"ခေါင်းဆောင်ကောင်း အလိုရှိသည် ။"
မောင်ချင့်ချိန်
ဗမာပြည်ဒီမိုကရေစီရေးသမိုင်းတလျှောက် လေးစားရလောက်သောသူရဲကောင်းများစွာ ၊ အားကိုးရ လောက်သော ခေါင်းဆောင်များစွာပေါ်ထွန်းခဲ့ပါတယ် ၊ သို့သော် စံထားရလောက် သောခေါင်းဆောင် ကောင်းကတော့ အလွန်နည်းပါးခဲ့ပါတယ် ။
ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း အံ့သြစရာသမိုင်းခေတ်အဖြစ် လူငယ်ခေါင်းဆောင် တွေ ၊ ကျောင်းသားခေါင်းဆောင်တွေ ၊ အမျိုးသမီးခေါင်းဆောင်တွေ အများအပြားပေါ်ထွန်း လာခဲ့ပါတယ် ၊ ဒါပေမဲ့ စစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်တွေထဲရောက်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ၊ ကိုကိုကြီးတို့လူနည်းစုလေးကလွဲရင် စံထားအား ကိုးလောက်တဲ့ခေါင်းဆောင်ကောင်း မရှိ ဘူးဆိုတာ တွေ့ရပါတယ် ။
ခေါင်းဆောင်ဆိုတာ လုပ်ငန်းကိစ္စတိုင်း ၊ နေရာဌာနတိုင်းမှာ ရှိရပါတယ် ၊အရမ်းအရေး ကြီးပါတယ် ၊ ခေါင်းဆောင်ဖြစ်ရုံသာမကပဲ ခေါင်းဆောင်ကောင်းဖြစ်ဘို့လဲလိုပါတယ် ၊ကိုယ့်အတ္တ ကိုယ်ဦးစားပေး တဲ့ ၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းပြီး ဘ၀င်မြင့်တတ်တဲ့ ၊ ဆင်ခြင်တုံတရားနည်းတဲ့ ၊ မပြတ်သား တဲ့သူတွေ ခေါင်းဆောင်ဖြစ်ခဲ့ရင် အဲဒီအဖွဲ့ ၊ အဲဒီ အလုပ်ဟာ အနှေးနဲ့အမြန်ပျက်စီးတာပါပဲ ၊ ကျွန်တော် တို့ဒီမိုကရေစီရေးတိုက်ပွဲ ခုလိုခရီးရှည်နေရတာဟာ ခေါင်းဆောင်အမည်ခံတွေသာများပြီး ၊ ခေါင်းဆောင်ကောင်း တွေမဖြစ်ခဲ့ကြလို့၊ခေါင်းဆောင်အရည်ချင်းမပြည့်မှီပဲခေါင်းဆောင်တက်လုပ်ခဲ့ကြလို့ပါ ။
ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပြည်သုလူထုက မျှော်လင့်ချက်ထားတဲ့ခေါင်းဆောင်တွေက ပြည်သူ့ ဆန္ဒကိုမဖြည့်စည်းနိုင်ခဲ့ကြဘူး ၊ ကြားဖြတ်အစိုးရဖွဲ့ဘို့လိုအပ်နေချိန်မှာကိုယ့်အတ္တတွေ ကိုရှေ့တန်း တင်စဉ်းစားခဲ့ကြပြီး ညီညီညွတ်ညွတ်နဲ့ပြည်သူကိုဦးမဆောင်နိုင်ခဲ့ကြလို့စစ်တပ် ရဲ့အာဏာသိမ်းမှု ခံခဲ့ ကြရပါတယ် ၊ ကျောင်းသားတွေဦးဆောင်ပြီး ပြည်သူတွေသွေးနဲ့ခင်း တဲ့လမ်းမှာ (သေနတ်သံ တိတ်တုန်းလေး ခန)လူထုခေါင်းဆောင် ဆိုပြီးထလျှောက်ကြတဲ့ သူတွေ စစ်တပ်ကအာဏာသိမ်းချိန် မှာရော လူထုကိုဘာတွေဦးဆောင်ခဲ့ပါသလဲ ၊
ရွေးကောက် ပွဲလုပ်ပေးမယ်ဆိုတဲ့ စစ်တပ်ရဲ့မြှူဆွယ်မှု မှာ အသီးသီးပါတီတွေထောင်ပြီး အမျိုးသားနိုင်ငံရေးလမ်းကြောင်းပေါ်ကနေအများစုသွေဖီခဲ့ကြတယ်။ စစ်တပ်ကအာဏာသိမ်းပြီးပေမဲ့ သူ့အုပ်ချုပ်ရေးကိုခိုင်မြဲအောင်မလုပ်နိုင်ခဲ့ပါဘူး ၊ ပါတီတွေ ထောင် ကြပါ ၊ ရွေးကောက်ပွဲလုပ်ပေးပြီးစစ်တန်းလျားပြန်မှာပါလို့ စောမောင် ပြောတာကို ယုံကြည်ကြပြီး ရှစ်လေးလုံးအရှိန်အဟုန်နဲ့ ပြတ်ပြတ်သားသားတိုက်ပွဲမဆက်ခဲ့ကြဘူး ၊ အဲဒီတုန်းက ခေါင်းဆောင် ကြီးများဆိုသူတွေက အာဏာသိမ်းတာကိုလက်မခံဘူး ၊ ပါတီလဲ ထောင်စရာမလိုဘူး၊ ပြည်သူကို ဦးဆောင်ပြီး ဗိုလ်ချုပ်ကြီးစောမောင်နဲ့ တွေ့ဆုံဆွေးနွေး ရေးလုပ်ဘို့ပဲတောင်းဆိုမယ် ၊ ကိုယ့်ဘာသာ ကြားဖြတ်အစိုးရဖွဲ့ပြီး ကိုယ့်ဘာသာရွေးကောက် ပွဲလုပ်မယ်လို့ တင်းခံခဲ့ရင်……..။ ဦးနုတို့ ဒေါ်စုတို့က ညီညီညွတ်ညွတ်နဲ့ ပြည်သူကို ဦးဆောင်ခဲ့ရင်……။
သမိုင်းခေတ်ရဲ့အခြေနေအရ ၊ လိုအပ်ချက်အရ ၊ ကျောင်းသားတွေက သုံးယောင်ချယ် ၊ ဗကသ ၊ အကသ ၊ NLD လူငယ် ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ ABSDF စသဖြင့် ကွဲပြားခဲ့ရတဲ့အပေါ် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ၊ ခေါင်းဆောင်ကြီး တွေအဖြစ် ထွက်ရပ်ပြခဲ့သူတွေထဲက ဘယ်သူ ဘယ်လို ဦးဆောင်မှုပေးခဲ့ပါသလဲ ၊ လူငယ်ကျောင်း သားတွေက အတွေ့အကြုံကိုဆရာတင်ရင်း ကိုယ့်ဘာသာ ဦးဆောင်ခဲ့ ကြရတယ် ၊ ၁၉၉၀ မှာ "NLD ကိုဝန်းရံကြ"လို့ ကျောင်းသားတွေကကြွေး ကြော်ခဲ့ကြပြီး စစ်အစိုးရကိုပုံသဏ္ဍန်အမျိုး မျိုးနဲ့တိုက်ပွဲဝင်နေချိန်မှာ ၊ ခေါင်းဆောင်ဆိုသူတွေက ရွေးကောက်ပွဲဝင်ပြီး ကိုယ့်ပါတီ အနိုင်ရရေးပဲလုပ်ခဲ့ကြတယ် ၊ စစ်တပ်က ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်ပေးဘို့ အကြောင်းအမျိုးမျိုးပြသွေဖီခဲ့မှုအပေါ် ထိရောက်တဲ့ တောင်းဆိုမှု ၊ တိုက်ပွဲဝင်မှု မလုပ်ခဲ့ကြဘူး ၊ ပြည်သူကိုခေါင်းဆောင်ရမဲ့ လွှတ်တော် ကိုယ်စားလှယ်ဆိုသူအချို့ နယ်စပ်ဒေသ (လွတ်မြောက်နယ်မြေ ) များဆီထွက် လာပြီး အဝေးရောက် အစိုးရအဖြစ်ဖွဲ့စည်းချိန်မှာတော့ မူလထဲက လူငယ်ပိုင်းတွေမို့ အတွေ့အကြုံနည်းပါးမှုကြောင့် ဆုံးဖြတ် ချက်အမှား ၊ လုပ်ရပ်အမှားတွေများစွာရှိနေတဲ့ နယ်စပ်ရောက်ကျောင်းသားခေါင်းဆောင်ဆိုတာတွေမှာ အတုခိုးမှား ပျက်ဆီးစရာတွေဖြစ် လာပါတော့တယ် ၊အဝေးရောက်အစိုးရလို့ပီပြင်အောင် ပြည်သူတွေနဲ့ ဝေးသထက်ဝေးရာ နိုင်ငံပေါင်းစုံ(အထူးသဖြင့်အမေရိကား၊သြစတေးလျား၊နော်ဝေ၊ကနေဒါနဲ့ဂျပန်) ကို ထွက်ခွာသွားကြတာမှာ ကျောင်းသားခေါင်းဆောင်ဆိုသူတွေ ၊ လူထုခေါင်းဆောင်ဆိုသူတွေ ပျက်ဆီး ဘို့လမ်းစဖြစ်ခဲ့တော့တာပါပဲ ၊ နယ်စပ်တွေမှာနေထိုင်သူတွေကလဲ ရပ်တည်ရေး ဆိုတဲ့ခေါင်းစဉ်ပြပြီး ၊ နိုင်ငံရေးအလုပ်ထက် လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ကလေး သူငယ် အရေး ၊ အမျိုးသမီးအရေး၊ စသဖြင့် အရေးမျိုးစုံနဲ့ အလှုရှင်တွေအကြိုက်သာ လုပ်ပြရင်း ထိရောက်တဲ့နိုင်ငံရေးအလုပ်တွေနဲ့ဝေး သထက်ဝေးလာပြီး ဇိမ်ခံနေထိုင်မှုတွေ ၊ ကိုယ်ကျိုးစီးပွားနဲ့ မိသားစုဘ၀ဆိုတာတွေထဲမှာပဲ ကျင်လည် နေကြတော့--- ̋ခေါင်းဆောင်ဆိုတဲ့နေရာကို တော်လှန်ရေးအတွက်အနစ်နာခံဘို့ ၊ ဦးဆောင်ဘို့ လိုချင်တာမျိုးထက် ကိုယ်ကျိုးစီးပွားရှာဘို့ အနေချောင်ဘို့ လုနေကြတာမျိုးဖြစ်လာတယ်။̋̋̋
နောက်ပိုင်းမှာ နိုင်ငံရေးအစဉ်လာရှိသူ ၊ ရပ်တည်ချက်ပြတ်သားခိုင်မာသူ ၊ စဉ်းစားမျှော် မြင်မှုနှင့် မဟာမိတ်ဆက်ဆံရေးအားကောင်းသူတွေ ခေါင်းဆောင်ဖြစ်ရမဲ့အစား ငွေရှာ နိုင်သူတွေပဲခေါင်းဆောင် ဖြစ်လာကြပါတယ် ၊ ငွေပေးသူတွေရဲ့သြဇာလွှမ်းမိုးမှုတဖြည်းဖြည်းခံလာရပြီး ငွေနဲ့ အတွေးအခေါ် ခံယူချက်များ လဲကြရတဲ့အခြေအနေတွေဖြစ်လာပါတယ် ၊ ပြည်သူတွေအဘို့ အားကိုးယုံကြည်ရ လောက်တဲ့ ခေါင်းဆောင်ကောင်းမတွေ့ရမှုမှာ လိုက်ပါဘို့မ၀ံ့ရဲတဲ့အခြေနေဖြစ်လာပြီး မဆန့်ကျင်ရဲကြ ပဲ အံကြိတ်ပဲခံနေကြတော့တာမှာ စစ်အာဏာရှင်တွေက အလိုလိုအသာရ ဘို့ဖြစ်လာပါ တော့တယ်။
ဒီနေ့ခေတ်ရဲ့အခြေနေမှန်ကို သေချာပြန်လေ့လာရင် စစ်အာဏာရှင်တွေက ၊ ဗိုလ်ချုပ်ကြီးတွေ ရဲရဲဝံ့ဝံ့ ယူနီဖေါင်းချွတ်ရဲရလောက်အောင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြပြီးထင်တိုင်းကြဲနေ လို့ရ နေပါတယ်၊ပြည်သူ တွေက စစ်ဗိုလ်ချုပ်တွေဘာလုပ်မလဲ ၊ အတိုက်အခံတွေဘာလုပ်မ လဲဆို တာထက် ၊ လောလောဆယ် ဘေးကင်းဘို့နဲ့ ထမင်းပုံမှန်စားရဘို့ပဲ စိတ်ဝင်စားကြသူများနေ ပါတယ် ၊စစ်အစိုးရမတရားမှန်းသိနေကြ ပေမဲ့ မဆန့်ကျင်ရဲဖြစ်နေပြိး ၂၀၀၇ စက်တင်ဘာမှာ သံဃာတော်တွေဦးဆောင်ခဲ့တာတောင် လိုက်ပါ နိုင်စွမ်းချို့တဲ့နေကြတာ ၊ ဒေါ်အောင်ဆန်း စုကြည်ကိုမတရားအမှုဆင်မှန်းသိကြပါလျက် ရုံးထုတ်ချိန် အင်းစိန်ထောင်ရှေ့သွားရောက် စုရုံးသူ ထောင်ဂဏန်းတောင်မရှိတာ ၊ ၂၀၀၈ မေလဖွဲ့စည်းပုံဆန္ဒခံယူပွဲ မှာ ကြံ့ဖွတ်နဲ့ ရယကတွေ အနိုင်ကျင့်ခြိမ်းခြောက်ထောက်ခံခိုင်းမှန်းသိပေမဲ့ ၊ ဘေးကင်းပြီးရောထောက် ခံခဲ့ကြတာ ၊ ခု၂၀၁၀မှာလဲ မတရားတဲ့ဥပဒေ တွေထုတ် NLD နဲ့ဒေါ်စုကို ရွေးကောက်ပွဲက နေဖယ် ထုတ်တာ ၊ ပါတီဝင်အင်အားတထောင်ပြည့်ရမယ် ၊ ငွေကြေးဘယ် လောက်ရှိရမယ် ဆိုပြီး တခြားပါတီိ တွေကိုကန်ထုတ်တာ ၊ စစ်ဗိုလ်ချုပ်ကြီးတွေအုပ်စုလိုက်ယူနီဖေါင်းချွတ်ပြီး ကြံ့ဖွတ်ကိုပါတီအဖြစ် ပြောင်း ရွေးကောက်ပွဲကိုတဘက်သတ်လုပ်တော့မှာတွေကို သိနေ ကြလျက်နဲ့ မဆန့်ကျင်ရဲငြိမ်နေကြ တာ ပြည်သူတွေရဲ့ ဖိနှိပ်ခံဘ၀မှာနေသား တကျဖြစ် မှုကိုပြနေပါတယ်။
ဒီမိုကရေစိလိုလားသူများဆိုတဲ့ အတိုက်အခံလောကနေသားကျမှုကတော့ အဆိုးဆုံးထင် တာပါပဲ၊ ကိုယ်ပိုင်ဆိုင်ကယ်ကနေ ကားဖြစ်ရေးမှန်းနေကြတဲ့ ၀င်ငွေရအလုပ်တွေ ၊ သားသမီး ကျောင်းပို့ ကျောင်းကြိုအလုပ်တွေ ၊ဆိုင်ကောင်းကောင်းမှာ စားဘို့သောက်ဘို့ပဲအာရုံရှိကြတာ တွေ၊နောက်ထပ် အထောက်ပံ့ဘယ်လိုရမလဲ ပရိုပိုဆယ်ပဲစဉ်းစားရင်း ပြည်သူကိုရော အချင်း ချင်းရော လိမ်နေကြတာ တွေ ၊ ကြေငြာချက်ထုတ်ရုံ ၊ အခန်းနားကျင်းပရုံထက် မပိုတဲ့ လှုပ်ရှားမှုဆိုတာတွေ၊ အဲဒီလိုအခြေအနေ ကိုပဲ တယောက်နဲ့တယောက် ၊ တဖွဲ့နဲ့တဖွဲ့အားပြိုင် ရင်း နေရာလုစားကျက်လု မခေါ်နိုင်မပြောနိုင် လက်တွဲမလုပ်နိုင်ဖြစ်နေတာတွေရိုးအီနေတဲ့ဖြစ် စဉ်တွေထဲမှာ စစ်အာဏာရှင်ကတန်းတူအရေးထား လေးစားရလောက်တဲ့ခေါင်းဆောင် ၊ ကြောက်ရလောက်တဲ့ခေါင်းဆောင်၊ မရှိတော့သလောက်ကို နည်းပါးနေပါပြီ ။
ဗမာပြည် ပြည်တွင်းစစ်ခရီးက ရှည်လှပြီ ၊ ဗမာပြည်ကွန်မြုနစ်ပါတီနှင့်တိုင်းရင်းသားများက စတိုက် ပွဲဝင်ခဲ့ကြသော ပထစခေတ် (၁၉၄၈-၁၉၅၈) ဆယ်နှစ် ၊ အိမ်စောင့်အစိုးရအမည်ခံ စစ်အစိုးရခေတ် (၁၉၅၈- ၁၉၆၀)နှစ်နှစ် ၊ ပါလီမန်ဒီမိုကရေစီခေတ်(၁၉၆၀-၁၉၆၂) ၊ မဆလခေတ် ခေါ်နေ၀င်းခေတ် ၊ စစ်အာဏာရှင်ခေတ် (၁၉၆၂-၁၉၈၈) နှစ်ဆယ့်ခြောက်နှစ် ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ပါဆန့်ကျင်တိုက်ပွဲဝင်နေသော န၀တ/နအဖခေတ်ခေါ် စစ်အာဏာရှင်ခေတ် ၊ နှစ်ပေါင်းများစွာခရီးမှာ ဗမာပြည်သူများကား မွဲသထက်မွဲ ၊ ကမ္ဘာ့တိုးတက်မှုမျိုးစုံအားခံစားခွင့်မရ ၊ နိုင်ငံပေါင်းစုံမှာ ကျွန်လို ထွက်လုပ်မှ လူတန်းစေ့မဲ့ဘ၀မျိုး နိုင်ငံ့ဂုဏ်သရေညှိုးနွမ်းလှပြီ ။
ရပ်ပြစ်ချင်ပါပြီ ၊ လူ့အခွင့်အရေး(အပြည့်အ၀မဟုတ်တောင် ထိုင်းလောက် ၊ အိမ်နီးချင်း နိုင်ငံ တွေ လောက်)ရှိသောအခြေအနေနှင့် ကိုယ့်မြေကိုယ့်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မဲ့အလုပ်တွေ ၊ တည်ဆောက် ရေးလုပ်ငန်းတွေ လုပ်နေချင်ပါပြီ ။ သို့သော် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်း သမျှ မည်သို့ဖြစ်နိုင်ပါ မည်နည်း ။
စစ်အာဏာရှင်စနစ်အမြစ်ပြုတ်တိုက်ထုတ်ဘို့က ခေါင်းဆောင်ကောင်းလိုအပ်ပါသည် ၊ လက်ရှိ ရှိနေ သောခြေနေအရပ်ရပ်အား ဘက်စုံပြုပြင်ပြောင်းလဲနိုင်ရန် လူအများလေးစားအားကိုး
ယုံကြည်ရမည့် ခေါင်းဆောင်ကောင်းလိုနေပါသည် ၊ လက်ရှိအဖွဲ့တဖွဲ့ဖွဲ့တွင် ခေါင်းဆောင် ဟုကိုယ့်ကိုယ်ကိုယ် သတ် မှတ်သူများ သေချာစဉ်းစား ဆုံးဖြတ်ရမဲ့အချိန်ရောက်နေပါပြီ ၊ ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်ကောင်း လား ၊ တော်လှန်ရေးအတွက် ခေါင်းဆောင်နေ ရာထိုက်တန်ရဲ့လား ဆုံးဖြတ်ပြီး ပြတ်ပြတ်သားသား ပူပေါင်းကြ/လမ်းခွဲကြ ရမဲ့အချိန် ရောက်နေပါပြီ….
ဗမာပြည် ပြည်သူအပေါင်းနှင့်တော်လှန်ရေးကြီိးကတော့စစ်မှန်သော ခေါင်းဆောင်ကောင်း အလိုရှိနေပါသည်။
မောင်ချင့်ချိန် ။
Burma Elections: Suu Kyi Contemporaries offers Second Choice
Rangoon October 30
Though Burma's powerful opposition party led by the legendary Aung San Suu Kyi boycotts the coming elections without a plan B, 29 million Burmese voters - from them she has been cut off by the junta government - are not short of second choice.
As many as 500 politicians are to compete with regime backed candidates in the coming pools. These civilian candidates refer themselves as, 'Third Forces,' politically independent of either camp: the junta or the opposition National League for Democracy.
As Burma's universally denounced elections- one in twenty years - is only a week away, a few Third Force candidates are confident of their victory despite government manipulations.
Cho Cho Kyaw Nyein, daughter of Burma's parliamentary era deputy prime minister, U Kyaw Nyein, and a contemporary of Aung San Suu Kyi, said she is confident of her win in the elections. She will stand in a constituency which is her father's native town one hundred miles north of Rangoon.
"I am astonished with the prospects in my constituency. I am almost certain to win. U Thu Wai (chairman of her party, the
Democratic Party- Myanmar) and my running mate sister Nay Yi Ba Swe are also doing well," said Cho Cho.
Local people nicknamed the DP-M, 'Party of Princesses' referring the three lady candidates: Than Than Nu, Cho Cho Kyaw Nyein and Nay Yi Ba Swe, who are daughters of Burma's parliamentary era prime-minister and deputy prime-ministers, U Nu, U Kyaw Nyein and U Ba Swe respectively.
Cho Cho is the most quoted Burmese woman politician after Aung San Suu Kyi by Western media at the moment. Since the time she announced her decision to stand in election she was frequently asked a question by many Western journalists, diplomats and dignitaries who visited Burma.
The question is, "Why would you stand in the election which Aung San Suu Kyi and NLD have boycotted?"
The most recent foreign dignitary who asked her this question was the Norwegian Minister for Economic Development who has visited Burma in May. Before him, the team members of the US Assistant Secretary of State Kurt Campbell also raised the same question, she related. Three years junior to Suu Kyi, Cho Cho knew the Noble laureate well since their childhood.
"I admire Daw Suu very much but I am always an independent politician."
In the last, 1990 elections in which the NLD had won a landslide victory, Cho Cho also had contested but on her own separate political party which is now defunct, and lost. She is a bit uncomfortable at the assumption that every politician in Burma is obligated to subscribe the policy and actions of Aung San Suu Kyi and NLD.
Meanwhile Suu Kyi, Burma's democracy icon is still in junta government's custody. She, along with NLD, boycotts the election on the ground that the junta has failed to revise the undemocratic aspects of the new Constitution as demanded by the NLD. International supports to her motion failed to soften the Burmese regime though.
Burma also rejected the suggestions to monitor the election sanctity by neighboring countries such as Thailand, Indonesia, Philippines and the regional organization which it is a member, the Association of South East Nations, ASEAN. It also barred foreign media. Request by the UNSG, Ban Ki Moon, to release political prisoners including Suu Kyi prior to the elections is ignored.
Civilian parties lack money and freedom to effectively compete with the regime nurtured Union Solidarity and Development Party, USDP, which boasts of having 24 million members and rumored to have unlimited state funds and facilities at its disposal. Campaign modes are also severely tamed by Home Ministry and the Election Commission.
"We are in a 'take it or leave it' situation. Nobody can do 'nothing' about it, including Western Governments." Cho Cho pleaded.
"However we felt something is better than nothing; even U Khin Maung Swe's group felt the same; that is why they chose election like us."
Nineteen of Suu Kyi former followers led by U Khin Maung Swe who spent 17 years in prison have formed a political party named, 'National Democratic Forces,' entered the elections. The NDF is by far the largest party on the civilian side of the political divide. The
NDF sent 163 candidates. Cho Cho's DP-M, the sixth largest among 37 political parties, can send only 49 candidates to the elections.
On the other hand, Burmese are not alone with this decision. About two third of the 37 parties are ethnically formed, prepared to contest in Burma's seven ethnic state constituencies. Even the giant USDP and NUP have to choose their candidates from respective ethnic groups for these areas.
Besides the media enticing aspect, Third Forces parties stand a slim chance. Most of the seats are destined for the USDP's 1100 candidates. Behind it, National Unity Party, the formerly ruling socialist party reincarnate, follows up closely. The NUP sent about 900 candidates.
The new Constitution awards the military 25% of the seats in each of the two assemblies that will translate to 166 seats out of the total 664. Soldier legislators are suspected to be allying with hundreds of USDPs and NUPs in the legislature.
Other Third Forces election hopefuls include mostly from the NDF. The NDF enjoys the quiet supports of the ex-NLDs who are idle now. But even NDF cannot win big, according to Minn Aung Aung, an editor at one of Rangoon's best selling weekly news journals, "Snap Shot."
"They (NDF) might probably get half of their number." He said. The NDF sent 163 candidates to the election.
Being their stories require pre print approval by Government censor board, Burmese journalists' pessimism about the election is understandable.
However Cho Cho is optimistic. She said, "even if we (Third Forces) can secure a mere ten percent of the seats, we still can create impacts in the new legislature."
"The bottom line is; we will have new (rules of the) game; we can publicly argue with military officers face to face, standing on the same floor instead of the current 'taking-orders' from them above us." She insists.
Myint Shwe
Myint Shwe is a Burmese exile based in Toronto
No comments:
Post a Comment