာရှိတဲ့ မြေဒူးမူဆလင်တွေနဲ့ ရခိုင်တပြည်လုံးက ဘင်္ဂလီတွေဖြစ်ပါတယ်။ ဘင်္ဂလီတွေကိုလည်း ရခိုင်ဘုရင်ခေတ်ကတည်းကရှိနေတဲ့ဘင်္ဂလီ၊ ရခိုင်ပြည်ကိုအင်္ဂလိပ်သိမ်းပြီးမှရောက်လာတဲ့ ဘင်္ဂလီ၊ ဒုတိယကမ္ဘာ စစ်အပြီးနဲ့ မြန် မာပြည်လွတ်လပ်ရေးရပြီးမှ ထပ်ဝင်လာတဲ့ဘင်္ဂလီ၊ အရှေ့ပါကစ္စတန်လွတ်လပ်ရေးစစ်ပွဲအတွင်း ရောက်လာတဲ့ဘင်္ဂလီ၊ ဘင်္ဂလားဒက်ရှ် လွတ်လပ်ရေးစစ်ပွဲနောက်ပိုင်းရောက်လာတဲ့ဘင်္ဂလီ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံထူထောင်ပြီး မှလူဦးရေပေါက်ကွဲမှု ကြောင့် ရောက်လာတဲ့ဘင်္ဂလီဆိုပြီး ထပ်ခွဲခြားနိုင်ပါသေးတယ်။
● ရခိုင်ပြည်ထဲကို မူဆလင်များ ဘယ်ခေတ်က စတင်ရောက်ရှိသလဲ
ရခိုင်ပြည်ထဲကို မူဆလင်တွေ ဘယ်အချိန်ကစရောက်သလဲဆိုရင် အစောဆုံး ၁၆ ရာစု အလယ်ပိုင်းလောက်ကဘဲ ရောက် လာပါတယ်။ "ရိုဟင်ဂျာ" ဆိုသူများဘက်ကပြောနေကြတဲ့ ၈ ရာစု ၉ ရာစုက သင်္ဘောပျက် ဇာတ်လမ်းတွေဟာ ထိုးဇာတ် တွေဘဲ ဖြစ်ပါလိမ္မယ်။ ဘာဖြစ်လို့လဲဆိုရင် အနောက်ဘင်္ဂလားနယ်ကို မူဆလင်ဘာသာရောက်တာဟာ ခရစ်နှစ် ၁၂၃ဝ နောက်ပိုင်းမှ ရောက်ပါတယ်။ အဲသလိုဆိုတော့ အရှေ့ဘင်္ဂလားနယ်ကို မူဆလင်ဘာသာ ဒီ့ထက် ပိုနောက်ကျပြီးမှ ရောက် လာမှာ သေချာပါတယ်။
ဘင်္ဂလားနယ်မှာ ခရစ်သက္ကရာဇ် ၇၅ဝ ပြည့်နှစ်၌ ဗုဒ္ဒဘာသာဝင် "ပါလာ" မင်းများက "ပါလာအင်ပါရာ" ကို ထူထောင်ခဲ့တယ်။ ၁၂ ရာစုတွင် ဗုဒ္ဒဘာသာဝင် "ပါလာမင်းဆက်များ" ကို ဟိန္ဒူဘာသာဝင် "သေနမင်းဆက်" က ဖြုတ်ချပြီး ဟိန္ဒူအင်ပါရာကို ထူထောင်တယ်။ မူဆလင်များက ဟိန္ဒူ သေနမင်းဆက်ကိုဖြုတ်ချပြီး မူဆလင်နိုင်ငံထူထောင်သူများဖြစ်လို့ ဘင်္ဂလားဒေသ တခုလုံးကို မူဆလင်တို့သိမ်းပိုက်ချိန်မှာ ၁၄ ရာစု အကုန်ပိုင်းမှသာဖြစ်ပါတယ်။ ဒီအချက်တွေကိုထောက်ရှုရင် "ရိုဟင်ဂျာ" ဆိုသူများရဲ့သမိုင်းလိမ်လုပ်ဇာတ်မှာပါတဲ့ ၈ ရာစု ၉ ရာစုနှစ်များက သင်္ဘောပျက်ဇာတ်လမ်းများနဲ့ အဲဒီအချိန်ကတည်းက ရခိုင်ပြည်ကို အစ္စလာမ်ဘာသာဝင်များရောက်ရှိနေတယ်ဆိုတဲ့ဇာတ်လမ်းဟာ ယုတ္တိမရှိကြောင်း ထင်ရှားပါတယ်။ ၈ ရာစု ၉ ရာစုက ယခုခေတ် ကမ္ဘာပေါ်မှာ မူဆလင်ဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကိုတောင် မူဆလင်များမရောက်သေးပါ။ အင်ဒိုနီးရှားနိုင်ငံဟာ အဲဒီအချိန်က သီရိဝိဇယနိုင်ငံတော်အဖြစ်ထင်ရှားခဲ့ပြီး ဗုဒ္ဒဘာသာနိုင်ငံတော်ဖြစ်ခဲ့ပါတယ်။ ခရစ် သက္ကရာဇ် ၈၂၅ ကတည်ထားခဲ့တဲ့ "များလှစေတီ" လို့ အဓိပ္ပါယ်ရတဲ့ Borobudur စေတီကြီးဟာ ကမ္ဘာပေါ်မှာအကြီးဆုံး ဗုဒ္ဒဘာသာစေတီကြီးဖြစ်ပြီး ယခုခေတ်အထိတည်ရှိနေပါသေးတယ်။ အင်္ဂလိပ်ခေတ်က ရခိုင်ပြည်မှာ ကိုလိုနီအရာရှိကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စာရေးဆရာကြီး မောရစ်ကောလစ်ကလည်း "ဘင်္ဂလားနယ်ကို အစ္စလမ်ဘာသာ ၁၂ဝ၃ ခုနှစ်က စတင်ရောက်ရှိခဲ့ပေမဲ့ (မြန်မာပြည်ပါဝင်တဲ့) အင်ဒိုချိုင်းနားကျွန်းဆွယ်မှာတော့ ၁၄၃ဝ ခုနှစ်အထိ မူဆလင်ဘာသာ အငွေ့အသက်များလုံးဝမရှိခဲ့" လို့ အတိအလင်းရေးထားခဲ့ပါတယ်။
ဒါကြောင့် ရိုဟင်ဂျာဝါဒဖြန့်ချိရေးသမားများ သမိုင်းလိမ်ပြီးရေးခဲ့တဲ့ ၈ ရာစု ၉ ရာစုက ရခိုင်ကမ်းရိုးတန်းမှာ အာရပ်သင်္ဘော ပျက်ခဲ့တယ်ဆိုတဲ့ဇာတ်လမ်းကို ပုံပြင်လို့သာ သဘောထားကြစေလိုပါတယ်။
● ကမန် မူဆလင်များ
ပါရှားစကားမှာ ကမန်ဆိုတာ "လေး" ကိုခေါ်တာပြစ်ပြီး "ကမန်ချီ" ဆိုတာ လေးသည်တော်လို့ အဓိပ္ပါယ်ရပါတယ်။ ရခိုင် ဘုရင်တွေဟာ နိုင်ငံခြားသားတွေကို ကြေးစားစစ်သည်တော်တွေအဖြစ် ငှားရမ်းထားကြောင်းကို ၁၆၃ဝ မှာ မြောက်ဦးမြို့ တော်ကို ဘရင်ဂျီဘာသာ သာသနာပြုရန် ရောက်ရှိလာတဲ့ ပေါ်တူဂီ ခရစ်ယန်ဘုန်းကြီး မန်နရိကေး (Manarique) က မှတ်တမ်းတင်ထားခဲ့ပါတယ်။ ပါရှန်နဲ့အာဖဂန် ကြေးစားစစ်သည်တော်တွေဟာ လေးသည်တော်တွေဖြစ်လို့ သူတို့ကို "က မန်" လို့ ခေါ်ကြတယ်။ လူဇင်ဘတ်နိုင်ငံသား ရခိုင်သမိုင်းပါရဂူ ယတ်ခ်လိုက်ဒါ (Jacques Leider) က ရခိုင်ဘုရင်များ ပါရှန် နဲ့အာဖဂန် ကြေးစားစစ်သည်တော်တွေ စတင်ခန့်ထားချိန်ကို ၁၇ ရာစု အစပိုင်းလောက်ကသာအစောဆုံးဖြစ်နိုင်ကြောင်းရေးထားပါတယ်။
၁၆၆ဝ မှာ မဂိုအင်ပါယာမှာ မင်းသားတွေနန်းလုပွဲဖြစ်ပြီး ညီတော် အော်ရန်ဇစ် အနိုင်ရတယ်။ ရှုံးတဲ့နောင်တော် ဘင်္ဂလားစား ရှာရှူဂျာဟာ မိသားစု၊ နောက်လိုက်နောက်ပါတွေနဲ့အတူ ရခိုင်ပြည်မှာ လာပြီးခိုလှုံတယ်။ ရခိုင်ဘုရင် စန္ဒသုဓမ္မက အစပိုင်းမှာ လှိုက်လှိုက်လဲလဲကြိုဆိုဧည့်ခံပြီး ခိုလှုံခွင့်ပေးထားပေမဲ့ ၃ နှစ်လောက်ကြာလာတော့ မဂိုမင်းသမီး အမီနာကို တော်ကောက် မိဖုရားမြှောက်လိုကြောင်း တောင်းဆိုရာမှာ ပြဿနာတက်ကြပြီး မဂိုတွေဟာ ဘာသာတူ ကမန် ကြေးစားစစ်သည်တော်တွေ စည်းရုံးကာ မြောက်ဦးနန်းတော်ကို မီးရှို့ဖိုကြံတာ မအောင်မြင်ဘဲ မဂိုတွေလည်း အသတ်ခံရတယ်။ ကမန်တွေကတော့ ရမ်းဗြဲကျွန်းနဲ့ သံတွဲဘက်ကို ထွက်ပြေးသွားရတယ်။ အခုခေတ်မှာလည်း ဒီကမန်များကဆင်းသက်လာသူတွေကို ရမ်းဗြဲ ကျွန်းနဲ့ သံတွဲဘက်မှာတွ့နိုင်တယ်။ သူတို့ဟာ မဂို ပါရှားရုပ်နဲ့ အစ္စလမ်ဘာသာကိုးကွယ်တာကလွဲရင် အဝတ်အစား၊ စကား၊ ဓလေ့အားလုံးမှာ ရခိုင်တွေနဲ့ခွဲမရပါဘူး။ ကမန်တွေဟာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါပါတယ်။
● မြေဒူးမူဆလင်တွေ
ဝါရင့်ရခိုင်နိုင်ငံရေးသမားကြီး ဘုံပေါက်သာကျော်က မြေဒူးမူဆလင်များကို ရခိုင်ပြည်အတွင်းသို့ ပထမဆုံးရောက်ရှိတဲ့ မူဆ လင်အုပ်စုလို့ ယူဆတယ်။ မြေဒူးမူဆလင်အများစုဟာ သံတွဲခရိုင်အတွင်းမှာ နေကြတယ်။
အများသိထားတဲ့သမိုင်းက ရခိုင်ပြည်ကို ဘိုးတော်ဦးဝိုင်းရဲ့စစ်တပ်များ ၁၇၈၄ ခုနှစ်က ဝင်ရောက်သိမ်းပိုက်ချိန်မှာ ရွှေဘိုမြို့ အနီးရှိ မြေဒူးမြို့ကလေးက မူဆလင်စစ်သား တပ်တတပ်ပါလာပြီး ၎င်းတို့ကို သံတွဲခရိုင်အတွင်း၌ နေထိုင်စေခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကဆင်းသက်လာသူများကို မြေဒူးမူဆလင်များလို့ခေါ်တယ်။ သူတို့ဟာ သံတွဲခရိုင်မှာနေပေမဲ့ သံတွဲဒေ သသုံး ရခိုင်စကားကိုမသုံးဘဲ မြေဒူးဒေသမှာပြောတဲ့ အညာသုံးဗမာစကားကိုသာ ပြောကြတယ်။ သူတို့မှာ မူဆလင်နာမည် ရှိပေမဲ့ ဗမာနာမည်များဖြင့်သာ နေလေ့ရှိတယ်။ အဝတ်အစားမှာလည်း အထက်အညာမှဗမာများ ဝတ်ဆင်သလို ဝတ်ဆင်ကြ တယ်။
● မြေဒူးမူဆလင်များရဲ့ဇစ်မြစ်ကို လိုက်လံစိစစ်ကြည့်ကြပါစို့
(၁) ခရစ်နှစ် ၁၅၃၃ မှာ ရခိုင်ဘုရင် မင်းဗာကြီး အနောက်ဘင်္ဂါ ၁၂ မြို့ကို ပြန်သိမ်းစဉ်မှာ ဘင်္ဂလီ မိသားစုအပါအဝင် စုစု ပေါင်း ၃ဝဝဝ ကျော်လောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းခေါ်လာခဲ့တယ်။ သူတို့ကို သံတွဲမြို့မှာရှိတဲ့ ဆံတော်၊ အံတော်၊ နံတော်၊ စေတီသုံးဆူမှာ အလုပ်အကျွေးပြုဖို့ ဘုရားကျွန်အဖြစ် လှူထားခဲ့တယ်။ နောက်နှစ်ပေါင်း ၆ဝ ကျော် ၇ဝ လောက်အကြာမှာ ရခိုင်ဘုရင်ရာဇာကြီးရဲ့သား အိမ်ရှေ့မင်းသား သံတွဲစား မင်းခမောင်းဟာ သံတွဲမြို့ကနေပြီး ခမည်းတော်ကို ပုန်ကန်ဖို့ ကြံတယ်။ သူ့စစ်တပ်မှာ စစ်သားလိုတော့ ဘုရားကျွန်တွေကို ထည့်သုံးခဲ့တယ်။ ဒါပေမဲ့ မင်းခမောင်းရဲ့စစ်တပ်ဟာ အမ်းမြို့ အနီးမှာ ရခိုင်ဘုရင့်တပ်မတော်ရဲ့ ချေမှုန်းခြင်းကိုခံခဲ့ရပြီး တပ်ပျက်သွားတယ်။ မင်းခမောင်းနဲ့ အကြံပေး ဥက္ကာပျံကို အရှင် ဖမ်းမိသွားပြီး တပ်ပျက်သွားတဲ့ ဘုရားကျွန်တွေဟာ ဗမာပြည်ကို ထွက်ပြေးသွားတယ်။ ဗမာပြည်ထဲရောက်တော့ ဗမာဘုရင် က သူတို့ကို မြေဒူးမြို့မှာ နေစေတယ်။ ဒါကြောင့် သူတို့ကို မြေဒူးမူဆလင်လို့ ခေါ်တယ်။ သူတို့က ဆွေစဉ်မျိုးဆက် မြန်မာ ဘုရင်ကိုသစ္စာခံကြပြီး စစ်မှုထမ်းကြတယ်။
ဒီတော့ မြေဒူးမူဆလင်များရဲ့ဘိုးဘေးဘီဘင်များဟာ သံတွဲမြို့က ဘင်္ဂလီဘုရားကျွန်များပေါ့။
(၂) "ရွေဘို ဒစ်စရိတ် ဂေဇက်တီးယား" (Shwebo District Gazetteer) အပိုင်းတစ် အခန်း ၃ တွင် ရေးထားတာကတော့ မြေဒူးမူဆလင်တွေဟာ တပင်ရွှေထီး သံတွဲကဖမ်းခေါ်သွားတဲ့ ဘင်္ဂလီဘရားကျွန်တွေရဲ့ အဆက်အနွယ်လို့ ယူဆကြတယ်။
ဗမာရာဇဝင်တွေမှာ တပင်ရွှေထီး သံတွဲကိုသိမ်းနိုင်ကြောင်း၊ မြောက်ဦးတိုက်ပွဲရှုံးလို့ တပ်ဆုတ်ခဲ့ရကြောင်းရေးထားပေမဲ့ ရ ခိုင်ရာဇဝင်တွေမှာ တပင်ရွှေထီး သံတွဲကို မသိမ်းနိုင်ကြောင်း၊ တပင်ရွှေထီးရဲ့ ကြည်းတပ်ဟာ တောင်ကုပ်တောင်ကြား လမ်းမရောက်မီနဲ့ရေတပ်ဟာလည်း နဂရေအငူလို့လည်းခေါ်ကြတဲ့ "နဂါးရစ်" အငူ (မော်တင်စွန်း) မှာ ရခိုင်တပ်တွေရဲ့ အ တိုက်ခံရပြီး တပ်ပျက်လုနီးနီးဖြစ်တာကြောင့် ရဟန်းတော်တွေကိုအကူအညီတောင်းပြီး တနိုင်ငံနဲ့တနိုင်ငံ မကျူးကျော်ရေး စာချုပ်ချုပ်ပြီး တပင်ရွှေထီးနဲ့ယောက်ဖတော် ကျော်ထင်အနော်ရထာတို့ ပြန်သွားရကြောင်း ရေးထားပါတယ်။
ဘာဘဲဖြစ်ဖြစ် ရွှေဘိုဂဇက်တီးယားကလည်း မြေဒူးမူဆလင်များဟာသံတွဲက ဘင်္ဂလီဘုရားကျွန်များရဲ့ အဆက်အနွယ် သာဖြစ်ကြောင်း ထောက်ခံထားပါတယ်။
(၃) ဝါရင့်နိုင်ငံရေးသမားကြီး ဘုံပေါက်သာကျော်က မြေဒူးမူဆလင်များဟာ ရခိုင်ဘုရင်မင်းဘာကြီး ခရစ်နှစ် ၁၅၃၃ မှာ သောင်းထီးကျွန်းမှဖမ်းခေါ်လာတဲ့ ဘင်္ဂလီများဖြစ်ပြီး သူတို့ကို ဆံတော်၊ နံတော်နှင့် အံတော်ဘုရားများတွင် ဘုရားကျွန် များအဖြစ်လှူထားခဲ့ကြောင်း၊ ရခိုင်ဘုရင် စန္ဒဝိဇယမင်းလက်ထက် အေဒီ ၁၇၁၃ ခုတွင် မြန်မာပြည်သို့ ထွက်ပြေးကြောင်း ရေးထားပါတယ်။ ရခိုင်ဘုရင် စန္ဒဝိဇယနဲ့နန်းပြိုင်ဟာ အင်းဝက ဗမာဘုရင် စနေမင်းဖြစ်တယ်။ စနေမင်းကိုဆက်ခံတဲ့ တနင်္ဂ နွေမင်းလက်ထက်မှာ မြန်မာရာဇဝင်ကျမ်းကြီး ၃ စောင်ကိုပြုစုခဲ့တဲ့ ရာဇဝင်ဆရာကြီး ဦးကုလား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရာဇဝင် ဆရာကြီးကတော့ ထွက်ပြေးလာသောဘုရားကျွန်များအကြောင်း မှတ်တမ်းမတင်ခဲ့ပါဘူး။
ဘုံပေါက်သာကျော်ကလည်း မြေဒူးမူဆလင်များဟာသံတွဲက ဘင်္ဂလီဘုရားကျွန်များရဲ့အဆက်အနွယ်သာဖြစ်ကြောင်းရေး ထားပါတယ်။
(၄) မိုရှေ ယေဂါ (Moshe Yegar)ရဲ့ The Muslim of Burma စာအုပ်မှာ ဗမာဘုရင်စနေမင်းဟာ ခရစ်သက္ကရာဇ် ၁၇ဝ၇ ခု နှစ်တွင် ရခိုင်ပြည်သံတွဲမြို့ကို ဝင်ရောက်သိမ်းပိုက်ကြောင်း၊ ထောင်ပေါင်းများစွာသောမူဆလင်များကို သံတွဲမှခေါ်လာခဲ့ပြီး လူပေါင်း ၃ ထောင်ခန့်ကို မြေဒူးနယ်တွင် နေထိုင်စေခဲ့ကြောင်းရေးထားပါတယ်။ ဒါပေမဲ့ မြန်မာရာဇဝင်ကျမ်းအစောင်စောင်၊ ရခိုင်ရာဇဝင်ကျမ်းအစောင်စောင်နဲ့ မြန်မာမူဆလင် ဗိုလ်မှူးဘရှင်ရေးတဲ့ မြန်မာနိုင်ငံသမိုင်းစာအုပ်၊ မွန်အမျိုးသား ဦးဘ သန်းရေးခဲ့တဲ့ ကျောင်းသုံးမြန်မာရာဇဝင်စာအုပ်နဲ့ ဦးကုလားရဲ့ မြန်မာရာဇဝင်ကျမ်းအစောင်စောင်မှာတော့ စနေမင်း သံ တွဲမြို့ကို သိမ်းပိုက်ကြောင်း ရေးမထားပါဘူး။
မိုရှေ ယေဂါ (Moshe Yegar) ရဲ့အဆိုအရလည်း မြေဒူးမူဆလင်များရဲ့ ဘိုးဘွားဘီဘင်များဟာ သံတွဲမြို့ကဘင်္ဂလီဘုရားကျွန်များဖြစ်ကြောင်း ထောက်ခံနေပါတယ်။
ဒါကြောင့် မြေဒူးမူဆလင်များရဲ့ဇစ်မြစ်ကို ကောက်ချက်ချရင် ....
က။ သူတို့ရဲ့ဘိုးဘွားဘီဘင်များဟာ ဘင်္ဂလီများဖြစ်ကြောင်း၊ အများစုမှာ သံတွဲကဘုရားကျွန်များဖြစ်ကြောင်း၊
ခ။ မင်းဘာကြီးသာမက ၎င်းကို ဆက်ခံတဲ့ရခိုင်ဘုရင်များကလည်း သံတွဲမှာ ဘုရားကျွန်များထပ်မံလှူခဲ့လို့ ဘင်္ဂလီဘုရားကျွန် ဦးရေတိုးပွားလာကြောင်း၊
ဂ။ နောက်ပိုင်းမှာ နောက်ထပ်ဝင်ရောက်လာတဲ့ အုပ်စုများဖြစ်တဲ့ ကမန်၊ မဂို၊ စတာတွေနဲ့ မူဆလင်ဘာသာတူခြင်းဖြစ်လို့ သွေးနှောပြီး လူဦးရေတိုးပွားလာနိုင်တယ်ဆိုတဲ့အချက်ကိုလည်း မေ့မထားသင့်ပါ။
ဃ။ သူတို့ သံတွဲမြို့က မြန်မာပြည်သို့ ထွက်ပြေးတဲ့အကြိမ်ပေါင်းကလည်း တကြိမ်တည်းမဟုတ်ဘဲ အခွင့်အခါသင့်လျှင် သင့်သလို ဖြစ်နိုင်ကြောင်း၊
င။ မြန်မာစစ်တပ်များ ရခိုင်ပြည်ကို စစ်ချီတဲ့အခါ မြေဒူးမူဆလင်တပ်ရင်းကို ဘာကြောင့် သံတွဲစစ်မျက်နှာကို သာခေါ်လာ ခဲ့ပါသလဲ။ ဗမာဘုရင် ဘိုးတော်ဦးဝိုင်း၊ သားတော် အိမ်ရှေ့မင်းသားနဲ့ မြန်မာစစ်ဗိုလ်ကြီးများဟာ မြေဒူးမူဆလင်များကို မြောက်ဦးစစ်မျက်နှာ၊ အမ်းစစ်မျက်နှာ၊ ရမ်းဗြဲစစ်မျက်နှာ စတာတွေမှာမသုံးဘဲ သံတွဲစစ်မျက်နှာမှာသာ သုံးခဲ့တာ မထူးဆန်း ဘူးလား။
စ။ မြေဒူးမူဆလင်များက မိမိတို့ဘိုးဘွားဘီဘင်များနေခဲ့တဲ့ သံတွဲမြို့ကို ပြန်လည်ရောက်ရှိလိုပါတယ်၊ ပြန်လည်အခြေချ လိုပါတယ်လို့ တောင်းဆိုခဲ့တာ မဖြစ်နိုင်ဘူးလား။ မြန်မာဘုရင့်တပ်များက မြေဒူးမူဆလင်များကို သံတွဲခရိုင်မှာ အခြေတ ကျ ရွာတည်ပြီး၊ နေထိုင်ခဲ့စေခြင်းဟာ စဉ်းစားစရာပါ။
● ဘင်္ဂလီကျွန်များ
ရခိုင်တွေဟာ ဘင်္ဂလားနယ်မှာ ဘင်္ဂလားနယ်သားတွေကို ဝင်ဖမ်းပြီး တချို့ကိုလည်း ရခိုင်ပြည်မှာ ကျွန်အဖြစ်ခိုင်းတယ်။ အချို့ကို ဒတ်ခ်ျပိုင် အရှေ့အိန္ဒိယကျွန်းစု (ယခုခေတ် အင်ဒိုနီးရှား) ကို သင်္ဘောတွေနဲ့ တင်ပို့ရောင်းချတယ်။ ဒတ်ခ်ျသင်္ဘောတွေဟာ ဒီကျွန်တွေကို မြောက်ဦးကနေ ဘာတာဗီးယား (Batavia) ယခုခေတ် ဂျာကာတာကို သယ်သွားတယ်။ ရခိုင်ပြည်ထဲမှာရှိတဲ့ ကျွန်တွေကို ကျောက်တော်နဲ့ မြောက်ဦးနားမှာ ထားတယ်။ အဲဒီ ဘင်္ဂလီအများစုကတာ့ ဗမာစကား၊ ရခိုင်စကားတို့ကိုကောင်းကောင်းတတ်ကြတယ်။ တချို့ကမြန်မာစာပါရေးတတ်ဖတ်တတ်ြ ကတယ်။
● စတုတ္ထအုပ်စု
စတုတ္ထအုပ်စုကတော့ ၁၈၂၆ခုနှစ် ရန္တပိုစာချုပ်အရ ရခိုင်တိုင်းနဲ့ တနင်္သာရီတိုင်းတို့ အင်္ဂလိပ်ပိုင်ဖြစ်တဲ့အချိန်မှာ အင်္ဂလိပ်တို့ တံခါးမရှိ ဓါးမရှိသွင်းလာတဲ့ အိန္ဒိယတိုင်းသားတွေ ဖြစ်ပါတယ်။ ရခိုင်ပြည်ကတော့ ဘင်္ဂလားနယ်နဲ့ နယ်ချင်းဆက်စပ်နေတော့ စစ်တကောင်းသား အများစုဟာ အလုပ်ကြမ်းလုပ်ဖို့ ရခိုင်ပြည်ထဲကို တံခါးမရှိ ဓါးမရှိ ဝင်လာကြပါတယ်။ ၁၈၈၆ ခုနှစ်ကစပြီး ဗမာတပြည်လုံးကို ဗြိတိသျှ အိန္ဒိယ အင်ပါယာရဲ့ ပြည်နယ်တခုအဖြစ် အုပ်ချုပ်ခဲ့တဲ့ အချိန်မှာတော့ အိန္ဒိယတိုင်းသားတွေဟာ ရခိုင်ပြည်ထဲကိုရော ဗမာပြည်မကြီးကိုပါ ရေကာတာကျိုးသလို ဝင်လာခဲ့ကြပါတော့တယ်။ အဲဒီနောက်ပိုင်း ဝင်လာတဲ့အိန္ဒိယ တိုင်းသားတွေဟာ ဗမာပြည်ကို သူတို့ရဲ့ ကိုလိုနီနိုင်ငံသဖွယ် ထင်ရာစိုင်းခဲ့ကြတာကြောင့် လူမျိုးရေး ပဋိပက္ခတွေဖြစ်ပြီး အဓိကရုဏ်းတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါကြောင့် အင်္ဂလိပ်အစိုးရဟာ ၁၉၂ဝ ခုနှစ်များမှာ ဆိုင်မွန်ကော်မရှင် ကိုဖွဲ့ပြီး ဗမာပြည်ကို ဗြိတိသျှ အိန္ဒိယ အင်ပါယာအတွင်း ဆက်ထားသင့် မထားသင့် စုံစမ်းအစီရင်ခံခိုင်းရပါတော့တယ်။ ဆိုင်မွန်ကော်မရှင်က ဗမာပြည်ကို ဗြိတိသျှ အိန္ဒိယ အင်ပါယာထဲက စောနိုင်သမျှ အစောဆုံး ခွဲထုတ်ဖို့ အကြံပေးခဲ့ပေမဲ့ အကြောင်းအမျိုးအမျိုးကြောင့် ၁၉၃၇ ခုနှစ်မှာမှ အင်္ဂလိပ်စကားနဲ့ Crown Colony လို့ခေါ်တဲ့ သီးခြားကိုလိုနီ ဖြစ်လာပါတယ်။ သီဟိုဠ်ကျွန်း (ယခုခေတ် သီရိလင်္ကာနိုင်ငံ)၊ ဟောင်ကောင်ကျွန်း၊ မလေးယားတို့ဟာလည်း Crown Colony များ ဖြစ်ခဲ့ကြပါတယ်။
● အစွန်းရောက်မူဆလင်များ ရခိုင်ပြည်ကို ခွဲထုတ်ရန် ကြံစည်ခြင်း
ဗမာပြည်ကို အိန္ဒိယအင်ပါယာထဲက ခွဲမထုတ်ခင်မှာ ရခိုင်ပြည်မြောက်ပိုင်းက အစွန်းရောက် မူဆလင်ခေါင်းဆောင် တချို့ ဟာ အိန္ဒိယပြည် ကရာချိမြို့ကိုသွားပြီး မူဆလင်လိဂ် Muslim League ခေါင်းဆောင်တွေကို အနည်းဆုံး မောင်တောနဲ့ ဘူးသီးတောင်နယ်တွေဖြစ်နိုင်ရင် ရခိုင်တိုင်းတခုလုံးကို ဗမာပြည်ထဲထည့်မပေးဘဲ အိန္ဒိယထဲမှာထားခဲ့ဖို့ တိုက်တွန်း ကြပါ တယ်။ ဒါပေမဲ့ သူတို့အကြံမအောင်ဘဲ အင်္ဂလိပ်အစိုးရက ရခိုင်တိုင်းဟာ ရန္တပိုစာချုပ်အရ ဗမာပြည်ထဲမှာပါခဲ့တာမို့ ဗမာပြည် ထဲမှာဘဲ ထည့်ပေးလိုက်ပါတယ်။
အဲဒီအချိန်မှာ သီးခြားကိုလိုနီဖြစ်သွားပြီဖြစ်တဲ့ ဗမာပြည်ရဲ့ဝန်ကြီးချုပ် ဦးစောက အိန္ဒိယတိုင်းသားတွေ ဗမာပြည်ထဲကို နိုင်ငံ ကူးလက်မှတ်၊ နိုင်ငံဝင်ခွင့်လက်မှတ် စတာတွေမပါဘဲ မလာရဘူး။ ဗမာပြည်ထဲမှာနေချင်ရင် ဗမာစာ ဗမာစကားတတ်ရမယ်။ ဗမာတိုင်းရင်းသူတယောက်ကိုယူထားပေမဲ့ အထက်အပါအချက်အလက်တွေနဲ့မပြည့်စုံရင် ဗမာပြည်ထဲမှာ နေခွင့်မပေးနိုင် ဘူး စတဲ့ကန့်သတ်ချက်တွေပါတဲ့ U Saw- Shankar စာချုပ်ကို ချုပ်ဆိုခဲ့တယ်။ အိန္ဒိယတိုင်းသားတွေဘက်ကတော့ မကျေ နပ်ဘူးပေါ့။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်လာတာနဲ့ ဗမာပြည်ကိုလည်း ဂျပန်သိမ်း၊ အိန္ဒိယတိုင်းသားတော်တော်များများ လည်း အိန္ဒိယ ပြန်ပြေးဖြစ်သွားတယ်။ ၁၉၄၂ ခုနှစ် ရခိုင်-ဘင်္ဂလီအဓိကရုဏ်းကိစ္စကိုတော့ လူတိုင်းလောက်သိနေတာကြောင့် ကျွန်တော်မပြောတော့ပါဘူး။
စစ်ပြီးတဲ့အချိန်မှာ စစ်တကောင်းသားတွေ ရခိုင်ပြည်ထဲကို ပြန်ဝင်လာတယ်။ သူတို့နဲ့အတူ လူသစ်တွေပါ ခေါ်လာတယ်။ အဲဒီလူသစ်တွေကြောင့် မောင်တောနဲ့ဘူးသီးတောင်နယ်က ရခိုင်အများစုဟာ သူတို့ရဲ့လယ်ယာမြေ စသည်တို့ကို ဆုံးရှုံး သွားပြီး တောင်ပိုင်းကို ဆင်းလာရတယ်။ အဲဒီအချိန်ကစပြီး ဝင်လာတဲ့စစ်တကောင်းသားအုပ်စုကို ဒုတိယကမ္ဘာစစ်အပြီးနဲ့ မြန်မာပြည်လွတ်လပ်ရေးရပြီးမှထပ်ဝင်လာတဲ့ ဘင်္ဂလီအုပ်စုလို့ သတ်မှတ်မယ်။
၁၉၄၇ ခုနှစ်မှာ ဗြိတိသျှ အိန္ဒိယဟာ အိန္ဒိယနဲ့ပါကစ္စတန်ဆိုတဲ့ Dominion နိုင်ငံ နှစ်ခုကွဲသွားတယ်။ ဗမာပြည်မှာတော့ ဗိုလ် ချုပ်အောင်ဆန်းတို့က Dominion အဆင့်ကိုမယူဘဲ လုံးဝလွတ်လပ်ရေးကိုသာ တောင်းဆိုနေတဲ့အချိန်ဖြစ်တယ်။ ၁၉၄၆ ခုနှစ်မှာ ရခိုင်ပြည်မြောက်ပိုင်းက အယူသည်း မူဆလင်အုပ်စုတစုဟာ ကရာချိကိုသွားပြီး နောင် ပါကစ္စတန်ခေါင်းဆောင် ဖြစ်လာမည့် မိုဟာမက် အလီဂျင်းနားနဲ့တွေ့ပြီး မောင်တော ဘူးသီးတောင်နဲ့ ရသေ့တောင်နယ်တွေကို အရှေ့ပါ ကစ္စတန် ထဲကို ထည့်ခိုင်းဘို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဗမာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ဂျင်းနားကို ဗမာပြည် ပြည်တွင်း ရေးကိစ္စမှာ ဝင်မစွက်ဘို့ ခပ်ပြတ်ပြတ်ပြောလိုက်တာကတကြောင်း၊ ဂျင်းနားဟာ အာသံကို အရှေ့ ပါကစ္စတန်နယ်ထဲ ထည့်ဘို့ကြိုးစားရာမှာ အရေးမလှခဲ့တာကတကြောင်းတို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်အသွား ဒေလီမှာ နေရူးနဲ့ တွေ့ပြီးနောက် ကရာချိမှာ ဂျင်းနားနဲ့တွေ့ချိန်မှာ ဂျင်းနားက ဗမာပြည်ကိစ္စမှာ သူလုံးဝ ဝင်မစွက်ပါဘူးလို့ ကတိပေးလိုက်ပါ တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားပြီးနောက်ပိုင်း ဗမာပြည် လွတ်လပ်ရေးမရမီအချိန်ကလေးအတွင်းမှာ မူဂျာဟစ် သူပုန် (၎င်းအချိန်က ဗမာအခေါ် ကုလားဆိုး) ဆိုတာ ပေါ်လာတယ်။ အဲဒီ သူပုန်တွေကို အင်္ဂလိပ်တပ်မှူး ရော်ဂျာ ကမ်ပက်ညှက် (Lt. Colonel Roger Campagnag) ဦးစီးတဲ့ ဗမာစစ်တပ်တွေ ဘယ်လိုတိုက်ခဲ့ရတယ်ဆိုတာ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်ဦးက အင်တာဗျူးမှာ ပြောသွားခဲ့ပြီးဖြစ်လို့ အကျယ်မပြောတာ့ပါဘူး။
လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း ဗမာ့လက်နက်ကိုင်တပ်ပေါင်းစုက မူဂျာဟစ် သူပုန်တွေကို ဆက်တိုက်နေရဆဲဘဲ ဖြစ်ပါတယ်။ ဂျင်းနား ကွယ်လွန်သွားပြီး နောက်ပိုင်းမှာ အရှေ့ပါကစ္စတန် အုပ်ချုပ်ရေးပိုင်းကရော စစ်ဘက်ကပါ ဒီမူဂျာဟစ် သူပုန်တွေကို ဥပဒေလွတ် လက်တလုံးခြား ကူညီခဲ့တယ်။ ဥပမာပြရရင် ဗမာဘက်ကတိုက်လိုက်ရင် နယ်စပ်ကျော်ပြီး ထွက် ပြေးတယ်။ ဗမာဘက်က ဖမ်းလို့မရဘူး။ သူတို့ကို ဖမ်းပေးပါလို့ပြောရင်လည်း ဖမ်းမပေးဘူး။ နောက်ဆုံး မူဂျာဟစ်သူပုန်ခေါင်း ဆောင် ကာဆင်ဟာ ကော့ဘဇားခေေါ် ဖလောင်းချိတ်မြို့မှာရှိနေတာကို ဗမာအစိုးရက အထောက်အထား အခိုင်အလုံနဲ့ တင်ပြပြီး တောင်းဆိုပေမဲ့ ပါကစ္စတန်အစိုးရက ကာဆင်ကို သူတို့အကျယ်ချုပ်ချထားပါတယ်လို့ဘဲ အကြောင်းပြန်ခဲ့ပါတယ်။ တချိန်တည်းမှာဘဲ အရှေ့ပါကစ္စတန်က တရားမဝင်ခိုးဝင်တဲ့သူတွေဟာလည်း ရခိုင်တိုင်းထဲကို နည်းအမျိုးမျိုးနဲ့ ရောက်ရှိလာ ပါတယ်။ တချို့က နယ်စပ်ကိုဖြတ်ပြီး ခြေလျင်ကူးလာတယ်။ တချို့က လှေသမ္ဗာန်တွေနဲ့ အုပ်စုလိုက် ညအချိန်မှာ ခိုးကူး ကြတယ်။ အဲဒါကို ဒေသခံ ပိုက်ဆံချမ်းသာတဲ့မူဆလင်များက သူတို့ပိုင် အုန်းတောတွေ လယ်တွေထဲမှာ ဝှက်ထားပေးပြီး ဗမာစကားနဲ့ ရခိုင်စကားကို ဖြတ်လမ်းနဲ့ သင်ပေးတယ်။ ဗမာစကား ရခိုင်စကား ထမင်းစားရေသောက်တတ်ပြီဆိုရင် ဒီမူဆ လင်များဟာ အနီးအနားက မြို့ရွာတွေကို ကူးသွားကြတယ်။ လူဝင်မှု ကြီးကြပ်ရေးတို့ နယ်ခြားပုလိပ်တို့က စစ်ဆေးရင်လည်း ရွာခံဘင်္ဂလီများကအစ ဘင်္ဂလီသူကြီးအဆုံး ဝိုင်းပြီး ဒီလူတွေဟာ ဒီရွာမှာမွေး ဒီရွာမှာကြီးတဲ့သူတွေပါလို့ လိမ်ညာပေး ကြတယ်။ အဲဒီလိုနဲ့ ၁၉၅၈ခုနှစ် အမျိုးသား မှတ်ပုံတင် ကဒ်ပြား စပေါ်လာတဲ့အချိန်မှဲာဘင်္ဂလီများ အနည်းဆုံး တသိန်းကျော် ဟာ မြန်မာနိုင်ငံသား မှတ်ပုံတင်ကဒ်ပြားကို ရသွားကြတယ်။ ဦးနုအစိုးရကလည်း ၁၉၅၂ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်တွေနဲ့ ရတည (ရခိုင်တိုင်းရင်းသား ညီညွတ်ရေး ပါတီ) က အမတ်တွေဟာ ဖဆပလကိုမထောက်ခံဘဲ အတိုက်အခံ ပမညတကို ထောက်ခံကြတာကြောင့် အငြိုးထားပြီး ခိုးဝင်လာတဲ့ဘင်္ဂလီများ လိမ်လည်ပြီး မြန်မာနိုင်ငံသားဖြစ်လာကြတာကို မျက်စိ မှိတ်ပြီး ကြည့်နေခဲ့ကြတယ်။ အဲဒါကြောင့် ၁၉၅၆ ရွေးကောက်ပွဲမှာ ဘူးသီးတောင်။ မောင်တော မဲဆန္ဒနယ်တွေမှာ ဦးစံ ထွန်းအောင် (ဒေါက်တာအေးချမ်း၏ဖခင်) နဲ့ ကမန် မူဆလင်အမျိုးသား ရှေ့နေ ဦးဖိုးခိုင်တို့ ရှုံးနိမ့်ကြပြီး အဗ္ဗဒူ ဂါဖါး၊ စူလတန် မာမွတ်၊ အဘူဘော်ရှောနဲ့ အဘူခိုင်ဆိုတဲ့ ဘင်္ဂါလီ အမတ်လေးယောက် ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစု လွှတ်တော် ကို တက်ခွင့်ရသွားတယ်။ သူတို့ကတော့ ရခိုင်ပြည်မှာမွေးပြီး ရခိုင်ပြည်မှာ ကြီးတဲ့သူတွေမို့လို့ ရခိုင်စကားနဲ့ ဗမာစကားအပြင် သူတို့ရဲ့မိခင်ဘာသာဖြစ်တဲ့ ဘင်္ဂလီစကားကိုပါ ကောင်းစွာတတ်ကြပါတယ်။ ဒီအမတ်တွေက ဦးနုအစိုးရကို ထောက်ခံကြပါ တယ်။ ဒါပေမဲ့ ၁၉၅ဝ ခုနှစ် သြဂုတ်လမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုစထွင်ခဲ့တယ်ဆိုတဲ့ အဗ္ဗဒူဂါဖါးကိုယ်တိုင် လွှတ်တော် ထဲမှာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို မသုံးနိုင်ခဲ့ပါဘူး။ အကြောင်းကတော့ သူတို့လေးဦးထဲမှာ ဝါအကြီးဆုံးဖြစ်တဲ့ စူလတန်မာမွတ် က အဲဒီနာမည်ကို လက်မခံလို့ပါဘဲ။ စူလတန်မာမွတ်ကတော့ ရခိုင်နေ မူဆလင် (Arakani Muslim) ဆိုတဲ့နာမည်ကို ပို သဘောကျပုံ ရပါတယ်။
ဦးနုနဲ့ ဦးဗဆွေတို့ဟာ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်ခဲ့စဉ်က ရိုဟင်ဂျာဆိုတဲ့နာမည်ကို မဆင်မခြင် သုံးခဲ့ကြ တယ်။ ဝန်ကြီးချုပ်နဲ့ ဒုတိယဝန်ကြီးချုပ်တွေကိုယ်တိုင်က ဒီနာမည်ကို ပေါက်လွှတ်ပဲစားသုံးလိုက်တော့ တချို့သတင်းစာတွေ စာရေးသူတွေကလည်း လိုက်ရေးလာကြတာပေါ့။ နောက်ဆုံး နာမည်ကျော် မြန်မာ့သမိုင်းဆရာကြီး G. H. Luce ကိုယ်တိုင် ၁၉၅၆ ခုနှစ်က ရေးခဲ့တဲ့စာတမ်းတခုမှာ အဲဒီနာမည်ကို ထည့်သွင်းရေးသားခဲ့တာကို တွေ့ရတယ်။ အင်္ဂလိပ်ခေတ် တခေတ် လုံးမှာတော့ ဒီနာမည်ကို တခါမှ မသုံးဘူးပါဘူး။ အိမ်စောင့်အစိုးရခေတ်မှာတော့ ဒီနာမည်ပျောက်သွားတယ်။
၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်ကြတော့ သန့်ရှင်း ဖဆပလက ဦးနုရော တည်မြဲ ဖဆပလက ဦးဗဆွေရော ဒီနာ မည်ကို မဆင်မခြင် သုံးကြပြန်တယ်။ ရွေးကောက်ပွဲနိုင်ပြီး ဦးနုဝန်ကြီးချုပ်ဖြစ်လာချိန်မှာ ဒီရိုဟင်ဂျာဆိုတဲ့ ဘာသာစကားကို ဗမာ့အသံမှာ အင်္ဂလိပ်နဲ့ ဟင်ဒူနီစတန်နီဘာသာတို့နဲ့အတူ အသံလွှင့်ခွင့်ပြုခဲ့တယ်။ အဲဒါကို ကုလားတွေကဂုဏ်ယူပြီး ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် ဦးနုက အသိအမှတ်ပြုတယ်လို့ ပြောနေကြတယ်။ အဲဒီလိုဆိုရင် အင်္ဂလိပ်နဲ့ ဟင်ဒူနီစတန်နီ ဘာသာစကားတွေဟာလည်း အလိုလိုနေရင်း တိုင်းရင်းဘာသာစကားတွေ ဖြစ်ကုန်ကြတော့မှာပေါ့။
၁၉၆ဝ ခုနှစ် ဦးနုအစိုးရခေတ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ မူဂျာဟစ်သူပုန်တွေ လက်နက်ချတယ်။ အဲဒီလက်နက်ချပွဲ အခမ်း အနားမှာ ဒုကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ် အောင်ကြီးက အဲဒီရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကို မဆင်မခြင် သုံး နှုံးလိုက်ပြန်တယ်။ အဲဒါကြောင့် ရန်ကုန်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ အထက်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက သူ့ကို ကောင်းကောင်းဆဲတယ်ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ နောက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဦးနုအစိုးရကို ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်တော့ တိုင်းပြည်ထဲမှာ ရိုဟင်ဂျာဆိုတဲ့ စကားမကြားရတော့ဘူး။ ဗမာ့အသံမှာလည်း နိုင်ငံခြားဘာသာ အစီအစဉ်မှာ အင်္ဂလိပ်ဘာသာတခုဘဲ လွှင့်ခွင့်ရတော့တယ်။ ဟင်ဒူနီစတန်နီရော ရို ဟင်ဂျာပါ လွှင့်ခွင့်မပြုတော့ဘူး။ ဒါပေမဲ့ တဘက်မှာလည်း ရခိုင်ပြည်ထဲကို ခိုးဝင်တဲ့ဘင်္ဂလီများက ရှိဆဲဘဲ။ မြန်မာ လူဝင်မှု ကြီးကြပ်ရေးတွေ ဖောက်ပြန်မှုတွေလည်း ပါတာပေါ့။
အကြီးဆုံး လူဝင်မှု လှိုင်းကြီးကတော့ ဘင်္ဂလာဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲလို့ ခေါ်တဲ့ အရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစ္စတန် နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ် ဖြစ်ချိန်မှာပါ။ အဲဒီအချိန်က ဘီဘီစီ သတင်းဌာနဲ့ ကြေညာချက်အရ အိန္ဒိယပြည်ထဲမှာ အရှေ့ပါ ကစ္စတန် စစ်ပြေးဒုက္ခသည် ဆယ်သန်းရောက်နေပြီး မြန်မာပြည်ထဲမှာလည်း တသန်းခွဲကနေ နှစ်သန်းအထိ ရောက်နေနိုင် တယ်လို့ ခန့်မှန်းတယ်။ အိန္ဒိယအစိုးရကတော့ ပွင့်ပွင့်လင်းလင်းရှိပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဖော်ပြ လိုက်ပြီး အကူအညီတောင်းတယ်။ ဗမာပြည်ဘက်ကတော့ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီဟာ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေဝင်လာမှာကို အရမ်းကြောက်ပြီး ဘယ်သူ့ကိုမှမဖိတ်ခေါ်ဘဲ ရှိတ်မူဂျီဘို ရာမန်ရဲ့ အဝါမီလိဂ် အစိုးရကို ချက်ချင်းအသိအမှတ်ပြုလိုက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်နဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြန်ပို့ဖို့လုပ်တယ်။
ရှိတ်မူဂျီဘို ရာမန် ကလက်ခံပါတယ်။ ဒါပေမဲ့ ဗမာပြည်ရဲ့ အရသာကိုသိသွားတဲ့ ဘင်္ဂလီအများစုကတော့ တဖြည်းဖြည်း တရားမဝင် ပြန်လည်ဝင်ရောက်လာကြတာပါဘဲ။ ဒါကြောင့်လည်း ၁၉၇၅ ခုနှစ်က ရန်ကုန်မြို့မှာ ဘင်္ဂလားဒေ့ရှ် သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာကိုင်ဇာက မြန်မာနိုင်ငံတွင်းမှာ တရားမဝင်ရောက်ရှိနေသော ဘင်္ဂလာ ဒေ့ရှ် နိုင်ငံ သား ငါးသိန်းကျော်ရှိနေသေးကြောင်း သူ့ကိုပြောတယ်လို့ မြန်မာပြည်ဆိုင်ရာဗြိတိသျှသံအမတ် O'Brien က သူ့အစိုးရဆီနဲ့ ဓနသဟာယနိုင်ငံများအဖွဲ့ဆီကိုပို့တဲ့ အစီရင်ခံစာမှာ ရေးထားပါတယ်။ (ဒီစာရဲ့ဖိုတိုကော်ပီ စာရေးသူဆီမှရှိပါတယ်)။ ဒီ ဘင်္ဂလီတွေကိုတော့ အရှေ့ပါကစ္စတန်လွတ်လပ်ရေးစစ်ပွဲအတွင်း ရောက်လာတဲ့ဘင်္ဂလီ၊ ဘင်္ဂလားဒက်ရှ် လွတ်လပ်ရေးစစ်ပွဲ နောက်ပိုင်းရောက်လာတဲ့ ဘင်္ဂလီလူဝင်မှုလှိုင်းကြီးလို့ ခေါ်နိုင်ပါတယ်။
အဲဒီနောက်ပိုင်းမှာ ဘင်္ဂလာဒေ့ရှ်မှာ စစ်တပ်အာဏာသိမ်းမှုဖြစ်တယ်။ ပါကစ္စတန်ဘက်ယိမ်းတဲ့ဂိုဏ်းက ဗိုလ်ချုပ်ကြီး ဇီယာ အူရာမန် အာဏာရလာတယ်။ ရှိတ်မူဂျီဘိုရာမန်နဲ့ မိသားစုတစုလုံး အသတ်ခံရတယ်။ အခု လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဟာ လန်ဒန်မှာ ပညာသင်နေဆဲမို့ ကံကောင်းပြီး လွတ်သွားတယ်။ ပါကစ္စတန်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အ နောက်အုပ်စုနဲ့နီးစပ်တဲ့ အာရပ်နိုင်ငံတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသိအမှတ်ပြုလာကြတယ်။ ရှိတ်မူဂျီဘို ရာမန် ခေတ် တုန်းကတော့ ဆိုဗီယက် ရုရှား။ အရှေ့အုပ်စုတို့နဲ့ နီးစပ်လွန်းတာကြောင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံကို အနောက် အုပ်စုနဲ့ တရုတ် တို့က အသိအမှတ် မပြုကြပါဘူး။
အဲဒီအချိန်မှာဘဲ ဗမာပြည်မှာ တရုတ်နယ်စပ်က ဗကပပြဿနာတွေကြောင့် မဆလအစိုးရဟာ တရုတ်နဲ့ ပြဿနာတက် နေတယ်။ ဗကပတွေကို ဗုံးကြဲတယ်။ မြန်မာ့လေတပ်က ကိုးရီးယားစစ်လက်ကျန် ခေတ်မမီတော့တဲ့ ဂျက်တိုက်လေယဉ် ငါးစင်းကို တရုတ်ကပစ်ချလိုက်တယ်လို့ ဗမာအစိုးရကိုမကြိုက်သူတွေက သတင်းလွှင့်တယ်။ ဗမာပြည်ထဲမှာတော့ တောင် ကိုတိုက်မိလို့ ပျက်ကျသွားတယ်လို့ဘဲ ကြေညာတယ်။ အဲဒီအချိန်မှာဘဲ မဆလအစိုးရဟာ ရခိုင်ပြည်ထဲမှာ ဘင်္ဂါလီဦးရေ ဖောင်းပွနေတာကိုသတိထားမိပြီး နဂါးမင်းစစ်ဆင်ရေးလုပ်တယ်။ ဘင်္ဂလီများ သိန်းနဲ့ချီပြီး ဘင်္ဂလားဒက်ရှ်ကို ထွက်ပြေးကြတယ်။
ဒါပေမဲ့ ဘင်္ဂလာဒေ့ရှ်နဲ့ အရမ်းအလွမ်းသင့်နေတဲ့ အမေရိကန်။ တရုတ်စတဲ့ နိုင်ငံကြီးတွေရဲ့ ဖိအားပေးမှုတွေကြောင့် တ ကြောင်း။ လူဝင်မှုကြီးကြပ်ရေးတွေ လာဘ်စားပြီးထုတ်ပေးထားတဲ့ တရားမဝင် အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေကြောင့် တကြောင်း ထွက်ပြေးတဲ့လူထက် ပိုများတဲ့လူတွေကို ပြန်လက်ခံလိုက်ရတယ်။
နောက်တခါ ၁၉၉၁ ခုနှစ် ဘင်္ဂလားဒက်ရှ်နိုင်ငံထူထောင်ပြီး မှလူဦးရေပေါက်ကွဲမှုကြောင့် ရောက်လာတဲ့ဘင်္ဂလီတွေကြောင့် ပြည်သာယာ စစ်ဆင်ရေးလုပ်တော့လည်း ဒီအတိုင်းဘဲ။ တရုတ်ကတော့ ဖိအားမပေးတော့ပါဘူး။ နဝတနဲ့အရမ်း အလွမ်း သင့်နေလို့ပါဘဲ။ ဒါပေမဲ့ အနောက်အုပ်စုနဲ့ အစ္စလမ်နိုင်ငံတွေရဲ့ ဖိအားက မဆလခေတ်မှာထက် ပိုပြီးပြင်းထန်လာတယ်။ အကြောင်းကတော့ နဝတဟာ မဆလထက်နာမည် ပိုပျက်ခဲ့လို့ပါဘဲ။
တချိန်တည်းမှာ အသားထဲက လောက်ထွက်ဆိုသလို ဗမာအတိုက်အခံတချို့ဟာ ငါနဲ့မတူ ငါ့ရန်သူ။ ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေ ဆိုတဲ့ထုံးကို နှလုံးမူပြီး ဒီရိုဟင်ဂျာတွေဘက် ဝါဒဝင်ဖြန့်ပေးကြတယ်။ တချို့ အတိုက်အခံ အဖွဲ့အစည်းတွေဆိုရင် အာရပ်နိုင်ငံတွေကပေးတဲ့ ပိုက်ဆံတွေကိုယူပြီး ရိုဟင်ဂျာဆိုသူတွေအတွက် သမိုင်းလိမ်ပြီး ဝါဒဖြန့်စာစောင်တွေ မြန်မာဘာ သာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ ရေးသားပေးကြတယ်။ အဲဒါနဲ့ ဒီတခါမှမရှိဘူးတဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်ဟာ ကမ္ဘာကျော် ဖြစ်လာပါတော့တယ်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့လူဦးရေတိုးပွားမှုဟာ အဆမတန်ကြီးထွားနေပြီး လူဦးရေပေါက်ကွဲမှု ဖြစ်လာပြီး အိမ်နီးချင်းမြန်မာနဲ့ အိန္ဒိယပြည်တွေထဲခိုးဝင်ကြလို့ အိန္ဒိယနယ်ခြားစောင့်တပ်ကပစ်သတ်ခဲ့တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေ ရာကျော်နေပါပြီ၊ အာသံဒေသခံတိုင်းရင်းသားတွေနဲ့ တရားမဝင်နေထိုင်သူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေ လူမျိုးရေး ပဋိပက္ခတွေဖြစ်ပြီး အဓိက ရုဏ်းတွေကြောင့် သေကြေပျက်စီးမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယဟာ အနုမြူလက်နက် ပိုင်နိုင်ငံကြီးဖြစ်တဲ့အပြင် အိန္ဒိယ အစိုးရအဆက်ဆက်ဟာ ဒီမိုကရေစီနည်းနဲ့အရွေးချယ်ခံထားရတဲ့အစိုးရတွေဖြစ်လို့ ဘယ်နိုင်ငံကမှ ဝင်မစွက်ရဲပါဘူး။
မြန်မာစစ်အစိုးရအဆက်ဆက်ကတော့ နာမည်မကောင်းခဲ့လို့ ဝိုင်းပယ်ခံနိုင်ငံဖြစ်ခဲ့ရပြီး အမှန်ကိုပြောပေမဲ့ 'ကျားကျား မီး ယပ်' အလုပ်ခံခဲ့ရတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေလှေနဲ့ထွက်သွားပြီး ရောက်ရာနိုင်ငံမှာ မြန်မာပြည်က 'ရိုဟင်ဂျာ' ဆိုပြီး ညာကြတယ်၊ မြန်မာစကားပြန်ခေါ်လာပေးတော့လည်း မြန်မာစကားမတတ်ဘူး။ ဘင်္ဂလီစကားပြန်ပေးပါလို့ပြော လာပြန် တယ်၊ အဲဒီလိုလူတွေကို မြန်မာပြည်ကလူတွေဆိုပြီး မီဒီယာတချို့က ဝင်လိမ်ပေးကြတယ်။ အင်္ဂလန်က လာပါတယ်ဆိုပြီး ရုရှားစကားပြန်တောင်းတဲ့သူတွေကို ကျုပ်တို့က မတရားသက်သေဝင်လုပ်ရင် သူတို့လက်ခံမှာလားလို့သာ မေးချင်ပါတယ်။
အခုအချိန်မှာတော့ "ယာရှင်ကို မျောက်မောင်း" "သူခိုးကလူလူဟစ်" ဆိုတဲ့ စကားပုံတွေအတိုင်း အစွန်းရောက်မူဆလင်များရဲ့ မတရား ဝါဒဖြန့်မှုကို မြန်မာနိုင်ငံအစိုးရ၊ ဗမာတွေနဲ့ ရခိုင်တွေဟာ ကမ္ဘာတဝှမ်းမှာ ခံနေရပါတယ်။ သမိုင်းလိမ် ဓါတ်ပုံ လိမ်တွေကိုပြပြီး ဗုဒ္ဓဘာသာနဲ့ မူဆလင် အဓိကရုဏ်း ဖြစ်သလိုလို ရခိုင်နဲ့ဗမာတွေကဘဲ အင်မတန် သနားစရာကောင်းတဲ့ ရိုဟင်ဂျာတွေကို သွေးချောင်းစီး သတ်နေသလိုလို ကမ္ဘာအနှံ့မှာ လျှောက်ပြီး ဝါဒဖြန့်ကြ ပါတော့တယ်။ အဲဒီ ဝါဒဖြန့်ချက်ဟာ အမေရိကန် ပြည်ထောင်စုအပါအဝင် အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေမှာတော့ ထိရောက်မှုမရှိလှပေမဲ့ မျက်ကန်းမျိုးချစ် များတဲ့ မူဆလင်ကမ္ဘာမှာတော့ အတော်လေးထိရောက်မှုရှိပြီး မြန်မာနိုင်ငံအစိုးရဟာ ဖိအားပေးတာတို့ ခြိမ်းခြောက်တာတို့ လုပ်တာကို ခံနေရပါတယ်။
တရားကို နတ်စောင့်ဆိုတဲ့ စကားရှိပေမဲ့ အဲဒီတရားကိုစောင့်တဲ့နတ်ဟာ မျက်ကန်းမျိုးချစ် အစ္စလမ္မစ်နတ်ဆိုးကို လောလော ဆယ်မှာတော့ နိုင်ဦးမယ်မထင်ပါ။ ရေရှည်မှာတော့ ဓမ္မဟာ အဓမ္မကိုနိုင်တတ်တာ ဓမ္မတာပါ။ ဒါကြောင့် မိမိဘက်က အမှန် ဖြစ်နေသော်လည်း ရခိုင်တွေ ဗမာတွေ ဗုဒ္ဓဘာသာတွေ အားလုံးကို မေတ္တာရပ်ခံချင်တာက ဒေါသကိုရှေ့မထားဘဲ သတိတမံ ဉာဏ်မြေကတုတ် ပညာစွမ်း ချွန်းကဲ့သို့အုပ် ဆိုတဲ့ စကားပုံနဲ့အညီ နေထိုင်ကြပါ။
တချိန်တည်းမှာဘဲ မြန်မာနိုင်ငံထဲမှာရှိတဲ့ မြန်မာ မူဆလင်တွေကို မေတ္တာရပ်ခံချင်တာကလည်း မြန်မာမူဆလင် ကိုမြအေး ပြောသလို မြန်မာမူဆလင်တွေဟာ အမိမြန်မာနိုင်ငံအပေါ်မှာ သစ္စာရှိရမယ်၊ နိုင်ငံခြားသား အစ္စလမ်ဘာသာဝင်တွေဘက် က ရှေ့နေလိုက်စရာ ဝင်ကူစရာမလိုဘူးဆိုတာကို သတိမူကြပါ။ ဆရာကြီး ဦးရာဇတ်တို့ ခေါင်းဆောင်ခဲ့တဲ့ မြန်မာမူဆလင် ကွန်ဂရက်ရဲ့ ၁၉၅ဝခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ပါ ကြေညာစာတမ်းအတိုင်း မြန်မာမူဆလင်များသည် တိုင်းတပါးသား မူဆ လင်များကို ညီရင်းအကိုပမာ ချစ်ခင်မည်ဖြစ်သော်လည်း ၎င်းနိုင်ငံခြားသား မူဆလင်များနှင့် အမိမြန် မာနိုင်ငံတို့ ပြဿနာ ပေါ်လာခဲ့လျှင်ကား ကျွန်ုပ်တို့ မြန်မာမူဆလင်များသည် အမိမြန်မာနိုင်ငံဘက်မှ သစ္စာရှိစွာ ရပ်တည်ကြမည်ဆိုသော ဆောင် ပုဒ်ကို သတိရကြပါ။ ၎င်းဆောင်ပုဒ်အတိုင်း လိုက်နာကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
မြန်မာပြည်နဲ့ဗုဒ္ဓဘာသာဝင်များ အာရပ်နဲ့မူဆလင်နိုင်ငံတွေမှာနာမည်ပျက်နေရတာ သူတို့နိုင်ငံတွေကို သတင်းမှန်တွေ မ ရောက်လို့ပါ။ မြန်မာပြည်မှာဘာသာပေါင်းစုံချစ် ကြည်ရေးပူးပေါင်းဆောင်ရွက်နေကြတာ၊ မင်းလှမှာမူဆလင်ဘာသာ ဝင် တွေကို ရဟန်းတွေခေါင်းဆောင်တဲ့ဗုဒ္ဓဘာသာ ဝင်တွေကကယ်ပြီးရန်ကုန်အထိလိုက်ပို့ ပေးတယ်ဆိုတဲ့သတင်းမျိုးတွေ အာရပ်နဲ့မူဆလင်နိုင်ငံတွေကိုရောက်ရပါမယ်။ မြန်မာပြည်မှာရှိတဲ့ မူဆလင်ဘာသာရေးအဖွဲ့အစည်းတွေကလည်းတရားဝင် ကြေညာချက်တွေ အင်္ဂလိပ်၊ မြန်မာ၊ အူရဒူ၊ အာရပ် လေးဘာသာနဲ့ထုတ်ဝေပေးသင့်ပါတယ်။ နောက်ပြီးကမ္ဘာပတ်ကာ မြန်မာပြည်၊ မြန်မာတွေနဲ့ ဗုဒ္ဓဘာသာကို နည်းမျိုးစုံနဲ့နာမည်ဖျက်နေ၊ လုပ်ကြံသတင်းတွေလွှင့်နေတဲ့လူတွေကို မြန်မာပြည်က မူဆလင်အသင်းတွေက ရှုံ့ချကြောင်း ဒီကောင်တွေ့နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း တရားဝင်ကြေညာချက်တွေ အင်္ဂ လိပ်၊ မြန်မာ၊ အူရဒူ၊ အာရပ် လေးဘာသာနဲ့အတိအလင်းကြေညာသင့်ပါတ ယ်။
အဲဒီကြေညာချက်တွေထွက်လာတာနဲ့ မြန်မာပြည်နဲ့ဗုဒ္ဓဘာသာဝင်များဟာ အာရပ်နဲ့မူဆလင်နိုင်ငံတွေမှာနာမ ည်မပျက် တော့မည့်အပြင် မြန်မာပြည်ကမူဆလင်အသင်းတွေဟာလည်း မြန်မာပြည်သူလူထုကြီးရဲ့ လေးစားချစ်ခင် ယုံကြည်မှုတွေရ လာမှာ သေချာပါတယ်။
ခရစ်ယာန်၊ ဟိန္ဒူနဲ့ အခြားဘာသာဝင်များအတွက်လည်း အထူးမှာကြားလိုတာကတော့ ဒီကိစ္စဟာ လူများစု ဗုဒ္ဓဘာသာဝင် များနှင့် လူနည်းစု ဘာသာဝင်တခု၏အကြားဖြစ်သည့် ပဋိပက္ခမဟုတ်ပါ။ မြန်မာ နိုင်ငံတွင်းကို ကျူးကျော် ဝင်ရောက်လာတဲ့ တိုင်းတပါးသားများက အရိပ်နေနေ အခက်ချိုးချိုး မြန်မာနိုင်ငံပိုင် တစိတ်တဒေသကို ဖဲ့ထုတ်လိုတဲ့ကိစ္စသာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ၁၉၃၇ ခုနှစ် မတိုင်မီကတည်းကပင် စ၍ ကြံစည်နေခဲ့သောကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မည်သည့်ဘာသာဝင် ပင်ဖြစ်စေ အမိမြန်မာနိုင်ငံအား သစ္စာရှိကြပါလို့ အထူးပန်ကြားလိုပါတယ်။
● နိဂုံး
ဗမာစကားမှာ ပွဲလန့်တုန်းဖျာခင်းဆိုတဲ့စကားပုံ ရှိပါတယ်၊ ဒီရိုဟင်ဂျာဆိုတဲ့ပြဿနာဟာလည်း မြန်မာပြည်မှာ နိုင်ငံရေး အကြပ်အတည်းတွေနဲ့အတူပေါ်လာလေ့ရှိတာကို သတိထားမိကြပါလိမ့်မယ်။ လသာတုန်းဗိုင်းငင်၊ မိုးရွာတုန်းရေခံ လုပ်ချင်တဲ့ သဘောလည်းပါသလို လူသားချင်းစာနာစိတ်၊ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးလှလှလေးတွေသုံးပြီး ပွဲကိုလှန့်ပြီး ဖျာဝင်ခင်း မည့်သဘောလည်း ပါနေတယ်ဆိုတာကို မြန်မာပြည်သူပြည်သားတွေ သတိရှိကြစေလိုပါတယ်။
http://blog.moemaka.com/2017/08/blog-post_299.html

Thursday, August 17, 2017

ဖါးနဲ့ ကင်းမြီးကောက်

အသက်​​တွေကြီးလာကြပြီဆို​တော့ မ​​ကောင်းတဲ့​အကျင့်​​တွေ​ သံ​ဝေဂတရားရပြီး​ပျောက်​ကုန်​ပြီထင်ခဲ့​ပြီး လူရာသွင်းခဲ့မိတဲ့ ကျွန်​​တော်​ကိုယ်​တိုင်​က အဆိပ်ပင်​​ရေ​​လေါင်းမိတဲ့ ​တရာခံဖြစ်​​နေပြီ...
သြော်​...ဗီဇ..ဗီဇ..ဗီဇဆိုတာ​ဖျောက်​လို့မရပါလား​နော်​...

ကင်းမြီးကောက် တစ်ကောင်ဟာ...
သူနေတဲ့ ကျွန်းကလေး တစ်ကျွန်းကနေ...
မြစ်တစ်ဖက်ကမ်းမှာ ရှိတဲ့...
နောက်ကျွန်း တစ်ကျွန်းကို သွားချင်တယ်။

ဒါပေမဲ့.! ကင်းမြီးကောက်ဟာ ရေမကူးတတ်လို့ ..
မြစ်ကို ဖြတ်ဖို့ အခက် အခဲ ဖြစ်နေတယ်... မြစ်ကမ်းဘေးမှာလျှောက်သွားရင်း..
ဒီမြစ်ကို ဘယ်လို ကူးရပါ့လို့ အကြံထုတ်နေတုံး...
ရုတ်တရက် မြစ်ရေ ကမ်းစပ်မှာ ရေစိမ်နေတဲ့...
ဖါးတစ်ကောင်ကို တွေ့ လို့ သွားစကား ပြောတယ်။
ကင်းမြီးကောက်က...
"ကိုရွှေဖါးရေ ကျနော့်ကို...
ခင်ဗျားရဲ့ ကျောပေါ် တင်ပြီး...
ဟိုဖက်ကမ်းကို ပို့ ပေးပါလား...
ကျေးဇူးမမေ့ပါဘူးဗျာ"...
ဖါး...
"ဟာ.! ဘယ်ဖြစ်မလဲ...
မင်းကို ကျောပိုး သွားရင်...
ငါ့ကို မင်းရဲ့ အဆိပ်ရှိတဲ့...
အစွယ်နဲ့ ထိုးလိုက်ရင်...
ငါ ရေနစ် သေသွားမှာပေါ့"...
ကင်းမြီးကောက်...
"ကိုရွှေဖါးရယ် ခင်ဗျားကို...
ကျနော် အစွယ်နဲ့ ထိုးပါ့ မလားဗျာ...
ကျနော့်ကို ဟိုဖက်ကမ်း ပို့ ပေးတဲ့...
ကျေးဇူးရှင်ကို လုပ်ရက်ပါ့ မလားဗျာ...
နောက်ပြီး.! ခင်ဗျားကို အစွယ်နဲ့ ထိုးလိုက်လို့ …
ခင်ဗျား ရေနစ်ရင် ကျနော်လဲ ရေနစ်သေမှာပဲလေ...
ကျနော် ရေမကူးတတ်ဖူး ဆိုတာ ခင်ဗျား သိပါတယ်ဗျာ...
ဖါးကလဲ စဉ်းစားတယ်...
ကင်းမြီးကောက် ပြောတာလဲ ဟုတ်သားပဲ...
သူ့ကိုယ်သူ ရေအနစ် အသေခံပြီး ငါ့ကို...
အစွယ်နဲ့ ထိုးစရာ အကြောင်း မရှိပါဘူးလေ...
အဲဒီတော့ ဖါးကလဲ ဟိုဖက်ကမ်းကို...
ပို့ ပေးမယ်လို့ သဘောတူလိုက်တယ်...
ဒါနဲ့ ဖါးက ကင်းမြီးကောက်ကို...
ကျောပေါ်တင်လို့ ရေစီးသန်တဲ့ မြစ်မှာ...
သူ့ ကိုယ်ကို ရေအပေါ် ပေါ်အောင်...
ကြိုးစားပြီး မြစ်ကို ဖြတ်ကူးပါတော့တယ်...။
မြစ်လယ်ကို ရောက်တော့ ဖါးဟာ...
သူ့ ကျောမှာ စူးကနဲ ခံစားလိုက်ရတယ်...
နောက်ကို အသာလှည့်ကြည့် လိုက်တော့...
ကင်းမြီးကောက်ဟာ အစွယ်ကိုသူ့ ရဲ့
နောက်ကျော ကနေ ဆွဲနူတ်လိုက်တာ
တွေ့ လိုက်ရတယ်...။
ဖါးလဲ နာကျင် ဝေဒနာ ခံစားရင်း ပြောလိုက်တယ်...
ဟာ..! မင်းဘယ်လို လုပ်လိုက်တာလဲ...
မင်းပဲ စောစောက ပြောတယ်လေ...
ငါ့ကို အစွယ်နဲ့ မထိုးပါဘူးလို့ .
အခု.! ငါ့မှာ အဆိပ်တက်နေပြီ...
ငါ ရေနစ်ပြီး သေရင် မင်းလဲ...
ရေနစ်သေမှာ မကြောက်ဖူးလား..?
ကင်းမြီကောက်က ဘာပြန်ပြောသလဲ ဆိုတော့...
ခင်ဗျား သေရင် ကျနော်လဲ ရေနစ်သေမှာ သိပါတယ်...
ဒါပေမဲ့.! တစ်ခြား သတ္တဝါ တစ်ကောင်ကို တွေ့ ရင်...
အစွယ်နဲ့ ထိုးတတ်တဲ့ ကျနော့်ရဲ့ ဗီဇကို ဖျောက်မရလို့  ပါဗျာ...။
နောက်ဆုံးမှာတော့...
ဖါးနဲ့ ကင်းမြီးကောက်၂ကောင် စလုံးဟာ...
မြစ်ရေထဲ နစ်မြုပ် သေဆုံး သွားကြပါတော့တယ်ရှင်..။
ဒီပုံပြင်လေးဟာ... နိုင်ငံခြားမှာ အလွန် နာမည်ကြီးတဲ့ ပုံပြင်လေးပါ။ ကလေးပုံပြင် မဟုတ်ပါဘူး။ လူတွေရဲ့ အကျင့်စာရိတ္တနဲ့ ပတ်သက်တဲ့ အသိပညာ ပေးတဲ့ ပုံပြင်ပါ။
သနားလို့ ကူညီပေမဲ့လဲ... အဲဒီလိုဗီဇ
မဖျောက်နိုင်တဲ့ လူတွေနဲ့ တွေ့ ခဲ့ရင်
ကူညီပေးတဲ့ သူပါ ဒုက္ခ ရောက်တတ်တယ်
ဆိုတဲ့ သတိပေး သင်ခန်းစာလေးပါ…
ကျမကိုယ်တိုင်လဲ ဒီပုံပြင်ကိုခါခါဖက်မိပေမဲ့
စာနာသနားမိတဲ့ သဒ္ဒါတရားကတားဆီးမရနိုင်
ခဲ့တော့လက်တွေ့ ခံစားလိုက်ရပါတယ် ဒါပေသိ
ဘယ်သူမပြုမိမိအမှုပါပဲမို့ နှလုံးသွင်းဆင်ခြင် နေမိ လိုက်ရပါတော့တယ်ရှင်…။
မိတ်ဆွေအပေါင်းတို့ လဲသိထားဆင်ခြင်စေဖို့ ရန်
မျှဝေပေးပါတယ်ရှင်…။
ကျန်းမာရွှင်လန်းကြပါစေရှင်…။
CrdးWai wai Tun

 No automatic alt text available.

Monday, July 31, 2017

လောဘကြီး၍ ကပ်စေးနည်းသော သူဌေး

#ဘယ်အရာမှ မတည်မြဲခြင်းသာ အမှန်တရားဖြစ်သည်. . . .။
တောင်ကိုးရီးယား၏ သန်းကြွယ်သူဌေးမိသားစုသည် ဆွေစဉ်မျိုးဆက် ကုန်းကောက်စရာမရှိအောင် ဆင်းရဲသော ဘဝ သို့ ရောက်ရှိသွားတော့သည်။
******************
၁၉၈၇ခုနှစ်
ဝူးဆန်း (Woosung) ဆောက်လုပ်ရေးအဖွဲ့သည် ၄ ထပ်တိုက်တခုကို တာဝန်ယူ ဆောက်လုပ်နေခဲ့သည်။ အဆောက်အဦး ၃ ပုံ ၁ ပုံ ပြီးသလောက်ဖြစ်နေစဉ် ရီဂျွန်းဆိုသော ပုဂ္ဂိုလ်ရောက်လာပြီး အဆောက်အဦး အင်ဂျင်နီယာချုပ်ကို ဒီလိုပြောလိုက်သည်။
"၄ ထပ်တိုက်ကနေ ကုန်တိုက်ကြီး ပြောင်းဆောက်မယ်ဗျာ.."
အင်ဂျင်နီယာက ရှင်းပြသည်။
"မဖြစ်နိုင်ပါဘူးခင်ဗျာ...။ကျွန်တော်တို့အနေနဲ့ လူနေအိမ်နဲ့ ကုန်တိုက်..ဒီနှစ်ခု အောက်ခြေတိုင် အုတ်မြစ်ချရတဲ့ သတ်မှတ် စံချိန် စံညွှန်း ဟာ အလွန်ကွာခြားလှပါတယ်။အစကနေပြန်ဆောက်ရပါမယ်ခင်ဗျာ..."
"ဪ... ဟုတ်လား ဒါဆိုခင်ဗျားတို့ အကုန်လုံး အလုပ်ဖြုတ်တယ်ဗျာ မနက်ဖြန်က စပြီးမလာနဲ့တော့"
သန်းကြွယ်သူဋ္ဌေး ရီဂျွန်းသည် ဆမ်းပွန်းဟူသောအမည်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီကြီးတခုကို ကိုယ်ပိုင်ထူထောင်လိုက်လေသည်။
သူကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ပြီး ကုန်တိုက်ကြီးကို ဆက်ပြီး ဆောက်လိုက်တော့သည်။ သူ့သားကို ကုန်တိုက်ပိုင်ရှင် အဖြစ်ခန့်အပ်သည်။
သူသည် အင်ဂျင်နီယာ ကိုအမိန့်ပေး၍ အဆောက်အဦး၏အသေးစိတ် အဆောက်အဦးပုံစံစာရွက် (blueprints)ကို သူ့စိတ်ကြိုက်ပြောင်းသည်။
" ၅ ထပ်ဆောက်ကွာ.."
အင်ဂျင်နီယာများအား ဘာမှပြောခွင့်မပေး။
လေးထပ်တိုက်ဆောက်ရန် အတွက်သာ အုတ်မြစ်ချထားသော အဆောက် အဦးကို ၅ ထပ်ကုန်တိုက်ကြီးသို့......,
စက်လှေကားများ ထည့်သွင်းမစဉ်းစားထားသော လေးထပ်တိုက်အဆောက်အဦးကို အလွန်လေးသော စက်လှေကားများစွာပါသည့် ကုန်တိုက်ကြီးသို့.....,
"၂ ထပ်ကို စာကြည့်တိုက်အကြီးကြီး လုပ်မယ်.."
အလွန်လေးသော စာအုပ်များအတွက် ခိုင်မာသောကြမ်းခင်းလိုအပ်သည်ကို ရီဂျွန်းဂရုမစိုက်ခဲ့......။
အစိုးရဘက်က စစ်ဆေးရေးဝင်လျှင် လာဘ်ထိုးလိုက်သည်...။ ငွေရှိသော ရီဂျွန်းသည် ပို၍ပို၍ ချမ်းသာချင်ကာ လောဘမသတ်နိုင်ဘဲ ထင်တိုင်းကြဲနေတော့သည်။
ထို့နောက် သူသည် သူ့ကုန်တိုက်ကြီး၏ နံဘေးတွင် သူ၏ ဆောက်လုပ်ရေးအဖွဲ့ ဆမ်းပွန်း အမည်ဖြင့် လူနေတိုက်ခန်းအဆောက်အဦး အမြင့်များ ထပ်ဆောက်လိုက်သည်။
ထိုစဉ်က တောင်ကိုးရီးယားနိုင်ငံ တိုးတက်ချမ်းသာကာစ အချိန်ဖြစ်သည်။ ပြည်သူတို့သည် ဈေးကြီးကြီး တိုက်ခန်းမြင့်မြင့်တွင် ကြွားကြွားဝါဝါ နေလိုကြသည်။ နိုင်ငံခြားမှ တိုက်ရိုက်လာသည့် ဈေးကြီး ပစ္စည်းတို့ဖြင့် ပြည့်နှက်နေသော ကုန်တိုက်ကြီးတွင် ဈေးတက် ဝယ်ချင်ကြသည်။ ဈေးမဝယ်နိုင်ပင် လျှင်တောင် လမ်းသလား၍ ပိုက်ဆံရှိချင်ယောင်ဆောင်ချင်ကြသည်။
ရီဂျွန်းသည် ထိုအချက်ကို ကောင်းစွာနားလည်၍ အသုံးချလိုက်သည်။ ချမ်းသာသောသူများဆီသို့ ခမ်းနားသော အိမ်တိုက်ခန်းများ နှင့် ဇိမ်ခံပစ္စည်းများရောင်းချခြင်းအားဖြင့် သူတို့၏ ငွေခြူချ ရမည်ဖြစ်သည်။
ရီဂျွန်းသည်ဒေါ်လာနှင့်ပြောမည်ဆိုလျှင် ဒေါ်လာသန်းကြွယ်သူဌေး ဖြစ်ပါသည်။ သို့သော် သူသည် ကပ်စီးနည်း၍ လောဘကြီးသော လူယုတ်မာသူဌေးဖြစ်သည်။ ထိုသူဌေးတို့၏ထုံးစံအတိုင်း ငွေတဖို့သာကြည့်ခဲ့သည်။
၎င်းကုန်တိုက်အဆောက်အဦး အန္တရာယ်ရှိသည် မရှိသည်ကို အလေးမထားပါ။ ကုန်တိုက် ၅ ထပ်ကို မြန်နိုင်သမျှမြန်မြန် နဲ့ ပေါပေါ ဆောက်မည်...။
အပေါ်ယံကိုမူ အလွန်ကြည့်ကောင်းသော ခမ်းနားသည့် အဆောင်အယောင်တို့ဖြင့် တန်ဆာဆင်မည်။
သူ့စီးပွားရေးဆိုင်တွေဖွင့်မည်။ ကျန်ဆိုင်များကိုငှားစားမည်။
*********************
ဆမ်းပွန်း ကုန်တိုက်ကြီးကို၁၉၈၉ ခုနှစ်တွင် အပြီးဆောက်လုပ်၍ ၎င်းကို ၁၉၉၀ ဂျူလိုင် ၇ရက်နေ့တွင်ဖွင့်လှစ်ခဲ့သည်။
*********************
ကုန်တိုက်၏ ငါးလွှာအပေါ် အမိုးတွင် ကုန်တိုက်တခုလုံးကို အအေးဓာတ်ပေးသော ကြီးမားလေးလံသော အဲယားကွန်းပန်ကာပုံးကြီး (ကွန်ပရက်စာ)၃ ခု ရှိသည်။
( ၎င်းတို့ကို air conditioner ၏ compressor ဟုလည်းခေါ်ကြသည်။)
ထိုစက်ကြီး ၃ခု သည် စုစုပေါင်း ၃၆ တန်လေးသည်။ ထိုစက်ကြီး ၃ခု လည်ပတ်လိုက်လျှင် ၈၇ တန်အထိ အလေးချိန်မြင့်တက်သည်။
ထိုအလေးချိန်သည် ၅ လွှာခေါင်မိုး က ထမ်းဆောင်နိုင်သည့် အလေးချိန်ထက် ၄ဆ ပို၍လေးနေပါသည်။
ကုန်တိုက် ငါးလွှာရှိ ထိုအဲယားကွန်းပုံးကြီးများသည် အသံကျယ်လောင်စွာမြည်၍ နံဘေးမှ ရီဂျွန်း ဆောက်လုပ်ထားသည့် အဆင့်မြင့်တိုက်ခန်းမှလူတို့သည် စိတ်ဒုက္ခရောက်ကြသောကြောင့် ပြဿနာတက်လေတော့သည်။
ဒီလိုပြဿနာတက်လျှင် သူ့တိုက်ခန်းတွေ အရောင်းထွက်မည်မဟုတ်...။
"အဲယားကွန်းစက်ကြီးတွေကိုအမိုးရဲ့ တဖက်ကိုရွှေ့" ရီဂျွန်းက ပြောလိုက်သည်။
"အလွန်လေးတဲ့အတွက် ကျွန်တော်တို့ ကရိန်းငှားရပါမယ်..ကရိန်းနဲ့မရွှေ့ရင် ကုန်တိုက်ကြီး ဒါဏ်ဖြစ်သွားပါလိမ့်မယ်"ဟုအင်ဂျင်နီယာအဖွဲ့ကပြောသည်။
ကပ်စေးနည်းသော သူဌေးသည်...
"ဘာလို့ ကရိန်းငှားရမှာလဲ မင်းတို့တွေ ခြေတွေလက်တွေရှိနေတာဘဲ.. ဒလိမ့်တုံးတွေနဲ့ခံပြီး လူအင်အားနဲ့ရွှေ့"
နဂိုထဲက မတောင့်တင်းသောခေါင်မိုးသည် အဲယားကွန်းစက်ကြီးများရွှေ့ပြီးသောအခါ အက်ကြောင်းများ စ တင်ပေါ်လာတော့သည်။
ဤအချက်သည် ကုန်တိုက်ကြီး တခုလုံးကို ၂၂ စက္ကန့်အတွင်း ပြိုကြစေကာ အမှိုက်ပုံအဖြစ်ပြောင်းလဲလိုက်သောအဓိက အချက်ဖြစ်လေသည်။
***********************
ကုန်တိုက်ကြီးမပြိုကျခင် လ အနည်းငယ်ကစပြီး ကုန်တိုက်ကြီးရဲ့ ၅လွှာသည် အောက်ကိုနိမ့်ဝင်လာခဲ့တယ် ဆိုတာကို ဥက္ကဋ္ဌကြီး ရီဂျွန်းသိနေခဲ့သည်။ ကုန်တိုက် အုပ်ချုပ်ရေးမှုးက မကြာခဏတင်ပြခဲ့သည်။
ရီဂျွန်းသည် ၅ လွှာခေါင်မိုးပေါ် မကြာခဏတက်ကြည့်ခဲ့သည်။
အောက်ကမော့ကြည့်လျှင် မသိသာပေမဲ့ ခေါင်မိုးပေါ်တက်ကြည့်လျှင်အမိုးကြီး၏ ဘေးပတ်လည်တိုင်များသည် အပေါ်ကိုထိုးထွက်နေသည်ကိုမြင်ရပြီး အမိုးကြီးက တဖြည်းဖြည်းနိမ့်ဝင်နေသည်ကိုထင်ရှားစွာတွေ့လိုက်ရသည်။
ပြင်သင့်ပြီ....။ ဒီ အမိုးလေးပဲပြင်လို့ ပြီးမည်မဟုတ် ..ဒီအဆောက်အဦးနှင့် ပတ်သက်ပြီး သူ ဘာတွေလုပ်ခဲ့သည်ကိုသူအသိဆုံး...။
အစ အဆုံးပြန်ဆောက်ရမည်။သုံးထားသည့် အပေါ်ယံ အဆောင်အယောင်ပစ္စည်းတွေကလဲ အလွန်ဈေးကြီးသည်။ဒါတွေ အကုန်ဆုံးရှုံးတော့မည်။
ကပ်စေးနည်းသော သူဌေးတုန်လှုပ်သွားသည်။
ချွေတာကာမှ နှစ်ဆကုန်တော့မည့်အဖြစ်...။
သူ့အား တားမြစ်ခဲ့သော အင်ဂျင်နီယာများ၏ စကားများကို ကြားယောင်မိသည်။
"အရှက်ကွဲပြီ..."
ဒီအတွေးကိုတွေးမိသည့် မာနကြီး၍ ကပ်စေးနည်းသော သူဌေးသည် ဒီကုန်တိုက်ကြီးကို အစ အဆုံးပြန်ဆောက်ရမည်ကို မေ့ပစ်လိုက်တော့သည်။
"၅ လွှာက လေးပင်တဲ့ပစ္စည်းတွေ အောက်ကအလွှာတွေကိုရွှေ့.."

၅ လွှာသည် စားသောက်ဆိုင်များရှိသော စားသောက်တန်းဖြစ်သည်။
********************
ကုန်တိုက်ကြီးမပြိုကျခင် တလအလို....။
ရီဂျွန်းသည် ၅ လွှာခါင်မိုးကို ထပ်၍ တက်ကြည့်ခဲ့သည်။ အက်ရာတွေ တော်တော်များနေလေပြီ။ ထိုအခါ ရီဂျွန်းသည် အင်ဂျင်နီယာများကိုခေါ်၍ ခေါင်မိုးတခုတည်းကိုသာ ပြင်ဆောက်ရန် ပြသခဲ့သည်။
"အန္တရာယ်အလွန်ကြီးပါတယ် သူဌေးမင်း..ခေါင်မိုးတခုတည်းပြင်လို့မရပါဘူး..။ဒီအဆောက်အဦး ပြိုကျနိုင်ပါတယ်..."
အန္တရာယ် ရှိတာတော့ သေချာပြီ...။
"အင်း ချက်ချင်းတော့ မပြိုကျသေးပါဘူး "
ပြိုကျတဲ့အထိ စောင့်ပြီး ရသမျှငွေရှာလိုက်ဦးမယ်...လူနည်းနည်းပါးပါးထိခိုက် သေဆုံးတော့လည်း ငွေနဲ့ဖြေရှင်းလိုက်မယ်။"
***************************
ကုန်တိုက်ကြီး မပြိုခင် တရက်အလို...။
"ခင်ဗျားတို့ ထမင်းသုပ်က သဲတွေနဲ့ပါလားဗျ... "
စားသောက်ဆိုင် တာဝန်ခံရောက်လာသည်။
"တောင်းပန်ပါတယ်ရှင် အသစ်ပြန်လုပ်ပေးပါ့မယ်...။ ကျသင့်ငွေလဲမယူပါဘူး"
စားသောက်ဆိုင် တာဝန်ခံ စဉ်းစားရကြပ်နေသည်။ ဒီနေ့ဒီလိုပြဿနာမျိုးကြုံတာ ဒါပါနဲ့ဆို ၃ ကြိမ်ရှိပြီ။
သူမ စိတ်ဆိုး မာန်ဆိုးနဲ့ နောက်ဖေးဆောင်ထဲသို့ ဝင်သွားသည်။ ဟင်းရွက်ဆေးနေသော အဒေါ်ကြီးက အမိုးကို လက်ညှိုးထိုးပြရင်း
"အပေါ်က သဲတွေ ဘိလပ်မြေမှုန့်တွေ ဆက်တိုက်ကျ နေတယ် ဟင်းသီးဟင်းရွက်တွေ ပြန်ဆေး အုပ်ထားလည်း ထပ်ကျနေတော့ ..ကျွန်မတို့ အခက်အခဲရှိပါတယ်"
စားသောက်ဆိုင်တာဝန်ခံက ကုန်တိုက်အုပ်ချုပ်ရေးမှုး ကိုတင်ပြလိုက်သည်။
"မင်း ဘယ်သူ့ကိုပြောလိုက်သေးလဲ...?"
"ဘယ်သူ့ကိုမှ မပြောပေမဲ့ အောက်ခြေဝန်ထမ်းတွေ အရင်သိနေပါတယ် အုပ်ချုပ်ရေးမှုကြီးရှင့်.."
"အေး..မင်းတို့ဆိုင်ကို ဒီနေ့ကစပြီးပိတ်လိုက်တော့...ဘာမှ မဟုတ်ပါဘူးကွာ ခေါင်မိုးပေါ်ကအဲယားကွန်းတွေဖွင့်ထားတော့ တုန်နေလို့ ဒီလိုဖြစ်တာ "
ထို့နေ့က ထမင်းစားနေသောသူများအပေါ်သို့ပင် သဲမှုန်များ ဟိုနည်းနည်း ဒီ နည်းနည်းကျလာတော့သည်။
သို့သော် ဘယ်သူမှမရိပ်မိခဲ့...။ အဲဒီအခြမ်းက ထမင်းသုပ်ဆိုင် ပိတ်လိုက်သည်။
****************
၁၉၉၅ ခုနှစ် ၆ လပိုင်း ၂၉ ရက်နေ့...။
ညနေ ၂ နာရီ...။
ကုန်တိုက်ကြီးပြိုကျသောနေ့ဖြစ်သည်။
ဥက္ကဋ္ဌကြီး ရီဂျွန်းသည် ကုန်တိုက်ကြီး၏ ရုံးခန်း တွင် သူ့သား ( ကုန်တိုက်ပိုင်ရှင်) နှင့်အတူရှိနေခဲ့သည်။
ကုန်တိုက် အုပ်ချုပ်ရေးမှုးကဥက္ကဋ္ဌ ရီဂျွန်းနှင့် သူ၏သား ကို မနေ့ကအကြောင်း တင်ပြသည်။
"ဒီနေ့ ပိုပြီးဆိုးလာတယ် အမိုးတွေအက်ပြီး သဲတွေကျလာပြီ သူဌေး။ အဲယားကွန်းကြီး ကျွံကျလာတော့မယ်"
"အရေးပေါ် အစည်းအဝေးလုပ်ကြမယ်..." ရီဂျွန်းက ပြောလိုက်သည်။
အထက်လူကြီး အနည်းငယ်သာ အစည်းအဝေးတက်ရောက်ခွင့်ရခဲ့သည်။
"အုပ်ချုပ်ရေးမှုး ....အခု အချိန်က စပြီး ကျုပ်ပြောတဲ့အတိုင်း ခင်ဗျားလုပ်... ခဏကြာရင် အဲယားကွန်းပိတ်လိုက်တော့..."
"ဗျာ...ဒီလို နွေရာသီကြီးမှာကုန်တိုက်ကြီးတခုလုံး အဲယားကွန်းပိတ်ရမယ်လို့ သူဌေးပြောလိုက်တာလားခင်ဗျာ...! အဲယားကွန်းပိတ်မယ့်အစား ကုန်တိုက်ကြီး ပိတ်လိုက်ရင် ကောင်းမလားလို့ပါ သူဌေးမင်း?"
လောဘကြီး၍ ကပ်စေးနည်းသော သူဌေး သည် ကုန်တိုက်ပုံမှန် ပိတ်ချိန်အထိ ငွေရှာချင်သည်။ ကျန်သော နာရီအနည်းငယ်အတွင်းရရှိမည့် ငွေကိုအဆုံးအရှုံးမခံနိုင်ခဲ့...။
" #%$ ပိတ်ဆိုပိတ် စကားမရှည်နဲ့ ..လူတွေ ၅ လွှာကို မတက်နိုင်အောင် လှေကား၊ ဓာတ်လှေကား၊ စက်လှေကားတွေမှာ စောင့်ပြီး အပေါ်မတက်နိုင်အောင်တားဆီးကြ...ဒီနေ့ ၅ လွှာက စားသောက်တန်း ပိတ်လိုက်ပြီလို့ အသံလွှင့်စက်က ကြေငြာ...'! "
အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့သည် ၅လွှာတွင်ရှိနေသော သူများကို အောက်ဆင်းပေးရန် စတင်ရှင်းလင်းတော့သည်။
******************
ညနေ ၃ နာရီ ၃၀ မိနစ်...။
အက်သံကြီးတွေ ဟိုနေရာ ဒီနေရာမှ ၁၀ မိနစ်ခြားခန့်ထွက်နေသည်။
"သူဌေး ..သူဌေး ၅လွှာ ဟိုဘက်အခြမ်းက စပြိုနေပြီ...တကယ်ပြိုကျတော့မယ်ဗျ...။အက်ကြောင်းကြီးတွေ ၁၀ စင်တီမီတာအထိ ကွဲကုန်ကြပြီး ကျွန်တော်တို့အားလုံး သေတော့မယ် ...။ "
အုပ်ချုပ်ရေးမှုးကပြောလိုက်သည်။
"အုပ်ချုပ်ရေးမှုး ..အရေးကြီးတဲ့ ပစ္စည်းတွေယူ...၄လွှာက စိန်တွေရွှေတွေယူ..ငါတို့ အရင်ထွက်နှင့်မယ်"
"အရေးပေါ်ခေါင်းလောင်းဘယ်တော့ပေးရမလဲ သူဌေး...ကုန်တိုက်ထဲကလူတွေ ဘယ်လိုလုပ်ရမလဲ.."
" အခုကြေငြာလိုက်ရင် လူတွေရုတ်ရုတ်သည်းသည်းဖြစ်ကုန်မယ်... ငါတို့ အပြင်ထွက်လို့ရမှာမဟုတ်ဘူး။ ငါတို့ ပစ္စည်းတွေသိမ်းပြီး အပြင်ရောက်မှ အရေးပေါ်ခေါင်းလောင်းခေါက် "
ဥက္ကဋ္ဌ နှင့် သူ့သား ၊အုပ်ချုပ်ရေးမှုး၊ အစည်းအဝေးတက်ခဲ့သော လူတချို့သည် ရက်စက်ယုတ်မာစွာ ကုန်တိုက်ကြီးကို စွန့်ခွာသွားကြတော့သည်။
ရီဂျွန်းသည် ကုန်တိုက်ကြီးတွင် အလုပ်လုပ်နေသော သူ့သား၏ ဇနီး (ချွေးမ) ကိုပင် အကြောင်းမကြားခဲ့။ ယောက်ျားဖြစ်သူကလည်း သူ့အဖေ အမိန့်မရဘဲ ဘာတခုမှ မလုပ်ရဲခဲ့။ (သူမ သည် ကုန်တိုက်ပြိုကျပြီး ၃ ရက်မြောက်နေ့တွင် ထိခိုက်ဒါဏ်ရာများစွာဖြင့် လွတ်မြောက်လာခဲ့သည်။)
********************
ညနေ ၅ နာရီ ၄၅ မိနစ်...။
မိုးခြိမ်းသံလိုလို ကျယ်လောင်သော အသံကြီး ကုန်တိုက်ကြီးထဲမှ ပေါ်ထွက်လာ၍ သဲများ အမိုးပေါ်မှတဖွဲဖွဲကျလာသည်။
လူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။
*******************
ညနေ ၅ နာရီ ၅၀ မိနစ်....။
အန္တရာယ်ရှိသည်ဟု အချက်ပေးသော အရေးပေါ် ခေါင်းလောင်းသံတို့ ကုန်တိုက်ကြီးတခုလုံး မြည်ဟီးသွားသည်။
"ပြေးကြဟေ့ ပြေးကြ..."
လူတွေ သူထက်ငါ လုပြီး အပြင်ပြေးထွက်ကြတော့သည်။
*******************
ညနေ ၅ နာရီ ၅၂ မိနစ်....။
အက်သံကြီး ဆက်တိုက်ပေါ်လာပြီး နောက်ဆုံးတွင်...
"ဝုန်း"
ရုတ်တရက် အလွန်ကျယ်လောင်သော အသံကြီး ထွက်လာပြီး ကုန်တိုက်ကြီးတခုလုံးပြိုကျသွားတော့သည်။
ကုန်တိုက်ထဲမှ လူတွေ ပြိုင်တူထိတ်လန့်စွာ အော်ဟစ်လိုက်သံကြီးက ကြောက်စရာကောင်းလှသည်။
အဆောက်အဦးထဲရှိ လူပေါင်း ထောင့်ငါးရာကျော် သည် တပြိုင်နက် အုတ်ခဲပုံကြီးအောက်သို့ စုန်းစုန်းမြုပ် သွားလေတော့သည်။
၂၂ စက္ကန့် အတွင်း ဘယ်နှစ်ယောက်လွတ်မြောက်နိုင်မည်နည်း...?
*******************
" ဒီအချိန်မှာ...ကျွန်တော်တို့ ၃ ဦး ကုန်တိုက် အပေါက်ဝနားမှာရှိနေလို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်"
....ဟု အမျိုးသားတဦးက ပြောပြခဲ့သည်။
ကုန်တိုက် အပေါက်ဝနားတွင်ဖြစ်သည်။
ရုတ်တရက် ဝုန်းဆိုသော အသံကြီးကို ကြားရသောကြောင့် အသက် ၂၀ ကျော်အမျိုးသားလေးသည် သူ့အမေလက်ကို ဆွဲ၍ ခုန်ထွက်လိုက်သည်။ ပါးစပ်မှလည်း သူတို့နှင့်အတူပါလာသော ညီတဝမ်းကွဲလေးကို " အမြန်ခုန်ထွက်....ညီလေး" ဟု သတိပေး အော်ဟစ်လိုက်သည်။
အမျိုးသားလေးသည် အမေကိုဖက်၍ လိမ့်ချလိုက်သည်။ ညီဝမ်းကွဲလေးက အနောက်က လိုက်ခုန်ထွက်လာသည်။ သို့သော် ညီဝမ်းကွဲ ခေါင်းတွင် သွေးများဖြာကနဲထွက်လာသည်။
ကုန်တိုက် ဝင်ဝင်ချင်းတွင် ခေါင်မိုးမှ တွဲလောင်းချထားသည့် ခမ်းနားလှသော ဧည့်ခန်း မီးဆွဲကြီးရှိသည်။
ထိုမီးဆွဲကြီးသည် လူသတ်လက်နက်ကြီး အဖြစ်ပြောင်းလဲသွားသည်။
အုတ်အပိုင်း အစများနှင့် ဖန်အပိုင်းအစများ ညီဝမ်းကွဲလေး၏ ဦးနှောက်အတွင်းထဲအထိ ဝင်ရောက်နေရာယူတော့သည်။
သူ့ ညီဝမ်းကွဲလေး သည် ခွဲစိတ်မှုများ အကြိမ်ကြိမ်အခါခါလုပ်ခဲ့ပြီး ဦးနှောက်အထဲမှအပိုင်းအစများကို ထုတ်ခဲ့သည်။ ယနေ့ထက်ထိလည်းခွဲစိတ်နေရဆဲဖြစ်သည်။ မျက်လုံးတဖက်ကတော့ လုံးဝကွယ်သွားပြီဖြစ်သည်။
အခု ညီဝမ်းကွဲလေး အသက် ၃၈နှစ်ရှိပါပြီ။
အသက်ရှုနေတာနှင့် ပြုံးပြနိုင်တာကလွဲပြီး ဘာမှမလုပ်နိုင်တော့ပါ။
သူ့ဆီ ဧည့်သည်တွေလာလည်ရင်တော့ သူပျော်သည်။ ပြုံးပြသည်။ သူလုပ်နိုင်တာ ဒါ အကုန်ပဲဖြစ်သည်။
********************
ကုန်တိုက်ကြီးတခုလုံးကို အအေးလွှတ်ပေးသော အလွန်ကြီးမားသော အဲယားကွန်းပန်ကာကြီး တခုပြီးတခု စတင်၍ "ဝုန်း" ဆိုသောအသံကြီးဖြင့် ၅ လွှာမြောက် ခေါင်မိုးမှ ပြုတ်ကျလာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၄ လွှာ၊ ၃လွှာ၊၂လွှာ ... မြေအောက် ၄လွှာအထိ အရှိန်ပြင်းစွာပြုတ်ကျသွားခဲ့သည်။
တပြိုင်နက်.... အဆောက်အဦးကြီးတခုလုံးသည် အဲယားကွန်း ပန်ကာကြီး ၃ ခု အနောက်မှလိုက်၍ပြိုကျသည်။
၂၂ စက္ကန့်အကြာတွင် ကုန်တိုက်ကြီးတခုလုံး ဒေါသကြီးစွာ ပြိုကျသွားကာ အဲယားကွန်းကြီး ၃ လုံးနှင့် လူပေါင်း ၁၅၀၀ ကို ဖုံးအုပ်လိုက်ခြင်းဖြစ်သည်။
အဆောက်အဦးတခုဆောက်ရာတွင် သတ်မှတ်ထားသော လုပ်နည်း လုပ်ထုံးအတိုင်း အလွှာတိုင်းတွင် ကြမ်းပြင်များအား ကွန်ကရစ်များ သံချည် သံကွေးများဖြင့်ယှက်၍ စံချိန် စံညွှန်းအတိုင်း ခိုင်ခိုင်မာမာဆောက်ခဲ့လျှင် အဲယားကွန်းပန်ကာစက်ကြီးတို့သည် ခေါင်မိုးမှ ပြုတ်ကျခဲ့ပါက ၅လွှာပေါ်တွင် တင်နေပေလိမ့်မည်...။
၅ လွှာမှ ပြုတ်ကျလျှင် ၄လွှာပေါ်တင်နေပေလိမ့်မည် ...။အခုတော့ ၅ လွှာခေါင်မိုးမှဟိုးအောက်ဆုံးအထိ စက္ကူအရွက်များကိုအပေါက်ဖောက်၍ ဖြတ်သွားသလို တိုးလျိုးပေါက်ကျသွားသည်မှာ အလွန်ရှက်ဖွယ်ကောင်းလှတော့သည်။
၎င်းကုန်တိုက်ကြီးသည် ဆောက်လုပ်ပြီး၆ နှစ်အကြာတွင်ပြိုကျခဲ့ခြင်းဖြစ်သည်။
*******************
ကိုရီးယား TV အင်တာဗျူးတခုဖြစ်ပါသည်။
ယောက်ျားဖြစ်သူက ကုန်တိုက်ကြီးမနီးမဝေးရှိ ဘဏ်တခုမှ အရာရှိတယောက်ဖြစ်သည်။
ထိုနေ့တွင် ယောက်ျားဖြစ်သူ အလုပ်ဆင်းချိန်နှင့်ကိုက်၍ မိန်းမဖြစ်သူသည် ၈ နှစ်အရွယ်သမီးလေး လက်ဆွဲကာ ၄လအရွယ်သားလေးအား ရင်ဝယ်ပိုက်ထားရင်း ကလေးတင်လက်တွန်းလှည်း ဝယ်ရန် ကုန်တိုက်ကြီးပေါ်သို့တက်လာခဲ့သည်။
ကလေးတွန်းလှည်းဝယ်ပြီး သူမသည် ကုန်တိုက်ကြီးအောက်ဆုံးထပ်ရှိ အများသုံးဖုန်းဖြင့် ယောက်ျား၏ရုံးသို့ ဖုန်းဆက်လိုက်သည်။ (ထိုစဉ်က လက်ကိုင်ဖုန်းများမပေါ်သေးပါ။)
"မောင်ရေ.. ကျမတို့ ကလေးတွန်းလှည်းဝယ်ပြီးပြီး ဘယ်မှာတွေ့မှာလဲ?"
"အလုပ်ကမပြီးသေးဘူး မိန်းမရေ...ကုန်တိုက်ထဲကမထွက်နဲ့ဦး..နာရီဝက်လောက်ကြာရင် မောင် ကားနဲ့လာခေါ်မယ် "
သူမတို့ သားအမိ ၃ ယောက်သည်လည်း ကုန်တိုက်အပေါက်ဝ နားတွင်ယောက်ျားဖြစ်သူကို စောင့်နေခဲ့သည်။
*************
၈ နှစ်သမီးလေးသည် ဟိုပြေး ဒီပြေးနှင့်ဆော့နေသည် အမေ့စကားကိုနားမထောင်။ ၄ လ အရွယ် သားလေးကငို၍ နို့ဗူးထုတ်တိုက်လိုက်သည်။
ထိုစဉ် နွေလည်ခေါင်မှ မိုးခြိမ်းသံကြီးလိုကြားလိုက်ရ၍ အမေသည် တုန်လှုပ်သွားသည်။
"သမီးလေး!!!!"
ရုတ်တရက် အမှောင်ကမ္ဘာကြီးထဲကို သူမရောက်သွားသည်။
ကံကောင်းထောက်မ စွာဖြင့် သားအမိနှစ်ယောက်အား ကုန်တိုက်အဝရှိ မီးဆွဲကြီးရှိ မီးစလောင်းဖုံးကြီးက အမိုးကြီးသဖွယ် ဖုံးအုပ်ထားလိုက်တော့သည်။
သားလေးကို ကျစ်ကျစ်ပါအောင်ဖက်ထားလိုက်သည်။ သားလေးကငိုသည်။ နို့ဗူးသည် ဖုန်အလိမ်းလိမ်းနှင့် ....။
အမေသည် နို့ဗူးထိပ်မှ ဘိလပ်မြေမှုန့်တို့ကို စုတ်ယူ မြိုချလိုက်သည်။ သန့်ရှင်းသွားသော နို့ဗူးထိပ်ကို သားလေးပါးစပ်ထဲထိုးထည့်လိုက်သည်။
ကလေး အငိုတိတ်သွားသည်။
"သမီးရေ ...သမီးလေး"
ခဏကြာတော့ သမီး အသံလေးထွက်လာသည်။သူမ ဝမ်းသာသွားသည်။
"အမေ!!!! ဘာမှမမြင်ရဘူး"
"အမေ့ ခြေထောက်ကို လိုက်စမ်းသမီး။ အမေ့ ခြေထောက် မဟုတ်ရင် အမေ မဖြေဘူးနော် နားလည်လား? "
သမီးလေးက သူမဆီ တွားသွား၍ လိုက်ရှာတော့သည်။
"ဒါအမေ့ ခြေထောက်လား?" သမီးလေးက လိုက်စမ်းနေသည်...။
နောက်ဆုံး အမေ့ခြေထောက်ကိုရှာတွေ့သွားတော့သည်။
အမေသည် ကလေးနို့ဗူးလေးဖြင့် ဟိုထိုးဒီထိုးလုပ်ရင်း ဖန်သားတခု ကွဲသွားကာ အလင်းတန်းလေးတခုတွေ့သွားသည်။ နို့ဗူးဖြင့် ဖန်သားဖြင့် ဆက်ခွဲသည်။ သူ့သမီးကို လက်ဆွဲခေါ်၍ ထိုးထွက်လိုက်သည်။
ထိုစဉ် အောက်မှ မီးဆိုင်းကြီးပိ၍ မထနိုင်သောသူတို့၏ လက်အစုံပေါင်းများစွာက သူမခြေထောက်ကို ဖက်ထားလေသည်။ လုံးဝမလွှတ်ပေးကြ။
"ကယ်ပါ ကယ်ပါ...ကျမ ခြေထောက်ပိနေလို့ ဆွဲထုတ်ပေးပါ"
သူမ အော်ငိုတော့သည်။
"ကျွန်မမှာ ကလေးနှစ်ယောက်ရှိပါတယ်။ သနားကြပါ။ လွှတ်ပေးကြပါရှင်..။ ကျမ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပေးပါ့မယ်"
ကလေးတွေကလဲငိုလှပြီ...။
နောက်ဆုံးတွင် အောက်မှလူများက သနား၍ လွှတ်ပေးလိုက်ကြသည်။
သူမသည် အပြင်ရောက်သောအခါ ဒုက္ခသည်တို့အား ပေးခဲ့သည့်ကတိအတိုင်း ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ပေးခဲ့သည်။
သို့သော် ထိုသူတို့၏ကိုယ်ခန္ဓာတို့ကို မီးစလောင်းဖုံးကြီးဘေးနှုတ်ခမ်းစောင်းများက ဒါးတလက်လို ပိုင်းဖြတ်ထားပြီးဖြစ်နေလေသည်။
ခေါင်းပြတ်နေသူများ၊ကိုယ်တပိုင်းပြတ်နေသူများ၊ ခြေပြတ်၊ လက်ပြတ်ဖြစ်သွားသူအတော်များသည်ဟုဆိုသည်။
သူမတို့ သားအမိ ၃ ယောက် မီးစလောင်းဖုံးကြီး အလယ်တွင်ရောက်နေခဲ့သည်မှာ အလွန်ကံကောင်းလှသည်။ ဒီတခါတော့ ၎င်းမီးဆွဲကြီးသည် သူမတို့ကို ကယ်ခဲ့လေပြီ။
သမီးလေးမှာ ခြေထောက်တွင်တွင်ကျိုးသွားသော်လည်း အသက်ရှင်လွတ်မြောက်ခဲ့လေသည်။
အဖေက ဝမ်းသာအားရ ငိုကြီးချက်မဖြင့် လမ်းမလျှောက်နိုင်သည့် သမီးလေးကိုကောက်ချီလိုက်သည်။ သမီးမျက်နှာက ဘိလပ်မြေမှုန့်များနှင့်ဖြူဖွေးနေသည်။ လက်ဖြင့် ပွတ်သော်လည်းဖယ်မရ...။ အဖေသည် ငိုယိုရင်း သမီးမျက်နှာကို ကြိုးစား၍ သုတ်ပေးနေတော့သည်။
******************
ရေခဲသေတ္တာ၊ အစားအသောက်တို့အနီးတွင် ပိတ်မိနေသောသူတို့သည် သူ့ထက်ငါ အစားအသောက်များကိုလုယူကြတော့သည်။
ဘယ်နှစ်ရက် ဒီကုန်တိုက်ကြီးတွင်ပိတ်မိနေမည်မသိ၍ ဖြစ်သည်။ ထိုသူတို့သည် စားသောက်ကြသည့်အခါ မစင်စွန့်ဖို့လိုအပ်လာသည်။ ပိတ်မိနေကြသဖြင့် ထိုနေရာ၌ပင် မစင်စွန့်ကြရလေသည်။ ၃ ရက်ခန့်ကြာသောအခါ အစားအစာများပုတ်သိုးကာ အနံ့ အသက်များမှ အဆိပ်ဖြစ်ကာ အားလုံးသေဆုံးကုန်ကြသည်။
အစားအစာအပုတ်များ လူသေကောင် အပုတ်များ အညစ်အကြေးအနံ့ အသက်တို့ကြောင့် ကုန်တိုက်ကြီးဘေးမှ အဆောက်အဦးတို့မှ လူများပင်မနေနိုင်ပဲ ထွက်ပြေးကြရပါသည်။
သို့သော် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဒုက္ခသည်များကို မစွန့်ခွာခဲ့ကြပေ ။ လုပ်အားပေးကြသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်တို့၏ စေတနာသည် ကြီးမားလှပါပေသည်။
******************
အထက်တွင်ဖေါ်ပြခဲ့ သည့်အတိုင်း ကုန်တိုက်ကြီး၏ အဲယားကွန်းများကိုညနေပိုင်းတွင် ပိတ်ရန်အမိန့်ပေးခဲ့သည်။
ပူပြင်းလှသောနွေရာသီ အရှိန်အောက်ရှိ အဲယားကွန်းပိတ်ထားသော ကုန်တိုက်ကြီးထဲတွင် မနေနိုင်၍ လူတချို့ အပြင်ထွက်လာခဲ့ကြသည်။ ထိုလူ များသည်အသက်ချမ်းသာရာရလေသည်။
*******************
ဆမ်းပွန်း ကုန်တိုက်ကြီးပြိုကျသော အမှုကို ဦးဆောင်၍ ထောက်လှမ်း စစ်ဆေးသူမှာ ဒန့်ဂေါ့ တက္ကသိုလ်
(Dankook University) မှပါမောက္ခ အင်ဂျင်နီယာ လန်ချန်း (Lan Chung) ဖြစ်သည်။ ပါမောက္ခသည် ရီဂျွန်း၏ မတရား ယုတ်မာမှု အစိုးရဝန်ထမ်းတို့ လာဒ်စားမှုတို့ကို အစ အဆုံးဖော်ထုတ်ခဲ့သည်။
တရားခွင်တွင် ရီဂျွန်းအား မသေမချင်း အကျဉ်းထောင်ထဲတွင် ကျစေရန်အထိ ကြီးလေးသောအပြစ်ပေးဖို့ အသိသက်သေလိုသည်။
ထို အကြောင်းအရာအားလုံးကိုသိသော အသိသက်သေသည် ကုန်တိုက်အုပ်ချုပ်ရေးမှုး တယောက်သာရှိခဲ့သည်။
ကုန်တိုက်ပိတ်ရန် အကြံပေးခဲ့သော ထိုအုပ်ချုပ်ရေးမှုးသည် ရုတ်တရက် ထူးဆန်းစွာသေဆုံးသွားလေတော့သည်။
*************************
၁၉၉၆ သြဂုတ်လ ၂၃ ရက်
အသိသက်သေ မရှိသဖြင့် ပြစ်မှုများလျှော့ကုန်သည်။
•ရီဂျွန်း (ဥက္ကဋ္ဌ) - ထောင်ဒါဏ် ၇ နှစ် ၆ လ( ပေါ့ဆမှု )
•ရီဟန်ဆန်း (ရီဂျွန်း ၏သား)- ထောင်ဒါဏ် ၇ နှစ် (မတော်တဆဖြင့် လူသေစေမှု )
•အစိုးရဝန်ထမ်းနှစ်ယောက် - ထောင်ဒါဏ် ၁၀ လ နှင့် ငွေဒါဏ်သိန်း၃၀ စီ (လာဒ်စားမှု)
အပြစ်မရှိသော အင်ဂျင်နီယာကြီးများသာကြီးလေးသော အပြစ်ဒါဏ်ပေးခံရလေတော့သည်။
"လူတွေသေတာလဲသေတာပေါ့ဗျာ ကျုပ်တို့ပိုက်ဆံတွေ ဆုံးရှုံးရတာလဲ ပြောကြဦး"
ရီဂျွန်းသည် သူ့ကုမ္ပဏီမှ ပိုက်ဆံတွေဆုံးရှုံးသွားသည်ကိုသာ တရားရုံးတွင် နောက်ဆုံးအချိန်အထိ ပြောနေလေသည်။
************************
ကုန်တိုက်ပြိုကျမှုကြောင့် သေဆုံးသူ ဒါဏ်ရာရသူများကိုဒေါ်လာ သန်း ၃၀၀ ကျော် လျော်ကြေးပေးရသော ရီဂျွန်း ကုမ္ပဏီ မိသားစု သည်ဆွေစဉ်မျိုးဆက် ကုန်းကောက်စရာမရှိအောင် ဆင်းရဲသော ဘဝသို့ ရောက်ရှိသွားတော့သည်။
သေဆုံးသူ အလွန်များပြားသောကြောင့် သူတို့မိသားစု၌ရှိသော ငွေဖြင့် မလုံလောက်ပေ။ တောင်ကိုးရီးယား ဆိုးလ်မြို့မှ ပြည်သူတို့ ထံမှ ကောက်ခံထားသော အခွန်ငွေများနှင့်ဖြည့်ဆည်းခဲ့ကြရသည်။
လူပေါင်းများစွာ သေဆုံး ဒုက္ခိတဖြစ်ခဲ့ရသည့်အပြင် ပြည်သူတို့၏ငွေများအထိ ဆုံးရှုံးခဲ့ရသောကြောင့် ရီဂျွန်းမိသားစုသည် ပြည်သူ့ အရွံဆုံး၊ အမုန်းဆုံး အပယ်ခံ အဖြစ်သို့ရောက်ရှိခဲ့ရသည်။
************************
၂၀၀၃ ခုနှစ် အောက်တိုဘာ ၎
ရီဂျွန်းထောင်မှ ထွက်လာသည်။ ဆင်းရဲသည်ဆိုသည့် ဒုက္ခ သူ့အလှည့်ရောက်လာသောအခါ သူ မခံစားနိုင်တော့ပါ။
•ဆင်းရဲသားများကို အနိုင်ကျင့်ခဲ့သော ရီဂျွန်း...
•လူပေါင်း ၅၀၀ ကျော်ကိုသတ်ခဲ့သော ရီဂျွန်း
•လူပေါင်း ၉၀၀ ကျော်ကို ဒုက္ခိတဖြစ်စေခဲ့သော ရီဂျွန်း
•အသက်ရှင်၍ ကျန်ခဲ့သူတို့ကို ရူးသွတ်အောင် အိမ်မက်ဆိုးများပေးခဲ့သော ရီဂျွန်းသည် ...
ထောင်မှထွက်လာပြီး ရက်အနည်းငယ်တွင် နှလုံးသွေးရပ်၍ သေဆုံးခဲ့သည်။
*******************
ရီဂျွန်း၏ သားဖြစ်သူ ထောင်မှလွတ်လာသောအခါ တောင်ကိုးရီးယားနိုင်ငံတွင် ဆက်နေရန် သတ္တိမရှိတော့ပေ။ မွန်ဂိုလီးယားနိုင်ငံသို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့လေသည်။
အလိုလောဘကြီးလွန်းသူတို့၏ ဘဝနိဂုံးသည် ရုပ်ဆိုးကျည်းတန်လှပါပေသည်။
***********************
၂၂ စက္ကန့်အလိုတွင် အသေဆိုးဖြင့် သေကြရမည်...ဒုက္ခိတဖြစ်တော့မည်...စသည်တို့ကို လူပေါင်း ၁၅၀၀ ကျော်သည် မသိခဲ့ကြ။
ထိုဖြစ်ရပ်ကိုကြည့်လျှင်လူ့ဘုံဘဝကြီးသည် ကာမဂုဏ် အာရုံတွင် ပျော်ရွှင်ကာ မေ့မေ့လျာ့လျော့နေ၍ မရသော ဌာနတခုဖြစ်ပါသည်။
ကုန်တိုက်ကြီးပြိုကျသည့် အဖြစ်အပျက်တွင် အသေဆိုးပုံ အမျိုးမျိုးကို တွေ့ရပါသည်။ ငရဲပြည်သည် ဟိုးမြေအောက် အဝေးကြီးတွင်သာ ရှိနေသည်မဟုတ်။ မိမိ၏ အနီးဆုံးတွင်လည်းရှိနေတတ်လေသည်။
ကျွန်မတို့သည် ကံကြမ္မာကို ခန့်မှန်း၍ဘယ်လိုမှ မရနိုင်ပါ....။ ယခု ပစ္စုပ္ပန်တွင် ဘယ်လောက်ပင်ပျော်ရွှင်နေပါစေ....ငွေကြေးအားဖြင့် ဘယ်လောက်ပင် ချမ်းသာနေပါစေ.... ကျန်းမာသန်စွမ်းနေပါစေ.... လာမည့် ၂၂ စက္ကန့်အတွင်း၌ပင် အရာအားလုံးသည် ဇောက်ထိုးမိုးမျှော် ပြောင်းပြန်ဖြစ်သွားနိုင်ပေသည်...။
ဘယ်အရာမှ မတည်မြဲခြင်းသည်သာ အမှန်တရားဖြစ်သည်.... ။
ထိုအမှန်တရားကိုသာ သိနေမည်ဆိုလျှင် ကျွန်မတို့ လူသားများသည် အချိန်ကုန်ခံပြီး လောဘ ဒေါသ မောဟ အတ္တ မာန တည်းဟူသော မကောင်းစိတ်များ တောက်လောင်ပြီး အဓိပ္ပါယ်မဲ့ ဘဝကို ဖြတ်သန်းစရာလိုတော့မည် မထင်ပါ... ။
********************
🌟ယခုအခါတွင် ကျွန်မတို့မြန်မာနိုင်ငံသည်လည်း ထိုစဉ်က တောင်ကိုရီးယားကဲ့သို့ ကုန်တိုက်ကြီးများ အဆောက်အဦးမြင့်များကို ဈေးသက်သက်သာသာဖြင့် စတင် ဆောက်လုပ်လိုသည့် ကာလဖြစ်သောကြောင့် ဆောက်လုပ်သူများ နှင့် မြန်မာ ပြည်သူပြည်သားများ သတိရှိစေရန် ဤဆောင်းပါးကို ရေးဖြစ်ခြင်းဖြစ်ပါသည်။🌟
************************
မှတ်ချက်
(ကျွန်မရေးသော ဆောင်းပါးတိုင်းမှ အကြောင်းအရာများသည် ဖြစ်ရပ်မှန်များ ဖြစ်ပါသည်။)
စာအကိုးအကား
(References-
Korea TV news ,
Wikipedia,
PD interviews,
1995 년 서울 삼풍 book
Pictures from 'Naver')
မရွှေမိုး (ကိုရီးယား)
ဂျူလိုင်လ ၃၁ ရက်နေ့ ၂၀၁၇
 Image may contain: one or more people, basketball court, text and indoorImage may contain: outdoor
 Image may contain: one or more people
 Image may contain: sky and outdoor

 No automatic alt text available.

Wednesday, April 19, 2017

ကျောက်မီးသွေးကို မီးတိုက်လျှင်


**********************************
ကျောက်မီးသွေးကို မီးတိုက်လျှင် ဓါတ်ငွေ့(၃) မျိုး ပါသည့် မီခိုးများ ကိုထုတ်လွှတ်ပါတယ်။
(၁)ကာဘွန်ဒိုင်အောက်ဆိုက်
(၂)ဆာလဖါဒိုအောက်ဆိုက်
(၃)နိုက်ထရိုဂျင်အောက်ဆိုက်
၎င်းဓါတ်ငွေ့များဟာ သဘာဝပါတ်ဝန်းကျင် နှင့် လူကို ဒုက္ခကောင်းကောင်းပေးကြပါတယ်။
အကြမ်းအားဖြင့် အဆင့်မှီ ကျောက်မီးသွေး တန်တဝက်ကို မီးတိုက်လျင် လျပ်စစ်ဓါတ်အား 1MW ကို ၁ နာရီ ကြာ ရနိုင်ပါတယ်။ တနှစ်မှာ နာရီပေါင်း ၈၇၆၀ ရှိတဲ့အတွက် 1MW ရရန် ကျောက်မီးသွေးတန်ချိန် ငါးထောင်ခန့်ကို မီးတိုက်ရမှာဖြစ်ပါတယ်။
1MW..........................1Hr.................0.5 ton
1MW..........1year...8760Hr............5000.0 ton
တနှစ်ပါတ်လုံး 1MW လျပ်စစ်ဓါတ် ထုတ်လွှတ်ပေးသည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတစ်ရုံဟာ နာရီတိုင်းမှာ ကျောက်မီးသွေးပေါင်(၁၀၀၀)ခန့်ကို မီးတိုက်နေမှာ ဖြစ်ပြီး၎င်းမှ အောက်ပါ ပမာဏရှိ ဓါတ်ငွေ့များကို နာရီတိုင်း ထုတ်လွှတ်ပေးနေတော့မှာဖြစ်ပါတယ်။
(1)ကာဘွန်ဒိုင်အောက်ဆိုက် ပေါင်ချိန် ၃၇၀၀ ပေါင်
(2)ဆာလဖါအောက်ဆိုက် တန်ချိန် ၁၅ ပေါင်
(3)နိုက်ထရိုဂျင်အောက်ဆိုက် တန်ချိန် ၆ ပေါင်
ဆာလဖါအောက်ဆိုက် နှင့်နိုက်ထရိုဂျင်အောက်ဆိုက် တို့သည် မိုးရေနှင့် တွေ့လျင် ပျော်ဝင်ပေါင်းစပ်ကာ အက်စစ်မိုး (acid rain)ကို ဖြစ်စေပါတယ်။အက်စစ်မိုးသည် သစ်တောသစ်ပင်တို့ကို ဖျက်၏။ ကောက်ပဲသီးနှံကိုဖျက်၏။ရေထဲက ငါးနှင့်ငါးဥ ကိုဖျက်၏။ သန္တာကျောက်တန်း ကျောက်ခက်ကို တိုက်စား ဖျက်စီး၏။ အက်စစ်မိုးသည် အပျော့စား အက်စစ်ဖြစ်သော်လည်း ထိုအပျော့စား၏ သတ္တိကပင် စွမ်းအား ကြီးကြီးနှင့် ဖျက်နိုင်၏။
ကာဘွန်ဒိုင်အောက်ဆိုက်သည် ဤကမ္ဘာကြီးပူနွေးလါစေခြင်း၏ အဓိက လက်သည်ဖြစ်တယ်လို့ ဆိုတယ်။ဆလဖါဒိုင်အောက်ဆိုက် နှင့် နိုက်ထရိုဂျင်အောက်ဆိုက် တို့သည် အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သည့် ရောဂါအပေါင်း ( ပန်းနာရင်ကြပ် မှ အဆုတ်ကင်ဆာထိ) ကို ဖြစ်စေပါတယ်။
ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ တို့သည် အက်စစ်ဓါတ်ငွေ့များအပြင် ပြာ(ash) နှစ်မျိုးကိုလည်း ထုတ်လွှတ်သေးတယ်။ အကြမ်းအားဖြင့် နေ့စဉ်နေ့တိုင်း
၅၀၀မဂ္ဂါဝပ် စက်ရုံတခုမှ.....Bottom Ash ၃၀၀တန်
.........................................Fly Ash.......၃တန်
....၅မဂ္ဂါဝပ် စက်ရုံတခုမှ......Bottom Ash .....၃တန်
..........................................Fly Ash...............၅၀ပေါင်
Fly Ash ဟာ မီးခိုးခေါင်းတိုင်ထိပ်မှာ အက်စစ်ဓါတ်ငွေ့များနှင့် အတူထွက်လာတာပါ။ အဲဒီ Fly Ash ပြာမှုန်များမှာ ပြဒါး၊ အာစင်းနစ်၊ ခဲ၊ ကက်ဒမီယံ နှင့် အခြား Heavy Metalများ အနည်းငယ်စီ ပါဝင်လေ့ရှိပါတယ်Fly Ash သည် စက်ရုံခေါင်းတိုင်ထိပ်မှ အက်စစ်မီးခိုးငွေ့များ နှင့် အတူလိုက်ပါကာ လေ ခေါ်ဆောင်ရာ အရပ်ရှစ်မျက်နှာသို့ ပျံဝဲပြီး မြေပေါ်သို့ကျတော့တာပါဘဲ။ မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန်များ ထဲသို့ကျပါတယ်။ မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန် တို့ကို ကြီးစွာ အဆိပ်သင့်စေပါတယ်။ မြစ်ချောင်းအင်းအိုင် အတွင်းမှ ရေသတ္တဝါ တို့ကိုအဆိပ်သင့်စေပါတယ်။
အဆိပ်သင့်သော ရေသတ္တဝါကို စားသူကိုလည်း အဆိပ်သင့်စေပြန်ပါတယ်။မြေပေါ်သို့ကျရောက်ခဲ့သည့် ပြာများကိုတော့ မိုးရေက ဖျော်ယူပြီး မြေကြီးအတွင်းသို့စိမ့် ဝင်ကာ မြေအောက်ရေ ကို ညစ်ညမ်းစေပါတယ်။
မြေကြီးအတွင်း သို့ မစိမ့်ဝင်ဖြစ်သော မိုးရေတို့သည် ဆည်မြောင်း ချောင်းကန်များအတွင်းသို့ စီးဝင်ခြင်းဖြင့် မြေပေါ်ရေကို အဆိပ်သင့်စေပါတယ်။ အဆိပ်သင့် နေသော ရေတွင်းရေကန် ချောင်း မြစ် အတွင်း မှ ရေကို သောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်ကို တဖြည်းဖြည်းခြင်း အဆိပ်သင့်စေကာ ရောဂါဘယများ ထူပြောစေမှာ ဖြစ်ပါတယ်။
လက်ဒ် ( ခဲ) အဆိပ်သည် ကလေးသူငယ်အား ဖွံ့ဖြိုးမှု နှေးကွေးစေပြီး ဥာဏ်ပညာ ထုံထိုင်းစေ၏။ အရွယ်ရောက်ပြီးသူများကို ကျောက်ကပ်နှင့်သွေးတိုး ရောဂါများ ဖြစ်စေနိုင်၏
အာဆင်းနစ် ( စိန်)သည် အရေးပြားနာ များဖြစ်စေခြင်း၊ ကင်ဆာဖြစ်စေခြင်း
မာကြူရီ( ပြဒါး)သည် ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကင်ဆာဖြစ်စေနိုင်၏
ကက်ဒမီယံ သည် ကျောက်ကပ်ကို ပျက်စီးစေနိုင်၏
ကျောက်မီးသွေးဓါတ်အားပေး စက်ရုံအချို့ဟာ အက်စစ်ငွေ့ များ နှင့် ပြာများ လွှင့်ထုတ်မှု လျော့ပါးစေရန် Smog Scrubber စံနစ် များတတ်ဆင်ကြပါတယ်။
ဂျပန်နိုင်ငံ၏ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံများ၏ Smog Scrubber စံနစ်မှာ အတော်ကောင်းသည်ဟု ဆိုနိုင်ပါတယ်။
အမေရိကန် နှင့် ကနေဒါနိုင်ငံများတွင် ဆလဖါ နှင့် နိုက်ထရိုဂျင် အက်စစ်ငွေ့များကို 1kWh လျှပ်စစ် အားထုတ်လိုက်တိုင်း 3.3 gm နှုံး လွှတ်ထုတ် နေစဉ်တွင်
ဂျပန်သည် 0.2 gm နှုံး သာလွှတ်ထုတ်လွှတ်တယ် လို့ ဆိုပါတယ်။
အကယ်၍ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ တခုသည် Smog Scrubber စံနစ် တတ်ဆင်ထားခြင်းမရှိလျင် အဆိပ်ဓါတ်ငွေ့များနှင့် အဆိပ်ပြာများကို အချိန်နှင့် အမျှ တသွင်သွင် လွှတ်ထုပ် နေမည်မှာ သေချာပေါက်ပင်ဖြစ်ပါတယ်။

လူကိုဒုက္ခ လှလှပေးမည့် အဆိပ်ဓါတ်ငွေ့များကို ထိန်းချုပ်ရန် Smog Scrubber နှင့် Bag House များလိုပါတယ်။
Smog Scrubber ကို သုံးလျင် ထုံး lime အများအပြားလိုပါမယ်။
သမရိုးကျ မဂ္ဂါဝပ် ၅၀၀စက်ရုံတရုံ အတွက် တနှစ်လျှင် ထုံး တန် ၂သိန်းနီးပါး လိုပါလိမ့်မယ်။
ဆာလဖါ ဓါတ်ငွေ့များ ပါသော မီးခိုးများ ခေါင်းတိုင်မှ မထွက်မှီ ထုံးရည်အတွင်းသို့ ဖြတ်သန်း ဓါတ်ပြုစေခြင်းဖြင့် ဆာလဖါ ဓါတ်ငွေ့ လွှင့်ထုတ်ခြင်းကို ၉၀%ထိ ထိန်းချုပ်နိုင်ပါတယ်။
နိုက်ထရိုဂျင် ဓါတ်ငွေ့ကိုမူ အာမိုးနီးယား နှင့် ထိန်းချုပ်ယူကြပါတယ်။
တဖန် Fly Ash တွင် ပါသော အာဆင်းနစ်(စိန်) နှင့် ခဲတို့ကို Bag houses များသုံးကာ စစ်ထုတ်ခြင်းဖြင့် လျော့ပါးစေနိုင်သည်။
ပြဒါးကို Activated carbon injection နည်းဖြင့် စစ်ထုတ်တတ်ကြပါသေးတယ်။
အဆိပ်ငွေ့ အဆိပ်ပြာများကို နည်းပညာများသုံးကာ လျော့ပါးစေရန် ကြိုးစားဆောင်ရွက်ကြသည့်အခါ ကုန်ကြစရိတ် မြင့်တက်လာမှုမှာ
ကြောက်ခမန်းလိလိပင်ဖြစ်ပါတယ်။
သမရိုးကျ စက်ရုံတရုံ တည်ဆောက်ရန် ဒေါ်လာ သန်းပေါင်း X လိုအပ်သည်ဆိုပါစို့။ အဆိပ်ငွေ့ အဆိပ်ပြာများကို ထိန်ချုပ်သည့် စံနစ်များ တတ်ဆင်လိုက်သည်နှင့် ကုန်ကျစရိတ်မှာ
ဒေါ်လာ သန်းပေါင်း 2X နီးပါးသို့မြင့်တက်သွားမည်ဖြစ်ပါတယ်။
သို့နှင့်မပြီးပြတ်သေးပါ။
နေ့စဉ် ထွက်လာသည့် Bottom Ash ပြာ၊ ကန့်+ထုံး နှစ်ရည် တန်ချိန် မြောက်မြားစွာနှင့် Bag House များတွင် စစ်ထုတ်သိမ်းယူထားသော Fly Ash များကို ဘယ်ပုံဘယ်နည်း စွန့်ပစ်မည်လဲ။
၅၀၀မဂ္ဂါဝပ် စက်ရုံတခု ဟုဆိုပါစို့။ နေ့စဉ် Bottom Ash ၃၀၀တန်၊ ကန့်+ထုံးနှစ်ရည် ၄၀၀တန် နီးပါး ရပါမည်။ ဒါတွေကို အနီးအနားက မြစ်ထဲ၊ ပင်လယ်ထဲ၊ ထိုးချရအောင်ကလည်း တနေ့ကိစ္စ မဟုတ်။ ချောက်ကမ်းပါးထဲ ရောက်ချင်ရာရောက် သွန်ချလို့လဲမဖြစ်။ ကန်တူး၊ ပလပ်စတစ်ခင်းပြီး စွန့်ပစ်ရင်တော့ အဲဒီဒေသတဝိုက်က မြေအောက်ရေ Ground Water ကိုစောင့်ကြည့်ပေတော့။ တဖြည်းဖြည်းစိမ့်ဝင်မှာ သေချာပေါက်ပါဘဲ။ အဲဒီစက်ရုံ အိုလို့ ပိတ်လိုက် ရင်တောင်မှ၊ ကျောက်မီးသွေး စွန့် အညစ်အကြေးတွေက ကမ္ဘာတည်သရွေ့ အဲဒီ နေရာမှာဘဲတည်နေပါတော့မယ်။
ကျောက်မီးသွေးသည် လေါင်စာစွမ်းအင်ရှိသမျှထဲတွင်ဈေးအချိုဆုံးဖြစ်ပြီး သယ်ယူပို့ဆောင်ရ အလွယ်ကူဆုံးဖြစ်ပါတယ်။
သို့သော် သူသည် အညစ်ပတ်ဆုံးဖြစ်၏။
သူ့အထဲတွင် ရှိသမျှ ဒြပ်အားလုံးသည် ဘာတခုမျှမကောင်းပေ။
ကန့်၊ ပြဒါး၊ စိန်၊ ခဲ။
ကျောက်မီးသွေးကို မီးတိုက်၍ရသည့် အပူဓါတ်ဖြင့် ဘွိုင်လါတွင်းမှ ရေကို ပူစေဆူစေပါတယ်။
ထိုမှရရှိသည့် အပူရှိန်ပြင်း ရေနွေးငွေ့အားဖြင့် တာဘိုင်ကိုလည်ပတ်စေကာ လျှပ်စစ်ကို ထုတ်ယူခြင်းဖြစ်ပါတယ်။
ဆူရှိန်ပြင်း ပူရှိန်ပြင်း ရေနွေးငွေ့သည် တာဘိုင်ကို လည်ပတ်ပြီးသည့်တိုင် အလွန်အမင်း ပူဆဲဖြစ်ရာ
ရေအလုံးအရင်းကို စုပ်ယူ၍ ရေနွေးငွေ့ကို အအေးခံစေရ၏။ သို့သော်ငြား အအေးခံ၍ရသည့် ရေသည် ပူလောင် နေဆဲပင်ဖြစ်သည်။ ထိုရေပူသည်နဂိုရ် မြစ်ရေ၏အပူချိန်ထက် ၁၀ စင်တီဂရိတ်ခန့် အမြဲမြင့်နေလေ့ရှိပါတယ်။
၎င်းပူလောင်နေသောရေကို မြစ်အတွင်းသို့ ပြန်လည်စွန့်ပြစ်ရာ မြစ်ရေ၏ မူလအေးမြသော သဘာဝကို စတင် ထိခိုက်စေပါတော့တယ်။ ဒါကို (Thermal pollution) ဖြစ်တယ်လို့ ပြောကြပါတယ်။ ပူနေတဲ့ ရေမှာ အောက်စီဂျင်မရှိတော့ပါ။ ရေသတ္တဝါများ အသက်ရှင်ဘို့ ရေထဲမှာ အောက်စီဂျင်ပျော်ဝင်နေဘို့လိုပါတယ်။
ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတွေဟာ ရေအမြောက်အများလိုအပ်ပါတယ်။
ရေများများရနိုင်သော မြစ်၊ ပင်လယ်ကမ်းစပ် တို့တွင် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံကို တည်ဆောက်လေ့ရှိကြပါတယ်။
လျှပ်စစ် 1MW ကို တနာရီ ထုတ်နိုင်ရန် ရေဂါလံ ၂၀၀၀၀ အနည်းဆုံး လိုပါတယ်။
မဂ္ဂါဝပ်များများထုတ်လေ၊ ရေများများစုပ်ရလေ၊ မြစ်အတွင်းမှ ငါးဥများ ငါးပေါက်ကလေးများ များများ စုပ်ယူခံရလေ၊ ဖြစ်ရသည်သာမက
ရေပူများကိုပြန်လက်ခံရသည့် မြစ်ရေပူတွင် ငါးဥမချ၊ ချပြန်သော်လည်း သားမပေါက်။
ဤသို့ဖြင့် မြစ်သဘာဝ၊ ချောင်းသဘာဝ၊ ပင်လယ်ကမ်းခြေသဘာဝ တို့ကို ပျက်စီးစေပါတယ်။
သမရိုးကျ မဂ္ဂါဝပ် ၅၀၀ ထုတ်စက်ရုံတရုံသည် တနှစ်လျင်ရေဂါလံပေါင်း ဘီလီယံ ၇၀ မှ ၁၈၀ ကိုစုပ်ယူမည်ဖြစ်ပြီး၊ ၁ ဘီလီယံခန့်ကိုသာ သုံးစွဲမည်ဖြစ်သည်။
ကျန်ပမာဏကို မူလကရယူခဲ့သော မြစ်ထဲ ပင်လယ်ထဲသို့ ပြန်လည်သွန်ချမည်ဖြစ်သည်။
အေးမြသော ရေကို စုပ်တင်ခဲ့သော်လည်း ပူလောင်နေသော ရေကို ပြန်လည်သွန်ချ ပေးပါတယ်။
တာဘိုင်မှ ထွက်လာခဲ့သော ရေနွေးငွေ့ကို အအေးခံ၍ ပြန်လည်သုံးသည့် နည်းစံနစ်သည်
ရေသုံးစွဲမှုကို လျော့ပါးစေနိုင်သော်လည်း နည်းစံနစ် ပိုမိုရှုတ်ထွေးပြီး စရိတ်စက ကြီးသဖြင့် လုပ်ငန်းရှင်များက မနှစ်သက်ကြပါဘူး။
အလွန်ညစ်ပတ်သော ကျေက်မီးသွေးကိုမီးမတိုက်မှီ ရေဆေးကြောပေးကြပါတယ်။
သူ့ကို မီးတိုက်တဲ့အခါမှာထွက်လာမဲ့ အဆိပ်များကို သက်သာလျှော့နည်းအောင် လုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။
ရေပမာဏ အမြောက်အများသုံးစွဲပြီး ရေဆေးကြောသည့် တိုင်အောင် ကန့် (ဆာလဖါ) ကို၃၀%မျှသာ လျှော့ပါးစေနိုင်ပါသတဲ့။ဆေးကြောရေများတွင် ကျောက်မီးသွေး အဖြုံးများ နှင့် ကန့်များ ပါဝင်နေပြီး ၄င်းရေဆိုးအမြောက်အများကို စက်ရုံအနီးတဝိုက် အနိမ့်ပိုင်းသို့ မြောင်းများချောင်းများသို့စွန့်ပစ်ကြပါတယ်။ ထိုမှတဆင့် ရေဆိုးများမြစ်ထဲသို့ တဖြေးဖြေးစီးဝင်ကာ Surface Water ကို ညစ်ညမ်းစေပါတော့တယ်။
ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများဟာ မြစ်ရေချို များကို အမြောက်အများ စုပ်တင်ခဲ့ပြီး ရေပူများ ရေဆိုးများကိုသာ ပြန်လည်သွန်ချပေးတာပါ။အင်းနားမွန်ဂိုလီယားရှိ မြစ်များအတွင်းသို့ တရုပ်ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများမှ ရေပူ ရေဆိုးများ တသွင်သွင်စွန့်ခဲ့မှုကြောင့် မြစ်ကမ်းများရှိ မြက်ခင်းလွင်ပြင်များ ပျက်စီးဆုံးပါးသွားပြီး ကန္တာရ အဖြစ်သို့ ပြောင်းလဲသွားခဲ့တာ အထင်အရှားဖြစ်နေပါပြီ။
အိန္ဒိယတွင်မှု တောင်သူများသုံးစွဲရမည့် ရေအမြောက်အမြားကို ကျောက်မီးသွေးဓါတ်အားပေးစက်ရုံသို့ လွှဲပြောင်းရယူသွားသဖြင့် ထောင်းပေါင်းများစွာသော တောင်သူများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး၊
အချို့က ကိုယ့်ကိုကိုယ် အဆုံးစီရင်ကန့်ကွက်ခဲ့ကြသည် အထိ ဖြစ်ပွားခဲ့ပါတယ်။ တရုပ်နိုင်ငံ၏ ကျောက်မီးသွေးစက်ရုံများ၏ ရေသုံးစွဲမှုမှာ နိုင်ဂါရာ ရေတခွန်ကြီး၏ တနှစ်တာအတွင်း သွန်ချခဲ့သော ရေပမာဏ နှင့် အတူတူပါဘဲ ဟုဆိုလျင် ယုံကြည် နိုင်စရာမရှိ သော်လည်း ပညာရှင်များက တွက်ချက် ထောက်ပြခဲ့ပြီးဖြစ်ပါတယ်။
တရုပ်နိုင်ငံမှာ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများကြောင့် ၁၉၉၀ခုနှစ်များကစလို့ မြစ်ငယ်ပေါင်း၂၈,၀၀၀ ပျက်စီးကွယ်ပျောက်သွားပါပြီ။အဲဒီနိုင်ငံရဲ့ Ground Water မြေအောက်ရေ အတော်များများလည်း ပျက်စီးသွားပါပြီ။ မြောက်ပိုင်းလွင်ပြင်ရဲ့ လေးပုံ ပုံ တပုံမျှသာ အကောင်းကျန်တော့တယ်လို့ သူ့နိုင်ငံရဲ့ ရေအရင်းအမြစ်ဌာနကြီးက ထုပ်ဖေါ်ပြောဆိုနေပါပြီ။တောင်ပိုင်းမှရေကို မြောက်ပိုင်းသို့ လွှဲယူမဲ့ ဧရာမစီမံကိန်းကြီးတောင်စတင်နေရပါပြီ။
ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများကြောင့် အလုပ်ဖြစ် ချောင်လည်ချမ်းသာလါပေမဲ့ တဖက်မှာ ကျမ္မာရေး နုံချာကျဆင်းသွားတာ သဘာဝမြစ်ချောင်းများပျက်စီးဆုံးရှုံးသွားတာ မြေပေါ်တွင်မက မြေကြီးအောက်ရှိ ရေအရင်းအမြစ်တွေ ပျက်စီးသွားပြီး သောက်စရာရေ ရှားပါးလာတာဟာ ချောင်လည်ချမ်းသာလါတာနဲ့ ကာမိပါရဲ့လား ဆိုတာ နဖူးပေါ်လက်တင် ကြာကြာစဉ်းစားစရာမလိုပါ။ ဒါဖြင့် လျှပ်စစ်အားချို့တဲ့စွာနဲ့ နေသွားရမှာလားဆိုရင်တော့။အဲဒီလိုတော့ မဟုတ်ပါ။ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်စက်ရုံကြီးများကိုကြို တင်တည်ဆောက်ထားကြပါ။ မြန်မာ့ ကမ်းလွန်က သဘာဝဓါတ်ငွေ့တွေ တကွက်ပြီး တကွက် ပေါ်လာတော့မှာပါ။
ခပ်ကြွားကြွားလေးပြောရရင် မြန်မာ့ကမ်းရိုးတန်း မိုင်၁၀၀၀ကျော်မှာ ဘယ်နေရာတူးတူး Gas က ပြေးမလွတ်ပါဘူး။
၂၀၀၈ခုနှစ်က အမေရိကန်နိုင်ငံ တန်နင်ဆီပြည်နယ် ရှိ ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ ၏ Fly Ash များပါဝင်သော ရွှံနုံးနှစ်များ လှောင်သည့်ကန်ကြီး ကျိုးပေါက်ခဲ့ရာ ၁ဘီလီယံ ဂါလံခန့် သော ရွှံနုံးနှစ်ရည်များ အံကျလာပြီး အနီးဝန်းကျင်တဝှိုက် ဧက ၄၀၀ကျယ် အမြင့်၎ပေမှ ၆ပေရှိ ရွှံပြင်ကျယ် ကြီး ဖုံးလွှမ်းသွားခါ၊ အနီးအနားရှိ မြစ်ချောင်းများ အတွင်းသို့ စီးဆင်းခြင်းဖြင့် မြစ်ရေကို အကြီးအကျယ်ညစ်ညမ်းစေခဲ့သည်။ သြဂုတ်လ ၁၂ရက် အလဲဗင်း အွန်လိုင်းသတင်းတွင် ကလေးဝ အဆင့်မြင့် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ ကို ချင်းတွင်းမြစ်ကမ်းနှင့် ၁မိုင်မျှအကွာတွင် တည်ဆောက်မည်ဟု ဖတ်ရသည်။ သာမန် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံသည် အဆိပ်ပြာများကို မီးခိုးခေါင်းတိုင်မှ မီးခိုးများနှင့် အတူ ကျဲချမည် ဖြစ်သည်။ အဆင့်မြင့် လိုက်သည်နှင့် အဆိပ်ပြာများခေါင်းတိုင်မှမထွက်လာတော့။ အဆိပ်ပြာများကို ရေ သို့မဟုတ် ထုံးရေထဲသို့ ဖြတ်သန်းစေခြင်းဖြင့် ”ထိန်းထား” ပါလိမ့်မည်။ အဆိပ်များပါသော ထိုပြာရည်ပြစ် ကို ဘယ်မှာစွန့် ပစ်မည်လဲ။ ကျင်းများ ချိုင့်များ အတွင်းသို့ ပစ်ဖို့ ကြမည်လား။မြေကန်ကြီးများတူးဖေါ်၍ သိမ်းဆည်းသိုလ်လှောင်ထားမည်လော။ ဘယ်နေရာမှာဘယ်လိုပင် သိမ်းဆည်းသိမ်းဆည်း ပြာရည်များမြေအောက်သို့ စိမ့်ဝင်ပါမည်။ ချင်းတွင်းမြစ်အတွင်း သို့လည်းစိမ့်ဝင်ပါမည်။ မြစ်ရေကို နေ့စဉ်အဆိပ်ခပ်ပေးနေ ပါလိမ့်မည်။၎င်းဓါတ်အားပေးစက်ရုံသည် အချိန်ပြည့် မြစ်ရေများကို အလုံးအရင်းဖြင့် စုပ်တင်အသုံးပြုပါလိမ့်မည်။နွေရာသီမှာ ချင်းတွင်းမြစ်အတွင်း ရေယာဉ်စီးသူတွေ ရေယာဉ် သောင်နဲ့ ငြိနေလို့ ဆင်း ဆင်း တွန်းနေ ရတာ တကယ်ဘဲမို့၊ ကျောက်မီးသွေးစက်ရုံက ရေတွေ ယူလိုက်ပြီ ဆိုရင် ဆင်းပြီး တွန်းရတာလေးတောင် လုပ်ဖို့ အခွင့်အလမ်းလေး ပျောက်သွားပါလိမ့်မည်။ပြီးတော့ ရေပူ ရေဆိုးတွေကို မြစ်ထဲဘဲ သွန်ချမှာပါ။ ရေပူရေဆိုးများ Dissolved Oxygen မရှိတော့ပါ။ ထိုအတွက်ကြောင့်မြစ်သည် Self-purification မလုပ်နိုင်။သဘာဝတခုပျက်လျင်နောက်သဘာဝကထပ်ချပ်လိုက်ပျက်မည်။ ချင်းတွင်း ပျက်မည်။ ချင်းတွင်းပျက်ရင် ဧရာဝတီ ပျက်ပါသည်။ မြေကြီးလက်ခတ်မလွဲပါ။ထားဝယ် ရေနက်ဆိပ် ကမ်းမှာလည်း မကြာသေးခင်က clean coal အသံတွေထွက်နေပါသည်။ဂျပန်ရဲ့အကူအညီကို မျော် ပြီးပြောနေဟန်တူပါတယ်။ ဂျပန်ရဲ့ clean coal ကတော့ အံ့မခန်းပါဘဲ။ သူတို နှစ်ပေါင်းများစွာ ကတည်းက ကျောက်မီးသွေးကို သုံးခဲ့သူတွေပါ။ မကောင်းမှန်းသိတော့ အမြော်အမြင် ကြီးကြီးနဲ့ လူထု ကို ထိခိုက်စေမှု နည်းနိုင်သမျှနည်းအောင် ကြံစည်ကြိုးကုပ်လို့ clean coal ဘဝရာက်လာခဲ့တာပါ။ဂျပန်က clean coal နဲ့ လုပ်ပေးရင်ဟန်ကျတာပေါ့။ ဘုတ်ပြင်းမှာလည်း ခပ်ကြီးကြီး တလုံးတည်မည်။ အဆင့်မြင့်မည်ပြောသည်။ ဘယ်လောက်မြင့်မှာလဲ။ပင်လယ်နဲ့နီး တော့ ပြာနှစ်ရည်တွေ ပင်လယ်ထဲကို ခပ်လွယ်လွယ်သွန်ချလိုက်မှာလား။ မောင်းမကန်ကမ်းခြေ၊ မြိတ်ကျွန်းစုတို့ကို နှစ်ကြာ လါရင် ထိခိုက်လာလိမ့်မည်။ရန်ကုန်တိုင်းမှာ ၂၇၀ မဂ္ဂါဝပ် တလုံး ထန်းတပင်မှာ တည်မယ်လို့ လဲသိရသည်။
လှိုင်မြစ်ထဲ က ရေကိုယူမဲ့သဘောပါ။ လှိုင်မြစ်ဟာ ညောင်တုန်းနားကနေ ဧရာဝတီက ဖြာထွက်လာတဲ့ မြစ်လက်တက်တခု နဲ့ မိုးညိုနားကနေ ဧရာဝတီကနေ စိမ့်ထွက် မြစ်ဖျားခံလာတယ်လို့ယူဆရတဲ့ မြစ်မခမြစ်တို့ဆုံပြီးကြတဲ့နောက် လှိုင်မြစ် ဖြစ်လာတာပါ။ ကျောက်မီးသွေးစက်ရုံ ထန်းတပင်မှာ တည်ရင် သူ့ရဲ့ မြောက်ယွန်းယွန်းမှာ ရှိတဲ့ ရန်ကုန်ကို ရေပေးနေတဲ့ လှော်ကား ဖူးကြီး ဂျိုးဖြူ နဲ့ ငမိုးရိပ်ထဲကို fly ash တွေကြဲချမှာပါ။ မဟာရန်ကုန် နဲ့ ထန်းတပင်ကလဲ အဲဒီ လှိုင်မြစ်လေးဘဲ ခြားတာပါ။ ရန်ကုန် နဲ့ ရန်ကုန်နား တဝိုက် ကို ကျိန်းသေ နေ့စဉ်ကျဲမှာပါ။ တချို့က ငါးမိုင်တဝိုက်လို့ ခပ်ပေါ့ပေါ့ ပြောကြတယ်။ မကပါဘူး။ လေအား နဲ့ လွှင့် မှာဗျာ။ ရောက်ချင်ရာရောက်ကျချင်ရာကျမှာ။ ကျပြီးတော့ မရပ်သေးဘူး။ မိုးရေ က မြေကြီးထဲ က ground water ထဲအထိခေါ် သွားမှာ။ ground water source လဲ နှစ်ကြာလာရင် ပျက်မှာဘဲ။ ခြောက်တာမဟုတ်ပါဘူး။ တရုပ်ပြည်မြောက်ပိုင်းလွင်ပြင်ရဲ့ မြေအောက်ရေလေးပုံတပုံ ပျက်ပြီးပြီ လို့ တရုတ် အာဏာပိုင်တွေ ဝန်ခံနေကြပါပြီ။ ဧရာဝတီတိုင်းမှာလဲ နှစ်လုံးတည်မည်လို့ဆိုပါသည်။အဲဒီ စက်နှစ်လုံးကထုတ် လိုက်မဲ့ Fly ash တွေကို အနောက်တောင် မုတ်သုန်လေ အားကောင်းတဲ့အချိန်မှာတော့ တော်တော်ဝေးဝေးကို သယ်ယူပို့ဆောင်ပေးမှာလဲ သေချာပေါက်ပါဘဲ။ ဧရာဝတီတိုင်းရဲ့ ပေါများလှတဲ့မြစ်ငယ်ချောင်းငယ်တွေရဲ့ ငါးများစွာတို့ ဟာ ကျောက်မီးသွေးစက်ရုံက ကျလာမဲ့ပြာမှုန် တွေကို စားစရာအမှတ်နဲ့ စားသုံးကြမှာပါ။ ဒီငါးများကို လူတွေက စားကြမည်။ ပြဒါး ခဲ နှင့် စိန် တို့ သည် ခန္ဓာကိုယ်ထဲ ရောက်သွားပြီးလျင် အညစ်အကြေးအဖြစ်ပြန်မထွက်ဘဲ အမြဲခိုအောင်းနေတော့သည်။ အဆင့်မြင့်စက်ရုံဖြစ်ဦးတော့ ပြာနှစ်ရည်များကို သိမ်းဆည်းဘို့ ဘယ်လိုစီစဉ်မှာလဲ။
မိုးတွင်းရေကြီးလာလျင် ပြာနှစ်ရည် လှောင်ကန်များ မကျိုးပေါက်ဘဲနေမည်လား။ နိုင်ငံတချို့မှာ ကျောက်မီးသွေးကို လျှော့ပြီး နေ နဲ့ လေ အားတွေကနေ လျှပ်စစ်ကို ယူဘို့ ဆိုင်းပြင်းအားထုတ် နေကြပါပြီ။ (ဂျပန်မှာ ၂၀၁၃နှစ် ပထမ ၃လ ပါတ်မှာတင် နေစွမ်းအားကနေ မိဂ္ဂါဝပ် ၃၀၀၀ ထုတ်ဖို့ ဆောင်ရွက်ပြီးစီးပါပြီတဲ့။ နည်းပညာရော ငွေကြေးပါ ကြွယ်ဝကြလေတော့ ပေါက်မြောက်အောင်မြင် ပြီးမြောက်ကြသပေါ့။)အခြားသူတွေ ကျောက်မီးသွေးကို လျော့ချနေချိန်မှာ ကျောက်မီးသွေးအိမ်မက် မက်မနေဘဲ နှစ်များမကြာမှီ ပေါ်လာတော့မဲ့ Gas ကို ဘဲ အာရုံထားကြဘို့ တိုက်တွန်းလိုပါတယ်။
ဦးလှိုင်ဦး (အတိတ်မေ့ဘ၀မေ့)
 Image may contain: text























No automatic alt text available.No automatic alt text available.