Friday, February 8, 2013

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် ပြောင်းလဲမူ-၂

 
ပြောင်းလဲမှုပုံစံ ၁၁၅ ခု
လွန်ခဲ့သည့် ၁၉၅၅ ခု နှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း ဒီမိုက ရေစီပြောင်းလဲမှုများ ကမ္ဘာပေါ် တွင် ၁၁၅ ခု ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံပေါင်း ၈၆ နိုင်ငံ၌ ဖြစ်ပါ၏။ယင်းသို့ ပြောင်းလဲမှု ၁၁၅ ခုတွင် ဒီမိုကရေစီ ရင့်မာ သောအဆင့်သို့ ရောက်သွားသော နိုင်ငံမှာ ၁၅ နိုင်ငံ သာရှိသည်။အဆိုပါ ၁၅ နိုင်ငံထဲ၌ အစိုးရ လဲပြိုကျ Regine Change ပြီး ပြောင်းသွားသည့် နိုင်ငံ ၄ ခု သာ ရှိသည်။ ဆိုလိုသည်မှာ ကျန် ပြောင်းလဲမှု ၁၁ ခုသည် အစိုးရ လဲပြိုကျပြီး ပြောင်းလဲသွားသည့် အပြောင်းအလဲ မဟုတ်ဟု ဆိုရ မည်။ တိကျစွာဆိုရလျှင် အစိုးရ လဲပြိုခြင်း၊ ပြောင်းလဲခြင်း ဖြစ် သည်၊ မဖြစ်သည်က ဒီမိုကရေစီ ရင့်မာမှုကို အာမ မခံနိုင်ဟု ဆိုလို ရင်း ဖြစ်ပါ ၏။ ပြောင်း လဲခြင်းဆိုသည့် အခြေအနေရောက်ပြီးလျှင် ဒီမိုက ရေစီ မည်မျှရင့်သန်နိုင်မည်နည်း ဆိုသည့် မေးခွန်း ပေါ်လာသည်။ သို့ဖြစ် ၍ တံခါးဖွင့်သည့် Liberalization လုပ်သည့် နိုင်ငံများ၌လည်း ဒီမိုကရေစီ အောင်မြင်မည်ဟု အာမ မခံနိုင် ပေ။ နိုင်ငံ၌ အပြောင်း အလဲ ဖြစ် သွားနိုင်သော်လည်း ဒီမိုကရေစီစ နစ် ဖြစ်မလာခဲ့ပေ။ ပြောင်းလဲမှုနှင့်စစ်တပ် စစ်အစိုးရများသည် သူ တို့၏အာဏာကို အနည်းငယ်မျှ လောက်ဖြစ်စေ ပြန်အပ်ခဲ့သည် ဆိုဦး။ သူတို့သည် ကန့်လန့်ကာ နောက်သို့ လုံးဝရောက်သွားသည် မဟုတ်။ သူတို့၏ နိုင်ငံရေးအာ ဏာကို နိုင်ငံရေးစနစ်ထဲ၌ အချိန် ကာလအတိုင်းအတာတစ်ခုအထိ သြဇာသက်ရောက်ရန် ကြိုးစားကြ လေ့ရှိသည်ဟု ဆင်မြူရယ်ဟန် တင်တန်- Samual Huntingtonက ၁၉၉၆ ခုနှစ်၌ ရေးသားတင်ပြ ခဲ့သည်။ ယင်းအချက်ကို ဒေါက်တာ မင်းဇော်ဦးသည် Data များ ပြန်သုံးသပ်ကြည့်ခဲ့သည်ဟု တင်ပြ သည်။ သူ၏ ပါရဂူဘွဲ့ယူ စာ တမ်း၌ ဟန်တင်တန်သီအိုရီကို ယူရန် သဘောမကျ၍ လက်တွေ့ လေ့လာရန် ဒီမိုကရေစီ ပြောင်းလဲ မှု ၁၁၅ ခုကို ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့ သည်။ လက်တွေ့ တွေ့ ရှိသည့် အခါ Huntington ၏ သီအိုရီက မှန်နေသည်ကို တွေ့ရသည်။ စစ်တပ်၏ သဘောသ ဘာဝကမူ ၀င်လာပြီးသည်နှင့် လွယ်လင့်တကူ ပြန်ထွက်သွားလေ့မရှိပေ။ အဘယ့်ကြောင့်ဆိုသော် စစ်တပ်အုပ်ချုပ်သည့် နိုင်ငံအတော်များများ၌ လုံခြုံရေးပြဿနာ က ရှိနေတတ်၍ဖြစ်၏။ ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာက ရှိနေ တတ်သည်။ ပြည်တွင်း စစ် ဖြစ်နေ လေ့ရှိ ၏။ ပြည်တွင်းစစ် မရှိဘဲနှင့် စစ်တပ်က အာဏာသိမ်းလေ့ မရှိ ပေ။ ပြည်တွင်းစစ်ကြောင့် စစ်တပ်က အာဏာသိမ်းကာ စစ် တပ် ဆက်လက် ရှိနေခြင်း ဖြစ်ပါ ၏။ ဒီမိုကရေစီ အပြောင်း အလဲဖြစ်ခဲ့ပြီးသည့်အချိန်၌ ပြည် တွင်းစစ်ပြဿနာ မဖြေရှင်းနိုင်ပါ က စစ်တပ် ဆက်ရှိနေ မည်။ ယင်း ဖြစ်ရပ်မျိုးကို နိုင်ငံတကာ၌ တွေ့ရ နိုင်ပါ၏။ စစ်တပ်မှ အာဏာပြန်သိမ်း အခြားအရာတစ်ခုမှာ ယင်းနိုင်ငံမျိုး၌ အရပ်ဘက် လူ့ အဖွဲ့များ အားနည်းနေတတ်သည်။ နိုင်ငံရေးပါတီများလည်း အားနည်း သည်။ Civil Society ဟုခေါ် သော လူထု လူ့အဖွဲ့အစည်းများ အားနည်းသည်။ အရပ်သားနိုင်ငံ ရေး အင်အားနည်းနေပြန်သည်။ ဂိုဏ်းဂဏပြဿနာက များပြားလှ ၏။ ယင်းသို့ လူအများအ စုဘက်၌ အားနည်းနေသည့် တစ်ချိန်တည်း၌ တစ်ဖက်၌ အား အကောင်းဆုံး အင်အားစုတစ်စု nstitution ဖြစ်သည့် စစ်တပ်က အသင့်ရှိနေတတ်သည်။ အဘယ်ကြောင့် စစ်တပ်က အားကောင်းရသနည်းဆိုပါ လျှင် စစ်တပ်၏ပုံစံမှာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြစ်သည်။ ယင်း ပုံစံနှင့် Institution ကို တည် ဆောက်ထား၍ အခြားသူများ ဂိုဏ်းကွဲကောင်းကွဲမည်။ စစ်တပ်က ဂိုဏ်းကွဲရန် အလွန်နည်း၏။ သို့ဖြစ်၍ ပြဿနာဖြစ် လာသည်နှင့် အားအကောင်းဆုံး အဖွဲ့က သူဖြစ်နေ၍ နိုင်ငံရေး နယ်ထဲ သူက ပြန်ရောက်လာ သည်။ ကမ္ဘာပေါ်၌ ထိုဖြစ်ရပ် မျိုး တွေ့ရလေ့ရှိပါ၏။ အခွင့်ထူးခံခွင့် စစ်တပ်အုပ်ချုပ်သည့် နိုင်ငံများ ၌ လည်းကောင်း၊ ခေါင်း ဆောင်များ Institution ၌ ပါဝင်ခဲ့ သောသူများ၊ တစ်ဦးချင်း တစ် ယောက်ချင်း၌ လည်းကောင်း၊ အ ခွင့်ထူး ခံ အခွင့်ထူးများစွာ ရခဲ့ကြ သည်။ ကွန်မြူနစ်နိုင်ငံများရှိ အုပ်ချုပ်သူများသည် အခွင့်ထူးခံ များ ဖြစ်ခဲ့ကြသည်။
   သို့ဖြစ်ပါလျက် အဘယ် ကြောင့် စစ်တပ်အုပ်ချုပ်သော နိုင် ငံများ၌ အခွင့်ထူးခံပြဿနာက ပို ရှိလာသနည်းဆိုသော မေးခွန်းတစ် ခု ပေါ်လာသည်။ ယခင် ကွန်မြူနစ်ခေါင်း ဆောင်များသည် နှစ်ရှည်လများ အာဏာရှိလာခဲ့၍ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ Networking အရ အဆက်အသွယ်များစွာ ရလာကြ သည်။ သူတို့ စီးပွားလုပ်ငန်းများ တည်ဆောက်ပြီး ဖြစ်လာသည်။ သူတို့သည် Structure ဖြစ်လေသည်။ သူတို့သညှ်အမကခအကမန တစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။ ထိုအချိန် ဒီမိုကရေ စီစနစ် ပြောင်းသည့်အခါ သူတို့ သည် နိုင်ငံရေးကို မည်သို့ မည်ပုံ ပြုလုပ်ရမည်ကို သိလာသည်။ ငွေရှိ၊ အဆက်အသွယ် ရှိ ခေါင်းဆောင်များ ဒီမိုကရေစီ စနစ်၌ ပြန်ပါလာသည်။ နိုင်ငံရေး နယ်ထဲ ပြန်ရောက်လာကြသည်။ ကွန်မြူနစ် ဆိုရှယ်လစ် ပါတီ တံဆိပ်ကို ဆေးပြန်သုတ်ပြီး တံဆိပ်သစ်၊ ပါတီသစ် ဖြစ်သွား သည်။ ယခင် ဆိုရှယ်လစ်၊ ကွန်မြူ နစ်ခေါင်းဆောင်များအားလုံး ဒီမို ကရေစီစနစ်နှင့်အတူ ပါလာကြသည်။ အရှေ့ဥရောပဒေသ၌ ဖြစ် ပါ၏။ ယင်းသို့ အရှေ့ဥရောပ တိုက်အပြောင်း အလဲများ ကိုSa-muel Huntington က Red Returnအနီတွေ ပြန်လာပြီဟု ကင် ပွန်းတပ်၏။ အနီတွေ ပြန်လာ သည့် အပြောင်း အလဲ ဖြစ် သည်။ ယင်းဒေသရှိ နိုင်ငံအ များ၌ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်သော်လည်း ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များကပင် ဦးဆောင်နေ၏။ စစ်တပ်အုပ်ချုပ်သည့် နိုင်ငံများ၌မူ ပြဿနာက ရှိလာ၏။ စစ်တပ်ဆိုသည်မှာ ယူနီဖောင်း ၀တ်များ ဖြစ်သည်။ အပြောင်းအလဲ ဖြစ်သွားသည်နှင့် စစ်တပ်သည် ယူနီဖောင်းချွတ်၍ မရပေ။ သို့ဖြစ် ၍ စစ်တပ်တွင်း၌ ဆက်နေရ သည်။ တပ်ထဲတွင် ပိတ်မိနေ သည်။
    နိုင်ငံရေးကိုလည်း စိတ် မကုန်၍ ထိုင်စောင့်နေတတ်ကြ သည်။ အခွင့်အရေးရသည်နှင့် ချက်ချင်းပြန်ရောက်လာသည်။ ကွန်မြူနစ် နိုင်ငံ၌ အခွင့် ထူးခံများက စနစ်သစ်၌လည်း အ ခွင့်ထူးက ပြန်ရသည်။ စစ်တပ်အုပ်ချုပ်သည့် နိုင်ငံများ၌ စနစ်သစ်၌ သူတို့ မပါ ရ၍ အခွင့်ထူးကမရ။ အခွင့်အရေး ကို ထိုင်၍ ချောင်းနေကြရသည်။ နမူနာအဖြစ် ထိုင်ဝမ် ကျွန်း၊ ကိုရီးယားနှင့် မြန်မာနိုင်ငံ များ၌ ယူနီဖောင်းချွတ်၍ နိုင်ငံရေး ပါတီထောင်ကာ အပြောင်းအလဲ လုပ်သည်။ ချီလီနိုင်ငံလည်း ထို့အ တူပင်။ ထိုပုံစံ ကောင်း၊မကောင်း ဆိုခြင်းထက် ဘောင်ဖြစ်သွားကြ သည်။ ဖြည်းဖြည်းချင်းပြောင်း ဒီမိုကရေစီ ခိုင်မာသော နိုင်ငံများ၌ပင် လူတို့ လွတ်လပ် ခြင်း၊ လူထု လွတ်လပ်ရေး၊ လူထု လှုပ်ရှားခွင့်၊ လူ့အခွင့်အရေး စသည့် ပေတံများနှင့် ချက်ချင်း တိုင်းတာ၍ မရနိုင်။ ဖြည်းဖြည်းချင်း သာ ပြောင်းလဲခြင်းဖြစ်သည်။ ဆိုလိုသည်မှာ စနစ်ကို ပြောင်း Structure Change လုပ် ရာ၌ ပြဿနာများစွာ ရှိပါ၏။ Transitionဆိုသည့် ပြောင်းလဲရေးအချိန်အခါ၌ (နှစ် နားညီတြိဂံ)၏ထိပ်ပိုင်းသာ ပြောင်း သည်။ အောက်၌ ထုထည်ကြီးမား သော အဆောက်အအုံက ကျန်ခဲ့ တတ်သည်။ စနစ်ဟောင်းမှ အမွေ များစွာ အကုန်ပြန်ပါလာသည်။ အဓိက ပါလာသည့်အ ရာမှာ အစိုးရ၏စီမံခန့်ခွဲရေးယန္တ ရား ဖြစ်သည်။ ဒီမိုကရေစီခေတ် ရောက်သည်နှင့် ယင်းအရာကို အစားထိုးရန် စီစဉ်ကြသည်။ လက် တွေ့၌ အစားထိုး၍မရ။ ဖြည်း ဖြည်းချင်းသာ ပြင်ရမည်ကို သိလာ ကြသည်။ တစ်ချိန်တည်း မိမိတို့ ကိုယ်မိမိတို့ ပြန်ကြည့်ကြသည်။ အတိုက်ခံဘ၀၌ အချိန်ကြာရှည် နေခဲ့ရ၍ အရည်အသွေး ဃစေခေငအပ က မရှိ။ ထောင်တွင်း၌လည်း အချိန်ကြာစွာနေရ၊ ငွေလည်း မရှိ။ အကန့်အသတ်များကလည်း ရှိခဲ့ ၍ အတိုက်အခံလုပ်သည့် လူများ ၏ ပြဿနာကြီးမှာ စွမ်းရည် Capacity ဖြစ်သွားပါ၏။ နိုင်ငံရေးအရ လူချစ်လူ ခင်ပေါသည်။
   နိုင်ငံရေးအရ လူ ကြိုက်များသည်။ သို့သော် အစိုးရ ယန္တရားကို မောင်းနှင်ရန် အတိုင်း အတာမရှိ ဖြစ်နေ ကြ သည်။ ဒေါက်တာ မင်းဇော်ဦးတို့ ကျောင်းသားအဖြစ် တောခိုစဉ်က နယ်စပ်ရောက်သည်နှင့် အဖွဲ့ဖွဲ့ကြ သည်။ အဖွဲ့အစည်းဖြစ်ပြီးသည် နှင့် အဖွဲ့အစည်း ဆိုသည့် ယန္တရား ကိုလည်ပတ်စေရန် ယခင်အုပ်ချုပ် ရေး၊ စီမံခန့်ခွဲရေး၊ ဗဟိုနိုင်ငံရေး သင်တန်းဆင်း၊ မဆလပါတီထွက်၊ ရုံးလုပ်ငန်း လုပ်ခဲ့သူများကို အား ကိုးကြရကြောင်း ဥပမာပေး၏။ အထက်ပါဖြစ်ရပ်များ ကြည့်ပြီး မိမိတို့ နိုင်ငံ၏ နိုင်ငံ ရေှးအမအေနါပ ကို သုံးသပ်မည်ဆို ပါက အနီးစပ်ဆုံးက (၁) ဒီမိုကရေ စီ နောက်ပြန်လှိုင်းစီးမလား (၂) မ တည်မငြိမ်တွေ ထပ်ဖြစ်မလား (၃) စစ်ပွဲတွေ ထပ်ဖြစ်မလား (၄) ရှေ့ တိုးနောက်ဆုတ်လို့မရသည့် Frozen Transition တစ်ခု အချိန် ရှည်ကြာမှုကို ရင်ဆိုင်မလားဆို သည့် အချက်များထဲမှ တစ်ခုမ ဟုတ် တစ်ခု တွေ့ကြရမည်။ (၁) နောက်ပြန်လှိုင်း မ သွားချင်။ (၂) မတည်မငြိမ် ဖြစ်မ လား။ ယခု ရခိုင် တိုင်းဒေသ၌ ဖြစ် ခဲ့သည့် ဖြစ်ရပ်မျိုး မဖြစ်ချင်။ (၃) မိမိတို့၌ ရွေးချယ်စ ရာ တစ်ခုသာ ရှိတော့သည်။ Frozen Tranisition သို့မဟုတ် Frozen Democratization သာ ဖြစ် သည်။ ယင်းအခြေအနေ၌ မိမိ တို့သည် ရှင်သန်ရန် Surrive ဖြစ်ရန် အားထုတ်ကြ ရမည်။ ယခုလက်ရှိအခြေအနေ က Liberalization တို့မှ ၂၀၁၅ ခုနှစ်၌ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ လုပ်နိုင်လျှင် Tran-isation ရလာမည်။ ထိုနေရာ၌ ဒီမိုကရေစီ ရင့်သန် အမြစ်တွယ်ရန် လုပ်၍ ရမည်။ ထိုနေရာ၌ စနစ်တစ်ခု ပြောင်းမည်ဆိုလျှင် လူနှင့်မူပြောင်း ရမည်။ မူဆိုသည်က Structure မဲထည့်သည့်စနစ် အစိုးရယန္တ ရား လုံခြုံရေး အားလုံးပါသည်။ Structure တစ်ခုလုံး ပြောင်းရန် အခိျန်များစွာလိုသည်။ သို့ဖြစ်၍ ပြောင်းရန် ပို လွယ်သည့်အရာမှာ လူ Agent ဖြစ် သည်။ Agent  က မြန်စွာပြောင်း၍ ရသည်။ Agent ဆိုသည့် လူများ ကို မည်သည့်နေရာ၌ ရှာမည် နည်း။ နိုင်ငံအပြောင်းအလဲအ တွက် အရေးကြီးသော ပုဂ္ဂိုလ်များ ဆိုသည်မှာ လက်ရှိအစိုးရအဖွဲ့ထဲ ၌ရှိသော Reform ဦးဆောင်နေသူ များ၊ Moderate ဖြစ်သူ များ၊ ဒေါ် အောင်ဆန်းစုကြည်ကဲ့သို့ လက်တွဲ ဆောင်ရွက်လိုသူများ၊ လွှတ်တော် အတွင်းမှ ဦးရွှေမန်းကဲ့သို့ အထင် ကရ ပုဂ္ဂိုလ်များ စသဖြင့် ဖြစ် သည်။ ဤကဲ့သို့ Agentများက အရေးကြီးပါ၏။
   အာဏာရှိသည့် အချိန်၊ အာဏာရှိသည့်နေရာမှာ ရောက်နေသူများက အပြောင်းအ လဲကို ဦးဆောင်လုပ်ပေးနိုင်သည်။ ထို သူများ၏အခန်းကဏ္ဍက အ လွန်အရေးကြီးသည်။ အထူးသဖြင့် ယခုကဲ့သို့ Liberalization တံခါးဖွင့်နေသည့် အချိန်၌ Agent  များ၏ အခန်း ကဏ္ဍက ပို၍အရေးကြီးသည်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ငန်း အမြစ်တွယ် ဖို့၊ ရှင်သန်ဖို့လုပ်ငန်းမှာ အစိုးရ ထဲက Moderate များ၊ Reform  လုပ်ချင်သူများကို ဆွဲခေါ်ယူကြရ မည်။ ယင်း Agent များပါလာရန် မိမိတို့က ၀ိုင်းရံပေးရန် လိုသည်။ အခြားသောနိုင်ငံများ၌ ဖြစ်ပေါ်ခဲ့သော အတွေ့အကြုံများ အရ Moderate များ မပါဘဲနှင့် ပြောင်း၍ မရနိုင်ပါ။ Agent  များ ရှာဖွေဝန်းရံ နေချိန်၌ တစ်ဖက်ကလည်း Structure စနစ်ကို တည်ဆောက်ရန် ရေရှည်အတွက် လုပ်ဆောင်ကြရ မည်။ နောင် အနှစ် ၂၀၊ ၃၀ ကာလ၌ ယင်းစနစ် အမြစ်တွယ် ခိုင်ခံ့လာစေရန် ပြင်ဆင်ထားကြရ မည်။
တံတားဆောက်၊ ဆည်ဆောက် ခြင်းထက် GDPတိုးတက်ရန် အရေးကြီး
   ယင်းသို့ ပြင်ဆင်ရာ တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည် ဦးစားပေးဖြစ်ဖို့ လိုသည်။ တံတားဆောက်၊ ဆည်များဖောက် ခြင်း ထက် ပြည်သူများ၏ GDP တိုးလာစေရန်၊ လူနေမှုအဆင့် Quality of Life တွေ မြင့်မားစေ ရန်၊ ပမာအားဖြင့် ယနေ့ ထမင်း ရည်သောက်နေသူ မနက်ဖြန် ဆန် ပြုတ်စားနိုင်ရန်၊ ယနေ့ ဆန်ပြုတ် သောက်နေသူ မနက်ဖြန် ထမင်းပါ စားနိုင်ရန်၊ ယနေ့ ကျောင်း မပို့နိုင် သူ မနက်ဖြန် ကျောင်းပို့နိုင်ရန် စ သည့် Quality of Life  လူနေမှု အဆင့်အတန်း မြင့်လာမည့် စီးပွား ရေး ဖွံ့ဖြိုးမှုမျိုး မိမိတို့က ဦးစားပေး နိုင်ရမည်။ ဓားသွားပမာ လူထုအဖွဲ့အစည်း လူထု လူ့အဖွဲ့အစည်း များ တိုးတက်စည်ပင်ဖွံ့ဖြိုးလာစေ ရန် ပြုလုပ်ပေးရမည်။
   Civil Society ဆိုသည်မှာ မိမိအမြင်၌ အသွားနှစ်ဖက်ပါသော ဓားကဲ့သို့ ပင်။ အသွားတစ်ဖက်က ကိုယ့်ကိုယ်ကို ပြန်ရှနိုင်သကဲ့သို့ အခြားအသွားတစ်ဖက်က သူတစ် ပါးကို ခုတ်၍ရသည်။ အကယ်၍ Civil Society တစ်ခုသည် ဂိုဏ်းဂဏဘက် ယိမ်းသွားပါက ဂိုဏ်းဂဏများ၏ ခြယ်လှယ်မှု ခံရသည်။ သို့ဖြစ်၍ Civil Society များကို ဒီမိုကရေစီပေတံနှင့် ဒေါက်တိုင်သဖွယ် လုပ်ပေးနိုင် သော အဖွဲ့အစည်းဖြစ်စေရန် လုပ် ပေးရမည်။ ဒီမိုကရေစီ၏ အဓိက အဆောက်အအုံများဖြစ်သည့် တ ရားရေး၊ ဥပဒေပြုရေး၊ နိုင်ငံရေးပါ တီ၊ ယင်းအဖွဲ့အားလုံးသည် ဒီမိုက ရေစီစနစ်နှင့်အညီ စွမ်းအားများ ပြည့်ဝရန် လိုအပ်သည်။ လုပ်ပေး ရမည်။ ကျန်အရေးကြီးသည့် ကဏ္ဍ တစ်ခုမှာ စစ်တပ်က နှစ် ပေါင်းများစွာ အုပ်ချုပ်သည့် မိမိ တို့ နိုင်ငံ၏ Security Sector Re-form လုံခြုံရေး ဌာန များ ပြင် ဆင်ရေးသည် အလွန်အရေးပါသည်။ ယင်းအချက် ပြင်ဆင်ဆောင်ရွက်ခြင်းမပြုလုပ်ဘဲနှင့် ဒီမိုကရေစီစနစ် ခိုင်ခန့်စေရန် လုပ် ဆောင် ၍ မရနိုင်ပါ။ မိမိတို့က နိုင်ငံရေးနယ် ထဲမှ ထွက်ရန် ပြောဆိုရန် မလိုပါ။ သူတို့ကိုယ်တိုင် နိုင်ငံရေးနယ်ထဲ ၌ နေရန် မလို အပ်တော့ ဆိုကာ ဖြစ်လာစေရန် မိမိတို့က ပြုလုပ် ပေးရမည်။ မြန်မာပြည်၏ နံပါတ် ၁ ပြဿနာမှာ တိုင်းရင်းသား လက် နက်ကိုင်ပြဿနာ ဖြစ် ၏။ ယနေ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့၊ လက် နက်တပ်ဆင်ပေးထားသော ပြည် သူ့စစ်ဆိုသည်များအားလုံး ပေါင်း လိုက်ပါက တစ်သိန်းနီးပါး ရှိသည်။ ယင်းကဲ့သို့ လုံခြုံရေး ပြဿနာ ကြီးမားသော မိမိတို့နိုင် ငံ၊ ဒီမိုကရေစီ ကူးပြောင်းလာသော နိုင်ငံ ကဲ့သို့ နိုင်ငံမျိုး ကမ္ဘာပေါ်တွင် မရှိခဲ့ဖူးပေ။ ယင်းသို့သော ပြဿနာ ကြီးနှင့် ဒီမိုကရေစီစနစ်သို့ ကူး ပြောင်းခဲ့သည်။ကြိုးစားနေ သည်။ တစ်ဖက်ကလည်း စစ်တပ်အုပ်ချုပ် ခဲ့သည့်နိုင်ငံ ဖြစ်နေသည်။ လုံခြုံရေးပြဿနာကို ဖြေရှင်းပေးရန်လိုကိုလိုအပ်ပါ၏။ အဓိက မှာ ပြည်တွင်းငြိမ်းချမ်းရေး ရမှ ဖြစ်မည်။
နိဂုံး
လက်ရှိ မိမိတို့နိုင်ငံ သည် တံခါးဖွင့်စကာလသာ ဖြစ် သေးပါ၏။ လက်ရှိအခြေအနေ၌ ယခင်တပ်မတော်ခေါင်းဆောင်များ က တံခါးဖွင့်ပေးသည့်ကာလဖြစ်၍ ဂိုဏ်းဂဏပြဿနာများက ကြီးမား လှသည်။ ယင်းသို့သော အခြေအ နေကြား၌ နောက်ပြန်လှိုင်းက လည်း ဖြစ်နိုင်သေးသည်။ ယခုအခြေအနေ၌ Tr-ansition ဖြစ်ရန် လက်ရှိ Liberalization မှ ၂၀၁၅ ခုနှစ်၌ Transition ရောက် ရန်လိုသည်။ နောက် ပြန်မလဲရန် အားလည်းစိုက်ကြရ မည်။ ဒီမိုကရေစီ ရင့်သန်ရန် လည်း ကြိုးစားကြရမည်။ ဒီမိုကရေစီ ရင့်သန်မှု ကို နောက်မျိုးဆက်သုံးခု၊ မြေးများ လက်ထက်၌သာ အသီးအပွင့် တွေ့ရနိုင်ပါ၏။ ပြုပြင်ပြောင်းလဲလိုသူ Reformer မှာ Reform လုပ်ချင်သူ များကို ၀ိုင်းရံပေးကြရမည်။ ပြည်တွင်းငြိမ်းချမ်းရေး ရရမည်။ ပြည်တွင်းငြိမ်းချမ်းရေး မလုပ်နိုင်သေးသရွေ့ စစ်တပ်သည် နိုင်ငံရေးထဲ၌ ဆက်လက်ရှိနေပါဦး မည်။
စိုးမင်းဦး
Source : Democratization Strategy in Myanmar by Dr Min Zaw Oo.

No comments: