ကွန်ပျူတာနည်းပညာ တွေ တစ်မျိုးပြီးတစ်မျိုး ထွန်း ကားနေတဲ့ခေတ်မှာ ဒွန်တွဲနေတဲ့ ဘေးပယောဂတစ်ခုက ဗိုင်းရပ်စ် Virus ဖြစ်ပါတယ်။
ကလျာအိအိလွင် ဗိုင်းရပ်စ်ဆိုတာမှာ လူ ခန္ဓာကိုယ်ကို ရောဂါဘယတွေဖြစ် အောင် ဒုက္ခပေးတတ်တဲ့ ဗိုင်းရပ်စ် ပိုးမွှားတွေလိုပဲ ကွန်ပျူတာကြီးကို လည်း ရောဂါ ဆိုးတွေ ဝင်လာ အောင် အဖျက်အမှောင့်လုပ်ငန်း တွေကိုလုပ်တဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ ကို ပြောတာပါ။ ဗိုင်းရပ်စ် ပိုးတွေကြောင့် လူတွေလိုပဲ ကွန်ပျူတာရဲ့အတွင်း က ပရိုဂရမ်တွေလည်း ရောဂါ အမျိုးမျိုး ကျရောက်ပျက်စီးရတတ် ပါတယ်။ ကွန်ပျူတာကို တီထွင် သူ လူသားတွေကပဲ အဲဒီဗိုင်းရပ်စ် တွေကို ပြန်ပြီးဖန်တီးတာ ဖြစ်ပါ တယ်။ အဲဒီလို ဖန်တီးတဲ့နေရာမှာ ဖန်တီးသူ နည်းပညာရှင်ဟာ စိတ် စေတနာဆိုးနဲ့ ဖန်တီးတာ များပါ တယ်။ တချို့က အပျင်းပြေ စမ်း သပ်တဲ့အနေနဲ့ ဗိုင်းရပ်စ် ပရို ဂရမ်တွေကို ရေးတတ်ပါသေးတယ်။ တချို့ကတော့ အဲဒီဗိုင်းရပ်စ်ကို သတ်တဲ့ ဆော့ဖ်ဝဲကို ရောင်းချလို တာကြောင့် ဖန်တီးပါ တယ်။ ကွန်ပျူတာကို ဒုက္ခပေး တဲ့ ဗိုင်းရပ်စ်တွေဟာ ပုံစံအမျိုးမျိုး၊ နာမည်အမျိုးမျိုးနဲ့ရှိပါတယ်။ Mal-ware, Trojan, Backdoor စတဲ့ အမည်အမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ကွန်ပျူတာတွေထဲကို ဝင်ရောက်တတ်ကြပါတယ်။ ဝင်ရောက်ပြီးပြီ ဆိုရင်တော့ မိမိစက်ထဲက ဒေတာလုံခြုံမှုကို တော်တော်လေး ခြိမ်းခြောက်နိုင်သွားပါပြီ။ ဒါကြောင့် ဗိုင်းရပ်စ်တွေ မဝင်အောင် အတတ်နိုင် ဆုံး ကာ ကွယ်ရပါတယ်။ ဗိုင်းရပ်စ်တွေဟာ ကွန် ပျူတာရဲ့ အသည်းနှလုံးဖြစ်တဲ့ Hard Disk ထဲကို နည်းအမျိုးမျိုး ဝင်တတ်ရာမှာ လူတွေအသုံးများ တဲ့ Memory Stick ကတစ်ဆင့် အများဆုံးဝင်ရောက် ကူးစက်ပါ တယ်။ Memory Stick ဟာ ဒေတာအကူးအပြောင်းအတွက် လွန်စွာအသုံးတည့်လှသလိုပဲ ဗိုင်း ရပ်စ် အပို့အယူအတွက်လည်း သိပ်ကို လွယ်ကူတဲ့ ကြားခံကိရိယာ တစ်ခု ဖြစ်နေပါတယ်။ မန်မိုရီစတစ်အပြင် နောက်ထပ်အဖြစ်များတဲ့ ကြားခံ ကိရိယာတစ်မျိုးကတော့ အင်တာနက်ပါ။ အင်တာနက်ဆိုတာလည်း လူပေါင်းများစွာ တစ်အုံတစ်ခဲ အသုံးပြုနေတာဖြစ်လို့ အသုံးပြုသူ တွေရဲ့ကွန်ပျူတာတွေထဲကို ဗိုင်း ရပ်စ်တွေလည်း တစ်နည်းမဟုတ် တစ်နည်းဝင်ရောက်နေပါတယ်။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် မိမိရဲ့ကိုယ်ပိုင် ပီစီကွန်ပျူတာ၊ လက်ပ်တော့တွေထဲကို ဗိုင်းရပ်စ် ရောက်နေပြီဆိုတာနဲ့ ဒေတာတွေ အတွက် စိတ်မချရတော့ပါဘူး။ တချို့ဗိုင်းရပ်စ်တွေက စနစ်တကျဖျက်ဆီးမှုတွေ ပြုလုပ် တတ်တဲ့ ဗိုင်းရပ်စ်မျိုးပါ။ အရင်ဆုံး ကိုယ့်ကွန်ပျူတာ ထဲက ဒေတာတွေ ကို အရင်သိမ်းထားတဲ့ နေရာကနေ နောက်တစ်နေရာကို သူ့ဘာသာ အလိုအလျောက် ရွှေ့လိုက်ပါ တယ်။ တစ်ခါတလေလည်း ဖိုင် တွေကို Hidden လုပ်လိုက်ပါ တယ်။ ပြီးရင် အဲဒီဒေတာဖိုင်တွေနဲ့ နာမည်တူဖိုင်တွေကို ဖန်တီးပါ တယ်။ အဲဒီဖိုင်တွေဟာ ဗိုင်းရပ်စ် တွေဖြစ်ပါတယ်။ မသိဘဲ ကိုယ်က အဲဒီဒေတာဖိုင်ကို ယခင်ကိုယ့်ဒေ တာဖိုင်လို့ပဲထင်ပြီး ဖွင့်လိုက်တဲ့ အခါ ဗိုင်းရပ်စ်ဟာ ပြန့်နှံ့သွားပါ တယ်။ ပြန့်နှံ့သွားလို့ ဗိုင်းရပ်စ်ရဲ့ အလုပ်လုပ်နှုန်းကလည်း ပိုပြီးမြန် သွားပါတယ်။ ဒီတော့ ကိုယ့်ကွန်ပျူ တာလည်း ရောဂါဘယ ပိုထိပြီပေါ့။ အဲဒီလို ဗိုင်းရပ်စ်အ ကြောင်းကို သိထားရင်တော့ ကိုယ့် ဘက်က ကာကွယ်ထားနိုင်ပါ တယ်။ အရင်ဆုံး ဗိုင်းရပ်စ်ကို သေ ချာရှင်းလင်းပစ်ရပါမယ်။ ဒါမှ အရင်ဒေတာဖိုင်တွေ မပျက်မစီး ပြန်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုဆိုးတဲ့ ဗိုင်းရပ်စ်မျိုးနဲ့တွေ့ပြီ ဆိုရင်တော့ မိမိ ကိုယ်ပိုင်အရေးကြီးဒေတာ တွေကို ပြန်မရနိုင်သလောက်ကို ဒုက္ခကြုံနိုင်ပါသေးတယ်။ Hard Disk ကြီးတစ်ခုလုံး ပျက်စီးသွား နိုင်ပြီး ဗိုင်းရပ်စ် သယ်ဆောင်လာ တတ်တဲ့ မန်မိုရီစတစ်တွေလည်း လုံးဝ သုံးစားမရအောင် ပျက်စီး သွားတတ်ပါတယ်။ ကွန်ပျူတာဗိုင်းရပ်စ်တွေ မှာ အများဆုံးကတော့ Window Virus တွေပါ။ ဗိုင်းရပ်စ်ဆိုတာကို က တစ်စုံတစ်ခုကို ဖျက်ဆီးတတ် တဲ့သဘောဖြစ်လို့ ဗိုင်းရပ်စ်တိုင်း ဟာ ကွန်ပျူတာထဲမှာရှိတဲ့ ဖိုင်တွေ၊ ဒေတာတွေကို တစ်နည်းတစ်ဖုံ ဒုက္ခပေးတာချည်းပါပဲ။ ဆိုလိုချင် တာကတော့ ဗိုင်းရပ်စ်ဆို တစ်ခုမှ မကောင်း ဆိုတာပါ။ တစ်ဖက်မှာလည်း အဲဒီ လိုဗိုင်းရပ်စ်တွေကို နှိမ်နင်းတဲ့ ဗိုင်း ရပ်စ်သတ်ဆော့ဖ်ဝဲတွေ အမျိုးမျိုး ထွက်နေပါပြီ။ ခုနကရေးခဲ့သလိုပဲ တချို့မသမာသူတွေက ဗိုင်းရပ်စ်တွေ တီထွင်ပြီး ဗိုင်းရပ်စ်သတ်ဆော့ဖ်ဝဲ တွေကို ပြန်လည်ရောင်းချတတ် တာမျိုးလည်း ရှိပါတယ်။ ဒီဘက် ခေတ်မှာတော့ အဲဒီလိုဖြစ်ရပ်မျိုး တွေ နည်းသွားအောင် နည်းပညာ ဥပဒေတချို့ ထုတ်ပြန်ပြီး ကာ ကွယ်မှုတွေ လည်း ပြု လုပ်လာပါပြီ။ မြန်မာပြည်တွင်းမှာလည်း နည်းပညာရှင်တချို့က ဖန်တီးပြန့် နှံ့စေခဲ့တဲ့ ဗိုင်းရပ်စ်တွေ ရှိခဲ့ဖူးပါ တယ်။ သိသလောက်ပြော ရရင် တော့ ဟတ်ပီးဘတ်ဒေးတို့၊ အရမ်း ချစ်တယ်တို့ စတဲ့နာမည်တွေနဲ့ ဗိုင်း ရပ်စ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် တီထွင်သူတွေကိုယ် တိုင် သူတို့ဗိုင်း ရပ်စ်အတွက် Anti-Virus ပရိုဂရမ် တွေ ပြန်ရေးပေးလိုက်တဲ့အတွက် သိပ်ထိခိုက်မှုမဖြစ်ခဲ့ကြပါဘူး။ ဗိုင်းရပ်စ်သတ် ဆော့ဖ်ဝဲ တွေအကြောင်း ဆက်ပြောမယ်ဆို ရင်တော့ ဗိုင်းရပ်စ်အမျိုးမျိုးအ တွက် ဗိုင်းရပ်စ် သတ်ဆော့ဖ်ဝဲစီဒီ တွေကို မြန်မာနိုင်ငံမှာလည်း ပေါ များစွာ ရရှိနိုင်ပါပြီ။ Anti-Virus လို့ခေါ်ကြတဲ့ ဗိုင်းရပ်စ်သတ် ဆော့ဖ်ဝဲတွေဟာ Kespersky, Avira စသဖြင့် ကုမ္ပဏီနာမည် အမျိုးမျိုးနဲ့ လာပါတယ်။ အာမခံ ကာလတွေကလည်း တစ်ခုနဲ့တစ်ခု မတူတာများ ပါတယ်။ များသော အားဖြင့် တစ်နှစ်ပေးတတ်ပြီး တချို့ Anti-Virus တွေက နှစ်နှစ်၊ သုံးနှစ်ထိပေးတတ်ပါတယ်။ Anti-Virus စီဒီတွေရဲ့ ဈေးနှုန်းကတော့ ကွန်ပျူတာတစ် လုံးအတွက် တစ်သောင်းခွဲဝန်း ကျင်ရှိပြီး ကွန်ပျူတာသုံးလုံးအ တွက် သုံးသောင်းဝန်းကျင်ခန့် ရှိ တတ်ပါတယ်။ Anti-Virus ကုမ္ပဏီ ကပေးထားတဲ့ အာမခံကာလ ကျော်လွန်သွားရင်တော့ Update ပြု လုပ်ပေးရပါတယ်။ ဒါမှ ဗိုင်း ရပ်စ်သတ်ဆော့ဖ်ဝဲက အစွမ်း ထက်မှာဖြစ်ပါတယ်။ ကိုယ့်ကွန်ပျူတာထဲမှာ Anti-Virus တစ်ခုခုကို ထည့်သွင်း Install ပြုလုပ်ထားပြီဆိုရင် တော် ရုံတန်ရုံ ဗိုင်းရပ်စ်တွေကို ကာကွယ် ရှင်းထုတ်နိုင်မှာပါ။ (ချွင်းချက် အနေနဲ့ တချို့ဗိုင်းရပ်စ်တွေကို ရှင်း မပစ်နိုင်တာမျိုးတွေလည်း ရှိပါ တယ်) သူများဒေတာတွေ၊ တ ခြားကွန်ပျူတာထဲက ဒေတာတွေ နဲ့ အင်တာနက်ပေါ်က ဒေတာတွေ ကို မိမိကိုယ်ပိုင်ကွန်ပျူတာထဲက Anti-Virus ကိုဖြတ်သန်းပြီးမှ Hard Disk ထဲကို ဝင်ခွင့်ပြုသင့်ပါ တယ်။ ဒါမှ ဗိုင်းရပ်စ်ဘယ်နှ ကောင်ပါတယ်၊ ဘယ်နှကောင်ကို သတ်ပစ်နိုင်တယ်၊ ဘယ်နှကောင် တော့ ကျန်သေးတယ်ဆိုတဲ့ သတိ ပေးချက်တွေကို ဖတ်ရှုနိုင်မှာ ဖြစ် ပါတယ်။ အဲဒါမှသာ မိမိ အနေနဲ့ အဲဒီဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ကာ ကွယ်စရာရှိတာ ကာကွယ်နိုင်မှာ ပါ။ လောလောဆယ်တော့ Window ဗိုင်းရပ်စ်တွေအတွက် ထုတ်တဲ့ ကတ်စပါစကီး၊ အဗီရာတို့ က သုံးစွဲသူများပါတယ်။ လက်ရှိ မှာ ဖုန်း OS တွေဖြစ်တဲ့ နိုကီယာ တို့၊ အန်းဒရွိုက်တို့မှာပါ ဗိုင်းရပ်စ် တွေ ရှိလာလို့ အခက်တွေ့နေကြ ပါပြီ။ လတ်တလောအချိန်ထိ ဗိုင်း ရပ်စ် လုံးဝကင်းနေသေးတဲ့ OSက တော့ Linux ဖြစ်ပါတယ်။ Open Source OS ဖြစ်တဲ့ Linux က လည်း အသုံးပြုသူ နည်းနေသေးပါ တယ်။ ဒီတော့ မိမိကွန်ပျူတာ ထဲကို မလိုလားအပ်တဲ့ပိုးမွှားတွေ ဝင်ရောက်မှုကနေ ကာကွယ်ဖို့ အရင်ဆုံး Anti-Virus ဆော့ဖ်ဝဲ တစ်မျိုးမျိုးကို တင်ထားရပါမယ်။ ဒေတာအကူးအပြောင်းအတွက် အသုံးပြုတဲ့ မန်မိုရီစတစ်တွေကို Anti-Virus ထဲဖြတ်ပြီးမှ ဖွင့်ကြည့်ပါ။ အင်တာနက်ထဲက ဒေတာတွေ မယူခင်မှာလည်း မိမိကွန်ပျူတာရဲ့ Anti-Virusကို Update ဖြစ်မဖြစ် သေချာ စစ်ဆေး ပါ။ ဒီနည်းလမ်းတွေကတော့ လူတိုင်းလုပ်နိုင်တဲ့ ကွန်ပျူတာ ဗိုင်း ရပ်စ်ကာကွယ်နည်းတချို့ ဖြစ်ပါ တယ်။ ဗိုင်းရပ်စ်ကင်းစင်စွာဖြင့် နည်းပညာကမ္ဘာမှာ ကူးခတ်နိုင်ကြ ပါစေ။ |
Friday, February 8, 2013
ကွန်ပျူတာရောဂါဆိုး Virus နဲ့ကွန်ပျူတာဆရာဝန် Anti-Virus များအကြောင်း
Labels:အတိတ်က မြိတ်သမိုင်း
သုတဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment