Monday, February 4, 2013

ဂလိုဘယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုတာ


 
ကမ္ဘာ့အကြီးမားဆုံး စီး ပွားရေးများဟာ ၂ဝဝ၉ ခုနှစ် စက် တင်ဘာလအတွင်းက Pittsburgh မြို့မှာ တွေ့ဆုံခဲ့ကြပြီွး-၂ဝ အဖွဲ့ အတွက် အဖွဲ့ဝင်နိုင်ငံများကို သူတို့သဘောနဲ့သူတို့ ရွေးချယ်ခဲ့ကြတယ်။ သူတို့က ဒီအဖွဲ့ ကို ဂလိုဘယ်စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေးအတွက် အဓိက ဖို ရမ်အဖြစ် ရည်မှန်းထားခဲ့ကြ တယ်။ ဒီအဖွဲ့အရင် ရှိခဲ့ဖူးတဲ့ G- 7 အဖွဲ့လို ကမ္ဘာ့စီးပွားရေးကို ကယ် မစောင့်ရှောက်တဲ့အဖွဲ့ပေါ့လေ။
     တစ်ခုတော့ရှိတယ်။ အ ဖွဲ့ဝင်အဖြစ် နိုင်ငံများကို ရွေးချယ် တဲ့နေရာမှာ ဒီမိုကရေစီနည်းလမ်း တကျ ရွေးချယ်ခဲ့ကြတာတော့ မဟုတ်ဘူး။အတ္တနောမတိ ထင်ရာ မြင်ရာကို တစ်ဖက်သတ် ရွေးချယ် ခဲ့ကြတာ။ ဒီနိုင်ငံကို အဖွဲ့ထဲ ထည့်။ ဟိုနိုင်ငံကိုတော့ အဖွဲ့ထဲ မထည့်နဲ့ဆိုပြီးတော့ပေါ့။ဒါကြောင့် အာဂျင်တီးနားနိုင်ငံက အဖွဲ့ထဲ တိုက်ရိုက်ပါဝင်ခွင့် ရခဲ့ပေမယ့် ဂျီဒီပီအားဖြင့် အာဂျင်တီးနားထက် ငါးဆလောက် ကြီးမားတဲ့ စပိန်နိုင် ငံကတော့ တိုက်ရိုက်ပါဝင်ခွင့်မရ ဘဲ ဥရောပသမဂ္ဂ- European Union မှ တစ်ဆင့်သာ သွယ်ဝိုက် ပြီး ပါဝင်ခွင့်ရခဲ့တယ်။
    G-20 ခေါင်းဆောင်ကြီး တွေဟာ တစ်ယောက်နောက် ကျောကို တစ်ယောက် ဖွဖွကလေး ပုတ်ပြီး အပြန်အလှန် တစ် ယောက်ကိုတစ်ယောက် ချီးမွမ်းခန်း ထုတ်ကာ ဖြစ်ပေါ်နေတဲ့ ပြဿနာ ကို တုံ့ပြန်တဲ့အနေနဲ့ ဘဏ္ဍာရေး နဲ့ ငွေကြေး ဆိုင် ရာ နိုးထရှင်သန် ရေးစီမံချက်တွေကို ညှိနှိုင်းဆောင် ရွက်ကြတယ်။ ပြီးတော့ ရလဒ်ကို တိုတို တုတ်တုတ် ကြေညာ ချက်စာ တမ်း ထုတ်ပြန်ကြတယ်။
    ''ဒီကနေ့ ကျွန်ုပ်တို့အနေနဲ့ခိုင်မာပြီး ရေရှည်တည်တံ့ နိုင်တဲ့ ဘက်ညီဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဘောင်တစ်ရပ်ကို စတင်နိုင် ခဲ့ကြပါပြီ။ ဒီမူဘောင်ကို အကောင်အထည်ဖော်ဆောင်ဖို့ အတွက် ကျွန်ုပ်တို့ဟာ ရည်မှန်း ချက်ပန်းတိုင်များနဲ့အတူ စီမံချက် တစ်ရပ်အပေါ် မြှုပ်နှံထားခဲ့ကြ တယ်။ ဒီရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရေးအတွက် မူဝါဒများ လည်း ချမှတ်ခဲ့ပြီး ဖြစ်တယ်။ ပြီး တော့ ကျွန်ုပ်တို့ တိုးတက်ရေး အတွက်လည်း အတူတကွပူးပေါင်း သုံးသပ်ခဲ့ကြပြီးဖြစ်တယ်'' လို့ အ စချီပြီး နောက်ဆုံးကျတော့ ''ကျွန်ုပ် တို့နဲ့ သက်ဆိုင်တဲ့ အမျိုးသား ဒါ မှမဟုတ် ဒေသဆိုင်ရာ မူဝါဒမူ ဘောင်များကို ဘယ်လို အံဝင်ခွင် ကျဖြစ်အောင် လုပ်ကြရမယ်ဆို တာကို ကျွန်ုပ်တို့အနေနဲ့ အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့  ကို မေးမြန်းပြီး ¤င်းတို့ရဲ့ စိစစ်ချက်ကို ရယူကြရမှာဖြစ်တယ်။ ကျွန်ုပ်တို့ဟာ ပိုပြီး ရေရှည်တည်တံ့တိုးတက်ရေးအတွက် ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ ကုန်သွယ် ရေးနဲ့ အဆောက်အအုံဆိုင်ရာ မူ ဝါဒတွေမှာ အတူတကွအစဉ်အမြဲ ပူးပေါင်းဆောင်ရွက် သွားကြ မှာ ဖြစ်တယ်'' ဆိုပြီးတော့ ကြေညာ ချက် ထုတ်ပြန်ခဲ့တယ်။
    G-20 အဖွဲ့ရဲ့ အဓိက ဆိုလိုရင်းကတော့ နိုင်ငံတွေရဲ့ အမျိုးသား စီးပွားရေး မဟာဗျူဟာ များကို ဂလိုဘယ်စီးပွားရေး တိုး တက်မှုနဲ့ အံကိုက်မှုရှိအောင် အ ပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့- IMF မှတစ်ဆင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြမယ်လို့ ဆို ချင်တာ ဖြစ်တယ်။ ဒီတော့ G-20 အဖွဲ့အနေနဲ့ အဲသလို IMF ဆီက တစ်ဆင့် လုပ်ဆောင်တာဟာ အ မှန်တကယ် ထိရောက်အောင်မြင် မှု ရှိနိုင်ပါ့မလား။
  ဘောဂဗေဒပညာရှင် Raghuram G.Rajan ရဲ့ အမြင်က တော့ ဒီလို လုပ်ဆောင်လို့ အောင် မြင်နိုင်မှာ မဟုတ်ဘူး။ ထိရောက် မှု ရှိနိုင်မှာလည်း မဟုတ်ဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာနဲ့ ပက်ပင်းရင်ဆိုင်တိုးနေ ချိန်မှာ နိုင်ငံရေးသမားတွေ အနေနဲ့ သုံးစွဲမှုကို မြှင့်တင်ဖို့ လွယ်ကူ တယ်။ ဗဟိုဘဏ်တွေအနေနဲ့ လည်း ငွေရေးကြေးရေး မူဝါဒကို လျှော့လျှော့ပေါ့ပေါ့ လုပ်ပေးဖို့ အ ခက်အခဲရှိမှာမဟုတ်ဘူး။ ဒီအ တွက် နိုင်ငံတွေဟာ ပူးပေါင်းညှိ နှိုင်းဆောင်ရွက်စရာတောင် မလို ဘူး။ နိုင်ငံတိုင်းက မိမိတို့ရဲ့ စီးပွား ရေး ဖြစ်နိုင်သမျှ မြင့်တက်လာ အောင် လုပ်ဆောင်ကြမှာပဲ။ ဒါကို G-20 အဖွဲ့ ခေါင်းဆောင်ကြီးများ က စီးပွားရေး နိုးထရှင်သန်ရေး အတွက် ပူးပေါင်းဆောင်ရွက်ခြင်း လို့ ခေါ်ဆိုမှုဟာ ပွင့်နေတဲ့ တံခါး ကို တွန်းဖွင့်နေသလို ဖြစ်နေတယ်။
တကယ်တော့ နိုင်ငံတွေ ဟာ နိုင်ငံရေးအရ နာကျင်မှုရှိနိုင် တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ် တဲ့အခါ အမှန်တကယ် အခက် အခဲတွေ ထွက်ပေါ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အခြားသောနိုင်ငံတွေကို ထောက်ကူပေးဖို့ အတွက် ပြုပြင် ပြောင်းလဲရေးလုပ်တာလို့ ထင်မြင် ရပေမယ့် လက်တွေ့မှာ ကိုယ့်နိုင်ငံ ကောင်းကျိုးအတွက် ပြုပြင်ပြောင်း လဲရေး လုပ်ခြင်းသာ ဖြစ်တယ်။ နိုင် ငံတစ်နိုင်ငံက အခြားနိုင်ငံတွေ ကောင်းဖို့အတွက် ပြုပြင်ပြောင်း လဲတယ်ဆိုတာ မရှိဘူး။ Politics is Always Local - နိုင်ငံရေးဆို တာက အမြဲတမ်း ဒေသနယ်ပယ် နဲ့ပဲ ပတ်သက်တယ်။ ဂလိုဘယ် စီးပွားရေးအတွက် မဲဆန္ဒနယ်ပယ် ရယ်လို့ မရှိဘူး။
    ကိုယ့်နိုင်ငံ ကောင်းစား ရေးအတွက် လုပ်ဆောင်နေတဲ့ ခေတ်ကြီးထဲမှာ ဂလိုဘယ်မူဝါဒ ညှိနှိုင်းရေးဆိုတာက 'လေ' ပဲ ရှိ တယ်။ ပြောနေကြတာပဲ ရှိတယ်။ လက်တွေ့ ဖြစ်လာဖို့ ခဲယဉ်း တယ်။ သာဓကပြစရာတစ်ခု ရှိ တယ်။ အမေရိကန်နိုင်ငံရဲ့ သာမန် စာရင်း- Current Account လိုငွေ ပြမှုဟာ တစ်နှစ်ပြီးတစ်နှစ် စံချိန် တင်လောက်အောင် မြင့်မားလာခဲ့ ပြီး တရုတ်ပြည်ရဲ့ သာမန် စာရင်း ပိုငွေပြမှုက ဆက်တိုက် မြင့်တက် လာတော့ ၂ဝဝ၆ ခုနှစ်မှာ IMF ကလည်း ဒီပြဿနာကို ဘက်ညီ သွားအောင် ဖြေရှင်းပေး ဖို့ ဆုံး ဖြတ်လိုက်တယ်။ အဲဒီတုန်းက မန် နေဂျင်းဒါရိုက်တာဖြစ်တဲ့ Rodrigo De Rato က ဒီကိစ္စနဲ့ သက် ဆိုင်တဲ့ အမေရိ ကန်ပြည်ထောင်စု၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်နဲ့ ဆော်ဒီအာရေဗျတို့နဲ့ ညှိနှိုင်းဖို့ ကြိုးပမ်းခဲ့တယ်။
    IMFအဖွဲ့ကို အဲဒီအ ချိန်က IMF ဘောဂဗေဒမှူးချုပ် ဖြစ်တဲ့ Raghuram G. Rajan က ဦးဆောင်ပြီး သက်ဆိုင်တဲ့ နိုင်ငံ တွေဆီ သွားရောက်ဆွေးနွေးခဲ့ကြ တယ်။ ၂ဝဝ၆ ခုနှစ် နွေရာသီမှာ ခရီးထွက်ခဲ့ကြတော့ ဆော်ဒီအာ ရေဗျနိုင်ငံရဲ့ မြို့တော် ရိယာဒ်မှာ အပူချိန်က နေရိပ်ထဲမှာတောင် ၁၂၂ ဒီဂရီရှိပြီး ဂျပန်နိုင်ငံ တိုကျို မြို့ ရောက်ပြန်တော့လည်း အချိန် အခါမဟုတ်ဘဲနဲ့ ရာသီဥတုက အေးလွန်းတယ်။
   အဲဒီနိုင်ငံတွေရဲ့ သဘောထားတွေကတော့ တူညီကြတယ်။ ကုန်သွယ်ရေးတစ်ဖက်စောင်းနင်းဖြစ်နေမှုများဟာမတည် မငြိမ်ဖြစ်နိုင် တဲ့ မူလအခြေ ခံ အကြောင်းတရားများဖြစ်ပြီး ဈေးကွက်တွေက အထိတ်တလန့် မဖြစ်ခင် ဒါမှမဟုတ် နိုင်ငံရေး သမားတွေ က ပြည်တွင်းစီးပွား အကာ အကွယ်ပေးရေးမူဝါဒတွေ ချမှတ် ကျင့်သုံးခြင်း မရှိသေးမီ နိုင်ငံတွေ အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေ လုပ်သင့်တယ်လို့ တစ် ညီတစ်ညွတ် သဘောတူညီကြ တယ်။ ဒါပေမယ့် ပြဿနာက နိုင် ငံတစ်နိုင်ငံချင်းစီက ကုန်သွယ်ရေး တစ်ဖက်စောင်းနင်း ဖြစ်မှုဟာ သူ့ နိုင်ငံကြောင့်မဟုတ်ဘဲ အခြားနိုင်ငံ တွေကြောင့်သာ ဖြစ်ပေါ်ရခြင်း ဖြစ်တဲ့အတွက် အခြားနိုင်ငံတွေက သာ ပြုပြင်ပြောင်းလဲရေးတွေ လုပ် သင့်တယ်လို့ ထောက်ပြခဲ့ကြခြင်း ဖြစ်တယ်။
   သာဓကအားဖြင့် အခြား နိုင်ငံတွေက သူတို့ရဲ့ ငွေတွေကို အမေရိကန်ပြည်ထောင်စုဆီမှာ လာရောက်မြှုပ်နှံထားရှိကြခြင်းဟာ အမေရိကန်နိုင်ငံရဲ့ အပြစ်မဟုတ် ကြောင်း စောဒကတက်တယ်။ တစ်ဖက်စောင်းနင်း ဖြစ်နေရမှုများ ဟာ တရုတ်နိုင်ငံရဲ့ အပြစ်ဖြစ် တယ်လို့ အမေရိကန်နိုင်ငံက ထောက်ပြတယ်။ တရုတ်က သူတို့ ရဲ့ ယွမ်ငွေတန်ဖိုး မြင့်တက်မလာ ရအောင်လို့ ထိန်းချုပ်တဲ့ အနေနဲ့ အမေရိကန်ဒေါ်လာတွေကို ဝယ် ယူနေတဲ့အတွက်ကြောင့် ဖြစ်တယ် လို့ လက်ညှိုးထိုးတယ်။ ဒီလို ကြီး မားတဲ့ စီးကြောင်းတွေရဲ့ ဖိအား ပေးမှုတွေကြောင့် အမေရိကန်နိုင် ငံက စားသုံးမှုတွေ လုပ်နေရ ကြောင်း ဆိုတယ်။
    တရုတ်နိုင်ငံကလည်း အခုလို စောဒက တက်ပြန်တယ်။ ယွမ်ငွေတန်ဖိုး မြင့်တက်တာ မြန် ဆန်ရင် တရုတ်အနေနဲ့ အမေရိ ကန်နိုင်ငံဆီ ပို့ကုန်တင်ပို့မှုဟာ ကျဆင်းသွားမယ်။ ဒီတော့ ကမ္ဘော ဒီးယား ဒါမှမဟုတ် ဗီယက်နမ်နိုင် ငံတွေက အမေရိကန်နိုင်ငံဆီ တင် ပို့တဲ့ ပို့ကုန်တွေ မြင့်တက်လာ မယ်။ ဒီလိုဆိုတော့ အမေရိကန် နိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေပြမှု-  Trade Deficit ဟာ အပြောင်းအလဲ ရှိမှာ မဟုတ်ဘူး။ တရုတ်တွေရဲ့ အမြင်မှာ အမှန်တကယ် ပြဿနာ ဟာ အမေရိကန်နိုင်ငံက စားသုံး သူတွေအနေနဲ့ အထိန်းအချုပ် အကန့်အသတ်မရှိ စားသုံးနေမှု သာ ဖြစ်တယ်လို့ မြင်တယ်။
    ပြီးတော့ တရုတ်တို့ရဲ့ ကုန်သွယ်ရေး ပိုငွေပြမှု- Trade Surplus  ဒီလောက်များပြားနေရတဲ့ အကြောင်းက အမေရိကန်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံက ဝယ်ယူ ချင်တဲ့ အဆင့်မြင့်နည်းပညာ- High Tech ပစ္စည်းတွေကို ရောင်း ချပေးခြင်း မရှိတဲ့အတွက် ဖြစ် တယ် လို့ ထောက်ပြတယ်။ ဒီလိုနဲ့ ကုန်သွယ်ရေးနယ်ပယ်မှာ က မောက်ကမ ဖြစ်နေမှုကို တစ်နိုင်ငံ က အခြားတစ်နိုင်ငံကို လက်ညှိုး ထိုး အပြစ်ဖို့နေတာနဲ့ပဲ သံသရာလည်နေတယ်။ တကယ်တော့ နိုင်ငံတိုင်းက ဒီပြဿနာအတွက် တစ်နည်းတစ်ဖုံ ပါဝင် ပတ်သက်နေပေ မယ့် ဘယ်နိုင်ငံကမှ ပြဿနာ ဖြေ ရှင်းတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်း ကလေးမျှ မပါဝင်ချင်ကြဘူး။
   Raghuram G.Rajan ဟာ ၂ဝဝ၆ ခု နှစ်ကုန်မှာ စိတ် ပျက်လက်ပျက်နဲ့ IMF ကနေပြီး ချီကာဂိုတက္ကသိုလ်သို့ ပြောင်းရွှေ့ သွားခဲ့တယ်။ ဘာကြောင့်လဲဆို တော့ ဆွေးနွေးညှိနှိုင်းမှုတွေဟာ အောင်မြင်မှု မရရှိခဲ့တဲ့အတွက် ဖြစ်တယ်။ ၂ဝဝ၇ ခုနှစ်မှာ သက် ဆိုင်ရာနိုင်ငံတွေနဲ့ IMF အကြား ဆွေးနွေးမှုတွေလည်း ပြီးဆုံးသွား တယ်။ IMF က ဆွေးနွေးမှုများ ဟာ အောင်အောင်မြင်မြင် ပြီးစီး သွားခဲ့ကြောင်း၊ လွတ်လပ်ပြီး ပွင့် လင်းစွာ ဆွေးနွေးခဲ့ကြောင်း ကြေ ညာချက်တစ်စောင် ထုတ်ပြန်ခဲ့ တယ်။
    IMF က ဘောဂဗေဒပ ညာရှင်တွေဆိုတာက ပညာတတ် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လို့ ဘယ်တော့ မှ သူတို့ဆောင်ရွက်တဲ့ကိစ္စတစ်ခု မအောင်မြင်ဘူးလို့ တဲ့တိုးကြီး ပြောလေ့ပြောထ မရှိကြဘူး။ သူ တို့ရဲ့ ဗျူရိုကရက်ဆန်ဆန် ဝေါ ဟာရ အသုံးအနှုန်းတွေထဲမှာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်း လင်း ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အနက်အဓိပ္ပာယ်က ဆွေးနွေးမှု တွေ လုံးဝအောင်မြင်မှု မရရှိခဲ့တာ ကို ဆိုလိုတာပါတဲ့။
   IMF က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် လအနည်း ငယ်အကြာ ၂ဝဝ၇ ခုနှောင်းပိုင်း ကာလမှာ အမေရိကန်နိုင်ငံမှာ ဘဏ္ဍာရေးပြဿနာ တက်တော့ တာပါပဲ။ ဒါဟာ ဘက်မညီမှုတွေ၊ တစ်ဖက်စောင်းနင်းဖြစ်မှုတွေက ပေါက်ဖွားလာတဲ့ ပြဿနာဖြစ် တယ်။ IMF ကလည်း ဒီလို ကုန် သွယ်ရေး တစ်ဖက်စောင်းနင်းဖြစ် မှုဟာ အန္တရာယ်ရှိတယ်ဆိုတာကို မြင်တယ်။ IMF က သက်ဆိုင်တဲ့ နိုင်ငံဆီ သွားရောက်ပြီး တစ်ဖက် စောင်းနင်းဖြစ်နေမှုကို ပြုပြင် ပြောင်းလဲဖို့ ပြောပြဆွေးနွေးခဲ့ တယ်။
    IMF နဲ့ ဆွေးနွေးခဲ့ကြ တဲ့ အဲဒီနိုင်ငံတွေရဲ့ ဆိုင်ရာပုဂ္ဂိုလ် တွေကလည်း အန္တရာယ်ရှိမှန်း သိ ကြတယ်။ ဒါပေမယ့် လိုအပ်တဲ့ ပြု ပြင်ပြောင်းလဲရေးကို လုပ်ပေးနိုင် တဲ့ အနေအထား သူတို့မှာ မရှိကြ ဘူး။ ပြုပြင်ပြောင်းလဲရေး လုပ် တယ်ဆိုတာက တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့မရ ဘူး။ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ် နေတောင်မှ သူတစ်ဦးတည်း က ပြု ပြင်ပြောင်း လဲရေး လုပ်လို့မရနိုင် ဘူး။ ဘယ်အမေရိကန်သမ္မတကမှ ဘတ်ဂျက်လိုငွေပြမှုကို ထိန်းချုပ် လို့ မရဘူး။ ဒါကို အမေရိကန် လွှတ်တော်ကသာ လုပ်ပိုင်ခွင့် ရှိ တယ်။ အလားတူပဲ တရုတ်ပြည် သမ္မတ တစ်ဦးက ယွမ်ငွေတန်ဖိုး မြင့်တက်စေသတည်း လို့ ပြော လို့ မရဘူး။ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတော်ကောင်စီတို့ကသာ ဒီ ကိစ္စကို လပေါင်းများစွာ အပြန် အလှန် ဆွေးနွေးကြပြီး ဆုံးဖြတ် ချက် ချနိုင်မှာဖြစ်တယ်။
     တကယ်တော့ ပြုပြင် ပြောင်းလဲရေးဆိုတာက ဘတ်ဂျက် လိုငွေပြမှု ဒါမှမဟုတ် ငွေကြေးကို တန်ဖိုးမြှင့်တင်မှုတို့နဲ့တင် လုံ လောက်မှာ မဟုတ်သေးဘူး။ ဒီ ထက်မက နက်နက်ရှိုင်းရှိုင်း စီးပွား ရေး အဆောက်အအုံတစ်ခုလုံးကို ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်တယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပြု ပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့  သိ ... သိ ... သိနေတောင်မှ လက်တွေ့ ကျကျ ပြုပြင်ပြောင်းလဲ ဖို့ အများကြီးခက်တယ်။ ဒီကနေ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ကမ္ဘာ့ကောင်း ကျိုးအတွက် ဆိုပြီး ပြော ဆိုနေကြပေ မယ့် အမေရိကန် ကွန်ဂရက် လွှတ်တော် ဒါမှမဟုတ် တရုတ် ကွန်မြူနစ်ပါတီက နိုင်ငံရေးသမား တွေက ဒါကို စိတ်မဝင်စားကြဘူး။
ဒီတော့ G-20 ထိပ်သီး ညီလာခံတွေ ကျင်းပပြီး ကြီးကြီး ကျယ်ကျယ် ကြေညာချက်တွေ ထုတ်ပြန်နေပေမယ့် ဟုတ်တိပတ် တိ ပြုပြင်ပြောင်းလဲရေးတွေ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။  IMF အ နေနဲ့လည်း ဘက်ပေါင်းစုံ ဆွေးနွေး ညှိနှိုင်းမှုတွေ တစ်ခု ပြီးတစ်ခုလုပ် နေတာကလွဲလို့ ဘာမှ ဖြစ်ဖြစ် မြောက်မြောက် ဖြစ်လာမှာမဟုတ် ဘူး။ ဒီလိုဆိုရင် ပြုပြင်ပြောင်းလဲရေး အတွက် မျှော် လင့်ချက်မရှိ တော့ဘူးလား။
    ဒီလိုလည်း မဟုတ်သေး ပါဘူး။ Hope Against Hope ဆို တဲ့စကား ရှိတယ်။ မျှော်လင့်ချက် မရှိဘူး ရှိပေမယ့် မျှော်လင့်ချက် ကတော့ ဆက်လက်ထားကြရ တယ်။ လူဆိုတာက ဘာမှမလုပ် ဘဲ နေလို့မှ မဖြစ်တာ။ ဖြစ်လို ဖြစ် ငြား တစ်ခုခုတော့ လုပ်နေ ကြရမှာ မဟုတ်လား။
  နိုင်ငံတွေအနေနဲ့ မပြောင်းလဲဘဲနေလို့မဖြစ် ပြောင်းကိုပြောင်းလဲရမယ့်အနေအထားနဲ့ကြုံတွေ့လာရင် ဒါမှ မဟုတ် ပြောင်းလဲမှု လုပ်တာဟာ သူတို့ရဲ့ နိုင်ငံအတွက် အကောင်းဆုံးပဲလို့ ထင်မြင်လာရင် တစ်နေ့ ပြောင်း လဲလာကြမှာ ပါ။ ပြောင်းလဲမှု ဟာ နှေးကွေးချင် နှေးကွေးမယ်။ ပြောင်းလဲမှုအတွက် တန်ဖိုးကြီးကြီး ပေးချင်ပေးရမယ်။
    ဂလိုဘယ်ကောင်းကျိုး အတွက် ဂလိုဘယ် စီးပွားရေး ပူး ပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ် လာအောင် IMF တို့လို၊ World Bank တို့လို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ¤င်းတို့ရဲ့ အဖွဲ့ဝင် အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေအပေါ်မှာ ဆရာကြီး လုပ်မနေဘဲ အခြေခံသဘောတ ရားတွေကို ပြုပြင်ကာ အဖွဲ့ဝင်နိုင် ငံတွေနဲ့ ထဲထဲဝင်ဝင် ပြီးတော့ ကျိုး ကျိုးနွံနွံ ဆက်ဆံနိုင်ခဲ့ရင် ပိုပြီး အလားအလာ ကောင်းလာနိုင်မယ် ထင်ပါရဲ့။
မင်းရွှေမောင်

Ref : Raghuram G.Rajan "Fault Lines".
Raghuram [m University of Chicago  က ဘဏ္ဍာရေးဘာသာ ရပ် ပါမောက္ခတစ်ဦး ဖြစ်တဲ့အပြင် IMF မှာ ၂ဝဝ၃ မှ ၂ဝဝ၇ ခုနှစ် အထိ Chief Economist  အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ် တယ်။ လောလောဆယ် အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ်ရဲ့ အကြံပေး ပုဂ္ဂိုလ် ဖြစ်ပါတယ်။
မင်းရွှေမောင်
 

No comments: