Civil Society ဆိုရာဝယ်
နိဒါန်း နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံပညာရှင်များက paradigm of social orderမှာ မဏ္ဍိုင်သုံးမျိုးရှိတယ်လို့ ရှုမြင်သုံးသပ်ထားကြပါတယ်။ ဒီသုံးမျိုးကတော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ကြတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုကျတော့ တတိယ မဏ္ဍိုင် လို့ သတ်မှတ်ကြပါတယ်။ Civil societyဆိုတဲ့ သဘောတရားကို လူမှု ဖွဲ့စည်းပုံအမျိုးမျိုးမှာ အဓိပ္ပာယ်ဖွင့်ဆိုထားကြပြီး၊ အထူးသဖြင့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြားက ဆက်နွယ်မှုတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့ သဘောတရား တခုအဖြစ် ယူဆထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြုဖော်ဆောင်တဲ့ အဖွဲ့ အစည်းတွေကတော့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (non-government organizations or NGOs) တွေပဲ ဖြစ်ပြီး၊ အန်ဂျီအိုတွေကို (civil society organizations or CSOs) တွေအဖြစ်လဲ သတ်မှတ်ခေါ်ဆိုကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) ဆိုတဲ့ သဘောတရားနဲ့ နိုင်ငံတော် အစိုးရတွေအပေါ် သက်ရောက်မှုတွေဟာ ၂၁ ရာစု၊ ကမ္ဘာ့ လူ့အဖွဲ့အစည်းရဲ့ ထင်ရှားတဲ့ ပြယုဂ်တွေ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကြားက ဆက်နွယ်မှုဆိုင်ရာ သဏ္ဍာန်များ (State – Civil Society Relational Models) လေးမျိုးကို အခြေခံပြီး၊ civil society သဘောတရားကို ရှုမြင်သုံးသပ်ပုံနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပုံတွေ ကွဲပြားပါတယ်။ ဒီလေးမျိုးကတော့ ထိပ်တိုက်ရင်ဆိုင်မှုပေါ်မှာ အခြေခံတဲ့ confrontational model ၊ ပူးပေါင်းဆောင်ရွက်ခြင်း အပေါ်မှာ အခြေခံတဲ့ collaborative model ၊ ထိပ်တိုက်ရင်ဆိုင်ခြင်း- ပူးပေါင်းဆောင်ရွက်ခြင်းမရှိပဲ သီးခြားရပ်တည်မှုပေါ်မှာ အခြေခံတဲ့ autonomous model၊ ကြားဝင်စေ့စပ်ဖြေရှင်းခြင်း အပေါ်မှာ အခြေခံတဲ့ mediational modelတို့ပဲ ဖြစ်ပါတယ်။
Confrontational Model of Civil Society ဆယ့်ခုနစ်ရာစုနဲ့ ဆယ့်ရှစ်ရာစုကာလတွေမှာ ဥရောပမှာ modern state systemဆိုတဲ့ အတွေးအခေါ်တွေ ထွန်းကားလာခဲ့ပါတယ်။ အကြွင်းမဲ့ အာဏာကျင့်သုံးမှုစနစ်၊ ဘုရင်စနစ်တွေနဲ့ အပြိုင်ပေါ်ထွက်လာခဲ့တဲ့ ဒီအတွေးအခေါ်တွေ ထဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) ဆိုတဲ့ သဘောတရားကလဲ စတင်ပေါက်ဖွားလာပါတယ်။ နိုင်ငံရေးတွေးခေါ် ပညာရှင်တွေဖြစ်တဲ့ Montesquieu နဲ့ Kant တို့ရဲ့ ရေးသားချက်တွေထဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်း ဆိုတာကို အုပ်ချုပ်သူတွေရဲ့ အကြွင်းမဲ့အာဏာကို ထိန်းညှိစစ်ဆေးဖို့ လိုအပ်တဲ့ မဏ္ဍိုင်တခုအနေနဲ့ ရည်ညွှန်းထားကြ ပါတယ်။ အဲဒီအချိန်ကာလက အစပြုပြီး ဥရောပနိုင်ငံရေးဒဿနိကရဲ့ Liberal tradition တခုလုံးမှာ အရပ်ဘက် လူ့အဖွဲ့အစည်းဆိုတာကို ထိပ်တိုက်ရင်ဆိုင်ခြင်း အသွင်သဏ္ဍာန်နဲ့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါတယ်။
Neo-conservative tradition မှာလဲ civil society ဆိုတာကို နိုင်ငံတော်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ သုံးသပ်ပြီး၊ ဈေးကွက်လုပ်ငန်းဆောင်တာတွေရဲ့ နိုင်ငံရေးမပါသော မဏ္ဍိုင်အဖြစ် သတ်မှတ်ထားကြပါတယ်။ ဆိုရှယ်လစ် ပညာရှင် တယောက်ဖြစ်တဲ့ Vaclav Havel ကလဲ civil society ဆိုတာ နိုင်ငံရေးဆန့်ကျင်ခြင်း ဒိုမိန်း (domain of anti-politics) ဖြစ်ပြီး၊ နိုင်ငံတော်နဲ့ အရပ်ဘက် လူ့အဖွဲ့အကြားက ဆက်နွယ်မှုဟာ ဆန့်ကျင်ဘက် ဆက်နွယ်မှု လို့ ဆိုခဲ့ပါတယ်။ နိုင်ငံရေးပညာရှင် Ernest Gellner နဲ့ Şerif Mardin ဆိုသူတို့ကလဲ civil society ဆိုတာ နိုင်ငံတော်ရဲ့ လူ့အဖွဲ့အစည်းပေါ် ထိန်းချုပ်မှုတွေကို ထိန်းညှိပေးဖို့ ပေါ်ထွက်လာတဲ့ counter-balancing mechanism လို့ ဆိုခဲ့ကြပါတယ်။
ဒီလို ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ထိန်းညှိပေးခြင်းဆိုင်ရာ Confrontational Model ကို အခြေခံပြီး Civil Society အားကောင်းလာအောင် ပြုလုပ်တဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေ ယနေ့ကမ္ဘာမှာ အများအပြား ရှိပါတယ်။
Autonomous Model of Civil Society
၂၀ ရာစုနှောင်းပိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ခြင်း အတွေးအခေါ်က နိုင်ငံတော်နဲ့ civil society ကို ဆန့်ကျင်ဘက်အနေနဲ့ သတ်မှတ်မှုအပေါ်မှာ အခြေခံပြီး၊ anti-statist ideological agenda အပေါ်မှာ အခြေခံထားတယ်လို့ ရှုမြင် သုံးသပ်သူတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။ Civil Society ဟာ နိုင်ငံတော်နဲ့ ကွဲပြားခြားနားတာ မှတ်ပေမယ့် နိုင်ငံတော်ကို ဆန့်ကျင်တာ မဟုတ်ပဲ ကိုယ်ပိုင်သီးခြား ရပ်တည်တဲ့ မဏ္ဍိုင်တခုသာ ဖြစ်တယ်လို့ Robert Hefner, Keith Tester, David Anderson, Jean Cohen နဲ့ Andrew Arato စတဲ့ civil society theorists တွေက ဆိုခဲ့ကြပါတယ်။
Charles Taylor, Larry Diamond, Gordon White, John A. Hall နဲ့ He Baogang စတဲ့ နိုင်ငံရေးပညာရှင်များကလဲ ဒီအဆိုကို လက်ခံခဲ့ကြပါတယ်။ Civil Society ဆိုတာ နိုင်ငံတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုက လွတ်ကင်းတဲ့ လွတ်လပ်သော အစုအဖွဲ့များ ပါဝင်နေတဲ့ လူ့အဖွဲ့အစည်း တရပ်ဖြစ်ကြောင်း Charles Taylor က ဆိုခဲ့ပါတယ်။ Hall ကလဲ လူ့အဖွဲ့အစည်းက နိုင်ငံတော်ရဲ့ ပါဝင်ပတ်သက်မှုမရှိပဲ မိမိတို့ဘာသာ သီးခြားစုဖွဲ့မှု ‘societal self-organization’ ဟာ civil society ရဲ့ သွင်ပြင်လက္ခဏာ တရပ်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ Baogang ကတော့ civil society တည်ရှိမှုဆိုတာကို သက်ဆိုင်ရာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းတွင်းမှာ ပေါ်ထွက်နေတဲ့ အသင်းအပင်းတွေဟာ နိုင်ငံတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ဘယ်လောက်ကင်းသလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။
Autonomous Model of Civil Society သဘောတရားတွေကို လူမှုရေးအသင်းအဖွဲ့တွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်းများစွာက လက်ခံ ကျင့်သုံးနေ ကြပါတယ်။ သို့ပေမယ့် ဒီသဘောတရားတွေဟာ neo-conservative paradigm မှာ အခြေခံတဲ့ civil society ဆိုတာ depoliticized sphere ဆိုတဲ့ အမြင်ကိုတော့ ဆန့်ကျင်ပါတယ်။ လူထုအခြေပြု နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ voluntary social movements paradigm အယူအဆတွေနဲ့ ပိုပြီး ဆက်နွယ်မှု ရှိပါတယ်။
Collaborative Model of Civil Society
၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု ကနဦးပိုင်းကာလတွေမှာ ကမ္ဘာ့နိုင်ငံတော်တော်များများက နိုင်ငံတော်အစိုးရတွေဟာ ပြည်သူ့အကျိုးစီးပွားကို ဦးတည်တဲ့ ဒီမိုကရေစီ အစိုးရတွေ ဖြစ်လာကြပါတယ်။ ဒီလို ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံတော်နဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းပေါ် အခြေတည်တဲ့ confrontational model နဲ့ သီးခြားရပ်တည်တဲ့ autonomous model တွေအပြင် ပူးပေါင်းဆောင်ရွက်ခြင်းအပေါ် အခြေတည်တဲ့ collaborative model ကိုလဲ ပညာရှင်အများစုက ဦးစားပေး တင်ပြလာကြပါတယ်။ civil society ရဲ့ နိုင်ငံရေးရှုထောင့် (political dimension) ကို အာရုံစိုက်ခြင်း မရှိပဲ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စတဲ့ မူဝါဒရေးရာတွေမှာ နိုင်ငံတော်နဲ့ Civil Society Organizations တွေ ပူးပေါင်းပါဝင်သင့်တယ်ဆိုတဲ့ ဒီအယူအဆတွေဟာ civil society ဆိုတာကို depoliticized sphere အဖြစ် ရှုမြင်တဲ့ neo-conservative paradigm အပေါ်မှာ အခြေတည်တယ်လို့ ဆိုနိုင်ပါတယ်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ မူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ဒီမိုကရေစီအစိုးရမဟုတ်တဲ့ အာဏာရှင်အစိုးရတွေနဲ့ အဆင်အပြေဆုံးလို့ ယူဆရတဲ့ အတွက် collaborative model ကို နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ WHO, UNESCO, UNDP အဖွဲ့အစည်းတွေ အပါအ၀င် Civil Society Organizations တော်တော်များများက အသုံးပြုကြပါတယ်။ Civil Society ဆက်လက်ရှင်သန် ရပ်တည်နိုင်မှုကို အထောက်အကူပေးနိုင်ဆုံး model တရပ်အနေနဲ့ သတ်မှတ်ထားကြပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဒီ Model ကို အာဏာရှင်နိုင်ငံတွေမှာ အသုံးပြုမယ့် အန်ဂျီအို အဖွဲ့တွေ (အထူးသဖြင့် အဖွဲ့ငယ်လေးတွေ) အနေနဲ့ civil society ဆိုတာကို depoliticized sphere အဖြစ် ကနဦးရှုမြင်ထားဖို့ လိုပါတယ်။ collaborative model ကို အသုံးပြုပြီးမှ political dimension ကို ထည့်သွင်းလာခဲ့ရင်တော့ အာဏာရှင်အစိုးရနဲ့ ပြဿနာတက်ရင်တက်၊ မတက်ရင်လဲ အာဏာရှင် အစိုးရရဲ့ အာဏာတည်မြဲရေး အသုံးချခံ လက်ကိုင်ဒုတ်တွေ ဖြစ်သွားတတ်ပါတယ်။
Mediational Model of Civil Society
တချို့ ပညာရှင်တွေကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက စေ့စပ်ဆွေးနွေးရေးကို လုပ်ဆောင်ပေးမယ့် mediating sphere အနေနဲ့ သတ်မှတ်ကြပါတယ်။ နိုင်ငံရေးပညာရှင် Norton က နိုင်ငံတော်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကြားမှာ mediating structure လိုအပ်ချက်ကို civil society က ဖြည့်ဆည်းပေးနိုင်တယ်လို့ အဆိုပြုခဲ့ပါတယ်။ Sunar ဆိုသူကလဲ အတင်းအကြပ်တိုက်တွန်းခြင်း၊ ချုပ်ခြယ်ခြင်းစတာတွေ မပါတဲ့ စုဖွဲ့မှု ကြားခံ ဒိုမိန်းတခုအနေနဲ့ civil society ကို သတ်မှတ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ Mediational Model ကို လက်ခံကျင့်သုံးတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေက အရပ်ဘက် လူ့အဖွဲ့အစည်းဆိုတာကို နိုင်ငံတော် (state) နဲ့ လူ့အဖွဲ့အစည်း (Society) တို့နဲ့ သီးခြားရှိနေတဲ့ ကြားခံစေ့စပ်ဆွေးနွေးရေး sphere တခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။
အငြင်းပွားမှုများ
အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society)နဲ့ Civil Society Organizations (CSOs) တွေအဖြစ် ပါဝင်နေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တွေနဲ့ အငြင်းပွားမှုတွေ အများအပြား ရှိပါတယ်။ ထင်ရှားတဲ့ အမြင်တွေကတော့
(၁) အန်ဂျီအိုလုပ်ရင် နိုင်ငံရေးမလုပ်ရဘူး။ ဒီအမြင်က Collaborative Model of Civil Society အပေါ်မှာ အခြေခံပြီး ပေါ်ထွက်လာတာ ဖြစ်ပါတယ်။Confrontational Model နဲ့ Autonomous Model တွေအပေါ်မှာ အခြေခံပြီး အတိုက်အခံနိုင်ငံရေးနဲ့ လူထုအခြေပြုနိုင်ငံရေးကို ဖော်ဆောင်နေတဲ့ အန်ဂျီအိုတွေ အများကြီး ရှိပါတယ်။
(၂) နိုင်ငံရေးမလုပ်ပဲ လူမှုရေးအလုပ်တွေ၊ အန်ဂျီအိုအလုပ်တွေ လုပ်နေတယ်။ ဒီအမြင်က အန်ဂျီအိုအလုပ်ဆိုတာကို depoliticized sphere အနေနဲ့ ရှုမြင်သုံးသပ်ချက်ကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပါဝင်ပတ်သက်မှု (political participation) ဆိုတာမှာ ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲနဲ့ လွှတ်တော်တွေမှာ ပါဝင်ပတ်သက်တဲ့ conventional politics ဆိုင်ရာ ပါဝင်ပတ်သက်မှု ဆိုတာ ရှိသလို၊ တော်လှန်ရေးတွေ၊ လူထုလှုပ်ရှားမှု၊ စည်းရုံးရေးအသွင်ဆောင်တဲ့ လူထုအခြေပြုနိုင်ငံရေးလုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပတ်သက်တဲ့ contentious politics ဆိုင်ရာ ပါဝင်ပတ်သက်မှုဆိုတာလဲ ရှိပါတယ်။ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုမှာ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပဲ ပါဝင်ဦးဆောင်ရုံနဲ့ လူထုလှုပ်ရှားမှုတွေ ပေါ်ထွက်လာခြင်း မရှိနိုင်ပါ။ တပ်ဦးကျွှံတဲ့ မအောင်မြင်သော တော်လှန်ရေးတွေပဲ ပေါ်ထွက်လာနိုင်ပါတယ်။ လူထုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ တသားတည်းဖြစ်လာမှသာ အောင်မြင်မှု အလားအလာ ကောင်းတဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဒီအတွက် လူထုကို လှေကားချ စည်းရုံးနိုင်ဖို့ အန်ဂျီအိုအလုပ်တွေ၊ Civil Society အားကောင်းလာအောင် ချဲ့ထွင်မှုတွေကိုလဲ politicized sphere အနေနဲ့ အကောင်အထည်ဖော်ဆောင်ရမှုတွေ ရှိတတ်ပါတယ်။
(၃) အန်ဂျီအိုတွေ အာဏာရှင်တွေနဲ့ ပေါင်းလုပ်နေကြတယ်။
Collaborative Model ကို အခြေခံပြီး ဖွဲ့စည်းတဲ့ အန်ဂျီအိုတွေက အာဏာရှင်အစိုးရတွေနဲ့ မဖြစ်မနေ အလုပ်တွဲလုပ်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီလို တွဲလုပ်ကြတာကို အပြစ်မြင်စရာ မရှိပါ။ သို့ပေမယ့် ဒီလို တွဲလုပ်တဲ့အခါ depoliticized sphere အနေနဲ့ သတ်မှတ်ပြီး တွဲလုပ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများကိုတော့ အာဏာရှင်အစိုးရတွေက လက်ကိုင်ဒုတ်အဖြစ် အသုံးမချရဲကြပါဘူး။ Constructive engagement ပြုလုပ်နိုင်တယ်ဆိုတဲ့ တံခါးလေးကို ဖွင့်ထားပေးရုံလောက်ပါပဲ။ သို့ပေမယ့် စာနယ်ဇင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဖွဲ့ငယ်လေးတွေကိုတော့ လက်ကိုင်ဒုတ်အဖြစ် အသုံးချနိုင်အောင် ကြိုးပမ်းလေ့ရှိကြပါတယ်။ အထူးသဖြင့် အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အာဏာရှင်တွေကိုယ်တိုင်က collaborative Model ကို အခြေခံမယ့် အန်ဂျီအိုအဖွဲ့ငယ်လေးတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ဖွဲ့စည်းထားလေ့ရှိကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သို့ပေမယ့် အန်ဂျီအို အားလုံးကိုတော့ အာဏာရှင်တွေနဲ့ ပူးပေါင်းလုပ်နေတဲ့၊ အာဏာရှင်လက်ကိုင်ဒုတ်တွေအဖြစ် သတ်မှတ်လို့ မရနိုင်ပါ။
နိဂုံး
နိဂုံးချုပ်ဆိုရရင် Civil Society အားကောင်းမှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် (democratization) ရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာမှု (democratic consolidation) အတွက် အရေးကြီးတဲ့ အချက်တချက် ဖြစ်ပါတယ်။ paradigm of social order ရဲ့ မဏ္ဍိုင်ကြီးတခုလဲ ဖြစ်ပါတယ်။ ဒါကြောင့် Civil Society အားကောင်းလာအောင် အကောင်အထည်ဖော်ဆောင်ချက်တွေမှာ ရှုထောင့်တမျိုးတည်းကနေ တကြောင်းဆွဲအမြင်နဲ့ မကြည့်ပဲ၊ ရှုထောင့်စုံကနေ သုံးသပ်ဆန်းစစ်မှု ပြုလုပ်ရန် အရေးကြီးပါတယ်။ ကွဲပြားခြားနားတဲ့ Model တွေကို ကိုင်စွဲပြီး အငြင်းပွားနေကြတာထက်၊ မိမိကိုင်စွဲ အသုံးပြုနေတဲ့ Model ပေါ်အခြေခံပြီး လုပ်ငန်းစဉ်တွေ အောင်မြင်စွာအကောင်အထည်ပေါ်လာရေးကိုသာ အာရုံစိုက်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။ ။
Diamond L. (1994) “Rethinking Civil Society: Toward Democratic Consolidation”, Journal of Democracy, July
Kumar, K. (1993) “Civil Society: An Inquiry into the Usefulness of an Historical Term”, British Journal of Sociology, vol. 44, pp. 375-95
Havel, V. (1988) “Anti-political Politics”, in Civil Society and the State: New European Perspectives, ed. John Keane, London and New York: Verso, pp. 381-98.
Mardin, S. (1995) “Civil Society and Islam”, in Civil Society: Theory, History and Comparison, ed. John Hall Cambridge: Polity
Mbogori, E. and Chigudu, H. (1999) “Civil Society and Government: A Continuum of Possibilities”, in Civil Society at the Millennium, West Hartford, Conn.: Kumarian Press in cooperation with CIVICUS
Norton, A. (1995) “Introduction”, in Civil Society in the Middle East, ed. Andrew Richard Norton, vol. I, Leiden: E.J. Brill
Richter, M. (1998) “Montesquieu and the Concept of Civil Society”, The European Legacy, vol.3, no. 66, pp. 33-41
Seligman, A. (1992) The Idea of Civil Society, New York: Free Press
Serrano, I. (1994) Civil Society in the Asia-Pacific Region, Washington D.C.: Civicus
Taylor, C. (1990) “Modes of Civil Society”, Public Culture, vol. 3. no. 1, p. 111
White, G. (1994) “Civil Society, Democratization and Development (I): Clearing the Analytical Ground”, Democratization, vol. 1, no. 3, p. 379
Burmese Earthquake
|
| | | | | | | Please find attached UNOCHA Situation Report No. 5, dated 30 March 2011, on the earthquake in Burma. Best regards,
02 April 2011: Naypyidaw's authorities have published a new state-run daily newspaper called 'Myawaddy', another mouthpiece of Burma's ruling junta published by the Department of Psychological Warfare.
Click the link to read more:
Dear all
Send Anti Government Poster.
Thanks
Aung Myint Htun ( 88gse )
__._,_.___ Attachment(s) from aung htun 1 of 1 File(s)
ကိုထွန်းအောင်ကျော် ကျနော်တို့တတွေ အထူးသဖြင့် အနောက်နိုင်ငံမှာနေရသူတွေဟာ အချိန်ကိုလု နေကြရတယ်။ မအားကြဘူး၊ စားဝတ်နေရေး ရုန်း ကန်နေကြရတယ်။ မအားတဲ့ကြားထဲက တချို့က ကိုယ့်နိုင်ငံအရေးကိုလည်းအချိန်ရရင် ရသလိုဆောင်ရွက်နေကြတာက ဂုဏ်ယူစရာပါ။ ညီညီညွတ်ညွတ်ရှိရင်တော့ အားရစရာပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ အေဘီအက်ဒီအက်ဖ် ဥက္ကဌဟောင်းလည်းဖြစ်တဲ့ ကိုထွန်းအောင်ကျော်တယောက်လည်း အမေရိကန်မှာအနှစ်၂၀ လောက်နေထိုင်နေတဲ့အတော အတွင်း မြန်မာ့အရေး၊ စီဗာဆိုဆိုက်တီအရေးကို တတ်နိုင်သမျှလုပ်ဆောင်နေခြင်းအပေါ် အသိအမှတ်ပြုပါတယ်။ နိုင်ငံခြားတပ်တွေဝင်ဖို့အတွက် အကူအညီတောင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်မြင်တာရှင်းရှင်းလေးပါ။ အဓိက က နယ်စပ်က အေဘီအက်စ် ဒီအက်ဖ် အပါအဝင် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများက နိုင်ငံခြားတပ်ဝင်ရေးကို Initiate လုပ်တယ်၊ စတင်တယ်ဆိုရင် ပိုသဘာဝကျတယ်။ သူတို့ကလက်တွေ့ စစ်တိုက်နေတဲ့သူတွေကိုး။ လက်တွေ့စစ် မတိုက်တဲ့ သူကဝင်လုပ်တာ လုပ်ခွင့်မရှိဘူးလို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာကြီးဝင်လုပ်ရာမရောက်ဘူးပေါ့ဗျာ။ ဒါဆို ညီညွတ်မှုပိုရတာပေါ့။ နောက်တခုက နိုင်ငံခြားတပ်ဝင်ဖို့တောင်းတာထက် နယ်စပ်မှာ တိုက်နေသူတွေကို အကူအညီပေး တာကမျိုး က ပိုသင့်လျှော်ကြောင်းပါ။ ဒီသဘောတင်ပြတာပါ။ ကိုထွန်းအောင်ကျော်က နိုင်ငံခြားတပ်ဝင်ကူရေးပေါ်မှာ အစွဲအလန်းကြီးနေပုံရတယ်။ ဒါကြောင့်လည်း ဒီအပေါ်မှာ စဉ်းစား ချက်က နဲနဲလွှဲနေတယ်ထင်ပါတယ်။ If you look at the regime change in Burma in Burmese history you should see all the regime changes were initiated by foreign invasion. ကိုထွန်းအောင်ကျော်ရေးတဲ့ ဒီအချက်ကို ကျနော်နဲနဲ ပြောလိုပါတယ်။ မြန်မာ့သမိုင်းမှာ regime change အစိုးရအပြောင်းအလဲ အားလုံးဟာ invasion နိုင်ငံခြားစစ်တပ်ရဲ့ကျူးကျော်မှု ပါတာချည်း မဟုတ်ပါဘူးဆိုတာရယ်၊ နိုင်ငံခြားတပ်ဝင်တိုင်းခံရတာချည်းဆိုတာပါ။ သီပေါမင်းကို ဖမ်းဆီးသွားတဲ့နိုင်ငံခြားတပ်တွေဟာ မြန်မာပြည်ကို စေတနာနဲ့ သက်ဦးဆံပိုင်ဘုရင် စနစ်ကနေ ဒီမိုကရေစီစနစ်တည်ဆောက်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့မဟုတ်ခဲ့ ဘူး။ ရီဂျင်းမ်တော့ချိန်းပါရဲ့ ကိုယ့်မင်းပျောက်ပြီး ကိုလိုနှီအစိုးရမင်းဖြစ်သွားတယ်။ မြန်မာပြည်ကြီးလည်း ကျွန်ပြုခံလိုက်ရ တယ်၊ မြန်မာ့သယံဇာတ၊ မြန်မာ့စီးပွားရေးလည်း သွေးစုပ်ခံလိုက်ရတယ်။ နှစ်အတော်ကြာသွားတယ်။ နောက် ဗိုလ်ချုပ်က ဂျပန်တပ်ကို ပင့်လာတယ်။ တိုင်းပြည်အကျိုးဖြစ် မလားလို့ပေါ့ဗျာ။ လွတ်လပ် ရေးရမလား ဆိုပြီး အား ကိုးခေါ်လာတာဘဲ၊ အစိုးရအပြောင်းအလဲတော့ဖြစ်သွားတယ်။ အင်္ဂလိပ်ကိုလိုနီအစိုးရကနေ ဂျပန်ဖက်ဆစ်အစိုးရဖြစ်လာ တယ်။ ဘသားချောများကလည်း ပြန်မထွက်ဘူး။ မြန်မာပြည်ရဲ့ သယံဇာတနဲ့ မက်လောက်စရာစီးပွားရတနာတွေကိုမြင် တာကိုးဗျ။ ဒါတင်မကဘူး၊ လူထုကိုပါ ဖက်ဆစ်တို့ထုံးစံ အတိုင်းနှိပ်စက်လိုက်သေးတယ်။ ပြည်သူတွေဂျပန်ဖက်ဆစ်ဒဏ်ကို ခံခဲ့ရတယ်ဗျာ။ ဒါ…ကိုထွန်းအောင်ကျော်သိပါတယ်။ သံဃာတော်တွေလည်းသိကြပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ နယ်ချဲ့ အင်္ဂလိပ်တို့လဲ မြန်မာပြည်ကို ပြန်ဝင်လာတယ်။ အင်္ဂလိပ်တွေကဂျပန်ကိုမောင်းထုတ်ပြီး မြန်မာ ပြည် ကိုပြန်ဝင်လာတာ စေတနာနဲ့ မြန်မာတို့အတွက် regime change လုပ်ဖို့ ဒီမိုကရေစီအစိုးရတည်ဆောက်ပေးဖို့မဟုတ် ဘူး။ လွတ်လပ်ရေးပေးခြင်လို့လဲ မဟုတ်ဘူး၊ သူတို့အုပ်ချုပ်ရေးပြန်ချဖို့သာဖြစ်တယ်။ ဒါပေမဲ့ ကိုလိုနီခေတ် နေဝင်ချိန်က ရောက်လာခဲ့တယ်။ ကုလသမဂ ပဋ္ဋိညာဉ်ပါ ကိုယ်ပိုင်ဌာန်းခွင့်မူ အရ ကိုလိုနီလက်အောက်ခံနိုင်ငံတွေကို လွတ်လပ်ရေးပေးကို ပေးရတော့မှာဖြစ်တယ်။ တခုတော့ရှိတာပေါ့ အင်္ဂလိပ်ပြန်လာအုပ်ချုပ်တာကို နိုင်ငံရေးအရ တိုက်ပွဲမဝင်ရင်တော့ အင်္ဂလိပ် ကျွန်ဆက်ဖြစ်နေမှာပါ။ အဲလိုအဖြစ်မခံချင်လို့၊ မြန်မာ့လွတ်လပ်ရေး ခေါင်း ဆောင်များနဲ့ ဗိုလ်ချုပ်တို့က လွတ်လပ်ရေးတောင်းဆို တိုက်ပွဲဝင်ကြတဲ့အခါ ဒီရီဂျင်းချိန်းက ဖြစ်သွားရတယ်။ ဒီ အစိုးရ အပြောင်းအလဲမှာတော့ နိုင်ငံခြားတပ် အင်ဗေးရှင်း မပါခဲ့ဘူး။ (အဲဒီတုန်းက ဗိုလ်ချုပ်က ပြောတယ် ရရင်ရ မရရင်ချ ဆို တာလေ… အင်အားကြီး အင်္ဂလိပ်စစ်တပ်ကို စစ်ရေးအရတိုက်ဖို့က နိုင်ငံခြားအကူအညီ မပါဘဲတော့ လွယ်မှာမဟုတ်ဘူး။ တကယ်လို့များ၊ နိုင်ငံခြားတပ် တခုခုကိုခေါ်ဖို့စဉ်းစားခဲ့ရင် ဂျပန်ခေါ်မိသလိုထပ်မှားလေမလား ဆိုပြီး မြန်မာ့နိုင်ငံရေး ခေါင်း ဆောင် တွေအကြားငြင်းခုံကြမှာ အမှန်ဘဲဗျ၊ သံဃာတော်တွေကလည်းကန့်ကွက်မှာဘဲ..ဗျ။ ပူပူနွေးနွေးသင်္ခန်းစာက ရှိထား တယ်မဟုတ်လား။) အဲ မြန်မာ့သမိုင်းမှာ ရီဂျင်းချိန်းသွားတဲ့နောက်ကာလတခုကတော့ ပါလီမန်ဒီမိုကရေစီခေတ်ကနေ ဗိုလ်ချုပ်နေဝင်းအာဏာ သိမ်းတဲ့အချိန်ကပေါ့။ အစိုးရတော့ပြောင်းသွားတာဘဲ ဘာနိုင်ငံခြားတပ် အင်းဗေးရှင်းမှမပါဘူး။ အဲဒီနောက်ပိုင်း အနှစ် ၃၀ နီးပါးအကြာမှာ ၈၈၈၈ ကာလ မဆလရီဂျင်းချိန်းသွားတာတယ်။ နိုင်ငံခြားတပ် အင်ဗေရှင်းမပါပါဘူး။ အမေရိကန်ရေတပ် ကြီးရောက်နေလို့ လည်းမဟုတ်ဘူး။ အမေရိကန်ရေတပ်ကို ဘယ်သူမှ ဖိတ်ခေါ် မထားဘူး။ အမေရိကန်ကလည်း မင်းတို့ကို ငါတို့ စစ်သင်္ဘော အကူအညီလာပေးနေပြီလို့လည်း မကျေညာခဲ့ဘူး။ ဒါကြောင့် ကောလာဟဠလိုလို တကယ်လိုလို ဖြစ်နေခဲ့ တယ်။ အမေရိကန်တပ်ကြီးကူညီရင် ကောင်းမှာဘဲလို့သံဃာတော်အချို့အပါအဝင် ကြိုဆိုဖို့ စိတ်ကူးရှိသူတွေ ရှိကောင်းမယ်။ ဒါပေမဲ့ အဲဒီအချိန်က ဗကပ အားကောင်းဆဲဖြစ်တယ်။ အမေရိကန်တပ်ဝင်လာရင် တဘက်က တရုပ်ပြည်ကလည်း ဗကပ နဲ့အတူ ဝင်လာမှာကို တွက်ဆပြီး၊ ဘယ်နိုင်ငံခြားတပ်ကိုမှ အဝင်မခံလိုတဲ့ ပြည်သူတွေ သံဃာတော်တွေလည်းရှိပါတယ်။ နိုင်ငံခြားတပ်မပြောနဲ့ ကျနော်တို့ ရှမ်းပြည်မြို့တော် တောင်ကြီး အနီးအနားမှာရှိနေတဲ့ ရလလဖတို့၊ ပီအဲအိုတို့၊ စတဲ့ လက်နက် ကိုင် အဖွဲ့တွေကိုတောင် မြို့ထဲမဝင်လာဖို့ မြို့ခံလူကြီးများက မေတ္တာရပ်ခံထားရပါတယ်။ ရှုပ်ကုန်မှာ၊ လူထုတွေနာမှာစိုးလို့ပါ။ အဲဒီအချိန်က ပြည်သူတွေသိနေတာ People power လူထုအားဘဲ။ လူထုအားနဲ့ ဖြုတ်ချခဲ့လို့သာ အာဏာရှင် ဦးနေဝင်း ပြုတ်သွားရတာပါ။ ရီဂျင်းချိန်းသွားရတာပါ။ အမေရိကန် စစ်သင်္ဘောရောက်နေလို့ အဲဒီအရှိန်နဲ့ ဦးနေဝင်းပြုတ်သွားရတာ လို့ဆိုရင်တော့ ပြည်သူတွေရဲ့ လူထုအင်အား၊ ပြည်သူ့အင်အားကိုအသိအမှတ်မပြုရာကျပါတယ်။ ပြည်တွင်းစစ်တပ်ကဘဲ ဖြစ်ဖြစ်၊ နိုင်ငံခြားစစ်တပ်ကဘဲဖြစ်ဖြစ် တိုက်လို့ခိုက်လို့ လူတွေ သေကျေ၊ အတိဒုက္ခရောက်ကြမှာ ကို ဘယ်ဘုန်းတော်ကြီးတွေကမှ လိုလားကြမှာမဟုတ်ပါဘူး။ တနည်းပြောရမယ်ဆိုရင် နိုင်ငံခြားတပ်က ဝင်ရောက်ကျူးကျော်လို့ ပြည်သူတွေသေကြ ကျေကြမှာပိုလို့တောင် လိုလားကြမှာမဟုတ်ဘူး။ သေချာတာကနိုင်ငံခြားတပ်ဝင်ခဲ့ ရင်အမေရိကန်ပြည် သူတွေ၊ နိုင်ငံခြားကပြည်သူတွေ သေမှာမဟုတ်ဘူး။ နိုင်ငံခြားမှာနေတဲ့ မြန်မာတွေလည်းသေမှာမဟုတ်ဘူး။ ကိုယ့်ပြည်သူ တွေဘဲနာမှာ။ ဒါကြောင့်ဘုန်းတော်ကြီး တွေက နိုင်ငံခြားတပ်ဝင်မှာကို လိုလားကြမှာမဟုတ်ဘူး။ တရားဓမ္မနဲ့နေတဲ့ ဘုန်းတော်ကြီးတွေကို မဆိုထားနဲ့၊ အစိုးရ အပြောင်းအလဲဖြစ်ဖို့ အလေးအနက်ကြိုးစားနေတဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် နိုင်ငံခြားတပ်ကျူးကျော်လာတာကိုလိုလားသလားလို့မေးကြည့်လိုက်ပါ။ သူမ က အကျိုးအမြတ်ကိုပိုမြင်တတ်ပါတယ်။ နောက်တချက်က ….. The French were very out spoken about the R2P. …..ဆိုတာ.. ဘယ်နိုင်ငံခြားအစိုးရမဆို သူတို့အကျိုးမရှိရင် ဘယ်တော့မှ မလုပ်ပါဘူး။ R2P ဆိုတာက အကြောင်းပြချက်ပါ။ အကျိုးရ အောင်လုပ်နိုင်ဖို့ အကြောင်းပြတာသာဖြစ်တယ်။ ကိုထွန်းအောင်ကျော်သိပါတယ်။ နောက်တခုက လူမျိုးစုတပ်တွေ နဲ့ အေဘီအက်စ် ဒီအက်ဖ် တပ်တွေကို အပစ်ပြောခြင်းမဟုတ်ဘူးဆိုတာ ကျနော့ အရင်စာမှာ အထက်ဆုံးက စာကြောင်းနဲ့ နောက်ဆုံးပါပိုဒ်ကို ကြည့်ရင် သဘောပေါက်ကြမှာပါ။ ခြုံပြောရရင်… နိုင်ငံခြား ကျူးကျော်မှု (foreign invasion) ဆိုတာကို ကိုထွန်းအောင်ကျော်က အကျိုးရှိတယ်လို့မြင်နေပုံရတယ်။ ဒါမြင်ခွင့်ရှိ ပါတယ်။ ကိုယ်မြင်နေတာကို သံဃာတော်ကြီးများကလည်း အဲဒီလိုဘဲမြင်ကြတယ်လို့ ဆွဲပြီးပြီးမပြောသင့်ဘူးလို့တော့ထင်ပါ တယ်။ အကျိုးရှိတယ် လို့မြင်တဲ့ဘုန်းတော်ကြီး ရှိကောင်းရှိနိုင်ပါတယ်။ သံဃာတော်ဘုန်းကြီးတွေဟာ ငြိမ်းချမ်းမှုကိုသာ ဖိတ် ခေါ်ကြတာဖြစ်တယ်။ နိုင်ငံခြားစစ်တပ်တွေက လာပြီးကိုယ့်မြေပေါ်မှာ သတ်ဖြတ်ကြမဲ့ကိစ္စ၊ ကိုယ့်ပြည်သူတွေကိုသေကြမဲ့ကိစ္စ ကိုဘယ်သံဃာတော်ကမှ ဖိတ်ခေါ်မယ်လိမ့်မယ်လို့ ကျနော်ကမယုံကြည်ပါ။ သမိုင်းကြောင်းကိုပြန်ကြည့်ရင် မြန်မာပြည်ကို အင်ဗေးရှင်းလုပ်ခဲ့တဲ့ နိုင်ငံခြားတပ်တွေအကျိုးပြုခဲ့တာမရှိခဲ့ပါဘူး။ အကျိုးသာပြုမယ်ဆိုရင်၊ လွတ်လပ်ရေးယူစရာအကြောင်းမရှိပါ။ ဒီကနေ့အထိ ဗြိတိသျှအစိုးရရဲ့ လက်အောက်မှာ ပျော်မွေ့စွာ နေနေကြမှာဘဲဖြစ်တယ်၊ ဗြိတိသျှအစိုးရကလည်း R2P တော့ပေးထားမှာပါ။ ဒီကနေ့ နိုင်ငံခြားတပ်က ဝင်ကျူးကျော်ထားတဲ့ နိုင်ငံကပြည်သူတွေ အဲဒီတပ်တွေကို ထွက်ပါတော့လို့ တောင်းဆိုနေတာ တောင် ဒီတပ်တွေ မထွက်ကြဘူး။ အင်တင်တင်လုပ်နေကြတာ ကိုထွန်းအောင်ကျော် အသိပါဗျာ။ ကျနော် တယောက်အနေနဲ့ ကိုယ့်တိုင်းပြည်ထဲကို နိုင်ငံခြားတပ်ဝင်ရောက်လို့ ပြည်သူတွေအတိဒုက္ခရောက် မှာကို မလိုလားကြောင်းဗျား။ လေးစားလျှက်။ ဝင်းမောင်
Dear Ko Win Maung
We have been fighting against the regime for more than four decades, if you only count from 1988, it has been two decades, so as you said we are not capable enough to remove the regime. It is the truth.
If you look at the regime change in Burma in Burmese history you should see all the regime changes were initiated by foreign invasion. Burma last King Thibaw was over thrown by British troops, The British colonialist regime was kicked out not by General Aung San, it was pushed away by the Japanese troops, and the Japanese troops were pushed back by allies. All the regimes in Burma were removed by foreign invasion. British finally left Burma because its parliament decided to give independent to all most all its colonies.
The world has more and more sophisticated weapons invented by the West, USA, China, Russia and North Korea. All those weapons are available and easy to buy by rogue regimes like Burma, it is hard to fight against the rogue regime with bare hands or swords like in the ancient times. A group of 20 soldiers can slaughter hundreds with automatic weapons and have power to control thousands.
Do not blame ethnic troops and ABSDF if we cannot fight the regime because Western countries are looking at the U.S failure in Vietnam and unfinished war in Iraq and now in Afghanistan. So West in hesitant to come into Burma because they do not want to see offended by the native people.
Before U.S.A attacked Iraq, minority Sunni were the ruling clan and the majority Shi’ite were discriminated. But after US invasion Shiite became a ruling clan but Shiite never thank to the USA and see the US as an occupational forces. But Burma is different, in 1988 when the people heard that US No.7 Fleet was stationed near Burmese’s water, they hoped that US might invade Burma and willing to accept it, including the Buddhist monks, unlike Muslim leaders in Iraq. Burmese monks are not like Muslim fanatics, they understand the benefit of the foreign invasion.
Also in Nergis, people were hoping that foreign troops would come into Burma even though the regime refused to give a green light. The French were very out spoken about the R2P. In conclusion, possibility of foreign invasion is dim but we have to try it nothing to lose for doing it. As you said asking for foreign invasion means we have no capacity that is true. We have no capacity to remove the cruel regime because they can buy weapons from China, Russia and North Korea, we cannot. That is the difference between them and us. Asking for arm and ammunition from the West is also difficult but I agree with you, we can try this option too. For me, I do not care people look down on me, if foreign troops will come, I will beg for my country to get help.
Regards Htun Aung Gyaw
| | | | | | | | | | | | | | | | | | | | | | | |
|
No comments:
Post a Comment