မြန်မာနိုင်ငံအတွင်းက အနိမ့် အမြင့်များ
မြန်မာနိုင်ငံ၏ နိုင်ငံရေး ဒီရေသည် ၁၉၄၈၊ ဇန်နဝါရီလ ၄ ရက်နေ့နောက်ပိုင်းမှစ၍ နိမ့်မြင့်၊ ဆင်းတက် ပြင်းထန်ခဲ့သည်။ ယင်း သို့ နိုင်ငံရေးရှေ့တိုးနောက်ဆုတ်ဖြစ်မှုသည် နိုင်ငံခြားသားများပယောဂမပါဘဲ မြန်မာနိုင်ငံသားများကိုယ်တိုင်လုပ်ဆောင်မှု များ ကြောင့်သာဖြစ်ကြောင်း မြင်တွေ့ ကြရသည်။
နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံ သားတို့၏ ကိုယ့်မြေ၊ ကိုယ့်ရေပေါ် ၌ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် စိတ်တူ၊ ကိုယ်တူ ဆောင်ရွက်ကြရာ ဝယ် အမျိုးသားစိတ်ဓာတ်နှင့် နိုင်ငံရေးသဘောတရားများပါလာသည့်အခါ သဘောထားကွဲလွဲမှု၊ ငြင်းရ၊ ခုံရမှုများရှိသည်မှာသဘာ ဝ ဖြစ်ပါ၏။
သို့နှင့် ပြဿနာပေါင်း များစွာနှင့် ၁ဝ နှစ်တာကာလ ကုန် ဆုံးသွားခဲ့သည်။
၁၉၅၈ ခုနှစ်၊ အောက် တိုဘာလ၌ မြန်မာနိုင်ငံ၏ သမိုင်း တွင် တပ်မတော် စစ်ဦးစီးချုပ် ဦး ဆောင်သော အိမ်စောင့်အစိုးရ တပ်ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။
၁၉၆ဝ ပြည့်နှစ်၌ အိမ် စောင့်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးပြီး ဧပြီလ ၄ ရက်နေ့ ၌ ပြည်ထောင်စုအဖွဲ့ ဥက္ကဋ္ဌ ဦးနု ကို ပြန်လည်ပေးအပ်ခဲ့သည်။၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့၌ နောင်မြန်မာနိုင်ငံသ မိုင်းတွင် အမည်းစက်အဖြစ် မှတ်တမ်း တင်ရ မည့် ဖြစ်ရပ်တစ်ခု ဖြစ် ပွားခဲ့သည်။ တပ်မတော်က နိုင်ငံ အာဏာကို သိမ်းယူကာ အနိုင် ကျင့်ခဲ့ခြင်း ဖြစ်ပါ၏။
၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ၂၆ နှစ်တိုင်တိုင် အာဏာ ရှင်နှင့် တစ်ပါတီ အာဏာရှင်စနစ် ဖြင့် အုပ်ချုပ်ခဲ့သည့် ကာလကြီး ဖြစ် သည်။ မြန်မာနိုင်ငံသည် အ ဆင်းရဲဆုံး LDC နိုင်ငံဘဝ ရောက် သွားခဲ့ရသည်။ ၁၉၈၈ ခုနှစ်၌ မြန်မာ နိုင်ငံတစ်ပြည်လုံး ရှိ ပြည်သူများက ဆန္ဒပြ၍ တစ်ပါတီအာဏာရှင် ပြုတ်ကျခဲ့ပြီး စစ်တပ်က အာဏာ ပြန်သိမ်းခဲ့သည့်ဖြစ်ရပ် ကြုံကြရ ပြန်သည်။
၁၉၈၈ ခုနှစ်မှ ၂ဝ၁ဝ အထိ တပ်မတော်မှ ထိန်းချုပ်ခဲ့ သည့်စနစ်အောက်တွင် မြန်မာ ပြည်သည် ၂၂ နှစ် နေရခဲ့ရပြန်၏။ ၂ဝ၁၁ ခုနှစ်၌ ပြည်သူ့ဆန္ဒနှင့် အညီ အရပ်သားတဖြစ်လဲ စစ်ဗိုလ်ချုပ်ဟောင်းများ အများစုပါဝင်သည့် အစိုးရ သစ် တက်လာခဲ့သည်။
၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမှ ၂ဝ၁၁ ခုနှစ် ၄၉ နှစ်ကာလမှာ မြန်မာ နိုင်ငံသည် ကမ္ဘာနှင့် လုံးဝအဆက်ပြတ်နေ ခဲ့ရသော ကာလတစ်ခုဟု ဆိုရပေမည်။ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာ သိမ်းမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွား သော မြန်မာနိုင်ငံကို ချစ် သည့် မြန်မာပညာရှင်များသည် နှစ် ၅ဝ ခန့် ကြာခဲ့ပြီဖြစ်သော်လည်း သူတို့ခမျာ မြန်မာနိုင်ငံသို့ ပြန်မလာနိုင်ဘဲ တိုင်းတစ်ပါးများ၌ ပင် ကွယ်လွန်ခဲ့ကြရသည်။
ဒုတိယအကြိမ် အာဏာသိမ်းမှု
၁၉၈၈ ခုနှစ်၌ နောက်တစ်ကြိမ် အာဏာအသိမ်းခံရသည့်အခါ ကျောင်းသား လူငယ်အများစုထဲမှ အချို့သည် ထောင်များ ထဲသို့ ရောက်၊ အချို့မြေအောက်သို့ ရောက် သွားခဲ့ကြသည်။ ဒုတိယအကြိမ် အာဏာ အသိမ်း ခံရမှုသည် ၂၂ နှစ်ခန့်သာ ကြာသေး၍ မြေ အောက်ရောက်သွားသူ ကျောင်းသားများ သည် ပုံစံအမျိုးမျိုးနှင့် တိုင်းတစ်ပါး၌ ပညာ သင်ခွင့် ရခဲ့ကြသည်။ အချို့တောထဲ၌ သူ ပုန်ကျောင်းသားအဖြစ် သေကုန်သည်။ အချို့ နိုင်ငံတကာတက္ကသိုလ်များ၌ တက် ရောက်ပညာသင်ခွင့် ရခဲ့ကြ သည်။စစ်တပ်မှ ဒုတိယအကြိမ် အာ ဏာသိမ်းပြီး နှစ် ၂ဝ ခန့် အကြာ၌ ၁ဝ တန်းကျောင်းသားဘဝနှင့် မြေ အောက်ရောက်သွား သူ ကျောင်း သားများသည် အသက် ၃၅ မှ ၄ဝ ကြားအရွယ်သို့ ရောက်လာကြ သည်။
၂ဝ၁၁ ခုနှစ် မြန်မာနိုင် ငံတွင် အရပ်သားတဖြစ်လဲ စစ် ဗိုလ်ချုပ်ဟောင်းများက မြန်မာနိုင် ငံကို ပြုပြင်ပြောင်းလဲလို စိတ် ဖြစ် ပေါ် လာကြသည်။ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံကို မိမိတို့ကိုယ်တိုင် ပိတ်ဆို့ထားမှုများ ဖြေလျှော့ပြီး နိုင် ငံတကာကို တံခါး ဖွင့်ပေးလိုက် သည်။ နိုင်ငံတကာသို့ ရောက်ရှိ နေသော ပညာတတ်လူငယ်များ မြန်မာနိုင်ငံသို့ ပြန်လာပြီး နိုင်ငံဖွံ့ဖြိုးတိုး တက်ရေး တည်ဆောက်မှု၌ ကူညီကြပါရန် ဖိတ်ခေါ်ခဲ့သည်။ ထောင်ထဲရောက်နေသူ နိုင် ငံရေး နှင့် နှီးနွယ်နေသူများ ပြန် လွှတ်ပေး ခဲ့သည်။
နိုင်ငံတော်အစိုးရအတွက် ထိုလူငယ်၊ ပညာတတ်များနှင့် နိုင် ငံရေးစိတ်ဓာတ်ရှိသူ လူငယ်အများ အပြားသည် နိုင်ငံတော်အစိုးရအ တွက် အင်အားတစ်ရပ် ဖြစ်စေခဲ့ သည်။
ထိုလူငယ်အများစုထဲ၌ ၁၉၅၅ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်ကာလ အတွင်း ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၈၆ နိုင်ငံ၌ အာဏာရှင်စနစ်မှ ဒီ မိုကရက်တစ် ပြုပြင်ပြောင်းလဲမှု ၁၁၅ ခုကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ ခြင်းဖြင့် ဂျော့မေဆန်- George Masonတက္ကသိုလ်မှ ပါရဂူ- Ph.Dဘွဲ့ရရှိလာသူ မင်းဇော်ဦးကို တွေ့ ရှိခဲ့သည်။
သူသည် Georgetownတက္ကသိုလ်မှ အမျိုးသား လုံခြုံမှု ဆိုင်ရာ မဟာဝိဇ္ဇာ- M.A နှင့် George Masonတက္ကသိုလ်မှ ပဋိ ပက္ခ သုံးသပ်ဖြေရှင်းမှု မဟာသိပ္ပံ- M.Sများ ရရှိထားသူ ဖြစ်သည့် အပြင် လက်ရှိ၌ အမေရိကန်အ ခြေစိုက် Democracy International Inc ၏ အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ ရွေးကောက်ပွဲစနစ် ခိုင်ခံ့ရင့်မာရေး စီမံချက်တွင် ဒုတိ ယအကြီးအကဲ Deputy Chief of Party အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။
မြန်မာပြည်ကဲ့သို့ ပဋိ ပက္ခမျိုးစုံရှိသော နိုင်ငံ၊ စည်းစနစ် ကျန သမမျှတသော ရွေးကောက် ပွဲနှင့် ကင်းဝေးခဲ့သည့် မြန်မာနိုင်ငံ အတွက် မင်းဇော်ဦးသည်သီးခြား ရှာဖွေလေ့လာခဲ့သူပမာ ဖြစ်နေ သည်။ သူလေ့လာခဲ့သည့် ပညာ ရပ်နှင့် သူလက်တွေ့ လုပ်ဆောင်နေသည့် အတွေ့အကြုံများသည် မြန်မာပြည်အတွက် လုံးဝကိုက်ညီ နေသည်မှာ ငြင်းဖွယ်ရာ မရှိသည့် သူ ဖြစ်နေ သည်ကို သိရပါမည်။
မင်းဇော်ဦး မြန်မာပြည် သို့ ရောက်ရှိပြီး မကြာလှသော ကာလ၌ သူ့ ဆောင်းပါးများ၊ ဟော ပြောမှုများ၊ တွေ့ဆုံမေးမြန်းခန်း များ မကြာခဏ ထွက်ပေါ်လာခဲ့ သည်။ ၂ဝ၁၂ ခု ဒီဇင်ဘာလ ၁ ရက်နေ့၌မူ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ်-UMFCCI ၌ ဒေါက်တာမင်းဇော်ဦးက မြန်မာနိုင်ငံ၌ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ- Democratization Strategy ခါင်းစဉ်နှင့် ဟောပြောခဲ့သည်။
ဤဆောင်းပါးသည် ဒေါက်တာမင်းဇော်ဦး၏ ဟောပြော မှု၊ တွေ့ဆုံမေးမြန်းခန်းများမှ စာ ဖတ်ပရိသတ်အများစုတစ်စု တစ် ပေါင်း တည်း တစ်နေရာတည်း၌တွေ့ရှိ၊ ဖတ်ရှုနိုင်ရန် ရည်ရွယ်ရင်း ဖြစ်ပါသည်။ ဖော်ပြမှုများသည် အကျဉ်းအနှစ်ချုပ် ဖြစ်ပါ သည် ။ ပြည့်ပြည့်စုံစုံ သိလိုသူများအတွက် ကြိုတင်တောင်းပန်အပ်ပါ၏။
UMFCCI ဟောပြောပွဲ ကို ဒေါက်တာမင်းဇော်ဦးက တောင်အာဖရိကနိုင်ငံ ခေါင်း ဆောင် F.W.deklerk ၏ ပြောစ ကားနှင့် စတင် သည်။နိုင်ငံက ဒီမိုကရေစီနိုင်ငံ ပါ။ ဒီမိုကရေစီက ဆက်ဖြစ်သွား မှာပါ။ ဒါပေမယ့် အင်အားကောင်း တဲ့၊ ကျန်းမာရေးကောင်းတဲ့၊ ခိုင်ခံ့ တဲ့ ဒီမိုကရေစီတော့ မဟုတ်သေး ဘူး။ နိုင်ငံကို ၁၈ နှစ်ကြာ ဒီမိုက ရေစီ စတင်ခဲ့ပြီး နိုင်ငံတကာစံပြု ပြီး ကြည့်ရတဲ့ ဒီလိုနိုင်ငံ မှာတောင် ဒီမိုကရေစီစစ်မှန်တဲ့၊ ခိုင်ခံ့တဲ့ ဒီမို ကရေစီဆိုတာ မရှိသေးပါဘူးဟု စကားနှင့် ညွှန်းဆို၏။
အာဏာရှင်စနစ် အမြစ်တွယ်မှု
သူက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဆိုခြင်း၏အစ၌ အာ ဏာရှင်စနစ် Autocracy ရှိမည်။ အာဏာရှင်စနစ်သည် အဆောက် အအုံတစ်ခု ဖြစ်သည်။ ဆိုလိုသည် မှာ အာဏာရှင်စနစ်သည် အပေါ် ပိုင်းခေါင်းဆောင်များ၌သာ ရှိသည် မဟုတ်။ အောက်ခြေ၌ပါ အမြစ် တွယ်နေသည်။ လူမှုရေး၊ စီးပွား ရေး၊ နိုင်ငံရေး၊ အစိုးရအဆောက် အအုံကို ယန္တရားတစ်ခုလုံး ယင်း အာဏာရှင်စနစ်က အမြစ်တွယ် နေသည်။
ထိုသို့ အမြစ်တွယ်နေ သော အာဏာရှင်စနစ်ကို ပြုပြင် ပြောင်းလဲခြင်းဆိုသည်မှာ ရုတ် ခြည်းဖြစ်လာသည့် လျှပ် တစ်ပြက် ဖြစ် ရပ်လေးတစ်ခုသာ ဖြစ်သည်။ ထိုမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး Democratizationဆိုသည့် ဖြစ်စဉ်ပေါ်လာ၏။ ထို့နောက် ခိုင် မာသော ဒီမိုကရေစီစနစ်တစ်ခု အုတ်မြစ်ချနိုင်သည်။ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ပြောင်းလဲရေးသည်ထိပ်ပိုင်းသာ ရှိသည်။ အောက်ခြေ အမြစ်ခိုင်နေသော စနစ်ကြီးတစ်ခု လုံး ကျန်နေသေး၏။ မဲဆန္ဒပေး ခြင်း၊ လွှတ်တော်နှစ်ရပ်ရှိပြီး အ ပေါ်အာဏာခွဲဝေးရေး ဆိုသည့် အပေါ်ယံ ပါးပါးလေး ဖြစ်ရုံနှင့် စနစ် မပြောင်း။ အမြစ်မှစ၍ ပြောင်းရ မည်။ နှစ်နားညီတြိဂံပုံ၏ ထိပ် ပိုင်းအချွန်လေးနေရာ သာ ပြောင်း သေးသည်။ သူက အပေါ်မှစ၍ အောက်ခြေရောက်သည်အထိ ပြန် လည်တည်ဆောက်ရမည်။ သို့မှ အမြစ်တွယ်မည်၊ ခိုင်ခံ့မည်။
မြန်မာနိုင်ငံအတွက် မေးခွန်း
ဒေါက်တာမင်းဇော်ဦးတို့ ငယ်ရွယ်စဉ်ကာလ ကျောင်းသား လူငယ်အရွယ်မှစ၍ အတိုက်အခံ လုပ်ခဲ့သည်မှာ နှစ် ၂ဝ ရှိပြီ။ သူ တို့ အချိန်ပြည့်တွေးတော စဉ်းစားနေသည်မှာ မြန်မာနိုင်ငံဒီမိုကရေစီ အကူးအပြောင်းကို မည်သို့ ကူးပြောင်းမည်နည်းဆို သည့်မေးခွန်းဖြစ်သည်။ ဒီမိုကရေစီ ကူးပြောင်း သည့်ပုံစံများထဲ၌ နိုင်ငံခြားက ဝင် ရောက်စွက်ဖက်ခြင်းဖြင့် ပြုပြင် ပြောင်း လဲသွားခြင်း၊ ဥပမာ- ၁၉၄ဝ နောက်ပိုင်း ဒုတိယကမ္ဘာ စစ်အပြီး၌ မဟာမိတ်များစစ်နိုင်၍ စစ်ရှုံးနိုင်ငံများ ဒီမိုကရေစီနိုင် ငံ ဖြစ်ခြင်း၊ နောက်တစ်နည်းကား အမေရိကန်နိုင်ငံက ဝင်တိုက်ကာ ဒီမိုကရေစီ ထူထောင်သည့် အီရတ် ကဲ့သို့ နိုင်ငံ၊ ပနာမား ကဲ့သို့နိုင်ငံ စသည်များ ဖြစ်၏။
ဒီမိုကရေစီဖြစ် စေမည့် နောက်အကူးအပြောင်း တစ်ခုမှာ နိုင်ငံရေး ဖြေလျှော့တံခါး ဖွင့်ပေးခြင်း စသည့် အပြုအမူ ဖြစ် သည်။
နိုင်ငံရေး တံခါးဖွင့်လိုက် ၍ အပြောင်းအလဲ ဖြစ်သွားခြင်း မျိုးကို ဆိုလိုပါ၏။
နိုင်ငံရေးတံခါးဖွင့်ခြင်း သုံးမျိုး
နိုင်ငံရေးတံခါး ဖွင့်ပုံဖွင့် နည်းသုံးမျိုး ရှိ၏။
ပထမတစ်မျိုးကား ယ ခင်စနစ်က အာဏာရှိသူများကိုယ် တိုင်က တံခါးဖွင့်ပေးခြင်းမျိုး-Elite Driven Transition။ ဥပမာ- ထိုင် ဝမ် စစ်ဗိုလ်ချုပ်များကိုယ်တိုင်က ဖွင့်နည်း၊ စပိန်၌ ခေါင်းဆောင်များ က တံခါးဖွင့်ပေးခြင်းမျိုး။
ဒုတိယတစ်မျိုးကား အကန့်အသတ်နှင့် နိုင်ငံရေး ပါ ဝင်ဆောင်ရွက်ခွင့်ပေးခြင်းမျိုး၊ ဥပ မာ- နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့် ပေး သည်။ ရွေးကောက်ပွဲ ဝင်ခွင့် ပေးသည်။ သို့သော် အာဏာရခွင့် မပေး၊ အကန့်အသတ်နှင့် ထား ထားသည်။
ဥပမာ- ပီရူး၌ ၁၉၅၆၊ နိုက်ကွာရာဂွါ၌ ၁၉၉ဝ။
တတိယတစ်မျိုးကား နိုင်ငံရေး လှုပ်ရှားမှုများကို အနည်း ငယ် သည်းခံလိုက်ခြင်း၊ တစ်နှစ် နှစ်နှစ်တန်သည် သည်းခံသည်။ ပမာ အားဖြင့် လူထုလှုပ်ရှားမှုကို ခွင့်ပေးခြင်းဖြင့် နောက်ဆုံး လှုပ် ရှားမှုက ကြီးမားလာ၍ အစိုးရက မထိန်းနိုင်ဖြစ် ကာ ပြုပြင်ပြောင်း လဲ မှု ဖြစ်သွားခြင်းမျိုး။
ဥပမာ- ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ။
နိုင်ငံရေးတံခါးဖွင့်ပုံ ဖွင့် နည်း၊ သုံးမျိုးလုံး ကျင့်သုံးသည့် နိုင် ငံများလည်း ရှိသည်။
ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု၌ နိုင်ငံရေးတံခါး ဖွင့် ခြင်းသည် အလွန်အရေးပါသည်။
တံခါးဖွင့်မှုအပေါ် နိုင်ငံ ရေးအင်အားစုများက မည်သို့ မည်ပုံ ကစားသွားခြင်းက ပိုအရေး ကြီးသည်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု
အထက်ပါ အချက်များ ကို အခြေခံ၍ မြန်မာပြည်၏ ပြု ပြင်ပြောင်းလဲမှုကို သုံးသပ်ကြည့် သည့်အခါ ဒေါက်တာမင်းဇော်ဦး က မြန်မာပြည်၌ ဖြစ်ပေါ်နေမှု များသည် ပြုပြင်ပြောင်းလဲမှု- Transition ဟု သူမထင်သေး။ အဘယ်ကြောင့် ဆိုသော် ပြုပြင် ပြောင်း လဲရေးအဆင့်၏ အနိမ့်ဆုံး သည် ရွေးကောက်ပွဲနှင့် စံပြုရ မည်။ ရွေးကောက်ပွဲတွင် ရွေးချယ် ခံရသူများသည် လူထုဆန္ဒနှင့် ကိုက် ညီရမည်။ အဓိကမှာ ရွေး ကောက်ပွဲသည် လွတ်လပ်၍ မျှတ မှုဖြစ်ဖို့ လိုသည်။
ယခုလက်ရှိအနေအထား သည် Liberalization အဆင့်သာ ရှိသေးသည်။ ယခုအဆင့်ကို တံခါး ဖွင့်ပေးသည့်သူများမှာ ယခင်က ဦးဆောင်ခဲ့သူများဖြစ်၍ Elite Dreiven Transition အမျိုးအစား ထဲ မြန်မာနိုင်ငံက ပါသွားသည်။ နိုင်ငံရေးပါတီများ ဆောင်ရွက်နိုင် လာသည်။ ကြားဖြတ်ရွေးကောက်ပွဲ ၌ ဝင်ခွင့်ရသည်။ မြေအောက် အဖွဲ့အစည်းများ မြေပေါ်ရောက် လာသည်။ ဆန္ဒပြခွင့် ရှိလာသည်။ ဒုတိယတံခါးဖွင့်နည်း ဖြစ်သည်။ အကန့်အသတ် လှုပ်ရှားခွင့် ရှိလာ သည်။ တတိယတံခါးဖွင့်နည်းဖြစ် သည့် နိုင်ငံရေး လှုပ်ရှားမှုများကို သည်းခံလာသည်။
တံခါးဖွင့်ပေးခြင်းသည် ပြောင်း လဲမှုအတွက် အတုအယောင်လား
ဤနေရာ၌ အချို့သော ပညာရှင်များက Liberalization သည် အတုအယောင်သာ ဖြစ် သည်။ ယခင်အပြောင်းအလဲမှ နိုင် ငံရေး အခွင့်ကောင်းယူ လှုပ်ရှားမှုများ ပိုတိုးတက်၊ လူထုအြုံ<ွကမှုဖြစ်၊ သို့နှင့် အုပ်ချုပ်သူ အပြောင်းအလဲ Regime Change ဖြစ်ပြီးတော့ ဒီမိုကရေစီ အပြောင်းလဲ ဖြစ်သည့် အယူအဆ ဖြစ်သည်။
ထိုနေရာ၌ ဒေါက်တာ မင်းဇော်ဦးတို့က စဉ်းစားသည်။ ထိုကဲ့သို့ အစိုးရ အပြောင်းအလဲ သည် ဒီမိုကရေစီ ရင့်မာနိုင်သည် လား။ မေးခွန်းထုတ်ကြည့်၏။ ၁၉၅၅ မှ ၁၉၁ဝ ခုနှစ်အတွင်း ဒီ မိုကရေစီ ၁၁၅ ခုကို နိုင်ငံ ၈၆ နိုင်ငံ၌ တွေ့ခဲ့ရသည်။ မည်မျှ လောက် နိုင်ငံအရေအတွက် ဒီမို ကရေစီ ရင့်မာခဲ့သနည်း။ ထိုအခါ ဒီမိုကရေစီ ရင့် မာခဲ့သည့် နိုင်ငံ ၁၅ နိုင်ငံသာ ရှိ သည်ကို တွေ့ကြရသည်။ ထို ၁၅ နိုင်ငံထဲမှ Regche Change အစိုးရ လဲကျ သည့် အပြောင်းအလဲက ၄ နိုင်ငံ သာ ရှိ၏။ ထိုနိုင်ငံများကလည်း ဒီ မိုကရေစီ ရင့်သန်မှု အာမမခံနိုင်။ ထို့ကြောင့် တံခါးဖွင့် ခြင်း Liberalization ဖြင့် ဒီမိုက ရေစီ ရင့်သန်နိုင်မှု ကို တွေးကြည့် ကြသည်။ ထိုမျှလောက် Liberalization လုပ်ရုံမျှနှင့် ဒီမိုကရေစီ ရင့်မာမှုအဆင့်ကို ရောက်မလာနိုင် ကို တွေ့ရပြန် သည်။
Liberalization သည် အပြောင်းအလဲ ဖြစ်သွားကောင်း ဖြစ်သွားမည်။ ဒီမိုကရေစီအတွက် အာမ မခံနိုင်။
ဒီမိုကရေစီ ရင့်သန်မှုအတွက် အဖြေရှာ
၁။ ယခင်အစိုးရသည် မည်သည့်အစိုးရမျိုးနည်း။
၂။ လူမှုဘဝ အဆင့် အတန်း မည်မျှမြင့်သနည်း။
၃။ ဂိုဏ်းဂဏပြဿနာ မည်မျှရှိပါသနည်း။
၎။ လူအခွင့်အရေး ချိုး ဖောက်မှု၊ တိုင်းရင်းသားမို့၊ လူ နည်းစု။ ဘာသာရေးအရ ခွဲခြား ဆက်ဆံမှုမျိုး။
၅။ ပြည်တွင်းလက်နက် ကိုင် တိုက်ခိုက်မှု လျှော့ချရန်။
စစ်တပ်အုပ်ချုပ်သည့် နိုင်ငံများ၌ ပြည်တွင်းငြိမ်းချမ်းရေး မလုပ်နိုင်ပါက စစ်တပ်က နိုင်ငံ ရေးနယ်မှ ထွက်ရန်မလွယ်။
နိုင်ငံရေးနယ်၌ စစ်တပ် ရှိနေခြင်းသည် ယင်းသို့ ပြည်တွင်း လုံခြုံမှုမရှိသည့်အကြောင်းကြောင့် ဟု ဆိုလေ့ရှိကြသည်။
မြန်မာနိုင်ငံ၏ အခြေအနေသည် အထက်ဖော်ပြပါ ပြဿ နာအားလုံးနှင့် ရင်ဆိုင်နေရသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီ မ အောင်မြင် ရမည့် ပြဿနာအားလုံး မြန်မာပြည်၌ ရှိနေခြင်း ဖြစ်သည်။
မည်သည့်အာဏာရှင်မျိုးနည်း
တစ်ပါတီ အာဏာရှင်စ နစ်၊ ကွန်မြူနစ်ပါတီ၊ စစ်အာဏာ ရှင်စနစ် စသဖြင့် ရှိသည်။
တစ်အာဏာရှင်စနစ်၌ နှစ်မျိုးရှိသည်။ စစ်တပ်က လုံးဝ တိုက်ရိုက်အုပ်ချုပ်သည့် အာဏာ ရှင်စနစ်နှင့် စစ်နှင့်အရပ်တွဲ၍ အုပ်ချုပ် သည့်စနစ် စသဖြင့် ဖြစ် သည်။ ယင်းစနစ်မျိုးက အင်ဒိုနီး ရှားနိုင်ငံ ကျင့်သုံးသောစနစ် ဖြစ် သည်။ တစ်ပါတီ အာဏာရှင်၊ စစ် တပ်အာဏာရှင်၊ ကွန်မြူနစ် အာ ဏာရှင်စနစ်များထဲ၌ Transition ပြုပြင်ပြောင်းလဲရေး ဖြစ်လာသည့် အခါ ကွန်မြူနစ်စနစ်က ပြုပြင်
ပြောင်းလဲမှု၌ အခွင့်အရေးအကောင်း ဆုံး၊ Chance အရှိဆုံး၊ အခြားပုံစံ များထက် ၄.၅% ပိုသည်။ စစ် တပ်အုပ်ချုပ်ခဲ့ သည့်နိုင်ငံ များကမူ ဒီမိုကရေစီ မအောင်မြင်ဖို့၊ ဒီမိုက ရေစီရင့်မာမှု မအောင်မြင်ဖို့ နှစ် ဆပိုပြီးဝေးသည်။
မြန်မာနိုင်ငံသည် စစ်တပ် အုပ်ချုပ်သည့်နိုင်ငံ ဖြစ်နေခြင်းက ပင်လျှင် ဒီမိုကရေစီ အောင်မြင်ဖို့ အခြားနိုင်ငံများထက် နှစ်ဆပိုအား နည်းနေသည်။စစ်တပ်အုပ်ချုပ် သည့် နိုင်ငံများ၌ အပြောင်းအလဲ ဖြစ်သည့်အခါ ၅ဝ% က အာဏာ ပြန်သိမ်းခဲ့သည်။ ထို့ကြောင့် မြန် မာနိုင်ငံအနေနှင့် Transition ဖြစ် လာခဲ့ပါလျှင် နောက်ကြောင်းပြန် မည်က ၅ဝ% သေချာနေသည် ဆို၏။
ဆက်လက်ဖော်ပြပါမည်
စိုးမင်းဦး
Democratzation Strategy in Myanmar ခေါင်းစဉ်ဖြင့် Dr Min Zaw Oo UMFCCI တွင် ဟော ပြောခဲ့သည်များကို မှီငြမ်းရေး သားပါသည်။
စိုးမင်းဦး မြန်မာနိုင်ငံ၏ နိုင်ငံရေး ဒီရေသည် ၁၉၄၈၊ ဇန်နဝါရီလ ၄ ရက်နေ့နောက်ပိုင်းမှစ၍ နိမ့်မြင့်၊ ဆင်းတက် ပြင်းထန်ခဲ့သည်။ ယင်း သို့ နိုင်ငံရေးရှေ့တိုးနောက်ဆုတ်ဖြစ်မှုသည် နိုင်ငံခြားသားများပယောဂမပါဘဲ မြန်မာနိုင်ငံသားများကိုယ်တိုင်လုပ်ဆောင်မှု များ ကြောင့်သာဖြစ်ကြောင်း မြင်တွေ့ ကြရသည်။

No comments:
Post a Comment