အရှင်ဇဝန (ကုန်းဇောင်း)၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၃
မြတ်စွာဘုရားရှင်က တပည့်သာဝက သံဃာ့အဖွဲ့အစည်းကြီး အဓွန့်ရှည်စွာ တည်တန့်ခိုင် မြဲစေရန် အတွက်လည်းကောင်း၊ သံဃာတော်အရှင်သူမြတ်တို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ သီတင်းသုံးနေထိုင် နိုင်စေခြင်းငှါလည်းကောင်း ဝိနည်းစည်းကမ်းချက်များဖြင့
ပါတိမောက်သည် (က)သြဝါဒပါတိမောက်၊ (ခ)အာဏာပါတိမောက်-ဟူ၍ နှစ်မျိုးရှိပါသည်။ မြတ်စွာ ဘုရားရှင်က ဝါတော်(၂ဝ)အတွင်း ဝိနည်းစည်းကမ်းချက်များ မပညတ်သေးခင် ကာလအတွင်းမှာ သြဝါဒပါတိ မောက်ဖြင့် သံဃာတော်များ ကို သွန်သင်ဆုံးမသြဝါဒပေးတော်မူ
အရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလာန် မထေရ်မြတ်ကြီးများ ရဟန္တာဖြစ် တော်မူပြီးသော အချိန်မှာ မြတ်စွာဘုရားရှင်က ထိုသာဝကကြီးများအား လက်ယာရံ၊ လက်ဝဲရံအကြီးမြတ်ဆုံး သာဝက ကြီးများအဖြစ် တာဝန်ပေးတော်မူပါသည်။ ထိုသာဝကသန္နိပါတ (တပည့်ပေါင်းစုံညီ) အစည်း အဝေးကြီးမှာ သြဝါဒပါတိမောက် ကို ဘုရားရှင် ကိုယ်တော်တိုင်ပြတော်မူပါသည
ပါတိမောက်ဆိုသည်မှာ ပါတိမောက္ခဆို ပါဠိစကားမှဖြစ်ပေါ်လာသည်။ ပါတိမောက္ခဆိုသည် မှာ ဝိနည်း စည်းကမ်းချက်များကို လုံခြုံအောင် စောင့်ထိန်းသူများကို အပါယ်အစရှိသော ဘေးဒုက္ခတို့မှ လွတ်မြောက်စေ နိုင်သောကြောင့် ပါတိမောက္ခ ဟုခေါ်ပါသည်။
သြဝါဒပါတိမောက်ကို ဘုရားရှင်တို့ကိုယ်တော်တိုင
သြဝါဒပါတိမောက် ပထမဂါထာ
ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇ္ဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
အဓိပ္ပါယ် - (က)အလွန်စွမ်းအားပြည့် ထက်မြက်သော သည်းခံခြင်းသည် မြတ်သော အကျင့်တည်း။
(ခ)နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏။
(၈)သူတစ်ပါးကို သတ်ဖြတ်သောသူသည် ရဟန်းမဟုတ်။
(ဃ)သူတစ်ပါးတို့ကို ညှင်းဆဲနှိပ်စက်သော သူသည် ကိလေသာအပူခပ်သိမ်း ငြိမ်းအေးပြီး သောရဟန်း မဟုတ်။
သည်းခံခြင်းသည် မြတ်သောအကျင့်
သည်းခံခြင်းဟုဆိုရာ၌ မိမိအပေါ် ဆန့် ကျင် တိုက်ခိုက်သူများကိုလည်း သည်းခံရသည်။ မိမိကိုယ်တွင်း အဇ္ဈတ္တမှာရှိနေသော ကိလေသာ ရန်သူများကိုလည်း မဖြစ်ပေါ်အောင် အောင့်အည်း သည်းခံရသည်။ ပြင်ပ ဆန့်ကျင်ဘက် ရန်သူများကို သည်းခံရာ၌ ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးသူများကို ရိုသေသမှု ကရုဏာ မေတ္တာတရားတို့ဖြင့် သည်းခံစိတ်မွေးရသည်။ မိမိနှင့် အဆင့်အတန်းတူသူများကို မုဒိတာတရားဖြင့် သည်းခံရ သည်။ ကိုယ့်အောက် နိမ့်ကျသူများကို သနားကရုဏာဖြင့် သည်းခံရသည်။ ကိုယ့်ကို ဆန့်ကျင်ဘက်လုပ်ပြီး ရန်ရှာနေကြသူများကို “သူတို့က အခုဘဝမှာသာ ငါ့ကို ရန်ရှာနေကြတာ။ အရင် ဘဝသံသရာ အဆက်ဆက်က ငါ့ကို အသက်ပေးပြီး မွေးခဲ့တဲ့ မိခင်ဖခင်တွေလည်း ဖြစ်နိုင်တာပဲ။ ငါ့ကျေးဇူးရှင် တွေလည်းဖြစ်နိုင်တာပဲ” ဟု သူတစ်ပါး ကျေးဇူး တရားကို ကြံဖန်တွေးတောပြီး သည်းခံစိတ်မွေးရသည်။
မိမိကိုယ်တွင်းက ကိလေသာရန် သူများကို အနုသယ(တည်ကိန်း)ကိလေသာ အဆင့်မှ ထကြွ သောင်း ကျန်းလာသော ပရိယုဋ္ဌာနကိလေသာ အဆင့်သို့ မရောက်အောင် အောင့်အည်းသည်းခံရသည်။ ထကြွသောင်း ကျန်းလာသော ကိလေသာအဆင့်မှ ကိုယ်နှုတ်တို့ဖြင့် လွန်ကျူးသော ပရိယုဋ္ဌာန ကိလေသာအဆင့်သို့ မရောက်အောင် အောင့်အည်းသည်းခံရသည်။ အလိုမရှိအပ်သော မကောင်းသည့်အနိဋ္ဌာရုံများ ကြုံတွေ့လာ သည့်အခါ တရားရှုမှတ်မှုဖြင့် သည်းခံရသည်။ သို့မှသာ သည်းခံခြင်း အစစ်ဖြစ်ပေမည်။
သည်းခံခြင်းသည် သာသနာတော်၏ အနှစ်သာရများဖြစ်သော သီလ,သမာဓိ,ပညာ သိက္ခာသုံးပါး မြတ်တရားတို့၏ အဓိက ပဓာန အကြောင်းရင်းဖြစ်သည်။ သည်းခံမှုမရှိလျှင် သီလ သိက္ခာလည်း မပြည့်စုံနိုင်။ သမာဓိသိက္ခာ၊ပညာသိက္ခာ တို့လည်း မပြည့်စုံနိုင်။
သူတစ်ပါးကို သတ်ချင်သော ကိုယ့်ဒေါသ ကိလေသာကို သည်းမခံနိုင်လျှင်၎င်း၊ သူတစ်ပါး ပစ္စည်းများ ကို မတရားနည်းနဲ့ အချောင်လိုချင်သောစိတ်ကို ထိန်းသိမ်းသည်းခံ မထားနိုင်လျှင်၎င်း၊ ကာမဂုဏ်တို့၌ မှားယွင်း စွာ လွန်ကျူးလိုသောစိတ်ကို ထိန်းသိမ်းသည်းခံမထားနိုင်လ
လောကီအာရုံ ကာမဂုဏ်တို့၌ ပျော်မွေ့တတ်သောစိတ်ကလေးကို
တည်ကြည်ငြိမ်သက်သော သမာဓိနှင့် ပြည့်စုံမှသာ ရုပ်နာမ်တို့၏ ဖြစ်မှုပျက်မှု သဘာဝ အမှန်တရားကို ထင်ထင်ရှားရှား မြင်နိုင်ပါသည်။ ဥပမာအားဖြင့် ကန်ရေပြင် ကြည်လင်ငြိမ်သက်နေမှ ကန်ထဲက ငါးလိပ် ကျောက်ခဲစသည်များကို မြင်ရသကဲ့သို့ပင်။ ရုပ်နာမ်တရားတို့၏ ဖြစ်မှုပျက်မှုများကို ကြိမ်ဖန်များစွာ ရှုမှတ် ဆင်ခြင်ခြင်းဖြင့် ဝိပဿနာဉာဏ်စဉ်များ အဆင့်ဆင့်တက်လာပါမည်။ အဆင့်အမြင့်ဆုံး မဂ်ဉာဏ် ဖိုလ်ဉာဏ် များသို့ ဆိုက်ရောက်လာပါမည်။ ထိုသို့ မဂ်ဉာဏ်ဖိုလ် ဉာဏ်များသို့ ဆိုက်ရောက်လာခြင်းသည် သည်းခံ ခြင်းတရားကြောင့်ပင်မဟုတ်ပါ
နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာ
လူ့ချမ်းသာ နတ်ချမ်းသာ ဗြာဟ္မာ့ချမ်းသာတို့သည် မည်မျှပင် ချမ်းသာသည်ဖြစ်စေ ချမ်းသာစစ် ချမ်းသာမှန်မဟုတ်။ အိုနာသေဆင်းရဲဒုက္ခတို့နှင့်
သူတစ်ပါး အသက်ကို သတ်ဖြတ်သောသူသည် ရဟန်းမဟုတ်
သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းအမှုသည် သူတော်ကောင်းတရား ကျင့်ကြံပွားများကြ ကုန်သော ရဟန်းတော်များနှင့် လုံးဝမအပ်စပ်သော အမှုပင်ဖြစ်ပါသည်။ “ကိုယ်တိုင်,တိုက်တွန်း,ချီ
သူတစ်ပါးအသက်ကို သတ်ဖြတ်နေသမျှ သီလမပြည့်စုံ။ သီလမပြည့်စုံလျှင် သမာဓိမရ။ သမာဓိမရ လျှင် ဝိပဿနာဉာဏ်ဖြင့် မဂ်ဉာဏ်သို့ မဆိုက်ရောက်နိုင်။ မဂ်ဉာဏ်မရလျှင် နိဗ္ဗာန်ကို မရနိုင်ပါ။ ထို့ကြောင့် မြတ်စွာဘုရားက သြဝါဒပါတိမောက်ကို မိန့်ကြားစဉ်မှာပင် သူတစ်ပါးအသက်ကို မသတ်ဖို့ရန် အကျဉ်းဆုံး နည်းဖြင့် ဆုံးမတော်မူပါ သည်။
သူတစ်ပါးကို ညှင်းဆဲသူသည် သမဏမဟုတ်
သမဏ (ရဟန်း) ဆိုသည်မှာ ကိလေသာတို့မှ ငြိမ်းအေးပြီးသူ ငြိမ်းအေးအောင် ကျင့်ဆောင်နေသူ များကို ဆိုလိုပါသည်။ သူတစ်ပါး ကိုညှင်းဆဲသည်ဆိုရာ၌ သူတစ်ပါး ထိခိုက်နစ်နာအောင်၊ ဒဏ်ရာအနာတရ ဖြစ်အောင် ညှင်းဆဲခြင်းကိုသာ ဆိုလိုသည်မဟုတ်ပါ။ သူတစ်ပါး စိတ်ဆင်းရဲအောင် ကိုယ်အမူအရာ နှုတ်အမူ အရာတို့ဖြင့် လုပ်ဆောင်နေသည်ကိုလည်း ညှင်းဆဲသည်ဟု ဆိုလိုပါသည်။ ပညာရှိနည်းဖြင့် သူတစ်ပါး စိတ်ဓာတ်ကျအောင်၊ စိတ်ဖိစီးမှုများအောင် အပြစ်ဒဏ်ပေးခြင်းကိုလည်း ညှင်းဆဲသည်ဟု ဆိုနိုင်ပါသည်။ ရဟန်းဆိုသည်မှာ လူသားတွေထက် မေတ္တာကရုဏာတရား များစွာပိုမိုလွန်ကဲ နေရမည်သာဖြစ်၏။ ထို့ကြောင့် မေတ္တာကရုဏာ၏ ဆန့်ကျင်ဘက် ညှင်းပန်းနှိပ်စက်ခြင်း ပြုလုပ်နေသူသည် ရဟန်းမဟုတ်ဟု မြတ်စွာ ဘုရားက မိန့်ကြားတော်မူခြင်း ဖြစ်ပါသည်။
LLLLLLLLLL
သြဝါဒပါတိမောက် ဒုတိယဂါထာ
သဗ္ဗပါပဿ အကရဏံ၊
ကုသလဿူပသမ္ပဒါ။
သစိတ္တ ပရိယောဒါပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
အဓိပ္ပါယ် - (က)မကောင်းမှုမှန်သမျှ မပြု လုပ်ရ။ (ခ)ကောင်းမှုမှန်သမျှ ပြည့်စုံအောင် ပြုလုပ် ရာ၏။ (ဂ)မိမိစိတ်ကို ဖြူစင်အောင်ပြုလုပ်ရမည်။
မကောင်းမှုမှန်သမျှ မပြုလုပ်ရ
မကောင်းမှုဆိုသည်မှာ ဒုစရိုက်ဆယ်ပါးကို ဆိုလိုရင်းဖြစ်ပါသည်။ ကာယဒုစရိုက်(၃)ပါး၊ ဝစီဒုစရိုက် (၄)ပါး၊ မနောဒုစရိုက် (၃)ပါး အားဖြင့် ဒုစရိုက်(၁ဝ)ပါးရှိပါသည်။
ကာယဒုစရိုက်သုံးပါး - (၁)သူတစ်ပါး အသက်ကို သတ်ဖြတ်ခြင်း၊ (၂)သူတစ်ပါး ပစ္စည်းဥစ္စာကိုခိုးယူခြင်း၊ (၃)သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ခြင်း တို့ဖြစ်ပါသည်။
ဝစီဒုစရိုက်(၄)ပါး - (၁)မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ (၂)သူတစ်ပါးတို့၏ ချစ်ခင်မှုပျက်စီးစေရန် သွေးထိုးကုန်းတိုက်စကားဆြို
မနောဒုစရိုက်(၃)ပါး - သူတစ်ပါး ပစ္စည်းဥစ္စာများကို ကိုယ့်ပစ္စည်းဥစ္စာဖြစ်လျှင်ေ
ယင်းဒုစရိုက်များကို ကျူးလွန်ပါက လက်ရှိဘဝမှာပင် မင်းပြစ်မင်းဒဏ်ခံရခြင်း၊ သူတစ်ပါးတို့ ကိုယ့် အပေါ် အထင်သေးပြီး စွပ်စွဲပုတ်ခတ်သည်ကို ခံရခြင်း၊ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လောက်အောင် စိတ်ဆင်း ရဲခြင်း၊ သေသည့်အခါမှာ စိတ်ဆင်းဆင်းရဲရဲ ပူပင်သောကများနှင့် သေရသည့်အတွက် ငရဲသို့ရောက်ရ ခြင်းဆိုသည့် မကောင်းကျိုးများကို ခံစားရပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက လူသားအားလုံးအတွက် ကောင်းကျိုးချမ်းသာဖြစ်စေရန
ကောင်းမှုမှန်သမျှ ပြည့်စုံအောင်ပြုလုပ်ရာ၏
ကောင်းမှုကုသိုလ်-ဟုဆိုရာတွင
လူတိုင်းက ဆေးကိုမသောက်ချင်ကြပါ။ သို့သော်လည်း ရောဂါပျောက်စေရန် ဆေးကို သောက်ကြရ ပါ၏။ ထို့အတူပင် ဆေးနှင့်တူသော ကုသိုလ်ကောင်းမှုများကို မပြုလုပ်ချင်သော်လည်း ဇွဲတင်း၍ ပြုလုပ်ကြရ ပါသည်။ ပြုရင်းပြုရင်းနှင့်ပင် စိတ်အားထက်သန်လာပါသည်။ အကုသိုလ်မှာသာ ပျော်တတ်သော မိမိ၏စိတ်ကို ပြုပြင်ဆုံးမ၍ ကုသိုလ်လမ်းကြောင်းပေါ်သို့ တင်ပေးကြရပါသည်။
ကုသိုလ်တရားဟူသည် အပြစ်မရှိခြင်း၊ ချမ်းသာသောအကျိုးကိုပေးခြင်
ပါရမီ(၁ဝ)ပါး - (၁)ဒါနပါရမီ - အလှူပေးခြင်း၊ (၂)သီလပါရမီ - ကိုယ်ကျင့်သီလစောင့်ထိန်းခြ
ပုညကိရိယာဝတ္ထုဆယ်ပါး - (၁)ဒါန - အလှူပေး ခြင်း၊ (၂)သီလ - ကိုယ့်ကျင့်သီလစောင့်ထိန်ြး
သုစရိုက်ဆယ်ပါး - ဒုစရိုက်ဆယ်ပါးကို မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းသည်ပင် သုစရိုက်ဆယ်ပါးမည်ပါသည်။ ထိုသီလသည် ပါရမီဆယ်ပါး၊ ပုညကိရိယာ ဝတ္ထုဆယ်ပါး၌လည်း ပါဝင်ပြီးဖြစ်ပါသည်။
ဖော်ပြပါ ကုသိုလ်ကောင်းမှုများ သည် အချို့ကောင်းမှုကုသိုလ်သည်ကာ
မိမိစိတ်ကို ဖြူစင်အောင်ပြုလုပ်ရမည်
လောကီအာရုံ ကာမဂုဏ်တို့၌သာ ပျော်မွေ့တတ်သော မိမိစိတ်ကလေး အမြဲတမ်းလို ညစ်ပတ် ပေကျံနေတတ်ပါသည်။ ယင်းစိတ်ကလေးကို ဘုရားရှိခိုးခြင်း၊ တရားအားထုတ်ခြင်း၊ တရားနာယူခြင်းစသော ကုသိုလ်ကောင်းမှုပြုလုပ်ခြင်
အဘယ့်ကြောင့် မကောင်းမှုရှောင်၊ကောင်းမှုဆေ
ဘဝတစ်ခုမှာ မလိုချင်တာကိုမရယုံနှင့် ပြီးပြည့်စုံပြီလား မေးစရာရှိပါသည်။ မပြည့်စုံသေးပါ၊ လိုချင်တာကိုလည်း ရနေမှ ပြည့်စုံပါသည်။ နိဗ္ဗာန်မရမှီ ဘဝတွေမှာ လိုတာမရသည့် ဆင်းရဲမှလွတ် မြောက် စေရန် ဒါနကောင်းမှုစသည်ကို ပြုရပါမည်။ ဘဝသံသရာတွင် ဆင်းရဲနုံချာ ငတ်ပြတ်မွဲတေမှုတို့သည် ဒါနစသော ကုသိုလ်ကောင်းမှု မပြုသည့်အတွက်ကြောင့်ဖြစ်ပါ
ဘယ်လောက်ပင် ချမ်းသာနေနေ ကျန်းမာခြင်းကို ဝယ်ယူ၍မရပါ။ ထို့အပြင် ကိုယ်လိုချင်လို့ မက်မက် မောမော ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ချမ်းသာဟူသမျှသည် မလိုချင်ပါပဲ ရခဲ့တဲ့ရောဂါ ဝေဒနာဆိုး ကြောင့်၎င်း၊ ဘေးဆိုးကပ်ဆိုးကြောင့်၎င်း ခဏလေးအတွင်းမှာပင် ကုန်ခမ်းသွားနိုင်ပါသည်။ ဟိုတုန်းက ဘုရင်ကြီးတစ်ပါးဆိုလျှင် သူ၏နူနာရောဂါ ပျောက်ကင်းချင်လွန်းလို့ သူပိုင်မင်း စည်းစိမ်နှင့်ပင် လဲလှယ်ခဲ့ဘူး ပါသည်။ မလိုချင်တာ ကိုရတတ်သောဆင်းရဲဒုက္ခနှင့် လိုချင်တာကို မရတတ်သော ဆင်းရဲဒုက္ခတို့မှ ကင်းလွတ် စေရန် မြတ်စွာဘုရားက မကောင်းမှုမှန်မသမျှ မပြုလုပ်ရန်၊ ကောင်းမှုမှန်သမျှပြုလုပ်ရန်
အဘယ့်ကြောင့် မိမိ၏စိတ်ကလေး ဖြူဖွေး စင်ကြယ်အောင်ထားရပါသနည်း? လူတို့သည် များ သောအားဖြင့် တစ်သံသရာလုံး စိတ်ရိုင်းစိတ်မိုက် စိတ်ဆိုးစိတ်ယုတ်များဖြင့်သ
ထို့ကြောင့်လူမိုက်အမိုက်အဖ
eeeee
သြဝါဒပါတိမောက် တတိယဂါထာ
အနုပဝါဒေါ အနုပဃာတော၊
ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။
အဓိပ္ပါယ် - (က)သူတစ်ပါးကို မကဲ့ရဲ့မစွပ်စွဲရာ။ (ခ)သူတစ်ပါးကို မနှိပ်စက် မညှင်းဆဲရာ။ (ဂ)ပါတိမောက္ခ သံဝရသီလကို လုံခြုံအောင် စောင့်ထိန်းရာ၏။ (ဃ)အစားအစာ၌ အတိုင်းအရှည်ကို သိရာ၏။ (င)တောကျောင်း ၌ နေရာ၏။ (စ)လွန်မြတ်သော မဂ်ဉာဏ်၏ရှေ့သွားဖြစ်သော စိတ်ကို ဖြစ်စေရာ၏-ဤသည်ကား ဗုဒ္ဓဘုရား တိုင်းညွှန်ကြားဆုံးမ သြဝါဒတည်း။
သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွဲရာ
ရဟန်းဆိုသည်မှာ သူတစ်ပါးကို ကဲ့ရဲ့စွပ်စွဲမှုကို မပြုရပါ။ တည့်တိုးဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မကဲ့ရဲ့ မစွပ်စွဲရပါ။ အပြောမတတ် ဆဲသလို-ဆိုသကဲ့သို့ မိမိ၏ ကဲ့ရဲ့စွပ်စွဲမှုက လူတစ်ဖက်သားကို ဆဲ သည်ထက်အောင် ပို၍နစ်နာစေပါသည်။ အမျိုးကို ထိခိုက်၍၎င်း၊ ရောဂါကိုထိခိုင်၍၎င်း၊ ချွတ်ယွင်းချက် ကို ထိခိုက်၍၎င်း ကဲ့ရဲ့စွပ်စွဲလိုက်သည်နှင့်
သူတစ်ပါးကို မညှင်းဆဲရာ
ရဟန်းဆိုသည်မှာ သူတစ်ပါးကို ညှင်းဆဲ နှိပ်စက်မှုမပြုရာ။ သူတစ်ပါးတို့ကို သတ္တဝါအနန္တ အပေါ်မှာ သနားညှာတာကရုဏာကြီးမားကြောင
ပါတိမောက္ခသံဝရသီလကို လုံခြုံအောင် ထိန်းရာ၏
မြတ်စွာဘုရားက မပြုလုပ်ဖို့ရန် တားမြစ် ထားသော ဝိနည်းစည်းကမ်းချက်များကို မကျူးလွန် ရပါ။ အလွန်သေးငယ်သော ဒုက္ကဋ်အာပတ်ကလေးကပင်လျှင် ဈာန်မဂ်ဖိုလ်ကို တားဆီးတတ်ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက သေးငယ်သောအပြစ်ကလေးများကိုပ
အစာအာဟာရ၌ အတိုင်းအရှည်ကို သိရာ၏
အစာအဟာရကို ဘုဉ်းပေးသုန်းဆောင်ရာ၌ မိမိခန္ဓာကိုယ်နှင့် သင့်တင့်မျှတရုံ အတိုင်းအရှည် ပမာဏနှင့်ဘုဉ်းပေးရပါမည်။ မေတ္တာပို့သ၍၎င်း၊ တရားရှုမှတ်၍၎င်း ဘုဉ်းပေးသုန်းဆောင်ရပါမည်။ အတိုင်း ထက်အလွန် ဘုဉ်းပေးမိလျှင် ခန္ဓာကိုယ် လေးလံထိုင်းမှိုင်း၍ တရားအလုပ် အားမထုတ်နိုင်တော့ပါ။ တရား လက်လွတ် ဘုဉ်းပေးမိလျှင်လည်း ဣဏပရိဘောဂ(ကြွေးယူ၍ သုန်းဆောင်ခြင်း)ဖြစ်နိုင်ပ
မြို့ရွာမနီး တောကျောင်း၌ နေထိုင်ရာ၏
မြို့ရွာနှင့်နီးနီး နေရလျှင် ပြင်ပအာရုံမျိုးစုံ ဝင်ရောက်လာနိုင်ပါသည်။ တရားအလုပ်ကို အားထုတ်ရာ၌ စိတ်တည်ကြည်မှုရနိုင်ဖို့ မလွယ်ကူပါ။ တောကျောင်း၌ နေထိုင်သီတင်းသုံးလျှက် တရားအားထုတ်ခြင်းကြောင့် ဆိတ်ငြိမ်အေးချမ်းပြီး တရားထူးတရားမြတ်များကို လျှင်လျှင်မြန်မြန်ထိုးထွင်
မဂ်၏ရှေ့သွားဖြစ်သောစိတ်ကို
မဂ်ဉာဏ်၏ရှေ့သွားဖြစ်သောစိတ
ထို့ကြောင့် သူတော်ကောင်းတရားကို မြတ်နိုးသူတိုင်းက မြတ်ဗုဒ္ဓဟောကြား အကျဉ်းချုပ် သြဝါဒ ပါတိမောက်မြတ်တရားတို့ကို လိုက်နာကျင့် ကြံပွားများ၍ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို လျှင်မြန် စွာ ရရှိနိုင်ကြပါစေ။
အရှင်ဇဝန (ကုန်းဇောင်း)
ဖေဖော်ဝါရီလ(၇)ရက် ၂ဝ၁၃-ခု၊
No comments:
Post a Comment