လန်ဒန်ဝိဟာရ ထမနဲ
ဘုန်းသျှံ (လန်ဒန်ဝိဟာရ)၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၃
ထမနဲ ထိုးရန်ဖို့ ၊ စာချိုးလို့ မှာခဲ့မယ်။
တစ်စိတ်ဆန် သည်ကောက်ညှင်းရယ်နှင့် (လေးပြည်) တစ်ပိဿာ ဆီအမှန်သွင်းပါလို့  ၊
ချင်း(ဂျင်း)က သုံးဆယ်။ (သုံးဆယ်ကျပ်သား)
မြေပဲဖြူလှော်တစ်ခွက်မယ်နှင့် ၊(နို့ဆီဘူး လေးဘူး)
အုန်းသီးဆန် အတူဖတ်ပါလို့ ၊ (ဆတူ)
နှမ်းမပျက် ဤနည်းနှယ် ၊ (နှမ်းနက၊်နှမ်းဖြူ ဆတူ)
ရေစင်ကြယ်ပ ထည့်ရိုး ။
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန် ဆယ်သားရယ်နှင့် ၊ (ရေနွေးဆူဆူ ဆန်ပေါ်ကို လက်နှစ်လုံးပေါ် အထိထည့်ပါ)
ရောနှောကာ လူအများတို့ ရယ်၊ အား … သစ်လို့ ထိုး...။ ။
ကောက်ညှင်းဆန်ကို
နာရီဝက်လောက် ရေစိမ်ပေးထားပါ၊ မြေပဲဆန်ကို လှော်ပြီး အခွံချွတ်ထားပါ၊
နှမ်းကို လှော်ပါ၊ အုန်းသီးကို မွှေးလာတဲ့ထိ အရင်ကြော်ထားပြီး ဆယ်ယူပါ။
ဆီပူပူထဲမှာ ချင်းကို မွှေးလာတဲ့ထိ ကြော်ပေးပြီး ကောက်ညှင်းဆန်ကို ရေစစ်ကာ
ထည့်ပြီး ကြော်ပေးပါ။ (ရေနွေးဆူဆူ ဆန်ပေါ်ကို လက်နှစ်လုံးပေါ်အထိ ထည့်ပါ၊
အဖုံးအုပ်ပါ၊ အခိုးထွက်လာပါက အဖုံးဖွင့်၊ ချိုးမကပ်အောင် နာနာလေး
မွှေပေးပါ၊) ရေခမ်းပြီး ကောက်ညှင်းစေ့များ ပျောက်လာပါက နှမ်း၊ အုန်းသီး၊
မြေပဲဆံတို့ကို ထည့်ကာ မီးနွေးနွေးလေးနဲ့ နာနာမွှေပေးလိုက်လျှင်
လန်ဒန်ဝိဟာရက ထမနဲ စေးစေးလေး စားလို့ရပါပြီ။
ထမနဲသည် ကောက်ညှင်းနှင့် စီမံပြုလုပ်သော မြန်မာတို့၏ ရိုးရာ ချိုဆိမ့် မွှေးကြိုင်လှသည့် စားစရာ
တစ်မျိုးဖြစ်သည်။ ထမနဲကို အချို့ဒေသတို့တွင် ယာဂု-ဟုလည်း ခေါ်ကြသည်။ ယာဂုမှာ ပါဠိဘာသာဖြစ်၍
မြန်မာလို
ဆန်ပြုတ်ဟု အဓိ ရပါသည်။ ကောက်ညှင်း, အုန်းသီး, မြေပဲ, ဂျင်း, ဆီနှင့်
နှမ်း,များများကို အချိုးကျ ထည့်စွက်၍ အင်အားပြု စီမံပြုလုပ်ရသောကြောင့်
နှမ်းမနဲဟုလည်း ခေါ်ကြပါသေးသည်။
ကောက်ညှင်းသစ်
ေ ပ်ါချိန်တွင်ြ မန်မာနိုင်ငံ အနှံ့အပြား ကျေးလက် တောရွာများအထိ ထမနဲ
ထိုးပွဲများ ဆင်ယင်ကျင်းပ ပြုလုပ်ကြပါသည်။ ဆယ့်နှစ်လရာသီ ပွဲတော်များအနက်
တစ်ပွဲအပါအဝင် ဖြစ်သော ယင်းပွဲတော်ကို တပိုတွဲလဆန်းမှ စပြီးလျှင်
လပြည့်နေ့အကြား ကာလအတွင်း၌ ရှေးမင်းအဆက်ဆက်မှ ဆင်းသက်၍ အမြို့မြို့
အရွာရွာတွင် ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ် လာခဲ့ကြပါသည်။
တပိုတွဲလ-ဟူသည်
ထန်းဖူး ထန်းခိုင်တံတို့ကို ကိုင်းညွတ် တွဲကျစေအောင်
ပြုလုပ်သည့်လလို့ ပြောဆို ရေးသားကြပါတယ်။ ထန်းပင်အဖို ထန်းပင်အမတွေက
ထန်းနို့ ထန်းသီးတွေ ရလာစေမယ့် အဖူးတံ၊ အခိုင်တံတွေ ရှိပါတယ်၊ အဲဒီ
အခိုင် အဖူးတွေကို “ထန်းပို့"လို့ ခေါ်ပါတယ်။ “တပို့" လို့လဲ တစ်မျိုး
ခေါ်ပါသေးတယ်။ ထန်းပင်အဖိုပင်၏ ဖူးတံထွက်လာတဲ့အခါ ဖူးတံသုံးလေးချောင်း
စုစည်းပြီး လှီးလိုက်ရင် ထန်းရည်ချိုလိုရင် အချိုရပါတယ်၊ ခါးလိုရင်
အခါးရပါတယ်။ ထန်းရည်များ ရလာဖို့အတွက် ထန်းတက်သမားက တပို့ခေါ်
ထန်းပို့ချောင်းမကြီးကအစ ထန်းဖူးတံ ထန်းခိုင်တံ ထန်းလက်တွေကို
သန့်ရှင်းအောင်လုပ်ပြီး ပြုပြင်ရပါတယ်။ အောက်ဘက်ကို ကိုင်းညွတ်သွားအောင်
တွဲကျသွားအောင် နင်းပေးရပါတယ်။ ဒါကို ထန်းနင်းတယ်လို့လည်း ခေါ်ပါတယ်။
အဘိဓာန်မှာတော့ “တပိုတွဲ” ကို ထန်းဖူးခိုင်တို့အား အောက်သို့
ကိုင်းညွတ်ဆွဲကိုင်းအောင် တွဲကျအောင် ပြုလုပ်သည့်လ၊ ထန်းရည်နင်းသည့်လ၊
မြန်မာတို့၏ တဆယ့်နှစ်လတွင် ဆယ့်တလမြောက်သောလ၊ ကုံရာသီလို့
ဖော်ပြထားပါတယ်။ ထို့ကြောင့် ထန်းဖူး ထန်းခိုင် (တပို့)များတို့ကိုေ
အာက်သို့ တွဲလဲကျအောင် လုပ်သောလမို့ “တပိုတွဲလ” ဟု ခေါ်သည်လို့
နားလည်ရပါတယ်။
တပို့တွဲလသည်
ဆောင်းရာသီဖြစ်၍ ညဥ့်အချိန်အခါတွင် နှင်းမှုံဖြူ လွလွလေးတွေက ဇာပုဝါ
ခြုံလွှမ်းထားသလို အရိုးခိုက်အောင် အလွန်အေးမြသော ကာလလည်း ဖြစ်ပါတယ်။
နှာရည်ယိုရွဲ တပို့တွဲဟု ခေါ်စမှတ် ပြုကြသော အပူဓာတန်ဲ့ အအေးဓာတ်တို့
လွန်ဆွဲတဲ့ ဒီရာသီမျိုးမှာ ထမနဲကိုစားရင် ထမနဲရဲ့ အပူဓာတ်က ပထ၀ီဓာတ်
ပျက်ပြားနေသူများကို ကုစားနိုင်တယ်လို့ ဆိုစမှတ်လည်း ရှိကြပါတယ်။
တပို့တွဲလကို
မြန်မာမှုအရ ကုံရာသီဟုခေါ်၍ ထိုလတွင် စန်းပြည့် နက္ခတ်မှာ မာဃနက္ခတ်
ဖြစ်ပါတယ်။ ယှဉ်သောတာရာမှာ “ ချိန် ” တာရာဖြစ်၍ ရာသီရုပ်မှာ ရေထမ်းသမားရုပ်
ဖြစ်ပါတယ။ ရာသီပန်းကား ပေါက်ပန်း၊ လဲပန်းတို့ ဖြစ်ကြပါတယ်။
ရာသီပွဲတော်ကား မီးပုံးအလှုပွဲ ထမနဲပွဲ ဖြစ်ပါတယ်။ အစဉ်အလာ ယဉ်ကျေးမှုများ
မပပျောက်စေရန်နှင့် ကောင်းမှုကုသိုလ် ရရှိစေရန်အတွက် မီးဖုန်းပွဲ၊ ယာဂု-ထမနဲ
အလှူပွဲများကို မြန်မာလူမျိုးများ အနေဖြင့် တပို့တွဲ နှစ်စဉ်ကျင်းပ
ပြုလုပ်ခဲ့ကြခြင်းပင် ဖြစ်ပါတယ်။
ထမနဲထိုးရခြင်းသည်
တစ်ဦးတစ်ယောက် အားဖြင့်မရ၊ အများစုပေါင်း လုပ်ကြရသော အလုပ်တစ်ခု ဖြစ်၍
လက်ညီ တက်ညီ လုပ်ကြမှ စားကောင်းသော အရသာရှိသော အစားအစာလည်း ဖြစ်ပါတယ်။
ထမနဲသည် လူသားတို့၏ စေတနာ၊ စည်းလုံးမှု၊ ညီညွတ်မှု၊ စိတ်စွမ်းအား၊ သတ္တိနဲ့
ဂုဏ်သိက္ခာတို့ ပါဝင်ပြည့်နက်လို့ နေသောကြောင့် ဖြတ်မရသောတန်ဖိုး
အဖိုးအခများ ရှိနေပါတယ်။
တစ်ယောက်တည်း
ယူသော်မရ၊ အများယူသော်ရ၏ … ဟူသော စကားအလင်္ကာကို ဖော်ညွှန်းပြသော
အလုပ်လည်း ဖြစ်ပါတယ်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု အစဉ်အလာအား
ထိမ်းသိမ်းခြင်းနှင့် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကို မောင်နှမများ
ငြိမ်းချမ်းစွာ စည်းလုံးညီညွှတ်မှုနဲ့ လိုလားတောင်းတမှုကို ဖော်ကျူးပေးသည့်၊
လူငယ်မျိုးဆက်သစ်များ စည်းလုံးညီညွှတ်မှု အင်အားကို ဖော်ဆောင်ပေးသည့်၊
အတုယူစရာ ဂုဏ်ယူစရာများစွာနဲ့ လုပ်ဆောင်ဘွယ်တွေဲ့ တစ်ဦးနဲ့တစ်ဦး
ချစ်ကြည်၊ ရင်းနှီးမှုတို့၏ လက်တွေ့ကောင်းကျိုးများ ရနိုင်သော အစားအစာ
တစ်ခုလည်း ဖြစ်ပါတယ်။
ထို့သို့သော
ကောင်းကျိုး ရလာဒ်တို့ဖြင့် ပြည့်နက်နေသော ရိုးရာထမနဲပွဲကို ၁၃၇၄-ခု
တပိုတွဲလဆန်း (၁၃)ရက်၊ ၂၀၁၃-ခု ဖေဖော်ဝါရီ (၂၃)ရက် စနေနေ့ နေ့လည် (၁၁)
နာရီ အချိန်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ လန်ဒန်ဝိဟာရကျောင်း
သံဃာတော်တို့ကို စုပေါင်းဆွမ်း လှူဒါန်းပြီးလျှင် မြန်မာလူငယ်/
ကျောင်းသား/ ကျောင်းသူများက (၂၇)ကြိမ်မြောက် စတင် ဆင်နွှဲကြမှာ ဖြစ်ပါတယ်။
ကုသိုလ်လည်းရ ဝမ်းလည်းဝ၍ ကိုယ်တိုင်ပါဝင် ပြုလုပ်နိုင်ကြရန်
ရည်သန်လျှက် ဤစာမူဖြင့် ရေးသားလို့ ဆက်ဆက် လာပါရန် ဖိတ်မံ
တိုက်တွန်းရင်းဖြင့် …
သတ္တဝါ မှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ၊
ဘုန်းသျှံ (လန်ဒန်ဝိဟာရ)



No comments:
Post a Comment